တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 27, April 2, 2024)

၁။ စစ်ရှောင်များနေထိုင်သည့် ဖာပွန်မြို့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ ‌စစ်ရှောင် ၈ ဉီးသေဆုံး
  April 1, 2024

စစ်ရှောင်များနေထိုင်သည့် ကရင်ပြည်နယ် ဖာပွန်မြို့အတွင်းရှိ  ရွှေကျောင်းဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေတပ်က တိုက်ခိုက်ခဲ့သည့်အတွက် စစ်ရှောင် ၈ ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ မတ်လ ၃၁ ရက် မွန်းလွဲ ၁ နာရီ ကျော်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဖာပွန်မြို့အတွင်းသို့ ဗုံးသီး ၁၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ် ၁ ဦးက ပြောသည်။ ၎င်းက “ ၃၀ ရက်နဲ့ ၃၁ ရက် လေယာဉ်ကြီးနဲ့လာကြဲတယ်။ ၃၁ ရက်နေ့မှာ ဖာပွန်မြို့က ရွှေကျောင်းဘုန်းကြီး ကျောင်းကို လေယာဉ်နဲ့လာကြဲလို့ ထိတာ။ အဲ့ဒီ မှာက စစ်ရှောင်တွေနေတာ။ ပြည်သူ ၈ ဦးလောက် သေသွားတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်။ အတိအကျတော့ မသိရသေးဘူး ” ဟု  ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်ကစတင်၍ ဖာပွန်၏ တောင်ဘက်ခြမ်းတွင်ရှိသည့် မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင် စသည့် စစ်ကောင်စီတပ်စခန်းများသို့ ဆက်သွယ်ရေးလုပ် ဆောင်နေသည့် ထောက်ပို့လမ်းကြောင်း အားလုံးကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။ ထို့နောက် မတ်လ ၃၀ ရက်တွင် ကရင်အမျိုးသားအစည်း အရုံး – KNU ထိန်းချုပ်နယ်မြေ ၊ တပ်မဟာ ၅၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ တပ်၏ ခလရ ၁၉ နှင့် ခြေမြန်တပ်ရင်း ခမရ ၆၄၂ ကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် – KNLA အမှတ် ၅ ပူးပေါင်း တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းည်းနိုင်ခဲ့သည်။ စခန်းသိမ်းပိုက်ခံရပြီး နောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခြင်းများပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ https://thanlwinkhet.net/?p=8887=

၂။ လွယ်ဂျယ်-ဗန်းမော်လမ်းထိန်းချုပ်ထားတဲ့  စိန်လုံတပ်စခန်းကြီးကို သိမ်းပိုက်ပြီးစီးကြောင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု
  April 1, 2024
စစ်ရေးအရ အရေးပါတဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်က စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)ကနေ ၂၄ နာရီအတွင်း အပြီးတိုက်ခိုက်သိမ်းပိုက် နိုင်ပြီလို့ သိရပါတယ်။ မတ်လ ၂၇ ရက်နေ့ကနေစပြီး စိန်လုံတောင်တပ်စခန်းကြီးအနီးအနားက စခန်းငယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်နေ့ ညကနေ စိန်လုံတပ်စခန်းကြီးကို တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။ “လွယ်ဂျယ်-မိုးမောက်ကြား တစ်ကြော မှာ ၂၇ ရက်နေ့ကနေ တိုက်ပွဲစပြီ။ ယောယုံတို့၊ ကာကင်းတို့ကို ၂၇ ရက်နေ့ကနေ ဆက်တိုက် စပစ်တာ။ မနေ့ည ၃၁ ရက်နေ့ညမှာ တော့ စိန်လုံတောင်ကို ပစ်တာ။ ဒီကနေ့မနက် ဧပြီ ၁ ရက်နေ့ ၇ နာရီ မိနစ် ၃၀လောက်မှာ အပြီး သိမ်းယူနိုင်ခဲ့ပြီ”လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမောက်-လွယ်ဂျယ်တစ်ကြောက စိန်လုံအပြင် ယောယုံတပ်စခန်းကြီး၊ လော့မွန် (Lawmun) စခန်းအပါ အဝင် လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီးနဲ့ ရှေ့တန်းကာကင်းစခန်းတွေ စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။ စိန်လုံတောင် တပ်စခန်းကြီးဟာ လွယ်ဂျယ်-ဗန်းမော်လမ်း ပိုင်းကို အဓိက ထိန်းချုပ်ထားတဲ့ တပ်စခန်းတစ်ခု ဖြစ်တဲ့အပြင် မိုင်ဂျာယန်အတွင်းက KIAတပ်မဟာ ၃ ဘက်ကို လက်နက်ကြီး ပစ် ခြိမ်းခြောက်နေတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။ “စိန်လုံက အရမ်း အရေးကြီးတဲ့ နေရာဟုတ်တယ်။ လွယ်ဂျယ်-ဗန်းမော်လမ်းမှာ အကုန်လုံးကိုထိန်းချုပ်ထားတဲ့ဗျူဟာဟုတ်တယ်။ အဲဒီမှာ အရမ်း အရေးကြီးတဲ့ တပ်စခန်း နှစ်ခုရှိတယ်။ ယောယုံနဲ့ စိန်လုံပေါ့။ မိုင်ဂျာယန် တပ်မဟာ ၃ ကို အချိန်ပြည့် ခြိမ်းခြောက်ပြီး အချိန် မရွေး လက်နက်ကြီးတွေ ပစ်ပေးတာ ယောယုံနဲ့ စိန်လုံဟုတ်တယ်။ ပြည်သူတွေရဲ့ အသွားလာကအစ ဂိတ်စခန်းကြီး ထိုင်ပြီး စစ်ဆေးတာလည်း စိန်လုံကတပ်တွေပဲ”လို့ ပြောပါတယ်။  https://www.faceb ook.com/photo/?fbid=437568378950161&s et=pcb.437569492283383

၃။  မင်းတပ်မှာ လေကြာင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီး
  April 2, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂)က ရွာတွေကို ဧပြီလ ၁ ရက်နေ့ စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ မင်းတပ်မြို့နဲ့ မိုင် ၄၀ ခန့်ဝေးတဲ့ အဲဒီရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့တာဖြစ်ပြီး ပထမ အကြိမ်မှာ ဗုံး နှစ်လုံး၊ ဒုတိယအကြိမ်မှာ ဗုံးဆယ်လုံး ကြဲချခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုမှာ လူနေအိမ်နှစ်လုံးနဲ့ ခရစ်ယာန်ဘုရား တစ်ကျောင်း ပျက်စီးခဲ့ပြီး၊ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ် အရေအတွက်ကိုတော့ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်တာတော့မရှိဘူးလို့ မင်းတပ်ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က အချိန်မီ ဗုံးခိုကျင်းထဲ ပုန်းနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရသေဆုံးတာမရှိဘူး။ ဘုရားကျောင်းနဲ့ လူနေအိမ် တွေတော့ ပျက်စီးသွားတယ်။ ဗုံးကြဲတာ အသံက အရမ်းကျယ်တာပဲ။ နေအိမ်တွေတော့ ပျက်စီးသွားတယ်။ ဘုရားကျောင်း လည်းပါတယ်” စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ဗုံးတွေကြောင့် လူနေအိမ်တွေဘက်မဟုတ်တဲ့ တောတောင်တွေထဲကျပြီး တောမီး လောင် နေတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။ မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လတစ်လ အတွင်း အရပ်သားနှစ်ဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ https://www.rfa.org/burmese/news/mindat-airstrikes040 12024234808.html

၄။ မံစီမြို့ဂျန်မိုင်ရွာကို လေကြောင်းဗုံးကြဲ၍  ၅ ဦး သေဆုံး
   April 1, 2024
ကချင်ပြည်နယ်၊ မံစီမြို့နယ် ဂျန်မိုင်ရွာကို ဧပြီ ၁ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ သဖြင့် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ် မှူးကြီး နော်ဘူက “ကားသမားတွေ ခရီးတထောက်နားတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာ ဗုံးလာကြဲတော့ ကားတွေ တော် တော်များများ ပျက်စီးသွားတာ။ ကားသမားတော့ ၅ ယောက်သေဆုံးသွားတယ်၊ ၃ ယောက်ဒဏ်ရာရတယ်။ အဲဒီနေရာက တိုက်ပွဲမရှိဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာလည်း မဟုတ်ဘူး။ ကျနော်တို့ KIA တပ်စွဲထားတဲ့နေရာ မဟုတ်ဘူး” ဟု ပြောသည်။

လတ်တလောတွင် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း၊ လေ ကြောင်းတိုက်ခိုက်ခံရသူများမှာ လွယ်ဂျယ်မှ ဗန်းမော်၊ မိုးမောက်မှ ဗန်းမော်ဘက်သို့ ဆင်းသွားသည့် ယာဉ်များဖြစ်နိုင်ကြောင်း၎င်းက ဆိုသည်။ KIA ထိုးစစ်ဆင်နေသည့် လွယ်ဂျယ်မြို့မှနေ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းနှင့် တပ်မိသားစုများသည် မတ်လ ၃၁ ရက် ညနေပိုင်း ၌ မြို့မှထွက်ခွာပြီး ဂျန်မိုင်ရွာအနီး နားနေစဉ် မနက် ၁ နာရီခွဲတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း မံစံမြို့ ဒေသခံ တဦးကဆိုသည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများ လူမှုကွန်ရက်၌ ပျံ့နှံ့နေပြီး  ယင်းရုပ်သံတွင် ကုန်ကားတစီးပျက်စီးနေသည်ကိုလည်း တွေ့ရသည်။ https://www.facebook.com/photo/?fbid=8271 43952792127&set=a.600722605434264

၅။ ထားဝယ်နဲ့သရက်ချောင်းက စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား
  April 1, 2024
ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်က စစ်ကောင်စီတပ်သားတွေ မနေ့ကတစ်ရက်တည်းသုံးကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ ရေဖြူဘက်ကနေ ထားဝယ်ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ မြေတင်ကားနှစ်စီး ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးက လမ်းကွေ့ (ဒေသအခေါ်  ဟားလိကွေ့) အလွန်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။  အဲဒီတိုက်ခိုက်မှုကြောင့် ကား တစ်စီး တိမ်းမှောက်ပျက်စီးသွားပြီး ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား ၄၀ ဦးဝန်ကျင် ထိခိုက်သေဆုံးခဲ့တယ်လို့ ဗထူး တပ်မတော်က ထုတ်ပြန်ထားပါတယ်။ “ကားကဝိုင်းပစ်တဲ့အချိန်မှာပဲ မှောက်သွားတာ။ ပြီးတော့နှစ်ဖက် တိုက်ပွဲဖြစ်တယ်။ လွတ်သွားတဲ့ကားတစ်စီးကလည်း ပြန်လှည့်လာပြီးလာပစ်တယ်” လို့ ဗထူးတပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြက် ကပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေကိုတော့ တိုက်ပွဲဖြစ်ပွားပြီးပြီးချင်းမှာပဲကျန်ရှိနေတဲ့ စစ်ကောင်စီ တပ် သားတွေက သယ်ဆောင်သွားတယ်လို့ ရဲဘော်ထက်မြက်ကဆိုပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ရဲဘော်ထက်မြက်ရဲ့ပြောပြချက်အရ သိရပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ဘုရား မဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးသီးတွေကြဲချပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက် ခိုက်မှုတွေကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မတော်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=868113861996688&s et=pcb.868113935330014

