တိုင်းရင်းသားများသတင်း

ကေအိုင်အိုဖွင့်လစ်ထားတဲ့ အထက်တန်းကျောင်း အောင်စာရင်းထုတ်ပြန်

ဓါတ်ပုံ – Simsa Kasa Multimedia

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၆

ကေအိုင်အိုက ဖွင့်လစ်ထားတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ရဲ့ အထက် တန်းကျောင်း အောင်စာရင်းကို ကေအိုင်အို ပညာရေးဌာနက (ယနေ့) ထုတ်ပြန်ပါတယ်။ စာစစ်ဌာန ၉ နေရာမှ ကျောင်းသား၊သူ ဦးရေပေါင်း ၂၁၉၂ ဖြေဆိုခဲ့ကြပြီး အောင်မြင်သူ ၁၆၈၀ ဦးထိ ရှိခဲ့တယ်လို့သိရပါတယ်။

“၂၀၂၁-၂၀၂၂ ပညာသင်နှစ်ရဲ့ အထက်တန်းကျောင်း အောင်မြင်ခဲ့သည့် ကျောင်း၊သူများ ၁၆၈၀ ဦးထဲမှ ဂုဏ်ထူးဆောင်ဖြင့် အောင်မြင်သူ ကျောင်း၊သူများ ၃၀၀ ဦးကျော် ရှိခဲ့တယ်လို့ ကေအိုင်အိုရဲ့ ပညာရေးဌာန အတွင်းရေးမူး ဆဝမ်းနော်ထွယ် Simsa Kasa Multimedia သို့ ပြောဆိုချက်အရ သိရပါတယ်။

ဒါ့အပြင် ယခုလို အောင်စာရင်းထုတ်ပြန်အပြီး လူမှုကွန်ရက် အသုံးပြုသော် ကချင်လူမျိုးစု အတိုင်း အဝန်းများက ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာ(Facebook) များမှ တဆင့် သက်ဆိုင်ရာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ အသီးသီးတို့ကို ဂုဏ်ပြုစကား ဆိုကြသာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

အထက်တန်ကျောင်း အောင်မြင်ထားသော ကျောင်းသား၊သူများသည် ကေအိုင်အိုက ဖွင့်လှစ်ထားသည့် အဆင့်မြှင့်ပညာရေးကျောင်းများဖြစ်သည့် Mai Ja Yang College(MJY), Mai Ja Yang Institute Of Education (MIED), Institute of Liberal Arts and Sciences-Mai Ja Yang(ILAS-MJY) , Federal Law Academy (FLA) စသည့် ကျောင်းများတွင် တတ်ရောက်နိုင်မည် ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် ကေအိုင်အို က ဖွင့်လှစ်ထားသည့် အထက် တန်းကျောင်း၊ အဆင့်မြှင့်ကျောင်းများသို့ ပညာသင်ကြားသည့် ကျောင်းသား၊သူ ဦးရေ ယခင်နှစ်များ ထက် ပို၍ တိုးများလာကြောင်း ပညာရေးဝန်ထမ်းများမှတဆင့် သိရပါတယ်။

Related Articles

Back to top button