တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်း တင်ပြခြင်း

(No. 1, January 2, 2024)

၁။ စစ်တွေဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
    January 1, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၁ ရက် မနက်က ပြည်သူ ၁၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်တွေမြို့ မင်ဒြားချိတ်ရွာ​ဟောင်းမှာ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်လောက်က စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ALP အဖွဲ့ဝင် အင်အား ၄၀ လောက် ကား ၉ စီးနဲ့ ရောက်လာပြီး ပြည်သူ ၁၂ ယောက် ကို ဖမ်းဆီးသွားကြတာလို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကတော့ မင်းဒြားချိတ်ရွာ ဟောင်းက အသက် ၃၈ နှစ်အရွယ် ဦးခင်မောင်ဦး၊ အသက် ၆၂ နှစ်အရွယ် ဦးမောင်ဘုချေ၊ အသက် ၂၈ နှစ်အရွယ် ကိုစောအောင်သိန်း၊ အသက် ၃၃ နှစ်အရွယ် ကိုဂျပန်၊ အသက် ၁၉ နှစ်အရွယ် မစောဘုချေ၊ အသက် ၂၈ နှစ်အရွယ် မဆန်းနွယ်ဝင်းနဲ့ ကားနဲ့ အုပ်လာ တင်တဲ့ မွတ်ဆလင်လူမျိုး ၆ ယောက်ကို ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။

စစ်တွေဒေသခံက “သူတို့က ကားတွေနဲ့ရောက်လာပြီး နေအိမ်တွေကို ဝင်ရောက်ကာ အိမ်ထဲမှာ ပုန်းခိုတွင်းတွေရှိမရှိ စစ်ဆေးတယ်။ ဧည့်စာရင်းစစ်ဆေးတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးကြတယ်။ နောက်ပြီး ဘေးတွဲဆိုင်ကယ်မောင်းလာတဲ့ သူ တယောက်ကို ရိုက်နှက်ဖမ်းဆီးပြီး ဘေးတွဲကိုတော့ စစ်သားတယောက်က မောင်းသွားတယ်။ ဖမ်းဆီးခံရတဲ့သူ ၁၂ ယောက် လုံးကိုတော့ စစ်တွေ မြို့မရဲစခန်းဘက်ကို ခေါ်သွားကြတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီ တပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဒေသခံပြည်သူ ၂၅၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/6 32002

၂။ အဆုံးသတ်အောင်ပွဲအတွက် ဘုံရန်သူကို တညီတညွတ် တွန်းလှန်ကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း
    January 1, 2024

အဆုံးသတ်အောင်ပွဲရဖို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဘုံရန်သူကို တညီတညွတ် တွန်းလှန်ကြဖို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ ပြောပါတယ်။“၂၀၂၃ ခုနှစ်ထဲ တော်လှန်ရေးအဖွဲ့‌တွေ သိမ်း ပိုက်နိုင်တဲ့အဆင့်ဟာ ထူးခြားပြီး (ထင်ထားတာထက်) ကျော်လွန်နေတယ်။ တနိုင်ငံလုံးအနှံ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအားလုံး တညီတညွတ်တည်း တိုက်ပွဲဝင် ‌တော်လှန်လာရာ စစ်ကောင်စီတပ် ခံနိုင်ရည်မရှိဘဲ ရှုံးနိမ့်လာတာကို တွေ့ရ ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ၂၀၂၄ မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်လို့ ယူဆရပါတယ်။” အဆုံးသတ် ဝောာ်လှန်ရေးအောင်ပွဲခံရဖို့ ဝောာ်လှန်ရေးအဖွဲ့တွေအချင်းချင်း စိတ်ဝမ်း တညီတညွတ်နဲ့ အဓိကဘုံရန်သူကို တိုက်ခိုက်သွားဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေကြား အချင်းချင်း၊ လူမျိုးတမျိုးနဲ့တမျိုးကြား ဖြေရှင်းရခက်တဲ့ ပြဿနာတွေ မဖြစ်အောင် သတိထားဖို့ လည်း ပြောကြားထားပါတယ်။

တော်လှန်ရေးအတွေ့အကြုံတွေကို ထိထိရောက်ရောက် အသုံးချပြီး နည်းဗျူဟာအသစ်တွေနဲ့ ပြီးခဲ့တဲ့နှစ်က လုပ်ငန်း တွေ ကို ပြန်လည်သုံးသပ်ကာ ပိုကောင်းအောင် လုပ်သွားဖို့လည်း တိုက်တွန်းထားပါတယ်။ “လွတ်မြောက်ဖို့ ပြည်သူတွေ ဒုက္ ခကြုံလာရမယ်။ ဘယ်လိုမျိုး ခက်ခဲဒုက္ခတွေကို ကြုံရကြုံရ ကြောက်လန့်ပြီး လက်မြှောက်အရှုံးပေးစရာ မလိုကြောင်း” လည်း ပါရှိပါတယ်။ စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေ ပျက်စီးဆုံးရှုံးနေရတာကြောင့် စစ်ရှောင်တွေကို သတ်ဖြတ်ခဲ့သလို မြန်မာတနိုင်ငံ လုံးက ပြည်သူတွေကိုလည်း ရန်သူသဖွယ် တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ https://burmese.dvb.no/post/631984
၃။  ၂၀၂၄ က ချင်းပြည်အတွက် အလွန်အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီဥက္ကဌ ပြော
    January 2, 2024

၂၀၂၄ ခုနှစ်သည် ချင်းပြည်အတွက် အလွန်အရေးကြီးသော “နှစ်”တစ်နှစ်ဖြစ်ပြီး အရေးတကြီး အကောင်အထည်ဖော်ရ မည့်အချက် (၄)ချက်ရှိကြောင်း ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung ကပြောသည်။ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ လည်း ချင်းလဲန်းကောင်စီဥက္ကဌ Pu Zing Cung က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က နှစ်သစ်နှုတ်ခွန်းဆက် စကားတွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။ ပထမအချက်သည် “စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းရေး” ဖြစ်ပြီး ယင်းစနစ်ကို ကျောထောက် နောက်ခံပေးနေသည့် စစ်တပ်နှင့် ၎င်း၏ ယန္တရားတစ်ခုလုံကို ချေးမှုန်းရန်ဖြစ်သည်ဟု ကောင်စီ ဥက္ကဌက ပြောသည်။ ဒုတိယ အချက်သည် “ချင်းအမျိုးသားပိုက်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားတို့၏ ပိုက်နက် နယ်မြေ အစိတ်အပိုင်းတချို့ကို စစ်ကောင်စီက အုပ်ချုပ်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကို အပြီးအပိုင်တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တတိယအချက်သည် “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းလဲန်းတည်ဆောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားရေး လှုပ်ရှားမှုမှာ အင်အားစုတစ်ရပ်လုံး စုစည်းမှသာ အရှိန်အဟုန်နှင့် တိုက်ပွဲဝင်နိုင်မှာဖြစ်ကြောင်း၊ ချင်းလဲန်း တည်ဆောက်ရေးမှာ ချင်းအမျိုးသားများနှင့် ချင်းလဲန်းပြည်သူ တစ်ရပ်လုံး တက်ညီလက်ညီတာဝန်ထမ်းရွက်ကြမည်ဟု ယုံကြည် ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးအချက်သည် “နိုင်ငံရေးနဲ့ အမျိးသားတန်းတူရေး အားမခံချက် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး” ဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ချင်းပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင်တခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အကောင်းဆုံးအခွင့်အလမ်းဖြစ် ကြောင်း၊ ယင်းကို အမိအရ ဆုပ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ အားလုံး စုစုစည်းစည်းဖြင့် ပူးပေါင်း တိုက်ပွဲဝင်ရန် လိုအပ်သည်ဟု ချင်းလဲန်း ကောင်စီ ဥက္ကဌက ပြောသည်။ ၂၀၂၃ ခုနှစ်မှာ နာကျည်းမှု၊ ဝမ်းနည်း ပူဆွေးမှု၊ ဆုံးရှုံးမှု များ ကြုံခဲ့ရသော်လည်း စစ်ရေးကဏ္ဏမှာ စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့ သည့်အပြင် တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးကဏ္ဏမှာ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးရန် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ချင်းလဲန်းကောင်စီကို ပြဌာန်းနိုင်ခဲ့ကြောင်း သိရသည်။ https://www.facebook .com/photo/?fbid=862547329207655&set=a.723151876480 535
၄။ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို TNLA က တိုက်ခိုက် သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်
    January 1, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီရဲ့ ဗျူဟာမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်း ကို တိုက်ခိုက်သိမ်းယူ နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအရ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၃ ရက်ကြာပြီးနောက် ၃၁ ရက်နေ့ည ၁၂ နာရီ ဝန်းကျင် လောက်မှာ တပ်စခန်း ဗျူဟာကုန်း အပါအဝင်၊ ရဲစခန်းနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးတွေ အားလုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ တပ်စခန်းဟာ စစ်ကောင်စီရဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခြေလျှင်တပ်ရင်းတွေ ဖြစ်တဲ့ ခလရ – ၂၅၃၊ ခလရ – ၂၃၅ တို့က အထိုင်ချ စစ်ရေး လှုပ်ရှားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်၊ Y12 လေယာဉ်နဲ့ ၁၉ ကြိမ် လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

ဒါ့အပြင် မိုင်းငေါ့တပ်စခန်းနဲ့ ကျောက်မဲမြို့ တပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ အကြိမ် ၅၀ ထက်မနည်း မြို့ထဲကို ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ၃ ရက်တာ ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက် ကြီး ရမ်သန်း ပစ်ခတ်မှုတွေကြောင့် မြို့ခံ အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင်  ဘာသာ ရေးအဆောက်အဦးနဲ့ လူနေအိမ် (၁၉) လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တိုက်ပွဲ မဖြစ်ပွားမီ ရက်တွေက စစ်ကောင်စီတပ်ဟာ MI 17 ထောက်ပို့လေယာဉ်နဲ့ လက်နက်အင်အား၊ လူအင်အား စစ်ကူတွေကို ၃ ကြိမ်တိတိ လာရောက်ပို့ ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=39 4613936258390&set=pcb.394614069591 710
၅။ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေးနှင့် အသွင်ကူးပြောင်းကာလ ဖွဲ့စည်းပုံပေါ်ပေါက်ရေး NUCC နှင့် NUG ပူးတွဲ ကြေညာ
January 1, 2024

