တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်း တင်ပြခြင်း

(No. 8, January 26, 2024)

၁။ ဘန်းချောင်းဒေသရှိ စစ်တပ်၏ ကျောက်ထုတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်
   January 25, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်း​ဒေသရှိ အကြမ်းဖက်စစ်တပ်၏ ကျောက်ထုစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဘန်းချောင်း​ဒေသရှိ အကြမ်းဖက် စစ်တပ်၏ ကျောက်ထုစခန်းကို KNLA တပ်မဟာ ၄ ၊ KNLA တပ်မ ဟာ ၆ (တပ်ရင်း၂၇) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့​ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရှိရသော်လည်း ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ အမည်စာရင်း အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တပ်စခန်းသည် တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်နိုင်သည့် စစ်စခန်း ဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံနှင့် ရုပ်သံများတွင် သိမ်းဆည်းမိထားသော လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်းတွေကို တွေ့ရ ပြီး စစ်ကောင်စီ စခန်းအဆောက်အအုံ မီးရှို့နေသည့် ရုပ်သံများလည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။ ယင်းတိုက် ခိုက်မှုတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက “စခန်းတစ်ခုသိမ်းလိုက်ပါတယ်။ ဒီလောက်ပဲပြောလို့ရပါဦးမယ်” ဟု ဒေသ တွင်း သတင်းရင်း မြစ်များကို ပြောဆိုထားကြောင်း သိရသည်။ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်သည့် ဖြစ်စဥ်ကို တော်လှန် ရေးတပ်ဖွဲ့များက အတိ အကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆက်လက် ပြောဆို သည်။ https://www.faceb ook.com/photo/?fbid=740288508198758&set=pcb.7402885 281987

၂။   ပေါက်တောမြို့ကို  AA အလုံးစုံ ထိန်းချုပ်
    January 25, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA)က အလုံးစုံထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။ AA သည် ပေါက်တော မြို့မ ရဲစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် ညပိုင်းမှစကာ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိ တွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင် မြို့နယ်များရှိ လက်နက်ချ အညံ့မခံသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် AA တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ၏ တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းများအား တခုပြီးတခု သိမ်းပိုက်ရ ယူရန်  ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပေါက်တောမြို့သည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် ရေမိုင် ၁၆ မိုင်ခန့်သာကွာဝေးပြီး ရေလမ်းကို အဓိကအသုံးပြုရ သော မြို့ဖြစ်ကာ စစ်တွေသို့ ရေလမ်းခရီးဖြင့်လာပါက အချိန် ၁ နာရီခန့်ဖြင့် ရောက်နိုင်သလို မင်းပြား၊ ပုဏ္ဏားကျွန်းမြို့တို့ နှင့်လည်းနီးစပ်သည့်မြို့ဖြစ်သည်။ မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာအား စစ်ကောင်စီ၏ နေဗီ( ရေတပ်သင်္ဘော)မှ ဟောင် ဝစ်ဇာ အမြောက်ဖြင့် ပစ်ခတ်တိုက်ခြင်းကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး  ၃ ဦးထက်မနည်း ဒဏ်ရာရကာ ကျေးရွာအတွင်း ရှိ နေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တိုက်ပွဲတွင်လည်း စစ်ကောင်စီ ဘက်မှ ဇန်နဝါရီ ၂၄ ရက် တရက်တည်းမှာပင် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်း ၃၃ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲ တိုက်ခိုက် ခဲ့သောကြောင့် လူနေအိမ်များ၊ အဆောက်အအုံများနှင့် ချောင်းကူးတံတားအချို့ ပျက်စီးခဲ့ရပြီး ရမ်းဗြဲမြို့မ ရဲစခန်း အနောက် ဘက်ရှိ ရမ္မာဝတီဈေးဆိုင်တန်းမှ ဆိုင်ခန်း ၆ ခန်းကျော် လက်နက်ကြီးထိမှန် မီးလောင်ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ https://www.facebook.com/photo/?fbid=784123567 094166&set=a.600722605434264

၃။ ဆီဆိုင်မြို့ ဒေသခံတစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ
    January 25, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရဲစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က တိုက်ခိုက် သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မြို့ ခံလူဦးရေ တစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ PNLA က မြို့နယ်ရဲစခန်းကို ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ သိမ်းယူခဲ့တာဖြစ်ပြီး အချိန်ကနေ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီဘက်က လေကြောင်း ကနေ ခြောက်ကြိမ် ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ နှစ်ရက်တာ တိုက်ပွဲအတွင်း အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာပြီး မြို့နေလူထု တစ်သိန်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