၆။  စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရခဲ့သည့် ရမ်းဗြဲဖက်ကြပ် ရွာလုံးကျွတ် တိမ်းရှောင်
  April 1, 2024
စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးလာကြဲမှုကြောင့် သေဆုံးဒဏ်ရာရသူများရှိခဲ့သည့် ရမ်းဗြဲမြို့နယ် ဖက်ကြပ်ကျေးရွာ တွင် တစ်ရွာလုံးနီးပါး ကျေးရွာမှတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ ဖက်ကြပ်ကျေးရွာမှာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က လေယာဥ်ဖြင့် ဗုံးလာကြဲခြင်းခံခဲ့ရပြီး အသက်မပြည့်သေးသည့် ကလေးငယ် ၁ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းနှင့် နေအိမ် ၄ ဆောင်၊ ဓမ္မာရုံတို့ ပျက်စီးမှုရှိခဲ့သည်။ ထိုသို့ ဗုံးကြဲမှုနောက်ပိုင်း ကျေးရွာတွင်းနေထိုင်သူများမှာ ရွာတွင်းနေထိုင်ရန်ကြောက်ရွံ့ကာ တိမ်းရှောင်နေကြရသည်ဟု ကျေးရွာဒေသခံတစ်ဦးကပြောသည်။ “ရွာကို အခုလိုဗုံးလာကြဲတာတွေရှိတော့ ဘယ်နေရဲတော့မလဲ။ ဒီအတိုင်းအလွတ်ကြီးလာချသွားတာ။ ကလေးတစ် ယောက် သေသွားရတယ်။ အခုရွာထဲမှ အားလုံးလိုလိုက မရှိတော့ဘူး။ တစ်ခြားနီးစပ်ရာတွေကို ရှောင်နေကြတယ်” ဟု ပြော သည်။ ဖက်ကြပ်ကျေးရွာမှာ အိမ်ထောင်စု ၃၀၀ ကျော်ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး အဆိုပါကျေးရွာအနီးတွင် ချောင်းနေ၊ ရမ်းသား၊ စစ်ပြား စသည့် ကျေးရွာများလည်းရှိကြောင်း သိရသည်။

ဗုံးကြဲခံရပြီးနောက်ပိုင်း အဆိုပါအနီးတဝိုက် ဒေသအခြေနေများနှင့် ပတ်သက်၍လည်း ရမ်းဗြဲဒေသခံတစ်ဦးက ” အနီး နားရွာမှာ ဖြစ်နေတော့ ကြောက်ကြတာပဲ။ ရှောင်တဲ့သူတွေလည်း ရွာကနေ ရှောင်ကြတာရှိတယ်။ ဒါပေမယ့် ဘလောက်ကြာ ကြာ ရှောင်တိမ်းနိုင်မှာလဲ။ ကျနော်တို့မှာ ပြေးစရာမြေကဆုံးနေပြီ။ တိုက်ပွဲဖြစ်နေတယ်ဆိုရင်တောင် မဖြစ်တဲ့နေရာကိုရှောင် နေနိုင်သေးတယ်။ ခုကဘယ်အချိန် ဘယ်နေရာကို လေယာဥ်ကနေ ဗုံးလာကြဲချမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး” ဟု ပြော သည်။  ရမ်းဗြဲတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့စဥ်ကလည်း စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းဖြင့် အပြင်းထန်ခုခံပစ်ခတ်ခဲ့၍ မြို့တွင်း နေအိမ် ၂၀၀ ကျော်ခန့်မီးလောင်ဆုံးရှုံးကာ စုစုပေါင်း ၃၀၀ ခန့် ပျက်စီးသွားကြောင်း သိရ သည်။  https://www.facebook.com/photo/?fbid=867537648718996&set=pcb.867538228718938

၇။ ခရီးသွားလာပြည်သူများ အကြမ်းဖက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်းများကြုံတွေ့ရ
  April 1, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်သို့ ကူးသန်းသွားလာရေးအတွက် အသုံးပြုနေရသော တောင်ငူ-သံတောင်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းများက ခရီးသွားလာသူ ပြည်သူများအား စစ်ဆေးရေးလုပ်ဆောင်ရာ တွင် အကြမ်းဖက်ခြိမ်းခြောက်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်းများလုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များမှ သိရသည်။ ထိုလမ်းပေါ်ရှိ (၁၃)မိုင်စစ်ကောင်စီ ဂိတ်စခန်း၊ (၇)မိုင်၊ (၅)မိုင်၊ (၄)မိုင် စသည့် စစ်တပ် လုံခြုံရေး ဂိတ်စခန်းများတွင် စစ်တပ်အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်ကတည်းက ဒေသအတွင်း စစ်ဆေး ရေးတင်းကြပ်ထားခြင်း ဖြစ်ပြီး ယခုမတ်လကုန်ပိုင်းတွင် ဂိတ်တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူအား ထိုကဲ့သို့ ခပ်စိတ်စိတ်ပြုလုပ် လာနေခြင်းဖြစ်သည်။
မတ်လနောက်ဆုံးအပတ်က တောင်ငူ-သံတောင်လမ်းပေါ် ဖြတ်သန်းသွားလာသူ ယာဥ်မောင်းတစ်ဦးအား (၁၃) မိုင် ဂိတ်ရှိ စစ်ကောင်စီတပ်က အမျိုးသားများတင်ဆောင်လာသည်ဟု ဆိုကာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။“ကားဆရာက သူ့သူငယ်ချင်း (၃) (၄) ယောက် ကားပေါ်တင်ခေါ်သွားတာ လူငယ်တွေပဲ အဲဒီမှာ စောင့်တဲ့စစ်တပ်ဂိတ်က လူစစ်တော့ စပါယ်ယာ ခေါ်လာတာအဲ့လောက်များရသလားဆိုပြီးတော့ ကိုယ်ထိလက်ရောက် ကားဆရာကိုထိုးတယ်။ တစ်ခေါက်ကလည်း သံတောင်ကြီးသာသနာရုံးက ဒေသခံတစ်ယောက် ကိုယ်တိုင်ကားမောင်းလာတာ ကားပေါ်မှာလည်းဆရာမတွေပဲပါလာတာကို အဲ့ဒီဂိတ်မှာ သူ့ကိုထိုင်ထလုပ်ခိုင်းတယ် ပိုက်ဆံ(၃)သောင်းလည်း ပေးရတယ်။” ဟု ၎င်းက ပြောသည်။ ထို့အပြင် (၄)မိုင်ရှိ စစ်ကောင်စီတပ်ဂိတ်မှလည်း အမျိုးသားအဖော်မပါဘဲ ခရီးသွား လာသူ အမျိုးသမီး များအား စစ်ဆေးရေးလုပ်ဆောင်ရင်းဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုကြောင်း နစ်နာသူ အမျိုးသမီးများနှင့် နီးစပ်သူများက ပြောသည်။ https://www.facebook.com/photo/?fbid=823203603169 853&set=a.599857992171083

၈။ ချင်းပြည်နယ်ရှိ ထိန်းချုပ်ထားသောနေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်
 April 2, 2024
ချင်းလဲန်းအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီး ဌာနမှ ချင်းပြည်တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသော နယ်မြေဒေသများ တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်အကောင်ထည်ဖော်‌‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအကောင်ထည် ဖော် ဆောင်ရွက်နေသော NGO၊ INGOများ၊ ပြည်သူ့အုပ်ချုပ်ရေးများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်ပူးတွဲပြီး လုပ် ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။“ပြီးခဲ့တဲ့ အစောပိုင်းကပေါ့လေ။ ယခင်မတ်လ ၇ ရက်နေ့ က ကျွန်‌တော်တို့ ချင်းပြည် တွင်းမှာရှိတဲ့ INGO တို့၊ NGO တို့ကို ဖိတ်ခေါ်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲလေးတစ်ရပ် ပြုလုပ်ခဲ့ တယ်။ လက်ရှိသူတို့ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ဘယ်လိုမျိုး ပိုပြီးတော့ ထိရောက်အောင် လုပ်ဆောင်မလဲ။ အစိုးရအနေနဲ့ သူတို့ကို ဘယ်လိုကူညီနိုင်မလဲ။ အစိုးရရဲ့ လုပ်ငန်းစဉ်မှာ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နိုင် မလဲဆိုတာကို တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့တယ်”ဟု လူသားချင်းစာနာထောက်ထားရေးနှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနမှ အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ချင်းပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကျရောက်မှုအများဆုံးပြည်နယ်တစ်ခုဖြစ်ပြီး အာဏာ သိမ်းပြီးနောက်ပိုင်း တွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုအပါအဝင် စစ်ဘေးရှောင်များ ပိုမိုများပြားလာကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများ ထံက သိရသည်။ “ဝန်ထမ်းများခန့်အပ်ပြီးရင် data အချက်အလက်ကောက်ခံမှုတွေ ပြုလုပ်သွားဖို့ရှိတယ်။ အဲဒီ အတွက်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်။ ပြီးရင် INGO, NGO များနဲ့ချိတ်ဆက်ပူးပေါင်းပြီး ဖြစ်စေ၊ အစိုးရဝန်ကြီးဌာနအနေနဲ့ဖြစ်စေ ရရှိလာတဲ့ အချက်အလက်များကိုအခြေခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကြိုး စားသွားမယ်” ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းမနားကီးက ပြော သည်။ https://www.facebook.com/photo/?fbid=746954194240269&set=a.583120810623609

၉။ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေယာဥ်ဗုံးလာကြဲ
  April 2, 2024
ကရင်နီ-ရှမ်းနယ်စပ်မြို့ ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက  လေယာဥ် နဲ့ ဗုံးနှစ်လုံး လာကြဲသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ဧပြီလ ၁ ရက်နေ့ နေ့လည် လာကြဲသွားတာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ဒီမိုးဗြဲ ဖယ်ခုံဖက်မှာတော့ တိုက်ပွဲတွေတော့ ထိတွေ့မှုတွေတော့ လောလောဆယ်မှာမရှိဘူး။ သို့သော်လည်းပဲ စစ်ကောင်စီ က မနေ့က တိုက်ပွဲမရှိဘဲနဲ့ လေယာဥ်လာကြဲ သွားတာမျိုးရှိတယ်ပေါ့‌နော်။ ဗုံးနှစ်လုံးလာချသွားတယ်။ လူထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ ဒီအဆောက်အဦး ထိခိုက်မှုအနည်းငယ်တော့ရှိတာပေါ့နော်” လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ 
လူထုနေအိမ် အဆောက်အဦးတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်းဗုံးကြဲမှုတွေကြောင့် ထိခိုက်ပျက်စီး ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာလည်း မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စက်တော်ရာ၊ ဒုန်းဒူထန်၊ စည်ကား ၃၊ စည်ကား ၁၊ ပွဲကုန်း ၃ ရပ်ကွက်က နေအိမ်တွေ တောမီးကူးစက်ရာကနေ မီးလောင်ပြာကျခဲ့တာရှိပါတယ်။  လက်ရှိ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတွေ လေကြောင်းအသုံးပြုပြီး ဗုံးလာကြဲမှုရှိနေတာကြောင့်  ပြည်သူတွေ ပြန်လည်နေထိုင်ခြင်းမရှိ သေးပါဘူး။ www.kantarawaddytimes.org

