သတင်း

ဇူလှိုင် ဒုတိယပတ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနှင့် တိုက်ခိုက်ခဲ့ကြောင်း KNDF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင်လ ၁၅

ဇူလှိုင် ဒုတိယပတ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနှင့် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ဘက်က ထုတ်ပြန်ပါတယ်။

ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ မက်စလောင်းတောင် စခန်းကုန်း တိုက်ပွဲအတွင်း စစ်ကောင်စီက ထိခိုက်ကျဆုံးမှု များလာသဖြင့် တာဝေးပစ် လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ပြီး တိုက် လေယာဥ်ဖြင့် (၂) ကြိမ်တိုင်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီးမော့ဆို မြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့မှာ စစ်ရးလှုပ်ရှားမှုများရှိနေပြီး ကရင်နီပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ ထုတ်ပြန် ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီဘက် သေဆုံးသူအချို့ ရှိခဲ့ပြီး စစ်သုံးယဉ်တချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNDF ဘက်က ဆိုပါတယ်။ KNDF ဘက်ကတော့ အဲဒီတိုက်ပွဲမှာ ရဲဘော် တဦးကျဆုံး ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများ လာလျှင် လေကြောင်း တိုက်ခိုက်မှုများ ပိုပြီး ခပ်စိတ်စိတ် အသုံးပြုလာကြောင်း နားလည်ရပါတယ်။

Related Articles

Back to top button