ဟိုပုံးမြို့နယ် နောင်စံဖူးကျေးရွာမှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့က ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ ကားတွေကို လက်နက်သယ်တယ်ဆိုပြီး စစ်ဆေးရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့ပါတယ်။ နောက်တစ်ရက် ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ထဲကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ထောဝ်ကျေးရွာမှာ ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ PNLA က ဇန်နဝါရီ ၂၃ ရက် နေ့မှာ နောင်ထောဝ်ကျေးရွာရှိ ပအိုဝ်းပြည်သူ့စစ်စခန်းတွေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ နှစ်ဖက်တိုက်ပွဲ တွေ ပိုပြင်းထန်လာတာပါ။ PNLA ရဲ့  ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ PNLA ဟာ ဒေသအ တွင်းက လူဆိုး၊ သူခိုး တွေရဲ့ရန်ကိုကာကွယ်ဖို့ လုံခြုံရေး ဆောင်ရွက်နေတာလို့ ဖော်ပြထားပါတယ်။ https://www .facebook.com/photo?fbid=78 8843236610414&set=a.583637430464330
၄။ လိုင်လင်းပီမြို့ရှိ CNA နှင့် CDF လုံခြုံရေး ကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲဘော် ၂ ဦး ကျဆုံး
    January 25, 2024

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းလဲန်းကာကွယ်ရေးတပ် (မရာ) တို့ ပူးပေါင်းလုံခြုံရေးဆောင်ရွက်နေသည့် ကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲဘော် နှစ်ဦး ကျဆုံးကာ ရဲဘော်အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ လိုင်လင်းပီမြို့ရှိ CNA နှင့် CDF(မရာ)တို့ လုံခြုံရေး ကင်းစခန်းကို ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မရာလဲန်းကာကွယ်ရေးတပ်(MDF)တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

“လိုင်လင်းပီက လုံခြုံရေး ကင်းစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အင်အား အလုံးရင်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတော့ ရဲဘော်အချို့ ထိခိုက် သေဆုံးရှိတာပေါ့။ အပြန်အလှန်ပစ်ခတ်မူ ခဏလေးအတွင်းပါဘဲ အခုတော့ အခြေနေ ငြိမ်သွားပါပြီး “ဟု ချင်းအမျိုးသားတပ်မတော် (CNA)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မူတွင် CNA တပ်ကြပ်ကြီး ကျော်ကျော် နှင့် CDF(မရာ) ဒုတပ်ခွဲမှူး  St. Beichhua Tlai တို့ ကျဆုံးပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇန်နဝါရီလတွင်း CDF(မရာ) ဗျူဟာမှူး၊ တပ်ရင်းမှူးအပါဝင် ရဲဘော် ခြောက်ဦးကို MDF မှ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=709021581366864&set=a.583120797290277
၅။ ဗန်းမော်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသား အယောက် ၁၀၀ ခန့်ကို စစ်ကောင်စီ ရှောင်တခင်ဖမ်းဆီး