၁၀။ မြိတ်မှာ စစ်မှုထမ်းဖို့ စာရင်းပါသူတစ်ဦး ကြိုးဆွဲချသေဆုံး
   April 1, 2024
မြိတ်မြို့မှာ တုံးဗျောငယ်ရွာက စစ်မှုထမ်းဖို့ စာရင်းပါထားတဲ့ အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေခဲ့တယ်လို့ ရွာခံတွေ ဆီက သိရပါတယ်။ သေဆုံးသူကိုစိုးမင်းနိုင်ဟာ ရွာမှာ စစ်မှုထမ်းအတွက် မဲနှိုက်ဖို့ အစည်းအဝေးလုပ်ချိန်တုန်းက ရွာသားတွေ ဘယ်သူမှမဲမနှိုက်ချင်လို့ သူကိုယ်တိုင်ပါမယ်လို့ စာရင်ပေးခဲ့သူဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ တုံးဗျောငယ်ရွာမှာ မတ်လ ၁၇ ရက်နေ့က အစည်းအဝေးလုပ်ခဲ့တာဖြစ်ပြီး မဲနှိုက်ဖို့ စာရင်းပေးခဲ့တဲ့ ကိုစိုးမင်းနိုင်ကို ရွာသားတွေစုပြီး ပိုက်ဆံပေးဖို့ သဘောတူခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဦးစိုးမင်းနိုင် ဟာ စစ်မှုထမ်းဖို့ဆေးစစ်ဖို့အတွက် မြိတ်မြို့ကို ၂၆ ရက်နေ့က သွားရောက်ခဲ့ပြီး ၂၈ ရက်နေ့ ညနေပိုင်းမှာ ရွာကို ပြန်လာခဲ့တယ်လို့ တုံးဗျောငယ်ရွာခံတွေက ဆိုပါတယ်။
ရွာကိုပြန်လာပြီး အိမ်မှာပြန်မအိပ်ဘဲ ပျောက်နေလို့ ရွာသားတွေလိုက်ရှာတဲ့အချိန်မှာ သေဆုံးနေတဲ့ ဦးစိုးမင်းနိုင်ကို မတ်လ ၃၀ ရက်နေ့မနက်ပိုင်းမှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။  သူ့ရဲ့အိမ်အနောက်ဘက် ရွာချောင်းစပ်တောအုပ်ထဲမှာ ကြိုးဆွဲ ချလျက်အနေအထားနဲ့အလောင်းတွေ့ခဲ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။“ရှာတွေ့တော့ အလောင်းကပုတ်နေပြီ။ သူ ဘိတ် (မြိတ်) ကပြန်လာပြီးကတည်းက နှစ်ညလုံး အိမ်ပြန်မအိပ်ဘူးလို့ သူ့အမေပြောတယ်။ သူ့အမေကလည်း တခြားမှာ သွားအိပ် တယ်ထင်နေတာ။ နောက်မှ ရွာမှာ လိုက်မေးတာ ဘယ်သူ့အိမ်မှ မလာဘူးပြောကြလို့ လိုက်ရှာကြတာပါ” လို့ ရွာခံ အမျိုးသား တစ်ဦး ဆိုပါတယ်။ “သူ့ကို ဘယ်လောက်ပေးပါမယ်ဆိုတဲ့ ပမာဏတောင် မသတ်မှတ်ရသေးဘူး။ လေးလပိုင်းကြမှ ရွာကနေ ပိုက်ဆံစုကောက်ပြီး ပေးဖို့စီစဥ်ထားကြတာ” လို့ တုံးဗျောငယ်ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ။ စစ်ကောင်စီက အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ စစ်မှုထမ်းအစီအစဥ်ရဲ့ ပထမအသုတ်မှာ တနင်္သာရီတိုင်းက အယောက် ၂၆၀ ကျော်ပါဝင်မှာဖြစ်ပြီး မြိတ်မြို့နယ်က ၁၂၀ ဦးကနေ ၁၅၀ ဦးကြားပါဝင်မှာ ဖြစ်တယ်လို့ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က ပြောဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=4424260148 41820&set=a.196212679463156

၁၁။ ဖားကန့်မှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ
  April 1, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မော်မောင်းလျံကျေးရွာမှာ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျည်တစ်လုံး ရွာထဲက နတ်စင်ကြီးကုန်းနားမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အနားမှာရှိနေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ရွာက ကိုးကွယ်တဲ့ နတ်စင် ကုန်းမှာ လက်နက်ကြီးကျည်တစ်လုံး ကျတာပေါ့။ ဆုံးသွားတဲ့အမျိုးသမီးနေတဲ့အိမ်နဲ့ နတ်စင်နဲ့ ကပ်လျက်ပေါ့။ သူက အဲဒီအချိန် အိမ်အပြင်မှာ ထွက်ထိုင်နေတဲ့အချိန်မှာ ဖြစ်သွားတာ။ ဗိုက်တွေပွင့်ပြီး မြင်မကောင်းလောက်အောင်ကို တစ်စစီဖြစ်သွားတယ်” သေဆုံးခဲ့သူဟာ အသက် ၇၀ ကျော်အရွယ် ဒေါ်ကြည်ခင်ဖြစ်ပြီး ဒဏ်ရာရသူခြောက်ဦးကတော့ ဖားကန့်ဆေးရုံကြီးမှာ ဆေးကု သမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

မတ်လ ၁ ရက်နေ့ကလည်း ဆိပ်မူကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ https://www.facebook.com/photo/?f bid=832025935625477&set=a.583637430464330

၁၂။ စစ်ကောင်စီကြောင့် ၃ လအတွင်း မုန်းဒေသခံ ၁၈ ဦးသေဆုံးပြီး ၆၀,၀၀၀ ကျော် ထွက်ပြေးနေရ
  April 1, 2024
စစ်ကောင်စီတပ်များ၏တိုက်ခိုက်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၃ နယ်မြေ ဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်က ဒေသခံ ၁၈ ဦးသေဆုံးခဲ့သည်ဟု မုန်းမြို့နယ် ကရင် အရေးပေါ်ကူညီ ကယ် ဆယ်ရေးကော်မတီက ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစ၍ မတ်လကုန်အထိ ၃ လ အတွင်း မုန်းမြို့ နယ်ကို လေကြောင်း ဖြင့် ၆၃  ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ် ခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထိုသို့ တိုက်ခိုက်မှုများကြောင့် ‌မုန်းမြို့နယ်က ဒေသခံ ၁၈ ဦးသေဆုံးခဲ့ပြီး ၃၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်စုစုပေါင်း ၁၆၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ထုတ် ပြန်ချက်အရ သိရသည်။
ယင်းအပြင် ကျေးရွာပေါင်း ၈၇ ရွာက ဒေသခံ  ၆၃၁၁၂ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်ရှိ တွင် မုန်းဒေသခံအချို့ နေရပ်ပြန်နေထိုင်နေသော်လည်း အများစုကတော့ စစ်ကျန်ပစ္စည်းများ၏ အန္တရာယ် ကြောင့် နေရပ်ပြန်ရ မည်ကို စိုးရိမ်နေကြသည်။ မုန်းဒေသခံအမျိုးသမီး ၁ ဦးက “မုန်းမှာကတော့ တချို့ပြန်နေကြတယ်။ အနီးအနားက ရွာတွေက တော့ ပြန်မနေ ရဲကြသေးဘူး။ မိုင်းတွေအများကြီးထောင်ထားတာ။ လက်နက်ကြီးတွေနဲ့ပစ်နေတော့ အကုန်ကြောက်နေရတာပါ ပဲ။ လူတွေလည်း စိတ်ဓာတ်တွေကျနေပြီ။ ဘာဝင်ငွေမှမရှိကြဘူးလေ” ဟုဆိုသည်။  https://thanlwinkhet.net/?p=8852

၁၃။ ကိုးကန့် မှတ်ပုံတင်လုပ်ပေးရန် MNDAA က အိမ်ထောင်စုစာရင်းကောက်
  April 2, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ အိမ်ထောင်စုစာရင်း ကောက် ယူပြီး ကိုးကန့်မှတ်ပုံတင်တွေ ပြုလုပ်ပေးမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။“မှတ်ပုံတင်နဲ့ပတ်သက်ပြီး လုပ်ပေးမယ်လို့တော့ ပြောတယ်။ စာရင်းတွေ ကောက်ပြီးပြီ၊ ဓာတ်ပုံလည်း ရိုက်ပြီးပြီ၊ မလုပ်ပေးသေးဘူး” လို့ မုံးကိုးမြို့နယ် နော့်ဂူရွာက ဒေသခံတဦးက ပြောပါတယ်။ မုံးကိုးမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတဦးကလည်း မုံးကိုးမြို့မှာ အိမ်ထောင်စုစာရင်းတွေ လိုက် ကောက်တာ ဟုတ်တယ်လို့ ပြောပါတယ်။
“ကိုးကန့်တွေ အစည်းဝေးတွေခေါ်လုပ်တယ်။ အိမ်ထောင်စု၊ မှတ်ပုံတင်တွေ လုပ်ပေးမယ်လို့ ပြောတယ်။ သူတို့လုပ် ပေးမယ့် မှတ်ပုံတင်က တရုတ်ပြည်ကို ဝင်လို့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ အိမ်ထောင်စုစာရင်း လိုက်ကောက်တာက KIA မှာ စစ်သားလုပ်တဲ့သူဆိုရင် စာရင်းထဲက နုတ်လိုက်လို့ အံ့ဩနေတာ။ အိမ်ထောင်စုစာရင်းက ရှိသမျှလူတွေရဲ့ စာရင်းထည့်ရတာ မဟုတ်ဘူးလား”လို့ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်၊ မုံးပေါ်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။ ရှိထားတဲ့ အိမ်ထောင်စုစာရင်း ကို မိတ္တူပေးရတာဖြစ်ပြီး ကိုးကန့် (MNDAA) ဘက်ကတော့ တရုတ်လို ဘာသာပြန်ယူကာ မှတ်ပုံတင်လုပ်ပေးမယ်လို့တော့ ပြောပေမဲ့ လက်ရှိမှာတော့ မှတ်ပုံတင် မရသေးဘူးလို့ မုံးပေါ်ဒေသခံ အမျိုးသားတဦးကလည်း ပြောပါတယ်။ သိန္နီမြို့နယ်မှာ တော့ ဒေသခံတွေကို အိမ်ထောင်စု စာရင်းလိုက်ကကောက်တာမျိုး မရှိပေမဲ့ ကိုးကန့် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေက မှတ်ပုံတင် မဟုတ်ရင် နေထိုင်ခွင့်၊ ဖြတ်သန်းသွားလာခွင့်ကတ်တွေ လုပ်ရပြီး အဲဒီကတ်တွေက မှတ်ပုံတင်ပုံစံလိုမျိုး ဖြစ်တယ်လို့ ပြောပါတယ်။ https://burmese.dvb.no/post/646355