တော်လှန်ရေးအင်အားစုတွေအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံး ရရှိရေးနဲ့ အသွင်ကူးပြောင်းရေး ကာ လ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်နေတယ်လို့ အမျိုးသားညီ ညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဇန်နဝါရီ ၁ ရက်နေ့မှာ ၂၀၂၄ နှစ်သစ် ကူး ကြေညာချက်ကို ပူးတွဲထုတ်ပြန်ပါတယ်။ ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး NUG သမ္မတရုံး ပြောခွင့်ရှိ သူ ဦးကျော်ဇော်က “ဘုံနိုင်ငံရေးသဘောတူညီချက်အတွက် တော်လှန်ရေးအင်အားစု အသီးသီးရဲ့ ထိန်းချုပ်ဒေသတွေမှာ ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနဲ့ အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေး အစီအမံတွေအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှု တွေ စဉ်ဆက်မပြတ် ပြုလုပ်နေပါတယ်။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် အသွင်ကူး ပြောင်းရေးကာလမှာ တရားမျှတမှု ပြန်လည်ရရှိဖို့ အပါအဝင် ပြည်သူတွေ အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူ ထောင်ရေး အစီအမံတွေကို တော်လှန်ရေးအင်အားစုတွေကြားမှာ ညှိနှိုင်းဆွေးနွေးနေပါတယ်။ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှုတွေကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ယုံကြည်မှုနဲ့ ညီညွတ်ရေးတို့ ပိုပြီး အားကောင်းလာစေဖို့ သတိထားဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း နိုင်ငံတကာအစိုးရတွေနဲ့ တိုင်းရင်းသားပြည်သူ အားလုံး ကို အသိပေးချင်တာ ဖြစ်ပါတယ်” လို့ ပြောပါ တယ်။

ပူးတွဲကြေညာချက်မှာ တော်လှန်ရေးကာလ ၃ နှစ်နီးပါးအကြာမှာ ၂၀၂၃ ခုနှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင် ရေးတွေနဲ့အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်တွေနဲ့ လက်တွေ့ကျတဲ့ အောင်မြင်မှုတွေ ရရှိနေပြီဖြစ်ကြောင်း ဖော်ပြထားပါ တယ်။ အောင်မြင်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူတွေ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ PDF တပ်ဖွဲ့ တွေရဲ့ အားထုတ်မှုတို့ကြောင့် ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ တော်လှန်ရေးအောင်မြင်မှုလမ်းစ ရလာချိန်မှာ နိုင်ငံရေး အစုအဖွဲ့တွေအကြား ငြင်းခုံဝေဖန်မှုတွေ၊ စုပေါင်းခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်တွေ၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒေသအုပ်ချုပ် ရေး၊ လုံခြုံရေးဆိုင်ရာ ဥပဒေတွေ တိတိပပ မပြဋ္ဌာန်းနိုင်သေးတဲ့အပေါ် စိုးရိမ်မှုတွေ ရှိလာပြီးတဲ့ နောက် NUCC နဲ့ NUG တို့ရဲ့ ပူးတွဲကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၅၂၃ မြို့အထိရှိနေပြီး မြို့ပေါင်း ၂၁ မြို့ သိမ်းယူနိုင်တယ်ဆိုတာဟာ ကိန်းဂဏန်းအားဖြင့် ကြီးမားတဲ့ အပြောင်းအလဲတော့ မဟုတ် သေးဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ https://burmese.dvb.no/post/631943

၆။စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ စစ်ကောင်စီဖြတ်တောက်၊ တိုက်ပွဲပြင်းထန်နေ
   January 1, 2024

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်တောင်းမြစ်အရှေ့ ဘက် ခြမ်း ဒေသတွေမှာ စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေ ထံကနေသိရပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်က စတင်ကာ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပြီး နတ်သံကွင်း၊ ပဲနွယ်ကုန်းနဲ့ မုန်းဒေသတဝိုက်အပါအဝင် နေရာအများအပြားမှာ ဖြတ်တောက်ထားတာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်း မြစ် တစ်ဦးက ပြောပါတယ်။“နတ်သံကွင်းကို တော်လှန်ရေးတပ်တွေထိန်းလိုက်ပြီးတော့ စစ်ကောင်စီက စစ်ကူတွေပို့တယ်။ အဲ ဒီဒေသတွေမှာ အဓိက ဖြတ်တောက်ထားတယ်” လို့ သူက ပြောပါတယ်။ နတ်သံကွင်း၊ ပဲနွယ်ကုန်းဒေသ တဝိုက်မှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဒီဇင်ဘာလ ၃၁ ရက် တစ်ရက်တည်းမှာ တင် လေကြောင်း တိုက်ခိုက်မှု ၉ကြိမ် ပြုလုပ်ထားတယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေက စစ်မဖြစ်တဲ့ နေရာတွေမှာလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေပြီး ပြည်သူလူထု နေအိမ်တွေ ထိခိုက်တာ ရှိတယ်လို့ သူက ပြောပါတယ်။ ပဲနွယ်ကုန်းနဲ့ ကျောက်ကြီးကြားမှာရှိတဲ့ နတ်သံကွင်းမြို့ကို ဒီဇင်ဘာလ ၂၆ရက်က KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဝင်ရောက်သိမ်းပိုက် ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာကြောင့် လူနေအဆောက် အဦတွေ ထိခိုက်ခဲ့ ပြီး ဒီဇင်ဘာလ ၂၇ ရက်မှာ ပဲနွယ်ကုန်းမြို့နယ်၊ သဲကောကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော် လက်နက်ကြီး ထိမှန် ပျံလွန်တော်မူခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=39401 0796318704&set=a.285900490463069
၇။ လောက်ကိုင်တွင် စစ်တပ်က အဆိပ်သင့်ဓာတုဗုံးဖြင့်တိုက်ခိုက်၊ ကလေးငယ် ၂ ဦးသေဆုံး
   January 1, 2024

စစ်ကောင်စီတပ်ဟာ လောက်ကိုင်ဒေသ၊ တာရွှေထန်ကို အဆိပ်သင့်ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၁၀ ယောက် အဆိပ်သင့်ပြီး ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အဆိပ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့နေရာက ဒေသခံတွေကို MNDAA က သွားရောက် ကယ်ဆယ် ခေါ်ဆောင်ခဲ့ပြီး အဲဒီကထွက်မလာခင် သေဆုံးသွားတဲ့ ကလေးငယ်တွေကို သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဒေသခံ တယောက်က MNDAA ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာ ပြောဆိုထားပါတယ်။“အငွေ့တွေဝင်လာတော့ ကြောက်ပြီး တံခါးပိတ် လိုက်တာ။ ပိတ်ပြီးတော့ ၅ မိနစ်လောက်နေတော့ မူးတယ် မူးတယ်ဆိုပြီး အကုန်လုံးလဲကုန်တာ၊ သတိမရတော့ဘူ်၊ မနက်ကျမှ သတိရတယ်။ ကလေး ၂ ယောက်က ဆုံးသွားတယ်။ ဆရာတို့အဖွဲ့ လာကြိုခါနီးကျမှ သင်္ဂြိုဟ်ခဲ့ရတယ်။ ၁၄ နှစ်တယောက်၊ ၃ နှစ်တယောက်။” အဲဒီဗုံးက အငွေ့ကို ရှူပြီးနောက်မှာ မူးဝေတာ၊ အန်တာတွေဖြစ်ပြီး သူဆိုရင် နားထဲက သွေးပါထွက်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

နောက်ထပ် ဒေသခံအမျိုးသမီးတယောက်ကလည်း ဖြစ်ကာစ သတိရှိနေတုန်းမှာ ခြေတွေလက်တွေ မသယ်နိုင်တော့ဘဲ အားယူထကြည့်ပေမဲ့ ပစ်လဲသွားတယ်လို့ ပြောထားပါတယ်။ အန်တာ၊ အသက်ရှူကြပ်တာနဲ့ ရင်ဘတ်အောင့်တာတို့လည်း ဖြစ်ကြပြီး တချို့ကတော့ ဝမ်းလျှောတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ နယ်နဲ့ သိန္နီမြို့နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်တို့မှာ ဓာတုဗုံးနဲ့ တိုက်ခိုက်တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေး တပ်တွေက ပြောဆိုထားသလို ချင်းပြည်နယ်မှာလည်း ဓာတုဗုံး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/post/631906
၈။  ကော့ကရိတ်က စစ်ကောင်စီစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေနှစ်ရက်အတွင်းသိမ်းပိုက်ပြီး ဆက်လက် ထိန်းချုပ် ထား
   January 1, 2024

စစ်ကောင်စီတပ်စွဲထားတဲ့ ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်းကျေးရွာရှိ စာသင်ကျောင်းရှိ တပ်စခန်းနဲ့ ရဲစခန်း ကို နှစ်ရက်အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ အဲဒီစခန်းနှစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့လ ၂၇ ရက်နေ့မနက်စောစောပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၈ ရက်နေ့ည ပိုင်း မှာတော့ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါစခန်းနှစ်ခုကို လက်ရှိအချိန်ထိလည်း ထိန်းချုပ်ထားဆဲဖြစ် တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အဖွဲ့ခေါင်းဆောင် ကိုအောင်စံရှား​က ပြောပါတယ်။ ” စခန်းတွေကိုရော၊ တောင်ကြာအင်း တံတား ကိုရော၊ အာရှလမ်းပေါ်အထိပါ ထိန်းချုပ်စိုးမိုးထားဆဲပါ” လို့ ကိုအောင်စံရှားက ပြောပါတယ်။ စခန်းသိမ်း စစ်ဆင်‌ရေးအတွင်း စစ်ကောင်စီဘက်က ၁၄ ဦးသေဆုံးပြီး ၁၁ ဦးလက်နက်ချ အညံ့ခံခဲ့တယ်လို့ SOF က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လက်နက် ၂၈ လက်နဲ့ ကျည်ခဲယမ်းတွေ အများအပြားသိမ်းမိတယ်လို့လည်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

အခုစစ်ဆေးရေးကို KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F၊ federal wings ဒရုန်းအဖွဲ့၊ ဂဠုန်စစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့တို့ကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်ကရဲဘော် ၁ ဦး ကျဆုံးခဲ့ ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း SOF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ မနေ့က ည ပိုင်း အထိ ကော့ကရိတ်မြို့ကနေ ၁၂၀မမ နဲ့ အတွဲလိုက်ပစ်ဒုံး (ဟောင်ဝှစ်ဇာ) တွေကိုအသုံးပြုပြီး ရွာဘက်တွေ ကို နေ့ရောညပါ ဆက်တိုက်ပစ်ခတ်နေတယ်လို့ SOF အဖွဲ့ခေါင်းဆောင် ကိုအောင်စံရှား ပြောပြချက်အရ သိရပါတယ်။ KNU တပ်မဟာ ၆ ထိန်း ချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်အတွင်းက တောင်ကြာအင်းကျေးရွာမှာ စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးပူးပေါင်းတပ် တွေကြား လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ https://www.faceb ook.com/photo/?fbid=39143680994 0741&set=pcb.391436936607395