   January 26, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ သက်လတ်ပိုင်းအရွယ် အရပ်သားပြည်သူ အမျိုးသားအယောက် ၁၀၀ ကျော်ကို အင်အား ၅၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ စစ်ကောင်စီအဖွဲ့တွေဟာ ဒီမနက်ပိုင်းမှာ ဗန်းမော်မြို့တွင်းက လမ်းမပေါ်မှာ သွားလာနေတဲ့ သက်လတ်ပိုင်းအမျိုးသား တွေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကမ်းနားလမ်းဈေးတစ်လျှောက် သွားလာနေကြတဲ့ သက်လတ်ပိုင်း အမျိုးသားတွေ အားလုံးကို ဖမ်းခေါ်သွားကြတာလို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။ “စစ်တပ်က ဘယ်တပ်ကလဲတော့မသိ ဘူး။ အခုသူတို့ဖမ်းခေါ်သွားတဲ့ သူတွေအားလုံးကို စစ်တပ်စခန်းရှိတဲ့နေရာတွေမှာ တစ်နေရာစီခွဲ ပို့လိုက်ကြတယ်တဲ့။” လို့ ဒေသခံကဆိုပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သူတွေထဲမှာ လမ်းမှာသွားလာနေကြသူတွေ၊ ဈေး လာဝယ်ကြသူတွေနဲ့ ကမ်းနား မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအပါ ဗန်းမော်မြို့နဲ့ ဧရာဝတီမြစ် တဖက်ကမ်း က တွေ့သမျှ အမျိုးသားတွေကို ဖမ်းဆီး ခေါ်သွားကြတယ်လို့  နောက်ထပ်ဗန်းမော်မြို့ခံ တစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်စီးထားတဲ့ သူတွေကိုလည်း ဆိုင်ကယ်နဲ့တစ်ပါတည်း ဖမ်းဆီးပြီး ဆိုင်ကယ်တွေကိုတော့ ဗန်းမော်မြို့ ရဲစခန်း မှာ စုထားပြီးတော့ ဖမ်းဆီးခံအမျိုးသားတွေ အားလုံးကို နေရာတစ်နေရာစီ ခွဲပို့ထားကြတယ်လို့ မြို့ခံတွေဆီက ကြားသိရပါ တယ်။ လတ်တလောအချိန်အထိ မိသားစုဝင်တွေက သွားရောက်တွေ့ဆုံခွင့် တောင်းတာကိုလည်း  လက်ခံတွေ့ဆုံခွင့် မပေး ဘဲ ပစ္စည်းနဲ့အဝတ်အထည်တွေကိုတော့ ကြားကလက်ခံယူထားပေးတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။ ဖမ်းဆီးခံ ထားရတဲ့ သူတွေကို ရှေ့တန်းထွက်ပြီး စစ်မှုထမ်းခိုင်းမှာ၊ လူသားဒိုင်းကာ လုပ်ခိုင်းမှာတွေကို စိုးရိမ်နေကြရတယ်လို့ ဖမ်းဆီး ခံရသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။ လတ်တလောမှာ ဗန်းမော်မြို့နဲ့ မန်ဂျယ်ဒေသခံတွေဟာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် အရေးကြီးစာရွက်စာတမ်းတွေနဲ တစ်နိုင်တစ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းနေကြရတယ်လို့ လည်း သိရပါတယ်။ https://www.facebook.com/photo?fbid=398106296 229703&set=a.266001999440134
၆။ နမ့်ဖတ်ကာတိုက်ပွဲ တလတွင်း အရပ်သား ၁၈ ဦး သေဆုံး
   January 26, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုအေ)တို့ အကြား ဒီဇင်ဘာ ၂၉ ရက်ကနေ ဇန်နဝါရီ ၂၅ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း အရပ်သား ၁၈ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။  တိုက်ပွဲတွေ အတွင်း လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေကြောင့် ထိခိုက်သေဆုံးခဲ့ တာဖြစ်ပြီး၊ တောထဲ မှာ ထွက်ပြေးတိမ်းရှောင်ရင်း အစာရေစာပြတ်လပ်ပြီး သေဆုံးသွားသူတွေလည်း ရှိတယ်လို့ဆိုပါတယ်

