တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 22, May 1, 2020)

၁။       ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းေဆာက္လုပ္မႈ ျပည္နယ္အစိုးရ တားျမစ္

၂။       COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ညႇိႏႈိင္းေရးေကာ္မတီဖြဲ႔စည္းျခင္းအေပၚ တုိင္းရင္းသားလက္နက္ ကုိင္အဖြဲ႔ မ်ား ႀကဳိဆုိ

၃။       ကုိဗစ္ကပ္ေရာဂါ ကာလအတြင္း စားဝတ္ေနေရးအခက္အခဲရွိသူမ်ားကုိ DKBA ေထာက္ပံ့မႈျပဳလုပ္

၄။       ရခုိင္နဲ႔ခ်င္းျပည္နယ္က တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးသူ ဦးေရတုိး

၅။       ျမန္မာစစ္ေခါင္းေဆာင္တခ်ဳိ႕အေပၚ အေရးယူပိတ္ဆုိ႔မႈ ၿဗိတိန္ သက္တမ္းတုိး

၆။       ေျမာက္ဦးနဲ႔ ဘူးသီးေတာင္မွာ ၂ ရက္အတြင္း ေက်ာင္းသူတစ္ဦးအပါအဝင္ အရပ္သား ၅ ဦး ဒဏ္ရာရ

၇။       ၂၀၂၀  ေရြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္း က်င္းပႏိုင္ဖြယ္ရွိဟု ေကာ္မရွင္အဖြဲ႔ဝင္ ေျပာ

၈။       ေျမာက္ဦးတြင္ နယ္ေျမခံ ရဲတပ္သား ၁ ဦး ဖမ္းဆီးခံရ

၉။       လြိဳင္လင္ တရုတ္ျပည္ေတာ္ျပန္ ၉၇ ဦး အစားအေသာက္ ကိုယ္တိုင္စီစဥ္ရ

၁၀။     တပ္မေတာ္ ဖိအားေပးမႈမ်ားေၾကာင့္ KNU ၏ ကို႐ိုနာဗိုင္းရပ္စ္ က်န္းမာေရးစစ္ေဆးေရးဂိတ္တစ္ခု ျဖဳတ္ပိတ္လိုက္ရ

၁၁။     ေက်ာက္ျဖဴၿမိဳ႕နယ္ ေထြအုပ္ၿခံဝင္းအတြင္း အေဝးထိန္းရီမုမိုင္း ၁ လံုးေတြ႕ရွိ

၁၂။     ပလက္ဝေဒသသို႔ ဆန္အိတ္ႏွင့္စားနပ္ရိကၡာမ်ား ထပ္မံေရာက္ရွိ

၁၃။     လြယ္ဂ်ယ္နယ္စပ္ဂိတ္မွဝင္လာေသာ တ႐ုတ္ျပည္ေတာ္ျပန္ ၄ ေထာင္ နီးပါးရွိလာ

၁၄။     ေထာက္ပံ့ ရိကၡာရရန္ အိမ္ေထာင္စု ၅,၀၀၀  ေက်ာ္က်န္ခဲ့၍ လူစုလူ ေဝးျဖစ္

၁၅။     ဝိုင္းေမာ္ ဒိန္ဂ်န္ယန္ရွိ ငွက္ေပ်ာ္ၿခံလုပ္သားမ်ား လုပ္ခလစာႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာသို႔တိုင္ၾကားမည္ဟုဆို

၁၆။     နာဂ ေခါင္းေဆာင္ေဟာင္းမ်ားက ကိုဗစ္အေရး လိုအပ္လွ်င္ အစိုးရကို ကူညီမည္ဟု ဆို

၁၇။     Covid-19 ပညာေပးပန္းခ်ီေရးဆြဲမွုေၾကာင့္ တရားစြဲခံရသူ ၃ ဦးအာမခံရရွိ

၁၈။     ကပ္တဲလ္ေက်းရြာ ဝင္ထြက္သြားလာမႈ ကန္႔သတ္၍ အနီးဝန္းက်င္ရြာ စားေသာက္ျပတ္လပ္မည့္ အေနအထားျဖစ္

၁၉။     ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာကို Lockdown ေျဖရန္ ျပည္ေထာင္စုသို႔

၂၀။     ဒုကၡသည္စခန္း ၁၇၀ ေက်ာ္မွာ ဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ အစိုးရ ျပင္ဆင္

၂၁။     ထိုင္းျပန္မ်ားကို မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမ ဝင္ခြင့္မျပဳ

၂၂။     ရခိုင္နဲ႔ ခ်င္းမွာ ရာဇဝတ္မႈက်ဴးလြန္တဲ့ စြပ္စြဲခ်က္ေတြ စံုစမ္းဖို႔ ယန္ဟီးလီေတာင္းဆို

၂၃။     မင္းျပားတိုက္ပြဲတြင္ တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းတိုက္ခိုက္

၂၄။     ကရင္ျပည္နယ္အတြင္း တရုတ္ကုမၸဏီေတြ ၿမိဳ႕သစ္ ၃ ၿမိဳ႕ တည္ေဆာက္ေန

၂၅။     Covid-19 ကာကြယ္ေရးအတြက္ အေရးယူမႈ ဟားခါးတြင္ စတင္

၂၆။     ၫႊန္ၾကားခ်က္မ်ားလိုက္နာမႈရွိမရွိ စိစစ္ေနစဥ္ ျမဝတီၿမိဳ႕ရွိ စက္ရံုအလုပ္ရံုမ်ားလုပ္ငန္းလည္ပတ္မႈယာယီ ရပ္ဆိုင္းထား

၂၇။     ပလက္ဝမွ စစ္ေဘးေရွာင္မ်ား ေက်ာက္ေတာ္ ဘက္သို႔ ေျပးရ

၂၈။     မိုးညွင္းက က်န္းမာေရးဝန္ထမ္းႏွင့္ ေစတနာ့ဝန္ထမ္း ၁၈ ဦးတြင္ COVID-19 ေရာဂါပိုးမေတြ႔

၂၉။     မူဆယ္ၿမိဳ႕တြင္ တရုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံအတြင္း ျပန္လည္ဝင္ေရာက္လာသူ ျမန္မာလုပ္သား ေန႔စဉ္ ၁၀ဝ ေက်ာ္ရွိ

၃၀။     ေတာင္ႀကီး သံသယေစာင့္ၾကည့္လူနာ တဦးေသဆံုး

**************

၁။     ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းေဆာက္လုပ္မႈ ျပည္နယ္အစိုးရ တားျမစ္

April 30, 2020

ရခိုင္ေျမာက္ပိုင္းက အစိုးရနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးလာၾကတဲ့ စစ္ေရွာင္ေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ ၃၀,၀၀၀ နီးပါးရွိတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာဆိုၾကပါတယ္။ လက္ရွိ အခ်ိန္မွာ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္ေတြ မ်ားလာတာေၾကာင့္ စားဝတ္ေနေရးေတြ ခက္ခဲလာသလို စစ္ေရွာင္ေတြ ေနထိုင္ဖို႔အတြက္ အေဆာက္အဦးေတြ မလံုေလာက္တာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဦးေဆာင္ၿပီးေတာ့ အေဆာင္ ေတြ ေဆာက္လုပ္ေနၾကတာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။ “အိမ္ေျခကေတာ့ ၁၀၀၊ ၂၀၀ ေလာက္နီးပါး ေနဖို႔ေလာက္ေတာ့ ရေနၿပီ။ ၁၀ ေပကို တစ္ခန္းလုပ္တာကို အဲေတာ့ တစ္အိမ္နဲ႔ တစ္အိမ္ျခား တာေတာ့ မရွိဘူး။ အမိုး မိုးၿပီးၿပီ၊ အဲလိုအကာလုပ္ဖို႔ပဲ က်န္ေတာ့တာ။ တကယ္လို႔ ေနမယ္ဆိုရင္ေတာ့ ေနလို႔ရတဲ့ အေန အထားရွိေနပါၿပီ။” စစ္ေရွာင္ေတြအတြက္ ေဆာက္လုပ္ေနတာကို တစ္ဦးခ်င္းျဖစ္ေစ၊ အဖြဲ႔အစည္းနဲ႔ ျဖစ္ေစ ဆက္မေဆာက္ လုပ္ဖို႔အတြက္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔က ဒီကေန႔မွာပဲ စာထုတ္ၿပီးေတာ့ တားျမစ္လိုက္တယ္လို႔ ေဒၚခင္ေစာေဝက ဆက္ ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးလာၾကသူေတြအတြက္ ျပည္နယ္အစိုးရအေနနဲ႔ ၿမိဳ႕နယ္ ေျခာက္ ခုမွာ စစ္ေရွာင္စခန္း ခုနစ္ခု တည္ေဆာက္ထားေပးၿပီးျဖစ္သလို လိုအပ္တဲ့ စစ္ေရွာင္စခန္းေတြ ထပ္ေဆာက္ေပးဖို႔ စီစဥ္ေန တယ္လို႔လည္း အဲဒီတားျမစ္စာထဲမွာ ေဖာ္ျပထားတာလည္း ျဖစ္ပါတယ္။ စစ္ေရွာင္စခန္းေတြ ေဆာက္လုပ္ေနတာကို တားျမစ္ တာနဲ႔ ပတ္သတ္ၿပီး ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ ရသူေတြကို ဆက္သြယ္ခဲ့ေပမယ့္လည္း တုံ႔ျပန္ေျဖၾကားမႈ မရိွပါဘူး။ အစိုးရက ေဆာက္လုပ္ေပးထားတဲ့ စစ္ေရွာင္စခန္းေတြဟာ ၿမိဳ႕ေပၚနဲ႔ ေဝးလြန္းသလို နယ္ေျမအေနအထားကို လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ေဒသခံေတြနဲ႔ တိုင္ပင္ၿပီးေဆာက္လုပ္ထားတာ မဟုတ္တာေၾကာင့္ စစ္ေရွာင္ေတြအေနနဲ႔ အဲဒီ စခန္းေတြ မွာ ေနထိုင္ဖို႔အဆင္မေျပဘူးလို႔လည္း စစ္ေရွာင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာဆိုၾကပါတယ္။

လက္ရွိအခ်ိန္မွာ ရေသ့ေတာင္ၿမိဳ႕နယ္မွာရွိတဲ့ စစ္ေရွာင္ေတြဟာ ေျမႀကီးေပၚမွာ ကပ္ထူးစကၠဴေလးေတြ ခင္းၿပီးေနထိုင္ေနၾက ရၿပီး ဒီရက္ပိုင္းအတြင္းမွာ မိုးရြာသြန္းမႈေတြ ရွိေနတာေၾကာင့္ သူတို႔အေနနဲ႔ စားဝတ္ေနေရးအျပင္ က်န္းမာေရးအတြက္ပါ စိုးရိမ္ ရတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာဆိုၾကပါတယ္။  https://burmese.voanews.com/a/rakhineidpcamp/5398701

**************

၂။       COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ညႇိႏႈိင္းေရးေကာ္မတီဖြဲ႔စည္းျခင္းအေပၚ တုိင္းရင္းသားလက္နက္ ကုိင္အဖြဲ႔မ်ား ႀကဳိဆုိ

April 28, 2020

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူး ေပါင္းေရး ေကာ္မတီဖြဲ႔စည္းလုိက္ေၾကာင္း ဧၿပီလ ၂၇ ေန႔စြဲျဖင့္ သမၼတရုံး၏ ထုတ္ျပန္လုိက္ျခင္း အေပၚ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ အစည္းမ်ား(EAOs)က ႀကဳိဆုိလုိက္သည္။

လက္ရွိကပ္ေရာဂါ ျဖစ္စဥ္သည္ အားလုံးပါဝင္၍ ဝုိင္းဝန္းကာကြယ္တားဆီးရမည့္ ကိစၥရပ္ျဖစ္သည္ႏွင့္အညီ ယခုလို သမၼတရုံးမွ တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္လုိက္ျခင္းအေပၚ ႀကဳိဆုိေၾကာင္း ကရင္အမ်ဳိးသား အစည္းအ႐ုံး-KNU အတြင္းေရးမွဴး (၁) ပဒုိေစာဆဲပြယ္က ေျပာသည္။ ၎က“ဒီလုိမ်ဳိး ဖြဲ႔စည္းၿပီးေတာ့ ဝုိင္းဝန္းၿပီး တားဆီးေရးလုပ္တဲ့ ကိစၥရပ္အေပၚမွာေတာ့ ႀကိဳဆုိ ရမယ့္ ကိစၥျဖစ္ တာေပါ့။ ဒါေပမဲ့ အဓိကက ပူးေပါင္းလုပ္ေဆာင္ေရးနဲ႔ပတ္သက္ၿပီး ဘယ္လုိပုံစံမ်ဳိးနဲ႔ ညႇိႏႈိင္းၾကမလဲ ဘယ္လုိ သေဘာတူညီခ်က္အေပၚမွ ညႇိႏႈိင္းလုပ္ေဆာင္ၾကမလဲဆုိတာေတာ့ ဒါကေတာ့ က်ေနာ္တုိ႔ ေစာင့္ၾကည့္ရမယ္ ကိစၥေတာ့ ျဖစ္တာေပါ့”ဟု ေကအုိင္စီသုိ႔ ေျပာသည္။

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးကုိ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ား အေျချပဳရာ ေနရာေဒသမ်ား တြင္ ထိထိေရာက္ေရာက္ေဆာင္ရြက္ႏုိင္ေရးအတြက္ ရည္ရြယ္ၿပီး COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးႏွင့္စပ္လ်ဥ္း၍ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္းေရးေကာ္မတီကုိ ဖြဲ႔စည္းလုိက္ေၾကာင္း ဧၿပီလ ၂၇ ရက္ေန႔ ရက္စြဲျဖင့္ ႏုိင္ငံေတာ္သမၼတရုံးက အမိန္႔ေၾကာျငာစာထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

အဆုိပါ ေကာ္မတီထဲတြင္ ဥကၠ႒အျဖစ္ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟုိဌာန၏ ဒု-ဥကၠ႒ ေဒါက္တာ တင္မ်ဳိးဝင္း၊ ဒုဥကၠ႒ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အတြင္းေရးမွဴး ဒု-ဗုိလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(ၿငိမ္း) ၊ အ တြင္းေရးမွဴး တုိင္းရင္းသား လူမ်ဳိးမ်ားေရးရာ ဝန္ႀကီး၏ ဒု-ဝန္ႀကီး ဦးလွေမာ္ဦးႏွင့္ အဖဲြ႔ဝင္အျဖစ္ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ အႀကံေပးအဖြဲ႔ဝင္ ဦးမုိးေဇာ္ဦး စသည္ျဖင့္ အသီးသီးပါဝင္သည္။ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ/သွ်မ္းျပည္တပ္မေတာ္(RCSS/SSA)၏ အႀကံ ေပး ဦးခြန္စုိင္းက “ ဒီ ကိစၥကုိ RCSS ဘက္က တာဝန္ရွိတဲ့ ပုဂၢဳိလ္ေတြကုိ ေမးပါတယ္။ သူတုိ႔က ဒီကိစၥကုိ ႀကဳိဆုိပါတယ္ေပါ့။ က်ေနာ္ တုိ႔ လက္မွတ္ထုိးထားတဲ့ EAO ဘက္ကလည္း ဧၿပီလ ၁၇ ရက္ေန႔မွ အစည္းအေဝး လုပ္ၿပီးေတာ့မွ EAO ေတြအေနနဲ႔ ပူးတြဲၿပီးေတာ့မွ COVID-19 ကုိ ဘယ္လုိလုပ္ကုိင္သြားမလဲဆုိတာကုိလည္း ေဆြးေႏြးသြားခဲ့ပါတယ္တဲ့။ ဒီေကာ္မတီကုိ ဖြဲ႔ဖုိ႔ဆုိ တာလည္း က်ေနာ္တုိ႔သေဘာရတယ္။ အခုဆုိရင္လည္း က်ေနာ္တုိ႔အထက္ မွာရွိတဲ့ PPST ေခါင္းေဆာင္ေတြကုိ တင္ျပထား ပါတယ္တဲ့။ မၾကာခင္မွာ ဖြဲ႔ျဖစ္မွာပါ။ ဖြဲ႔ျဖစ္ရင္လည္း ဘယ္နည္း နဲ႔မဆုိ အစုိးရဖြဲ႔ထားတာနဲ႔ပူးတြဲ လုပ္သြားမွာပါ ေလတဲ့” ဟု ေကအုိင္စီသုိ႔ေျပာသည္။http://kicnews.org/2020/04/covid19%e1%80%b1%e1%80% 9b%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%ac%e1%80%

*************

၃။       ကုိဗစ္ကပ္ေရာဂါ ကာလအတြင္း စားဝတ္ေနေရးအခက္အခဲရွိသူမ်ားကုိ DKBA ေထာက္ပံ့မႈျပဳလုပ္

April 28, 2020

ကို႐ိုနာဗိုင္းရပ္စ္ (COVID-19 ) ကူးစက္ေရာဂါ ျဖစ္ပြားေနသည့္ကာလအတြင္း စားဝတ္ေနေရး အခက္အခဲရွိသည့္ ေဒသခံျပည္ သူမ်ားအား ဒီမိုကေရစီအက်ိဳးျပဳ ကရင့္တပ္မေတာ္ (DKBA-NCA)အဖြဲ႔က အေျခခံစားနပ္ရိကၡာႏွင့္ ေငြေၾကးေထာက္ပံ့မႈမ်ား ျပဳ လုပ္ခဲ့သည္ သိရသည္။ ၾကာအင္းဆိပ္ႀကီးၿမိဳနယ္ ေလးဖာေထာေက်းရြာတြင္ ဧၿပီ ၂၇ ရက္ေန႔က အိမ္ေထာင္စု ၄ဝဝ ေက်ာ္ အား အိမ္ေထာင္စု တစ္စုလွ်င္ ဆန္ ၁ အိတ္၊ ဆီ ၂ ဗူး၊ ဆား၊ ငါးပိ၊ ၾကက္သြန္၊ င႐ုပ္ေျခာက္ႏွင့္ အခ်ိဳမႈန္႔စသည့္အေျခခံ စားနပ္ ရိကၡာမ်ားအျပင္ အိမ္ေထာင္စု တစ္စုကို က်ပ္ေငြ ၂၀,၀၀၀ စီ ေထာက္ပံ့ေပးခဲ့သည္ဟု DKBA အမွတ္ ၉၀၃ တပ္ရင္းမွဴး ဒုဗုိလ္မွဴးႀကီး ေစာေအဝမ္းက ေကအုိင္စီ သုိ႔ ေျပာသည္။

“ စစ္ေျပးေရွာင္ေတြ ဒုကၡသည္ကေနျပည္လာေနထိုင္တဲ့လူေတြ ေတာ္ေတာ္မ်ား အခက္အခဲအမ်ားႀကီးရွိတယ္။ ခုေရာဂါျဖစ္ တဲ့ကာလမွာ ပိုၿပီးဒုကၡေရာက္တယ္။ တစ္ခ်ဳိ႕ထမင္းျပဳတ္စာေနရတယ္။ အလုပ္လက္မဲ့ျဖစ္ကုန္တယ္။ ဆန္အိတ္ ၆ ေထာင္ ေလာက္ ဝယ္ထားတယ္။ ေနာက္လာမယ့္ ဒီဇင္ဘာလအထိ ႏိုင္သေလာက္ကူညီသြားမယ္”ဟု DKBA အမွတ္ ၉ဝ၃ တပ္ရင္းမႉး ဒုဗိုလ္မွဴးႀကီး ေစာေအဝမ္းက ေျပာသည္။ ထုိ႔အျပင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဘုရားသုံးဆူ၊ ေလးဖာေထာ၊ မဲ့တဖိြး၊ ႀကိမ္ေခ်ာင္း၊ ကၽြန္းေခ်ာင္း၊ ေျပာင္မထိန္ ေက်းရြာ မ်ားႏွင့္ အနန္းကြင္းတိုက္နယ္ရွိ ေက်းရြာအုပ္စုမ်ားကိုလည္း စားဝတ္ေနေရး ခက္ခဲသူမ်ားအား အေျခခံစားနပ္ရိကၡာမ်ားႏွင့္ ေငြ ေၾကးေထာက္ပံ့မႈမ်ားကို အစိုးရ၊ KNU -ကရင္အမ်ိဳးသားအစည္းအ႐ုံးတို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ဟုလည္း DKBA က ေျပာသည္။

ေလးဖာေထာရြာေန ေစာအုန္းရွင္က “ ဒီမွာက စစ္ေျပးေရွာင္နဲ႔ ဒုကၡသည္စခန္းကေန ျပန္ေရာက္လာသူေတြမ်ားတယ္။ ေရာဂါ ကာလမွာ စားဝတ္ေနေရး အရမ္းခက္ခဲတယ္။ ဒီမွာက ရာသီအပင္ေတြစိုက္တယ္။ တစ္ရာသီစာပဲ ဖူလႈံတယ္။ အျပင္မွာလည္း အလုပ္ထြက္လုပ္လို႔ မရဘူး။ အလုပ္ေတြကလည္း ပိတ္ထားၾကတယ္။ ႏိုင္ငံေတာ္က ေထာက္ပံ့တဲ့ဆန္ေတြ က်ေနာ္တို႔ မရခဲ့ ပါဘူး။ DKBA အဖြဲ႔က ဆန္ေတြ၊ ဆီေတြ လာေထာက္ပံ့ေပးေတာ့ ဝမ္းသာပါတယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။ http://kicne ws.org/2020/04/%e1%80%80%e 1%80%af%e1%80%ad%e1%80%97%e1%80%85%e1%80

*************

၄။       ရခုိင္နဲ႔ခ်င္းျပည္နယ္က တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးသူ ဦးေရတုိး

April 28, 2020

လက္ရွိအခ်ိန္ထိ စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တစ္ေန႔တစ္ျခား ေနရပ္ စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ဦးေရဟာလည္း ပိုမို မ်ားျပားလာၿပီးစားဝတ္ေနေရး အဆင္မေျပမႈေတြကို ပိုမိုရင္ဆိုင္ေန ၾကရတယ္လို႔ စစ္ေရွာင္စခန္း တာဝန္ရွိသူေတြက ေျပာဆိုၾကပါတယ္။ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ထပ္တိုးလာတဲ့ စစ္ေရွာင္ေတြကို လက္ခံဖို႔ ေနရာမရွိ ေတာ့သလို စစ္ေရွာင္ဦးေရ ၂၀,၀၀၀ နီးပါးအထိ ရွိေနတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕မိၿမိဳ႕ဖ ေဒါက္တာ ထြန္းေအးက ေျပာပါတယ္။

“က်ေနာ္တို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းစုစုေပါင္း ၁၅ ေနရာေလာက္ရွိတယ္။ လူဦးေရကေတာ့ ၇,၀၀၀ နီးပါးေလာက္ရွိတယ္။ ထပ္တိုးလာတဲ့ သူေတြကို လက္ရွိအခ်ိန္မွာ ၿမိဳ႕ေပၚက စခန္းေတြမွာ လက္ခံႏိုင္တဲ့ အေနအထား မရွိေတာ့လို႔ ေဆြမ်ိဳးေတြ အိမ္မွာ ခိုကပ္ၿပီးေနတဲ့ သူရွိတယ္။ ေနာက္ၿပီးေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက တစ္ျခား ေက်းရြာေတြမွာလည္း ေနၾကတယ္။ အကုန္လံုး ေပါင္းလိုက္ မယ္ဆိုရင္ေတာ့ တိုက္ပြဲျဖစ္ကတည္းကဆိုရင္ စစ္ေရွာင္ ၂၀,၀၀၀ ေလာက္ရွိမယ္လို႔ ခန္႔မွန္းရတယ္။” ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေညာင္ေခ်ာင္း စစ္ေရွာင္စခန္းမွာလည္း ဒီကေန႔ အထိ စစ္ေရွာင္ ထပ္တိုးေနတယ္လို႔ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္း တာဝန္ခံက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေနၾကသူေတြကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္မွာ အမ်ားဆံုးရွိေနတာ ျဖစ္ၿပီး လူဦးေရအားျဖင့္ ၃၀,၀၀၀ နီးပါးရွိေနပါတယ္။ အဲဒီစစ္ေရွာင္စခန္းေတြမွာ ေနရာထိုင္ခင္းေတြ မလံုေလာက္တဲ့ အျပင္ အခုရက္ပိုင္းအတြင္းမွာ မိုးရြာသြန္းမႈေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ စစ္ေရွာင္ေတြအတြက္ အခက္ေတြ႔ေနရတယ္လို႔ စစ္ေရွာင္ ေတြကို ကူညီေပးေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းအျပင္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ဘက္မွာလည္း တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနသလို စစ္ေရွာင္ေတြ ဟာလည္း တေန႔တျခား မ်ားျပားလာေနၿပီး စားဝတ္ေနေရး ကိစၥရပ္ေတြကို ေျဖရွင္းဖို႔ ခက္ခဲ့ေနၾကတယ္လို႔ ပလက္ဝ စစ္ေရွာင္ ကူညီ သူေတြက ေျပာဆိုၾကပါတယ္။ COVID-19 ကမၻာ့ကပ္ေရာဂါအၾကပ္အတည္းအခ်ိန္မွာ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြရပ္ဖို႔ ကုလသမဂၢအပါဝင္ ျမန္မာ လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆိုးထားေပမဲ့လည္း ဒီကေန႔အထိ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနသလို ဖမ္းဆီးခံရသူေတြ ေနရပ္စြန္႔ခြာထြက္ေျပးေနရသူေတြနဲ႔ ထိခိုက္ ဒဏ္ရာရသူေတြဟာလည္း ေန႔စဥ္နဲ႔အမွ်ရွိေနပါတယ္။ https://burmese.voanews.com/a/rakhine-chin-people-flee-/5395318.html

***************

၅။       ျမန္မာစစ္ေခါင္းေဆာင္တခ်ဳိ႕အေပၚ အေရးယူပိတ္ဆုိ႔မႈ ၿဗိတိန္ သက္တမ္းတုိး

April 29, 2020

ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့ေသာ လူမ်ိဳးစုသုတ္သင္ရွင္းလင္းမႈနဲ႔ ျမန္မာႏိုင္ငံ၊ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ ေတြမွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ ပါဝင္ပတ္သက္ခဲ့တဲ့ ျမန္မာ့တပ္မေတာ္ထိပ္တန္းအရာရွိ ၈ ေယာက္ အပါအဝင္ အရာရွိနဲ႔ အျခားအဆင့္ စုစုေပါင္း ၁၄ ဦးကို ဘ႑ာေရးအရ အေရးယူ ပိတ္ဆို႔ထားတဲ့ စာရင္းကို ၿဗိတိန္ႏိုင္ငံ အစိုးရက ထုတ္ျပန္လိုက္ပါတယ္။ ဧၿပီလ ၂၈ ရက္ေန႔ ရက္စြဲနဲ႔ ၿဗိတိန္နိုင္ငံ ဘ႑ာေရး ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းမွာ ျမန္မာ့တပ္မေတာ္က ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး အဆင့္ ၁ ဦး၊ ဗိုလ္ခ်ဳပ္အဆင့္ ၂ ဦးနဲ႔ ဗိုလ္မွဴးခ်ဳပ္ အဆင့္ ၅ ဦး ပါဝင္ပါတယ္။ သူတို႔အားလုံးကို ၂၀၁၈ ခုႏွစ္ကစၿပီး ဘ႑ာေရးအရ ပိတ္ဆို႔ အေရးယူထားတာျဖစ္ၿပီး အခုႏွစ္ ဧၿပီလမွာ ထပ္မံ စာရင္းျပဳစု ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

ပိတ္ဆို႔အေရးယူခံရတဲ့ စာရင္းထဲ ပါဝင္သူ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္ေက်ာ္ေဇာဟာ ၂၀၁၅ က ၂၀၁၇ ခုႏွစ္ အတြင္း အမွတ္ (၃) စစ္ဆင္ေရး အထူးအဖြဲ႕မႉး အျဖစ္တာဝန္ယူခဲ့သူ ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ေမာင္ေမာင္စိုးက ၂၀၁၆ က ၂၀၁၇ ခုႏွစ္ အတြင္း အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရွိ အေနာက္ေတာင္ပိုင္း စစ္ဌာန ခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ညီညီေဆြက အရင္ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴးျဖစ္ပါတယ္။ ဗိုလ္မွဴးခ်ဳပ္အဆင့္ အရာရွိေတြ ထဲ ေတာ့ အမွတ္(၃၃)ေျချမန္တပ္မ၊ တပ္မမွဴး ဗိုလ္မွဴးခ်ဳပ္ ေအာင္ေအာင္၊ အမွတ္ (၉၉) တပ္မမွဴးျဖစ္ခဲ့ဖူးသူ လက္ရွိ အေရွ႕ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ခင္လိႈင္၊ နယ္ျခားေစာင့္ ရဲ တပ္ဖြဲ႕ ရဲမွဴးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူ ဗိုလ္မွဴးခ်ဳပ္ သူရ ဆန္းလြင္၊ အမွတ္ (၉၉) ေျချမန္တပ္ တပ္မမွဴး ဗိုလ္မွဴးခ်ဳပ္ သန္းဦး၊ အမွတ္ (၁၅) စစ္ဆင္ေရးဆိုင္ရာ ကြပ္ကဲ ေရးဌာန တပ္မွဴး ဗိုလ္မွဴးခ်ဳပ္ ခင္စိုး တို႔ ျဖစ္ပါတယ္။

အလားတူပဲ အဲဒီ တပ္မေတာ္ထိပ္တန္း အရာရွိႀကီးေတြကို အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန၊ ႏိုင္ငံျခားပိုင္ ပစၥည္း ထိန္းခ်ဳပ္ ေရး႐ုံး (OFAC) ကလည္း ၂၀၁၈ ကတည္းက အေရးယူ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြကိုျပဳလုပ္ထားခဲ့ပါတယ္။ https://burmese.v oanews .com/a/myanmar-sanction-britain-/5396077.html

**************

၆။       ေျမာက္ဦးနဲ႔ ဘူးသီးေတာင္မွာ ၂ ရက္အတြင္း ေက်ာင္းသူတစ္ဦးအပါအဝင္ အရပ္သား ၅ ဦး ဒဏ္ရာရ

April 28, 2020

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္(AA)တို႔ တိုက္ပြဲေတြ ဒီေန႔အထိ ဆက္လက္ ျပင္းထန္ေနဆဲ ျဖစ္ၿပီး ဧၿပီလ ၂၆ နဲ႔ ၂၇ ရက္ေန႔ေတြမွာ ေက်ာင္းသူတစ္ဦးအပါအဝင္ အရပ္သား ၅ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕မွာ မေန႔ ညေန ၄ နာရီေက်ာ္အခ်ိန္က တပ္မေတာ္စစ္ေၾကာင္းတစ္ခု မိုင္းခြဲတိုက္ခိုက္ခံရၿပီးေနာက္ အဲဒီ        တပ္မေတာ္ စစ္ေၾကာင္းက ပစ္ခတ္လို႔ ထမင္းဆိုင္မွာရွိေနတဲ့ အရပ္သား ၄ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ၿမိဳ႕ခံ ေတြကေျပာ ပါတယ္။