၁၄။ လဟယ်မြို့နယ်အတွင်း စစ်မှုထမ်းအင်အားစုဆောင်းရာမှာ  တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း ပေးပြီး စည်းရုံးနေ
  April 1, 2024
နာဂဒေသ၊ လဟယ်မြို့နယ်မှာ စစ်ကောင်စီအဖွဲ့က စစ်မှုထမ်းဖို့ လူအင်အားစုဆောင်းရာမှာ တစ်ဦးလျှင် ငွေ ၁၀ သိန်း ကျပ် ပေးပြီး စည်းရုံးနေတယ်လို့ ဒေသတွင်းပြည်သူများက ပြောပါတယ်။ တချို့ မိသားစုများက မိသားစုစား၀တ်နေရေး အခက် ခဲကြောင့် စည်းရုံးသိမ်းသွင်းတာကို လက်ခံလိုက်တဲ့သူတွေလည်း ရှိနေတယ်လို့ ဒေသတွင်းပြည်သူ တစ်ဦးက အခုလို ပြောပါ တယ်။“တချို့က စားဝတ်နေရေး အကြပ်အတည်းကိုဖြေရှင်းဖို့ နည်းလမ်းမရှိတော့ လက်ခံလိုက်ကြတဲ့ သူတွေ ရှိတယ်။ ၈ ယောက်ကတော့ သဘောတူပြီး ပါသွားတယ် ပြောတယ်” လို့ ပြောပါတယ်။
နာဂ အမျိုးသားဆိုရှယ်လစ်အဖွဲ့ – NSCN K က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ နာဂဒေသအပေါ် သက်ရောက်မှုရှိ မှာ မဟုတ်ကြောင်း သူတို့ရဲ့ သဘောထားရပ်တည်မှုထုတ်ပြန်ချက်နဲ့အတူ အဓမ္မလူအင်အားစုဆောင်းတာတွေ မလုပ်ဖို့ တားမြစ် ခဲ့ပေမယ့် လက်ရှိ အခြေအနေတွေအပေါ် တုံ့ပြန်လုပ်ဆောင်မှု မရှိတာနဲ့ ပတ်သက်ပြီး နာဂလူထုတွေထဲကလည်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး NSCN K နဲ့ နီးစပ်သူ တစ်ဦးကတော့ လက်ရှိအခြေအနေအပေါ်အခုလို ပြောဆိုပါတယ်။“မိမိတို့ဆန္ဒအလျောက် ပါသွားတဲ့ သူတွေကိုတော့ အထူးတလည်ပြောဖို့မရှိဘူး။ အတင်းအဓမ္မ လုပ်ဆောင် လာတာ တွေဟာ NSCN အနေနဲ့ တားမြစ်ထားပြီးသားဖြစ်လို့ ဒီအတိုင်း ဆက်သွားရင် နာဂဒေသမှာလည်း စစ်ရေး ပါလာဖို့ များနေတယ်။ ဒီအရေးမှာ ပြည်သူတွေကလည်း စောင့်ကြည့်နေတယ်။  NSCN ကို ပြည်သူတွေက ဆက်ထောက်ခံ မထောက်ခံက ဒီမှာ အဆုံး အဖြတ် ပေးလိမ့်မယ်။ နာဂလူထုကို ထိခိုက်နစ်နာအောင် လုပ်ဆောင်နေရင်တောင်မှ NSCN အနေနဲ့ ဘာမှထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိရင် ဒါက နောက်ပိုင်းစဉ်းစာရမယ့် အချက် ဖြစ်လာလိမ့်မယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာဖို့အထိ NSCN က လက်ပိုက်ကြည့်နေမှာ မဟုတ်လို့ စစ်ရေးထဲ ပါလာမယ် လို့ မျော်လင့်တယ်” လို့ ပြောပါတယ်။ https://www.facebook.com/photo/?fbid=365234756512471&set=a.117710467931569

၁၅။ ချင်းပြည်နယ် ခိုင်ကမ်းမြို့က ဒေသခံတစ်ယောက် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားတယ်လို့သိရ
   April 1, 2024
ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ကတစ်ယောက်ဟာ မတ်လ(၃၁)ရက်နေ့ နေ့လယ်ပိုင်းမှာ မြေမြုပ်မိုင်းနင်းမိတာကြောင့် ခြေ ထောက်နှစ်ဖက်စလုံး ပြတ်သွားတယ်လို့ ခိုင်ကမ်းမြို့ကဒေသခံတွေကပြောပါတယ်။“စစ်ဘေးရှောင်တဲ့နေရာ ကနေ အိမ်ကို ခဏသွားကြည့်တဲ့အချိန်မှာ မိုင်းနင်းမိတာ၊‌‌ ခြေထောက်နှစ်ဖက်စလုံးပြတ်သွားတယ်”လို့ ခိုင်ကမ်းမြို့ကဒေသခံ တစ်ယောက် က အခုလိုပြောပါတယ်။
မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက်ဆုံးရှုံးသွားတဲ့သူဟာ အသက်(၄၀)နှစ် အရွယ်ဖြစ်တယ်လို့သိရပြီး အရွယ် မရောက်သေးတဲ့သမီးဖြစ်သူနဲ့အတူ နေတယိလို့သိရပါတယ်။ ခိုင်ကမ်းမြို့ဟာ ချင်းပြည်နယ်အတွင်းမှာရှိပြီး စစ်ကိုင်းတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့ငယ်လေးဖြစ်ပြီး ချင်းလူမျိုးအများစုနေထိုင်တဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=821836339978699&set=a.273500801478925

၁၆။ မိုးကောင်းမြို့နယ် ဆားမှော်ရွာခံ ၁၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထား
  April 2, 2024
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာက အုပ်ချုပ်ရေးမှူး မတ်လ ၃၁ ရက်နေ့ မနေ့ကဖမ်းဆီးခံရပြီး နောက် စစ်ကောင်စီတပ်သားတွေ ရွာထဲမှာလိုက်လံစစ်ဆေးပြီး ဘာသာရေးဆရာနှစ်ဦးအပါအဝင် ရွာခံ ၁၄ ဦးကို ဖမ်းဆီးထား တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ညနေ ၃ နာရီခန့်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ကို အမည်မသိ လူတစ်စုက ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်က ရွာထဲကိုဝင်ပြီး အခုလိုဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“အခုထိတော့ တစ်ယောက်မှမလွတ်သေးဘူး။ အဆက်အသွယ်လည်းမရဘူး။ ခလရ (၁၀၅)မှာ ရှိနေတယ်လို့သိရတယ်။ ဖမ်းတဲ့ ဟာက မိုးကောင်းက စစ်သားတွေရော ပြည်သူ့စစ်တွေရော ပါတယ်။ ဘာသာရေးဆရာနှစ်ဦးပါသွားတယ်။ ICM (လွတ်လပ် သော တိုင်းရင်းခရစ်ယာန်) ကတစ်ဦး၊ KBC (ကချင်နှစ်ခြင်းခရစ်ယာန်) တစ်ဦး” အဲဒီ ၁၄ ဦးအပြင် နောက်ထပ်ပါ ဆက်လက် ဖမ်းဆီးဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း ဖမ်းဆီးခံရသူတွေထဲမှာ သူ့မိတ်ဆွေတစ်ဦးပါဝင်ပြီး ဒီနေ့ အထိ အဆက်အသွယ် မရသေးဘူးလို့ ပြောပါတယ်။“ကျွန်တော့အသိတစ်ယောက်က မနေ့က အိမ်မှာနေတဲ့အချိန် အဖမ်းခံရ တာပေါ့။ သူ့အဖေကိုလာရှာတာ သူ့အဖေကိုမတွေ့တော့ သူ့သားကိုဖမ်းသွားတာ။ အခုထိ မလွတ်လာသေးဘူး” နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းအရ စစ်တပ် အာဏာသိမ်းကာလ အတွင်း လူနှစ်သောင်းကျော် (၂၀,၂၉၀ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/moekau ng-arrested-04012024060208.html

၁၇။ ဆီဆိုင်မြို့ကို စစ်ရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်ပြီး ပစ္စည်းများ သယ်ခွင့်ရ
  April 2, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ထဲကို ဧပြီ ၁ ရက်က ပြည်သူတွေ ပြန်လည်ဝင်ရောက်ပြီး ပစ္စည်းတွေကို သယ်ထုတ် နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လက်ရှိ ဆီဆိုင်မြို့နဲ့ မြောက်ဘက် ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို စစ်ကောင်စီ တပ်နဲ့ PNO အဖွဲ့တွေ ဝင်ရောက်ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။ ဆီဆိုင်မြို့ခံ အမျိုးသားတဦးက “လမ်းတ လျှောက် လုံး သူတို့ဂိတ်တွေချည်းပဲ၊ မှတ်ပုံတင်စစ်တယ် ဆီဆိုင်မြို့ခံဆိုရင်ပေးဝင်တယ်၊ ပေးမနေသေးဘူး၊ ညနေပိုင်း ၃ နာရီဆို အကုန် ပြန်ထွက်ရတယ်။ မြို့ကို စဝင်တာနဲ့ ပျက်စီးတာတွေချည်းပဲ။ ဈေးပတ်ပတ်လည်ဆိုလည်း ရစရာမရှိဘူး။ လက်နက်ကြီးထိလို့ ပျက်စီးတဲ့အိမ်ဆိုရင် ပစ္စည်းတွေကျန်သေးတယ်၊ အဲဒါတွေ ပြန်ယူတာ” လို့ ပြောပါတယ်။
မီးမလောင်တဲ့ အိမ်တွေ၊ မီးတဝက်ပဲလောင်တဲ့ အိမ်တွေ၊ လက်နက်ကြီးထိလို့ ပျက်စီးသွားတဲ့ အိမ်တွေနဲ့၊ ကြားထဲ ဘာမှ မထိဘဲ အကောင်းတိုင်း ကျန်နေတဲ့အိမ်တချို့မှာ အိမ်ထဲကို သူခိုးတွေ ဝင်မွှေထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။“မီးမလောင် တဲ့ အိမ်တွေထဲမှာ သူခိုးတွေ မွှေထားတယ်။ ဗီဒိုတွေလည်း ရိုက်ခွဲနဲ့ အဝတ်အစား အသစ်တွေ၊ ပိုက်ဆံတွေကို ယူသွားတယ်။ စစ်သားတွေ ဝင်အိပ်တယ်၊ ဆန်အိတ်တွေ ဆီပုံးတွေ သယ်သွားတယ်၊ မီးလောင်သွားတဲ့ အိမ်တွေတော့ ပိုများတယ်။ လက်နက် ကြီးထိလို့ အပေါ်တပိုင်း ပြတ်တာ၊ ပြတင်းပေါက်ကွဲတာ၊ အိမ်ကြီးပြိုကျတာတွေလည်း အများကြီး တွေ့ရတယ်။ ကျမဆို ကျန်ခဲ့ တဲ့ပြောင်းကိုနှမြောလွန်းလို့ ဘာမှတောင်မလုပ်နိုင်တော့ဘူး။ ပိဿာချိန်ထောင်ချီကို မီးလောင်သွားတာလေ”လို့ မြို့ခံအမျိုးသမီး တဦးက ပြောပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် (KNDF) တပ်တွေက မြို့တောင်ဘက် မိုင်းဘောင်၊ နောင်အယ်ကျေးရွာတွေမှာ ဆက်လက်တပ်စွဲထားတယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/646359