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဘာသာရေးအဆောက်အဦနဲ့ နေအိမ်တွေ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြော ပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန် ဒေသခံတွေ နီးစပ်ရာနေရာကို စစ်ရှောင်နေချိန်အတွင်း နေအိမ်တွေ ဖောက်ထွင်းခံရတာ၊ ဆန်၊ စပါးနဲ့ပစ္စည်းတွေ ခိုးယူသွားခံရတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်း နမ့်ဖတ်ကာကျေးရွာမှာ ဒေသခံ ၂၅ ယောက် သေဆုံးပြီး ၂၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO)ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ https://burmese.dvb.no/post/635670

၇။ စစ်ကောင်စီထံမှ သိမ်းပိုက်ထားသည့် ပလက်ဝဒေသကို ပြန်လည်ထူထောင်ရေး AA စတင်
    January 25, 2024

အာဏာသိမ်း စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက် ရယူထားသည့် ပလက်ဝဒေသကို ရက္ခိုင့်တပ်တော် AA မှ ပြန်လည် ထူထောင်ရေး စတင်နေပြီ ဖြစ်ကြောင်းသိရသည်။ ပလက်ဝဒေသကို ပြန်လည်ထူထောင်ရေး စတင်သည့်အနေဖြင့် မြိတ်ဝ ကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများကို ဇန်နဝါရီလ ၂၄ ရက်နေ့က ULA/AA မှ ဆန်နှင့် ငွေသား အချို့ကို ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ မြိတ်ဝဒေသခံတစ်ဦးကလည်း “စစ်ရှောင် ဒေသခံတွေ အားလုံးက မရောက်သေးဘူး။ အများစုကတော့ ရောက်နေပါပြီ။ မနေ့က ပြန်လာကြတဲ့သူတွေကို AA က ကူညီထောက်ပံ့ တာ၊ နေရာချတာ တွေ လုပ်ပေးပါတယ်။ အခက်အခဲက အများကြီးရှိသေးတာပေါ့။ တိုက်ပွဲအတွင်း အားလုံး ပျက်စီးသွား ပြီး အစက ပြန်စရမှာဆို တော့ နဂိုမူလ အခြေအနေပြန်ရောက်ဖို့ အကူအညီအများကြီး လိုပါတယ်” ဟု ပြောသည်။ အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေ ၂၀၆၅၀၀ ကျပ်နှင့် ဆန် (၇၃) ဘူးကျစီကို အိမ်ထောင်စု စုစုပေါင်း (၁၂၁) စုအား AA က ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုများမှာ စစ်တွင်းကာလ ဆင်းရဲဒုက္ခများကို AA နှင့် အတူရင်ဆိုင်ခဲ့ကြသကဲ့သို့ ယခုစစ်ပွဲမရှိတော့သည့် အချိန် တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပြည်သူ့အကျပ်အတည်းများကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ကူညီ ပေးသွားမည်ဟု ရက္ခိုင့်တပ်တော် AA က ကတိပေး ပြောဆိုထားသည်။ ယင်းအပြင် ပလက်ဝမြို့တွင်လည်း ရက္ခိုင့်တပ် တော် AA ၏ အုပ်ချုပ်ယန္တရားများဖြင့်အစားထိုးကာ ပလက်ဝဒေသတစ်ခုလုံးကို ကောင်းမွန်စွာ ပြန်လည်ထူနေပြီဟု ဒေသခံများထံမှ သိရ သည်။ ပလက်ဝမြို့သို့ နေရပ်ပြန်လာသည့် ဒေသခံတစ်ဦးက “ပလက်ဝမြို့က စစ်ရှောင်သွားကြတဲ့ ဒေသခံတွေ အားလုံးနီးပါး လိုလို ပြန်လည်ဝင်ရောက်နေကြပါပြီ။ အကြမ်းဖက် စစ်ကောင်စီလည်းမရှိဘူးဆိုတော့ အခု စိတ်အေးစွာနဲ့ ကိုယ့်မိသားစုကိုယ်၊ ကိုယ့်မြို့ကိုယ် ပြန်လည် လည်ပတ်နေကြပါပြီ။ AA က ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေကို ကူညီပေးနေတာတွေရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်နဲ့ လာပစ်မှာကိုတော့ နည်းနည်း စိုးရိမ်မှု ရှိနေကြပါတယ်” ဟု ပြောသည်။  https://www.facebook.com/photo/?fbid=82492808964 6619&set=pcb.824928276313267
၈။ ရှမ်းနီပြည်သူ့စစ်က ဖမ်းဆီးသွားသည့်ဒေသခံနှစ်ဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး
   January 25, 2024

ရှမ်းနီပြည်သူ့စစ်က ဖမ်းဆီးသွားသည့် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှ ဒေသခံပြည်သူနှစ်ဦး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ကျေးရွာအတွင်းဝင် ရောက် ခဲ့ပြီး ဒေသခံပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးသွားပြီးနောက် အချို့ကိုပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသားနှစ်ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဖမ်းဆီးခံထားရသူနှင့် နီးစပ်သူတစ်ဦးကပြောသည်။“အိမ်မွေးဝက်နှစ်ကောင် လမ်းပေါ်မှာ သေနတ် နဲ့ ပစ်သတ်ထားတာ တွေ့ခဲ့ရတယ်။ သူတို့က အိမ်တွေကိုလိုက်ဖျက်ဆီး၊ အဲ့အချိန်အားလုံးထွက် ပြေးတာ၊ အဲ့မှာဖမ်းဆီးခံလိုက်ရ တယ်။ တချို့က လမ်းပေါ်မှာပဲ ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျန်တဲ့သူတွေကိုတော့ သူတို့စခန်းရောက်တဲ့အခါမှာ ပြန် လွတ်ပေးလိုက်တယ်” ဟုပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ အသက် ၅၀ ကျော်အရွယ်ရှိ အင်ခွန်နော်ဂျာ နှင့် အသက် ၄၀ ကျော်အရွယ်ရှိ မိတုန်နော် ဆိုသူ တို့ ဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း သိရသည်။ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာချိန် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦး ဗုံးစထိ မှန် သည့် ဒဏ်ရာများရရှိခဲ့ကြောင်း လိုက်လံကူညီပေးခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ ရပ်ကွက် (၁)၊ သိရိမင်္ဂလာဘုန်းကြီးကျောင်းအနောက်ဘက် ဓမ္မရုံအနီးရှိ ပြည်သူ့စစ်စခန်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ညတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီနှင့် SNA ပူး ပေါင်းတပ်ဖွဲ့က အဓမ္မလူသစ်စုဆောင်းနေသဖြင့် တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်ခဲ့ရသည်။ https://www.facebook.com /photo/?fbid=699438679050470&set=a.535867405407599

၉။ စစ်ကောင်စီတပ်အလစ်ဝင်တိုက်သဖြင့် MNDAA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး
  January 25, 2024