မိုင္းခြဲတိုက္ခိုက္ခံရတဲ့ေနရာဟာ အလယ္ေဈးတံတားနဲ႔ Prince ဟိုတယ္ၾကားမွာျဖစ္ၿပီး အခင္းျဖစ္ေနရာနဲ႔ မီတာ ၉၀ဝ ေက်ာ္ ေဝးတဲ့ ေျမာက္ဦးစာတိုက္ေဘး ျမဝါေတာင္ေျခရင္းက ထမင္းဆိုင္ကို လက္နက္ႀကီးက်ည္က်ေရာက္ခဲ့တာပါ။ အခင္းျဖစ္ေနရာ အနီးမွာေနထိုင္တဲ့ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ ၿမိဳ႕ခံတစ္ဦးက တပ္မေတာ္စစ္ေၾကာင္းကို မိုင္းခြဲသံထြက္ေပၚလာၿပီး ေနာက္ တပ္မေတာ္က ၿမိဳ႕တြင္းထဲကို အခ်ိန္ ၁ နာရီနီးပါးေလာက္ ပစ္ခတ္ခဲ့တယ္လို႔ ေျပာပါတယ္။ လက္နက္ႀကီးေၾကာင့္ ထမင္းဆိုင္မွာ အလုပ္လုပ္ေနတဲ့ အသက္ ၁၆ ႏွစ္အရြယ္ မမိငယ္၊ အသက္ ၁၈ ႏွစ္အရြယ္ မျမျမေအး၊ ဆိုင္ရွင္ျဖစ္တဲ့ အသက္ ၄၃ ႏွစ္အရြယ္ ဦးညီညီေမာင္နဲ႔ အသက္ ၆၅ ႏွစ္အရြယ္ အဖြားတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ၾကပါတယ္။ ဒဏ္ရာရသူ ဦးညီညီေမာင္က တပ္မေတာ္က ၿမိဳ႕ထဲဘက္ကို ပစ္ခတ္ေနခ်ိန္မွာပဲ သူ႕ရဲ့ထမင္းဆိုင္ကို ထိမွန္ခဲ့တယ္လို႔ေျပာပါ တယ္။

မေန႕က ေျမာက္ဦးမွာ တပ္မေတာ္စစ္ေၾကာင္းကို မိုင္းခြဲတိုက္ခိုက္တဲ့ကိစၥအျပင္ ဘူးသီးေတာင္ၿမိဳ႕နယ္ ကံ့ေကာ္ၿမိဳင္ေက်းရြာက ေက်ာင္းသူ ထိခိုက္ဒဏ္ရာရတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ေျပာခြင့္ရသူ ခိုင္သုခကို RFA က ေမးျမန္းရာမွာ – ေျမာက္ဦးဘက္မွာ မေန႕က တိုက္ပြဲျဖစ္ပြားတာမရွိခဲ့ေၾကာင္း၊ ဘူးသီးေတာင္ဘက္မွာ ႏွစ္ဖက္ ထိေတြ႔မႈေတြရွိခဲ့သလို ခ်င္းျပည္နယ္ ပလက္ဝနဲ႔ ဆမီးအၾကားမွာလည္း AA တပ္ရွိရာကို တပ္မေတာ္ဘက္က ဝင္ေရာက္လာတဲ့အတြက္ အျပန္အလွန္ ပစ္ခတ္မႈေတြရွိခဲ့ေၾကာင္း RFA ကို ေျပာပါတယ္။ ေျမာက္ဦးက ပစ္ခတ္မႈေတြနဲ႔ပတ္သက္လို႔ေတာ့ တိုက္ပြဲမရွိဘဲ အေၾကာင္းမဲ့ အရပ္သားေတြအေပၚ လူမ်ိဳးေရးအရ အၿငိဳးအေတးနဲ႔ ပစ္ခတ္ေနတာျဖစ္ၿပီး ဒါဟာစစ္ရာဇဝတ္မႈ က်ဴးလြန္ေနတာသာျဖစ္တယ္ လို႕ ခိုင္သုခက ေျပာပါတယ္။

RFA က ရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ကေန မေန႕က ဧၿပီလ ၂၇ ရက္ေန႔အထိ အခ်ိန္ ၂ လတာ ကာလမွာ ေသဆံုးတဲ့ အရပ္သား ၁၀ဝ ခန္႔ ရွိေန သလို ထိခိုက္ဒဏ္ရာရသူဟာလည္း ၂၂၀ ေက်ာ္အထိရွိေနပါတယ္။ https://www.rfa.org/burmese/news/rakhine-aa-army-civilian-deaths-04282020100612.html

***************

၇။       ၂၀၂၀  ေရြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္း က်င္းပႏိုင္ဖြယ္ရွိဟု ေကာ္မရွင္အဖြဲ႔ဝင္ ေျပာ

29 April 2020

၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို လာမယ့္ႏိုဝင္ဘာလထဲမွာ က်င္းပႏိုင္ဖြယ္ရွိတယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ဝင္ ဦးျမင့္ႏိုင္က ခန္႔မွန္းေျပာပါတယ္။ ျမန္မာ့အသံက ေမးျမန္းတဲ့ ေရြးေကာက္ပြဲဘယ္ေတာ့ က်င္းပမလဲဆိုတာနဲ႔ ပတ္သက္တဲ့ ေဆြးေႏြးခန္းမွာေျဖဆိုထားတာပါ။ ၿပီးခဲ့တဲ့ ၂၀၁၀ ျပည့္ႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္ေတြမွာက်င္းပခဲ့တဲ့ အေထြေထြ ေရြးေကာက္ပြဲေတြအတိုင္း လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲကိုလည္း ႏိုဝင္ဘာ ၈ ရက္ ဒါမွမဟုတ္ ၇ ရက္ေန႔မွာ က်င္းပႏိုင္ဖြယ္ ရွိတယ္လို႔ဆိုပါတယ္။

လႊတ္ေတာ္သက္တမ္း ၅ ႏွစ္ျပည့္ရင္ အေထြေထြေရြးေကာက္ပြဲက်င္းပဖို႔  ၂၀ဝ၈ ဖြဲ႔စည္းပံုအ‌ေျခခံဥပေဒမွာ ျပ႒ာန္းထားတဲ့ အတိုင္း ပံုမွန္အတိုင္းဆိုရင္ ႏိုဝင္ဘာလေလာက္မွာ ေရြးေကာက္ပြဲက်င္းပႏိုင္ဖြယ္ရွိေနတာပါ။ ၂၀၂၀ အေထြအေထြ ေရြး ေကာက္ပြဲ ရက္ကိုေတာ့ အရင္ ၂၀၁၀ နဲ႔ ၂၀၁၅ ေရြးေကာက္ပြဲေတြမွာ ေၾကညာခဲ့တဲ့ပံုစံအတိုင္း ေရြးေကာက္ပြဲ ရက္မတိုင္ခင္ ႏွစ္လအလို ဒါမွမဟုတ္ ေလးလအလိုမွာ ထုတ္ျပန္ေၾကညာသြားမယ္လို႔လည္း ဦးျမင့္ႏိုင္ကေျပာပါတယ္။

အခုကာလဟာ COVID-19 ေရာဂါျဖစ္ပြားေနတဲ့အတြက္ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူေတြနဲ႔ ျပည္သူေတြအၾကားမွာ ေရြးေကာက္ပြဲမလုပ္ျဖစ္မွာ စိုးရိမ္သူေတြ ရွိေနသလို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကလည္း က်င္းပမယ့္ရက္ကို  တိတိ က်က် မေၾကညာေသးတာေၾကာင့္ ခန္႔မွန္းတာေတြ အမ်ိဳးမ်ိဳးထြက္ေပၚေနပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားတာ ဒီထက္ပိုမို က်ယ္ျပန္႔လာမယ္ဆိုရင္ လာမယ့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းရမယ့္ အေနအထားမွာ ရွိတယ္လို႔ ႏိုင္ငံေရးအသိုင္းအဝိုင္းက သံုးသပ္တာေတြလည္းရွိပါတယ္။ http://burmese.dvb.no/archives/384996

**************

၈။       ေျမာက္ဦးတြင္ နယ္ေျမခံ ရဲတပ္သား ၁ ဦး ဖမ္းဆီးခံရ

April 29, 2020

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕ရွိ နယ္ေျမခံရဲတပ္ရင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္သား တဦးကို တုတ္၊ ဓား ကိုင္ေဆာင္ ထားသူေတြက  ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ပါတယ္။ ဧၿပီ ၂၆ ရက္ မနက္ ၁၀ နာရီခြဲေလာက္က ေျမာက္ဦးၿမိဳ႕ နယ္ေျမခံရဲတပ္ရင္းက ရဲဒုတပ္ၾကပ္တဦးနဲ႔ ရဲတပ္သားႏွစ္ဦးတို႔ဟာ ေျမာက္ဦးၿမိဳ႕သို႔ ေဈးသြားဝယ္ၿပီးအျပန္ ရတနာ့မာန္ေအာင္ဘုရားလမ္းရွိ သီဟိုဠ္ၿခံအနီး အေရာက္မွာ တုတ္၊ ဓား ကိုင္ေဆာင္ ထားတဲ့  အရပ္ဝတ္နဲ႔ ေအေအ ၈ ဦးက ဝန္းရံဖမ္းဆီးခဲ့လို႔ ရဲတပ္သားတစ္ဦး ဖမ္းဆီးခံခဲ့ရတယ္လို႔   တပ္မေတာ္သတင္းမွာ ေဖာ္ျပပါတယ္။

ဖမ္းဆီးေခၚေဆာင္ခံရတဲ့ ရဲတပ္သား ျပန္လည္ရရွိေရးအတြက္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္ေတြက ေဒသခံျပည္သူေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနတယ္လို႔လည္း  သိရပါတယ္။ ဧၿပီ ၂၇ ရက္ ညပိုင္းကလည္း ေျမာက္ဦးၿမိဳ႕၊ ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးအနီးရွိ စစ္ေဆး ေရး ဂိတ္ေဟာင္း အေဆာင္ကို  ေအေအအဖြဲ႔က ျခင္ေဆးဘူးေတြနဲ႔  ၆၀ မမ ဗံုးသီး ၁ လံုးတို႔ကို  အသံုးျပဳၿပီး မီးရိႈ႕ေဖာက္ခြဲ ဖ်က္ဆီးခဲ့လို႔ ပ်က္စီးမႈရွိခဲ့တယ္လို႔လည္း တပ္မေတာ္က သတင္း ထုတ္ျပန္ပါတယ္။

အဆိုပါ ျဖစ္စဉ္ေတြနဲ႔ ပတ္သက္ၿပီး ရကၡိဳင့္တပ္မေတာ္ ေအေအဘက္ကေတာ့ ျပန္လည္ သတင္းထုတ္ျပန္တာ မေတြ႕ရ ေသးပါဘူး။ http://burmese.dvb.no/archives/384998

***************

၉။       လြိဳင္လင္ တရုတ္ျပည္ေတာ္ျပန္ ၉၇ ဦး အစားအေသာက္ ကိုယ္တိုင္စီစဥ္ရ

April 28, 2020

သွ်မ္းျပည္ေတာင္ပိုင္း လြိဳင္လင္ၿမိဳ႕နယ္တြင္ တရုတ္ျပည္ေတာ္ျပန္ ၉၇ ဦးရွိၿပီး အစားအေသာက္ပိုင္းကို ကိုယ္တိုင္စီမံရေၾကာင္း သတင္းရရွိသည္။ အဆိုပါ တရုတ္ျပည္ေတာ္ျပန္မ်ားသည္ မူဆယ္ – တရုတ္နယ္စပ္ ဂိတ္မွ ဧၿပီ ၂၄ ရက္ေန႔က ထြက္လာ ၾကသူမ်ားျဖစ္ၿပီး ထိုသူမ်ားကို Quarantine ၂၁ ရက္ ထားရွိမည္ျဖစ္ေၾကာင္း လြိဳင္လင္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) လႊတ္ေတာ္အမတ္ နန္းျမေထြးက သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္။

“ခု ျပည္ေတာ္ျပန္ေတြကို အစိုးရကေတာ့ ေနဖို႔ ေနရာေတြပဲ စီစဉ္ထားေပးတယ္။ စားေသာက္ေရးပိုင္းကိုေတာ့ သူတို႔ တတ္ႏိုင္သေလာက္ နည္းမ်ားမဆို ျပန္ကူညီေနပါတယ္။ ဒီက သက္ဆိုင္ရာ တာဝန္ရွိသူေတြ ဘက္ကလည္း အလွဴရွင္ေတြ စု ၿပီး တတ္ႏိုင္သေလာက္ ကူညီသြားမွာပါ” ဟု နန္းျမေထြး ကေျပာသည္။ လက္ရွိမွာ ျပည္ေတာ္ျပန္ ၉၇ ဦး ကို လြိဳင္လင္ၿမိဳ႕ နယ္ရွိ အစိုးရ နည္းပညာ အထက္တန္းေက်ာင္း ႏွင့္ ပင္လံုၿမိဳ႕ရွိ နတလ ေက်ာင္း ေတြမွာ ထားျခင္း ျဖစ္သည္။

ဧၿပီ ၂၆ ရက္ေန႔က အေရွ႕အလယ္ပိုင္း တိုင္းမွဴးမွလည္း လြိဳင္လင္ၿမိဳ႕နယ္ရွိ တရုတ္ျပည္ေတာ္ျပန္မ်ားကို ဆန္၊ ဆီ ႏွင့္ ပဲ တို႔ လည္းလာေရာက္လွဴဒါန္းသြားေၾကာင္း သိရသည္။ https://burmese.shannews.org/archives/16325

*************

၁၀။     တပ္မေတာ္ ဖိအားေပးမႈမ်ားေၾကာင့္ KNU ၏ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးဆိုင္ရာ က်န္းမာေရးစစ္ေဆးေရးဂိတ္တစ္ခု ျဖဳတ္                      လိုက္ရ

April 30, 2020

KNU-ကရင္အမ်ဳိးသားအစည္းအ႐ုံး ထိန္းခ်ဳပ္နယ္ေျမ သထံုခရိုင္ (တပ္မဟာ ၁) ေမာ္စကိုေဒသ ေထာင္မွဴးေက်းရြာအုပ္စု ေစ်းမသြယ္ရြာတြင္ ဖြင့္လွစ္ထားသည့္ Covid -19 ေရာဂါကာကြယ္ေရး က်န္းမာေရး စစ္ေဆးေရးဂိတ္တစ္ခုအား အေရွ႕ေတာင္ တိုင္းစစ္ဌာနခ်ဳပ္(ရတခ)မွ ဖိအားေပးမႈမ်ားေၾကာင့္ဖ်က္သိမ္းလိုက္ရေၾကာင္း KNU သထံုခရိုင္တာဝန္ရွိသူမ်ားထံမွ သိရသည္။

ႏွစ္ဖက္ေရာေႏွာအုပ္ခ်ဳပ္သည့္ ေဒသတြင္ က်န္းမာေရး စစ္ေဆးေရးဂိတ္မထားရွိေရး ရတခတိုင္းမွဴး၏ ညြန္ၾကားမႈအရ ဟု ဆိုကာ ၎ေဒသရွိ အေျမာက္တပ္ ၅၀၂ ဒုတပ္ရင္းမွဴး ဗိုလ္မွဴးေအာင္ကိုကိုက ဧၿပီလ ၂၅ရက္မွ ၂၇ ရက္ေန႔မ်ားတြင္ အႀကိမ္ ႀကိမ္ လာေရာက္ေျပာဆိုမႈမ်ားေၾကာင့္ ယခုလိုဖ်က္သိမ္းလိုက္ရျခင္းျဖစ္ေၾကာင္း KNU သထံုခရိုင္ အတြင္းေရးမွဴး ပဒုိေစာစိုးျမင့္ က ေျပာသည္။ ၎က“ဒုတပ္ရင္းမွဴးေျပာတာက ဒီဟာလုပ္ရင္ ျပည္နယ္၊ တိုင္းခြင့္ျပဳခ်က္ရမွ လုပ္ရမယ္တဲ့၊ အဲဒီေနရာက အစိုးရဘက္ ဘာမွမလုပ္ေတာ့ ျပည္သူေတြေတာင္းဆိုလို႔ က်ေနာ္တို႔လုပ္တာပဲ။ အစိုးရအုပ္ခ်ဳပ္ေရးအဖြဲ႔နဲ႔လည္း ေပါင္းၿပီး ညွိႏိွႈင္းတာအျပင္ လႊတ္ေတာ္အမတ္ေတြလည္း သိတယ္။ လုပ္သင့္ပါတယ္လို႔လည္း သူတို႔ေျပာခဲ့တာရွိတယ္။ ဒါေပမယ့္ တပ္ဘက္က ခဏခဏလာေျပာေတာ့ အစကဆက္လုပ္မယ္လို႔ စဥ္းစားေသးတယ္။ ဒါေပမယ့္ ဆက္လုပ္ရင္ ေနာက္ဆက္တြဲ ျပႆနာျဖစ္လာမွာ က်ေနာ္တို႔ မလိုလားဘူး ။ က်ေနာ္တို႔ ဒါလုပ္တာ အေရးယူလို႔ေတာင္ရတယ္လို႔ တပ္ဘက္က အဲေလာက္ ထိေျပ တယ္”ဟု ေကအိုင္စီသို႔ေျပာသည္။

“အစိုးဘက္က လုပ္တာရွိရင္ က်ေနာ္တို႔ကလည္း မလုပ္ပါဘူး။ အခုက ဘယ္သူမွမလုပ္လို႔ က်ေနာ္တို႔ လုပ္တာ အမွန္ဆိုရင္ က်ေနာ္တို႔နဲ႔ညွိႏွိႈင္းလို႔ရတာပဲ။ ဒီေရာဂါကို ကာကြယ္ဖို႔ တစ္ကမၻာလံုးက လုပ္ေဆာင္ေနတာပဲ ႏိုင္ငံ ေရးအျမတ္ထုတ္ဖို႔လို႔ က်ေနာ္တို႔မွာ စိတ္ဆႏၵမရွိဘူး။ က်ေနာ္တို႔ ဒီလိုလုပ္တာ မႀကိဳက္တာဟာ အဲဒီက က်ေနာ္တို႔ ကရင္လူထုေတြကို ေရာဂါကူး ေစတာလားလို႔ က်ေနာ္တို႔က သံသယျဖစ္မိတယ္” ဟု ခရိုင္အတြင္း ေရးမွဴး ေစာစိုးျမင့္က ျဖည့္စြက္ေျပာသည္။ လက္ရွိျဖစ္ေပၚေနသည့္ အဆိုပါကန္႔ကြက္မႈမ်ားႏွင့္ပတ္သက္ၿပီး အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ေမာင္ေမာင္လတ္ကို ဆက္သြယ္ေမးျမန္းရာ၌ “ အဲဒီေနရာကို လက္နက္ကိုင္ၿပီးဝင္လို႔မရဘူး။ ယူနီေဖာင္းဝတ္ၿပီး ဝင္လို႔မရ ဘူး။ အဲဒီအတြက္ေၾကာင့္ ကန္႔ကြက္တာျဖစ္ပါလိမ့္မယ္”ဟု ေကအိုင္စီသို႔ ယေန႔တြင္ ျပန္လည္ေျပာဆိုသည္။

ထို႔အျပင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဆုိင္ရာ လုပ္ငန္းမ်ားကို တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ အစည္းမ်ား အေျခစုိက္ရာေဒသမ်ားတြင္ ေဆာင္ရြက္ႏုိင္ရန္ရည္ရြယ္ၿပီး “Covid -19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္ စပ္လ်ဥ္း၍ တုိင္းရင္း သားလက္နက္ကုိင္အဖဲြ႔အစည္းမ်ားႏွင့္ ညွိႏႈိင္းပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီ”ကုိ ဖဲြ႔စည္းလုိက္ေၾကာင္း ျမန္မာအစုိးရ သမၼတ႐ုံးက ဧၿပီလ ၂၇ ရက္ေန႔ ရက္စဲြျဖင့္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ေသးသည္။ http://kicnews.org/2020/04/%e1  %80%90%e1%80%95%e1%8 0%b9%e1 %80%99%e1%80%b1%e1%80

**************

၁၁။     ေက်ာက္ျဖဴၿမိဳ႕နယ္ ေထြအုပ္ၿခံဝင္းအတြင္း အေဝးထိန္းရီမုမိုင္း ၁ လံုးေတြ႕ရွိ

April 29, 2020

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးၿခံဝင္းအတြင္းရွိ ခရိုင္ ရဲတပ္ဖြဲ႔မွဴးရံုးအနီးမွာ ဧၿပီ ၂၈ ရက္ မနက္က အေဝးထိန္းရီမုမိုင္း တလံုးေတြ႔ရွိလို႔ လံုၿခံဳေရးတပ္ဖြဲ႔က ရွင္းလင္းခဲ့ရပါတယ္။ ေက်ာက္ျဖဴၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ ေရးမွဴးရံုးမွ တာဝန္ရွိသူတဦးက “ေတြ႔တာကေတာ့ မနက္ ၁၁ နာရီခြဲမွာပါ။ အဲဒီဟာကို ေက်ာက္ျဖဴၿမိဳ႕မွာရွိတဲ့ လံုၿခံဳေရး ေဆာင္ ရြက္ေနတဲ့ တပ္ကေနၿပီးေတာ့ ၁၂ နာရီဝန္းက်င္ေလာက္မွာ လာၿပီးေတာ့ရွင္းလင္းေရးလုပ္ေဆာင္ခဲ့တယ္။ သူတို႔ ေျပာတာက ေတာ့ အေဝးထိန္းရီမုမိုင္းအမ်ိဳးအစားျဖစ္တယ္ လို႔ေျပာတယ္။ PPC ပိုက္နဲ႔လုပ္ထားတဲ့ အခ်င္း ၅ လကၼ၊ အရွည္ ၆ လကၼ ေလာက္ေတာ့ရွိတယ္”လို႔ ေျပာပါတယ္။

ဒီကိစၥအေသးစိတ္သိရွိႏိုင္ဖို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးေအာင္ေမာ္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ ဖုန္းကိုင္ေျဖဆိုျခင္း မရွိခဲ့ပါဘူး။ ေက်ာက္ျဖဴၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးၿခံဝင္းအတြင္းမွာ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၆ ရက္ကလည္း အမိႈက္ပံုးမီးရိႈ႕ရာက ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ ဝန္ထမ္း ၈ ဦးဒဏ္ရာရခဲ့ပါတယ္။ အလားတူ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၂၄ ရက္ေန႔ ကလည္း ဒုခရိုင္အုပ္ခ်ဳပ္ေရးမွဴးေနအိမ္အနီးမွာ ေထာင္ထားတဲ့ရီမုမိုင္း ၁ လံုး ေတြ႔ရွိခဲ့ၿပီး မိုင္းရွင္းလင္းေရးအဖြဲ႔က လာေရာက္ ရွင္းလင္းေပးခဲ့ရပါတယ္။ http://burmese.dvb.no/archives/385002

*************

၁၂။     ပလက္ဝေဒသသို႔ ဆန္အိတ္ႏွင့္စားနပ္ရိကၡာမ်ား ထပ္မံေရာက္ရွိ

April 30, 2020

စစ္ေဘးေရွာင္မ်ားႏွင့္ ပလက္ဝေဒသခံမ်ားအတြက္ အေထာက္အပံ့ပစၥည္းမ်ားအျဖစ္ ဆန္အိတ္ႏွင့္ အျခားစားေသာက္ကုန္ ပစၥည္းမ်ား ပလက္ဝၿမိဳ႕သို႔ ဧၿပီ ၂၈ ရက္ေန႔က ထပ္မံေရာက္ရွိသြားခဲ့ေၾကာင္း သတင္းရရွိသည္။ အဆိုပါေရာက္ရွိလာသည့္ ပစၥည္းမ်ားမွာ ဆန္အိတ္ ၂၀ဝ၀ ႏွင့္ အျခားစားေသာက္ကုန္ပစၥည္းမ်ားျဖစ္ၿပီး ယင္းေန႔တြင္ပင္ တပ္မေတာ္ရဟတ္ယာဥ္ႏွင့္ ၾကက္ဥႏွင့္ၾကက္သြန္နီမ်ားကို ပလက္ဝသို႔ ပို႔ေဆာင္ေပးခဲ့သည္ဟု တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာသည္။“ေနာက္ထပ္ပို႔ဖို႔လည္းရွိေသးတယ္။ WFP ရဲ႕ဟာေတြထပ္ပို႔မယ္။ မေန႔က ညေနက ပို႔ရင္းေတာင္မွပဲ WFP ကား အပစ္ခံရ တာရွိေသးတယ္။ ယာဥ္တန္းနဲ႔ပို႔တာမွာ WFP ကားေတြလည္းပါတယ္” ဟု ၎ကေျပာသည္။

ယခု ရိကၡာႏွင့္အသံုးအေဆာင္ပစၥည္းမ်ားတင္ေဆာင္လာေသာ ယာဥ္တန္းသည္ ဧၿပီလ ၂၅ ရက္ေန႔က မတူပီၿမိဳ႕မွ စတင္ ထြက္ခြာလာရာ ဆမီးသို႔ ေရာက္ရွိၿပီးေနာက္ ရာသီဥတုဆိုးရြားၿပီး မိုးသည္းထန္စြာရြာသြန္းမႈ အေျခအေနမ်ားအျပင္ ပစ္ခတ္မႈ မ်ားလည္း ျဖစ္ခဲ့ေပၚခဲ့၍ ဆမီးတြင္ ရပ္နားေနခဲ့ရေသးသည္။ ပလက္ဝၿမိဳ႕အနီးတဝိုက္တြင္ တပ္မေတာ္ႏွင့္ AA တို႔ ျဖစ္ပြား ေသာတိုက္ပြဲမ်ားေၾကာင့္လည္း ကုန္စည္စီးဆင္းမႈမရွိသျဖင့္ ေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္ၿပီး ေဒသခံျပည္သူ၊ အစိုးရ ဝန္ထမ္းမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားမွာ စားေသာက္ေရး အခက္အခဲမ်ားႀကံဳေတြ႕ေနရသည္မွာ လအတန္ၾကာၿပီျဖစ္သည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ လွ်ပ္စစ္ဝန္ႀကီး ဦးစိုးထက္က “အခုက အားလံုးက ဝယ္စရာလည္းမရွိ၊ စားစရာလည္း မရွိ ျဖစ္ေနတာ ေလ၊ အဲတာေၾကာင့္ က်ေနာ္တို႔က IDP Camp မွာတင္ရွိတဲ့သူေတြတင္ အဆင္မေျပေတာ့ဘူး။ ၿမိဳ႕ေပၚ ရပ္ကြက္ေလးခုရွိတယ္၊ ေနာက္တခါ ဝန္ထမ္းေတြရွိတယ္။ အဲဒါေတြကိုပါ ဒီတေခါက္ပို႔တဲ့ဟာကေတာ့ ျပည္သူေတြ လွဴဒါန္းတာျဖစ္တဲ့အတြက္ အခမဲ့ တပတ္စာေပးခိုင္းထားပါတယ္။ ဒီေန႔စေပးေနၿပီခင္ဗ်”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္သည္ ရပ္ကြက္ႏွင့္ေက်းရြာေပါင္း ၄၀ဝ ေက်ာ္ျဖင့္ ဖြဲ႔စည္းထားၿပီး ခ်င္းတိုင္းရင္းသားမ်ားအျပင္ ရခိုင္တိုင္းရင္း သားမ်ားအခ်ိဳ႕ပါ ေနထိုင္ၿပီး လူဦးေရ ၁ သိန္းေက်ာ္ရွိေၾကာင္း သိရသည္။ တပ္မေတာ္ႏွင့္ AA တို႔အၾကား တိုက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕ေပၚတြင္ လာေရာက္ခိုလံႈေနေသာ စစ္ေဘးေရွာင္ျပည္သူ ၃၆၀ဝ ခန္႔ရွိေၾကာင္း သိရသည္။ https://burma.irraw addy.com/news/2020/ 04/30/221771.html

*************

၁၃။     လြယ္ဂ်ယ္နယ္စပ္ဂိတ္မွဝင္လာေသာ တ႐ုတ္ျပည္ေတာ္ျပန္ ၄ ေထာင္ နီးပါးရွိလာ

April 28, 2020

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံတြင္းသို႔ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားအေရအတြက္သည္ ဧၿပီ ၁၆ မွ ၂၇ ေန႔ထိ စုစုေပါင္း ၃၇၉၁ ဦးရွိၿပီျဖစ္ေၾကာင္း ကခ်င္ျပည္နယ္လူဝင္မူႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအင္ဝန္ႀကီး ဦးေဇာ္ဝင္းထံမွ သိရသည္။ လြယ္ဂ်ယ္ႏွင့္ ကန္ပိုင္တီ နယ္စပ္ဂိတ္မ်ားမွ ဝင္ေရာက္လာေသာ အဆိုပါ ျပည္ေတာ္ျပန္မ်ားတြင္ ကခ်င္ျပည္နယ္ ေဒသခံဦးေရ ၂၈၉၇ ဦးျဖစ္ၿပီး ကခ်င္ျပည္နယ္ ျပင္ပဦးေရ ၈၉၄ ဦးျဖစ္ေၾကာင္း ကခ်င္ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားဝန္ႀကီး ဦးေဇာ္ဝင္း ေျပာသည္။

“ကခ်င္ျပည္နယ္ျပင္ပကလူေတြကိုေတာ့ လြယ္ဂ်ယ္မွာဘဲ Q လုပ္ထားတာျဖစ္တယ္။ အဲလိုလုပ္ထားတဲ့ေနရာမွာ ၂ ပိုင္းရွိ တယ္။ လြယ္ဂ်ယ္မွာေတာ့ လြယ္ဂ်ယ္ေဒသခံေတြ ေနာက္ၿပီးေတာ့ ကခ်င္ျပည္နယ္ျပင္ပကလူေတြကို လုပ္ထားတာျဖစ္တယ္။ ဒါေပမယ့္ လြယ္ဂ်ယ္မွာလုပ္ထားတဲ့ Q ေနရာကလည္း အမ်ားဆုံး လူဦးေရ ၅၀၀ ေလာက္ဘဲဆန႔္တယ္။” ဟု ေျပာသည္။