၁၈။ မိုးမောက်မှာ စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူအားလုံးနီးပါးတိမ်းရှောင်
 April 1, 2024
ဗန်းမော်ခရိုင် မိုးမောက်မြို့ဒေသခံအားလုံးနီးပါး စစ်ရှောင်နေကြပြီဖြစ်ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ် မတော် KIA တို့အကြား မြို့တွင်းစစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမောက်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွား လာမယ့်အခြေနေကြောင့် မြို့ခံတွေဟာ အိမ်စောင့်လောက်သာကျန်ခဲ့ပြီး အားလုံးဘေးလွတ်ရာတွေဆီ တိမ်းရှောင်သွားပြီလို့ မိုးမောက်ဒေသခံတွေပြောပါတယ်။“မိုးမောက်ကပြည်သူအားလုံးရှောင်ပြီ။ စိန်လုံစစ်တပ်ကိုသိမ်းလိုက်ပြီဆိုတော့ အဲဒီစခန်းက နေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးယူပြီးလာကြိုပုံရတယ်။ ဒီမနက်တော့ မိုးမောက်မြို့မစျေးမှာ စစ်သားတွေအပြည့်ဟုတ်တယ်။ မြို့ခံတွေက အိမ်စောင့်တစ်ယောက်တစ်လေပဲကျန်တော့တယ်။ ရှောင်ကုန်ပြီ။” ဟု မိုးမောက် ဒေသခံကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာတော့ ဗန်းမော်နဲ့ မိုးမောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အား မြောက်အများနဲ့ မိုးမောက်မြို့တွင်း အပြည့်နေရာယူကာ လွယ်ဂျယ်၊ စိန်လုံဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို လုံခြုံရေးယူပေးခဲ့ကြောင်း သိရပါတယ်။
မိုးမောက်မြို့ဒေသခံတွေကတော့ မိုင်ကုန့်( Maikung) ၊ ရှစ်ခိုး( Shithku) ၊ ဒိန်ဆင်းပါ( Dingsing Pa) ၊ အင်ဘာပါ (Nba Pa) စတဲ့  နီးစပ်ရာ ကျေးရွာတွေက ဆွေမျိုးအိမ်တွေဆီ၊ တချို့ကတော့ တောတောင်တွေထဲ တိမ်းရှောင်နေကြတယ်လို့ သိရပြီး အများပိုင်းကတော့ ကျခန့်ဒပ်ကျေးရွာ နဲ့ မြစ်ကြီးနားဘက်သွားလမ်း လဂျားယန်ဘက် နေရာသတ်မှတ်ထားပြီး စစ်ရှောင်နေကြ တယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုးမောက်နဲ့ လွယ်ဂျယ်ကြားက စိန်လုံစစ်ကောင်စီဗျူဟာကုန်းကြီးကို သိမ်းပိုက်ပြီး မိုးမောက်ဘက် ထိုးစစ်ဦးတည်လာနေတာကြောင့် ဧပြီ ၁ ရက်နေ့ ဒီနေ့မှာပဲ မိုးမောက်ဒေသခံအားလုံးနီးပါး တိမ်းရှောင်တာလို့ ဆိုပါတယ်။ “စိန်လုံကိုသိမ်းပြီးပြီဆိုတော့ အခုက မိုးမောက်နဲ့ လွယ်ဂျယ်ကြား ကုန်ပြီလေ။ ဒီဘက် ဗန်းမော်၊ မံစီ၊ မိုးမောက်ပဲကျန်တာ။ ဒီဘက်ကို ဦးတည်နေပြီ။ ဒါကြောင့် ဒီဘက်ဖြစ်ရင်တော့ ရှောင်ရမှာပဲ ဆိုတော့ အခုအားလုံးနီးပါး တိမ်းရှောင်ပြီ။ အိမ်လည်းမစောင့်လို့မရပြန်ဆိုတော့ တချို့အိမ်စောင့်ပဲကျန်တော့တယ်”ဟု နောက် ထပ် မိုးမောက်ဒေသခံတစ်ဦးပြောပါတယ်။  လက်ရှိမှာ မိုးမောက်မြို့တစ်ဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန် ရေးတပ်ပေါင်းစုတွေဘက်က နေရာယူလိုက်ပြီဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေကြောင်း သိရပါတယ်။ https://bu rmese.kachinnews.com/2024/04/01/ld2-34/

၁၉။ သျှမ်း-ကရင်နီ(ကယား) အဓိကကျသည့် နောင်ဝိုးတံတား ဖျက်ဆီးခံရ
  April 1, 2024
သျှမ်း-ကရင်နီ (ကယား)ပြည်အကြား အဓိကျဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ဝိုးတံတား ၁ စင်း သည် စစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ ရှိ နောင်ဝိုးတံတားသည် သျှမ်း-ကရင်နီ (ကယား)ပြည်အကြား အဓိက ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်မှ တံတား ၁ စင်းဖြစ်ပြီး စစ်ရေးအရ အရေးပါသော ထောက်ပို့လမ်းကြောင်းဖြစ်ကာ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မတ်လ ၃၀ ရက်က ပျက်စီးသွားကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက ပြောသည်။
“နောင်ဝိုးတံတားကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ပျက်သွားတာ။ ပင်လောင်းနဲ့ ဖယ်ခုံကြား အဲ့တံတားက အဓိက ကျတယ်။ အဲ့တံတားကျိုးသွားရင် ဘာမှလုပ်လို့မရတော့ဘူး” ၎င်းကပြောသည်။ ယင်းကဲ့သို့ တံတားပျက်စီးသွားသောကြောင့် ပင်လောင်းမြို့ကို တိမ်းရှောင်လာမည့် ကရင်နီ (ကယား)ပြည်က စစ်ဘေးရှောင်သော်လည်း၊ ဖယ်ခုံမြို့ဘက်သို့ နေရပ်ပြန်သွား မည့် စစ်ဘေးရှောင်သော်လည်းကောင်း သွားလာ၍ မရတော့ကြောင်းဆိုသည်။ ပင်လောင်းမြို့နယ်တွင် မတ်လ ၁၀ ရက်မှစပြီး တိုက်ပွဲဖြစ်ပွားလာရာ နမ့်ဖာမှု၊ နောင်ဝိုး၊ ဆောင်းပြောင်း၊ ကားရား၊ ကုန်းပေါ၊ ဗန်းမော်၊ တောင်မဲသင်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ https://burmese. shannews.org/%e1%80% 9e%e1%80%bb%e1%80%be%e1%80%99%e1%80%ba%e 1%80%b8

၂၀။  အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း AA က အရေးပေါ်ထုတ်ပြန်
  April 2, 2024
ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် အသိပေးသည်။ အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ လမ်း ဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများထောင်နေ၍ ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ယနေ့ဧပြီလ ၂ ရက် နေ့ တွင် ရက္ခိုင့်တပ်တော် AA ၏ နိုဗာ (၁) စစ်ဒေသက ထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားပါက ပြည်သူ များထိခိုက်သွားမည်ကို စိုးရိမ်၍ AA က အမ်း-ပဒါန်းကားလမ်းမကို ရက်အကန့်အသတ်မရှိ အရေးပေါ်ပိတ်သိမ်းလိုက်ရကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစ၍ ရခိုင်ပြည်အတွင်း တိုက်ပွဲများမှာ ယနေ့အချိန်အထိ ဆက်လက်ပြင်းထန် နေဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ကစ၍လည်း အမ်းနှင့် မကွေးတိုင်းအကြားတွင် စစ်ကောင်စီနှင့် AA တို့သည် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း AA က ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များထံ စစ်ရှုံးနေသည့်အပြင် သံတမန်ရေးရာတွင်လည်း ဆက်တိုက်ရှုံးနိမ့်နေ၍ ပြည်သူလူထု အပေါ် အကြမ်းဖက်မှုများ ကျူးလွန်ကာ ပြည်သူကိုဦးတည်တိုက်ခိုက်မှုများ ကျူးလွန်နေသည်ဟု AA ၏ နိုဗာ (၁) စစ်ဒေသက ပြောသည်။ အခြားတစ်ဖက်တွင်လည်း ပြည်သူလူထုအား စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံး ပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးခြင်းကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။  https://www.f acebook.com/photo/?fbid=868069358665825&set=pcb.868069528665808

၂၁။  ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက် ကြီးမားဆဲ
  April 1, 2024
ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ပိုင်ကျုံမြို့နယ်အတွင်းသို့ရောက်ရှိ စစ်ဘေးရှောင်နေကြရသူများအနေဖြင့် အစားအသောက် နှင့် နေထိုင်ရေးအတွက် အကူအညီများ ဆက်လက် လိုအပ်နေဆဲ ဖြစ်ကြောင်း စစ်ရှောင်များကို အနီးကပ်ကူညီပေးသူများက ပြောသည်။ စစ်ဘေးရှောင် ကူညီသူများ၏ နောက်ဆုံး ကောက်ယူရရှိထားသည့် စာရင်းများအရ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်းအတွင်းသို့ စစ်ဘေးလာရောက်တိမ်းရှောင်သူများထဲမှ အိမ်ထောင်စု တစ်ထောင်နီးပါးရှိသည့်အနက် အိမ်ထောင်စု (၅၆၁) စုအတွက် ယာယီနေထိုင်ရန်ဖက်အမိုး နှင့် ဝါးအပြင် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေကြောင်း အမည်မဖော်လိုသူ စစ်ရှောင်ကူညီသူ ဒေသခံ ကရင်လူငယ်တစ်ဦးက ယခုလိုပြောသည်။“ဒီကြားထဲမှာ CIDKP (ပြည်တွင်း နေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ) က မဝင်တာ ကြာပြီး။ ပြီးခဲ့တဲ့တစ်ခေါက်က ပိုက်ဆံပဲ ပေးသွားတယ်။ ဖက်နဲ့ဝါးလည်း ဝယ်ပေးတယ်။ ဒါပေမဲ့ ဆန်တို့ ဘာတို့က မလာတာကြာပြီး။ အခုက အိမ်ထောင်စု တစ်ရာလောက်က ဖက်နဲ့ဝါး လိုနေတယ်။ ကျန်တဲ့ အိမ်ထောင်စုလေးရာကျော်က အစားအသောက်လိုနေတယ်” ဟု ပြောသည်။
ထို့အပြင် အဆိုပါ စစ်ဘေးဆက်ရှောင်သူများ နေထိုင်နိုင်ရန် မိုးတွင်းကာလမတိုင်ခင် ယာယီ နေအိမ် အဆောက်အဦး များအတွက် ဖက်အမိုးနှင့် ဝါးများ လိုအပ်နေခြင်းဖြစ်သလို စစ်ရှောင်ကလေးငယ်များလည်း လာမည့်နှစ် ပညာဆက်လက် သင် ယူရာတွင် ကျောင်းသုံးပစ္စည်းလိုအပ်မှုများလည်းရှိကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။ ပြီးခဲ့သည့် မတ်လ (၂၅) ရက် နှင့် (၂၆)ရက်နေ့ကလ ည်း ထိုင်းနိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် ကရင်ပြည် နယ်၏မြို့နယ် ၃ ခုအတွင်း စစ်ဘေးရှောင်များ အတွက် ဆန်(ခြောက်ပြည်အိတ်)၊ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် နှင့် တစ်ကိုယ်ရေသုံးပစ္စည်း အချို့ကို  လာရောက်ကူညီပေးခဲ့ သေးသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိ အချိန်ထိ ဖြစ်ပွား သည့် နှစ်ဖက်ပစ်ခတ်မှုကြောင့် ကော့ကရိတ်ရပ်ကွက် ၇ ခုမှ လူနေအိမ် ၃၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိတွင် မြို့ပျက် တစ်ခုဖြစ်ပွားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။ https://kicnews.org

