တိုင်းရင်းသားများသတင်း

ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)က ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(CBC)၏ ထုတ်ပြန်ချက်နှင့်အတူရပ်တည်ကြောင်း သဘောထားထုတ်ပြန်

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၁

ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)က ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (CBC)၏ ချင်းပြည်နယ် ဒေသခံများ အခြေအနေ နှင့် ထန်တလန် ဖြစ်စဉ်အပေါ် သဘောထား ထုတ်ပြန်ချက်နှင့်အတူ ရပ်တည်ကြောင်း သဘောထား ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်း သဘောထား ထုတ်ပြန်ချက်တွင် သင်းအုပ်ဆရာ Pastor Cung Baik Hum ၏ လူမဆန်စွာ သတ်ဖြတ်ခံရခြင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း သာသနာနယ်မြေများရှိ အဆောက်အဦးများ ပျက်စီးခြင်း၊ သာသနာနယ်မြေများ လုံခြုံမှုမရှိခြင်း၊ ဓမ္မအမှုတော်ဆောင်များ၊ အသင်းသူ အသင်းသားများ နှင့် ပြည်သူများအား အန္တရာယ် ကျရောက် စေခြင်းများ ပြုလုပ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုချကြောင်း ပါရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စ၍ မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်သူများ၏ အနာဂတ်ကို လွန်စွာ စိုးရိမ်မှု ဖြစ်စေကြောင်း ပါရှိသည်။

ပြည်သူလူထုများ၏ ဘ၀ ဘေးကင်း၊ လုံခြုံ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးသည် စစ်မှန်သော အမှန်တရားဘက်မှ ရပ်တည်၍ ပြည်သူများ၏ ဆန္ဒနှင့် သဘောထားများကို အလေးထားဆောင်ရွက်နိုင်မှသာလျှင် ရရှိနိုင်မည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထန်တလန်မြို့တွင် မြန်မာတပ်မတော်မှ လက်နက်အလွန်အကျွံ အသုံးပြုခဲ့ခြင်းကြောင့် လူနေအိမ်များစွာ မီးလောင်ပျက်ဆီး ရခြင်း၊ မီးငြိမ်းရန်သွားရောက်သည့် သင်းအုပ်ဆရာ ပါစတာ ကျုံးဗျက်ဟုမ်း ပစ်သတ်ခံရခြင်း၊ အဆိုပါ သင်းအုပ်ဆရာ၏ နာရီ၊ ဖုန်းနှင့် လက်ထပ်လက်စွပ်ကိုလည်း လက်ချောင်းဖြတ်၍လုယူခြင်းအပေါ် တုန်လှုပ် နာကြည်းခြောက်ခြားဖွယ်တွေ့ရှိ ရပါကြောင်း၊ မြန်မာ့ တပ်မ​တော် ကျူးလွန်​နေသည့် လူ့အခွင့်အ​ရေး နှင့် ဘာသာ​ရေး ပဋိပက္ခအသွင်​ဆောင်သည့် ချိုး​ဖောက်မှု များ အ​ပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ကြောင်း ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(CBC) မှ သ​ဘောထား ထုတ်ပြန် ထားသည်။

Related Articles

Back to top button