၉။ ကွတ်ခိုင်မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
   January 1, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့အနီး ဟွေခုတ်ရွာအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၁ ရက် မနက် ၁၁ နာရီခွဲ ဝန်း ကျင်မှာ ဟွေခုတ်ရွာထဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ မိသားစုလိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ရွာအတွင်းထဲကို လေယာဉ်နဲ့ လာကြဲတာ။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိမှာပေါ့ သွားမကြည့်ရဲ ဘူး။ သူတို့မိသားစုက ထိုင်စကားပြောရင်း လေယာဉ်နဲ့ လာပစ်သွားတာ။ သတင်းအချက်အလက် အသေးစိတ်တွေ မသိရ သေးဘူး” ထိခိုက်သေဆုံးသွားသူက အသက် ၅၀ အရွယ် ဦးအိုက်ကစ်ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူက ၎င်းရဲ့အမျိုး သမီး ၅၀ အရွယ် ယာအိုနဲ့ အသက် ၂၃ နှစ်၊ ၂၅ နှစ်အရွယ် သမီး ၂ ဦးတို့ပဲဖြစ်ပါတယ်။

နောက်ထပ် အမျိုးသမီးတစ်ဦးက “မြို့သစ်က တောင်တန်ကျောင်းဝန်းထဲမှာလည်း လေယာဉ်နဲ့ ၅ စီး ဗုံးကြဲလာတယ်။ ဓမ္မာရုံကြီးလည်း အကုန်ပျက်စီးပြီ။ ဘုန်းကြီးကျောင်းသားတစ်ယောက်ထိတယ်” လို့ ပြောပါတယ်။ ကွတ်ခိုင်မြို့မှာ စစ်တပ် က လေယာဉ် ၅ စီးနဲ့ နမ့်ဟူးဒါင်း၊ ဟွေခုတ်၊ မန်ထန်၊ ဟိုကျန့်၊ ခိုတင်၊ မန်ဂျက်၊ လွယ်ဆိုင်၊ မန်စက်ရွာကြားနဲ့ ခိုလုံရွာ ကြားမှာ ညနေ ၆ နာရီကျော်အထိ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။ https://www.f acebook. com/photo?fbid=694082 032899064&set=a.404503215190282
၁၀။ ပေါင်မြို့နယ်တွင် ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေဆုံး
     January 1, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာ၊ ကမ်းနားမှာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဘိန်းစာရွက် တွေ တင်ဆောင်လာတဲ့ မော်တော်ယာဥ်တစီးကို စစ်ကောင်စီရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ သတင်းအရ ဟိုက်ဂျက်အမျိုးအစား အဖြူရောင်မော်တော်ယာဥ်တစီးကို တားဆီးခဲ့ရာ မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ အခင်းဖြစ်နေရာအနီး နေထိုင်သူတဦးက ပြောပါတယ်။“ရဲက တားတာကို ကားကမရပ်ဘဲ အဲ့ဒီရဲကို တိုက်ပြီး ထွက်ပြေးတာ။ ကားနောက်ကပါလာတဲ့ ဆိုင်ကယ်တစီးလည်း မရပ်ဘဲ ထွက်ပြေးတာပေါ့။”

မုတ္တမနယ်မြေရဲစခန်းနဲ့ နီးစပ်သူတဦးက “ကားနဲ့အတိုက်ခံရတဲ့ ရဲတပ်သားက ပွန်းပဲ့ဒဏ်ရာတွေ ရသွားပြီး နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ဖမ်းတာ။ BA-94 သေနတ်နဲ့ တချက်ခြောက်ပစ်လိုက်တာ ဆိုင်ကယ်သမားကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ကားသမား ၂ ယောက်ကတော့ ကျွဲခြံသင်္ချိုင်းကုန်းလမ်းအတိုင်း မောင်းပြေးရာက ကားထားပြီး ကိုယ်လွတ် ရုန်း ထွက်ပြေးခဲ့တာပါ” လို့ ပြောပါတယ်။ ဟိုက်ဂျက်မော်တော်ယာဉ်ပေါ်က တထုပ်ကို ၁၀ ပိဿာခန့်ရှိတဲ့ ဘိန်းစာရွက်အစို ၁၃ ထုပ်၊ အမည်မသိ သေဆုံးသူရဲ့ ဆိုင်ကယ်တူးဘောက်အတွင်းမှ MG-36 လက်ပစ်ဗုံးတလုံးနဲ့အတူ ဗုံးမှာတပ်ဆင်အသုံးပြုတဲ့ အဖြူ ရောင် ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့(ဖျုစ်) ၁ ချောင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။ https ://burmese.dvb.no/post/631990

၁၁။ တောင်ကြာအင်း ရဲစခန်းနှင့်တပ်စခန်း တိုက်ခိုက်သိမ်းတိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိကြောင်း KNLA ထုတ်ပြန်
   December 30, 2023

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ကြာအင်း ဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်၏ လာ့တကော( တောင်ကြာအင်း) ရဲစခန်းနှင့် တပ်စခန်းအား ဒီဇင်ဘာလ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရာတွင် ရဲတပ် ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိပြီး လက်နက် ၂၅ လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်(KNLA) ဗဟိုက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) နှင့် ကရင် အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) ဦးစီးသော တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်းအချိန်ဝင်ရောက်တိုက်ခိုက်ချေမှုန်းပြီး စခန်းအားသိမ်းပိုက်ရရှိခဲ့ဖြစ် သည်ဟု KNLA က ထုတ်ပြန်ထားသည်။ https://kicnews.org/2023/12/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba

၁၂။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ (၁) ကို အခြေခံဥပဒေဖြင့် ထူထောင်မည်ဟု MNDAA က တရားဝင် ကြေညာ 
   January 2, 2023

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသော နယ်မြေများအနက်မှ ကိုးကန့် MNDAA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေများကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ်  အခြေခံ ဥပဒေဖြင့် ထူထောင်မည်ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်း ပြည်နယ် အထူးဒေသ(၁) အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က တရား ဝင် ယနေ့ ကြေညာသည်။ ၂၀၂၄ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာအဖြစ် မြန်မာပြည် သူများသို့ တော်လှန်ရေး သတင်းစကားများပေးပို့ရင်း ၎င်းက အထက်ပါအတိုင်း ပြောဆိုကြေညာလိုက်ခြင်းဖြစ်သည်။  “မြန်မာနိုင်ငံရှမ်းပြည်နယ် အထူးဒေသ (၁)၏ အာဏာပြန်လည်ရရှိရေးသည် မိမိတို့အမျိုးသားရေးလုပ်ငန်းစဉ်၏ ပထမ ခြေလှမ်းမျှသာဖြစ်သည်။ မိမိတို့ အနေဖြင့်  အထူးဒေသ(၁)ကို ပြန်လည်ထူထောင်ရန်အတွက် ပါတီ ၊ အုပ်ချုပ်ရေး ကော်မတီ နှင့် တပ်မတော်တည်ဆောက်ရေး စနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ် နှင့် ကေဒါသင်တန်းများစသည်ဖြင့် ပြင်ဆင်မှုများပြုခဲ့ပြီးဖြစ်သော်လည်း စစ်ပွဲအပြီး ကိုးကန့်ဒေသ ပြန်လည်ကောင်းမွန်လာစေရန်အတွက်  ရဲဘော်တို့အနေဖြင့် ရှေးတော်လှန်ရေးသမား၊လူကြီးတို့၏ ချွေတာတတ် သော အစဉ် အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကိုဆက်ခံပြီး မိမိ‌ဒေသ တည်ဆောက်ရေးအပေါ်ကို  အစွန်းကုန် အပင်ပန်းခံ ကြိုးစား အားထုတ်သောလုပ်ဟန်ဖြင့် “ အထူးဒေသ (၁) အခြေခံ ဥပဒေ ”ကို အခြေခံပြီး   ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူ လူထုနှင့် တကွ ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်” ဟု  MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က ပြောဆိုသည်။

” အထူးဒေသ(၁)နယ်မြေအတွင်းမှာ တိုင်းရင်းသားဖိနှိပ်ခံရမှုဆိုသည်မှာ လုံးဝရှိမည်မဟုတ်တော့ပါ။ ပုဂ္ဂလိက လက်နက် ကိုင် အဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေလည်း မရှိတော့ပါ။ အိမ်ဖော်တွေလမ်းပေါ်ထွက်ပြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ တွေကို ထိခိုက်စေခြင်းလည်း မရှိတော့ပါ။ ကိုးကန့်၏ အနာဂတ်မည်မျှပင်ခက်ခဲစေကာမူ အထူးဒေသ အုပ်ချုပ်‌ရေး ကော်မတီအနေဖြင့် ဆိုင်ဘာမှုခင်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများပြန်လည်ရှင်သန်လာခြင်းမျိုးကို လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။ ပြည်သူလူထုများလည်း ဖိနှိပ်မှုများကိုမခံစေရပါ။ ကိုးကန့်ရုပ်သေးအဖွဲ့ တို့အုပ်ချုပ်စဉ်အတွင်း အကျင့်ပျက် ခြစားမှုများ နှင့် အကျင့်ဆိုးများအားလုံးကို လုံးလုံးလျားလျား ပပျောက်စေမည်ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် အထူးဒေသ(၁)အတွင်းရှိ စစ်သား များနှင့် အရပ်သားအားလုံးကို တာဝန်ရှိစွာဖြင့် ပြောပြနိုင်သည်မှာ – “ MNTJP ပါတီ၊ MNDAA တပ်မတော် နှင့် အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီတို့အနေဖြင့်  ‌ဒေသအတွင်းရှိ ပြည်သူလူထုများအတွက် ဖွံ့ဖြိုးတိုးတက်ရေးပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ (၁) တစ်ခုကို တည်ဆောက်ပေးရန် ကတိပြုပါသည်”ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က ကြေညာပြောဆိုသည်။ MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြို့ပေါင်း ၁၃ မြို့နှင့် စစ်စခန်းပေါင်း ၄၀၀ ကျော်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည်။ https://www.facebook.com/photo/?fbid=7267 79456216330&set=a.568142278746716
၁၃။ လဟယ်မြို့နယ်မှာ လူငယ်တွေကိုနေ့စားပေးပြီး စစ်သင်တန်းပေးနေ
    December 28, 2023

