တိုင်းရင်းသားများသတင်း

အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခတို့ကြောင့် ကရင်နီပြည်နယ်ရှိ အရပ်သားသေဆုံးမှု (၂၆၃) ဦးထိ တိုးလာကြောင်း PKPF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မေ ၂၈

အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခတို့ကြောင့် ကရင်နီပြည်နယ်ရှိ အရပ်သားသေဆုံးမှု (၂၆၃) ဦးထိ တိုးလာကြောင်း PKPF က ထုတ်ပြန်ထားသည်။
ကရင်နီဒေသတွင်း စစ်ကောင်စီ၏ အကြောင်းမဲ့သတ်ဖြတ်မှုနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းစွာပစ်ခတ်မှု တို့ ကြောင့်သေဆုံးခဲ့ရသော ပြည်သူ – ၂၃၉ ဦးထိ ရှိလာပြီး စစ်ဘေးရှောင်နေစဉ် ဆေးဝါးနှင့် စားနပ် ရိက္ခာမလုံလောက်မှုတို့ကြောင့် သေဆုံးသွားခဲ့ရသောပြည်သူ – ၂၄ ဦးထိ ရှိလာပြီဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဆိုသည်။
တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)သည် မည်သည့်အဖွဲ့အစည်း၏ ငွေကြေးထောက်ပံ့မှုများ ရယူခြင်းမရှိပဲ ကိုယ့်စာရိတ်ကိုယ်စိုက်ကာ ကရင်နီအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ကရင်နီလူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုမိုအားကောင်းစွာ သုတေသနပြုစု သက်သေခံ အချက်အလက်များ ကောက်ယူနေသည့် အဖွဲ့အစည်း တခုဖြစ်သည်။

PKPF ပြုစုထားသောစာရင်းများသည် မြေပြင်အခြေအနေကို အခြေခံထားသလို အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်မှုအပေါ်လည်း အခြေခံ၍ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်သောကြောင့် တချို့သော ကိန်းဂဏန်းများမှာ လွဲမှားနိုင်ကြောင်းလည်း အသိပေးထားသည်။

Related Articles

Back to top button