သို႔ေသာ္လည္း စစ္ကိုင္းတိုင္းအစိုးရ၏ဆက္သြယ္လာမွုေၾကာင့္ လူဦးေရ ၂၀၀ ခန႔္ကို ျပည္နယ္ေက်ာ္ကာ ပို႔ေဆာင္လိုက္ၿပီဟု သိရသည္။ လြယ္ဂ်ယ္တြင္ Q ေနရာမေလာက္မည္ကို စိုးရိမ္သျဖင့္ ဗန္းေမာ္ခရိုင္မွ အျခားေနရာတြင္ ျပန္လည္ျပင္ဆင္ေန သည္ဟုလည္း သိရသည္။ ကခ်င္ျပည္နယ္ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ လြယ္ဂ်ယ္ ႏွင့္ ကန္ပိုင္တီဂိတ္မ်ားတြင္ ဧၿပီလ ၁၆ ရက္ ေန႔မွ ဧၿပီလ ၂၇ ရက္ေန႔ထိ လြယ္ဂ်ယ္ဂိတ္မွဝင္ေရာက္လာသူ ကခ်င္ျပည္နယ္ ျပင္ပ စုစုေပါင္း ၈၃၄ ဦး၊ ကခ်င္ျပည္နယ္ ျပည္တြင္း ၂၆၈၅၊ စုစုေပါင္း ၃၅၁၉ ရွိၿပီး၊ ကန္ပိုင္တီဂိတ္မွ ဝင္လာသူ ကခ်င္ျပည္နယ္ျပင္ပ ၆၂ ဦး၊ ကခ်င္ျပည္နယ္ ျပည္တြင္း ၂၁၂ ဦး စုစုေပါင္း၂၇၄ ဦးရွိေၾကာင္း သက္ဆိုင္ရာဌာနမွသိရသည္။

“က်ေနာ္တို႔ Covid-19 ႏွင့္ တိုက္ရိုက္သက္ဆိုင္တဲ့ ကိစၥက်ေတာ့သႀကၤန္ကာလအတြင္း Home Stay လုပ္ဖို႔ဆိုတဲ့ကိစၥမွာ ျပည္ေထာင္စုကေနညႊန္ၾကားလာတဲ့တိုင္း မိသားစုကိုဘယ္ေလာက္ေထာက္ပံ့ပါဆိုၿပီး ေျပာလာတဲ့ခါမွာ ကခ်င္ျပည္နယ္ တစ္ခုလုံးမွာေတာ့ သိန္းေပါင္း ၁ ေသာင္း ၆ ေထာင္ေလာက္ကူညီခဲ့တယ္။ တစ္ဖက္မွာလည္း Covid-19 နဲ႔ပတ္သက္ၿပီးေတာ့ ကုသေရးမွာေကာထိန္းခ်ဳပ္ေရးမွာေကာ ကာကြယ္ေရးမွာေကာ က်ေနာ္တို ႔ျပည္နယ္အတြင္းမွာ ေက်ာက္မ်က္အဖြဲ႕ကလည္း

သိန္း ၂ ေထာင္ လွဴထားတာလည္းရွိပါတယ္။ ေနာက္ထပ္လွဴတဲ့သူေတြလည္း ရွိေတာ့ ျပည္ေထာင္စုက ေနညႊန္ၾကားလာလို႔ ရွိရင္ေတာ့ ဆက္ၿပီးစီမံေဆာင္ရြက္သြားဖို႔ေတြရွိပါတယ္။” ၎ကဆိုသည္။ https://burmese.kachinnews.com/2020/04  /28/%e1%80% 9c%e1%80%bd%e1%80%9a%e1%80%ba%e1%

****************

၁၄။     ေထာက္ပံ့ ရိကၡာရရန္ အိမ္ေထာင္စု ၅,၀၀၀  ေက်ာ္က်န္ခဲ့၍ လူစုလူ ေဝးျဖစ္

April 30, 2020

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ျမဝတီ ၿမိဳ႕အမွတ္ ၅ ရပ္ကြက္တြင္ ႏိုင္ငံေတာ္အစိုးရမွ အေျခခံလူ တန္းစားမ်ားအတြက္ ေထာက္ပ့ံသည့္ ဆန္အပါအဝင္ စားနပ္ရိကၡာ ၅ မ်ိဳးမရရိွသူ အိမ္ေထာင္ ၅,၀၀၀ ေက်ာ္က်န္ရစ္ခ့ဲသျဖင့္ ရပ္ကြက္ အုပ္ခ်ဳပ္ ေရးမွဴးရံုးေရွ႕တြင္ ယမန္ေန႔ (ဧၿပီ ၂၉ ရက္)က လူဦးေရ ၂၀၀ ခန္႔ လူစုလူေဝးျဖင့္ေရာက္ရွိလာၿပီး ရပ္ကြက္တာဝန္ရွိသူထံ လာေရာက္အသိေပးမႈ ျဖစ္ပြားခဲ့သည္ဟု သိရသည္။ Covid -19 အေရးေပၚကာလ သႀကၤန္ပိတ္ရက္အတြင္း ပံုမွန္ဝင္ေငြမရိွသူ အေျခခံလူတန္းစားမ်ားအား ႏိုင္ငံေတာ္မွ ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ၾကက္သြန္ စသည့္ စားနပ္ရိကၡာမ်ားေပးႏိုင္ရန္အတြက္ ရာအိမ္မႉး ၊ ဆယ္အိမ္မႉးမ်ားက ရပ္ကြက္အလိုက္ စာရင္းေကာက္ယူၾကရာ ျမဝတီၿမိဳ႕ အမွတ္ ၅ ရပ္ကြက္အတြင္း အိမ္ေထာင္စု ၇,၂၀၂ စာရင္းေကာက္ယူရရိွခ့ဲေၾကာင္း သိရသည္။

သို႔ေသာ္လည္း ႏိုင္ငံေတာ္အစိုးရ၏ေထာက္ပံ့မႈမ်ား ေရာက္ရိွၿပီး ျဖန္႔ေဝေသာအခါ အိမ္ေထာင္စု ၁,၂၀၀ အတြက္သာပါဝင္ၿပီး က်န္အိမ္ေထာင္စုမ်ားမွာ မရရိွၾကသည့္အတြက္ ရပ္ကြက္ရံုးသို႔ ယခုလုိ လာေရာက္ တင္ျပၾကျခင္းျဖစ္ေၾကာင္း ေထာက္ပံ့မႈ ရိကၡာမရရွိသည့္ အိမ္ေထာင္စုမ်ားက ေျပာသည္။  အမွတ္ ၅ ရပ္ကြက္ ဆင္းေရႊလီလမ္းတြင္ေနထိုင္ၿပီး မုန္႔ဟင္းခါးေရာင္းခ် ေနသူ မျဖဴဝင္းက “အစိုးရက ေပးတာေတာ့ လိုခ်င္တာေပ့ါ။ ေယာက္်ား အလုပ္ရပ္နားထားရ လို႔ဝင္ေငြမရိွခ်ိန္မွာ အေထာက္ အကူျဖစ္တာေပါ့။ ခုေတာ့ မိသားစုေတြအခက္အခဲျဖစ္ေနရပါတယ္”ဟု ေျပာသည္။

ယခုကိစၥႏွင့္ပတ္သက္၍ အမွတ္ ၅ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးဦး ေအာင္ဝင္းက“က်ေနာ္တို႔ ရပ္ကြက္ ရာ အိမ္မွဴးေတြကို ဧၿပီ ၇ ရက္ေန႔က ညတြင္းခ်င္းစာရင္းေကာက္ခိုင္းပါတယ္။ ၈ ရက္ေန႔ မနက္ ၅နာ ရီထိ စာရင္းလက္ခံ၊ အၿပီးသတ္ၿပီးမွ႐ုံး စာေရး ကိုအပ္ကာ အိမ္ျပန္ခ့ဲပါတယ္။ ၈ ရက္ေန႔မနက္ ၁၁ နာရီခြဲ အမီွ ရံုးစာေရးက ဒီစာရင္းေတြကို ၿမိဳ႕နယ္ကိုတင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာပါ။ အခုေတာ့ စာေရး က ၿမိဳ႕နယ္ကို မတင္ထားေတာ့ တကယ့္တကယ္မွာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ခန္႔မွန္း တင္လိုက္တ့ဲ စာရင္း အရသာ ရရိွခ့ဲတာပါ။ က်ေနာ္တို႔ေကာက္ယူထားတ့ဲ စာရင္းေတြက ျပည္ေထာင္စုအဆင့္ကို မေရာက္သြား ဘူး လို႔သိရပါတယ္” ဟု ေျပာသည္။  http://kicnews.org/2020/04/%e1%80%b1%e1%80%91%e1%80%ac%e  1%80%80%e1%80%b9%e1%80

**************

၁၅။     ဝိုင္းေမာ္ ဒိန္ဂ်န္ယန္ရွိ ငွက္ေပ်ာ္ၿခံလုပ္သားမ်ား လုပ္ခလစာႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာသို႔တိုင္ၾကားမည္ဟုဆို

April 29, 2020

ကခ်င္ျပည္နယ္ တ႐ုတ္တစ္သၽွဴးငွက္ေပ်ာၿခံတစ္ခုတြင္ အလုပ္လုပ္ကိုင္ေနၾကသည့္အလုပ္သမားအခ်ိဳ႕ လုပ္ခလစာ ရရွိရန္ သက္ဆိုင္ရာသို႔ တိုင္ၾကားသြားမည္ျဖစ္ေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဒိန္ဂ်န္ယန္အတြင္းရွိ ပါဝါဖိုက္စတားကုမၼဏီတြင္ အလုပ္လုပ္ကိုင္ေနၾကသည့္ အလုပ္သမား အခ်ိဳ႕ တစ္သၽွဴးငွက္ေပ်ာခုတ္ၿပီးသြားေသာ္လည္း ကုမၼဏီမ်ားႏွင့္ လုပ္ခလစာညိွႏိႈင္းရာတြင္ ယေန႔ခ်ိန္ထိ အဆင္မေျပသည့္ တြက္ လုပ္ခလစာရရွိရန္ ဝိုင္းေမာ္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးသို႔ စာတင္မည္ျဖစ္ေၾကာင္း အလုပ္သမားမ်ားအဖြဲ႕မွ ဦးဆန္းေထြး က ေျပာသည္။

“က်င္စားသမားေတြက က်င္နဲ႔လိုခ်င္တယ္ ေလာပန္းေတြကေတာ့ ကီလိုနဲ႔ေပးမယ္ဆိုၾကေတာ့ လုပ္ခလစာညႇိေပးေနတာ ခုခ်ိန္ထိေတာ့အဆင္မေျပဘူး။ ေလာပန္းေတြက ခုဆိုျပန္ေတာ့မယ္ေျပာလို႔ က်ေနာ္တို႔ဒါဆိုရင္မျဖစ္ဘူး ညႇိႏိႈင္း ေဆာင္ရြက္ေပး မွဘဲျဖစ္ေတာ့မယ္လို႔ ညႇိေပးေနတာအဆင္မေျပဘူး။ ေလာပန္းေတြကိုလည္းေျပာထားတယ္ ခင္မ်ားတို႔လုပ္အားခေတြကို ရွင္းေပးၿပီးမွျပန္ၾကပါလို႔ေျပာေတာ့ သူတို႔က က်ေနာ္တို႔လည္း ကိုယ့္လမ္းကိုျပန္ရမွာဘဲ မရွင္ေပးတာမဟုတ္ဘူး။ ရွင္းေပး တာကို သူတို႔လက္မခံမွေတာ့ က်ေနာ္တို႔က ျပန္စရာရွိတာျပန္ရမွာဘဲဆိုၿပီး ျပန္ေျပာလာၾကတယ္။” ဟု ဒိန္ဂ်န္ေက်းရြာအုပ္ခ်ဳပ္ ေရးမွဴး ဦးေနာ္ဆန႔္ ေျပာသည္။

အဆိုပါလုပ္ခလစာညႇိႏိႈင္းေဆာင္ရြက္မူနဲ႔ ပတ္သက္ၿပီး ဒိန္ဂ်န္အုပ္ခ်ဳပ္ေရးဘက္မွ ညႇိႏိႈင္းေဆာင္ရြက္ေပးေနသည္မွာ သုံးႀကိမ္ တိုင္တိုင္ညိွႏိႈင္းေပးၿပီးျဖစ္ေသာ္လည္း ဆက္လက္ ညႇိႏိႈင္းမည့္အႀကိမ္တြင္ အဆင္ေျပမူမရွိပါက အုပ္ခ်ဳပ္ေရးဘက္မွ သက္ဆိုင္ ရာ ဝိုင္းေမာ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔သာ လႊြဲေျပာင္းေပးေတာ့မည္ျဖစ္ေၾကာင္း ဒိန္ဂ်န္အုပ္ခ်ဳပ္ေရးမွဴး ဦးေနာ္ဆန႔္ကေျပာသည္။

ဒိန္ဂ်န္ေက်းရြာတြင္း တ႐ုတ္တစ္သၽွဴးငွက္ေပ်ာစိုက္သည့္ ကုမၼဏီစုစုေပါင္း ၄ ခုရွိၿပီး စိုက္ပ်ိဳးထားသည့္ေျမဧက ၇၀၀၀ ေက်ာ္ ခန႔္ရွိသည္။ https://burmese.kachinnews.com/2020/04/29/%e1%80%9d%e1%80%ad%e1%80%af%e1%80

**************

၁၆။     နာဂ ေခါင္းေဆာင္ေဟာင္းမ်ားက ကိုဗစ္အေရး လိုအပ္လွ်င္ အစိုးရကို ကူညီမည္ဟု ဆို

April 30, 2020

သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ မၾကာေသးခင္က လြတ္ေျမာက္လာသည့္ နာဂ အမ်ိဳးသား ဆိုရွယ္လစ္ ေကာင္စီ-ကပၸလန္ (NSCN-K) အဖြဲ႔မွ ေခါင္းေဆာင္ေဟာင္းမ်ားက COVID-19 ကာကြယ္ ထိန္းခ်ဳပ္ေရးႏွင့္ ပတ္သက္ၿပီး လိုအပ္ပါက အစိုးရကို ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ေျပာသည္။ ျပန္လည္လြတ္ေျမာက္လာေသာ NSCN-K အဖြဲ႔မွ ေခါင္းေဆာင္ေဟာင္း ၅ ဦးအနက္ တဦးျဖစ္သူ ဦးေက်ာ္ဝမ့္စိန္က ေျပာဆိုျခင္း ျဖစ္သည္။ ၎က“အရပ္သားျပည္သူလူထု တေယာက္အေနနဲ႔ ေျပာရ မယ္ဆိုရင္ေတာ့ အစိုးရကေန ဘယ္လိုလမ္းညြန္ေပးလဲ။ အဲ့ဒီအတိုင္းပဲ ကိုဗစ္ ကာကြယ္ေရးအတြက္ လိုက္နာရမွာပဲ။ လိုအပ္ ရင္ေတာ့ ကူညီေပးမွာေပါ့။ ကိုဗစ္ ကာလအတြင္းမွာ အခုအခ်ိန္အထိေတာ့ အခက္အခဲက မရွိေသးပါဘူး။ ဒါေပမယ့္ ေနာက္ ၾကာလာရင္ေတာ့ မေျပာတတ္ဘူး”ဟု ဧရာဝတီသို႔ ေျပာသည္။

အဆိုပါ ၅ ဦးကို မတရားအသင္း အဖြဲ႔ပုဒ္မ ၁၇(၁)ျဖင့္ ခႏီးၱၿမိဳ႕နယ္တရားရံုးက ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၆ ရက္ေန႔က ေထာင္ဒဏ္ ၂ ႏွစ္စီ ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး ဧၿပီလ ၁၇ ရက္တြင္ ျပန္လည္လြတ္ေျမာက္လာျခင္းျဖစ္သည္။ ထို NSCN-K အဖြဲ႔၏ ေခါင္းေဆာင္ ေဟာင္းမ်ားမွာ သာသနာေရး ဝန္ႀကီးေဟာင္း ဦးေက်ာ္ဝမ့္စိန္၊ သစ္ေတာေရးရာဝန္ႀကီးေဟာင္း ဦးအန္႔ကန္၊ ျပည္ထဲေရး ဝန္ႀကီးေဟာင္း ဦးေအာင္မိုင္း၊ NSCN-K အဖြဲ႔ဝင္ ဒုဗိုလ္မွဴးႀကီး ေအာင္စိုင္းႏွင့္ ဦးေစာထိန္ တို႔ျဖစ္သည္။ ျပန္လည္ လြတ္ေျမာက္လာသူမ်ားတြင္ အထက္ပါ ေခါင္းေဆာင္ ၅ ဦးႏွင့္ အတူ ဗိုလ္မွဴး ကြ်ားရန္၊ ဒုဗိုလ္ စိုင္းေအာင္၊ အရာခံ ဗိုလ္ ဝမ္းလတ္၊ တပ္ၾကပ္ ထြန္းျမင့္၊ တပ္ၾကပ္ စိုင္းဝမ္၊ တပ္သား လန္ေကာ္ တို႔လည္း ပါဝင္ေၾကာင္း သိရသည္။

NSCN-K အဖြဲ႔ဝင္ေဟာင္း တဦးျဖစ္ခဲ့သည့္ ဦးေစာထိန္ကလည္း“ဘာမွလုပ္လို႔ မရေတာ့ဘူးေလ။ အဖြဲ႔အစည္းကလည္း ထုတ္ပစ္လိုက္တယ္။ ေထာင္လည္းက်တယ္ ဆိုေတာ့။ က်ေနာ္တို႔က ၿပီးသြားၿပီေလ။ က်ေနာ္တို႔က ၿငိမ္းခ်မ္းေရး သြားခ်င္တာ။ သူတို႔ကမွ မသြားခ်င္တာဆိုေတာ့ အဖြဲ႔ေတြကြဲ။ အဲဒီေတာ့ က်ေနာ္တို႔ကို အဖြဲ႔အစည္းကို ဆန္႔က်င္တယ္ဆိုၿပီး ထုတ္ပစ္ လိုက္တယ္”ဟု ေျပာသည္။ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠ႒ ဦးေကဆိုင္က“Quarntine ၄၄ ေယာက္ရွိတယ္။ အမ်ားအားျဖင့္ကေတာ့ အိႏၵိယ ဘက္က လာတာမ်ားပါတယ္။ ျပည္တြင္းကလည္းရွိပါတယ္။ ေလရွီးနဲ႔ နန္းယြန္းမွာရွိတဲ့ ေက်ာင္းေတြမွာ Quarantine ထားပါတယ္။ လပာယ္မွာေတာ့ ေက်ာင္းေတြလည္း ရွိတယ္။ ေဆးရံုမွာလည္း ရွိတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ https://burma.irrawaddy.com/news/2020/04/30/221775.html

 *************

၁၇။   Covid-19 ပညာေပးပန္းခ်ီေရးဆြဲမွုေၾကာင့္ တရားစြဲခံရသူ ၃ ဦးအာမခံရရွိ

April 30, 2020

သာသနာညႇိးႏြမ္းေစမႈပုဒ္မ ၂၉၅(က)ျဖင့္ တရားစြဲဆိုခံထားရေသာ ျမစ္ႀကီးနားၿမိဳ႕ ဘူတာတိုက္တန္းတြင္ Covid-19 ပညာေပး ပန္ခ်ီေရးဆြဲခဲ့ၾကသည့္ လူငယ္သုံးဦး၏အမႈ ပထမဆုံး႐ုံးခ်ိန္းတြင္ တစ္ဦးလၽွင္ေငြက်ပ္သိန္း (၁၀၀)စီျဖင့္ အာမခံရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါအမူတြင္ ျပည္နယ္သာသနာေရးဦးစီးဌာနမွ ဒုညႊန္ၾကားေရးမွဴး တရားလိုျပဳလုပ္ကာ Covid-19ကာကြယ္ေရး စုေပါင္း ပညာေပးအဖြဲ႕မွ မစီစီလ်ာဂ်ာဆိုင္း၊ ကိုေနာ္ထြန္းေအာင္ႏွင့္ ပန္းခ်ီေရးဆြဲသူ ကိုေဇယ်ာေနာင္တို႔ သုံးဦးအား စြဲဆိုထားျခင္းျဖစ္ သည္။ “ဒီေန႔ကေတာ့ ရာဇဝတ္ဆိုင္ရာက်င့္ထုံးနဲ႔အညီ အာမခံေလၽွာက္တာျဖစ္တယ္။ အမႈကေတာ့ ျပစ္မူဆိုင္ရာဥပေဒပုဒ္မ ၂၉၅(က)နဲ႔ စြဲထားတာျဖစ္တယ္။ ၂၉၅(က)ကေတာ့ အမွု႐ုပ္သိမ္းလို႔မရဘူး။ ေက်ေအးလို႔မရဘူး ႐ုတ္သိမ္းလို႔မရဘူး။ ဒါေပမယ့္ က်မတို႔က ရာဇဝတ္က်င့္ထုံးဥပေဒက်င့္ထုံးဥပေဒ ၄၉၇(၁)အရကေတာ့ အာမခံေလၽွာက္ထားလို႔ရတယ္။ က်မတို႔ အပိုင္း ကလည္း မဂ်ာဆိုင္း ဆိုလို႔ရွိရင္ ငယ္ရြယ္တဲ့အမ်ိဳးသမီးတစ္ဦးျဖစ္တယ္။ မိခင္အို၊ဖခင္အိုကို ျပဳစုေနရတဲ့သူျဖစ္တယ္။ ေဇယ်ာေနာင္လည္း အစာအိမ္ေရာဂါခံစားေနရသူျဖစ္တယ္ ေဆးစာေတြလည္း တင္ျပထားတယ္။ ေနာက္တစ္ခါ ေနာ္ထြန္းေအာင္ကလည္း သူငယ္ငယ္ကတည္းကေန ရင္က်ပ္ေရာဂါရွိတယ္ လက္ရွိလည္း ေဆး႐ုံနဲ႔ကုသေနရတာျဖစ္တယ္။ သူတို႔ဘက္ကလည္း အေထာက္အထားအျပည့္အစုံတင္ေပးတယ္။ တစ္ဖက္ကလည္း က်မတို႔ိကို ဒီအာမခံနဲ႔ပတ္သက္ၿပီး ဥပေဒအရာရွိ ဆုံးျဖတ္ခ်က္ဘဲလို႔ေျပာတယ္။ ဥပေဒအရာရွိဘက္ကလည္း ဒီပုဒ္မက ေသဒဏ္၊ တစ္သက္တစ္ကၽြန္း ခ်မွတ္ လို႔ရတဲ့ ဥပေဒမဟုတ္ဘူး။ သက္ေသအေထာက္ထားခိုင္လုံတဲ့တြက္ အာမခံေပးျခင္းျဖစ္တယ္။” ဟု တရားလႊတ္ေတာ္ေရွ႕ေန ေဒၚဒြဲဘူက ေျပာသည္။

အဆိုပါအမွုသည္ ဧၿပီလ ၃ရက္ေန႔ Covid-19 အႏၲာရယ္ကာကြယ္ေရးတြင္ ပူးေပါင္းပါဝင္ရန္ရည္ရြယ္ခ်က္ျဖင့္ ျမစ္ႀကီးနား ဘူတာတိုက္တန္းတြင္ ပန္းခ်ီေရးဆြဲခဲ့ရာ ပန္းခ်ီတြင္ ေသမင္းတမန္ပုံေရးဆြဲရာတြင္ ေသမင္းတမန္၏ဝတ္႐ုံသည္ ဗုဒၶဘာသာ ရဟန္း၏ သကၤန္းနဲ႔တူညီမွုရွိသည္ဟုေဝဖန္မူမ်ားစြာ ရွိခဲ့ၿပီးေနာက္ ျပည္နယ္သာသနာေရးဦးစီးဌာနမွ ဒုညႊန္ၾကားေရးမွဴး ဦးထြန္းျမင့္မွ တရားလိုျပဳလုပ္ကာ စြဲဆိုခဲ့ျခင္းျဖစ္သည္။ သာသာနာညိဳးႏြမ္းေစမူပုဒ္မ ၂၉၅(က)ျပစ္မႈသည္ ေထာင္ဒဏ္ ၂ ႏွစ္ ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း ဥပေဒတြင္ ေဖာ္ျပထားသည္။ https://burmese.kachinn ews.com/2020/04/30/covid19%e1%80%95 %e1%80%8a%e1%80%ac%e1%80%9

**************

၁၈။     ကပ္တဲလ္ေက်းရြာ ဝင္ထြက္သြားလာမႈ ကန္႔သတ္၍ အနီးဝန္းက်င္ရြာ စားေသာက္ျပတ္လပ္မည့္ အေနအထားျဖစ္

April 28, 2020

Covid – 19 လူနာ စတင္ေတြ႔ရွိရာ တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာကို သြားလာမႈ ကန္႔သတ္ (Lock Down ခ်)လိုက္သျဖင့္ ယင္းရြာမွ စားေသာက္ကုန္ ဝယ္ယူေနရသည့္ ဟီးရန္အြယ္ေက်းရြာအဖို႔ ကုန္ျပတ္လပ္မည့္ အေနအထားျဖစ္ေနေၾကာင္း သိရ သည္။ ကပ္တဲလ္တြင္ ေစတနာ့ဝန္ထမ္းအျဖစ္ ေရာက္ရွိေနသူ ေဒါက္တာ ေဘြလ်န္မာန္က“ဒီရြာေလးက ေလာ့ေဒါင္းခ် ထားတဲ့ ကပ္တဲလ္ကေန ႏွစ္မိုင္သာ သာပဲ  ေဝးပါတယ္။ ရြာကို အဓိကသြားတဲ့လမ္း နွစ္ေျကာင္းရွိပါတယ္။ တစ္ခုက တီးတိန္ ကေန ကပ္တဲလ္ကို ျဖတ္ၿပီးသြားတဲ့ကားလမ္း၊ ေနာက္တစ္ခုက တီးတိန္ကေန လိုင္တြီး (၁၆ မိုင္ခန္႔)၊ ၿပီးေတာ့ လိုင္တြီး ဆိုတဲ့ ရြာႀကီးကေနဆို ၁၂ မိုင္ေလာက္ ထပ္သြားရပါတယ္။ ဆိုလိုတာကေတာ့ ဒီဟီးရန္အြန္ရြာရဲ့ အဓိက ကုန္စည္က ကပ္တဲလ္က ဝယ္ယူရတာပါ” ဟု ဆိုသည္။

ယခုအခါ ဟီးရန္အြယ္ေက်းရြာ စားေသာက္ကုန္ျပတ္လပ္မႈမွာ ႏွစ္ပတ္ေက်ာ္ၾကာရွိၿပီ ျဖစ္ေၾကာင္း ေဒါက္တာေဘြလ်န္မာန္က ေျပာသည္။ “သူတို႔စားေသာက္ကုန္ ျပတ္လပ္တာက အရင္ႏွစ္ပတ္တည္းက၊ဆိုေတာ့ သူတို႔က ကပ္တဲလ္ရြာ အုပ္ခ်ဳပ္ေရးမွဴး ကို ပစၥည္းလာဝယ္မယ္ဆိုၿပီး ဖုန္းဆက္လာတယ္။ သူတို႕က ရြာဆိုင္ေတြနဲ႔ နီးကပ္ၿပီးလာဝယ္မွာဆိုေတာ့ မျဖစ္ဘူး။ ဒီကိုလွဴတဲ့ ပစၥည္းေတြကို ခြဲေပးလိုက္တယ္။ ဒါေပမယ့္ ေလာ့ေဒါင္းၿပီးခါနီးဆိုေတာ့ အပိုထည့္ေပးတာေပါ့။ အခု ေလာ့ေဒါင္း ရက္တိုးလိုက္ ေတာ့ စားေသာက္ကုန္ေတြ ျပတ္ေလာက္ၿပီ” ဟုေျပာသည္။

ဟီးရန္အြယ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးဒိုခန္ေတြာင္က “ကပ္တဲလ္ကို လာဝယ္မယ္ဆိုရင္လည္း ေလာ့ေဒါင္းဆိုေတာ့ အတား အဆီး ေတြရွိတယ္၊ ဘယ္လိုနည္းနဲ႔မွ သြားလို႔မရဘူး၊ အခက္အခဲေတြရွိတယ္။ ၿပီးေတာ့ ေက်းရြာျပည္သူေတြကလည္း အစိုးရ ကို အေၾကာင္းၾကားတဲ့အပိုင္းမွာ အားနည္းတယ္ထင္တယ္၊ တာဝန္ရွိတဲ့လူႀကီးေတြကလည္း ဂရုမစိုက္တာေတာ့ မဟုတ္ေပမဲ့ အေလးမထားဘူးျဖစ္ေနတယ္၊ ဒီခ်ိန္ဆိုေတာင္ေပၚမွာက ေငြေၾကးျပတ္လပ္တဲ့အ ခ်ိန္လည္းျဖစ္တယ္၊ ကြ်န္ေတာ္တို႕ရြာက ကပ္တဲလ္ရြာကို ကုန္စည္ဝယ္ေလ့ရွိတယ္။ ခုက ေငြရွိရင္ေတာင္ ျဖတ္သြားလို႔မရဘူးဆိုေတာ့ အခက္အခဲအမ်ားႀကီး ႀကံဳေန ၾကတယ္” ဟု ေျပာသည္။ https://www.bnionline.net/mm/news-72470

**************

၁၉။     ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာကို Lockdown ေျဖရန္ ျပည္ေထာင္စုသို႔ တင္ျပထားၿပီး Case 1  လူနာ မွာ                                  လည္း ယေန႔ ေဆးရံုမွ ဆင္းမည္

April 30, 2020

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ကပ္တဲလ္ ေက်းရြာကို Lockdown ေျဖရန္ ျပည္ေထာင္စုသို႔ တင္ျပထားၿပီး Case 1  လူနာမွာ လည္း ယေန႔ေဆးရံုမွ ဆင္းမည္ဟု ခ်င္းျပည္နယ္ လူမႈေရးဝန္ႀကီး ေပါင္လြန္မင့္ထန္က ေျပာၾကားသည္။

“ အခုလည္း ရြာမွာ ကန္႔သတ္ၿပီးေနတာပါ။ တစ္ရြာလံုးပိတ္တာက တစ္ပိုင္းပါ။ Poairicw ေတြ႔တဲ့အိမ္က သူ႔အိမ္နဲ႔သူေပါ့။ တစ္ရြာလံုး ေျဖေလွ်ာ့ လိုက္ေတာ့မယ္။ အမ်ိဳးသားေကာ္မတီက အေၾကာင္းျပန္မွပဲ အေျဖရမယ္။ ျပည္ေထာင္စုကို တင္ျပထားတယ္။ Case 1 က ႏွစ္ခါ Negative ဆိုရင္ ထြက္လို႔ ရၿပီေလ။ ထြက္ၿပီးရင္ Home Qaurantine အေနနဲ႔ တစ္ပတ္ေလာက္ေနရင္ေနေပါ့။ သူ ကေတာ့ ၿပီးသြားၿပီ။ သူက Negative က ႏွစ္ ႀကိမ္ရွိသြားပါၿပီ။