စစ်ကိုင်းတိုင်း နာဂဒေသ လဟယ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို နေ့စားပေးပြီး စစ်သင်တန်းပေးနေ တယ်လို့ လဟယ်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး လဟယ်မြို့နယ်မှာရှိတဲ့ Non-CDM ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်ကို အတင်းအဓ္ဓမအခြေခံစစ်သင်တန်းပေးခဲ့ရာကနေ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တော့ Non-CDM တွေကို သင်တန်းဆင်းပေးပြီး နောက်ထပ် လဟယ်မြို့နယ်မှာရှိတဲ့ ရပ်ကျေးထဲက လူငယ်တွေကို ဒုတိယအသုတ်အနေနဲ့ စစ်သင်တန်းထပ်ပေးနေတာဖြစ်တယ်လို့ လဟယ်မြို့ခံတစ်ဦးက ပြောပါတယ်။“ဝန်ထမ်းတွေက ပြီးသွားဘဲ ခုနောက်ထပ် လူငယ်တွေကို ပြန်ပေးနေတယ်လို့ သိရတယ်။ ခုရပ်ကျေးထဲက လူငယ်တွေ တစ်နေ့ကို နေ့စားခ ၇၀၀၀ ပေးပြီး စစ်သင်တန်း ပေးနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပထမအသုတ် Non-CDM ဝန်ထမ်းတွေ ကိုလည်း စစ်သင်တန်း တက်ချိန် တစ်ဦးကို နေ့တွက်စား တစ်ရက် ကျပ် ၇၀၀၀ ပေးခဲ့သလို လက်ရှိထပ်ပြီးစစ်သင်တန်း ပေးနေတဲ့ လူငယ်တွေကို နေ့စားခ ၇၀၀၀ ပေးပြီး စစ်သင်တန်းပေးနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ခုလို ဝန်ထမ်းတွေနဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ အဓိကဖိအားပေးနေသူဟာ နာဂဒေသစစ်ကောင်စီ အတွင်းရေး မှူး နေမင်းသူနဲ့ လဟယ်မြို့ပေါ်က အထိုင်တပ်တစ်ခုဖြစ်တဲ့ ခလရ ၂၇၂ တပ်က တပ်ရင်းမှူးတို့ဖြစ်ပြီး စစ်သင်တန်းကိုလည်း ခလရ ၂၇၂ တပ်ရင်းမှာ သင်တန်းပေးနေတာလို့ ဆိုပါတယ်။“ခုက ရပ်ကျေးအဆင့်စတာ လူငယ်တွေက တစ်ချို့ကျတော့ မသွား ချင်လည်း သွားရတဲ့အနေထားမှာရှိနေတယ်။ တစ်ချို့ကျတော့ နေ့စားရလို့သွားတာလည်းရှိပါတယ်။ ခုကျနော်တို့ ကြားရ တာ လူငယ်တွေလည်း ၁၀၀ လောက်ရှိတယ်ပြောတယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ဘက်မှာက စစ်တပ်ကသူ လုပ်ချင်သလိုလုပ် နေတာ”လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက လဟယ်မြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသထဲက မြို့နယ်တစ်ခု ဖြစ်တဲ့အလားတူ စစ်အာဏာသိမ်း ကာလအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ နာဂလက်နက် ကိုင်တပ်၊ PDF တွေကြားတိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။ https://burmese.kachinnews.com/2023/12/28/zm1-141/
၁၄။ ပင်လောင်းမြို့မှာ ခိုလှုံနေတဲ့ ၁၀ နှစ်အောက် ကရင်နီစစ်ရှောင်ကလေးငယ် ၈၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်ပွားနေ
     December 29, 2023

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲကို ရောက်ရှိခိုလှုံနေတဲ့ ကရင်နီစစ်ရှောင်တွေထဲမှာ ၁၀ အောက် ကလေးငယ် ၃၀၀ ကျော်ရှိပြီး ၈၀ ဦးဝန်းကျင်ဟာ ရာသီတုပ်ကွေးကြောင့် ဖျားနာနေကြတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါ တယ်။ “၁၀ နှစ်အောက်တွေ ဖြစ်တာပိုများတယ်။ ကလေးတွေဖျားပြီဆို ချက်ချင်း ဆေးတွေ လာယူကြတယ်။ တစ်ချို့က အဝတ်အစား မလုံ လောက်တာရှိတော့ ဖျားနာတာများတယ် အေးလို့။” လို့ ကရင်နီစစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကလေးတွေ ရာသီတုပ်ကွေးဖြစ်ကြတဲ့ လက္ခဏာတွေဟာ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းယောင်၊ ဖျားနာတာ တွေ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်ကလေးတွေအတွက် ဆေးဝါးတွေ လုံလောက် မှုမရှိတဲ့အပြင် တချို့စစ်ရှောင် စခန်း တွေမှာ ဆေးဝါးအကူအညီမရရှိဘူးလို့ ဆိုပါတယ်။“ဆေးဝါးတွေကလဲ အလုံအလောက်မရှိတော့ ဘာမှမလုပ်ပေးနိုင် တဲ့နေရာလဲရှိတယ်။ ပြီးတော့ ဆေးတွေလဲ သယ်လို့မရဘူး။ ပေးလဲ မသယ်ဘူး”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြော ပါတယ်။ ပင်လောင်းမြို့နယ်ထဲမှာ ရောက်ရှိခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ၂ သောင်းဝန်းကျင်ရှိနေပြီး အများစုကတော့ ကရင်နီပြည် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။ https://www.kantarawaddy times.org/%e1%80%95%e 1%80%84%e1%80%ba%e1%80%9c%e1%80%b1%e1%80
၁၅။ စစ်ကောင်စီက ဖမ်းဆီးသွားသည့် အမျိုးသား ခေါင်းဖြတ်အသတ်ခံလိုက်ရ
   January 2, 2024

လောင်းလုံးမြို့တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် ခေါင်းဖြတ်သတ်သွားခဲ့ သည်ဟု ဒေသခံ ရွာသားများကပြောသည်။ တစ်ရက်အကြာတွင် စစ်ပြဲကျေးရွာအရှေ့ဘက်ရှိ ရေကန်ထဲတွင် ခေါင်းမပါသည့် အဆိုပါ အမျိုးသား၏ အလောင်းအား စွန့်ပစ်ထားသည်ဟု ရွာသားများက ပြောသည်။  အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “သူက နာတာရှည် တီဘီရောဂါသည် တစ်ယောက်ပါ၊ ကျန်းမာရေး မကောင်းလို့ ဘယ်မှလည်း သွားလာတဲ့သူ မဟုတ်ပါ ဘူး” ဟု ပြောသည်။ ဖမ်းဆီးခံသူမှာ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု၊ ပိန်းရှောင်ကျေးရွာက အသက် ၃၀ နှစ် အရွယ် ကိုတိုးနိုး ဆိုသူ ဖြစ်သည်။ ၎င်း၏ ဦးခေါင်းမပါသော အလောင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်တွေ ခဲ့ကြခြင်း ဖြစ်သည်။ ဦးခေါင်းမရှိတော့သည့် ကိုတိုးနိုး ခန္ဓာကိုယ်ပိုင်းကို ကွန်ကရစ်တိုင်တွင် ကြိုးနှင့် ပူးချည်ပြီး ရေကန်ထဲ သို့ ပစ်ချ ထားခဲ့သည့်အပြင် ဦးခေါင်းကို ရွာထဲရှိ ငှက်ပျောတောအထဲတွင် စွန့်ပစ်ထားသည်ဟု ရွာသားများက ဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက စစ်ပြဲကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုတိုးနိုးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ အလားတူ ကိုတိုးနိုးနှင့်အတူ အဖမ်းခံထားရသည့် စပါးသယ်နေသူ အမျိုးသား ၃ ဦးမှာလည်း ယနေ့အချိန်ထိ အဆက်အသွယ် မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြရသည်ဟု နီးစပ်သူတစ်ဦးက ပြော သည်။

ဒီဇင်ဘာ ၂၇ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ပြဲကျေးရွာဘက်သို့ စစ်ကြောင်း တစ်ကြောင်း၊ လေးသွန်းခံကျေးရွာဘက်သို့ တစ်ကြောင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ရောက်လာကြခြင်း ဖြစ်သည်။  စစ်ကောင်စီတပ်၏ စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းကာ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ညနေပိုင်းက စစ်‌ပြဲနှင့် လေးသွန်းခံ ကျေးရွာ ထဲရှိ အရပ်သားပြည်သူများပိုင် နေအိမ် ၁၀ ခန့်ကို မီးရှို့သွားခဲ့သေးသည်ဟု ရွာသားများက ဆို သည်။ စစ်ကောင်စီ စစ်ကြောင်း သည် ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် အောက်ရေဖြူကျေးရွာအုပ်စုထဲသို့ ရောက်ရှိနေပြီး PDF စခန်း တစ်ခုနှင့် ရွာသားများ၏ ဆိုင်ကယ်ဆယ်စီးခန့်ကိုလည်း မီးရှို့ခဲ့ကြသည်။ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ကြောင့် စစ်ပြဲ၊ ဂေါ့အင်းနှင့် အောက်ရေဖြူအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ရွာသားများ စစ်ဘေးရှောင်တိမ်းနေကြရသည်။ https://www.n mg-news.net/2024/01/02/27343

၁၆။  ရန်သူတွေကို လျှော့မတွက်ကြဖို့နဲ့ ရန်သူရဲ့ ပုံစံအမျိုးမျိုး မက်လုံးပေးမြူဆွယ်တာကို အထူးသတိထားကြဖို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ သတိပေး
  January 1, 2024

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းမှာ တစ်ကြိမ်တစ်ခါမျှ မမျှော်မှန်းဖူးတဲ့ ရန်သူ့ပစ်မှတ်တွေကို တစ်ခုပြီး တစ်ခု အလဲထိုးသိမ်းပိုက်ရယူနိုင်ခဲ့ပေမယ့် ရန်သူကိုလျှော့မတွက်ကြဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာလ ၃၁ရက်မှာ သတိ ပေးထုတ်ပြန်လိုက်ပါတယ်။ ရန်သူရဲ့ ခေတ်အဆက်ဆက် သွေးခွဲမှု၊ မက်လုံး၊ အာဏာတွေနဲ့ မြူဆွယ်တာတွေကို သတိထား ကြဖို့နဲ့ တော်လှန်ရေးထဲမှာ ဖြတ်သန်းခဲ့ကြတဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို ကိုးကားပြီး အထူးသတိထားကြဖို့ တော်လှန်ရေး စေတနာနဲ့ အသိပေးလိုက်တာဖြစ်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်သားတွေအနေနဲ့ နောင်တမရခင် ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ကိုလည်း ညီနောင်မဟာမိတ်အဖွဲ့က ထပ်မံတိုက်တွန်းထားပါ တယ်။ “စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲစေရန် အသက်ပေးတိုက်ခိုက်နေရသည့် အခြေအနေမျိုးမှ စွန့်ခွာ၍ အမှန်တရားကို သိမြင် လာပြီး နောင်တမရကြစေရန်နှင့် ပြည်သူ့ရင်ခွင်ထဲသို့ အမြန်ဆုံး ခိုလှုံကြရန်ကိုလည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် များအား မိမိတို့ညီနောင် (၃) ဖွဲ့အနေဖြင့် နှစ်မကုန်မီ ထပ်မံတိုက်တွန်းလိုက်ပါသည်” လို့ ညီနောင်မဟာမိတ်အဖွဲ့က ပြောပါ တယ်။