၂၂။ ရေဖြူမှာ တစ်ညတည်းနဲ့ အရပ်သား တစ်ဆယ်ကျော်ဖမ်းခံရ
 April 1, 2024
ရေဖြူမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ လေးခုက အရပ်သားတစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က တစ်ညတည်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ညက ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် ကိုမင်းလွင်ဦးကို စစ်ကောင်စီတပ်က နေအိမ်မှာ လာဖမ်းသွားတယ်လို့ သိရပါတယ်။ ကိုမင်းလွင်ဦးဟာ Total ကုမ္ပဏီမှာယာဉ်မောင်းလုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။“နင်ကားသမားလားဆိုပြီး တခါတည်း ဖမ်းခေါ်သွားတယ်”လို့ မဂ္ဂင်ရပ်ကွက်နေ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ကိုမင်းလွင်ဦး ကို အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်မှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေခန့်မှန်းနေကြပါတယ်။ မတ်လ ၂၉ ရက်ညမှာပဲ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာက  အုပ်ချုပ်ရေးမှူး ဦးမောင်စိုးအပါအဝင် အမျိုးသား ငါးဦးနဲ့ အမျိုးသမီးနှစ်ဦး အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
အများစုဟာ သူတို့ရဲ့နေအိမ်တွေမှာရှိနေတဲ့ချိန် စစ်ကောင်စီတပ်က ဝင်ဖမ်းတာဖြစ်ပြီး တချို့ကတော့ ရွာလမ်းထဲမှာ အဖမ်းခံရတာလို့ ဒေသခံတွေကပြောပါတယ်။“အိမ်လာပြီးလက်ထိပ်နဲ့တခါတည်းဖမ်းသွားတယ်။”လို့ ကျောက်ရှပ်ကျေးရွာ အုပ်ချုပ် ရေးမှူးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဦးမောင်စိုးဟာ NLD အစိုးရလက်ထက်ကတည်းကနေ လက်ရှိ အချိန်အထိ ကျောက်ရှပ်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပြီး မနှစ်ကလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ဖူးတယ်လို့ သိရပါ တယ်။ အဲဒီညမှာပဲ ကလိန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်က အသက် ၃၀ ဝန်းကျင်အရွယ် ကိုဦးနဲ့ ဇနီးဖြစ်သူတို့ကို  သူတို့ရဲ့ နေအိမ်မှာပဲ စစ်ကောင်စီတပ်က လာဖမ်းသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တစ်ညတည်းမှာပဲ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းရွာသစ်က ကိုကျော်သူထွေး ကိုလည်း သူရဲ့နေအိမ်မှာ စစ်ကောင်စီတပ်ကလာဖမ်းသွားတယ်လို့ သိရပါတယ်။ ကိုကျော်သူထွေး ဟာ မနှစ် မတ်လကလည်း အဖမ်းခံခဲ့ရဖူးပါတယ်။  https://www.facebook.com/photo/?fbid=44255 8998161855&set=a.196212679463156

၂၃။ ရှမ်းတောင် ၁၀၀၅ တပ်ရင်းက ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက်လိုသူ များပြားလာ
 April 1, 2024
ရှမ်းတောင်အခြေစိုက် အမှတ်(၁၀၀၅)တပ်ရင်းက ပြုလုပ်နေတဲ့ အခြေခံစစ်သင်တန်းကို ယခင်ကထက် သင်တန်းတက် သူတွေများလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်တဲ့  အပတ်စဉ် ၃ သင်တန်းမှာ သင်တန်းသားတွေ ယခင်ကထက်တိုးလာပြီး ဆက်သွယ်လာသူတွေလည်း အရင်ကထက်များလာတယ်လို့ ၁၀၀၅ တပ်ရင်းဆီကသိရပါတယ်။“ အတိ အကျဘယ်လောက်တိုးလာတယ်တော့ အဲ့လိုပုံမှန်တော့မရှိပေမယ့် စစ်မှုထမ်းဥပဒေထွက်စက တရက်ထဲ လူ ၁၀၊ ၂၀ ဆက်တိုက် ဆက်သွယ်လာတယ်။ ပြီးပြန်ငြိမ်သွားတယ်။ အခုမဲနှိုက်တော့ တခါထပ်ပြီးပြန်များလာတယ်။ ခုကလူမစစ်နိုင်ဖြစ်သွားလို့ အသစ် လက်ခံနားထားသေးတယ်။ ရှေ့ဖောင်ဖြည့်ထားသူကို မပြတ်ဘူးဖြစ်နေလို့”လို့ ၁၀၀၅ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးနှင့် ရံပုံငွေ ရှာဖွေရေး တာဝန်ယူထားသူ မနန်းစံက ပြောပါတယ်။ လျှောက်လွှာဖောင်ဖြည့်ထားတဲ့ထဲက သတ်မှတ်ချက်နဲ့ကိုက်ညီသူတွေကို သေချာစစ်ဆေး ဆက်သွယ်ပြီးမှ လမ်းကြောင်းချိတ်ဆက် ခေါ်ယူတာလို့ ဆိုပါတယ်။
လက်ရှိပြုလုပ်နေတဲ့ အခြေခံစစ်သင်တန်းကာလ ၂ လ မှာ သက်လုံကောင်းစေအောင် လေ့ကျင့်ပေးတာဖြစ်ပြီး အခြေခံ သင်တန်းဆင်းပြီးရင် မိမိကျွမ်းကျင်ရာအလိုက် တိုက်ခိုက်ရေး၊ ရှေးဦးသူနာပြု၊ သတင်းလုံခြုံရေး၊ လက်နက်ထုတ်လုပ်ရေး စသ ဖြင့် မွမ်းမံသင်တန်းတွေ ထပ်တက်ရမယ်လို့ဆိုပါတယ်။ ၁၀၀၅ တပ်ရင်းအနေနဲ့တတ်နိုင်သမျှ တော်လှန်ရေးကိုမျက်နှာမူသူအား လုံးကို ခေါ်ယူချင်မယ့် တိုးမြင့်လာမယ့် ရိက္ခာ၊ အထွေထွေ၊ ယူနီဖောင်း စတဲ့ ဘတ်ဂျက်ကြပ်တည်းမှုကို ဖြေရှင်းရန် ဦးစားပေး စဉ်းစားရတာကြောင့် သင်တန်းဆင်းပြီး တာဝန်များခွဲဝေပြီးလျှင် လစ်လပ်ရှိပါကထပ်မံကြေငြာသွားမယ်လို့ ဆိုပါတယ်။ အာဏာ သိမ်းပြီး ၃ နှစ်တာ ကာလအတွင်း ၁၀၀၅ တပ်ရင်း အနေနဲ့ ကရင်နီနဲ့ရှမ်းတောင်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ ထိတွေ့တိုက် ပွဲတွေမှာ မဟာမိတ်တပ်ရင်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။ https://www.facebook.com/photo/?fbid=445699 31150790&set=pcb.445690331150750

၂၄။ မိုးဗြဲ၊ ဖယ်ခုံကို စစ်​ကြောင်းထိုးမည်သတင်းရ၍ ပြည်သူများစစ်​ရေးအထူးသတိပြုရန် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များသတိ​ပေး
 April 2, 2024
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံမြို့ကို စစ်ကောင်စီက လေ ကြောင်းမှ ဗုံးကြဲခဲ့ပြီး ​​မြေပြင်မှစစ်​ကြောင်းထိုးရန် စီစဥ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ထို့ကြောင့် မြို့ အတွင်းရှိပြည်သူများအနေဖြင့် စစ်ရေးအခြေအနေကိုအထူးသတိပြုရန်လည်း ၎င်းတို့ကအကြံပြုသည်။ “မနေ့က ဧပြီ ၁ ရက်စပြီး မိုးဗြဲမြို့ကို ပေါင်း ၅၀၀ ဗုံး နှစ်လုံးနဲ့လာကြဲသွားတယ်။ တိုက်ပွဲရှိတာ မဟုတ်ဘူး”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။ ဧပြီ ၁ ရက်ကစစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုမှ မိုးဗြဲမြို့ပေါ်ရှိ နေအိမ်ငါးလုံးခန့် ပျက်စီးခဲ့သည်ဟုလည်းသိရသည်။
“စကစ ဘက်က မြေပြင်ထိုးစစ်လာမယ်ဆိုရင်တော့ တိုက်ပွဲက ပြင်းထန်လာဖို့ရှိမှာပဲ။လောလောဆယ် စစ်ရေးအရ တော့ အဲဒီလောက်ပဲ ပြောနိုင်သေးတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ မိုးဗြဲမြို့ကို ယမန်နှစ်ကတည်းက ကရင်နီပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဖယ်ခုံမြို့ကိုလည်းပိတ်ဆို့ထိန်းချုပ်ထား နိုင်သည်ဟု ဆိုသည်။ မိုးဗြဲနှင့်ဖယ်ခုံမြို့ရှိ စစ်ကောင်စီ တပ်စခန်း ၁၇ ခုကို သိမ်းပိုက်ထားကြောင်း မတ်လနောက်ဆုံး ပတ်က KNDF ကထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=75563709330 1752&set=pcb.75563733301738

၂၅။ တနင်္သာရီ၌ စစ်ကောင်စီတပ် အလစ်အငိုက်တိုက်ခိုက်မှုကြောင့် PDF ဒရုန်းတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
  April 2, 2024
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာမှာ စစ်ကောင်စီတပ်က သာလွန်အင်အား အသုံးပြုပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒရုန်းလက်ရုံးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီက သိရပါတယ်။ မတ် ၃၀ ရက် မနက် ၆ နာရီလောက်က ဒရုန်းလက်ရုံးတပ်ဖွဲ့ဝင်လေးဦး ယာယီနားခိုနေတဲ့ စခန်းကို စစ်ကောင်စီဘက်က သာလွန်အင်အား ၇၀ ခန့်နဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ခုခံပစ်ခတ်မှုအတွင်း ဒရုန်း တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ ကျဆုံးရဲဘော်နှစ်ဦးမှာ Dragon Squad-TNI UAV Force ဒရုန်းလက်ရုံးတပ် ဖွဲ့၊ တနင်္သာရီတိုင်းမှ တပ်စိတ်မှူး ကိုX-ray နဲ့ ရဲဘော် ကိုနှုတ်ခမ်းမွှေး တို့ဖြစ်ပြီး အလစ်အငိုက် တိုက် ခိုက်ခံရမှုအတွင်း သူတို့နဲ့ အတူပါလာတဲ့ ရဲဘော်နှစ်ဦးကို ထွက်ပြေး လွတ်မြောက်စေခဲ့ပြီးမှ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံရင်း ဖမ်းဆီးခံရပြီး ကျဆုံးခဲ့ တာလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ ပြောပြချက်အရ ဒရုန်းလက်ရုံးတပ်ဖွဲ့ရဲ့ ရဲဘော် ကိုX-ray နဲ့ ကိုနှုတ်ခမ်းမွှေး တို့ မှာ ပြန်လည်ခုခံမှုအတွင်း ဖမ်းဆီးခံရပြီးမှ စစ်ကောင်စီတပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံရပြီးနောက် အသတ်ခံရတာလို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ဒရုန်းနှစ်စီးနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် M-16 သေနတ်တလက်၊ လက်လုပ်သေနတ် တ လက်တို့ကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းယူဆောင်သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါ တယ်။ https://burmese.dvb.no/post/646393

