တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကွတ်ခိုင်တွင် စစ်ကောင်စီရဲ့ ထုတ်ကုန်များကို TNLA တပ်ဖွဲ့က ဖျက်စီး

ကွတ်ခိုင်တွင် စစ်ကောင်စီရဲ့ ထုတ်ကုန်များကို TNLA တပ်ဖွဲ့က ဖျက်စီး

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၁

တအာင်းတပ်မတော် (PSLF/TNLA)က ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို ဝယ်ယူအားမပေးဖို့နဲ့ ဆိုင်မှာ ကျန်ရှိနေသေးတဲ့ ထုတ်ကုန်တွေကို ဒီနေ့မှာ ဖျက်ဆီးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များအရ သိရပါတယ်။

ဆိုင်ရှင်တွေကိုလည်း နောက်နောင် ဝယ်ယူရောင်းချတာ ဆက်မလုပ်ကြဖို့ ဝန်ခံကတိလက်မှတ် ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း TNLA တပ်ဖွဲ့က စစ်တပ်ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူအားမပေးဖို့ ထုတ်ပြန်ထားပြီး ကုန်စုံဆိုင်တွေဆီလည်း ဇွန်လကတည်းက စာပေးပို့ခဲ့ပါတယ်။

Related Articles

Back to top button