အချိန်တိုအတွင်း မထင်မှတ်ထားတဲ့ အရှုံးရလဒ်ကို ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ အရှုံးကို ဗြောင်လက်ခံနိုင်စွမ်းမရှိ သကဲ့သို့ စစ်မြေပြင်မှာလည်း စစ်ကူတွေ အချိန်မှီ ထောက်ပံ့ပေးနိုင်ခြင်းမရှိတော့တာကို စစ်ကောင်စီတပ်ဖွဲ့အပါအဝင် အားလုံး အသိပင်ဖြစ်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ပြောပါတတယ်။ ကိုးကန့်ဒေသအတွင်း ဒကစ (လောက်ကိုင်) မှလွဲလို့ရန်သူ့ စခန်းတွေမှာ များများစားစားမရှိတော့သလို တအာင်းအဖွဲ့အစည်းအနေနဲ့လည်း စစ်ရေးရည်မှန်းချက်နဲ့အတူ တအာင်းပြည်နယ် ရည်မှန်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေး ထားပါတယ်။  ထို့အတူ ရက္ခိုင့်တပ်တော်အနေနဲ့လည်း ၎င်းတို့အဖွဲ့အစည်းမှ သတ်မှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ အသိပေးထားပါတယ်။ ဒါတွေ ဟာ ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အနှစ်သာရနဲ့ အဓိကစစ်ရေးရည်မှန်းချက်တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ https://www.facebook.co m/photo/?fbid=393995756320208&set=pcb.394002162986234

၁၇။   နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” ဖွဲ့စည်းကြောင်း ချင်းလဲန်းကောင်စီညီလာခံ မတက် ရောက် သည့် ၃ ဖွဲ့ က ကြေညာ
  January 1, 2024

ချင်းပြည်နှင့် ချင်းအမျိုးသားအရေးတွင် နိုင်ငံရေး၊ စစ်ရေးများကို ပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” မဟာမိတ် အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က ဖွဲ့စည်းလိုက်ကြောင်း ချင်းလန်းကောင်စီညီလာခံ မတက်ရောက်သည့် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့ ကပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။ Zomi Federal Union (ZFU)/ PDF-Zoland၊ Chin National Organization (CNO/CNDF) နှင့် Chin National Council (Mindat)/ CDF- Mindat (၃)ဖွဲ့တို့သည် ချင်းပြည် လုံးဆိုင်ရာ ကိစ္စရပ်များနှင့် ချင်းတမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် “ချင်းညီနောင်” ဘုံသဘောတူညီချက်ဖြင့်သာ ပူးပေါင်း ပါဝင်ကြမည်ဟု ယင်းအဖွဲ့ ၃ အဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။“ချင်းညီနောင်” တစ်ဖွဲ့ဖွဲ့အား နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မတော်မတရား ကျူးကျော် ထိပါးလာပါက အတူတကွ ပူးပေါင်းရင်ဆိုင် တွန်းလှန်တုံ့ပြန်သွား မည်ဟု ယင်းအဖွဲ့တို့က သဘောတူထားသည်။“ချင်းညီနောင်”၏ ဘုံသဘောတူညီချက်နှင့် ကိုက်ညီသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံး အရေးနှင့် ပြည်ထောင်စုကိစ္စများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်က CNF/CNA ဗဟိုဌာနချုပ်တွင် CNF/CNA အစုအဖွဲ့၊ CDF ၁၄ ဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တချို့ သည် ချင်းလဲန်းကောင်စီညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချင်းလဲန်းကောင်စီ ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့သည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေးမရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မည် မဟုတ် ကြောင်း တွေ့ရှိရသည်ဟုဆိုကာ ချင်းလဲန်းကောင်စီညီလာခံကို မတက်ရောက်ခဲ့ပါ။ ဒီဇင်ဘာလ လယ်ပိုင်းက ချင်းလဲန်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Chinland Joint Defense  Committee- CJDC) ကို အပြီးသတ် ဖျက်သိမ်းပြီးနောက် လက်ရှိတွင် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့က “ချင်းညီနောင်”အဖြစ် စစ်ရေးနှင့် နိုင်ငံရေးတို့တွင် မဟာမိတ် များအဖြစ် ဖွဲ့လာခြင်းဖြစ်သည်။“ချင်းညီနောင်”အဖွဲ့သည် ချင်းနိုင်ငံရေးကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းဖြင့် ဆက်သွားနိုင်ရန် ဆွေးနွေး နေပြီး လက်ရှိ ICNCC ၏ လိုအပ်ချက်များကို ဖြည့်စွက်၍ ပြင်ဆင်ဖွဲ့စည်း နေသည်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။ https://www.facebook.com/photo?fbid=861175416011513&set =pcb.8611759526 78126

၁၈။  မိုးဗြဲမှာ နှစ်လအတွင်း လက်နက်ကြီးအပါအဝင် မိုင်းနှင်းမိပြီး ထိခိုက်သေဆုံးတဲ့ ပြည်သူ ၁၁ ဦးရှိ
    January 2, 2024

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်းမှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း လက်နက်ကြီးအပါအဝင် မြေမြှုပ်မိုင်း နှင်းမိပြီး ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၁ ဦးရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။ တစ်လေးလုံး စစ်ဆင်ရေးစတင်လိုက်တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ဒီဇင်ဘာလကုန်အထိ ထိခိုက်သေဆုံး သွား တဲ့ ပြည်သူ ၅ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ရှိတယ်လို့ မိုးဗြဲ PDF မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။“တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီး အခုဒီလကုန်(ဒီဇင်ဘာ)အထိဆိုရင် ပြည်သူ ၅ယောက် သေဆုံးခဲ့ရပြီး ၁၀ ယောက် တော့ ဒဏ်ရာရထားပါ တယ်” လို့ဆိုပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေး အတော အတွင်းနဲ့ စစ်ဆင်ရေးမတိုင်ခင် စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူလည်း ရှိနေတာပါ။ ထိခိုက်ဒဏ် ရာရရှိသူ စာရင်းကို ပြုစုထားတာရှိပေမဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာလည်းရှိနိုင်တာကြောင့် စာရင်းက ပိုများနိုင်တယ်လို့ ဆိုပါတယ်။

တစ်လေးလုံးစစ်ဆင်ရေး နောက်ပိုင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူစာရင်းကို မပြုစုနိုင်တော့ဘဲ နိုဝင်ဘာလ ၁၁ ရက် နေ့ မတိုင်ခင်အထိသာ စာရင်းပြုစုထားနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့သူ တစ်ဦးက ပြောပါတယ်။“လတ်တလောတော့ ကျနော်တို့ ပြုစုထားတာတော့ရှိတယ်။ အကုန်တော့မရလိုက်ဘူးပေါ့နော်။ ကျနော်တို့ဘာလို့ဆို ၁၁.၁၁ စတင်ကတည်းက ကျနော်တို့ မြို့ထဲမှာ ဝင်လို့မရဘူးအဲ့မှာ အမြဲတမ်း တိုက်ပွဲဖြစ်တာပေါ့နော်။ တိုက်ပွဲဖြစ်တဲ့အခါကြ တော့ ပိတ်မိတဲ့သူလည်း တစ်ချို့ရှိတယ်။ ကျနော်ပြုစုထားတဲ့စာရင်းက အဲ့တုန်းက ၆ ဦးပဲ ရှိတယ်” လို့ သူက ဆိုပါတယ်။ အဆိုပါ ထိခိုက်သေဆုံးသူ ၆ ဦးဟာ စစ်ဆင်ရေး မစတင်ခင် နိုဝင်ဘာလအတွင်းက စာရင်းဖြစ်ပြီး နေ့စဥ်နဲ့အမျှ တိုက်ပွဲပြင်း ထန်နေတာ ကြောင့် စာရင်းဆက်လက် မပြုစုနိုင်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ https://www.kantarawaddyti mes.org/%e1%8 0%99%e1%80%ad%e1%80%af%e1%80%b8%e1%80%97%e1%80
၁၉။ ကျောက်တော် တင်းမဗျူဟာကုန်း AA ထိုးစစ်တွင် စစ်ကောင်စီက အထိနာနေ
    January 2, 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ တင်းမဗျူဟာကုန်းသိမ်းပိုက်နိုင်ရေး AA ၏ ထိုးစစ်တွင် အာဏာ သိမ်း စစ်ကောင်စီတပ်မှ အထိနာနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ တင်းမဗျူဟာကုန်းကို စစ်ကောင်စီက တင်းမကျေးရွာနှင့်ကပ်လျှက်ရှိသည့် တောင်ရှည်တောင်တွင် တပ်စွဲထားခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် AA က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှစ၍ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ က နှစ်ဖက်တိုက်ပွဲမှာ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့၍ စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ကူမှု၊ လက်နက်ကြီးပစ်ကူပေးခဲ့ရသည်အထိ အထိနာလျှက်ရှိကြောင်း သိရသည်။ ကျောက်တော် ဒေသခံ တစ်ဦးက “ဒီဇင်ဘာ ၃၁ ညဉ့်ကတည်းက တိုက်ပွဲအပြင်းထန်ဖြစ်နေတာ။ သေနတ်သံတွေလည်း ကြားရတယ်။ တပ်မက နေလက်နက်ကြီးတွေနဲ့ လည်း ဆက်တိုက်ပစ်နေတယ်။ ဒီနေ့မနက်က လေယာဥ်လာပြီး ပစ်သွားတယ်။ လေယာဥ်က ၂ စင်းလောက်အသွားအပြန်လုပ် နေတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးမှုရှိကြောင်းလည်း နောက်ထပ် ဒေသခံတစ်ဦးကဆို သည်။  “စစ်ကောင်စီဖက်က အကျဆုံးများနေတယ်လို့ သိရတယ်။ မနေ့က တစ်နေ့လုံး တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီ ဖက်က အထိနာနေတော့ လက်နက်ကြီးနဲ့ မနားတမ်းပစ်သလို လေယာဥ်လည်း မကြာမကြာလာပစ်တယ်” ဟု ပြောသည်။

တင်းမကျေးရွာ တင်းမဗျူဟာကုန်းမှာ ကျောက်တော်မြို့နှင့် မိုင် ၂၀ ခန့်သာဝေးပြီး စစ်ကောင်စီ၏ ကျောက်တော် တပ်မ နှင့်လည်း မိုင် ၂၀ ခန့်သာ ဝေးကွာကာ AA ထိုးစစ်တွင် အထိနာနေ၍ ကျောက်တော်တပ်မက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်သည်။ တင်းမဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနီးအနားက ရခိုင်ပြည်သူ လူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခြင်း၊ သတ်ဖြတ်နေခြင်း၊ နေအိမ်များအား မီးရှို့ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ကျူးလွန် နေ၍ AA က အပြီးသတ်သိမ်းပိုက်နိုင်ရေးကို ကြိုးပမ်းနေခြင်းဖြစ်သည်။ တစ်ဖက်မှာလည်း ဒေသခံများကြားတွင် တင်းမဗျူဟာကုန်းကို ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ်က AA မှ သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း ရက္ခိုင့်တပ်တော် AA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့က တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် ရခိုင်ပြည်အတွင်း တတိယအကြိမ် တကျော့ပြန်တိုက်ပွဲများအတွင်း AA မှ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ် တပ်စခန်းများ၊ ဗျူဟာကုန်းများနှင့် နယ်ခြေားစောင့်စခန်း၊ ရဲစခန်း စသည့် တပ်စခန်းပေါင်း ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီဖြစ် ကြောင်း AA မှ ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=810623511077077&set=a.682767199566

