ဧပြီ ၁၃၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေး တို့အတွက် ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ ပြည်ပတွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း PNFC က သတင်းထုတ်ပြန်ထားသည်။
NUG နှင့် KPICT တို့ ပူးပေါင်း၍လည်း KIO ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များ အတိုင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းမှ စ၍ငွေတိုက်စာချုပ်ကို စတင်ရောင်းချပေးခဲ့သည်။