တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

NUCC နိုင်ငံရေး လှုပ်ရှားမှူမှာ ဝန်းရံပံ့ပိုးမယ့် မူရှိဟု PPST ပြော

NUCC နိုင်ငံရေး လှုပ်ရှားမှူမှာ ဝန်းရံပံ့ပိုးမယ့် မူရှိဟု PPST ပြော

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂

NUCC နိုင်ငံရေး လှုပ်ရှားမှူမှာ ဝန်းရံပြီးတော့ပံ့ပိုးမယ့် မူကတော့ PPST မှာ ရှိကြောင်း PPST ပြောခွင့်ရ ရဲဘော်မျိူးဝင်းက ဖက်ဒရယ်ဂျာနယ်ကို ပြောသည်။

ရဲဘော်မျိုးဝင်းက “အဓိကက အဲဒီအနေအထားမှာလည်းပဲ လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေအောက်မှာ တစ်ဖွဲ့ချင်းစီရဲ့ သဘောဆန္ဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အခြေအနေ အနေအထားတွေရှိတာပေါ့နော်။ ဒီလှုပ်ရှားမှူမှာ ဝန်းရံပြီးတော့ပံ့ပိုးမယ့် မူကတော့ PPST မှာ ရှိတာပေါ့။ ဒီဝန်းရံပံ့ပိုးမှုအပိုင်းမှာကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က အခြေအနေခြင်းကတော့ မတူဘူးပေါ့နော်။ သို့ပေမယ့် ကျွန်တော်တို့ သီးခြားရပ်တည်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားတော့ရှိတာပေါ့။  PPST ဆိုတာကအားလုံးလည်း သိတဲ့အတိုင်းပါပဲ ပြီးခဲ့တဲ့ကာလမှာတောင် NCA အပေါ်အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်ထည်ဖော်မယ့်ဖို့ ဆုပ်ကိုင်ထားတာကို။ ဒါပေမယ့်  ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အကောင်အထည်ဖော်မှု ရပ်ဆိုင်းခဲ့တာပေါ့နော်။ အဲဒါအပြင် တစ်ဖွဲ့ချင်းစီမှာ သီးခြားနိုင်ငံရေး လုပ်ငန်းစဉ်တွေရှိကြတာပေါ့နော်။ အဲဒီဟာကလည်းပဲ တစ်ဖွဲ့ချင်းစီရဲ့သဘောဆန္ဒနဲ့အညီ ဆောင်ရွက်ခဲ့ ကြတာရှိတာပေါ့။ အခုနကပြောတဲ့ NUCC နဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ဆိုလို့ရှိ ရင်လည်းပဲ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်တဲ့သဘောဆန္ဒနဲ့လုပ်ဆောင်ခဲ့တဲ့ အခြေအနေတော့ ရှိတာပေါ့။ ဒါကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့နဲ့ကတော့ တူမှာတော့ မဟုတ်ပါဘူး။ PPST အနေနဲ့ကတော့ တိုက်ရိုက် ပူးပေါင်း ဆောင်ရွက်တဲ့ အခြေအနေမျိုးကတော့  မရှိသေးဘူးပေါ့နော်” ဟု ပြောသည်။

NCA ထိုး ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် NUCC စုဖွဲ့မှုတွင် အခိုင်အမာ ပူးပေါင်းပါဝင်လျက်ရှိသည်။

အပစ်ရပ်(၁၀)ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို ဖွဲ့စည်းထားပြီး စတုတ္ထအကြိမ် ညီလာခံ (ပထမပိုင်း)ကို ၂၀၁၉ ခုနှစ်၊မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့သည်။ ၎င်းတို့၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)ကို ၂၀၂၂ ခုနှစ်၊ မတ်လ နှောင်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ NCA-S EAO အပစ်ရပ်(၁၀)ဖွဲ့ –

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)

၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

၃။ ချင်းအမျိုးသား တပ်ဦး (CNF)

၄။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)

၅။ ကရင်အမျိုးသားအစည်းအရုံး (KNU)

၆။ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)

၇။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

၈။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)

၉။ မွန်ပြည်သစ်ပါတီ (NMSP)

၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)

Related Articles

Back to top button