“ဟားခါးမွာ ေတြ႔တဲ့တစ္ေယာက္ကလည္း က်န္းမာေရးေကာင္းပါတယ္။ ဟားခါး က တစ္ေယာက္ကိုလည္း အခန္းမွာပဲ ထား လိုက္ပါတယ္။ သူနဲ႔ ေနာက္ဆက္တြဲ ထိေတြ႔ခဲ့တဲ့ ရွစ္ေယာက္ေလာက္ေတာ့ရ ထားတယ္။ အဲဒီ ရွစ္ေယာက္ကို Quarantine  ထားဖို႔လုပ္ထားတယ္။ တီးတိန္ကိစၥနဲ႔ ပတ္သက္ၿပီး ဗဟုသုတရသြာတာေပါ့။ Case 1 က ေျခာက္ႀကိမ္ေျမာက္အထိ ဘာမွ မျဖစ္ဘဲ ဖ်ားလည္းမဖ်ားနာဘဲနဲ႔ Positive ျဖစ္တယ္။ https://news-eleven.com/article/171425

**************

၂၀။     ဒုကၡသည္စခန္း ၁၇၀ ေက်ာ္မွာ ဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ အစိုးရ ျပင္ဆင္

April 28, 2020

တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္အပါအဝင္ ျပည္နယ္ ငါးခုက ဒုကၡသည္စခန္း ၁၇၀ ေက်ာ္မွာ ကိုရိုနာ ဗိုင္းရပ္စ္ အသိ ပညာေပးေရးနဲ႔ ကာကြယ္ေရးလုပ္ငန္းေတြအတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႔က ေငြက်ပ္ ၂ ဒႆမ ၄ ဘီလီယံ သံုးစြဲဖို႔ စီစဉ္ ထားပါတယ္။ ရခိုင္၊ ရွမ္း၊ ကခ်င္၊ ကရင္နဲ႔ ခ်င္း ျပည္နယ္က စစ္ေဘးဒုကၡသည္စခန္းေတြမွာ ကိုရိုနာဗိုင္းရပ္စ္ အသိပညာေပး ေရးနဲ႔ ကာကြယ္ေရးလုပ္ငန္းေတြေဆာင္ရြက္ဖို႔ အစိုးရက ကနဦး က်ပ္ ၂.၄ ဘီလီယံ ခ်ထားေပးတယ္လို႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက RFA ကိုေျပာပါ တယ္။

ဗိုင္းရပ္စ္ပိုးအႏၱရာယ္ ကာကြယ္ဖို႔ လက္မၾကာခဏ ေဆးဖို႔လိုအပ္တာေၾကာင့္ ဒီေငြေတြနဲ႔ ေရအခက္အခဲရွိေနတဲ့ စခန္းေတြမွာ ေရရွိေရးကို အထူး ဦးစားေပး ေဆာင္ရြက္သြားမယ္လို႔ ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး က ေျပာပါတယ္။“စီမံခ်က္ထဲမွာ ေရ က အေရးႀကီးဆံုးပဲ ဒီကိစၥက လက္ေဆးရမွာေလ။ တကိုယ္ေရ သန္႔ရွင္းေရး အေရးႀကီးတယ္။ အဲဒါေၾကာင့္ ေရရရွိေရးကို ဒီစီမံ ခ်က္ထဲမွာအဓိကပါတယ္။ အေကာင္အထည္စေဖာ္ေနၿပီ ေရအတြက္လုပ္ေနပါတယ္။ ေနာက္ၿပီးေတာ့ သတင္းစကား အတြက္လည္း Hand Speaker ေတြနဲ႔ရေအာင္ လိုက္ေအာ္ေနတယ္။”ရခိုင္ျပည္နယ္က ဒုကၡသည္စခန္းေတြမွာဆိုရင္ ေရရွားပါးေနလို႔ လက္မၾကာခဏေဆးဖို႔ ခက္ခဲေနတာေၾကာင့္ ေရာဂါပိုး ကူးစက္ျပန္႔ပြားမွာကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အရပ္ဘက္အဖြဲ႔ ေတြက စိုးရိမ္ေနၾကပါတယ္။

ဒီနည္းလမ္းေတြက အင္တာနက္ ျပန္ဖြင့္ေပးတာေလာက္ ထိေရာက္မွာ မဟုတ္ဘူးလို႔ ပုဏၰားကြ်န္းနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။“စာမ်ားမ်ားရိုက္လို႔ ရတာလည္း မဟုတ္ဘူး။ ဆန္႔ တာလည္း မဟုတ္ဘူး။ အင္တာနက္နဲ႔ ဆိုေတာ့ လူတိုင္းဆီကို ေရာက္တယ္ေလ။ အင္တာနက္က အထိေရာက္ဆံုးပဲ။ အစိုးရ က ကူညီေထာက္ပံ့မႈေတြ မေျပာနဲ႔ အရပ္သား အခ်င္းခ်င္းေတာင္ တခ်ိဳ႕ေနရာေတြသြားလို႔ လာလို႔မရဘူး။”အစိုးရက သံုးစြဲ မယ့္ ၂.၄ ဘီလီယံဟာ အေမရိကန္ေဒၚလာ ၁၇ သိန္းနီးပါး ရွိပါတယ္။ ဒီေငြဟာ ဒုကၡသည္စခန္းေတြကို အသိပညာေပးေရးနဲ႔ ေရ ရရွိေရးအပါအဝင္ ကာကြယ္ေရးလုပ္ငန္း လုပ္ေဆာင္ဖို႔အတြက္ လံုေလာက္တဲ့ ပမာဏ မဟုတ္ဘူးလို႔ ဦးခင္ေမာင္လတ္က ေထာက္ျပပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ တိုက္ပြဲေတြ ၿငိမ္ေနတာေၾကာင့္ ဒုကၡသည္စခန္းေတြ ပိတ္သိမ္းထားလို႔ ခြဲတမ္းရတဲ့ အသံုး စရိတ္နဲ႔ ေဒသခံေတြကို ႏွာေခါင္းစည္းေတြ ေဈးေပါေပါနဲ႔ ေပးတာမ်ိဳးေတြ လုပ္ေဆာင္ဖို႔ တိုက္တြန္းတယ္လို႔ ဇီဝိတ လူမႈကူညီ ေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။ အစိုးရက ခ်ထားေပးတဲ့ ေငြနဲ႔ေဆာင္ရြက္မယ့္ လုပ္ငန္းစဉ္ေတြ ျပည္နယ္အသီးသီးက ဒုကၡသည္စခန္းေတြကို အျမန္ဆံုးေရာက္ရွိႏိုင္ေရးနဲ႔ ထိေရာက္တဲ့ အစီအမံေတြျဖစ္ေရး လိုတယ္လို႔ စစ္ေဘးဒုကၡသည္အေရး ကူညီေဆာင္ရြက္ေပးသူေတြက တိုက္တြန္းၾကပါတယ္။ https://www.rfa.org/burmese/news/ covid-19-donate-refugees-camps-04282020035346.

*************

၂၁။     ထိုင္းျပန္မ်ားကို မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမ ဝင္ခြင့္မျပဳ

April 30, 2020

Covid-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး ေဆာင္ရြက္လ်က္ရွိရာ ထိုင္းျပန္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားကို ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူရွိ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမသို႔ ဝင္ေရာက္ခြင့္မျပဳေၾကာင္း မြန္ျပည္သစ္ပါတီ ဗဟို ဌာနခ်ဳပ္က ဧၿပီလ ၂၅ ရက္ေန႕တြင္ အမိန္႔ထုတ္ျပန္ထားသည္။ မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာဌာနတာဝန္ခံ ႏိုင္ဗညားလယ္က “အစိုးရက က်ေနာ္တို႔ကို အသိေပးလာတယ္၊ ဧၿပီ ၃၀ လကုန္ၿပီးရင္ ေနရပ္ျပန္လာမယ့္ ေရႊ႕ေျပာင္း အလုပ္ သမားေတြကို ျမဝတီလမ္းေၾကာင္းကေနႀကိဳဖို႔ အစိုးရအစီအစဉ္ေတြ ခ်မွတ္ထားၿပီးၿပီ၊ အဲဒါေၾကာင့္ ဘုရားသံုးဆူ လမ္းဘက္ ကေန ျပန္မလာကဖို႔၊ က်ေနာ္တို႔ပါတီကိုလည္း ဝိုင္းဝန္းတားျမစ္ေပးဖို႔ အေၾကာင္းၾကားလာတယ္၊ အကယ္၍ နယ္စပ္ ေနရာ အႏွံ႔ကေန သူ႕ပံုစံနဲ႔သူ ဝင္လာခဲ့ရင္ ကိုဗစ္ေရာဂါကာကြယ္ေရးအတြက္ ထိေရာက္မွာမဟုတ္ဘူး၊ ထိန္းရလည္း ခက္ပါလိမ့္မယ္”ဟု မြန္ျပည္သစ္ Facebook လူမႈကြန္ရက္တြင္ မြန္ဘာသာျဖင့္ ေရးသားေဖာ္ျပခဲ့သည္။

မြန္ျပည္နယ္မွ ထိုင္းႏိုင္ငံသုိ႔ ဆက္သြယ္သြားလာရာတြင္ ခရီးအကြာအေဝး အတိုဆံုးလမ္းျဖစ္သည့္ ဘုရားသံုးဆူနယ္စပ္သည္ တရားမဝင္ လမ္းေၾကာင္းျဖစ္သည့္အားေလ်ာ္စြာ စာရြက္စာတမ္း အေထာက္အထားမဲ့သူမ်ားက ပြဲစားျဖင့္ ဝင္ထြက္သြားရာ လမ္းေၾကာင္းတစ္ခုျဖစ္ေနေၾကာင္း သိရသည္။ “ဒါေၾကာင့္ ျမဝတီလမ္းေၾကာင္းတစ္ခုတည္းကေနပဲ ျပန္လာၾကဖို့၊ ျမဝတီ ေရာက္ရင္ အစိုးရအစီအစဥ္နဲ႔ ႀကိဳေပးမွာျဖစ္ပါတယ္၊ ၿပီးေတာ့ သက္ဆိုင္ရာ ျပည္နယ္တိုင္းေတြမွာရွိတဲ့ Quarantine စခန္း ေတြကို ဆက္လက္ပို႔ေပးမယ္” ဟု ႏိုင္ဗညားလယ္က ဆက္ေျပာသည္။

ဘုရားသံုးဆူနယ္စပ္ဂိတ္မွျပန္လည္ဝင္ေရာက္ပါကလည္း တရားဝင္ျပန္လည္ဝင္ေရာက္ျခင္းျဖစ္ေစေရးအတြက္ ျမဝတီ နယ္စပ္ ဂိတ္မွသာ ဝင္/ထြက္ေစေရး ပူးေပါင္း ကူညီေဆာင္ရြက္သြားရန္ မြန္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးေနထြဋ္ဦးက ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္စား လက္မွတ္ေရးထိုး၍ ဧၿပီလ(၂၁) ရက္စြဲျဖင့္ မြန္ျပည္သစ္ပါတီသို႔ အေၾကာင္းၾကားစာေပးပိုခဲ့သည္။ ျမန္မာႏိုင္ငံသို႔ ျပန္လိုသည့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ထိုင္းႏိုင္ငံဆိုင္ရာ အလုပ္သမားသံအရာရွိရံုး၏ Website ေပၚတြင္  တရားဝင္စာရြက္စာတမ္း အေထာက္အထားမရွိသူမ်ား လည္း စာရင္းေပးသြင္းထားႏိုင္ေျကာင္း သတင္းရရွိသည္။ https://www.bnionline.net/mm/news-72519

*************

၂၂။     ရခိုင္နဲ႔ ခ်င္းမွာ ရာဇဝတ္မႈက်ဴးလြန္တဲ့ စြပ္စြဲခ်က္ေတြ စံုစမ္းဖို႔ ယန္ဟီးလီေတာင္းဆို

                    April 29, 2020

ျမန္မာႏုိင္ငံ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ဆက္ျဖစ္ေနတဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြကို စံုစမ္းစစ္ေဆးဖို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ ယန္ဟီးလီက ေတာင္းဆိုလိုက္ပါတယ္။ တကမၻာလုံး COVID-19 ကပ္ေရာဂါေဘး ရင္ဆုိင္ေျဖရွင္းေနရခ်ိန္မွာ ျမန္မာစစ္တပ္ကေတာ့ ရခုိင္ျပည္နယ္ထဲက အရပ္သား ေတြအေပၚ ပစ္မွတ္ထားတုိက္ခိုက္မႈေတြ တိုးလုပ္လာေနတယ္လို႔ မစၥယန္ဟီးလီက ဧၿပီလ ၂၉ ရက္ေန႔မွာပဲ ေျပာဆုိခဲ့တာပါ။

ျမန္မာ့ လူ႔အခြင့္အေရးအေျခအေနဆုိင္ရာ ကုလသမဂၢ အထူးစံုစမ္းစစ္ေဆးသူအျဖစ္ သူ႔ရဲ႕တာဝန္ ၿပီးဆံုးေတာ့မွာျဖစ္တဲ့ ပါေမာကၡယန္ဟီးလီက ရခုိင့္တပ္မေတာ္ AA အပါအ၀င္ လက္နက္ကိုင္တပ္ဖဲြ႔ေတြအေနနဲ႔ အပစ္အခတ္ရပ္စဲေရး ေတာင္းဆို ခ်က္ကိုလည္း အေလးမထားၾကတဲ့အျပင္ ျမန္မာတပ္မေတာ္ရဲ ႔ လက္ခ်က္ေၾကာင့္ ရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲက ျပည္သူေတြ အႀကီးအက်ယ္ ထိခုိက္ေနရတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။ လူသားခ်င္းစာနာမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာက ေစာင့္ထိန္း ရမယ့္ အေျခခံျပဌာန္းခ်က္ေတြနဲ႔ လူ႔အခြင့္အေရးေတြကို တပ္မေတာ္က စနစ္တက် ခ်ိဳးေဖာက္ေနတဲ့အတြက္ ရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲက အရပ္သားေတြအေပၚ က်ဴးလြန္တဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ တိုးလာေနတယ္လို႔လည္း အထူးကုိယ္စားလွယ္ ယန္ဟီးလီက ေျပာဆိုခဲ့ပါတယ္။

AA အပါအ၀င္ လက္နက္ကိုင္တပ္ဖြဲ႔အားလုံး အရပ္သားေတြကို ကာကြယ္ေပးဖို႔လည္း သူက တုိက္တြန္းသြားပါတယ္။ ပဋိပကၡ အဆုံးသတ္ေရးအတြက္ တာ၀န္ခံမႈ တာ၀န္ယူမႈရွိဖိ႔ု အလြန္အေရးႀကီးတယ္လို႔လည္းေျပာပါတယ္။ တာ၀န္ခံမႈ၊ တာ၀န္ယူမႈွ မရွိတဲ့ ျမန္မာတပ္မေတာ္အေနနဲ႔ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ရေနတဲ့အတြက္ေၾကာင့္လည္း ျမန္မာအရပ္သားေတြအေနနဲ႔ တပ္မေတာ္ရဲ ႔ ရည္ရြယ္ခ်က္နဲ႔ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြကို ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ရင္ဆုိင္ခံစားေနရတယ္လိုလည္း ပါေမာကၡ ယန္ဟီးလီရဲ ႔ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။  ကုလသမဂၢအဖြဲ႔အစည္းေတြအေနနဲ႔ ရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲက အရပ္သားေတြကို အကာအကြယ္တိုးေပးဖို႔လည္း မစၥယန္ဟီးလီက တုိက္တြန္းေတာင္းဆိုထားပါတယ္။ https://burmese .voanews.com/a/myanmar-un/5397045.html

*************

၂၃။     မင္းျပားတိုက္ပြဲတြင္ တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းတိုက္ခိုက္

                   April 29, 2020

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)တို႔ ဧၿပီ ၂၈ ရက္ေန႔မွာ တိုက္ပြဲျပင္းထန္ျဖစ္ပြား ၿပီးေနာက္ တပ္မေတာ္က တိုက္ေလယာဥ္နဲ႔ေရာ ေရတပ္သေဘၤာနဲ႔ပါ ပူးေပါင္းတိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္က ေျပာပါတယ္။ မင္းျပားျပားၿမိဳ႕နယ္ ေတာင္ပုတ္ေကေက်းရြာအနား ဖံုသာေခ်ာင္းမွာ ဧၿပီ ၂၈ ရက္ ေန႔လယ္ ပိုင္းက တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ဒီေနာက္ပိုင္းမွာ တပ္မေတာ္က င/စိုင္းရိုင္းေတာင္တန္း တေလွ်ာက္ တိုက္ေလယာဥ္ ၂ စီးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့သလို ေရတပ္ကလည္း မင္းျပားၿမိဳ႕ က်ိန္းေတာင္တန္းကေန အေျမာက္နဲ႔ ပစ္ခတ္ခဲ့တယ္လို႔ အမ္းသားရြာက ကိုအမ္းသားႀကီးက ေျပာပါတယ္။

“တိုက္ပြဲျဖစ္တာက ဖံုသာေခ်ာင္းထဲက ေတာင္ပုတ္ေကေက်းရြာအနားမွာျဖစ္တာ။ မေန႔က ေန႔လယ္ ၂ နာရီ ေလာက္မွာျဖစ္ တယ္။ တိုက္ပြဲျဖစ္လို႔အျပီးမွာ ဖိုက္တာဂ်က္ေတြနဲ႔ ဟတ္စကီးေတြနဲ႔ပစ္တယ္။ ၿပီးေတာ့ ရာေမာင္တံတား အနားက ေရတပ္ကေနၿပီးေတာ့လည္း ပစ္ခတ္တယ္။ မင္းျပား က်ိန္းေတာင္တန္းကေနၿပီးေတာ့ အေျမာက္ႀကီးေတြနဲ႔ ဆက္တိုက္ပစ္ခတ္မႈေတြ လုပ္တယ္။ အဲဒီမွာ မေန႔က ကားသမား တေယာက္ လက္နက္က်ည္က်လို႔ ဒဏ္ရာရတယ္” လို႔ေျပာပါတယ္။

ဒါ့အျပင္ ဧၿပီ ၂၁ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားနားမွာ ပစ္ခတ္မႈျဖစ္လို႔ CPS ပိုးသတ္ေဆးကုမၸဏီက ေဆး ပစၥည္းေတြ သယ္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္တစီး ပစ္ခတ္ခံရၿပီး ယာဉ္ေမာင္းတဦး ေသဆံုးခဲ့ကာ တဦးကေတာ့ စစ္ေတြ ေဆးရံုမွာ ေသဆံုးသြားခဲ့ပါတယ္။ http://burmese.dvb.no/archives/385109

**************

၂၄။     ကရင္ျပည္နယ္အတြင္း တရုတ္ကုမၸဏီေတြ ၿမိဳ႕သစ္ ၃ ၿမိဳ႕ တည္ေဆာက္ေန

                      April 30, 2020

ေနာက္္ေၾကွင္ရွင္းတဲ့ တရုတ္ကုမၸဏီေတြက ကရင္ျပည္နယ္အတြင္း ေရႊကုကၠိဳၿမိဳ႕သစ္အျပင္ ေနာက္ထပ္ အလားတူ ၿမိဳ႕သစ္ ၂ ခုကို တည္ေဆာက္ေနတဲ့အတြက္ စိုးရိမ္စရာျဖစ္တယ္ဆိုတဲ့ စမ္းစစ္ခ်က္ စာတမ္းတေစာင္ကို USIP လို႔ေခၚတဲ့ အေမရိကန္ ၿငိမ္းခ်မ္းေရး အင္စတီက်ဴက ဧၿပီလ ၂၀ ရက္ေန႔က ထုတ္ျပန္ပါတယ္။ မၾကာေသးခင္ ကာလအထိ ျမန္မာႏိုင္ငံ အစိုးရနဲ႔ ကရင္အမ်ိဳးသားလက္နက္ကိုင္ အင္အားစုတို႔အၾကား တိုက္ပြဲ ျပင္းထန္တဲ့ ထိုင္းျမန္မာနယ္စပ္ ေသာင္းရင္းျမစ္  တေလွ်ာက္မွာ အခုအခါ ဟိုတယ္ေတြ၊ ကာစီႏို ေလာင္းကစားေတြ၊ ကြန္ဒိုတိုက္ခန္းေတြ အျပိဳင္အဆိုင္ေပၚထြက္လာေနပါ တယ္။ ဒီေနရာေတြဟာ ရာဇ၀တ္ေနာက္ေက်ာင္းမကင္းတဲ့ တရုတ္ကုမၸဏီေတြက အဓိက ပါ၀င္လုပ္ေဆာင္ေနတဲ့ လုပ္ငန္း ေတြျဖစ္ၿပီး နယ္ျခားေစာင့္ တပ္ဖြဲ႔အျဖစ္ ျမန္မာစစ္တပ္ရဲ႕ လက္ေအာက္ခံျဖစ္ေနတဲ့ ယခင္ DKBA နဲ႔လည္း ညိွႏိႈင္းေဆာင္ရြက္ ေနတာလို႔လည္း ဆိုပါတယ္။

စိုးရိမ္စရာေကာင္းတာက ဒီၿမိဳ႕သစ္ တည္ေဆာက္ေနတဲ့ တရုတ္လူမ်ိဳးေတြဟာ ဥပေဒနဲ႔ မကိုက္ညီတဲ့ လုပ္ငန္းေတြနဲ႔ ပတ္သက္ေနတဲ့ လူဆိုးဂိုဏ္းေတြ ျဖစ္ေနၿပီး အဲဒီအထဲက အႀကီးအကဲ တဦးရဲ႕ ေနာက္ေက်ာင္းကိုေတာ့ စာတမ္းပါ၀င္ ေရးသားသူ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ အႀကီးတန္း သံတမန္ေဟာင္း တဦးျဖစ္တဲ့ Priscilla Clapp က VOA ကို အခုလို ရွင္းျပပါတယ္။ “ကေမာၻဒီးယားႏိုင္ငံမွာ သီဟာႏုၿမိဳ႕သစ္ေထာင္တုန္းက သူေခါင္းေဆာင္ၿပီး ရာဇဝတ္မႈမ်ိဳးစုံ က်ဴးလြန္ခဲ့ဖူးပါ တယ္။ ေနာက္ဆုံး ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က တ႐ုတ္ရဲတပ္ဖြဲ႕အကူအညီနဲ႔ ႏွိမ္နင္း ခဲ့ရတဲ့အထိပါဘဲ။ တ႐ုတ္ရာဇဝတ္ဂိုဏ္းေတြ လက္ခ်က္နဲ႔ ကေမာၻဒီးယားရဲေတြ လမ္းမေတြေပၚမွာ ေသဆုံးခဲ့ရတဲ့ပုံေတြ အင္တာနက္ မွာေတြ႕ႏိုင္ပါတယ္။ ကေမာၻဒီးယား ကေန တပ္ေခါက္ေျပးလာတဲ့ တ႐ုတ္ေတြက အခု ကရင္ျပည္နယ္မွာ ၿမိဳ႕သစ္ေထာင္ေနၾကတာေပါ့။” ဒီအထဲက ၿမိဳ႕သစ္တခု ဟာဆိုရင္ ျမ၀တီၿမိဳ႕နယ္က KNU ထိန္းခ်ဳပ္တဲ့ နယ္ေျမထဲမွာ ရွိေပမယ့္ KNU က ဘာေၾကာင့္ ဒါကို မဟန္႔တားရသလဲဆိုတာ ဟာ ေ၀စုရေနလို႔လား စတဲ့ ေမးခြန္းေတြအမ်ားႀကီး ေမးစရာရွိေနသလို တရုတ္စီးပြားေရး သမားေတြေနာက္ေၾကာင္းကို KNU မသိလို႔လည္း ျဖစ္ႏိုင္တယ္လို႔ ေရးထားပါတယ္။

“ ဒီစီမံကိန္းေတြဟာ ႏိုင္ငံတည္ၿငိမ္ေရးအတြက္ အက်ိဳးမရွိသလို ဒီမိုကေရစီေရးအတြက္လည္း အသုံးမက်ပါဘူး။ လက္နက္နဲ႔ ဗုိလ္က်စိုးမိုးတဲ့ အာဏာရွင္စနစ္ကို အားျဖည့္ေပးေနတဲ့ သေဘာပါဘဲ။ အေမရိကန္အေနနဲ႔လည္း ဒီကိစၥကို သူ႔အက်ိဳးစီးပြားလို႔ သေဘာထားစရာ အေၾကာင္းမရွိပါဘူး။ ေနာက္တခ်က္က ျမန္မာျပည္ထဲမွာ တ႐ုတ္ရာဇဝတ္ဂိုဏ္းေတြ အေျခစိုက္ၿပီး လႈပ္ရွား မွာကို အေမရိကန္က စိုးရိမ္ေနတာပါ။ အဲဒီလို တ႐ုတ္ရာဇဝတ္ဂိုဏ္း လႈပ္ရွားမႈေတြက အေမရိကန္ျပည္ေထာင္စု မွာလည္း ရွိေနလို႔ျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ က်ဴးလြန္တဲ့ ရာဇဝတ္မႈ ေတာ္ေတာ္မ်ားမ်ားဟာ သူတို႔လက္ခ်က္ပါ။” တရုတ္တို႔က ဒီ ၿမိဳ႕သစ္ေတြဟာ တရုတ္ျပည္ရဲ႕ ခါးပတ္လမ္း စီမံကိန္းနဲ႔ ဆက္စပ္ေနတယ္လို ႔ေျပာထားၿပီး ဒီလုပ္ရပ္ဟာ ျမန္မာႏိုင္ငံတြင္းနဲ႔ ႏိုင္ငံတကာမွာပါ တရုတ္အစိုးရရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစမွာျဖစ္ပါတယ္။

တရုတ္တို႔ရဲ႕ BRI ခါးပတ္လမ္း စီမံကိန္းအေပၚ ရာဇ၀တ္မႈအရိပ္ ထင္ဟပ္လာႏိုင္ၿပီး ျမန္မာႏိုင္ငံက ဒီစီမံကိန္းေတြကို အခု မဟန္႔တားႏိုင္ဘူးဆိုရင္ေတာ့ တရုတ္အစိုးရသည္ ျမန္မာႏိုင္ငံမွာ အေနာက္ႏိုင္ငံေတြ ရင္းႏွီးျမႇဳပ္ႏွံမႈ မလုပ္ႏိုင္တဲ့ အေျခအေန မ်ိဳးျဖစ္ေအာင္ တမင္ဖန္တီးေနတယ္လို႔ ယူဆစရာျဖစ္ေနေၾကာင္း အစီရင္ခံစာမွာ ေရးသားထားပါတယ္။ https://burmese. voanews.com/a/chinese-building-up-new-town-in-karen/5398492.html

*****************

၂၅။     Covid-19 ကာကြယ္ေရးအတြက္ အေရးယူမႈ ဟားခါးတြင္ စတင္

                     April 28, 202၀

ခ်င္းျပည္နယ္၏ ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕တြင္ ကမၻာ့ကပ္ေရာဂါ Covid-19 ကာကြယ္ေရးအစီအစဉ္အျဖစ္  ႏွာေခါင္းစည္း (Mask)  မတပ္ဘဲ အျပင္ထြက္သူမ်ားကို ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္မႈ ဧၿပီ (၂၇) ရက္တြင္ စတင္လိုက္ၿပီဟုသိရသည္။

ခ်င္းျပည္နယ္ Covid-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန္႔ျပန္ေရးေကာ္မတီ၏ ႀကီးၾကပ္မႈျဖင့္  ၿမိဳ႕တြင္းေနရာ(၆)ခုတြင္ အဖြဲ႔ခြဲ၍ ေစာင့္ၾကည့္စစ္ေဆးခဲ့ၾကသည္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ျပည္နယ္အစိုးရ အမိန္႔ထုတ္ျပန္ခ်က္အတိုင္း အိမ္ျပင္သို႔ မလိုအပ္ဘဲ မထြက္ၾကရန္၊ မျဖစ္မေနထြက္မည္ဆိုပါက ႏွာေခါင္းစည္း (Mask) တပ္ရန္ အသိေပးထားသည္။ မလိုက္နာသူမ်ားကို ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဥပေဒျဖင့္ အေရးယူသြားမည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔ လမ္းပန္းဆက္ သြယ္ေရးဝန္ႀကီး ဦးေရႊထီးအိုကေျပာသည္။

ဟားခါးလူငယ္အဖြဲ႔ေခါင္းေဆာင္ ဆလိုင္းဗန္က်င္းထန္က “သူတို႕ ႀကိဳတင္လည္းလုပ္တာဆိုေတာ့ေလ၊ အခုအစိုးရဖက္က ထုတ္ျပန္ခ်က္ထုတ္တာကလည္း ႀကိဳၿပီးေတာ့ (၂) ရက္ကို အသိပညာေပးမႈေတြလုပ္ၿပီးမွ အေရးယူရမယ့္အပိုင္းမ်ိဳးနဲ႔ ေဆာင္ ရြက္တဲ့အခါက်ေတာ့ ျပည္သူအတြက္က အဲေလာက္ထိ အခက္အခဲမျဖစ္ေလာက္ပါဘူးလို႔။ ေကာင္းပါတယ္’’ဟုေျပာသည္။ မည္သူမဆို က်န္းမာေရးဝန္ႀကီးဌာန၏ ညြန္ၾကားခ်က္မ်ား လိုက္နာရန္ပ်က္ကြက္ေၾကာင္း ျပစ္မႈထင္ရွားပါက ၁၉၉၅ ခုႏွစ္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရး ဥပေဒအရအေရးယူခံရမည္ျဖစ္ၿပီး ေထာင္ဒဏ္ (၆)လ ျဖစ္ေစ၊ ဒဏ္ေငြ (၅၀ဝ၀ဝ) ထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏိုင္သည္ဟုသိရသည္။ https://www.bnionline.net/mm/news-72473

**************

၂၆။     ၫႊန္ၾကားခ်က္မ်ား လိုက္နာမႈရွိမရွိ စိစစ္ေနစဥ္ ျမဝတီၿမိဳ႕ရွိ စက္ရံုအလုပ္ရံုမ်ား လုပ္ငန္းလည္ပတ္မႈ ယာယီ ရပ္ဆိုင္းထား

                    April 29, 2020

ထိုင္း-ျမန္မာ နယ္စပ္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ အေသးစား၊ အလတ္စားစက္ရံုအလုပ္ရံုမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအား လိုက္နာမႈရွိမရွိ စိစစ္ေဆာင္ရြက္ေနစဥ္ကာလအတြင္း လုပ္ငန္းလည္ပတ္မႈ ယာယီရပ္ဆိုင္းထားရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္ရံုအလုပ္ရံုမ်ားတြင္ Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးကာလ က်န္းမာေရးဝန္ႀကီးဌာန၏ ၫႊန္ၾကား ခ်က္မ်ား အတိုင္း လိုက္နာမႈရွိေစရန္ ျမဝတီၿမိဳ႕နယ္ က်န္မာေရးဦးစီးဌာနႏွင့္ ၿမိဳ႕နယ္အလုပ္သမားၫႊန္ၾကားေရး ဦးစီးဌာနတို႔မွ ပူးေပါင္း ၍ လိုက္လံစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိရာ ထိုသို႔ စစ္ေဆးေနစဥ္ကာလအတြင္း ဧၿပီလ ၃၀ ရက္ေန႔ထိ အဆိုပါ စက္ရံုအလုပ္ရံု မ်ားအား ယာယီပိတ္ထားခိုင္းသည္ဟု ျမဝတီၿမိဳ႕နယ္အလုပ္သမားၫႊန္ ၾကားေရးဦးစီးဌာန ဦးစီးအရာရွိ ဦးႏိုင္ဝင္းထြန္း က ေျပာသည္။