၂၀။  တနင်္သာရီစစ်ရှောင် ၂,၀၀၀ ကျော် အစားအသောက်နှင့် ဆေးဝါးအကူအညီ လိုအပ်နေ
   January 2, 2024

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က စစ်ရှောင် ၂,၀၀၀ ကျော် အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ် နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ အဲ့ဒီစစ်ရှောင် ၂,၀၀၀ ကျော်က ပြီးခဲ့တဲ့ အောက်တိုဘာ လ ကတည်းက လယ်ရွာသစ်ကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာ ဥယျာဉ်ခြံတွေ၊ တောစပ်နဲ့ တောင်ပေါ်တွေမှာ ရှောင်တိမ်းနေရတာလို့ ဆိုပါတယ်။ ဒါ့အပြင် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၂,၀၀၀ ကျော်ဟာ အချိန် ၂ လကျော်အထိ ရှိလာပေမဲ့လည်း စစ်ကောင်စီတပ် က မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ သူတို့နေထိုင်တဲ့ ကျေးရွာကို မပြန်ရဲ ဖြစ်နေတယ်လို့ သိရပါ တယ်။ စစ်ရှောင်တွေကို ကူညီပေးသူတယောက်က “စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားလို့ တိမ်း ရှောင်နေရ သူတွေပါ။ အဲဒီနေ့ကစလို့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာ။ ဒေသ မတည်ငြိမ် သေးလို့ အခုအထိ မပြန်ရဲသေးပါဘူး။ အခုတော့ စားဖို့လည်း လိုအပ်နေတယ်။ နောက်ပြီး ပုံမှန်ဆေးသောက်နေရတဲ့သူ တွေက အခု ဆေးဝါးတွေ လိုအပ်နေတယ်။ ကြာလာရင် နာတာရှည် ဝေဒနာရှင်တွေအတွက် မလွယ်တော့ဘူး။ ဖျားနာဖြစ် ရင်တောင် သောက်ဖို့မရှိဘူး။ စားဖို့အတွက်ကလည်း အခု စတင်ပြတ်လပ်နေပြီ” လို့ ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေဟာ ဒေသမတည်ငြိမ်သေးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘဲ အခုရက်ပိုင်း အအေးဓာတ် ပိုလာတာ ကြောင့် အနွေးထည်နဲ့ ခြုံစောင်တွေ အခက်အခဲဖြစ်နေပြီး လတ်တလောအနေနဲ့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေ တဲ့ အပြင် ရေရှည်အတွက် နေရာပါ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။“လာမယ့်လတွေဆို ဒီဘက် မှာ ပိုအေးတတ်တယ်။ အေးလာရင် အခုလိုအခြေအနေဆို အသက်အန္တရာယ်ရှိမှာ။ စစ်ရှောင်ဦးရေက ၂,၀၀၀ အကျော်မှာပဲရှိတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း မနည်းပါတယ်။ အခုလည်း ဒုက္ခ တော်တော်ရောက်နေတာ။ များပြားတဲ့ စစ်ရှောင်တွေရဲ့ဘဝတွေကို စာနာနားလည်ပေးပါ။ ပစ်ခတ်တိုက်ခိုက်တာတွေကို ရပ်ပေးပါ၊ အကူအညီပေးပါ” လို့ စစ်ဘေးရှောင် တယောက်က ပြောပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ တတိယအပတ်ထဲမှာလည်း တနင်္သာရီမြို့နယ်၊ သမုတ်ချုံးကျေးရွာဘက်မှာ စစ်ကောင်စီတပ်ဘက်က အရင်ဦးဆုံး စစ်ကြောင်းထိုးလာလို့ အမည်မသိ လက်နက်ကိုင် အဖွဲ့တခုနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ https://burmese.dvb.no/post/632051
၂၁။ ကွတ်ခိုင်မြို့ စစ်ကောင်စီ၏ စစ်တပ်စခန်းအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ လေယာဉ်ဖြင့် ပျံဝဲ
    January 2, 2024

သျှမ်းပြည် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအား ညီနောင်မဟာမိတ်တပ်ဖွဲ့ (၃)ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက် နေစဉ် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ လ ၂ ရက်) နံနက်အစောပိုင်းအချိန်တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုတွင် ညီနောင်မဟာမိတ်တပ် ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိကြောင်း ဒေသခံတစ်ဦး က ပြောသည်။“ဒီနေ့တော့ We love Kut Ki ပေါ်က စစ်ကောင်စီ တပ်စခန်းကုန်းမှာ ပစ်နေကြတယ်။ လေယာဉ်လည်း ဝဲနေ တယ်” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိသော ကြောင့် တိုက်ပွဲနှင့်နီးစပ်ရာ လူနေအိမ်နှင့် ရပ်ကွက်များပေါ်သို့ ဗုံးကြဲချမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်)တွင် ကွတ်ခိုင်မြို့အနီး ဟွေခုတ်ကျေးရွာကို စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက် ခိုက်ခဲ့သဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိသည်။ အလားတူ ကွတ်ခိုင်မြို့ရပ်ကွက် (၄)၊ ရပ်ကွက် (၅)၊ ရပ်ကွက် (၈) အပြင် မြို့နှင့်အနီးတဝိုက်ရှိ မန်ဂျတ်ရွာ၊ ခိုတင်ရွာ၊ မန်ကန်ရွာ စသည့် ကျေးရွာများတွင်လည်း ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း ပစ်ခတ်လိုက်သော လက်နက်ကြီးများအား လူနေအိမ်ခြံဝန်းအတွင်းသို့ ကျ ရောက်ပေါက်ကွဲ ၍ လူထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက “အခုချိန်မှာ ကွက်ခိုင်မြို့ ထဲမှာရှိတဲ့ ပြည်သူတွေ တိုက်ပွဲကြောင့် ထွက်ပြေးနေကြရတယ်။ တချို့ကလားရှိုးဘက်ကို သွားကြတယ်။ တချို့ကျတော့ တာမိုးညဲဘက်ကို ပြေးတယ်။ တာမိုးညဲဘက်က ပြန်လို့ရပြီလို့ ပြောကြတာ တကယ်ပြန်လို့ရ၊ မရ လည်း သေချာမသိဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။ လက်ရှိတွင် ကွတ်ခိုင်မြို့သည် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ဝိုင်းရံထားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးသော် လည်း ကောင်း၊ လေကြောင်းဖြင့် သော်လည်းကောင်း ခုခံတိုက်ခိုက်နေ လျက်ရှိသည်။ https://burmese.shannews.org/archives/ 39090

၂၂။ တနင်္သာရီတွင် နှစ်သစ်ကူးချိန် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးပျက်စီး
    January 2, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ   ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်ယံ နှစ်သစ် ကူးချိန်မှာ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်လိုက်တာကြောင့် ကျေးရွာထဲက နေအိမ် ၂ လုံးမှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကပါတယ်။ စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ညောင်ပင်ကွင်းကျေးရွာ တောင်ကုန်းဘက်ရှိ နေအိမ် ၂ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် အိမ်အတွင်းပိုင် ပစ္စည်းတချို့နဲ့ ခေါင်မိုးတို့မှာ ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံတဦးက “ည ၁၂ နာရီအတိမှာ ပစ်တာပါ။ အိမ် ၂ ဆောင်ထိတယ်။ တောင်ကုန်းဘက်ကို လက်နက်ကြီးကျတာ၊ အဲ့ဘက်က အိမ်တွေထိတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေ မပစ်ခင်မှာ PDF တွေက အဆိုပါ ၅၆၁ တပ်ရင်းကို သေနတ်တွေနဲ့ အရင်သွားရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။“PDF တွေက Happy New Year လို့အော်ပြီးသွားပစ်တာပါ။ ခဏကြာ မှ ၅၆၁ တပ်ကနေ လက်နက်ကြီးတွေပစ်တာပါ။ ၁၂ မထိုးခင် သုံးလေးချက်အရင်ပစ်တယ်။ ၁၂ နာရီအတိမှာ အချက်ပေါင်း မနည်းဘူး၊ တချီတည်းပစ်တာပါ။” လက်နက်ကြီး ပစ်ခတ်ချိန် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် လူထိခိုက် ဒဏ်ရာရတာ မျိုးတွေတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတာ ကြောင့် တနင်္သာရီမြို့ နယ်က ကျေးရွာတွေမှာ နေအိမ်ထိခိုက်ပျက်စီးတာနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/632006
၂၃။ DKBA ထိန်းချုပ်နယ်မြေက ဒုစရိုက်ဂိုဏ်းမှာ နိုင်ငံခြားသား ထောင်နဲ့ချီပိတ်လှောင်ခံရဆဲ
     January 1, 2024

ကရင်ပြည်နယ် မြဝတီခရိုင်မှာရှိတဲ့ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက် ကျေးရွာက ကာစီနိုလောင်းကစားရုံနဲ့ ငွေလိမ်ဂိုဏ်းတွေမှာ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေ ပိတ်လှောင်ခိုင်းစေခံနေရပြီး ကယ်ဆယ်ပေးဖို့ လိုအပ်နေတယ်လို့ ငွေလိမ်ဂိုဏ်းက လွတ်မြောက်လာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦး က ပြောပါတယ်။ ကျောက်ခက်ရွာမှာ ကာစီနိုလောင်းကစားရုံ နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ၄၀ လောက်ရှိပြီး အဲဒီမှာ နိုင်ငံခြားသား သုံးထောင်ကနေ ငါးထောင်အထိ ခိုင်းစေခံနေရတယ်လို့ သူကပြောပါတယ်။ ကုမ္ပဏီတစ်ခုမှာ လူအယောက် ၈ဝ က ၁၅၀ ထိ ရှိပါတယ်။ ဒီလူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကုမ္ပဏီတွေမှာ လုပ်ငန်းကြီးကြပ်၊ မန်နေဂျာနဲ့ ကွန်ပျူတာကျွမ်းကျင် အလုပ်တွေ ရမယ်လို့ စည်းရုံးခံရပြီး ငွေလိမ်ဂိုဏ်းတွေမှာ ရောင်းစားခံရသူတွေလည်း ဖြစ်ပါတယ်။