ကိုးကန့်ဒေသအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA အခြေချတပ်စွဲထားသည့် နေရာ ကို စစ်ကောင်စီတပ်ကအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ ဗျူဟာ ၄၈ မှ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်သည် ဇန်နဝါရီလ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် MNDAA အခြေစိုက်တပ်စွဲထားသည့် မူပန်ခရိုင်အတွင်း စစ်ကြောင်း ၂ ကြောင်းခွဲ၍ အလစ်အငိုက် ထိုးစစ်ဆင်တိုက်ခိုက်လာ ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှု ကြောင့် MNDAA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး ထိုလုပ်ရပ်သည် “ဟိုင်ဂင်” သဘောတူညီမှုကို စစ်ကောင်စီက ဗြောင်ကျကျ ချိုး ဖောက်ခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန် သတိပေးထားသည်။

ယခုလ ဇန်နဝါရီ ၁၁ ရက်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက်ပိုင်း စစ်ကောင်စီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။ အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် အရပ်သားပြည် သူများကို လေကြောင်းကတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများသည် ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ကူညီမှုကို စော်ကားလိုက်ခြင်းဖြစ်သည်ဟုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ပြထားသည်။ https://www.f acebook.com/photo/?fbid=759121749585122&set=a.583749337122365

၁၀။ ကလေးမြို့တွင် ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
   January 25, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောင်းတိုက်အုပ်စု၊ Khawpuichhip (သင်္ဘောပြင်ကွင်း) ကျေးရွာက အသက် (၂၇) နှစ်အရွယ် Biakmuana (မောင်ဗျက်မွန်နာ) ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ကလေးမြို့ မြောက်ဘက် Khawpuichhit နှင့် ပျဉ်းခုံလေးကျေးရွာကြားတွင် ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်ရန် ရွာထဲသို့ ပစ္စည်း၀င်ယူချိန်တွင် မောင်ဗျက်မွန် နာ ကို စစ်ကောင်စီတပ်ဖွဲ့ ကဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။“အိတ်စွတ်ဖက် နားထိရောက်ပြီ စစ်ဘေးရှောင် ဖို့ ဒါပေမယ့် အိမ်ကပစ္စည်းတွေ သွားသိမ်းမယ်ဆိုပြီး ပြန်လှည့်တာ ဟိုမှာ စစ်သားတွေနဲ့တိုး ပြီး အသတ်ခံရတာ၊ အလောင်းကို လူတွေမသိအောင် စောင်နဲ့ရစ်ပတ်ပြီး ထားခဲ့တာ။ လည်ပင်းမှာလည်း သေနတ်နဲ့ ပစ်တာ လား၊ ဓားနဲ့ထိုးတာလား  ဒဏ်ရာလည်း ရှိတယ် မနေ့ည (၈) နာရီမှာ သဂြိုလ်လိုက်တယ်” ဟုပြောသည်။

ထို့အပြင်  စစ်ကောင်စီတပ်ဖွဲ့များက Khawpuichhip ကျေးရွာ စင်တာတခုက အရပ်သားအမျိုးသား (၃) ဦးနှင့် အနီး အနားက အမျိုးသား (၂) ဦး စုစုပေါင်း (၅) ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ကလေးမြို့ ဒ.က.စ ထဲကို ဖမ်းဆီးခေါ်ဆောင်ကာ  မွန်းလွဲပိုင်း တွင် (၅) ဦးစလုံး ပြန်လည်လွတ်ပေးခဲ့သည်ဟု သိရသည်။“(၅) ဦးစလုံး ပြန်လွတ်ပေးတယ်၊လူမူရေးအရ လဘ္ကရည်ဖိုးလောက် တော့ ပေးတာတော့ရှိတယ်၊ ရိုက်နက်တာတော့ မရှိဘူး၊ သူတို့ဖုန်းတော့ ပြန်မရဘူး” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကျောင်းတိုက်အုပ်စု၊ Khawpuichhip ရွာသည် တာဟန်းနှင့် (၂) မိုင်နီးပါးကွာဝေးပြီး လက်ရှိတွင် ပြည်သူများသည် အိတ်စွတ် ကျေးရွာနှင့် တာဟန်းဖက်တို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ https://www.facebook.com/photo/?f bid=878601570935564&set=a.723151876480535

၁၁။ စီခမ်းကြီးမှာ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
   January 25, 2024