ယခုလိုစစ္ေဆးရာတြင္ အပူခ်ိန္တိုင္းကိရိယာမ်ားျဖင့္ တိုင္းတာ၍ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ျခင္း၊ လက္ ေဆးျခင္း ၊ Mask မ်ားတပ္ဆင္ျခင္း၊ အလုပ္သမားမ်ား၏ အမည္စာရင္းႏွင့္ ေနရပ္လိပ္စာကို မွတ္တမ္း ထားရွိ ျခင္း၊ က်န္းမာေရးဝန္ႀကီး ဌာနမွ ထုတ္ျပန္ထားသည့္ Covid-19 အသိပညာေပး ဗီႏိုင္းပိုစတာမ်ားကို လုပ္ငန္းခြင္ ႏွင့္ အမ်ားျမင္သာသည့္ေနရာတြင္ ထားရွိျခင္းအစရွိသည့္ စည္းကမ္းခ်က္မ်ားကို လိုက္နာေဆာင္ရြက္ ထားမႈရွိမရွိ စစ္ေဆးထားမႈအျပင္ အလုပ္သမားမ်ား ဖ်ားနာ ပါက ျပင္ပေဆးခန္းမ်ားတြင္ မျပဘဲေဆးရံုသို႔တက္ ေရာက္၍ ေဆးဝါးကုသမႈခံယူရန္ႏွင့္ လိုအပ္သည္မ်ားကိုမွာၾကားခဲ့သည္ ဟုလည္း ဦးႏိုင္ဝင္းထြန္း က ဆက္ေျပာသည္။

၎အျပင္ ထိုင္းႏုိင္ငံဘက္ျခမ္းကုမၸဏီမွအထည္ေအာ္ဒါကိုယူၿပီး ခ်ဳပ္ေနရသည့္အတြက္ ယခုလို စက္ရံု ပိတ္ထားရ၍ သတ္မွတ္ရက္အတြင္း အထည္မ်ားမအပ္ႏိုင္ရင္ တဖက္က ယံုၾကည္မႈမရွိေတာ့ဘဲ လုပ္ငန္းအတြက္ ထိခိုက္လာမည္ကို စိုးရိမ္မႈ ရွိေနေၾကာင္းလည္း အထည္ခ်ဳပ္စက္႐ုံ လုပ္ငန္းရွင္ မႏွင္းသီတာက ျဖည့္စြက္ေျပာသည္။ ထုိင္း-ျမန္မာနယ္စပ္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေသာ ျမဝတီၿမိဳ႕တြင္ လုပ္ငန္းလိုင္စင္တင္၍ လုပ္ကိုင္ေဆာင္ရြက္ေနေသာ အေသးစား၊ အလတ္စား စက္ရံုအလုပ္ရံု ၁၀၀ ေက်ာ္ရွိသည္ဟု သိရသည္။ http://kicnews.org/2020/04/%e1%81%ab%e1%82%8a%e1%80%94%e1%80%b  9%e1%81%be%e1%80

*************

၂၇။     ပလက္ဝမွ စစ္ေဘးေရွာင္မ်ား ေက်ာက္ေတာ္ ဘက္သို႔ ေျပးရ

                     April 29, 2020

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ ရကၡိဳင္ စစ္တပ္ (AA) တို႔ တိုက္ပြဲေၾကာင့္ ထြက္ေျပးလာေသာ စစ္ေဘးေရွာင္ ဒုကၡသည္မ်ား ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ရွိ အစိုးရ အသိအမွတ္ျပဳ ဒုကၡသည္စခန္းသို႔ လာေရာက္လ်က္ရွိေၾကာင္း အဆိုပါ ဒုကၡသည္မ်ားထံမွ သိရသည္။ ပလက္ဝၿမိဳ႕နယ္ မြန္ေထာင္းရြာဘက္မွ အမ်ားစုျဖစ္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္ရြာရွိ ဒုကၡသည္ စခန္းသို႔ ေရာက္ရွိ လာသည့္လူဦးေရ ၁၂ဝ ေက်ာ္ရွိေနကာ လက္ရွိအခ်ိန္အထိ လူဦးေရ ရာႏွင့္ခ်ီ ဆက္လက္လာေရာက္ေနေၾကာင္း၊ ေလယာဥ္မ်ားျဖင့္ ေနအိမ္မ်ားကို ပစ္ခတ္မႈမ်ား ျပဳလုပ္ေန၍ ယခုကဲ့သို႕ တိမ္းေရွာင္ ထြက္ေျပးလာရျခင္း ျဖစ္ေၾကာင္း စစ္ေဘးေရွာင္ ဒုကၡသည္ျဖစ္သူ ပလက္ဝၿမိဳ႕နယ္ စိမ္းစမ္းရြာမွ ဦးေဇာ္ေဇာ္က ေျပာသည္။ ဦးေဇာ္ေဇာ္က“က်ေနာ္တို႔ရြာမွာေတာ့ အိမ္ေတြကို ေလယာဥ္ေတြနဲ႔ ပစ္ေနတာ။ အိမ္ေတာ္ေတာ္မ်ားမ်ားက မီးေလာင္ကုန္ၿပီ။ ရွိတဲ့ အိမ္ေတြေပၚလည္း တပ္မေတာ္သားေတြက တက္ေနေတာ့ က်ေနာ္တို႔ ဘယ္လိုမွ မေနႏိုင္ေတာ့ဘူး။ ပထမ ဗံုးက်ဲတုန္း က အိမ္က ၉ လံုး။ ေနာက္ထပ္လည္း စစ္ျဖစ္ေနေတာ့ က်ေနာ္တို႔ ေျပးလာတာ”ဟု ေျပာျပသည္။

ထို႔ျပင္ ပလက္ဝၿမိဳ႕နယ္ မြန္ေထာင္းရြာ၊ စိမ္းစမ္းရြာအနီးဝန္းက်င္ရွိ ေက်းရြာမ်ားမွ စစ္ေဘးေရွာင္ ဒုကၡသည္ ၄ဝဝ ေက်ာ္ လည္း လမ္းတြင္ပင္ ရွိေနေသးေၾကာင္း စစ္ေဘးေရွာင္ ဒုကၡသည္မ်ားက ေျပာသည္။ ထိုသို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝရြာရွိ ဒုကၡသည္မ်ားခိုလံႈရာ စခန္းမ်ားကို မည္သည့္ အတြက္ေၾကာင့္ ျပည္နယ္အစိုးရအေနျဖင့္ ဒုကၡသည္စခန္းအျဖစ္ အသိအမွတ္ မျပဳရျခင္း အေၾကာင္းရင္းကို ရခိုင္ျပည္နယ္ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီး ဗိုလ္မွဴးႀကီး မင္းသိုက္ထံသို႔ အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ျပန္လည္ ေျဖျကားျခင္း မရွိေပ။

ထို႔ျပင္ တပ္မေတာ္ သတင္းမွန္ျပန္ျကားေရးအဖြဲ႔မွ တာဝန္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ထံသို႕လည္း ရခိုင္ျပည္နယ္ရွိ စစ္ေဘးေရွာင္ ဒုကၡသည္စခန္းမ်ားကို အသိအမွတ္မျပဳရျခင္းႏွင့္ ပတ္သက္ၿပီး ၂ ရက္ဆက္၍ ဖုန္းျဖင့္ ဆက္သြယ္ ေမးျမန္း ေသာ္လည္း လက္ခံေျဖၾကားျခင္း မရွိေပ။ ထိုကဲ့သို႔ အစိုးရအဖြဲ႔မွ တရားဝင္ အသိအမွတ္ျပဳထားျခင္းမရွိသည့္ ဒုကၡသည္စခန္း မ်ားရွိေနသည့္အတြက္ စစ္ေဘးေရွာင္မ်ားကို အစိုးရ၏အေထာက္အပံ့မ်ား၊ လူမႈေရးအဖြဲ႔၏ အကူအညီမ်ားႏွင့္ ျပည္တြင္းျပည္ပ NGO အဖြဲ႔အစည္းမ်ား၏ အကူအညီမ်ားေပးရန္ အခက္အခဲရွိေၾကာင္း ရခိုင္ျပည္နယ္ရွိ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ေျပာ သည္။

၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ႏွစ္ဆန္းပိုင္းမွစတင္ၿပီး ယခုလအထိ ရခိုင္ျပည္နယ္အတြင္း အနယ္နယ္ အရပ္ရပ္မွ စစ္ေဘးေရွာင္ လာ ေသာ ဒုကၡသည္မ်ား ၁ သိန္း ၇ ေသာင္းေက်ာ္အထိ ေရာက္ရွိလာေနၿပီျဖစ္ၿပီး ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအတြင္း ဒုကၡသည္ စခန္းေပါင္း ၁၄ဝ ေက်ာ္အထိရွိေနသည္ဟု ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုအစည္းအရံုး (Rakhine Ethnic Congress ) ၏ စာရင္းမ်ားအရ သိရသည္။ တပ္မေတာ္ႏွင့္ AA တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕ေပၚတြင္ လာေရာက္ ခိုလံႈေနသည့္ စစ္ေဘးေရွာင္ ဒုကၡသည္ စုစုေပါင္း ၃ ေသာင္း ၆ ေထာင္ေက်ာ္ ရွိေနသည္။ https://burma.irrawaddy.com/news/2020 /04/29/221696.html

**************

၂၈။          မိုးညွင္းက က်န္းမာေရးဝန္ထမ္းႏွင့္ ေစတနာ့ဝန္ထမ္း ၁၈ ဦးတြင္ COVID-19 ေရာဂါပိုးမေတြ႔

                    April 30, 2020

COVID-19 အတည္ျပဳလူနာ နံပတ္ ၁၄၄ နဲ႔ ထိေတြ႔ခဲ့တဲ့ ကခ်င္ျပည္နယ္  မိုးညွင္းေဆးရံုက က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြ စုစုေပါင္း ၁၈ ဦးစလံုးမွာ COVID-19 ေရာဂါပိုး မေတြ႔ရွိရဘူးလို႔ မိုးညွင္းေဆးရံုမွ ဆရာဝန္တဦးက ေျပာ ပါတယ္။ မိုးညွင္းၿမိဳ႕ quaratine စင္တာမွတဆင့္ မိုးညွင္းခရိုင္ေဆးရံုႀကီး ၾကပ္မတ္ေဆာင္သို႔ ေျပာင္းေရႊ႕ကုသခဲ့တဲ့ လူနာ အမွတ္ ၁၄၄ နဲ႔ ထိေတြ႔ခဲ့သူေတြကို ဧၿပီ ၂၇ ရက္က ႏွာေခါင္း အာေခါင္တို႔ဖတ္ ေပးပို႔စစ္ေဆးထားတာျဖစ္ပါတယ္။

မိုးညွင္းေဆးရံုမွ ဆရာဝန္ ေဒါက္တာျဖဴေလးေဝက “၁၈ ဦးစလံုး ပိုးမေတြ႔ အေျဖရပါတယ္။ ဒုတိယအႀကိမ္ ေမလ ၄ ရက္ေန႔ ျပန္စစ္ေဆးဖို႔ တို႔ဖတ္ျပန္ယူမွာပါ။ ဒုတိယအႀကိမ္စစ္ေဆးလို႔ ပိုးမေတြ႔ Negative အေျဖထြက္လာရင္ ၂၁ ရက္ quarantine ေစာင့္ၾကည့္ခံရတဲ့ ေနအိမ္ ၃၈ လံုးနဲ႔ မိသားစုေတြ ထြက္လို႔ရပါၿပီ”လို႔ ေျပာပါတယ္။ COVID-19 လူနာ ၁၄၄ ကေတာ့  “က်ေနာ္နဲ႔ထိေတြ႔ခဲ့သူ ရန္ကုန္ခ်န္းရိစက္ရံုကေရာ မိုးညွင္းကေတြေရာ အားလံုးပိုးမေတြ႔လို႔ ဝမ္းသာပါတယ္။ က်ေနာ္ ျမစ္ႀကီးနား ေဆးရံုမွာပဲ က်န္းမာေရးအေျခအေန တျဖည္းျဖည္း ေကာင္းလာပါၿပီ”လို႔ ဖုန္းနဲ႔ေျဖၾကားပါတယ္။ http://burme se.dvb.no/archives/385294

*************

၂၉။     မူဆယ္ၿမိဳ႕တြင္ တရုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံအတြင္း ျပန္လည္ဝင္ေရာက္လာသူ ျမန္မာလုပ္သား ေန႔စဉ္ ၁၀ဝ ေက်ာ္ရွိ

                      April 29, 2020

မူဆယ္ၿမိဳ႕တြင္ တရုတ္နိုင္ငံမွ ျမန္မာႏိုင္ငံအတြင္း ျပန္လည္ဝင္ေရာက္လာသူ ျမန္မာလုပ္သား ေန႕စဥ္ ၁၀ဝ ေက်ာ္ရွိေၾကာင္း သိရွိရသည္။ “ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ကလည္း လမ္းညႊန္ထားတာဆိုေတာ့ ဒီအဖြဲ႕ေတြ စာရင္းရတာနဲ႔ ထိန္းခ်ဳပ္ဗဟိုကို ပို႔ မယ္။ ၿပီးေတာ့ ရွမ္းေျမာက္အဆံုး ဧရိယာျဖစ္တဲ့ ေနာင္ခ်ိဳၿမိဳ႕နယ္ ဘန္႕ေဘြးမွာရွိတဲ့ ေျချမစ္ပင္ မႏၱေလးတိုင္း ေဒသႀကီးအစပ္ ျပင္ဦးလြင္ ဝက္ဝံၾကားမွာ Lockdown လုပ္ထားတဲ့ အေနအထားမွာ တရုတ္ႏိုင္ငံက ျပန္လာတဲ့ ႏိုင္ငံသားေတြကို သက္ဆိုင္ ရာေနရာသြားႏိုင္ေအာင္ ကြ်န္ေတာ္တို႔စီမံ ေဆာင္ရြက္ေနပါတယ္”ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း ဒုတိယျပည္နယ္ အုပ္ခ်ဳပ္ေရး မွဴး ဦးေက်ာ္သူေဇာ္က ေျပာၾကားသည္။

အဆိုပါ တရုတ္ႏိုင္ငံမွ ျပန္လည္ ဝင္ေရာက္လာသူ ျမန္မာႏိုင္ငံသားမ်ားအား ေနရပ္ေဒသသို႔ ျပန္လည္ေစလႊတ္ လ်က္ရွိရာ ၎တို႔ကို ျပင္ဦးလြင္ရွိ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးေကာ္မတီမွ ခရိုင္ရဲတပ္ဖြဲ႔မွဴးမွ ႀကီးၾကပ္၍ ယာဉ္တန္းျဖင့္ မႏၱေလးတိုင္းႏွင့္ အျခားေဒသ အသီးသီးသို႕ သြားႏိုင္ရန္ စီစဉ္ေဆာင္ရြက္ ေပးလ်က္ရွိေၾကာင္း သိရသည္။ ယင္းအျပင္ ျပန္လည္ဝင္ေရာက္ လာသူမ်ားအား သယ္ယူပို႔ေဆာင္ေပးေနေသာ ယာဉ္ေမာင္းမ်ား အေနျဖင့္ က်န္းမာေရး ဝန္ႀကီးဌာန၏ သက္မွတ္ခ်က္မ်ားႏွင့္အညီ တင္ေဆာင္ပို႕ေဆာင္ၿပီး ယာဉ္ေမာင္သူမ်ား COVID-19 ေရာဂါ သယ္ယူသူမ်ား မျဖစ္ေရး အသိပညာမ်ား ရရွိထားရန္လိုအပ္‌ေနေသးေၾကာင္း ေဒသခံမ်ားက ေျပာျကားသည္။

မူဆယ္ၿမိဳ႕တြင္ တရုတ္ႏိုင္ငံ အက်ဉ္းေထာင္အသီးသီးက လႊဲေျပာင္းလာသူမ်ား အပါအဝင္ စုစုေပါင္း  ၉၆ ဦးအား မူဆယ္ၿမိဳ႕ရွိ တရုတ္စာသင္ေက်ာင္း၌ ၂၁ ရက္ Facility Quarantine ထားရွိေၾကာင္း သိရွိရသည္။ https://newseleven.com/articl e/171253

***************

၃၀။     ေတာင္ႀကီး သံသယေစာင့္ၾကည့္လူနာ တဦးေသဆံုး

               April 29, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီး စဝ္စံထြန္းေဆးရံုတြင္ ေဆးကုသမႈခံယူေနသည့္ Covid-19 သံသယလူနာအမ်ိဳးသမီးတစ္ဦး ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။

အဆိုပါ ေစာင့္ၾကည့္လူနာသည္ ယမန္ေန႔ (ဧၿပီ ၂၈) ရက္မနက္ပိုင္းက စဝ္စံထြန္းေဆးရံုတြင္ ေဆးကုသခံယူေနဆဲလူနာျဖစ္ ၿပီး၊ ထိုလူနာ၏ ဓာတ္ခြဲခန္းကို ရန္ကုန္အမ်ိဳးသား ဓာတ္ခြဲခန္းသို႔ပို႔ေဆာင္ေနစဉ္ ေသဆံုးသြားေၾကာင္း ျပည္နယ္ အထူးေရာဂါနိမ္နင္းေရးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴးေဒါက္တာ ႏွင္းအိျဖဴက သွ်မ္းသံေတာ္ဆင့္သို႕ ေျပာသည္။ ေသဆံုးသြားသည္ ေစာင့္ၾကည့္သူသည္ သွ်မ္းျပည္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕နယ္(အင္ေတာ) က အသက္ ၅၀ အမ်ိဳးသမီး ျဖစ္ၿပီး၊ ဧၿပီ ၂၃ ရက္ေန႔ က စဝ္စံထြန္းေဆးရံု မွာ Covid-19 ေစာင့္ၾကည့္လူနာအျဖစ္ တက္ေရာက္ ေဆးကုသမႈ ခံယူခဲ့ေၾကာင္း ေဒါက္တာႏွင္းအိျဖဴက ေျပာသည္။

“ျပင္းထန္ အဆုတ္ေရာင္ လကၡဏာ နဲ႔ ေဆးရံုတက္ေနတာ။ သံသယ လူနာ အေနနဲ႔ကုထားတာ။ သူ႔ရဲ့ ဓါတ္ခြဲနမူနာကိုေတာ့ ၂၇ ရက္ေန႕က NHL ကိုေတာ့ ပို႔ထားတယ္။ ဓါတ္ခြဲ အေျဖေတာ့ မရေသးဘူး” ဟု ေဒါက္တာႏွင္းအိျဖဴ က ဆိုသည္။ ၎ အမ်ိဳးသမီးသည္ ေရာဂါပိုး ရွိသူႏွင့္ ထိေတြ႔မႈ မရွိ၊ ႏိုင္ငံျခားခရီးသြား ရာဇဝင္မရွိ။ သို႔ေသာ္သားျဖစ္သူမွာ မတ္လ ၁၅ ရက္ေန႔က ထိုင္းႏိုင္ငံမွ ျပန္လာသူ ျဖစ္ေၾကာင္း သိရသည္။

“သူ႔ ဓါတ္ခြဲအေျဖ မထြက္ေသးေတာ့ Covid-19 ပိုးရွိသူလို႔ေတာ့ ေျပာလို႔မရေသးဘူး။ ဓါတ္ခြဲ အေျဖက ၃ ရက္ေလာက္ထပ္ ေစာင့္ရမယ္။ သူက ႏိုင္ငံျခားသြားထားတဲ့ ရာဇဝင္ ေတာ့မရွိဘူး” ဟု ေဒါက္တာႏွင္းအိျဖဴ ကေျပာသည္။ https://burmese.shanews.or/archiv s/16336

*************

မွတ္ခ်က္။     သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 22, May 1, 2020)

 

၁။        ရသေ့တောင်မြို့ပေါ်မှာ စစ်ရှောင်စခန်းဆောက်လုပ်မှု ပြည်နယ်အစိုးရ တားမြစ်

၂။         COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းအပေါ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များ                  ကြိုဆို

၃။        ကိုဗစ်ကပ်ရောဂါ ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိသူများကို DKBA ထောက်ပံ့မှုပြုလုပ်

၄။        ရခိုင်နဲ့ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ဦးရေတိုး

၅။        မြန်မာစစ်ခေါင်းဆောင်တချို့အပေါ် အရေးယူပိတ်ဆို့မှု ဗြိတိန် သက်တမ်းတိုး

၆။        မြောက်ဦးနဲ့ ဘူးသီးတောင်မှာ ၂ ရက်အတွင်း ကျောင်းသူတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရ

၇။        ၂၀၂၀  ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပနိုင်ဖွယ်ရှိဟု ကော်မရှင်အဖွဲ့ဝင် ပြော

၈။        မြောက်ဦးတွင် နယ်မြေခံ ရဲတပ်သား ၁ ဦး ဖမ်းဆီးခံရ

၉။        လွိုင်လင် တရုတ်ပြည်တော်ပြန် ၉၇ ဦး အစားအသောက် ကိုယ်တိုင်စီစဉ်ရ

၁၀။      တပ်မတော် ဖိအားပေးမှုများကြောင့် KNU ၏ ကိုရိုနာဗိုင်းရပ်စ် ကျန်းမာရေးစစ်ဆေးရေးဂိတ်တစ်ခု ဖြုတ်ပိတ်လိုက်ရ

၁၁။      ကျောက်ဖြူမြို့နယ် ထွေအုပ်ခြံဝင်းအတွင်း အဝေးထိန်းရီမုမိုင်း ၁ လုံးတွေ့ရှိ

၁၂။      ပလက်ဝဒေသသို့ ဆန်အိတ်နှင့်စားနပ်ရိက္ခာများ ထပ်မံရောက်ရှိ

၁၃။      လွယ်ဂျယ်နယ်စပ်ဂိတ်မှဝင်လာသော တရုတ်ပြည်တော်ပြန် ၄ ထောင် နီးပါးရှိလာ

၁၄။      ထောက်ပံ့ ရိက္ခာရရန် အိမ်ထောင်စု ၅,ဝ၀ဝ  ကျော်ကျန်ခဲ့၍ လူစုလူ ဝေးဖြစ်

၁၅။      ဝိုင်းမော် ဒိန်ဂျန်ယန်ရှိ ငှက်ပျော်ခြံလုပ်သားများ လုပ်ခလစာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့တိုင်ကြားမည်ဟုဆို

၁၆။      နာဂ ခေါင်းဆောင်ဟောင်းများက ကိုဗစ်အရေး လိုအပ်လျှင် အစိုးရကို ကူညီမည်ဟု ဆို

၁၇။      Covid-19 ပညာပေးပန်းချီရေးဆွဲမှုကြောင့် တရားစွဲခံရသူ ၃ ဦးအာမခံရရှိ

၁၈။      ကပ်တဲလ်ကျေးရွာ ဝင်ထွက်သွားလာမှု ကန့်သတ်၍ အနီးဝန်းကျင်ရွာ စားသောက်ပြတ်လပ်မည့် အနေအထားဖြစ်

၁၉။      ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကို Lockdown ဖြေရန် ပြည်ထောင်စုသို့

၂၀။      ဒုက္ခသည်စခန်း ၁၇၀ ကျော်မှာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အစိုးရ ပြင်ဆင်

၂၁။      ထိုင်းပြန်များကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝင်ခွင့်မပြု

၂၂။       ရခိုင်နဲ့ ချင်းမှာ ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေ စုံစမ်းဖို့ ယန်ဟီးလီတောင်းဆို

၂၃။      မင်းပြားတိုက်ပွဲတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်

၂၄။      ကရင်ပြည်နယ်အတွင်း တရုတ်ကုမ္ပဏီတွေ မြို့သစ် ၃ မြို့ တည်ဆောက်နေ

၂၅။      Covid-19 ကာကွယ်ရေးအတွက် အရေးယူမှု ဟားခါးတွင် စတင်

၂၆။      ညွှန်ကြားချက်များလိုက်နာမှုရှိမရှိ စိစစ်နေစဉ် မြဝတီမြို့ရှိ စက်ရုံအလုပ်ရုံများလုပ်ငန်းလည်ပတ်မှုယာယီ ရပ်ဆိုင်းထား

၂၇။      ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ

၂၈။      မိုးညှင်းက ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၈ ဦးတွင် COVID-19 ရောဂါပိုးမတွေ့

၂၉။      မူဆယ်မြို့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသူ မြန်မာလုပ်သား နေ့စဉ် ၁၀ဝ ကျော်ရှိ

၃၀။      တောင်ကြီး သံသယစောင့်ကြည့်လူနာ တဦးသေဆုံး

***************

၁။        ရသေ့တောင်မြို့ပေါ်မှာ စစ်ရှောင်စခန်းဆောက်လုပ်မှု  ပြည်နယ်အစိုးရ တားမြစ်

                   April 30, 2020

ရခိုင်မြောက်ပိုင်းက အစိုးရနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဟာ ရသေ့တောင်မြို့ပေါ်မှာ ၃၀,ဝ၀ဝ နီးပါးရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်။ လက်ရှိ အချိန်မှာ ရသေ့တောင်မြို့ပေါ်မှာ စစ်ရှောင်တွေ များလာတာကြောင့် စားဝတ်နေရေးတွေ ခက်ခဲလာသလို စစ်ရှောင်တွေ နေထိုင်ဖို့အတွက် အဆောက်အဦးတွေ မလုံလောက်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးတော့ အဆောင် တွေ ဆောက်လုပ်နေကြတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ “အိမ်ခြေကတော့ ၁၀ဝ၊ ၂၀ဝ လောက်နီးပါး နေဖို့လောက်တော့ ရနေပြီ။ ၁၀ ပေကို တစ်ခန်းလုပ်တာကို အဲတော့ တစ်အိမ်နဲ့ တစ်အိမ်ခြား တာတော့ မရှိဘူး။ အမိုး မိုးပြီးပြီ၊ အဲလိုအကာလုပ်ဖို့ပဲ ကျန်တော့တာ။ တကယ်လို့ နေမယ်ဆိုရင်တော့ နေလို့ရတဲ့ အနေ အထားရှိနေပါပြီ။” စစ်ရှောင်တွေအတွက် ဆောက်လုပ်နေတာကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ ဆက်မဆောက် လုပ်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့မှာပဲ စာထုတ်ပြီးတော့ တားမြစ်လိုက်တယ်လို့ ဒေါ်ခင်စောဝေက ဆက် ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ မြို့နယ် ခြောက် ခုမှာ စစ်ရှောင်စခန်း ခုနစ်ခု တည်ဆောက်ထားပေးပြီးဖြစ်သလို လိုအပ်တဲ့ စစ်ရှောင်စခန်းတွေ ထပ်ဆောက်ပေးဖို့ စီစဉ်နေ တယ်လို့လည်း အဲဒီတားမြစ်စာထဲမှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ စစ်ရှောင်စခန်းတွေ ဆောက်လုပ်နေတာကို တားမြစ် တာနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့် ရသူတွေကို ဆက်သွယ်ခဲ့ပေမယ့်လည်း တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။ အစိုးရက ဆောက်လုပ်ပေးထားတဲ့ စစ်ရှောင်စခန်းတွေဟာ မြို့ပေါ်နဲ့ ဝေးလွန်းသလို နယ်မြေအနေအထားကို လွှတ်တော် ကိုယ်စားလှယ်တွေ ဒေသခံတွေနဲ့ တိုင်ပင်ပြီးဆောက်လုပ်ထားတာ မဟုတ်တာကြောင့် စစ်ရှောင်တွေအနေနဲ့ အဲဒီ စခန်းတွေ မှာ နေထိုင်ဖို့အဆင်မပြေဘူးလို့လည်း စစ်ရှောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။

လက်ရှိအချိန်မှာ ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေဟာ မြေကြီးပေါ်မှာ ကပ်ထူးစက္ကူလေးတွေ ခင်းပြီးနေထိုင်နေကြ ရပြီး ဒီရက်ပိုင်းအတွင်းမှာ မိုးရွာသွန်းမှုတွေ ရှိနေတာကြောင့် သူတို့အနေနဲ့ စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက်ပါ စိုးရိမ် ရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်။  https://burmese.voanews.com/a/rakhineidpcamp/5398701

**************

၂။         COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းအပေါ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ကြိုဆို

                    April 28, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး ပေါင်းရေး ကော်မတီဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၂၇ နေ့စွဲဖြင့် သမ္မတရုံး၏ ထုတ်ပြန်လိုက်ခြင်း အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ(EAOs)က ကြိုဆိုလိုက်သည်။

လက်ရှိကပ်ရောဂါ ဖြစ်စဉ်သည် အားလုံးပါဝင်၍ ဝိုင်းဝန်းကာကွယ်တားဆီးရမည့် ကိစ္စရပ်ဖြစ်သည်နှင့်အညီ ယခုလို သမ္မတရုံးမှ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း ကရင်အမျိုးသား အစည်းအရုံး-KNU အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ်က ပြောသည်။ ၎င်းက“ဒီလိုမျိုး ဖွဲ့စည်းပြီးတော့ ဝိုင်းဝန်းပြီး တားဆီးရေးလုပ်တဲ့ ကိစ္စရပ်အပေါ်မှာတော့ ကြိုဆို ရမယ့် ကိစ္စဖြစ် တာပေါ့။ ဒါပေမဲ့ အဓိကက ပူးပေါင်းလုပ်ဆောင်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ညှိနှိုင်းကြမလဲ ဘယ်လို သဘောတူညီချက်အပေါ်မှ ညှိနှိုင်းလုပ်ဆောင်ကြမလဲဆိုတာတော့ ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမယ် ကိစ္စတော့ ဖြစ်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ နေရာဒေသများ တွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြောငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီထဲတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ၊ အ တွင်းရေးမှူး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး၏ ဒု-ဝန်ကြီး ဦးလှမော်ဦးနှင့် အဖွဲ့ဝင်အဖြစ် ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး စသည်ဖြင့် အသီးသီးပါဝင်သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ အကြံ ပေး ဦးခွန်စိုင်းက “ ဒီ ကိစ္စကို RCSS ဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို မေးပါတယ်။ သူတို့က ဒီကိစ္စကို ကြိုဆိုပါတယ်ပေါ့။ ကျနော် တို့ လက်မှတ်ထိုးထားတဲ့ EAO ဘက်ကလည်း ဧပြီလ ၁၇ ရက်နေ့မှ အစည်းအဝေး လုပ်ပြီးတော့မှ EAO တွေအနေနဲ့ ပူးတွဲပြီးတော့မှ COVID-19 ကို ဘယ်လိုလုပ်ကိုင်သွားမလဲဆိုတာကိုလည်း ဆွေးနွေးသွားခဲ့ပါတယ်တဲ့။ ဒီကော်မတီကို ဖွဲ့ဖို့ဆို တာလည်း ကျနော်တို့သဘောရတယ်။ အခုဆိုရင်လည်း ကျနော်တို့အထက် မှာရှိတဲ့ PPST ခေါင်းဆောင်တွေကို တင်ပြထား ပါတယ်တဲ့။ မကြာခင်မှာ ဖွဲ့ဖြစ်မှာပါ။ ဖွဲ့ဖြစ်ရင်လည်း ဘယ်နည်း နဲ့မဆို အစိုးရဖွဲ့ထားတာနဲ့ပူးတွဲ လုပ်သွားမှာပါ လေတဲ့” ဟု ကေအိုင်စီသို့ပြောသည်။http://kicnews.org/2020/04/covid19%e1%80%b1%e1%80%9b%e1%80%ac%e1%80%82% 1%80%ab%e1%80%80%e1%80%ac%e1%80%

