ကဗျာ

မိုးဦး

FJMM ကဗျာ – မိုးဦး

နွေကတော့
တိမ်ညိုတွေကတဆင့်
သတင်းစကားပါးလိုက်ပြီ။
မိုးဦးရဲ့ ရနံ့လေးတွေပါ
သယ်ဆောင်လာသူ
တိမ်ညိုခမျာ
အပြုံးတွေ တသီကြီးနဲ့
သတင်းစကားပါးရှာတယ်။
ကျနော်ခရီးရောက်မဆိုက်
ပြောလိုက်မိတယ်
တိမ်ညိုရေ
မိုးဦးမရောက်ခင်ထဲက
အလွမ်းတွေက
တသီတတန်း
နဂါးငွေ့ပတ်လမ်းလို
ကြိုရောက်နှင့်နေပြီလေ။
မိုးဦးရောက်လာရင်လည်း
မိုးဦးကို အဖော်ပြု
အလွမ်းအဆွေးတွေ
နှစ်ထပ်ကွမ်းအဖြစ်
ပိုလွမ်းဖြစ်နေဦးမှာပါ။

 

အိုက်နီ(ဖြူး)

Related Articles

Back to top button