ကဗျာ

အရှုံးမပေးတဲ့ ကဗျာ

– အရှုံးမပေးတဲ့ ကဗျာ ။

နှလုံးမအေးဘူး
ပုခုံးဘေးမှာ အသားမာတွေနဲ့
နိုင်ငံတော်ကို ထမ်းပိုးထားရတာ မလွယ်

သူတို့က
မီး​ဖြတ်တယ် ရေဖြတ်တယ်
လမ်းကြောင်းကတော့ လမ်းဟောင်းအတိုင်း

ငါကလည်း ခပ်ပြတ်ပြတ်ပဲ
ခြေပြတ်တယ် လက်ပြတ်တယ်
ဒါပေမဲ့
စိတ်မပျက်ဘူး
လမ်းအသစ်မှာ ပန်းအစစ်တွေနဲ့

အချိန်ပိုမှာ အိမ်ကို ပြန်နိုင်မဲ့
တစ်လုံးတည်းသော အနိုင်ဂိုးကို
ငါ ကိုယ်တိုင် သွင်း ပြမယ် ။ ။

-ကြည်လင်

Related Articles

Back to top button