*************

၃။        ကိုဗစ်ကပ်ရောဂါ ကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိသူများကို DKBA ထောက်ပံ့မှုပြုလုပ်

April 28, 2020

ကိုရိုနာဗိုင်းရပ်စ် (COVID-19 ) ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသည့် ဒေသခံပြည် သူများအား ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA-NCA)အဖွဲ့က အခြေခံစားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှုများ ပြု လုပ်ခဲ့သည် သိရသည်။ ကြာအင်းဆိပ်ကြီးမြိုနယ် လေးဖာထောကျေးရွာတွင် ဧပြီ ၂၇ ရက်နေ့က အိမ်ထောင်စု ၄ဝဝ ကျော် အား အိမ်ထောင်စု တစ်စုလျှင် ဆန် ၁ အိတ်၊ ဆီ ၂ ဗူး၊ ဆား၊ ငါးပိ၊ ကြက်သွန်၊ ငရုပ်ခြောက်နှင့် အချိုမှုန့်စသည့်အခြေခံ စားနပ် ရိက္ခာများအပြင် အိမ်ထောင်စု တစ်စုကို ကျပ်ငွေ ၂၀,ဝ၀ဝ စီ ထောက်ပံ့ပေးခဲ့သည်ဟု DKBA အမှတ် ၉၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအေဝမ်းက ကေအိုင်စီ သို့ ပြောသည်။

“ စစ်ပြေးရှောင်တွေ ဒုက္ခသည်ကနေပြည်လာနေထိုင်တဲ့လူတွေ တော်တော်များ အခက်အခဲအများကြီးရှိတယ်။ ခုရောဂါဖြစ် တဲ့ကာလမှာ ပိုပြီးဒုက္ခရောက်တယ်။ တစ်ချို့ထမင်းပြုတ်စာနေရတယ်။ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ ဆန်အိတ် ၆ ထောင် လောက် ဝယ်ထားတယ်။ နောက်လာမယ့် ဒီဇင်ဘာလအထိ နိုင်သလောက်ကူညီသွားမယ်”ဟု DKBA အမှတ် ၉ဝ၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။ ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ၊ လေးဖာထော၊ မဲ့တဖွိး၊ ကြိမ်ချောင်း၊ ကျွန်းချောင်း၊ ပြောင်မထိန် ကျေးရွာ များနှင့် အနန်းကွင်းတိုက်နယ်ရှိ ကျေးရွာအုပ်စုများကိုလည်း စားဝတ်နေရေး ခက်ခဲသူများအား အခြေခံစားနပ်ရိက္ခာများနှင့် ငွေ ကြေးထောက်ပံ့မှုများကို အစိုးရ၊ KNU -ကရင်အမျိုးသားအစည်းအရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း DKBA က ပြောသည်။

လေးဖာထောရွာနေ စောအုန်းရှင်က “ ဒီမှာက စစ်ပြေးရှောင်နဲ့ ဒုက္ခသည်စခန်းကနေ ပြန်ရောက်လာသူတွေများတယ်။ ရောဂါ ကာလမှာ စားဝတ်နေရေး အရမ်းခက်ခဲတယ်။ ဒီမှာက ရာသီအပင်တွေစိုက်တယ်။ တစ်ရာသီစာပဲ ဖူလှုံတယ်။ အပြင်မှာလည်း အလုပ်ထွက်လုပ်လို့ မရဘူး။ အလုပ်တွေကလည်း ပိတ်ထားကြတယ်။ နိုင်ငံတော်က ထောက်ပံ့တဲ့ဆန်တွေ ကျနော်တို့ မရခဲ့ ပါဘူး။ DKBA အဖွဲ့က ဆန်တွေ၊ ဆီတွေ လာထောက်ပံ့ပေးတော့ ဝမ်းသာပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ http://kicne ws.org/2020/04/%e1%80%80%e1%80%af%e1%80%ad%e1%80%97%e1%80%85%e1%80

*************

၄။        ရခိုင်နဲ့ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ဦးရေတိုး

April 28, 2020

လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တစ်နေ့တစ်ခြား နေရပ် စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေဟာလည်း ပိုမို များပြားလာပြီးစားဝတ်နေရေး အဆင်မပြေမှုတွေကို ပိုမိုရင်ဆိုင်နေ ကြရတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်းမှာ ထပ်တိုးလာတဲ့ စစ်ရှောင်တွေကို လက်ခံဖို့ နေရာမရှိ တော့သလို စစ်ရှောင်ဦးရေ ၂၀,ဝ၀ဝ နီးပါးအထိ ရှိနေတယ်လို့ ကျောက်တော်မြို့မိမြို့ဖ ဒေါက်တာ ထွန်းအေးက ပြောပါတယ်။

“ကျနော်တို့ ကျောက်တော်မြို့နယ်မှာ မြို့ပေါ်မှာ စစ်ရှောင်စခန်းစုစုပေါင်း ၁၅ နေရာလောက်ရှိတယ်။ လူဦးရေကတော့ ၇,ဝ၀ဝ နီးပါးလောက်ရှိတယ်။ ထပ်တိုးလာတဲ့ သူတွေကို လက်ရှိအချိန်မှာ မြို့ပေါ်က စခန်းတွေမှာ လက်ခံနိုင်တဲ့ အနေအထား မရှိတော့လို့ ဆွေမျိုးတွေ အိမ်မှာ ခိုကပ်ပြီးနေတဲ့ သူရှိတယ်။ နောက်ပြီးတော့ ကျောက်တော်မြို့နယ်အတွင်းက တစ်ခြား ကျေးရွာတွေမှာလည်း နေကြတယ်။ အကုန်လုံး ပေါင်းလိုက် မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ကတည်းကဆိုရင် စစ်ရှောင် ၂၀,ဝ၀ဝ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။” ကျောက်တော်မြို့နယ်အတွင်းက ညောင်ချောင်း စစ်ရှောင်စခန်းမှာလည်း ဒီကနေ့ အထိ စစ်ရှောင် ထပ်တိုးနေတယ်လို့ ညောင်ချောင်းစစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်နေကြသူတွေကတော့ ရသေ့တောင်မြို့နယ်မှာ အများဆုံးရှိနေတာ ဖြစ်ပြီး လူဦးရေအားဖြင့် ၃၀,ဝ၀ဝ နီးပါးရှိနေပါတယ်။ အဲဒီစစ်ရှောင်စခန်းတွေမှာ နေရာထိုင်ခင်းတွေ မလုံလောက်တဲ့ အပြင် အခုရက်ပိုင်းအတွင်းမှာ မိုးရွာသွန်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စစ်ရှောင်တွေအတွက် အခက်တွေ့နေရတယ်လို့ စစ်ရှောင် တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ရှောင်တွေ ဟာလည်း တနေ့တခြား များပြားလာနေပြီး စားဝတ်နေရေး ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ခက်ခဲ့နေကြတယ်လို့ ပလက်ဝ စစ်ရှောင် ကူညီ သူတွေက ပြောဆိုကြပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါအကြပ်အတည်းအချိန်မှာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေရပ်ဖို့ ကုလသမဂ္ဂအပါဝင် မြန်မာ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုးထားပေမဲ့လည်း ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဖမ်းဆီးခံရသူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ ထိခိုက် ဒဏ်ရာရသူတွေဟာလည်း နေ့စဉ်နဲ့အမျှရှိနေပါတယ်။ https://burmese.voanews.com/a/rakhine-chin-people-flee-/5395318.html

***************

၅။        မြန်မာစစ်ခေါင်းဆောင်တချို့အပေါ် အရေးယူပိတ်ဆို့မှု ဗြိတိန် သက်တမ်းတိုး

April 29, 2020

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သော လူမျိုးစုသုတ်သင်ရှင်းလင်းမှုနဲ့ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တွေမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာ့တပ်မတော်ထိပ်တန်းအရာရှိ ၈ ယောက်အပါအဝင် အရာရှိနဲ့ အခြားအဆင့် စုစုပေါင်း ၁၄ ဦးကို ဘဏ္ဍာရေးအရ အရေးယူ ပိတ်ဆို့ထားတဲ့ စာရင်းကို ဗြိတိန်နိုင်ငံ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဗြိတိန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာ့တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ၁ ဦး၊ ဗိုလ်ချုပ်အဆင့် ၂ ဦးနဲ့ ဗိုလ်မှူးချုပ် အဆင့် ၅ ဦး ပါဝင်ပါတယ်။ သူတို့အားလုံးကို ၂၀၁၈ ခုနှစ်ကစပြီး ဘဏ္ဍာရေးအရ ပိတ်ဆို့ အရေးယူထားတာဖြစ်ပြီး အခုနှစ် ဧပြီလမှာ ထပ်မံ စာရင်းပြုစု ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲ ပါဝင်သူ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောဟာ ၂၀၁၅ က ၂၀၁၇ ခုနှစ် အတွင်း အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပြီး ဗိုလ်ချုပ်မောင်မောင်စိုးက ၂၀၁၆ က ၂၀၁၇ ခုနှစ် အတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အနောက်တောင်ပိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေက အရင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်အဆင့် အရာရှိတွေ ထဲ တော့ အမှတ်(၃၃)ခြေမြန်တပ်မ၊ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ အမှတ် (၉၉) တပ်မမှူးဖြစ်ခဲ့ဖူးသူ လက်ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်၊ နယ်ခြားစောင့် ရဲ တပ်ဖွဲ့ ရဲမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် သူရ ဆန်းလွင်၊ အမှတ် (၉၉) ခြေမြန်တပ် တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် (၁၅) စစ်ဆင်ရေးဆိုင်ရာ ကွပ်ကဲ ရေးဌာန တပ်မှူး ဗိုလ်မှူးချုပ် ခင်စိုး တို့ ဖြစ်ပါတယ်။

အလားတူပဲ အဲဒီ တပ်မတော်ထိပ်တန်း အရာရှိကြီးတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင် ပစ္စည်း ထိန်းချုပ် ရေးရုံး (OFAC) ကလည်း ၂၀၁၈ ကတည်းက အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုပြုလုပ်ထားခဲ့ပါတယ်။ https://burmese.v oanews.com/a/myanmar-sanction-britain-/5396077.html

**************

၆။        မြောက်ဦးနဲ့ ဘူးသီးတောင်မှာ ၂ ရက်အတွင်း ကျောင်းသူတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရ

April 28, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပြီး ဧပြီလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ကျောင်းသူတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ ညနေ ၄ နာရီကျော်အချိန်က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီ        တပ်မတော် စစ်ကြောင်းက ပစ်ခတ်လို့ ထမင်းဆိုင်မှာရှိနေတဲ့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံ တွေကပြော ပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာဟာ အလယ်ဈေးတံတားနဲ့ Prince ဟိုတယ်ကြားမှာဖြစ်ပြီး အခင်းဖြစ်နေရာနဲ့ မီတာ ၉၀ဝ ကျော် ဝေးတဲ့ မြောက်ဦးစာတိုက်ဘေး မြဝါတောင်ခြေရင်းက ထမင်းဆိုင်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့တာပါ။ အခင်းဖြစ်နေရာ အနီးမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက တပ်မတော်စစ်ကြောင်းကို မိုင်းခွဲသံထွက်ပေါ်လာပြီး နောက် တပ်မတော်က မြို့တွင်းထဲကို အချိန် ၁ နာရီနီးပါးလောက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ လက်နက်ကြီးကြောင့် ထမင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မမိငယ်၊ အသက် ၁၈ နှစ်အရွယ် မမြမြအေး၊ ဆိုင်ရှင်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးညီညီမောင်နဲ့ အသက် ၆၅ နှစ်အရွယ် အဖွားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ဒဏ်ရာရသူ ဦးညီညီမောင်က တပ်မတော်က မြို့ထဲဘက်ကို ပစ်ခတ်နေချိန်မှာပဲ သူ့ရဲ့ထမင်းဆိုင်ကို ထိမှန်ခဲ့တယ်လို့ပြောပါ တယ်။

မနေ့က မြောက်ဦးမှာ တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်တဲ့ကိစ္စအပြင် ဘူးသီးတောင်မြို့နယ် ကံ့ကော်မြိုင်ကျေးရွာက ကျောင်းသူ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က မေးမြန်းရာမှာ – မြောက်ဦးဘက်မှာ မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ကြောင်း၊ ဘူးသီးတောင်ဘက်မှာ နှစ်ဖက် ထိတွေ့မှုတွေရှိခဲ့သလို ချင်းပြည်နယ် ပလက်ဝနဲ့ ဆမီးအကြားမှာလည်း AA တပ်ရှိရာကို တပ်မတော်ဘက်က ဝင်ရောက်လာတဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ကြောင်း RFA ကို ပြောပါတယ်။ မြောက်ဦးက ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့တော့ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့အရပ်သားတွေအပေါ် လူမျိုးရေးအရ အငြိုးအတေးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ဒါဟာစစ်ရာဇဝတ်မှု ကျူးလွန်နေတာသာဖြစ်တယ် လို့ ခိုင်သုခက ပြောပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့က ဧပြီလ ၂၇ ရက်နေ့အထိ အချိန် ၂ လတာ ကာလမှာ သေဆုံးတဲ့ အရပ်သား ၁၀ဝ ခန့် ရှိနေ သလို ထိခိုက်ဒဏ်ရာရသူဟာလည်း ၂၂၀ ကျော်အထိရှိနေပါတယ်။ https://www.rfa.org/burmese/news/rakhine-aa-army-civilian-deaths-04282020100612.html

***************

၇။        ၂၀၂၀  ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပနိုင်ဖွယ်ရှိဟု ကော်မရှင်အဖွဲ့ဝင် ပြော

29 April 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလထဲမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ခန့်မှန်းပြောပါတယ်။ မြန်မာ့အသံက မေးမြန်းတဲ့ ရွေးကောက်ပွဲဘယ်တော့ ကျင်းပမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းမှာဖြေဆိုထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေအတိုင်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာ ၈ ရက် ဒါမှမဟုတ် ၇ ရက်နေ့မှာ ကျင်းပနိုင်ဖွယ် ရှိတယ်လို့ဆိုပါတယ်။

လွှတ်တော်သက်တမ်း ၅ နှစ်ပြည့်ရင် အထွေထွေရွေးကောက်ပွဲကျင်းပဖို့  ၂၀ဝ၈ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း ပုံမှန်အတိုင်းဆိုရင် နိုဝင်ဘာလလောက်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်ရှိနေတာပါ။ ၂၀၂၀ အထွေအထွေ ရွေး ကောက်ပွဲ ရက်ကိုတော့ အရင် ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ကြေညာခဲ့တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲ ရက်မတိုင်ခင် နှစ်လအလို ဒါမှမဟုတ် လေးလအလိုမှာ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ဦးမြင့်နိုင်ကပြောပါတယ်။

အခုကာလဟာ COVID-19 ရောဂါဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်သူတွေအကြားမှာ ရွေးကောက်ပွဲမလုပ်ဖြစ်မှာ စိုးရိမ်သူတွေ ရှိနေသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ကျင်းပမယ့်ရက်ကို  တိတိ ကျကျ မကြေညာသေးတာကြောင့် ခန့်မှန်းတာတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားတာ ဒီထက်ပိုမို ကျယ်ပြန့်လာမယ်ဆိုရင် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းရမယ့် အနေအထားမှာ ရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်တာတွေလည်းရှိပါတယ်။ http://burmese.dvb.no/archives/384996

**************

၈။        မြောက်ဦးတွင် နယ်မြေခံ ရဲတပ်သား ၁ ဦး ဖမ်းဆီးခံရ

April 29, 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား တဦးကို တုတ်၊ ဓား ကိုင်ဆောင် ထားသူတွေက  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်က မြောက်ဦးမြို့ နယ်မြေခံရဲတပ်ရင်းက ရဲဒုတပ်ကြပ်တဦးနဲ့ ရဲတပ်သားနှစ်ဦးတို့ဟာ မြောက်ဦးမြို့သို့ ဈေးသွားဝယ်ပြီးအပြန် ရတနာ့မာန်အောင်ဘုရားလမ်းရှိ သီဟိုဠ်ခြံအနီး အရောက်မှာ တုတ်၊ ဓား ကိုင်ဆောင် ထားတဲ့  အရပ်ဝတ်နဲ့ အေအေ ၈ ဦးက ဝန်းရံဖမ်းဆီးခဲ့လို့ ရဲတပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့   တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရဲတပ်သား ပြန်လည်ရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း  သိရပါတယ်။ ဧပြီ ၂၇ ရက် ညပိုင်းကလည်း မြောက်ဦးမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ စစ်ဆေး ရေး ဂိတ်ဟောင်း အဆောင်ကို  အေအေအဖွဲ့က ခြင်ဆေးဘူးတွေနဲ့  ၆၀ မမ ဗုံးသီး ၁ လုံးတို့ကို  အသုံးပြုပြီး မီးရှို့ဖောက်ခွဲ ဖျက်ဆီးခဲ့လို့ ပျက်စီးမှုရှိခဲ့တယ်လို့လည်း တပ်မတော်က သတင်း ထုတ်ပြန်ပါတယ်။

အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် အေအေဘက်ကတော့ ပြန်လည် သတင်းထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။ http://burmese.dvb.no/archives/384998

***************

၉။        လွိုင်လင် တရုတ်ပြည်တော်ပြန် ၉၇ ဦး အစားအသောက် ကိုယ်တိုင်စီစဉ်ရ

April 28, 2020

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တရုတ်ပြည်တော်ပြန် ၉၇ ဦးရှိပြီး အစားအသောက်ပိုင်းကို ကိုယ်တိုင်စီမံရကြောင်း သတင်းရရှိသည်။ အဆိုပါ တရုတ်ပြည်တော်ပြန်များသည် မူဆယ် – တရုတ်နယ်စပ် ဂိတ်မှ ဧပြီ ၂၄ ရက်နေ့က ထွက်လာ ကြသူများဖြစ်ပြီး ထိုသူများကို Quarantine ၂၁ ရက် ထားရှိမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်အမတ် နန်းမြထွေးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ခု ပြည်တော်ပြန်တွေကို အစိုးရကတော့ နေဖို့ နေရာတွေပဲ စီစဉ်ထားပေးတယ်။ စားသောက်ရေးပိုင်းကိုတော့ သူတို့ တတ်နိုင်သလောက် နည်းများမဆို ပြန်ကူညီနေပါတယ်။ ဒီက သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း အလှူရှင်တွေ စု ပြီး တတ်နိုင်သလောက် ကူညီသွားမှာပါ” ဟု နန်းမြထွေး ကပြောသည်။ လက်ရှိမှာ ပြည်တော်ပြန် ၉၇ ဦး ကို လွိုင်လင်မြို့ နယ်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်း နှင့် ပင်လုံမြို့ရှိ နတလ ကျောင်း တွေမှာ ထားခြင်း ဖြစ်သည်။

ဧပြီ ၂၆ ရက်နေ့က အရှေ့အလယ်ပိုင်း တိုင်းမှူးမှလည်း လွိုင်လင်မြို့နယ်ရှိ တရုတ်ပြည်တော်ပြန်များကို ဆန်၊ ဆီ နှင့် ပဲ တို့ လည်းလာရောက်လှူဒါန်းသွားကြောင်း သိရသည်။ https://burmese.shannews.org/archives/16325

*************

၁၀။      တပ်မတော် ဖိအားပေးမှုများကြောင့် KNU ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တစ်ခု ဖြုတ်ပိတ်လိုက်ရ

April 30, 2020

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင် (တပ်မဟာ ၁) မော်စကိုဒေသ ထောင်မှူးကျေးရွာအုပ်စု ဈေးမသွယ်ရွာတွင် ဖွင့်လှစ်ထားသည့် Covid -19 ရောဂါကာကွယ်ရေး ကျန်းမာရေး စစ်ဆေးရေးဂိတ်တစ်ခုအား အရှေ့တောင် တိုင်းစစ်ဌာနချုပ်(ရတခ)မှ ဖိအားပေးမှုများကြောင့်ဖျက်သိမ်းလိုက်ရကြောင်း KNU သထုံခရိုင်တာဝန်ရှိသူများထံမှ သိရသည်။

နှစ်ဖက်ရောနှောအုပ်ချုပ်သည့် ဒေသတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်မထားရှိရေး ရတခတိုင်းမှူး၏ ညွန်ကြားမှုအရ ဟု ဆိုကာ ၎င်းဒေသရှိ အမြောက်တပ် ၅၀၂ ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ကိုကိုက ဧပြီလ ၂၅ရက်မှ ၂၇ ရက်နေ့များတွင် အကြိမ် ကြိမ် လာရောက်ပြောဆိုမှုများကြောင့် ယခုလိုဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့် က ပြောသည်။ ၎င်းက“ဒုတပ်ရင်းမှူးပြောတာက ဒီဟာလုပ်ရင် ပြည်နယ်၊ တိုင်းခွင့်ပြုချက်ရမှ လုပ်ရမယ်တဲ့၊ အဲဒီနေရာက အစိုးရဘက် ဘာမှမလုပ်တော့ ပြည်သူတွေတောင်းဆိုလို့ ကျနော်တို့လုပ်တာပဲ။ အစိုးရအုပ်ချုပ်ရေးအဖွဲ့နဲ့လည်း ပေါင်းပြီး ညှိနှိုင်းတာအပြင် လွှတ်တော်အမတ်တွေလည်း သိတယ်။ လုပ်သင့်ပါတယ်လို့လည်း သူတို့ပြောခဲ့တာရှိတယ်။ ဒါပေမယ့် တပ်ဘက်က ခဏခဏလာပြောတော့ အစကဆက်လုပ်မယ်လို့ စဉ်းစားသေးတယ်။ ဒါပေမယ့် ဆက်လုပ်ရင် နောက်ဆက်တွဲ ပြဿနာဖြစ်လာမှာ ကျနော်တို့ မလိုလားဘူး ။ ကျနော်တို့ ဒါလုပ်တာ အရေးယူလို့တောင်ရတယ်လို့ တပ်ဘက်က အဲလောက် ထိပြေ တယ်”ဟု ကေအိုင်စီသို့ပြောသည်။

“အစိုးဘက်က လုပ်တာရှိရင် ကျနော်တို့ကလည်း မလုပ်ပါဘူး။ အခုက ဘယ်သူမှမလုပ်လို့ ကျနော်တို့ လုပ်တာ အမှန်ဆိုရင် ကျနော်တို့နဲ့ညှိနှှိုင်းလို့ရတာပဲ။ ဒီရောဂါကို ကာကွယ်ဖို့ တစ်ကမ္ဘာလုံးက လုပ်ဆောင်နေတာပဲ နိုင်ငံ ရေးအမြတ်ထုတ်ဖို့လို့ ကျနော်တို့မှာ စိတ်ဆန္ဒမရှိဘူး။ ကျနော်တို့ ဒီလိုလုပ်တာ မကြိုက်တာဟာ အဲဒီက ကျနော်တို့ ကရင်လူထုတွေကို ရောဂါကူး စေတာလားလို့ ကျနော်တို့က သံသယဖြစ်မိတယ်” ဟု ခရိုင်အတွင်း ရေးမှူး စောစိုးမြင့်က ဖြည့်စွက်ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် အဆိုပါကန့်ကွက်မှုများနှင့်ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာ၌ “ အဲဒီနေရာကို လက်နက်ကိုင်ပြီးဝင်လို့မရဘူး။ ယူနီဖောင်းဝတ်ပြီး ဝင်လို့မရ ဘူး။ အဲဒီအတွက်ကြောင့် ကန့်ကွက်တာဖြစ်ပါလိမ့်မယ်”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြန်လည်ပြောဆိုသည်။

ထို့အပြင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အခြေစိုက်ရာဒေသများတွင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး “Covid -19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ”ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာအစိုးရ သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။ http://kicnews.org/2020/04/%e1  %80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80

**************

၁၁။      ကျောက်ဖြူမြို့နယ် ထွေအုပ်ခြံဝင်းအတွင်း အဝေးထိန်းရီမုမိုင်း ၁ လုံးတွေ့ရှိ

April 29, 2020

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးခြံဝင်းအတွင်းရှိ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအနီးမှာ ဧပြီ ၂၈ ရက် မနက်က အဝေးထိန်းရီမုမိုင်း တလုံးတွေ့ရှိလို့ လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ရပါတယ်။ ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက “တွေ့တာကတော့ မနက် ၁၁ နာရီခွဲမှာပါ။ အဲဒီဟာကို ကျောက်ဖြူမြို့မှာရှိတဲ့ လုံခြုံရေး ဆောင် ရွက်နေတဲ့ တပ်ကနေပြီးတော့ ၁၂ နာရီဝန်းကျင်လောက်မှာ လာပြီးတော့ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်။ သူတို့ ပြောတာက တော့ အဝေးထိန်းရီမုမိုင်းအမျိုးအစားဖြစ်တယ် လို့ပြောတယ်။ PPC ပိုက်နဲ့လုပ်ထားတဲ့ အချင်း ၅ လက္မ၊ အရှည် ၆ လက္မ လောက်တော့ရှိတယ်”လို့ ပြောပါတယ်။

ဒီကိစ္စအသေးစိတ်သိရှိနိုင်ဖို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခြံဝင်းအတွင်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း အမှိုက်ပုံးမီးရှို့ရာက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဝန်ထမ်း ၈ ဦးဒဏ်ရာရခဲ့ပါတယ်။ အလားတူ ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ ကလည်း ဒုခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အနီးမှာ ထောင်ထားတဲ့ရီမုမိုင်း ၁ လုံး တွေ့ရှိခဲ့ပြီး မိုင်းရှင်းလင်းရေးအဖွဲ့က လာရောက် ရှင်းလင်းပေးခဲ့ရပါတယ်။ http://burmese.dvb.no/archives/385002

*************

၁၂။      ပလက်ဝဒေသသို့ ဆန်အိတ်နှင့်စားနပ်ရိက္ခာများ ထပ်မံရောက်ရှိ

April 30, 2020

စစ်ဘေးရှောင်များနှင့် ပလက်ဝဒေသခံများအတွက် အထောက်အပံ့ပစ္စည်းများအဖြစ် ဆန်အိတ်နှင့် အခြားစားသောက်ကုန် ပစ္စည်းများ ပလက်ဝမြို့သို့ ဧပြီ ၂၈ ရက်နေ့က ထပ်မံရောက်ရှိသွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါရောက်ရှိလာသည့် ပစ္စည်းများမှာ ဆန်အိတ် ၂၀ဝဝ နှင့် အခြားစားသောက်ကုန်ပစ္စည်းများဖြစ်ပြီး ယင်းနေ့တွင်ပင် တပ်မတော်ရဟတ်ယာဉ်နှင့် ကြက်ဥနှင့်ကြက်သွန်နီများကို ပလက်ဝသို့ ပို့ဆောင်ပေးခဲ့သည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။“နောက်ထပ်ပို့ဖို့လည်းရှိသေးတယ်။ WFP ရဲ့ဟာတွေထပ်ပို့မယ်။ မနေ့က ညနေက ပို့ရင်းတောင်မှပဲ WFP ကား အပစ်ခံရ တာရှိသေးတယ်။ ယာဉ်တန်းနဲ့ပို့တာမှာ WFP ကားတွေလည်းပါတယ်” ဟု ၎င်းကပြောသည်။

ယခု ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများတင်ဆောင်လာသော ယာဉ်တန်းသည် ဧပြီလ ၂၅ ရက်နေ့က မတူပီမြို့မှ စတင် ထွက်ခွာလာရာ ဆမီးသို့ ရောက်ရှိပြီးနောက် ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်းမှု အခြေအနေများအပြင် ပစ်ခတ်မှု များလည်း ဖြစ်ခဲ့ပေါ်ခဲ့၍ ဆမီးတွင် ရပ်နားနေခဲ့ရသေးသည်။ ပလက်ဝမြို့အနီးတဝိုက်တွင် တပ်မတော်နှင့် AA တို့ ဖြစ်ပွား သောတိုက်ပွဲများကြောင့်လည်း ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဈေးနှုန်းများ အဆမတန်မြင့်တက်ပြီး ဒေသခံပြည်သူ၊ အစိုးရ ဝန်ထမ်းများနှင့် စစ်ဘေးရှောင်များမှာ စားသောက်ရေး အခက်အခဲများကြုံတွေ့နေရသည်မှာ လအတန်ကြာပြီဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က “အခုက အားလုံးက ဝယ်စရာလည်းမရှိ၊ စားစရာလည်း မရှိ ဖြစ်နေတာ လေ၊ အဲတာကြောင့် ကျနော်တို့က IDP Camp မှာတင်ရှိတဲ့သူတွေတင် အဆင်မပြေတော့ဘူး။ မြို့ပေါ် ရပ်ကွက်လေးခုရှိတယ်၊ နောက်တခါ ဝန်ထမ်းတွေရှိတယ်။ အဲဒါတွေကိုပါ ဒီတခေါက်ပို့တဲ့ဟာကတော့ ပြည်သူတွေ လှူဒါန်းတာဖြစ်တဲ့အတွက် အခမဲ့ တပတ်စာပေးခိုင်းထားပါတယ်။ ဒီနေ့စပေးနေပြီခင်ဗျ”ဟုပြောသည်။

ပလက်ဝမြို့နယ်သည် ရပ်ကွက်နှင့်ကျေးရွာပေါင်း ၄၀ဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ချင်းတိုင်းရင်းသားများအပြင် ရခိုင်တိုင်းရင်း သားများအချို့ပါ နေထိုင်ပြီး လူဦးရေ ၁ သိန်းကျော်ရှိကြောင်း သိရသည်။ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် လာရောက်ခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူ ၃၆၀ဝ ခန့်ရှိကြောင်း သိရသည်။ https://burma.irraw addy.com/news/2020/04/30/221771.html