၂၆။  တောင်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ၃ ရက် တစ်ကြိမ် PNO ပြည်သူ့စစ် စစ်သင်တန်းပေးနေ
April 1, 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးနောင်လေကျေးရွာမှာ ၃ ရက်တစ်ကြိမ်နှုန်းနဲ့ စစ်ပညာသင်ကြားဖို့ ပအိုဝ်းပြည်သူ့စစ် (PNA)က ခေါ်ယူနေတယ်လို့ ရွာခံတွေက ပြောပါတယ်။ မတ်လ အစပိုင်းလောက်ကတည်းက ခေါ်ယူနေတာ ဖြစ်ပြီး ကျေးရွာနေ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားအားလုံး လိုက်သွားကြရတယ်လို့ ဆိုပါတယ်။ ရွာခံအမျိုးသမီး တစ်ဦးက “ရွာလူကြီးက ပြောတယ်။ သူတို့လည်း ခေါ်ချင်လို့ ခေါ်တာမဟုတ်ဘူးပေါ့။ PNO ရဲ့ အထက်အမိန့်အရ မလွန်ဆန်နိုင် လို့ပါ။ တိုက်ပွဲလည်း ဝင်ရမှာ မဟုတ်လို့ အကုန်သွားကြပါပေါ့။ ဒါပေမယ့် အပြည့်အဝတော့ အာမခံချက် မရှိပါဘူး” လို့ ပြောပါ တယ်။
တစ်ကြိမ်မှာ ဘယ်လောက်အရေအတွက် ကန့်သတ်ထားတာမျိုးမရှိဘဲ ရွာရှိ အကျုံးဝင်သူ အမျိုးသားအားလုံးဟာ ထန်စမ်းဂူအနီးမှာ သွားရောက်ပြီး စစ်ပညာသင်ကြားရတာလို့ လိုက်ပါသွားသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ပညာ သင်ကြားပြီးတဲ့ သူတွေကို ဘယ်မှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ သတ်မှတ်ထားတာမျိုး မရှိသေးဘဲ လတ်တလော ရွာရဲ့ လုံခြုံရေး အနေနဲ့ပဲ အလှည့်ကျ တာဝန်ချထားတယ်လို့ ဆိုပါတယ်။ စစ်ပညာသင်ကြားခဲ့သူ တစ်ဦးက “၃ ရက်ပဲဆိုတော့ ပေါ့ပေါ့ ပါးပါး ဖြစ်တော့ သွားကြတယ်။ ဟိုရောက်ရင်လည်း အခြေခံလောက်ပဲ သင်ရတာပါ။ ကျန်တာက ဟောပြောတာ ခပ်များများ။ တခြားရွာတွေလည်း အလှည့်ကျ ခေါ်မယ်လို့ ပြောတယ်”လို့ ပြောပါတယ်။ နမ့်ဆီးနောင်လေကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နှစ် ကတည်းက တစ်အိမ် ၃၀,၀၀၀ ကျပ်နှုန်းနဲ့ PNA ကစစ်အသုံးစရိတ် ကောက်ခံနေပြီး နောက်ပိုင်းမှာ ရွာသူကြီးရဲ့ ညှိနှိုင်းမှုကြောင့် ပြီးခဲ့တဲ့ ၇ လက ၁၀,၀၀၀ ကျပ်နှုန်းကို လျှော့ချပေးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ https://www.facebook.com/pho to/?fbid=445708574482259&set=a.285900490463069

၂၇။ ရေး – ထားဝယ် – သရက်ချောင်း လမ်းပိုင်း သွားလာချိန် ကန့်သတ်
 April 2, 2024
အာဏာသိမ်းစစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်အရှိန်မြှင့်မှာဖြစ်တဲ့အတွက် အမှတ် ၈ ပြည်ထောင်စုလမ်းမ ရေးတောင် ပိုင်းကနေ ထားဝယ် သရက်ချောင်းလမ်းပိုင်းကို သတ်မှတ် အချိန်အတွင်းသာ သွားလာခွင့်ပြုမယ်လို့ ဒေါနစစ်ကြောင်းက သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း သာ သွားလာခွင့်ပေးတော့မှာဖြစ်တယ်လို့ ဆိုထားတာပါ။ သတ်မှတ်လမ်းပိုင်းအတွင်း နေ့အချိန်ခရီးသွားရာမှာလည်း မော်တော်ယာဉ် တွေ မှန်ချမောင်းနှင် ကြဖို့နဲ့ တာဝန်အရစစ်ဆေးမှုတွေကို ကြည်ဖြူစွာ လက်ခံကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီတပ်က အရပ်သုံးကားတွေကိုအသုံးပြုပြီး သွားလာတာ၊အရပ်သားအသွင်နဲ့ စစ်အင် အားဖြည့်တင်းတာတွေ ပြုလုပ်နေတဲ့အတွက် အမှတ် ၃ စစ်ဒေသခွဲအနေနဲ့ တန်ပြန်ထိုးစစ်ဆင် ကာ စစ်ရေးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ အသိပေးထုတ်ပြန်ချက်ကို လိုက်နာဖို့ ပျက်ကွက်ပါက ဖြစ်လာမယ့် အကျိုးဆက်တွေကို ဒေါနစစ်ကြောင်း နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။ https://www.facebook.com/photo /?fbid=470134472244031&set=a.290136596910487

၂၈။ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်းရဲ့  ၂၀၂၃-၂၄ ပညာသင်နှစ်မှာ ကျောင်းသူ ၃၇ ဦး သင်တန်းပြီးစီး
April 1, 2024
ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ရဲ့ လက်အောက်မှာရှိတဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း (WSP-Women Study Program) ကို ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ဖွင့်လှစ်နေပြီး ၂၀၂၃-၂၄ ပညာသင်နှစ်မှာတော့ ကျောင်းသူ (၃၇) ဦး တက်ရောက်ပြီးစီးခဲ့ကြပါတယ်။ အဆိုပါကျောင်းဟာ အမျိုးသမီးတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းဖြစ်ပြီး ၂၀၂၃ -၂၄ပညာသင်နှစ် မှာတော့ အိမ်ထောင်ရှိ အမျိုးသမီး (၃)ဦးလည်း တက်ရောက်ပြီးစီးခဲ့တယ်လို့ WSP ကျောင်း တာဝန်ခံဖြစ်တဲ့ ဆရာမ ဝိုင်းချစ်စုက ပြောပါတယ်။“အမျိုးသမီးတွေကို အဓိကဦးစားပေးတဲ့ ကျောင်းဖြစ်တယ်။ အမျိုးသမီးတွေကဆိုရင် စောစီး စွာ အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတွေလည်း မြောက်များစွာရှိတယ်။ အသက် ငယ်ငယ်တွေရှိတယ်။ တချို့သော အမျိုးသမီး တွေဆို ပညာဆက်သင်ချင်တယ်ပေါ့နော။ ဆက်သင်ချင်ပေမယ့် တချို့သောကျောင်းတွေက လက်မခံတဲ့အတွက် အမျိုးသမီး တွေကို ဦးစားပေးတာဖြစ်တယ်။ ကျောင်းဆက်လက်မတက်နိုင်တဲ့ အမျိုးသမီးတွေကို ဦးစားပေးတာလည်းဖြစ်တယ်။”လို့ ဆရာမ ဝိုင်းချစ်စုက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၇)ရက်နေ့မှာ ကျောင်းဆင်းပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းတက်ရောက်ပြီးစီးခဲ့သူ တစ်ဦး ဖြစ်တဲ့ မော်ငါ့မာ ကတော့ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အခုလို‌ ဆိုပါတယ်။“ သင်ယူခဲ့တဲ့ ဘာသာရပ် အပေါ် မူတည်ပြီးတော့ အဖက်ဖက် အကျိုးရှိပါတယ်။ women issueဘာသာရပ်မှာဆိုရင် အမျိုးသမီးနဲ့ ပတ်သက်တဲ့ Gender ပိုင်းတွေ မှာဆိုရင် လက်တွေ့မှာအကျိုးသက်ရောက်မှုရှိတယ်ပေါ့နော။ ကိုယ်က အမျိုးသမီးဖြစ်တဲ့အတွက် သိသင့်သိထိုက်တဲ့ အရာလည်း ဖြစ်တယ်။ ကျောင်းပြီးသွားတဲ့အချိန်မှာဆိုရင် အမျိုးသမီးတစ်ယောက်မှာရှိတဲ့ စွမ်းရည်တွေ အခွင့်အရေးတွေ ပိုပြီးတော့ သိရှိလာ တယ်။ ပြီးရင် အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတွေနဲ့ တန်းတူပါဝင်နိုင်တယ်။ ပြီးရင် လူမှုအသိုင်းအဝိုင်းနဲ့ ဘယ်လို သဟဇာတရှိအောင် ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ စသဖြင့် ပိုပြီးတော့ သိရှိလာတယ်ပေါ့။” WSP ကျောင်းမှာဆိုရင် အဓိက ဘာသာရပ် (၃)ခုဖြစ်တဲ့ Women issue, Peace education နဲ့ Community development ဘာသာရပ်တွေကို သင်ကြားပေးပါ တယ်။ ဒါ့အပြင် အခြေခံ English နဲ့ Computer အတန်းကိုလည်း ထည့်သွင်းသင်ကြားပေးတယ်လို့ သိရပါတယ်။ https://ww w.kantarawaddytimes.org/%e1%80% a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80

၂၉။ မန်တုံမြို့နယ် မန်မိုင်ကျေးရွာမှာ အမျိုးသားတစ်ဦး မီးသွေးကြွင်းထဲ လဲကျပြီး မီးလောင်သေဆုံး
April 1, 2024
တအာင်းဒေသ မန်တုံမြို့နယ် မန်မိုင်ကျေးရွာခံ အမျိုးသားတစ်ဦးဟာ ဖုတ်ထားတဲ့ မီးသွေးကြွင်းထဲလဲကျပြီး မီးလောင် သေ ဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်မှာ အသက် ၅၀ နှစ်ဝန်းကျင် ဦးအလုပ်ဆိုသူဟာ ဖုတ်ထားတဲ့မီးသွေးကြွင်းကို ထုတ်ဖို့လုပ်နေစဥ် မီးသွေးကြွင်းထဲ လဲကျပြီး မီးလောင်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဥ် ကို သိရှိသူအမျိုးသမီးတစ်ဦးက ” မီးသွေးထုတ်မလို့ ကြွင်းထဲမှာ မီးရှိနေလို့ထင်တယ်။ သူရေဖြန်းလိုက်တော့ မီးခိုးအငွေ့တွေကို မခံနိုင်လို့ ကြွင်းထဲလဲသွားတာ” လို့ ပြောပါတယ်။
နေ့ာက်နေ့ မနက်အရောက်မှာတော့ ဦးအလုပ်ဟာ နေရပ်ပြန်မလာတာကြောင့် ရွာခံတွေသွားကြည့်ချိန်မှာတော့ မီးသွေး ကြွင်းထဲမှာ  အရိုးပြာတွေပဲ ကျန်တော့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ တအာင်းဒေသ မန်တုံနဲ့ နမ့်ခမ်းဒေသခံတွေဟာ ဝင်ငွေတွေရရှိဖို့ ဒီရာသီမှာ မီးသွေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိ မီးးသွေးတစ်အိပ်ကို ၁၁၀၀၀ ကျပ်ဝန်းကျင်အထိရပေမယ့် လက်ရှိမှာတော့ မီးသွေးတစ်အိပ်ကို ၈၀၀၀ ကျပ်ဝန်းကျင်သာရတော့တယ်လို့ မီးသွေးလုပ် ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ https://www.facebook.com/photo/?fbid=745993347 707932&set=a.40450 3215190282

