သတင်း

FOEIM နှင့် KSCC ပညာရေးကော်တီတို့ ပညာရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ဖက်ဒရယ်ဂျာနယ်၊ မေ ၂၃

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) သည် ကရင်နီပြည်နယ် ကြားကာလ ပညာရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရေး၊ ဖက်ဒရယ်ပညာရေး မူဝါဒများနှင့် မှုဝါဒများ လုပ်ငန်းစဉ်များကို ပေါ်ထွန်းလာစေရေး အတွက် Free Online Education Institution Myanmar – FOEIM နှင့် KSCC ပညာရေးကော်မတီ တို့ တရားဝင်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

“ကျွန်မတို့ KSCC ပညာရေးကော်မတီကတော့ ပညာရေးဆိုတာ လူ့အခွင့်အရေး တစ်ရပ်ဖြစ်တယ်။ လူတိုင်း အတွက်လက်လှမ်းမှီရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ ပြည်သူတွေအတွက် စစ်ရေးလိုအပ်ချက်၊ နိုင်ငံရေး လိုအပ်ချက်တွေနဲ့ အတူ ပညာရေး လိုအပ်ချက်တွေလည်း အရေးကြီးတယ်။ ဒါကြောင့် KSCC အနေနဲ့ ဒီဟာတွေကို တပြိုင်နက်ဖြေရှင်းဖို့ ကြိုးစားနေတာတွေရှိတယ်။ ကျွန်မတို့ကော်မတီအနေနဲ့ ဒီပညာရေးနဲ့ ပတ်သက်ပြီးလုပ်ဆောင်နေတဲ့ လူငယ်တွေ၊ ပညာရေး အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ကြားကာလ ပညာရေးအစီအမံတစ်ခုကို ဖော်ဆောင်နေတယ်။ အထူးသဖြင့် ကလေးတွေရဲ့ ပညာရေး အခွင့်အရေးတွေမဆုံးရှုံး ရအောင်လုပ်ဆောင်ကြောင်း” KSCC ပညာရေးကော်မတီ၊ တာဝန်ခံ ဆရာမ ဇူဇူက ဖက်ဒရယ်ဂျာနယ်သို့ ပြော သည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၏ ပညာရေးကော်မတီသည် ကြားကာလအတွင်း ပညာရေးများကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ကရင်နီဒေသ၏ ကြားကာလပညာရေး အဖွဲ့အစည်းကို ထပ်မှန်ဖွဲ့စည်း အသိအမှတ်ပြုခဲ့ပြီးလည်း ဖြစ်သည်။

Free Online Education Institution Myanmar – FOEIM သည် လွတ်မြောက်နယ်မြေ ဒေသများတွင် ကြားကာလအတွင်း ကလေးများ အခြေခံပညာရပ်များကို သင်ယူလေ့လာနိုင်ရေးအတွင် အွန်လှိုင်း စနစ်ဖြင့်လည်းကောင်း၊ မြေပြင် FOEIM School များ ဖြစ်လည်းကောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လွတ်မြောက်နယ်မြေဒေသများတွင် FOEIM နှင့် ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများ ကိုယ်ပိုင် လွတ်လပ်စွာ အုပ်ချုပ်သော (ဖက်ဒရယ်လမ်းစဉ်နှင့်အညီ) ပြည်သူ့ကျောင်း အဖြစ်မြေပြင်တွင် စတင်ဖွင့်လှစ်ခဲ့ထားပြီး ဖြစ်သည်။

ဒေသခံပြည်သူများ ကိုယ်ပိုင် လွတ်လပ်စွာ အုပ်ချုပ်သော (ဖက်ဒရယ်လမ်းစဉ်နှင့်အညီ) ပြည်သူ့ကျောင်း ဖြစ်သည့် FOIRM ကျောင်းများတွင် အခမဲ့ စဉ်ဆက်မပြတ် ပညာရေး သင်ကြားပေးနေပြီး ဖြစ်သည်။

Related Articles

Back to top button