မြန်မာ၊ အီသီရိုးပီးယား၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန် စတဲ့ နိုင်ငံစုံကလူတွေ ရောင်းစားခံရတယ်လို့လည်း ဆိုပါ တယ်။ သူလုပ်ခဲ့တဲ့ ကုမ္ပဏီမှာ အီသီရိုးပီးယားလူမျိုး အများဆုံးရှိပြီး ၆၀ ကျော်လောက်ရှိတယ်လို့ အမည်မဖော်လိုသူ အမျိုးသမီးက ပြောပါတယ်။ မြန်မာဝန်ထမ်းတွေကို ငွေလိမ်ဂိုဏ်း လုပ်ငန်းကြီးကြပ်သူတွေက မနှိပ်စက်မညှဉ်းပန်းပေမဲ့ နိုင်ငံ ခြားသားတွေကို ဒိုက်ထိုးခိုင်းတာ၊ ကွင်းထဲ ပတ်ပြေးခိုင်းတာ၊ နေပူထဲ မတ်တပ်ရပ်ခိုင်းတာတွေအပြင် လျှပ်စစ်ရှော့ခ် လည်း တိုက် တယ်လို့ ဆိုပါတယ်။ ခိုင်းစေတဲ့အတိုင်း မလုပ်နိုင်ရင် အမှောင်ခန်းထဲ လက်ထိပ်ခတ်၊ အစာမကျွေးဘဲ သတ်ပစ်တာမျိုးတွေအထိ လုပ်နေလို့ သူတို့ကို ကယ်ဆယ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။ သူက မြန်မာဖြစ်လို့ ဖုန်း အသိမ်းမခံရပေမဲ့ နေ့တိုင်းစစ်တဲ့ အကြောင်း၊ ခြံဝင်းထဲမှာ ဓာတ်ပုံလုံးဝရိုက်လို့မရဘဲ နေရာအနှံ့ စောင့်ကြည့်ကင်မရာတွေ တပ်ထားပြီး DKBA လက်နက်ကိုင်တွေ စောင့်ကြည့်နေတဲ့အကြောင်း၊ KTV၊ ကာစီနို၊ ထိုင်းပြည့်တန်ဆာ အိမ်တွေနဲ့ တရုတ်သူဌေးတွေ နေဖို့ တိုက်တွေ၊ ဟိုတယ်၊ အလုပ် သမားတိုက်တန်း၊ ထမင်းစားဆောင်နဲ့ စားသောက်ဆိုင်တန်းတွေ ရှိတဲ့အကြောင်း သူက ပြောပါတယ်။ DKBA တပ်ဖွဲ့ဝင်တွေက ခြံဝင်းလုံခြုံရေး၊ တရုတ်လုပ်ငန်းရှင်တွေက လုပ်ငန်း လုံခြုံရေးယူပြီး လုပ်ငန်းကြီးကြပ်သူတွေက မပြတ်စောင့်ကြည့်နေတာလို့ လည်း ဆိုပါတယ်။ https://www.rfa.org/burmese/program_2/dkba-online-scam-12312023182812.html

၂၄။ အာဏာသိမ်း ၃ နှစ်ခန့်အတွင်း စစ်အုပ်စုက ကလေးသူငယ် ၅၀၀ ကျော်ကို သတ်ဖြတ်
     January 1, 2024

စစ်တပ်အာဏာသိမ်း ၃ နှစ်နီးပါးအတွင်း စစ်တပ်က အပြစ်မဲ့ပြည်သူ အယောက် ၄,၂၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲ က ၁၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်တဲ့ ၅၀၅ ယောက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ချိန် ကတည်းကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံး အချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၇၀၅ ယောက် နဲ့ ၁၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၅၄၇ ယောက်နဲ့ ၃၆ ဒသမ ၂ ရာခိုင်နှုန်း လောက်ထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျဆုံးပြည်သူစာရင်းတွေကို ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ စစ်ကိုင်းတိုင်းက အယောက် ၂,၀၀၀ နီးပါးနဲ့ ရာခိုင်နှုန်း ၅၀ နီးပါး ပါဝင်နေ တယ်လို့ သိရပြီး အဲဒီနောက်မှာတော့ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတွေက ကျဆုံးပြည်သူဦးရေ အများ ဆုံးရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေး ၃ နှစ်နီးပါး ကာလတွေအတွင်း စုစုပေါင်း ပြည်သူ ၂၅,၆၅၆ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲ က ၁၉,၈၅၈ ယောက်ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ ၅,၁၅၀ ယောက်နဲ့ ၂၀ ရာခိုင်နှုန်းကျော်ထိ ပါဝင်နေပြီး ကလေးသူငယ်ဦး ရေကတော့ ၇၀၆ ယောက်နဲ့ ၃ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေ လည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၂ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/post/631995

၂၅။ စစ်ကောင်စီက ခံစစ်ပြင်ထားသည့် လားရှိုးမြို့အတွင်း မဟာမိတ်တပ်များ ၀င်ရောက် မလာစေရန် လမ်းကြောင်းများ ကို ဖြတ်တောက်၍ တံတားများကိုမိုင်းခွဲဖျက်ဆီး
  January 2, 2023

ခံစစ်ပြင်ထားသည့် လားရှိုးမြို့ကို မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ ၀င်ရောက်မလာစေရန် စစ်ကောင်စီတပ်က လမ်းကြောင်း များကို ဖြတ်တောက်၍ တံတားများကို မိုင်းခွဲ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်က လားရှိုး-နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတားကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၃ နာရီ၃၀မိနစ်တွင် မိုင်းခွဲဖျက်ဆီးခဲ့ပြီး တံတားမှာ အလယ်မှ ထက်ပိုင်းကျိုးကျ ပျက်စီးသွားကြောင်း သိရသည်။ “မဟာမိတ်တပ်ဖွဲ့တွေက နမ္မတူကိုသိမ်းထားတော့ အဲဒီလမ်း ကြောင်းက တစ်ဆင့် လားရှိုးမြို့ထဲကို ၀င်မှာ စိုးပြီး အီနိုင်းတံတားကို မိုင်းခွဲလိုက်တာ။ လက်ရှိမှာ ဆိုင်ကယ်တွေတောင် သွားမရတော့ဘူး။ လားရှိုးမြို့ထဲကို မ၀င်နိုင်အောင် ဘက်စုံနေရာစုံကနေ ဖြတ်တောက်နေတာ” ဟု တအာင်းတပ်မတော် (TNLA) နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုင်းခွဲဖျက်ဆီးခံရသည့် အီနိုင်းတံတားသည် လားရှိုး-နမ္နတူ-မန်တုံ-နမ့်ဆန်-မြို့တို့ကို အဓိကဆက် သွယ်ထားသည့် တံတား ဖြစ်ပြီး လားရှိုးမြို့အတွင်းသို့ ထိုးစစ်ဆင် ဝင်ရောက်မလာစေရန် စစ်ကောင်စီတပ်က ယမန်နေ့တွင် လာရောက်မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်က နမ္မတူမြို့မှ ဆုတ်ခွာထွက်ပြေးလာသည့်တပ်များနှင့် ရှမ်းမြောက်နေရာအနှံ့မှ စစ်စခန်းများကို စွန့်ခွာထွက်ပြေးလာသည့် တပ်များကို လားရှိုးမြို့အတွင်း၌ ‌တပ်စွဲနေထိုင်စေပြီး ထောက်ပို့လမ်းကြောင်းများကို လေကြောင်း မှသာ အသုံးပြုနေသည့်အတွက် မြေပြင်လမ်းကြောင်းများကို မဟာမိတ် အဖွဲ့များ အသုံးမပြုစေနိုင်ရေးအတွက် ယင်းကဲ့သို့ဖြတ်တောက် တားဆီးမှုများပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတား ပျက်ဆီးမှုများနှင့်ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့်ချန်နယ်များတွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ရေးသား ဖော်ပြထားသည်။ စစ်ကောင်စီတပ်က လားရှိုးမြို့မကျစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ် ရမည် ဟု ညွှန်ကြား ထားသည့်အတွက် ယခုကဲ့သို့ ပြန့်ကြဲနေသည့်တပ်များကို လားရှိုးမြို့ အတွင်း စုဝေး၍တပ်စွဲစေပြီး ရှမ်း မြောက်ရှိ ဌာနဆိုင်ရာ၀န်ထမ်းများကိုလည်း မြို့အတွင်း၌ ထားရှိကာ အင်အားဖြည့်တင်း ထားကြောင်း စစ်ဘက်ဆိုင်ရာ တပ်တွင်း သတင်း ရင်းမြစ်ထံက သိရသည်။ https://www.facebook.com/photo/?fbid=695627599372929&set=pcb.695627806039575

၂၆။ ရခိုင်ပညာရေးဝန်ထမ်းအချို့ လစာရပ်တန့်ခံထားရ
    January 1, 2024

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ဒေသမတည်ငြိမ်မှုတွေကြောင့် တာဝန်ကျရာ စာသင်ကျောင်းတွေကို မလာ ရောက် နိုင်တဲ့ ရခိုင်က ပညာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာ ပညာရေးရုံးတွေကနေ ဒီဇင်ဘာလအတွက် သတ်မှတ်လစာကို ရပ်တန့်ထားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလရဲ့ သတ်မှတ်လစာကို သက်ဆိုင်ရာ မြို့နယ်ပညာရေးဌာနတွေကနေ ဒီဇင်ဘာ ၂၉ ရက်ကစပြီး အသီးသီး ထုတ်ပေးခဲ့ပေမဲ့ ပညာရေးဝန်ထမ်းတချို့ကတော့ လစာမရ ကြဘူးလို့ ဆိုပါတယ်။ ဒီဇင်ဘာလအတွက် သတ်မှတ်လစာမရရှိတဲ့ အမ်းမြို့မှ ကျောင်းဆရာတဦးက “လစာက မထုတ်ပေးတာ ပါ။ ကျနော်တို့ ကျောင်းမတက်တာကြောင့်လို့ ပြောတယ်။ ကျနော်တို့ တာဝန်ကျရာ ကျောင်းတွေက လမ်းကြောင်းတွေ ပိတ်ခံ ထားရတဲ့ ဒေသတွေမှာ ရှိနေတယ်။ သွားရေးလာရေးနဲ့ လုံခြုံရေးအာမခံချက် ဘာမှမရှိပါဘူး” လို့ ပြောပါတယ်။ ကျောင်း မတက် ရောက်နိုင်တဲ့ ပညာရေးဝန်ထမ်းတွေကို ကျောင်းသွားတက်ကြဖို့ သက်ဆိုင်ရာ ကျောင်းအုပ် နဲ့ ပညာရေးမှူးတွေကလည်း ဖိအား ပေးနေကြတာ ရှိတယ်လို့လည်း စစ်တွေမြို့နယ်မှ ပညာရေးဝန်ထမ်းတဦးက ပြောပါ တယ်။