၃၀။ မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
 April 1, 2024
ရခိုင်ပြည် မာန်အောင်မြို့ဒေသခံ မေဃသစ္စာဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးစည်သူအောင်ကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုပြီး မတ်လ ၂၉ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဦးစည်သူအောင်မှာ PDF နှင့် ဆက်သွယ်၍ဆိုပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် များက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဦးစည်သူအောင်သည် အသက် ၅၀ ကျော်အရွယ်ရှိပြီး ဗမာအမျိုးသား ဖြစ်ကာ မာန်အောင်မြို့တွင် အိမ်ထောင်ကျ၍ ဖုန်းအရောင်းဆိုင်ဖွင့်လှစ်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်သူလည်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီက PDF နှင့် ဆက်သွယ်သည်ဆိုပြီး မတရားစွပ်စွဲ ထောင်ချခြင်းကို မိသားစုဝင်များက ကျေနပ် မှုမရှိကြပေ။ ဦးစည်သူအောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းကို ပျက်ပြားစေရန်ရည်ရွယ်၍ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားဖြန့်ဝေခဲ့သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီမှ ကြေညာခဲ့သည်။ သို့သော်လည်း စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်များကို ဦးစည်သူအောင်၏ မိသားစုဝင်များက လက်မခံ ကြောင်းနှင့် မာန်အောင်အကျဉ်းခန်းက သေးငယ် ဦးစည်သူအောင် ကျန်းမာရေး ပိုမိုဆိုးရွားသွားမည်ကို မိသားစုဝင်များက စိတ်ပူ နေကြသည်။  https://www.facebook.com/photo/?fbid=867576325381795&set=a.682731967199566

၃၁။ တီးတိန်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့အမည်သုံးပြီး ပြည်သူထံ ငွေကြေးလိမ်လည်ကောက်ခံသူကို ဖမ်းဆီး
 April 2, 2024
ချင်းပြည်နယ် တီးတိန်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်၍ ပြည်သူများထံ ငွေကြေးအပါအဝင် ပစ္စည်းအမျိုးမျိုး လိမ်လည်တောင်းခံလေ့ရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အသက် ၂၀ အရွယ်ခန့်ရှိသော မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်တွင် ZFU/ PDF-Zoland တပ်ဖွဲ့ကဟုဆိုကာ ငွေကြေး များတောင်းခံလေ့ရှိသည့်အတွက် PDF-Zoland နှင့် PPF ပြည်သူ့ရဲတပ်ဖွဲ့တို့က ဧပြီလ ၁ ရက်နေ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်နှင့် အနီးနားရှိ ပြည်သူများထံ ငွေကြေးများ မကြာခဏတောင်းခံ လေ့ရှိသည့် အပြင် ၎င်းလို ချင်သော ပစ္စည်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့အမည်ဖြင့် လိမ်လည်ပြောဆိုကာ တောင်းခံလေ့ရှိ သူဟုသိရသည်။ အလားတူအသက် ၁၉ နှစ်ရှိ မောင်ဂင့်ဇဗန် ကိုလည်း တီးတိန်မြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများထံ ငွေ ကြေးနှင့် ပစ္စည်းများတောင်းခံနေသောကြောင့် မတ်လ ၁၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခံခဲ့ပြီးဖြစ်သည်။
၎င်းတို့သည် တော်လှန်‌ရေးတပ်ဖွဲ့အမည်အား အလွဲသုံးစားပြုလုပ်ပြီး တောင်းခံသည့်အပြင် ယခင်ကလည်း ပြည်သူပိုင် ပစ္စည်းများ ခိုးယူလေ့ရှိသူများဟု ဒေသခံများ‌၏ေပြာပြချက်အရ သိရသည်။ တီးတိန်မြို့ဒေသခံတစ်ဦးက “ အခုလိုမျိုး လူလိမ် တွေများလာတယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေကလဲ အလိမ်မခံရ အောင် ကောင်းကောင်း သတိထာဖို့လိုလာပြီ” ဟု ပြောသည်။ “ အခုလိုမျိုးဖမ်းတယ်ဆိုတာ ဖမ်းချင်တိုင်ဖမ်းတာမဟုတ်ပါဘူး၊ ‌ေစာင့်ကြည့်ပြီးမှ မဖမ်းလို့မဖြစ်တော့မှပဲ ဖမ်းဆီး ခြင်း သာဖြစ်ပါတယ်။ သူတို့ကို ပစ်မှုနဲ့အညီ အရေးယူမှာဖြစ်ပါတယ်။ ခုလို နာမည်အလွဲသုံးစားလုပ်ပြီး မလိမ်ပါနဲ့၊ ကျွန်တော်တို့ တိုင်းပြည်‌ကောင်းဖို့ရာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးကြပါ” ဟု တီးတိန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  https://www.facebook.com/photo/?fbid=925100049619049& set=pcb.925100136285707

၃၂။ NLD စည်ပင်ဝန်ကြီးဦးနော်လီနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်တို့ လွတ်ရက်စေ့နဲ့ ပြန်လည်လွတ် မြောက်
 April 1, 2024
ဖမ်းဆီးထောင်ချခံထားရတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့ဟာ ဒီမနက်ပိုင်းမှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြာက်လာပြီလို့ နီးစပ်ရာအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ အ ထက်ပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဝန်ကြီးနှစ်ပါးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ(၅၅)နဲ့ စစ်ကောင်စီ ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုကာ တရားစွဲဆိုပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ ထောင် ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်ကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ တရားဝင်သုံးစွဲခွင့် မရှိတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီး အတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်ကို ထုတ်ယူ သုံးစွဲခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့  ငွေကျပ် သန်း ၂၁၉ (ကျပ်သိန်း ၂၀၀၀ ကျော်)  ထိခိုက်နစ်နာ ဆုံးရှုံးရတယ်လို့ဆိုပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်ကို  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလလျာထား ချက်မှာ ပါရှိခြင်းမရှိတဲ့ မြစ်ကြီးနား- ဗန်းမော်လမ်း  AC  ကတ္တရာ  ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင်လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ်   ၁/၂၀၁၇  နှင့်အညီ  တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ  နိုင်ငံတော်ကို အပ်နှံရမယ့် ငွေကျပ်သန်း ၁၁၀၀၇ ဒဿမ ၀၀၉ (ကျပ်သိန်းပေါင်း တစ်သိန်းကျော်) နဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို  လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့ရဲ့ စစ်ဆေးချက်အရ လမ်းအရည် အသွေးမပြည့်မီတဲ့အတွက် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ် စည်းကမ်းနဲ့အညီဆောင်ရွက်မှုမရှိခြင်း စတာတွေကြောင့် နိုင်ငံတော်ရဲ့ ငွေကြေးကို နစ်နာဆုံးရှုံး စေခဲ့တာကြောင့်လို့ဆိုပြီး ထောင်ဒဏ် ၃ နှစ်၊ ဝိုင်းမော်မြို့က NLD ရုံးတည်ဆောက်ရာမှာ ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုက ထည့်ဝင်လှူဒါန်းထားတဲ့ သိန်း ၂၀၀ ကို လက်ခံတဲ့အပြင် နေပြည်တော် မှာရှိတဲ့  NLD ပါတီ သုတေသန ရုံးအတွက် ပစ္စည်းတွေဝယ်ဖို့ သိန်း ၂၅၀ ကို တောင်းခံကာ ရာထူးအာဏာကို အလွဲသုံးစားလုပ် တယ်ဆိုပြီးတော့လည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။  စုစုပေါင်းထောင်ဒဏ် ၆ နှစ်ဖြစ်ပေမဲ့ အမှုနှစ်ခုလုံးအတွက် ထောင်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေခဲ့တာကြောင့်  ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရတာပါ။ https://www.facebook.com/photo ?fbid=437596318947367&set=pcb.437597252280607

၃၃။ မိုးနဲမှာ RCSS တပ်သားသစ်စုနေပြီး ထွက်ပြေးသူတွေရဲ့ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီး
April 1, 2024
ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်မှ ကျေးရွာတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်သား သစ်စုဆောင်တာကြောင့် ဒေသခံတစ်ချို့ထွက်ပြေးနေရတယ်လို့ နယ်ခံတစ်ဦး က ပြောပါတယ်။ အဲ့ဒီလို ထွက်ပြေးသွားသူတွေရဲ့ မိသားစုတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး ထွက်ပြေးတဲ့သူ ပြန်လာလဲမှသာလွတ်ပေးမယ်လို့ သူကပြောပါတယ်။ “ စစ်သားကောက်ကတည်းက လူငယ်တွေက ထွက်ပြေးကုန်ပြီ။ ကျွန်တော် တူလေးတစ်ယောက်က သူတို့တပ်ထဲ ဝင်ရမယ်စာရင်းပါ တယ်။ သူကမလုပ်ချင်လို့ ပြီးခဲ့တဲ့လကတည်းက ထွက်ပြေးလိုက်တယ်။ အဲ့တာကို ပြီးခဲ့တဲ့ အပတ်က သူအဖေကိုဖမ်းသွားတယ် သူ့သားလာမှ ပြန်လွတ်ပေးမယ်တဲ့” လို့ ပြောပါတယ်။ တစ်ချို့မိသားစုဝင်တွေဟာ ပိုက်ဆံရှိတာကြောင့် တစ်ဦးကို သိန်း ၅၀ အထက်ဆောင်ပြီး ကိုယ်စားပြုသွားရတယ်လို့ သူကဆက်ပြောပါတယ်။
မိုးနဲမြို့မှာ စစ်ကောင်စီနဲ့ RCSS တို့ဟာ အပြိုင် စစ်သားစုဆောင်းနေတာကြောင့် မြို့တွင်းမှာ လူလတ်ပိုင်းတွေ မရှိတော့ ဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။“ ဟိုအဖွဲ့က စစ်ကောက်လိုက် ဒီအဖွဲ့ကစစ်ကောက်လိုက်နဲ့ လူငယ်တော် တော်များများက ထိုင်း၊ တရုတ်ဘက်တွေ ထွက်ပြေးကုန်ကြပြီ။ ရွေ့ပြောင်းရင် မိသားစုအလိုက်ပြောင်းမှ အဆင်ပြေတာ။ ပိုက်ဆံ ပေးပြီးသွားတဲ့သူတွေကလည်း ဘိန်းသမားတွေပဲကျန်တယ်”လို့ ပြောပါတယ်။ RCSS တပ်ဖွဲ့ဟာ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ထုတ်ပြန်ခဲ့ပြီ နမ့်စန်မြို့မှာ ပြုလုပ်တဲ့ စစ်သင်တန်းဆင်းပွဲကို RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ခဲ့ပါ တယ်။ https://www.facebook.com/photo?fbid=445721731147610&set=p cb.445721801147603

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button