ကဗျာ

ကံပုလဲ လက္ေဆာင္ ကံပုလဲ လက်ဆောင်

Zawgyi

ျမဴေတြေခၚရာ ေနာက္လိုက္သြား

ျမဴေတြေပ်ာက္သြားလည္း ဆက္သြား

မိႈင္းေတြပိတ္ေနရင္လည္း ဆက္သြား

ထင္းရူးရန႔ံသင္းေနတဲ့ ေျမနီနီေတြရွိတယ္

ႏွင္းရည္၀ေနတဲ့ ထင္းရူးပင္ေတြရွိတယ္

ေခါင္းေမ့ာ္ထားရလြန္းလို႔ ပင္ပန္းေနျပီလား

အေကြ႔အေကာက္မ်ားလုိ႔စိတ္ညစ္ေနျပီလား

ဘ၀က အေကာက္အေကြ႔ေတြၾကား ေခါင္းေမာ့ထားရတာ

သြားမယ့္သြား ထင္းရူးပင္ထိပ္ဖ်ားအထိ တက္သြား

ေရာက္မယ့္ေရာက္ ကန္ပက္လက္အထိေရာက္ေအာင္သြား

တစ္ေတာင္လုံးေပါင္းမွ ဒီတစ္လမ္းရွိတာပါတဲ့

ဆင္းရဲလြန္းလို႔ ရိုးရာအေငြ႔အသက္ေတြ ရေနႏိုင္ေသးတာပါတဲ့

အေမာေျပ ေခါင္ရည္ေလးေသာက္ပါဦး

ျပီးမွ အေမာဆို႔ေအာင္ ေခါႏူးသုမ္အထိဆက္တက္ၾကတာေပါ့့

ခင္ဗ်ားအျပန္ အဆင္းလမ္းမွာ

ေတာင္ဇလပ္ေတြ၊ သစ္ခြေတြ

ခိ်ဳးယူသြားစရာ ခြာယူသြားစရာမလုိပါဘူး

ခင္ဗ်ားအိမ္ျပန္ေရာက္တဲ့အခါ

တိမ္ေတြက ေတာက္ေလွ်ာက္လုိက္လာမွာ။

ဟာရွိန္း

 

Unicode

မြူတွေခေါ်ရာ နောက်လိုက်သွား

မြူတွေပျောက်သွားလည်း ဆက်သွား

မှိုင်းတွေပိတ်နေရင်လည်း ဆက်သွား

ထင်းရူးရနံ့သင်းနေတဲ့ မြေနီနီတွေရှိတယ်

နှင်းရည်ဝနေတဲ့ ထင်းရူးပင်တွေရှိတယ်

ခေါင်းမေ့ာ်ထားရလွန်းလို့ ပင်ပန်းနေပြီလား

အကွေ့အကောက်များလို့စိတ်ညစ်နေပြီလား

ဘဝက အကောက်အကွေ့တွေကြား ခေါင်းမော့ထားရတာ

သွားမယ့်သွား ထင်းရူးပင်ထိပ်ဖျားအထိ တက်သွား

ရောက်မယ့်ရောက် ကန်ပက်လက်အထိရောက်အောင်သွား

တစ်တောင်လုံးပေါင်းမှ ဒီတစ်လမ်းရှိတာပါတဲ့

ဆင်းရဲလွန်းလို့ ရိုးရာအငွေ့အသက်တွေ ရနေနိုင်သေးတာပါတဲ့

အမောပြေ ခေါင်ရည်လေးသောက်ပါဦး

ပြီးမှ အမောဆို့အောင် ခေါနူးသုမ်အထိဆက်တက်ကြတာပေါ့

ခင်ဗျားအပြန် အဆင်းလမ်းမှာ

တောင်ဇလပ်တွေ၊ သစ်ခွတွေ

ချိုးယူသွားစရာ ခွာယူသွားစရာမလိုပါဘူး

ခင်ဗျားအိမ်ပြန်ရောက်တဲ့အခါ

တိမ်တွေက တောက်လျှောက်လိုက်လာမှာ။

ဟာရှိန်း

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button