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စီခမ်းကြီးကျေးရွာနေ ပြည်သူတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ကချင် နဲ့ ရှမ်းပြည်နယ် အစပ်မှာ ရှိတဲ့ စီခမ်းကြီးကျေးရွာထဲ ဒေသခံပြည်သူ ၂၀၀၀ ကျော်ထဲက လူဦးရေ ၁၅၀၀ ကျော်လောက်ဟာ တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဇန်နဝါရီ ၂၄ ရက်နေ့မနက်ပိုင်းကတည်းကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ စီခမ်းကြီး ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောပါတယ်။“ဟိုပြေးဒီပြေးပြေးနေကြတာပါ ဘာကြောင့်လဲဆို တော့ မဘိန်းဘက်ကအ ခြေအနေကြောင့်ပြေးနေကြတာပါ့အေး။ ဒီဘက်ကိုလည်း လာနေတယ်ဆိုတဲ့ သတင်းတွေလည်း လွင့်တဲ့ အသံနဲ့ပါ့အေး။ ရွာထဲ မှာသုံးပုံတစ်ပုံလောက်ပဲကျန်တော့တယ်”လို့ သူကပြောပါတယ်။ ဒေသခံတွေအခုလို ထွက်ပြေးတိမ်းရှောင် နေကြတာဟာ လွန်ခဲ့ တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကချင်နဲ့ရှမ်းအစပ် ရှမ်းပြည်နယ်ထဲက မဘိမ်းမြို့ကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး အလားတူစီခမ်းကြီးကျေးရွာကိုလည်း လာရောက် သိမ်းပိုက်လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာ ကြောင့် ဒေသခံတွေကြိုတင် ရှောင်တိမ်းနေကြတာလို့ ဒေသခံ တွေကဆိုပါတယ်။

စီခမ်းကြီးကျေးရွာဟာ မဘမ်းမြို့နဲ့ မိုင်ပေါင်း ၃၀ ကျော်သာကွာဝေးတာဖြစ်ပြီး လက်ရှိ စီခမ်းကြီးရွာထဲမှာ စစ်ကောင်စီ ခလရ အထိုင်တပ်စခန်းတစ်ခုရှိတာကြောင့် အဲ့ဒီတပ်စခန်းကို သိမ်းပိုက်နိုင်ခြေရှိတာကြောင့် ဒေသခံတွေထိတ်လန့်နေကတာ လို့သိရပါတယ်။ လက်ရှိစီခမ်းကြီးဒေသခံအများစုဟာ ဗန်းမော်မြို့တွင်းဘက်ကို တိမ်းရှောင်သွားကြပြီး အချို့က တော တောင် တွေနဲ့ ယာခင်း၊လယ်ခင်းတဲတွေမှာတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စီခမ်းကြီးကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦး ရေ ၂၀၀၀ ကျော်ရှိတာလို့သိရပါတယ်။ https://www.facebook.com/photo/?fbid=778866 827607924&set=a.0185367590
၁၂။ တပ်ဖွဲ့ဝင်တချို့ကိုကိုယ်ထိလက်ရောက်ကျုးလွန်တဲ့ PDF ဒုတပ်ရင်းမှူးရာထူးကယာယီရပ်နားခံရ
   January 25, 2024

တပ်ဖွဲ့ဝင်နှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်၊ အ မှတ် (၁) တပ်ရင်း၊ ဒုတပ်ရင်းမှူး ဦးကျော်ထင်အောင်ကို ရာထူးကနေ ယာယီရပ်နားထားပြီး ခုံရုံးဖွဲ့စစ်ဆေးခံရဖို့ ရှိတယ်လို့ အဲ့ဒီ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “အပြင်မှာ လူကိုယ်တိုင် စစ်ဆေးခံရမှာပါ၊ သူ့အနေနဲ့လည်း စစ်ဆေးခံဖို့ ဆန္ဒရှိပါတယ်၊ ပေးတဲ့ပြစ်ဒဏ်ကိုလည်း ခံယူမယ်ဆိုပြီး သူပြောထားတယ်” လို့ အမည်မဖော်လိုတဲ့ အဲ့ဒီတာဝန်ရှိကပြော ပါတယ်။ လွတ်မြောက် နယ်မြေတနေရာမှာ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ခုံရုံးဖွဲ့ စစ်ဆေးမှာဖြစ်ပြီး ဦးကျော်ထင်အောင်ကို လာရောက် စစ်ဆေးခံဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။“လက်ရှိတော့ တပ်ရင်းမှာ ဖမ်းထားတာမျိုးတော့မလုပ်ဘူး၊ သူ့ကို လွတ်လွတ်လပ်လပ်ပဲ နေထိုင်ခွင့်ပြုထားတယ်”လို့လည်း သူကပြောပါတယ်။ ဒုတပ်ရင်းမှူး ဦးကျော်ထင်အောင် ဟာ မွမ်းမံသင် တန်းမတက်တဲ့အပြင် တာဝန်ရှိသူတွေကို အသိမပေးဘဲ သင် တန်းပြင်ပ ထွက်တဲ့ တပ်ဖွဲ့ဝင် ရဲဘော်ရောင်နီကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က သေနတ်ဒင်နဲ့ ခေါင်းရိုက်ခွဲပြီး သေနတ်နဲ့လည်း ချိန်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာရောက်ညှိနှိုင်ပေးတဲ့ ဒုဘဏ္ဍာရေးမှူး ရဲဘော်စံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့တယ်လို့ ကျူး လွန်ခံရတဲ့ ကာယကံရှင်က ပြောပါတယ်။“စစ်ဆေးပြီး ဥပဒေအတိုင်း အရေးယူဖို့ကိုပဲ မျှော်လင့်ပါတယ်၊ ရာထူးရှိတဲ့လူ ဖြစ်စေ ပြစ်မှု လုပ်ထားရင် ခံရမှာပဲ၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး”လို့ CDM ကျောင်းဆရာတယောက်လည်း ဖြစ်တဲ့ ရဲဘော် စံမျိုးအောင်က ပြောပါတယ်။ PDF ၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းကို ဘဏ္ဍာရေးထောက်ပံ့ပေးနေတဲ့ ထောက်ပို့အဖွဲ့ ၁၂ ဖွဲ့က တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု မရမချင်း ထောက်ပံ့ရေး လုပ်ငန်းတွေ ယာယီရပ်နား ထားမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။ https://www.facebook.com/photo/?fbid=783376780502et=a.605723433
၁၃။ လယ်ဒိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
    January 25, 2024

