အတွေးအမြင်

ကျဆုံးနိုင်ငံ 

ကျဆုံးနိုင်ငံ 

ဝင်းမျိုးသူ | အတွေးအမြင်

Failed State ကျဆုံးနိုင်ငံ ဆိုတဲ့ဝေါဟာရအတွက် အားလုံးတပြေးညီ လက်ခံထားတဲ့ အဓိပ္ပါယ်သတ်မှတ်ထားချက်မရှိသော်လည်း နိုင်ငံအတွင်း မှီတင်းနေထိုင်သူ အားလုံးအတွက် အကျိုးစီးပွါးနှင့် အသက်ဘေးအန္တရာယ်လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်မှု     မပေးနိုင်တော့ပဲ မင်းမဲ့စရိုက်တွေ ကြီးစိုးနေတဲ့အခြေအနေမျိုးကို ရည်ညွှန်းပါတယ်။

ကိုယ်ကတော့ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေလုပ်သူမို့ ကျေးလက်နှင့်မြို့ပြနေ အခြေခံလူအများစု ဆင်းရဲနွမ်းပါးနေမှုမှ ရုန်းထွက်ကာ အလိုရှိရာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဘဝလုံခြုံရေးတို့ ရရှိအောင်မစွမ်းနိုင်တော့တဲ့အခြေအနေကို Failed State လို့ဆိုခြင်ပါတယ်။

ခုတလောရေးဖြစ်နေတဲ့ ဆောင်းပါးတွေမှာ နိုင်ငံရေးပဋိပက္ခတွေ လွတ်မြောက်ရင်တောင်မှ

၁။ စပါးကျီလို့ တင်စားခေါ်ဆိုခံရတဲ့နိုင်ငံဟာ စားနပ်ရိက္ခာထုတ်လုပ်ရေး food production ကော access to food စားနပ်ရိက္ခာအလှမ်းမှီရေး ကော အခြေအနေနှစ်ရပ်လုံးမှာ စိုးရိမ်စရာကောင်းတဲ့အနေအထားတခုကိုရောက်လာကာပိုဆိုးဘို့သာရှိပြီး ကောင်းလာစရာမရှိခြင်း

၂။ မြေယာမဲ့ ၄၀% နှင့် တောင်သူငယ် ၄၀% ပေါင်း ကျေးလက်လူဦးရေ ၈၀% ဟာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာ ကျရောက်လျက်ရှိပြီး သူတို့တတွေဘယ်လို ရုန်းထွက်နိုင်မလဲဆိုတာ စဉ်းစားလို့ကိုမရနိုင်ခြင်း

၃။ လွန်ကဲပြင်းထန်တဲ့မိုးလေဝသ extreme weather နှင့် သဘာဝဘေးအန္တရာယ်တွေဟာ တနေ့တခြား ပိုဆိုးလာတာမို့ ဘယ်လိုလျော့ပါးသက်သာအောင်နှင့် ကြံကြံခံကျော်လွှားရပ်တည်နိုင်အောင် စွမ်းဆောင်ကြမလဲဆိုတာကို အသာဘေးဖယ်ထားလို့ ဒီအတိုင်း ပြုသမျှနုခံရကာ လည်စင်းပေးနေရခြင်း

အစရှိတဲ့အကြောင်းအရာတွေလွှမ်းနေပါတယ်။ မလိုတဲ့သူတွေက ကြံဖန်အပြစ်ရှာပြောတယ်လို့ဆိုကြမှာဖြစ်ပြီး ဆင်ခြင်တုံတရားရှိသူတွေက ဒီလိုအဖြစ်ဆိုးတွေက လွန်မြောက်အောင်ဘယ်လိုလုပ်ကြမလဲလို့ စဉ်းစားကြမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေဟာ ချစ်ခြင်း၊ မုန်းခြင်းတွေ ဘေးဖယ်ထားလို့ facts အချက်အလက်တွေအပေါ်မှာ အခြေပြုပါတယ်။ ဖော့တွေးတာ ပိုတွေးတာကတော့ တဦးခြင်းဆီရဲ့ ခံယူချက်၊ နားလည်သိရှိမှုအခြေခံနှင့် ရှုမြင်ပုံ ရှုမြင်နည်းတို့အပေါ်ပဲမူတည်ပါတယ်။

နိုင်ငံတခုဖွံ့ဖြိုးတိုးတက်ဘို့ဆိုတာ ညီညွှတ်မျှတတဲ့ 3E လိုပါတယ်။ ဒါတွေကတော့

စီးပွါးရေးမူဝါဒ

စွမ်းအင်မူဝါဒ

ပတ်ဝန်းကျင်မူဝါဒ တို့ဖြစ်ပါတယ်။

အပြုသဘောဆောင်တဲ့ စိတ်ထားနှင့် အကောင်းမြင်ပြီး ဒီ Economic, Energy & Environment အခြေအနေတွေ တိုးတက်လာအောင်ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်မိပေမဲ့ ဘယ့်လို ဘယ်လိုမှ ကောင်းလာဘို့ မမြင်မိတာမို့ failed state ဦးတည်နေပြီလို့ဆိုတာထက် ကျဆုံးနိုင်ငံ ဖြစ်လို့နေပြီလို့သာ မြင်မိပါတယ်။

Related Articles

Back to top button