*************

၁၃။      လွယ်ဂျယ်နယ်စပ်ဂိတ်မှဝင်လာသော တရုတ်ပြည်တော်ပြန် ၄ ထောင် နီးပါးရှိလာ

April 28, 202

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအရေအတွက်သည် ဧပြီ ၁၆ မှ ၂၇ နေ့ထိ စုစုပေါင်း ၃၇၉၁ ဦးရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအင်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။ လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသော အဆိုပါ ပြည်တော်ပြန်များတွင် ကချင်ပြည်နယ် ဒေသခံဦးရေ ၂၈၉၇ ဦးဖြစ်ပြီး ကချင်ပြည်နယ် ပြင်ပဦးရေ ၈၉၄ ဦးဖြစ်ကြောင်း ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

“ကချင်ပြည်နယ်ပြင်ပကလူတွေကိုတော့ လွယ်ဂျယ်မှာဘဲ Q လုပ်ထားတာဖြစ်တယ်။ အဲလိုလုပ်ထားတဲ့နေရာမှာ ၂ ပိုင်းရှိ တယ်။ လွယ်ဂျယ်မှာတော့ လွယ်ဂျယ်ဒေသခံတွေ နောက်ပြီးတော့ ကချင်ပြည်နယ်ပြင်ပကလူတွေကို လုပ်ထားတာဖြစ်တယ်။ ဒါပေမယ့် လွယ်ဂျယ်မှာလုပ်ထားတဲ့ Q နေရာကလည်း အများဆုံး လူဦးရေ ၅၀ဝ လောက်ဘဲဆန့်တယ်။” ဟု ပြောသည်။

သို့သော်လည်း စစ်ကိုင်းတိုင်းအစိုးရ၏ဆက်သွယ်လာမှုကြောင့် လူဦးရေ ၂၀ဝ ခန့်ကို ပြည်နယ်ကျော်ကာ ပို့ဆောင်လိုက်ပြီဟု သိရသည်။ လွယ်ဂျယ်တွင် Q နေရာမလောက်မည်ကို စိုးရိမ်သဖြင့် ဗန်းမော်ခရိုင်မှ အခြားနေရာတွင် ပြန်လည်ပြင်ဆင်နေ သည်ဟုလည်း သိရသည်။ ကချင်ပြည်နယ် နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ် နှင့် ကန်ပိုင်တီဂိတ်များတွင် ဧပြီလ ၁၆ ရက် နေ့မှ ဧပြီလ ၂၇ ရက်နေ့ထိ လွယ်ဂျယ်ဂိတ်မှဝင်ရောက်လာသူ ကချင်ပြည်နယ် ပြင်ပ စုစုပေါင်း ၈၃၄ ဦး၊ ကချင်ပြည်နယ် ပြည်တွင်း ၂၆၈၅၊ စုစုပေါင်း ၃၅၁၉ ရှိပြီး၊ ကန်ပိုင်တီဂိတ်မှ ဝင်လာသူ ကချင်ပြည်နယ်ပြင်ပ ၆၂ ဦး၊ ကချင်ပြည်နယ် ပြည်တွင်း ၂၁၂ ဦး စုစုပေါင်း၂၇၄ ဦးရှိကြောင်း သက်ဆိုင်ရာဌာနမှသိရသည်။

“ကျနော်တို့ Covid-19 နှင့် တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စကျတော့သင်္ကြန်ကာလအတွင်း Home Stay လုပ်ဖို့ဆိုတဲ့ကိစ္စမှာ ပြည်ထောင်စုကနေညွှန်ကြားလာတဲ့တိုင်း မိသားစုကိုဘယ်လောက်ထောက်ပံ့ပါဆိုပြီး ပြောလာတဲ့ခါမှာ ကချင်ပြည်နယ် တစ်ခုလုံးမှာတော့ သိန်းပေါင်း ၁ သောင်း ၆ ထောင်လောက်ကူညီခဲ့တယ်။ တစ်ဖက်မှာလည်း Covid-19 နဲ့ပတ်သက်ပြီးတော့ ကုသရေးမှာကောထိန်းချုပ်ရေးမှာကော ကာကွယ်ရေးမှာကော ကျနော်တို ့ပြည်နယ်အတွင်းမှာ ကျောက်မျက်အဖွဲ့ကလည်းသိန်း ၂ ထောင် လှူထားတာလည်းရှိပါတယ်။ နောက်ထပ်လှူတဲ့သူတွေလည်း ရှိတော့ ပြည်ထောင်စုက နေညွှန်ကြားလာလို့ ရှိရင်တော့ ဆက်ပြီးစီမံဆောင်ရွက်သွားဖို့တွေရှိပါတယ်။” ၎င်းကဆိုသည်။ https://burmese.kachinnews.com/2020/04  /28/%e1%80%9c%e1%80%bd%e1%80%9a%e1%80%ba%e1%

****************

၁၄။      ထောက်ပံ့ ရိက္ခာရရန် အိမ်ထောင်စု ၅,ဝ၀ဝ  ကျော်ကျန်ခဲ့၍ လူစုလူ ဝေးဖြစ်

April 30, 2020

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီ မြို့အမှတ် ၅ ရပ်ကွက်တွင် နိုင်ငံတော်အစိုးရမှ အခြေခံလူ တန်းစားများအတွက် ထောက်ပံ့သည့် ဆန်အပါအဝင် စားနပ်ရိက္ခာ ၅ မျိုးမရရှိသူ အိမ်ထောင် ၅,ဝ၀ဝ ကျော်ကျန်ရစ်ခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးရှေ့တွင် ယမန်နေ့ (ဧပြီ ၂၉ ရက်)က လူဦးရေ ၂၀ဝ ခန့် လူစုလူဝေးဖြင့်ရောက်ရှိလာပြီး ရပ်ကွက်တာဝန်ရှိသူထံ လာရောက်အသိပေးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ Covid -19 အရေးပေါ်ကာလ သင်္ကြန်ပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့် စားနပ်ရိက္ခာများပေးနိုင်ရန်အတွက် ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများက ရပ်ကွက်အလိုက် စာရင်းကောက်ယူကြရာ မြဝတီမြို့ အမှတ် ၅ ရပ်ကွက်အတွင်း အိမ်ထောင်စု ၇,၂၀၂ စာရင်းကောက်ယူရရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း နိုင်ငံတော်အစိုးရ၏ထောက်ပံ့မှုများ ရောက်ရှိပြီး ဖြန့်ဝေသောအခါ အိမ်ထောင်စု ၁,၂၀ဝ အတွက်သာပါဝင်ပြီး ကျန်အိမ်ထောင်စုများမှာ မရရှိကြသည့်အတွက် ရပ်ကွက်ရုံးသို့ ယခုလို လာရောက် တင်ပြကြခြင်းဖြစ်ကြောင်း ထောက်ပံ့မှု ရိက္ခာမရရှိသည့် အိမ်ထောင်စုများက ပြောသည်။  အမှတ် ၅ ရပ်ကွက် ဆင်းရွှေလီလမ်းတွင်နေထိုင်ပြီး မုန့်ဟင်းခါးရောင်းချ နေသူ မဖြူဝင်းက “အစိုးရက ပေးတာတော့ လိုချင်တာပေါ့။ ယောကျာ်း အလုပ်ရပ်နားထားရ လို့ဝင်ငွေမရှိချိန်မှာ အထောက် အကူဖြစ်တာပေါ့။ ခုတော့ မိသားစုတွေအခက်အခဲဖြစ်နေရပါတယ်”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦး အောင်ဝင်းက“ကျနော်တို့ ရပ်ကွက် ရာ အိမ်မှူးတွေကို ဧပြီ ၇ ရက်နေ့က ညတွင်းချင်းစာရင်းကောက်ခိုင်းပါတယ်။ ၈ ရက်နေ့ မနက် ၅နာ ရီထိ စာရင်းလက်ခံ၊ အပြီးသတ်ပြီးမှရုံး စာရေး ကိုအပ်ကာ အိမ်ပြန်ခဲ့ပါတယ်။ ၈ ရက်နေ့မနက် ၁၁ နာရီခွဲ အမှီ ရုံးစာရေးက ဒီစာရင်းတွေကို မြို့နယ်ကိုတင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ အခုတော့ စာရေး က မြို့နယ်ကို မတင်ထားတော့ တကယ့်တကယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ခန့်မှန်း တင်လိုက်တဲ့ စာရင်း အရသာ ရရှိခဲ့တာပါ။ ကျနော်တို့ကောက်ယူထားတဲ့ စာရင်းတွေက ပြည်ထောင်စုအဆင့်ကို မရောက်သွား ဘူး လို့သိရပါတယ်” ဟု ပြောသည်။  http://kicnews.org/2020/04/%e1%80%b1%e1%80%91%e1%80%ac%e  1%80%80%e1%80%b9%e1%80

**************

၁၅။      ဝိုင်းမော် ဒိန်ဂျန်ယန်ရှိ ငှက်ပျော်ခြံလုပ်သားများ လုပ်ခလစာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့တိုင်ကြားမည်ဟုဆို

April 29, 2020

ကချင်ပြည်နယ် တရုတ်တစ်သျှူးငှက်ပျောခြံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့်အလုပ်သမားအချို့ လုပ်ခလစာ ရရှိရန် သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျန်ယန်အတွင်းရှိ ပါဝါဖိုက်စတားကုမ္မဏီတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား အချို့ တစ်သျှူးငှက်ပျောခုတ်ပြီးသွားသော်လည်း ကုမ္မဏီများနှင့် လုပ်ခလစာညှိနှိုင်းရာတွင် ယနေ့ချိန်ထိ အဆင်မပြေသည့် တွက် လုပ်ခလစာရရှိရန် ဝိုင်းမော် အထွေထွေအုပ်ချုပ်ရေးရုံးသို့ စာတင်မည်ဖြစ်ကြောင်း အလုပ်သမားများအဖွဲ့မှ ဦးဆန်းထွေး က ပြောသည်။

“ကျင်စားသမားတွေက ကျင်နဲ့လိုချင်တယ် လောပန်းတွေကတော့ ကီလိုနဲ့ပေးမယ်ဆိုကြတော့ လုပ်ခလစာညှိပေးနေတာ ခုချိန်ထိတော့အဆင်မပြေဘူး။ လောပန်းတွေက ခုဆိုပြန်တော့မယ်ပြောလို့ ကျနော်တို့ဒါဆိုရင်မဖြစ်ဘူး ညှိနှိုင်း ဆောင်ရွက်ပေး မှဘဲဖြစ်တော့မယ်လို့ ညှိပေးနေတာအဆင်မပြေဘူး။ လောပန်းတွေကိုလည်းပြောထားတယ် ခင်များတို့လုပ်အားခတွေကို ရှင်းပေးပြီးမှပြန်ကြပါလို့ပြောတော့ သူတို့က ကျနော်တို့လည်း ကိုယ့်လမ်းကိုပြန်ရမှာဘဲ မရှင်ပေးတာမဟုတ်ဘူး။ ရှင်းပေး တာကို သူတို့လက်မခံမှတော့ ကျနော်တို့က ပြန်စရာရှိတာပြန်ရမှာဘဲဆိုပြီး ပြန်ပြောလာကြတယ်။” ဟု ဒိန်ဂျန်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးနော်ဆန့် ပြောသည်။

အဆိုပါလုပ်ခလစာညှိနှိုင်းဆောင်ရွက်မူနဲ့ ပတ်သက်ပြီး ဒိန်ဂျန်အုပ်ချုပ်ရေးဘက်မှ ညှိနှိုင်းဆောင်ရွက်ပေးနေသည်မှာ သုံးကြိမ် တိုင်တိုင်ညှိနှိုင်းပေးပြီးဖြစ်သော်လည်း ဆက်လက် ညှိနှိုင်းမည့်အကြိမ်တွင် အဆင်ပြေမူမရှိပါက အုပ်ချုပ်ရေးဘက်မှ သက်ဆိုင် ရာ ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သာ လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ဒိန်ဂျန်အုပ်ချုပ်ရေးမှူး ဦးနော်ဆန့်ကပြောသည်။

ဒိန်ဂျန်ကျေးရွာတွင်း တရုတ်တစ်သျှူးငှက်ပျောစိုက်သည့် ကုမ္မဏီစုစုပေါင်း ၄ ခုရှိပြီး စိုက်ပျိုးထားသည့်မြေဧက ၇၀ဝ၀ ကျော် ခန့်ရှိသည်။ https://burmese.kachinnews.com/2020/04/29/%e1%80%9d%e1%80%ad%e1%80%af%e1%80

**************

၁၆။      နာဂ ခေါင်းဆောင်ဟောင်းများက ကိုဗစ်အရေး လိုအပ်လျှင် အစိုးရကို ကူညီမည်ဟု ဆို

April 30, 2020

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးခင်က လွတ်မြောက်လာသည့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K) အဖွဲ့မှ ခေါင်းဆောင်ဟောင်းများက COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး လိုအပ်ပါက အစိုးရကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောသည်။ ပြန်လည်လွတ်မြောက်လာသော NSCN-K အဖွဲ့မှ ခေါင်းဆောင်ဟောင်း ၅ ဦးအနက် တဦးဖြစ်သူ ဦးကျော်ဝမ့်စိန်က ပြောဆိုခြင်း ဖြစ်သည်။ ၎င်းက“အရပ်သားပြည်သူလူထု တယောက်အနေနဲ့ ပြောရ မယ်ဆိုရင်တော့ အစိုးရကနေ ဘယ်လိုလမ်းညွန်ပေးလဲ။ အဲ့ဒီအတိုင်းပဲ ကိုဗစ် ကာကွယ်ရေးအတွက် လိုက်နာရမှာပဲ။ လိုအပ် ရင်တော့ ကူညီပေးမှာပေါ့။ ကိုဗစ် ကာလအတွင်းမှာ အခုအချိန်အထိတော့ အခက်အခဲက မရှိသေးပါဘူး။ ဒါပေမယ့် နောက် ကြာလာရင်တော့ မပြောတတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ၅ ဦးကို မတရားအသင်း အဖွဲ့ပုဒ်မ ၁၇(၁)ဖြင့် ခနီး္တမြို့နယ်တရားရုံးက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ထို NSCN-K အဖွဲ့၏ ခေါင်းဆောင် ဟောင်းများမှာ သာသနာရေး ဝန်ကြီးဟောင်း ဦးကျော်ဝမ့်စိန်၊ သစ်တောရေးရာဝန်ကြီးဟောင်း ဦးအန့်ကန်၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်းနှင့် ဦးစောထိန် တို့ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများတွင် အထက်ပါ ခေါင်းဆောင် ၅ ဦးနှင့် အတူ ဗိုလ်မှူး ကျွားရန်၊ ဒုဗိုလ် စိုင်းအောင်၊ အရာခံ ဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ်၊ တပ်သား လန်ကော် တို့လည်း ပါဝင်ကြောင်း သိရသည်။

NSCN-K အဖွဲ့ဝင်ဟောင်း တဦးဖြစ်ခဲ့သည့် ဦးစောထိန်ကလည်း“ဘာမှလုပ်လို့ မရတော့ဘူးလေ။ အဖွဲ့အစည်းကလည်း ထုတ်ပစ်လိုက်တယ်။ ထောင်လည်းကျတယ် ဆိုတော့။ ကျနော်တို့က ပြီးသွားပြီလေ။ ကျနော်တို့က ငြိမ်းချမ်းရေး သွားချင်တာ။ သူတို့ကမှ မသွားချင်တာဆိုတော့ အဖွဲ့တွေကွဲ။ အဲဒီတော့ ကျနော်တို့ကို အဖွဲ့အစည်းကို ဆန့်ကျင်တယ်ဆိုပြီး ထုတ်ပစ် လိုက်တယ်”ဟု ပြောသည်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်က“Quarntine ၄၄ ယောက်ရှိတယ်။ အများအားဖြင့်ကတော့ အိန္ဒိယ ဘက်က လာတာများပါတယ်။ ပြည်တွင်းကလည်းရှိပါတယ်။ လေရှီးနဲ့ နန်းယွန်းမှာရှိတဲ့ ကျောင်းတွေမှာ Quarantine ထားပါတယ်။ လပာယ်မှာတော့ ကျောင်းတွေလည်း ရှိတယ်။ ဆေးရုံမှာလည်း ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။ https://burma.irrawaddy.com/news/2020/04/30/221775.html

*************

၁၇။    Covid-19 ပညာပေးပန်းချီရေးဆွဲမှုကြောင့် တရားစွဲခံရသူ ၃ ဦးအာမခံရရှိ

April 30, 2020

သာသနာညှိးနွမ်းစေမှုပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခံထားရသော မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေး ပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏အမှု ပထမဆုံးရုံးချိန်းတွင် တစ်ဦးလျှင်ငွေကျပ်သိန်း (၁၀ဝ)စီဖြင့် အာမခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမူတွင် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး တရားလိုပြုလုပ်ကာ Covid-19ကာကွယ်ရေး စုပေါင်း ပညာပေးအဖွဲ့မှ မစီစီလျာဂျာဆိုင်း၊ ကိုနော်ထွန်းအောင်နှင့် ပန်းချီရေးဆွဲသူ ကိုဇေယျာနောင်တို့ သုံးဦးအား စွဲဆိုထားခြင်းဖြစ် သည်။ “ဒီနေ့ကတော့ ရာဇဝတ်ဆိုင်ရာကျင့်ထုံးနဲ့အညီ အာမခံလျှောက်တာဖြစ်တယ်။ အမှုကတော့ ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၂၉၅(က)နဲ့ စွဲထားတာဖြစ်တယ်။ ၂၉၅(က)ကတော့ အမှုရုပ်သိမ်းလို့မရဘူး။ ကျေအေးလို့မရဘူး ရုတ်သိမ်းလို့မရဘူး။ ဒါပေမယ့် ကျမတို့က ရာဇဝတ်ကျင့်ထုံးဥပဒေကျင့်ထုံးဥပဒေ ၄၉၇(၁)အရကတော့ အာမခံလျှောက်ထားလို့ရတယ်။ ကျမတို့ အပိုင်း ကလည်း မဂျာဆိုင်း ဆိုလို့ရှိရင် ငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ မိခင်အို၊ဖခင်အိုကို ပြုစုနေရတဲ့သူဖြစ်တယ်။ ဇေယျာနောင်လည်း အစာအိမ်ရောဂါခံစားနေရသူဖြစ်တယ် ဆေးစာတွေလည်း တင်ပြထားတယ်။ နောက်တစ်ခါ နော်ထွန်းအောင်ကလည်း သူငယ်ငယ်ကတည်းကနေ ရင်ကျပ်ရောဂါရှိတယ် လက်ရှိလည်း ဆေးရုံနဲ့ကုသနေရတာဖြစ်တယ်။ သူတို့ဘက်ကလည်း အထောက်အထားအပြည့်အစုံတင်ပေးတယ်။ တစ်ဖက်ကလည်း ကျမတိို့ကို ဒီအာမခံနဲ့ပတ်သက်ပြီး ဥပဒေအရာရှိ ဆုံးဖြတ်ချက်ဘဲလို့ပြောတယ်။ ဥပဒေအရာရှိဘက်ကလည်း ဒီပုဒ်မက သေဒဏ်၊ တစ်သက်တစ်ကျွန်း ချမှတ် လို့ရတဲ့ ဥပဒေမဟုတ်ဘူး။ သက်သေအထောက်ထားခိုင်လုံတဲ့တွက် အာမခံပေးခြင်းဖြစ်တယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

အဆိုပါအမှုသည် ဧပြီလ ၃ရက်နေ့ Covid-19 အန္တာရယ်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် မြစ်ကြီးနား ဘူတာတိုက်တန်းတွင် ပန်းချီရေးဆွဲခဲ့ရာ ပန်းချီတွင် သေမင်းတမန်ပုံရေးဆွဲရာတွင် သေမင်းတမန်၏ဝတ်ရုံသည် ဗုဒ္ဓဘာသာ ရဟန်း၏ သင်္ကန်းနဲ့တူညီမှုရှိသည်ဟုဝေဖန်မူများစွာ ရှိခဲ့ပြီးနောက် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်မှ တရားလိုပြုလုပ်ကာ စွဲဆိုခဲ့ခြင်းဖြစ်သည်။ သာသာနာညိုးနွမ်းစေမူပုဒ်မ ၂၉၅(က)ပြစ်မှုသည် ထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။ https://burmese.kachinn ews.com/2020/04/30/covid19%e1%80%95%e1%80%8a%e1%80%ac%e1%80%9

**************

၁၈။      ကပ်တဲလ်ကျေးရွာ ဝင်ထွက်သွားလာမှု ကန့်သတ်၍ အနီးဝန်းကျင်ရွာ စားသောက်ပြတ်လပ်မည့် အနေအထားဖြစ်

April 28, 2020

Covid – 19 လူနာ စတင်တွေ့ရှိရာ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကို သွားလာမှု ကန့်သတ် (Lock Down ချ)လိုက်သဖြင့် ယင်းရွာမှ စားသောက်ကုန် ဝယ်ယူနေရသည့် ဟီးရန်အွယ်ကျေးရွာအဖို့ ကုန်ပြတ်လပ်မည့် အနေအထားဖြစ်နေကြောင်း သိရ သည်။ ကပ်တဲလ်တွင် စေတနာ့ဝန်ထမ်းအဖြစ် ရောက်ရှိနေသူ ဒေါက်တာ ဘွေလျန်မာန်က“ဒီရွာလေးက လော့ဒေါင်းချ ထားတဲ့ ကပ်တဲလ်ကနေ နှစ်မိုင်သာသာပဲ  ဝေးပါတယ်။ ရွာကို အဓိကသွားတဲ့လမ်း နှစ်ကြောင်းရှိပါတယ်။ တစ်ခုက တီးတိန် ကနေ ကပ်တဲလ်ကို ဖြတ်ပြီးသွားတဲ့ကားလမ်း၊ နောက်တစ်ခုက တီးတိန်ကနေ လိုင်တွီး (၁၆ မိုင်ခန့်)၊ ပြီးတော့ လိုင်တွီး ဆိုတဲ့ ရွာကြီးကနေဆို ၁၂ မိုင်လောက် ထပ်သွားရပါတယ်။ ဆိုလိုတာကတော့ ဒီဟီးရန်အွန်ရွာရဲ့ အဓိက ကုန်စည်က ကပ်တဲလ်က ဝယ်ယူရတာပါ” ဟု ဆိုသည်။

ယခုအခါ ဟီးရန်အွယ်ကျေးရွာ စားသောက်ကုန်ပြတ်လပ်မှုမှာ နှစ်ပတ်ကျော်ကြာရှိပြီ ဖြစ်ကြောင်း ဒေါက်တာဘွေလျန်မာန်က ပြောသည်။ “သူတို့စားသောက်ကုန် ပြတ်လပ်တာက အရင်နှစ်ပတ်တည်းက၊ဆိုတော့ သူတို့က ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ကို ပစ္စည်းလာဝယ်မယ်ဆိုပြီး ဖုန်းဆက်လာတယ်။ သူတို့က ရွာဆိုင်တွေနဲ့ နီးကပ်ပြီးလာဝယ်မှာဆိုတော့ မဖြစ်ဘူး။ ဒီကိုလှူတဲ့

ပစ္စည်းတွေကို ခွဲပေးလိုက်တယ်။ ဒါပေမယ့် လော့ဒေါင်းပြီးခါနီးဆိုတော့ အပိုထည့်ပေးတာပေါ့။ အခု လော့ဒေါင်း ရက်တိုးလိုက် တော့ စားသောက်ကုန်တွေ ပြတ်လောက်ပြီ” ဟုပြောသည်။

ဟီးရန်အွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒိုခန်တွောင်က “ကပ်တဲလ်ကို လာဝယ်မယ်ဆိုရင်လည်း လော့ဒေါင်းဆိုတော့ အတား အဆီး တွေရှိတယ်၊ ဘယ်လိုနည်းနဲ့မှ သွားလို့မရဘူး၊ အခက်အခဲတွေရှိတယ်။ ပြီးတော့ ကျေးရွာပြည်သူတွေကလည်း အစိုးရ ကို အကြောင်းကြားတဲ့အပိုင်းမှာ အားနည်းတယ်ထင်တယ်၊ တာဝန်ရှိတဲ့လူကြီးတွေကလည်း ဂရုမစိုက်တာတော့ မဟုတ်ပေမဲ့ အလေးမထားဘူးဖြစ်နေတယ်၊ ဒီချိန်ဆိုတောင်ပေါ်မှာက ငွေကြေးပြတ်လပ်တဲ့အ ချိန်လည်းဖြစ်တယ်၊ ကျွန်တော်တို့ရွာက ကပ်တဲလ်ရွာကို ကုန်စည်ဝယ်လေ့ရှိတယ်။ ခုက ငွေရှိရင်တောင် ဖြတ်သွားလို့မရဘူးဆိုတော့ အခက်အခဲအများကြီး ကြုံနေ ကြတယ်” ဟု ပြောသည်။ https://www.bnionline.net/mm/news-72470

**************

၁၉။      ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကို Lockdown ဖြေရန် ပြည်ထောင်စုသို့ တင်ပြထားပြီး Case 1  လူနာ မှာလည်း ယနေ့ ဆေးရုံမှ ဆင်းမည်

April 30, 2020

ချင်းပြည်နယ် တီးတိန်မြို့နယ်ကပ်တဲလ် ကျေးရွာကို Lockdown ဖြေရန် ပြည်ထောင်စုသို့ တင်ပြထားပြီး Case 1  လူနာမှာ လည်း ယနေ့ဆေးရုံမှ ဆင်းမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင့်ထန်က ပြောကြားသည်။

“ အခုလည်း ရွာမှာ ကန့်သတ်ပြီးနေတာပါ။ တစ်ရွာလုံးပိတ်တာက တစ်ပိုင်းပါ။ Poairicw တွေ့တဲ့အိမ်က သူ့အိမ်နဲ့သူပေါ့။ တစ်ရွာလုံး ဖြေလျှော့ လိုက်တော့မယ်။ အမျိုးသားကော်မတီက အကြောင်းပြန်မှပဲ အဖြေရမယ်။ ပြည်ထောင်စုကို တင်ပြထားတယ်။ Case 1 က နှစ်ခါ Negative ဆိုရင် ထွက်လို့ ရပြီလေ။ ထွက်ပြီးရင် Home Qaurantine အနေနဲ့ တစ်ပတ်လောက်နေရင်နေပေါ့။ သူ ကတော့ ပြီးသွားပြီ။ သူက Negative က နှစ် ကြိမ်ရှိသွားပါပြီ။

“ဟားခါးမှာ တွေ့တဲ့တစ်ယောက်ကလည်း ကျန်းမာရေးကောင်းပါတယ်။ ဟားခါး က တစ်ယောက်ကိုလည်း အခန်းမှာပဲ ထား လိုက်ပါတယ်။ သူနဲ့ နောက်ဆက်တွဲ ထိတွေ့ခဲ့တဲ့ ရှစ်ယောက်လောက်တော့ရ ထားတယ်။ အဲဒီ ရှစ်ယောက်ကို Quarantine  ထားဖို့လုပ်ထားတယ်။ တီးတိန်ကိစ္စနဲ့ ပတ်သက်ပြီး ဗဟုသုတရသွာတာပေါ့။ Case 1 က ခြောက်ကြိမ်မြောက်အထိ ဘာမှ မဖြစ်ဘဲ ဖျားလည်းမဖျားနာဘဲနဲ့ Positive ဖြစ်တယ်။ https://news-eleven.com/article/171425

**************

၂၀။      ဒုက္ခသည်စခန်း ၁၇၀ ကျော်မှာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အစိုးရ ပြင်ဆင်

April 28, 2020

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ် ငါးခုက ဒုက္ခသည်စခန်း ၁၇၀ ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် အသိ ပညာပေးရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ငွေကျပ် ၂ ဒဿမ ၄ ဘီလီယံ သုံးစွဲဖို့ စီစဉ် ထားပါတယ်။ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်နဲ့ ချင်း ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အစိုးရက ကနဦး ကျပ် ၂.၄ ဘီလီယံ ချထားပေးတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက RFA ကိုပြောပါ တယ်။

ဗိုင်းရပ်စ်ပိုးအန္တရာယ် ကာကွယ်ဖို့ လက်မကြာခဏ ဆေးဖို့လိုအပ်တာကြောင့် ဒီငွေတွေနဲ့ ရေအခက်အခဲရှိနေတဲ့ စခန်းတွေမှာ ရေရှိရေးကို အထူး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။“စီမံချက်ထဲမှာ ရေ က အရေးကြီးဆုံးပဲ ဒီကိစ္စက လက်ဆေးရမှာလေ။ တကိုယ်ရေ သန့်ရှင်းရေး အရေးကြီးတယ်။ အဲဒါကြောင့် ရေရရှိရေးကို ဒီစီမံ ချက်ထဲမှာအဓိကပါတယ်။ အကောင်အထည်စဖော်နေပြီ ရေအတွက်လုပ်နေပါတယ်။ နောက်ပြီးတော့ သတင်းစကား အတွက်လည်း Hand Speaker တွေနဲ့ရအောင် လိုက်အော်နေတယ်။”ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာဆိုရင် ရေရှားပါးနေလို့ လက်မကြာခဏဆေးဖို့ ခက်ခဲနေတာကြောင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှာကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့ တွေက စိုးရိမ်နေကြပါတယ်။

ဒီနည်းလမ်းတွေက အင်တာနက် ပြန်ဖွင့်ပေးတာလောက် ထိရောက်မှာ မဟုတ်ဘူးလို့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။“စာများများရိုက်လို့ ရတာလည်း မဟုတ်ဘူး။ ဆန့် တာလည်း မဟုတ်ဘူး။ အင်တာနက်နဲ့ ဆိုတော့ လူတိုင်းဆီကို ရောက်တယ်လေ။ အင်တာနက်က အထိရောက်ဆုံးပဲ။ အစိုးရ က ကူညီထောက်ပံ့မှုတွေ မပြောနဲ့ အရပ်သား အချင်းချင်းတောင် တချို့နေရာတွေသွားလို့ လာလို့မရဘူး။”အစိုးရက သုံးစွဲ မယ့် ၂.၄ ဘီလီယံဟာ အမေရိကန်ဒေါ်လာ ၁၇ သိန်းနီးပါး ရှိပါတယ်။ ဒီငွေဟာ ဒုက္ခသည်စခန်းတွေကို အသိပညာပေးရေးနဲ့ ရေ ရရှိရေးအပါအဝင် ကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ ပမာဏ မဟုတ်ဘူးလို့ ဦးခင်မောင်လတ်က ထောက်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်နေတာကြောင့် ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းထားလို့ ခွဲတမ်းရတဲ့ အသုံး စရိတ်နဲ့ ဒေသခံတွေကို နှာခေါင်းစည်းတွေ ဈေးပေါပေါနဲ့ ပေးတာမျိုးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ ဇီဝိတ လူမှုကူညီ ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။ အစိုးရက ချထားပေးတဲ့ ငွေနဲ့ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ပြည်နယ်အသီးသီးက ဒုက္ခသည်စခန်းတွေကို အမြန်ဆုံးရောက်ရှိနိုင်ရေးနဲ့ ထိရောက်တဲ့ အစီအမံတွေဖြစ်ရေး လိုတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးသူတွေက တိုက်တွန်းကြပါတယ်။ https://www.rfa.org/burmese/news/ covid-19-donate-refugees-camps-04282020035346.html