KNU ကော်သူးလေအုပ်ချုပ်နယ်၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်းမှ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ သူးကဘီးကျေးရွာ အတွင်းသို့ ၁ လုံး၊ ကျောင်းကုန်း ကျေး ရွာသို့ ၃ လုံး၊ ပေါက်ကုန်းကျေးရွာသို့ ၃ လုံး၊ သမင်အင်းကုန်း ကျေးရွာသို့ ၃ လုံး၊ အင်းနက်ကျေးရွာသို့ ၁ လုံး၊ ကျို့ကုန်းကျေးရွာသို့ ၁ လုံး စုစု ပေါင်း ၁၂ လုံး ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းကုန်းကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးကုလား၊ အသက် ၅၂ နှစ် အရွယ် ဦးစိန်ဌေး နှင့် အသက် ၁၅ နှစ်အရွယ် သားမောင်နေဇော်လင်း၊ အသက် ၆၈ နှစ်အရွယ် ဦးကျော်ဝင်း နှင့် အသက် ၄၄ နှစ်အရွယ် သမီး မမေသက်နိုင်တို့ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ် ၂ လုံးပျက်စီးကာ နွားတစ်ကောင် ထိခိုက်ဒဏ် ရာ ရရှိခဲ့ ကြောင်း သိရသည်။ အလားတူ ဇန်နဝါရီလ ၂၃ ရက် ည ၇ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကညင်ကျိုး ကျေးရွာ အတွင်းသို့ လက်နက်ကြီး ၅ လုံး၊ ဒေါင်းမို့ကျေးရွာသို့ ၃ လုံး ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေး ရွာမှ အသက် ၆၅ နှစ်အရွယ်  ဦးမြင့်လှိုင် သေဆုံးခဲ့ပြီး အသက် ၆၆ နှစ်အရွယ် ဒေါ်ကြင်နုနှင့် အသက် ၁၂ နှစ်အရွယ် စောအယ်ထူးစေး တို့ ကျည် စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၂ လုံး ပျက်စီးခဲ့ရသည့်အပြင် နွား ၃ ကောင်လည်း ကျည်စထိမှန်‌ သေဆုံးခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=740 270028200606&set=pcb.740270458200563
၁၄။ အရပ်သားပြည်သူ ၉ ဦး သတ်ဖြတ်ခံရတဲ့အမှု တစ်နှစ်ပြည့်သွားတဲ့အထိ တရားမျှမှုမရရှိသေး သတ်ဖြတ်ခံရတဲ့တစ်နှစ် ပြည့် ဆုတောင်းပွဲပြုလုပ်
  January 25, 2024

ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှာ အရပ်သားပြည်သူ ၉ ယောက် မတရားသတ်ဖြတ်ခံခဲ့ရ တဲ့အမှု တစ်နှစ်ပြည့်သွားပြီဖြစ်ပေမယ့် အမှုမှန်ပေါ်ပေါက်မှုမရှိသေးတဲ့အပြင် စစ်ဆေးမှုကို ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ သိရပါ တယ်။ အရပ်သား ၉ ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် အဓိကတာဝန်ရှိတဲ့ KIO/KIA အနေနဲ့ KIO လိုင်ဇာဌာနချုပ်မှာ တရားရုံးဖွင့်လှစ်ပြီး အမှုစစ်ဆေးတာတွေ စတင်လုပ်ဆောင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် ဇွန်လိုင်လလောက်မှာ ပြန်လည်ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ လဝါးကျေးရွာမှာ အရပ်သား ပြည်သူ ၉ ယောက် သတ် ဖြတ်ခံရတဲ့ အမှုဟာ ဒီလ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်ပြည့်သွားတဲ့အထိ KIO/KIA အနေနဲ့ အမှုမှန်ပေါ် ပေါက်အောင် လုပ်ဆောင်ပေးတာမရှိသေးသလို သတ်ဖြတ်ခံရတဲ့ မိသားစုတွေကိုလည်း တာဝန်ယူတစ်စုံတစ်ရာမရှိသေးဘူးလို့ အမှုမှန်ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါ တယ်။“ဒီအချိန်အထိ KIO/KIA ဘက်နေ တာဝန်ယူပေးတာဘာတစ်ခုမှမရှိသေးဘူး။ အဓိက သတ်ဖြတ်ခံရတဲ့ မိသားစုတွေ ကိုလည်း KIA ဘက်ကနေ တစ်စုံတစ်ရာ လာရောက်ပြောဆို မေတ္တာရပ်ခံတာလည်း သတ်ဖြတ်ခံရတဲ့ နေ့ကစပြီး ဒီကနေ့ အထိ တစ်ခါမှမရှိသေးဘူး။ ကျနော်တို့က ဒီအမှုကို အမြန်ပြီးချင်ပြီ”လို့ပြောပါတယ်။