“မရတဲ့ဝန်ထမ်းတွေရဲ့ လစာတွေက သက်ဆိုင်ရာ ပညာရေးဌာနတွေမှာပဲ ရှိနေတယ်လို့ သိရပါတယ်။ ကျောင်းသွား တက်ဖို့ ကိုလည်း ဖိအားပေးခံရတယ်။ အမြဲတမ်းမဟုတ်ရင်လည်း တပတ်ကို ဘယ်နှစ်ရက်လောက် သွားတက်ရမယ်ပေါ့။ ဒါပေမဲ့ လုံခြုံရေးအာမခံချက် မရှိတဲ့နေရာကို ကျမတို့ မသွားနိုင်ဘူး။” အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာ လည်း လမ်းကြောင်းပိတ်ခံထားရတဲ့ ဒေသတွေမှာ တာဝန်ကျနေတဲ့ ဆရာ ဆရာမတွေဟာ လစာမရကြဘူးလို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွား နေတဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ်အသီးသီးက လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခံထားရတာနဲ့ တည်ငြိမ်မှုမရှိတဲ့ အခြေအနေ တွေ ကြောင့် စာသင်ကျောင်းတွေ အားလုံးနီးပါး ပိတ်ထားကြရတဲ့အပြင် ကျန်းမာရေးဌာနကလွဲရင် တခြား ဌာနဆိုင်ရာ အားလုံးနီးပါး ဟာလည်း ရုံးမတက်ကြတော့ဘူးလို့ သိရပါတယ်။ https://burmese.dvb.no/post/631946

၂၇။ ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး M16 သေနတ် ယူဆောင်လာပြီး အလင်းဝင်
     January 1, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး M16 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စိုးနိုင်က KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းထံ အလင်း ဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်သူ့စစ် တပ်ဖွဲ့ဝင် စိုးနိုင်သည် M 16 အမျိုးအစား A1 သေနတ် ၁ လက်၊ 5.56 ကျည် ၁၇၁ တောင့် နှင့် ကျည်ဘောက် ၂ ခုတို့ ယူဆောင်လာသော​ကြောင့် ငွေကျပ် ၁၀ သိန်း ဆုငွေချီးမြှင့်ကာ နယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ၎င်း​၏ နေထိုင်စာသောက်ရေးများကို စီစဥ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် သတင်းကြားသိပါက ဘေးကင်းရာအရပ်နှင့် လုံခြုံရာအရပ်တွင် နေထိုင် ပြီး အပြင်သွားလာခြင်းမပြုရန်နှင့် စစ်ကောင်စီ​၏ လူမဆန်သောလုပ်ရပ်များသည် သက်ညှာခြင်းမရှိဘဲ ရှင်းပြခွင့်ပင် လက်မခံ နိုင်သော အခြေအနေမျိုး ဖြစ်သောကြောင့် ဂရုစိုက်နေထိုင်သွားလာကြရန် ပူရိယက္ခ ညီနောင်စစ်ကြောင်းက အသိပေး ထုတ်ပြန် ထားသည်။ https://www.facebook.com/photo/?fbid=726367766257499&set=pcb.7 26367832924159
၂၈။ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ်သွားမယ်လို့ NUG ပြော
     January 2, 2024

မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်း ကာကွယ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာချက်ထုတ်ပြန်ပါတယ်။ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာ သဘောထားကို ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုထားတာပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်တွေအပါအဝင် နှစ်နိုင်ငံကြား သဘော တူချုပ်ဆိုထားတဲ့ စာချုပ်တွေအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူဆက်ခံသွားမယ်လို့လည်း NUG က ပြောထားပါ တယ်။ ဒါ့အပြင် တရုတ်နဲ့ မြန်မာနှစ်နိုင်ငံကြား ပြည်သူနဲ့ ပြည်သူ ဆက်ဆံရေးကို အလေးထားပြီး အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အစွမ်းကုန် မြှင့်တင်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်‌ရေး အမြဲကြိုးပမ်းရပ်တည်သွားမှာဖြစ်တဲ့အပြင် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း ပြောထားပါတယ်။ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းလို့ခေါ်တဲ့ BRI စီမံကိန်း အပါအဝင် တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေရှိနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် သုံးဖွဲ့က မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။ ဒီမြို့သိမ်းတိုက်ပွဲတွေဟာ BRI စီမံကိန်းကိုထိခိုက်နိုင်တယ်လို့ အမေရိကန်ပြည် ထောင်စု ပန်ဆယ် ဗေးနီးယားပြည်နယ် Bucknell တက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ကျိ့ချင်ဂျူ (Zhiqun Zhu) က ပြောထားပါတယ်။ အလားတူ ဝါရှင်တန်စစ်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသုံးသပ် သူ ပါမောက္ခ ဒေါက်တာ ဇက်ခါရီ အဘူဇာကလည်း BRI စီမံကိန်း အမှန်တကယ် စတင်နိုင်ဖို့ ဖြစ်နိုင်ခြေနည်းနေတဲ့ အကြောင်း သုံးသပ်ထားပါတယ်။ တရုတ်နိုင်ငံ ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းကတိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိအားပေးမှုတွေ များလာနေ တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့က ပြောထားပါတယ်။ ဒီလို တရုတ်နိုင်ငံက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိအားပေးမှုတွေများလာတဲ့အချိန်မှာ NUG က တရုတ်နိုင်ငံဆိုင်ရာ သဘောထား ထွက်လာတာလည်း ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/china -nug-business-01012024155445.html
၂၉။ တောင်ပြိုလက်ဝဲမြို့သို့ စစ်ကောင်စီတပ်က လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ ရေလမ်းမှပို့ဆောင်
     January 1, 2024

ရခိုင်ပြည်နယ်၊ အနောက်မြောက် အစွန်ဆုံးဖြစ်တဲ့ တောင်ပြိုလက်ဝဲမြို့ဆီကို စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့  စားရိက္ခာ တွေ ရေလမ်းကနေ လျှို့ဝှက် ပို့ဆောင်နေတယ်လို့  မျက်မြင် ဒေသခံတွေက ပြောပါတယ်။ မောင်တောဒေသခံတဦးက “ဒီနေ့မှာလည်း နေဗီကရောက်လာတဲ့ လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေကို တင်ပို့နေတယ်။ မနေ့က ညကလည်း စက်လှေတွေနဲ့ တညလုံး တင်ပို့ခဲ့ကြတယ်။ မြို့ပေါ်က စက်လှေသံ တွေ တစ်ညလုံးကြားနေရတယ်”လို့ ပြောပါတယ်။ ရခိုင်ပြည် နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က မောင်တော -အငူမော်ကားလမ်းပေါ်ရှိ ဒုံးပိုက်နယ်ခြားစောင့်စခန်းကို အေအေက တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက်ပိုင်း ရခိုငနဲ့ ပလက်ဝနယ်က စခန်းတွေကို  ဆက်တိုက်သိမ်းပိုက်နေတာပါ။

ဒေသခံတဦးက “မောင်တောမြောက်ပိုင်းကို စစ်ကောင်စီက လက်နက်နဲ့ စားနပ်ရိက္ခာတွေ ကုန်းလမ်းက လုံးဝတင်ပို့ လို့မရ တော့ဘူးလေ။ လမ်းတချို့ကို အေအေက လွှမ်းမိုးပိတ်ဆိုထားပြီ။ စစ်ကောင်စီက ကုန်းလမ်းက အဆင်မပြေတော့ ရေလမ်း ကို အသုံးချပြီးတင်ပို့နေကြရတာ”လို့ ပြောပါတယ်။ ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ရဲစခန်း ကို အေအေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ဒီဇင်ဘာလ ၂၄ ရက်ကလည်း ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်နဲ့ သူတော်မတောင်ကုန်းစခန်းကို အေအေက ဝင်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို အေအေက ထပ်မံ သိမ်းပိုက်လာနိုင်တာကို ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ စစ်ကောင်စီက တောင်ပြိုလက်ဝဲကို လက်နက်ခဲယမ်းနဲ့ စားနပ် ရိက္ခာတွေ တင်ပို့ နေကြရတာ ဖြစ်ပါတယ်။ https://burmese.dvb.no/post/631891
၃၀။ အသိမ်းခံရတဲ့ တိုင်းရင်းသားဒေသမြို့ရွာတွေကိုလက်နက်ဆန်းတွေသုံးပြီး အမြဲတမ်းဗုံးကြဲမယ်လို့ စစ်ကောင်စီခြိမ်း ခြောက်
  January 1, 2024

ညီနောင်မဟာမိတ်တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ တိုင်းရင်းသားဒေသမြို့ရွာတွေကို ဘယ်တော့မှ မအေးချမ်းအောင် လက်နက် ဆန်းသုံးပြီး အမြဲတမ်းဗုံးကြဲမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးစဉ် စစ်ကောင်စီကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်က အဲ့ဒီလို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ မှာ “NSPNC – အတွင်းရေးမှူးရဲ့ တိုင်းရင်းသားနဲ့ တိုင်းပြည်အပေါ်စေတနာ” ဆိုပြီး ပြန်လည်ဖော်ပြတာဖြစ်ပါတယ်။ စစ်ကောင်စီ ကိုယ်စားလှယ် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ရဲ့ ခြိမ်းခြောက်စကားမှာ “မင်းတို့တိုင်းရင်း သားတွေရဲ့ မြို့ရွာ ဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းသာယာ မှာ မဟုတ်ဘူး။ ငါတို့မှာ ရှိတဲ့လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့အမြဲတမ်းဗုံးကြဲနေမှာပဲ”လို့ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်က  ဆွေးနွေးပွဲအတွင်း ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

တရုတ်ကြားဝင် ဆောင်ရွက်မှုနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ဟာ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့ အထိ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်ရရှိခြင်းမရှိပဲ ဆွေးနွေးပွဲ ပျက် ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲအတွင်း ဒီဇင်ဘာ ၂၃ ရက်နေ့ ဆွေးနွေးချိန်မှာ စစ်ကောင်စီကိုယ်စားလှယ်က ခြိမ်းခြောက်စကား ကို ပြောဆိုခဲ့တာဖြစ်တယ်လို့ TNLA အထွေအထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုပါတယ်။ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ ယုံကြည်ရာကို သွေးချွေးနဲ့ ဗျူဟာကျကျ ထုဆစ်မယ်လို့  ၂၀၂၄ နှစ်သစ်ကူး ကတိစကားကို ၎င်းရဲ့ လူမှု ကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။“ဒီခေတ်ရဲ့ မျိုးဆက်တွေအာလုံး တွဲလက်နဲ့ ယုံကြည်ရာကို သွေးချွေးနဲ့ ဗျူဟာ ကျကျ ထုဆစ်မယ်” လို့ တားဘုန်းကျော်က တအာင်း ၊ မြန်မာ ၊ အင်္ဂလိပ် ၃ ဘာသာနဲ့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ ညီနောင်မဟာမိတ်အဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီကို တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းပေါင်းများစွာနဲ့ နမ့်ဆန် ၊ နမ္မတူ ၊ နမ့်ခမ်း ၊ မိုင်းလုံ ၊ မိုင်းငေါ့၊ မန်တုံ မြို့တိုကို သိမ်းပိုက် ထားနိုင်ပြီဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=394633082923142&set=a.285900490463069

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button