*************

၂၁။      ထိုင်းပြန်များကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝင်ခွင့်မပြု

April 30, 2020

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်လျက်ရှိရာ ထိုင်းပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်ခွင့်မပြုကြောင်း မွန်ပြည်သစ်ပါတီ ဗဟို ဌာနချုပ်က ဧပြီလ ၂၅ ရက်နေ့တွင် အမိန့်ထုတ်ပြန်ထားသည်။ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “အစိုးရက ကျနော်တို့ကို အသိပေးလာတယ်၊ ဧပြီ ၃၀ လကုန်ပြီးရင် နေရပ်ပြန်လာမယ့် ရွှေ့ပြောင်း အလုပ် သမားတွေကို မြဝတီလမ်းကြောင်းကနေကြိုဖို့ အစိုးရအစီအစဉ်တွေ ချမှတ်ထားပြီးပြီ၊ အဲဒါကြောင့် ဘုရားသုံးဆူ လမ်းဘက် ကနေ ပြန်မလာကဖို့၊ ကျနော်တို့ပါတီကိုလည်း ဝိုင်းဝန်းတားမြစ်ပေးဖို့ အကြောင်းကြားလာတယ်၊ အကယ်၍ နယ်စပ် နေရာ အနှံ့ကနေ သူ့ပုံစံနဲ့သူ ဝင်လာခဲ့ရင် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ထိရောက်မှာမဟုတ်ဘူး၊ ထိန်းရလည်း ခက်ပါလိမ့်မယ်”ဟု မွန်ပြည်သစ် Facebook လူမှုကွန်ရက်တွင် မွန်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။

မွန်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သွားလာရာတွင် ခရီးအကွာအဝေး အတိုဆုံးလမ်းဖြစ်သည့် ဘုရားသုံးဆူနယ်စပ်သည် တရားမဝင် လမ်းကြောင်းဖြစ်သည့်အားလျော်စွာ စာရွက်စာတမ်း အထောက်အထားမဲ့သူများက ပွဲစားဖြင့် ဝင်ထွက်သွားရာ လမ်းကြောင်းတစ်ခုဖြစ်နေကြောင်း သိရသည်။ “ဒါကြောင့် မြဝတီလမ်းကြောင်းတစ်ခုတည်းကနေပဲ ပြန်လာကြဖို့၊ မြဝတီ ရောက်ရင် အစိုးရအစီအစဉ်နဲ့ ကြိုပေးမှာဖြစ်ပါတယ်၊ ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေမှာရှိတဲ့ Quarantine စခန်း တွေကို ဆက်လက်ပို့ပေးမယ်” ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်ပါကလည်း တရားဝင်ပြန်လည်ဝင်ရောက်ခြင်းဖြစ်စေရေးအတွက် မြဝတီ နယ်စပ် ဂိတ်မှသာ ဝင်/ထွက်စေရေး ပူးပေါင်း ကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး၍ ဧပြီလ(၂၁) ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီသို့ အကြောင်းကြားစာပေးပိုခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လိုသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး၏ Website ပေါ်တွင်  တရားဝင်စာရွက်စာတမ်း အထောက်အထားမရှိသူများ လည်း စာရင်းပေးသွင်းထားနိုင်ကြောင်း သတင်းရရှိသည်။ https://www.bnionline.net/mm/news-72519

*************

၂၂။       ရခိုင်နဲ့ ချင်းမှာ ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေ စုံစမ်းဖို့ ယန်ဟီးလီတောင်းဆို

April 29, 2020

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဆက်ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။ တကမ္ဘာလုံး COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ မြန်မာစစ်တပ်ကတော့ ရခိုင်ပြည်နယ်ထဲက အရပ်သား တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ မစ္စယန်ဟီးလီက ဧပြီလ ၂၉ ရက်နေ့မှာပဲ ပြောဆိုခဲ့တာပါ။

မြန်မာ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးသူအဖြစ် သူ့ရဲ့တာဝန် ပြီးဆုံးတော့မှာဖြစ်တဲ့ ပါမောက္ခယန်ဟီးလီက ရခိုင့်တပ်မတော် AA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆို ချက်ကိုလည်း အလေးမထားကြတဲ့အပြင် မြန်မာတပ်မတော်ရဲ ့ လက်ချက်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်ထဲက ပြည်သူတွေ အကြီးအကျယ် ထိခိုက်နေရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စောင့်ထိန်း ရမယ့် အခြေခံပြဌာန်းချက်တွေနဲ့ လူ့အခွင့်အရေးတွေကို တပ်မတော်က စနစ်တကျ ချိုးဖောက်နေတဲ့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်ထဲက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ တိုးလာနေတယ်လို့လည်း အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့ပါတယ်။

AA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး အရပ်သားတွေကို ကာကွယ်ပေးဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ ပဋိပက္ခ အဆုံးသတ်ရေးအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိဖို့ အလွန်အရေးကြီးတယ်လို့လည်းပြောပါတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှှု မရှိတဲ့ မြန်မာတပ်မတော်အနေနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့အတွက်ကြောင့်လည်း မြန်မာအရပ်သားတွေအနေနဲ့ တပ်မတော်ရဲ ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်တွေနဲ့ချီ ရင်ဆိုင်ခံစားနေရတယ်လိုလည်း ပါမောက္ခ ယန်ဟီးလီရဲ ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်ထဲက အရပ်သားတွေကို အကာအကွယ်တိုးပေးဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်းတောင်းဆိုထားပါတယ်။ https://burmese .voanews.com/a/myanmar-un/5397045.html

*************

၂၃။      မင်းပြားတိုက်ပွဲတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်

April 29, 2020

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ဧပြီ ၂၈ ရက်နေ့မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွား ပြီးနောက် တပ်မတော်က တိုက်လေယာဉ်နဲ့ရော ရေတပ်သင်္ဘောနဲ့ပါ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ မင်းပြားပြားမြို့နယ် တောင်ပုတ်ကေကျေးရွာအနား ဖုံသာချောင်းမှာ ဧပြီ ၂၈ ရက် နေ့လယ် ပိုင်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ တပ်မတော်က င/စိုင်းရိုင်းတောင်တန်း တလျှောက် တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရေတပ်ကလည်း မင်းပြားမြို့ ကျိန်းတောင်တန်းကနေ အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အမ်းသားရွာက ကိုအမ်းသားကြီးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ဖုံသာချောင်းထဲက တောင်ပုတ်ကေကျေးရွာအနားမှာဖြစ်တာ။ မနေ့က နေ့လယ် ၂ နာရီ လောက်မှာဖြစ် တယ်။ တိုက်ပွဲဖြစ်လို့အပြီးမှာ ဖိုက်တာဂျက်တွေနဲ့ ဟတ်စကီးတွေနဲ့ပစ်တယ်။ ပြီးတော့ ရာမောင်တံတား အနားက ရေတပ်ကနေပြီးတော့လည်း ပစ်ခတ်တယ်။ မင်းပြား ကျိန်းတောင်တန်းကနေပြီးတော့ အမြောက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ လုပ်တယ်။ အဲဒီမှာ မနေ့က ကားသမား တယောက် လက်နက်ကျည်ကျလို့ ဒဏ်ရာရတယ်” လို့ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၁ ရက်နေ့က မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ ပစ်ခတ်မှုဖြစ်လို့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဆေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတဦး သေဆုံးခဲ့ကာ တဦးကတော့ စစ်တွေ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ http://burmese.dvb.no/archives/385109

**************

၂၄။      ကရင်ပြည်နယ်အတွင်း တရုတ်ကုမ္ပဏီတွေ မြို့သစ် ၃ မြို့ တည်ဆောက်နေ

April 30, 2020

နောက်ကြောင်းမရှင်းတဲ့ တရုတ်ကုမ္ပဏီတွေက ကရင်ပြည်နယ်အတွင်း ရွှေကုက္ကိုမြို့သစ်အပြင် နောက်ထပ် အလားတူ မြို့သစ် ၂ ခုကို တည်ဆောက်နေတဲ့အတွက် စိုးရိမ်စရာဖြစ်တယ်ဆိုတဲ့ စမ်းစစ်ချက် စာတမ်းတစောင်ကို USIP လို့ခေါ်တဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူက ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ မကြာသေးခင် ကာလအထိ မြန်မာနိုင်ငံ အစိုးရနဲ့ ကရင်အမျိုးသားလက်နက်ကိုင် အင်အားစုတို့အကြား တိုက်ပွဲ ပြင်းထန်တဲ့ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်  တလျှောက်မှာ အခုအခါ ဟိုတယ်တွေ၊ ကာစီနို လောင်းကစားတွေ၊ ကွန်ဒိုတိုက်ခန်းတွေ အပြိုင်အဆိုင်ပေါ်ထွက်လာနေပါ တယ်။ ဒီနေရာတွေဟာ ရာဇဝတ်နောက်ကျောင်းမကင်းတဲ့ တရုတ်ကုမ္ပဏီတွေက အဓိက ပါဝင်လုပ်ဆောင်နေတဲ့ လုပ်ငန်း တွေဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် မြန်မာစစ်တပ်ရဲ့ လက်အောက်ခံဖြစ်နေတဲ့ ယခင် DKBA နဲ့လည်း ညှိနှိုင်းဆောင်ရွက် နေတာလို့လည်း ဆိုပါတယ်။

စိုးရိမ်စရာကောင်းတာက ဒီမြို့သစ် တည်ဆောက်နေတဲ့ တရုတ်လူမျိုးတွေဟာ ဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ လူဆိုးဂိုဏ်းတွေ ဖြစ်နေပြီး အဲဒီအထဲက အကြီးအကဲ တဦးရဲ့ နောက်ကျောင်းကိုတော့ စာတမ်းပါဝင် ရေးသားသူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း တဦးဖြစ်တဲ့ Priscilla Clapp က VOA ကို အခုလို ရှင်းပြပါတယ်။ “ကမ္ဘောဒီးယားနိုင်ငံမှာ သီဟာနုမြို့သစ်ထောင်တုန်းက သူခေါင်းဆောင်ပြီး ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ဖူးပါ တယ်။ နောက်ဆုံး ဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်ရဲတပ်ဖွဲ့အကူအညီနဲ့ နှိမ်နင်း ခဲ့ရတဲ့အထိပါဘဲ။ တရုတ်ရာဇဝတ်ဂိုဏ်းတွေ လက်ချက်နဲ့ ကမ္ဘောဒီးယားရဲတွေ လမ်းမတွေပေါ်မှာ သေဆုံးခဲ့ရတဲ့ပုံတွေ အင်တာနက် မှာတွေ့နိုင်ပါတယ်။ ကမ္ဘောဒီးယား ကနေ တပ်ခေါက်ပြေးလာတဲ့ တရုတ်တွေက အခု ကရင်ပြည်နယ်မှာ မြို့သစ်ထောင်နေကြတာပေါ့။” ဒီအထဲက မြို့သစ်တခု ဟာဆိုရင် မြဝတီမြို့နယ်က KNU ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ရှိပေမယ့် KNU က ဘာကြောင့် ဒါကို မဟန့်တားရသလဲဆိုတာ ဟာ ဝေစုရနေလို့လား စတဲ့ မေးခွန်းတွေအများကြီး မေးစရာရှိနေသလို တရုတ်စီးပွားရေး သမားတွေနောက်ကြောင်းကို KNU မသိလို့လည်း ဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။

“ ဒီစီမံကိန်းတွေဟာ နိုင်ငံတည်ငြိမ်ရေးအတွက် အကျိုးမရှိသလို ဒီမိုကရေစီရေးအတွက်လည်း အသုံးမကျပါဘူး။ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးတဲ့ အာဏာရှင်စနစ်ကို အားဖြည့်ပေးနေတဲ့ သဘောပါဘဲ။ အမေရိကန်အနေနဲ့လည်း ဒီကိစ္စကို သူ့အကျိုးစီးပွားလို့ သဘောထားစရာ အကြောင်းမရှိပါဘူး။ နောက်တချက်က မြန်မာပြည်ထဲမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်ပြီး လှုပ်ရှား မှာကို အမေရိကန်က စိုးရိမ်နေတာပါ။ အဲဒီလို တရုတ်ရာဇဝတ်ဂိုဏ်း လှုပ်ရှားမှုတွေက အမေရိကန်ပြည်ထောင်စု မှာလည်း ရှိနေလို့ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကျူးလွန်တဲ့ ရာဇဝတ်မှု တော်တော်များများဟာ သူတို့လက်ချက်ပါ။” တရုတ်တို့က ဒီ မြို့သစ်တွေဟာ တရုတ်ပြည်ရဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ ဆက်စပ်နေတယ်လို ့ပြောထားပြီး ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံတကာမှာပါ တရုတ်အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာဖြစ်ပါတယ်။

တရုတ်တို့ရဲ့ BRI ခါးပတ်လမ်း စီမံကိန်းအပေါ် ရာဇဝတ်မှုအရိပ် ထင်ဟပ်လာနိုင်ပြီး မြန်မာနိုင်ငံက ဒီစီမံကိန်းတွေကို အခု မဟန့်တားနိုင်ဘူးဆိုရင်တော့ တရုတ်အစိုးရသည် မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တဲ့ အခြေအနေ မျိုးဖြစ်အောင် တမင်ဖန်တီးနေတယ်လို့ ယူဆစရာဖြစ်နေကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။ https://burmese. voanews.com/a/chinese-building-up-new-town-in-karen/5398492.html

****************

၂၅။      Covid-19 ကာကွယ်ရေးအတွက် အရေးယူမှု ဟားခါးတွင် စတင်

April 28, 2020

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ကမ္ဘာ့ကပ်ရောဂါ Covid-19 ကာကွယ်ရေးအစီအစဉ်အဖြစ်  နှာခေါင်းစည်း (Mask)  မတပ်ဘဲ အပြင်ထွက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု ဧပြီ (၂၇) ရက်တွင် စတင်လိုက်ပြီဟုသိရသည်။

ချင်းပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်  မြို့တွင်းနေရာ(၆)ခုတွင် အဖွဲ့ခွဲ၍ စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အမိန့်ထုတ်ပြန်ချက်အတိုင်း အိမ်ပြင်သို့ မလိုအပ်ဘဲ မထွက်ကြရန်၊ မဖြစ်မနေထွက်မည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ရန် အသိပေးထားသည်။ မလိုက်နာသူများကို ကူးစက်ရောဂါထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

ဟားခါးလူငယ်အဖွဲ့ခေါင်းဆောင် ဆလိုင်းဗန်ကျင်းထန်က “သူတို့ ကြိုတင်လည်းလုပ်တာဆိုတော့လေ၊ အခုအစိုးရဖက်က ထုတ်ပြန်ချက်ထုတ်တာကလည်း ကြိုပြီးတော့ (၂) ရက်ကို အသိပညာပေးမှုတွေလုပ်ပြီးမှ အရေးယူရမယ့်အပိုင်းမျိုးနဲ့ ဆောင် ရွက်တဲ့အခါကျတော့ ပြည်သူအတွက်က အဲလောက်ထိ အခက်အခဲမဖြစ်လောက်ပါဘူးလို့။ ကောင်းပါတယ်’’ဟုပြောသည်။ မည်သူမဆို ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရအရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ် (၆)လ ဖြစ်စေ၊ ဒဏ်ငွေ (၅၀ဝဝဝ) ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုသိရသည်။ https://www.bnionline.net/mm/news-72473

**************

၂၆။      ညွှန်ကြားချက်များ လိုက်နာမှုရှိမရှိ စိစစ်နေစဉ် မြဝတီမြို့ရှိ စက်ရုံအလုပ်ရုံများ လုပ်ငန်းလည်ပတ်မှု ယာယီ ရပ်ဆိုင်းထား

April 29, 2020

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် အသေးစား၊ အလတ်စားစက်ရုံအလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား လိုက်နာမှုရှိမရှိ စိစစ်ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံအလုပ်ရုံများတွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များ အတိုင်း လိုက်နာမှုရှိစေရန် မြဝတီမြို့နယ် ကျန်မာရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့မှ ပူးပေါင်း ၍ လိုက်လံစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ထိုသို့ စစ်ဆေးနေစဉ်ကာလအတွင်း ဧပြီလ ၃၀ ရက်နေ့ထိ အဆိုပါ စက်ရုံအလုပ်ရုံ များအား ယာယီပိတ်ထားခိုင်းသည်ဟု မြဝတီမြို့နယ်အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်း က ပြောသည်။

ယခုလိုစစ်ဆေးရာတွင် အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာ၍ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ လက် ဆေးခြင်း ၊ Mask များတပ်ဆင်ခြင်း၊ အလုပ်သမားများ၏ အမည်စာရင်းနှင့် နေရပ်လိပ်စာကို မှတ်တမ်း ထားရှိ ခြင်း၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် Covid-19 အသိပညာပေး ဗီနိုင်းပိုစတာများကို လုပ်ငန်းခွင် နှင့် အများမြင်သာသည့်နေရာတွင် ထားရှိခြင်းအစရှိသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ထားမှုရှိမရှိ စစ်ဆေးထားမှုအပြင် အလုပ်သမားများ ဖျားနာ ပါက ပြင်ပဆေးခန်းများတွင် မပြဘဲဆေးရုံသို့တက် ရောက်၍ ဆေးဝါးကုသမှုခံယူရန်နှင့် လိုအပ်သည်များကိုမှာကြားခဲ့သည် ဟုလည်း ဦးနိုင်ဝင်းထွန်း က ဆက်ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံဘက်ခြမ်းကုမ္ပဏီမှအထည်အော်ဒါကိုယူပြီး ချုပ်နေရသည့်အတွက် ယခုလို စက်ရုံ ပိတ်ထားရ၍ သတ်မှတ်ရက်အတွင်း အထည်များမအပ်နိုင်ရင် တဖက်က ယုံကြည်မှုမရှိတော့ဘဲ လုပ်ငန်းအတွက် ထိခိုက်လာမည်ကို စိုးရိမ်မှု ရှိနေကြောင်းလည်း အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် မနှင်းသီတာက ဖြည့်စွက်ပြောသည်။ ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်သော မြဝတီမြို့တွင် လုပ်ငန်းလိုင်စင်တင်၍ လုပ်ကိုင်ဆောင်ရွက်နေသော အသေးစား၊ အလတ်စား စက်ရုံအလုပ်ရုံ ၁၀ဝ ကျော်ရှိသည်ဟု သိရသည်။ http://kicnews.org/2020/04/%e1%81%ab%e1%82%8a%e1%80%94%e1%80%b  9%e1%81%be%e1%80

**************

၂၇။      ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ

April 29, 2020

ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာသော စစ်ဘေးရှောင် ဒုက္ခသည်များ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ အစိုးရ အသိအမှတ်ပြု ဒုက္ခသည်စခန်းသို့ လာရောက်လျက်ရှိကြောင်း အဆိုပါ ဒုက္ခသည်များထံမှ သိရသည်။ ပလက်ဝမြို့နယ် မွန်ထောင်းရွာဘက်မှ အများစုဖြစ်ပြီး ကျောက်တော်မြို့နယ် ကန်စောက်ရွာရှိ ဒုက္ခသည် စခန်းသို့ ရောက်ရှိ လာသည့်လူဦးရေ ၁၂ဝ ကျော်ရှိနေကာ လက်ရှိအချိန်အထိ လူဦးရေ ရာနှင့်ချီ ဆက်လက်လာရောက်နေကြောင်း၊ လေယာဉ်များဖြင့် နေအိမ်များကို ပစ်ခတ်မှုများ ပြုလုပ်နေ၍ ယခုကဲ့သို့ တိမ်းရှောင် ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင် ဒုက္ခသည်ဖြစ်သူ ပလက်ဝမြို့နယ် စိမ်းစမ်းရွာမှ ဦးဇော်ဇော်က ပြောသည်။ ဦးဇော်ဇော်က“ကျနော်တို့ရွာမှာတော့ အိမ်တွေကို လေယာဉ်တွေနဲ့ ပစ်နေတာ။ အိမ်တော်တော်များများက မီးလောင်ကုန်ပြီ။ ရှိတဲ့ အိမ်တွေပေါ်လည်း တပ်မတော်သားတွေက တက်နေတော့ ကျနော်တို့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ ပထမ ဗုံးကျဲတုန်း က အိမ်က ၉ လုံး။ နောက်ထပ်လည်း စစ်ဖြစ်နေတော့ ကျနော်တို့ ပြေးလာတာ”ဟု ပြောပြသည်။

ထို့ပြင် ပလက်ဝမြို့နယ် မွန်ထောင်းရွာ၊ စိမ်းစမ်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများမှ စစ်ဘေးရှောင် ဒုက္ခသည် ၄ဝဝ ကျော် လည်း လမ်းတွင်ပင် ရှိနေသေးကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များက ပြောသည်။ ထိုသို့ ကျောက်တော်မြို့နယ် အပေါက်ဝရွာရှိ ဒုက္ခသည်များခိုလှုံရာ စခန်းများကို မည်သည့် အတွက်ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ဒုက္ခသည်စခန်းအဖြစ် အသိအမှတ် မပြုရခြင်း အကြောင်းရင်းကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မင်းသိုက်ထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထို့ပြင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ထံသို့လည်း ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကို အသိအမှတ်မပြုရခြင်းနှင့် ပတ်သက်ပြီး ၂ ရက်ဆက်၍ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ ထိုကဲ့သို့ အစိုးရအဖွဲ့မှ တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသည့် ဒုက္ခသည်စခန်း များရှိနေသည့်အတွက် စစ်ဘေးရှောင်များကို အစိုးရ၏အထောက်အပံ့များ၊ လူမှုရေးအဖွဲ့၏ အကူအညီများနှင့် ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းများ၏ အကူအညီများပေးရန် အခက်အခဲရှိကြောင်း ရခိုင်ပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များက ပြော သည်။

၂ဝ၂ဝ ပြည့်နှစ်အတွင်း နှစ်ဆန်းပိုင်းမှစတင်ပြီး ယခုလအထိ ရခိုင်ပြည်နယ်အတွင်း အနယ်နယ် အရပ်ရပ်မှ စစ်ဘေးရှောင် လာ သော ဒုက္ခသည်များ ၁ သိန်း ၇ သောင်းကျော်အထိ ရောက်ရှိလာနေပြီဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း ဒုက္ခသည် စခန်းပေါင်း ၁၄ဝ ကျော်အထိရှိနေသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်စုအစည်းအရုံး (Rakhine Ethnic Congress ) ၏ စာရင်းများအရ သိရသည်။ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၃ သောင်း ၆ ထောင်ကျော် ရှိနေသည်။ https://burma.irrawaddy.com/news/2020 /04/29/221696.html

**************

၂၈။            မိုးညှင်းက ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၈ ဦးတွင် COVID-19 ရောဂါပိုးမတွေ့

April 30, 2020

COVID-19 အတည်ပြုလူနာ နံပတ် ၁၄၄ နဲ့ ထိတွေ့ခဲ့တဲ့ ကချင်ပြည်နယ်  မိုးညှင်းဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ စုစုပေါင်း ၁၈ ဦးစလုံးမှာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ မိုးညှင်းဆေးရုံမှ ဆရာဝန်တဦးက ပြော ပါတယ်။ မိုးညှင်းမြို့ quaratine စင်တာမှတဆင့် မိုးညှင်းခရိုင်ဆေးရုံကြီး ကြပ်မတ်ဆောင်သို့ ပြောင်းရွှေ့ကုသခဲ့တဲ့ လူနာ အမှတ် ၁၄၄ နဲ့ ထိတွေ့ခဲ့သူတွေကို ဧပြီ ၂၇ ရက်က နှာခေါင်း အာခေါင်တို့ဖတ် ပေးပို့စစ်ဆေးထားတာဖြစ်ပါတယ်။

မိုးညှင်းဆေးရုံမှ ဆရာဝန် ဒေါက်တာဖြူလေးဝေက “၁၈ ဦးစလုံး ပိုးမတွေ့ အဖြေရပါတယ်။ ဒုတိယအကြိမ် မေလ ၄ ရက်နေ့ ပြန်စစ်ဆေးဖို့ တို့ဖတ်ပြန်ယူမှာပါ။ ဒုတိယအကြိမ်စစ်ဆေးလို့ ပိုးမတွေ့ Negative အဖြေထွက်လာရင် ၂၁ ရက် quarantine စောင့်ကြည့်ခံရတဲ့ နေအိမ် ၃၈ လုံးနဲ့ မိသားစုတွေ ထွက်လို့ရပါပြီ”လို့ ပြောပါတယ်။ COVID-19 လူနာ ၁၄၄ ကတော့  “ကျနော်နဲ့ထိတွေ့ခဲ့သူ ရန်ကုန်ချန်းရိစက်ရုံကရော မိုးညှင်းကတွေရော အားလုံးပိုးမတွေ့လို့ ဝမ်းသာပါတယ်။ ကျနော် မြစ်ကြီးနား ဆေးရုံမှာပဲ ကျန်းမာရေးအခြေအနေ တဖြည်းဖြည်း ကောင်းလာပါပြီ”လို့ ဖုန်းနဲ့ဖြေကြားပါတယ်။ http://burme se.dvb.no/archives/385294

*************

၂၉။      မူဆယ်မြို့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသူ မြန်မာလုပ်သား နေ့စဉ် ၁၀ဝ ကျော်ရှိ

April 29, 2020

မူဆယ်မြို့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသူ မြန်မာလုပ်သား နေ့စဉ် ၁၀ဝ ကျော်ရှိကြောင်း သိရှိရသည်။ “ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း လမ်းညွှန်ထားတာဆိုတော့ ဒီအဖွဲ့တွေ စာရင်းရတာနဲ့ ထိန်းချုပ်ဗဟိုကို ပို့ မယ်။ ပြီးတော့ ရှမ်းမြောက်အဆုံး ဧရိယာဖြစ်တဲ့ နောင်ချိုမြို့နယ် ဘန့်ဘွေးမှာရှိတဲ့ ခြေမြစ်ပင် မန္တလေးတိုင်း ဒေသကြီးအစပ် ပြင်ဦးလွင် ဝက်ဝံကြားမှာ Lockdown လုပ်ထားတဲ့ အနေအထားမှာ တရုတ်နိုင်ငံက ပြန်လာတဲ့ နိုင်ငံသားတွေကို သက်ဆိုင် ရာနေရာသွားနိုင်အောင် ကျွန်တော်တို့စီမံ ဆောင်ရွက်နေပါတယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယပြည်နယ် အုပ်ချုပ်ရေး မှူး ဦးကျော်သူဇော်က ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများအား နေရပ်ဒေသသို့ ပြန်လည်စေလွှတ် လျက်ရှိရာ ၎င်းတို့ကို ပြင်ဦးလွင်ရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ကြီးကြပ်၍ ယာဉ်တန်းဖြင့် မန္တလေးတိုင်းနှင့် အခြားဒေသ အသီးသီးသို့ သွားနိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ယင်းအပြင် ပြန်လည်ဝင်ရောက် လာသူများအား သယ်ယူပို့ဆောင်ပေးနေသော ယာဉ်မောင်းများ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ သက်မှတ်ချက်များနှင့်အညီ တင်ဆောင်ပို့ဆောင်ပြီး ယာဉ်မောင်သူများ COVID-19 ရောဂါ သယ်ယူသူများ မဖြစ်ရေး အသိပညာများ ရရှိထားရန်လိုအပ်‌နေသေးကြောင်း ဒေသခံများက ပြောကြားသည်။

မူဆယ်မြို့တွင် တရုတ်နိုင်ငံ အကျဉ်းထောင်အသီးသီးက လွှဲပြောင်းလာသူများ အပါအဝင် စုစုပေါင်း  ၉၆ ဦးအား မူဆယ်မြို့ရှိ တရုတ်စာသင်ကျောင်း၌ ၂၁ ရက် Facility Quarantine ထားရှိကြောင်း သိရှိရသည်။ https://newseleven.com/articl e/171253

***************

၃၀။      တောင်ကြီး သံသယစောင့်ကြည့်လူနာ တဦးသေဆုံး

April 29, 2020

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် Covid-19 သံသယလူနာအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ စောင့်ကြည့်လူနာသည် ယမန်နေ့ (ဧပြီ ၂၈) ရက်မနက်ပိုင်းက စဝ်စံထွန်းဆေးရုံတွင် ဆေးကုသခံယူနေဆဲလူနာဖြစ် ပြီး၊ ထိုလူနာ၏ ဓာတ်ခွဲခန်းကို ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းသို့ပို့ဆောင်နေစဉ် သေဆုံးသွားကြောင်း ပြည်နယ် အထူးရောဂါနိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ နှင်းအိဖြူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ သေဆုံးသွားသည် စောင့်ကြည့်သူသည် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်(အင်တော) က အသက် ၅၀ အမျိုးသမီး ဖြစ်ပြီး၊ ဧပြီ ၂၃ ရက်နေ့ က စဝ်စံထွန်းဆေးရုံ မှာ Covid-19 စောင့်ကြည့်လူနာအဖြစ် တက်ရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း ဒေါက်တာနှင်းအိဖြူက ပြောသည်။

“ပြင်းထန် အဆုတ်ရောင် လက္ခဏာ နဲ့ ဆေးရုံတက်နေတာ။ သံသယ လူနာ အနေနဲ့ကုထားတာ။ သူ့ရဲ့ ဓါတ်ခွဲနမူနာကိုတော့ ၂၇ ရက်နေ့က NHL ကိုတော့ ပို့ထားတယ်။ ဓါတ်ခွဲ အဖြေတော့ မရသေးဘူး” ဟု ဒေါက်တာနှင်းအိဖြူ က ဆိုသည်။ ၎င်း အမျိုးသမီးသည် ရောဂါပိုး ရှိသူနှင့် ထိတွေ့မှု မရှိ၊ နိုင်ငံခြားခရီးသွား ရာဇဝင်မရှိ။ သို့သော်သားဖြစ်သူမှာ မတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံမှ ပြန်လာသူ ဖြစ်ကြောင်း သိရသည်။

“သူ့ ဓါတ်ခွဲအဖြေ မထွက်သေးတော့ Covid-19 ပိုးရှိသူလို့တော့ ပြောလို့မရသေးဘူး။ ဓါတ်ခွဲ အဖြေက ၃ ရက်လောက်ထပ် စောင့်ရမယ်။ သူက နိုင်ငံခြားသွားထားတဲ့ ရာဇဝင် တော့မရှိဘူး” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။ https://burmese. shannews.org/archives/16336

*************

 

မှတ်ချက်။      သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

 

*** ပြီး ***

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button