ကဗျာ

ငါတို႔ရဲ႕ႏိုင္ငံေတာ္

Zawgyi

ငါတို႔ခ်ဳပ္လုပ္မယ့္ အလံေတာ္ဟာ အျဖဴေရာင္
အပူေရွာင္ဖို႔အတြက္ပဲ။

အဲတိုင္းျပည္မွာ
သူေတာ္ယုတ္မထြက္ေတာ့
သူေတာ္ေကာင္းလည္းမပ်က္
လူ(၁၃၅) မ်ိဳးမခြဲေတာ့
မူအရ ဘာလူမ်ိဳးႀကီးဝါဒမွမကြဲျပား
ဟုတ္တယ္
အဲေနရာမွာ ဘံုဝါဒမရွိဘူး။

သိျခင္းနဲ႔ရွိျခင္းနဲ႔တရားဆိုတာ
ကိုယ္စို႔မယ့္အေမ့ႏို႔ခ်ိဳဟာ
ဘယ္ညာ ခြဲျခားဖို႔မလိုသလိုမ်ိဳး
အေဖတစ္က်ပ္ သားတစ္က်ပ္ပဲ။

အဲဒီတုိင္းျပည္မွာ
ဖက္ဒရယ္အစစ္ဆိုေသာစကားလံုး
ေရကူးတတ္ေသာငါးနဲ႔
ဗမာ့နည္း ဗမာ့ဟန္
ဒီမိုကေရစီစကားလံုးမသံုးဘူး။

ဘုရင္မရွိေတာ့ ေနာက္လုိက္မလိုဘူး
ဘုရားမရွိေတာ့ ကိုယ္စားလွယ္မရွိဘူး
အမွန္တရားအတြက္
အမွားတရံနဲ႔အေျခမျပဳ
အဆံုးစြန္ ေျခဥဆိုတာမ်ိဳးက ေဝလာေဝး။

အဲတိုင္းျပည္မွာ
ေရ မီး မင္း ခိုးသူ
မခ်စ္ မႏွစ္သက္ေသာသူ စစ္တပ္
အမတ္၊ တရားသူႀကီးမရွိဘူး
ဒီေတာ့
မတရားေသာစကားလံုး မသိဘူး
ျပည္သူဟာ ဘုရား ကၽြန္ ဘုရား
တပည့္ သာဝကလည္းဟုတ္တယ္။

ခု ငါတို႔ေနတဲ့ျပည္က
မင္းနဲ႔ငါေတာင္ ဌနဲ႔လိုမ်ိဳး
ၿငိမ္းခ်မ္းေရးအတြက္ဗိုလ္ခ်ဳပ္ဟာ
ခဏခဏ အသတ္ခံရတယ္
တုိင္းျပည္ထူေထာင္ေရးမွာ
အမယ္အုိကိုေဝဖန္ႏိုင္ရင္ အေကာင္ပဲ။

ခု ငါတို႔ႏွစ္ေယာက္ရဲ႕တိုင္းျပည္ေပါ့
နင္က
ခ်ိတ္ထမိန္ ဝယ္ကပ္တယ္
ငါက
မကၠဇင္ပါပီရဲ႕ထေရာမာမ်ား ဝယ္ဖတ္တယ္
ၿပီးေတာ့ . . . . . .
တစ္ရာတန္ဝက္သားတုတ္ထိုးကို
ဒုတ္ေခ်ာင္းေရၿပီးစားၾကမယ္။

ေပ်ာ္ရဲ႕လားအခ်စ္ေရ
ဒါ ငါတို႔ရဲ႕အလံျဖဴေပါ့။
အက္တမ္ဗံုးေတြ အလိုမရွိေသာ
ၿငိမ္းခ်မ္းေရးျဖစ္သလို
လက္နက္ခ်ထားတာလည္း ျဖစ္ႏုိင္တယ္။

ပန္စုိင္းလူ

 

Unicode

ငါတို့ချုပ်လုပ်မယ့် အလံတော်ဟာ အဖြူရောင်
အပူရှောင်ဖို့အတွက်ပဲ။

အဲတိုင်းပြည်မှာ
သူတော်ယုတ်မထွက်တော့
သူတော်ကောင်းလည်းမပျက်
လူ(၁၃၅) မျိုးမခွဲတော့
မူအရ ဘာလူမျိုးကြီးဝါဒမှမကွဲပြား
ဟုတ်တယ်
အဲနေရာမှာ ဘုံဝါဒမရှိဘူး။

သိခြင်းနဲ့ရှိခြင်းနဲ့တရားဆိုတာ
ကိုယ်စို့မယ့်အမေ့နို့ချိုဟာ
ဘယ်ညာ ခွဲခြားဖို့မလိုသလိုမျိုး
အဖေတစ်ကျပ် သားတစ်ကျပ်ပဲ။

အဲဒီတိုင်းပြည်မှာ
ဖက်ဒရယ်အစစ်ဆိုသောစကားလုံး
ရေကူးတတ်သောငါးနဲ့
ဗမာ့နည်း ဗမာ့ဟန်
ဒီမိုကရေစီစကားလုံးမသုံးဘူး။

ဘုရင်မရှိတော့ နောက်လိုက်မလိုဘူး
ဘုရားမရှိတော့ ကိုယ်စားလှယ်မရှိဘူး
အမှန်တရားအတွက်
အမှားတရံနဲ့အခြေမပြု
အဆုံးစွန် ခြေဥဆိုတာမျိုးက ဝေလာဝေး။

အဲတိုင်းပြည်မှာ
ရေ မီး မင်း ခိုးသူ
မချစ် မနှစ်သက်သောသူ စစ်တပ်
အမတ်၊ တရားသူကြီးမရှိဘူး
ဒီတော့
မတရားသောစကားလုံး မသိဘူး
ပြည်သူဟာ ဘုရား ကျွန် ဘုရား
တပည့် သာဝကလည်းဟုတ်တယ်။

ခု ငါတို့နေတဲ့ပြည်က
မင်းနဲ့ငါတောင် ဌနဲ့လိုမျိုး
ငြိမ်းချမ်းရေးအတွက်ဗိုလ်ချုပ်ဟာ
ခဏခဏ အသတ်ခံရတယ်
တိုင်းပြည်ထူထောင်ရေးမှာ
အမယ်အိုကိုဝေဖန်နိုင်ရင် အကောင်ပဲ။

ခု ငါတို့နှစ်ယောက်ရဲ့တိုင်းပြည်ပေါ့
နင်က
ချိတ်ထမိန် ဝယ်ကပ်တယ်
ငါက
မက္ကဇင်ပါပီရဲ့ထရောမာများ ဝယ်ဖတ်တယ်
ပြီးတော့ . . . . . .
တစ်ရာတန်ဝက်သားတုတ်ထိုးကို
ဒုတ်ချောင်းရေပြီးစားကြမယ်။

ပျော်ရဲ့လားအချစ်ရေ
ဒါ ငါတို့ရဲ့အလံဖြူပေါ့။
အက်တမ်ဗုံးတွေ အလိုမရှိသော
ငြိမ်းချမ်းရေးဖြစ်သလို
လက်နက်ချထားတာလည်း ဖြစ်နိုင်တယ်။

ပန်စိုင်းလူ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button