KIO/KIA ဘက်ကနေ ပြီးခဲ့တဲ့ နှစ်မှာ တရားရုံးဖွင့်ပြီး အမှုစစ်ဆေးနေတဲ့ အချိန် KIO ဌာနချုပ် လိုင်ဇာဒေသအနီးတဝိုက် တိုက်ပွဲဒေသဖြစ်ပွားလာတာကြောင့် အမှုကို ဆက်လက်မစစ်ဆေးဘဲ ရပ်ဆိုင်းပြီး ပြန်လည်အကြောင်းကြား ပြောဆိုလာ မယ်လို့ KIO ဘက်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ‌ပေမယ့် တစ်နှစ်ပြည့်သွားတဲ့အထိ ပြန်လည်အကြောင်းလာ တာမရှိပဲ အမှုကြန့် ကြာနေဆဲဖြစ်ပြီးတော့ ခုလိုအမှုကြန့်ကြာနေတာဟာ KIA ဘက်ကနေ မလိုအပ်ဘဲ တရားရုံးတွေဖွင့်ပြီး လုပ်ဆောင်နေတာ ကြောင့်ဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ အရပ်သားပြည်သူ ၉ ယောက် သတ်ဖြတ်ခံလိုက်ရတဲ့ အမှုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ သတ်ဖြတ်ခံရတဲ့ ၉ ယောက်ဟာ လဝါးကျေးရွာအုပ်စု မဂေါင်း တောင်ကျေးရွာမှာရှိတဲ့ စိုက်ခင်းတစ်ခုမှာ ရှိနေကြတဲ့ အချိန် ည ၈ နာရီလောက်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေက ဖမ်းဆီးသွား ပြီး သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။ သတ်ဖြတ် ခံလိုက်ရတဲ့ သူတွေကတော့ ၄၇ နှစ် ဦးလော်ဒေးယောဟန်၊ အသက် ၄၉ နှစ် ဦးကျော်စိုး၊ အသက် ၅၆ နှစ် ဦးလဇွပ်တူးလွမ့်၊ အသက် ၃၅ နှစ် လဇွမ်ထွယ့်ရှောင်၊ အသက် ၂၈ နှစ် ဖော်မာခေါန်ဘူ၊ အသက် ၂၈ နှစ် အင်ဒေါင်ထုနန်၊ အသက် ၂၇ နှစ် ထွန်းယုံ၊ အသက် ၅၀ နှစ်အရွယ် မြင့်ထွေးနဲ့ ဖိုးလေးတို့ဖြစ်ကြပါတယ်။ https://burmese.kachinnews.com/2024/01/25/yl1-164/
၁၅။ ဒီးမော့ဆိုမှာ ၅ နှစ်အောက် ကလေးငယ်များ ရာသီတုပ်ကွေးအဖြစ်များပြီး ဆေး၀ါးလုံလောက်မှုမရှိ၊ ဆေးမီးတိုတွေနဲ့ ကုသနေ
  January 25, 2024

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းအများစုမှာ ရာသီတုပ်ကွေးဖြစ်နေတဲ့ ၅ နှစ် အောက်ကလေးငယ်တွေအတွက် ဆေး၀ါးလုံလောက်မှုမရှိဘူးလို့ ကျန်းမာရေး၀န်ထမ်းတစ်ဦးက ပြောပါတယ်။“၅ နှစ် အောက်ကလေး အဖြစ်များတယ်။ ၅ နှစ်အောက် ဆေး ပြောမယ်ဆို ဆေးအလုံလောက်တော့ မရှိဘူးပေါ့နော။ လုံးလုံး မရှိတာ။ အခုလောဆယ်ဆိုလည်းမရှိဘူး။ အဓိက လ သား ကလေးအတွက်ဆိုရင်လည်း ဆေးက လိုတာပေါ့။ အရေးကြီး တယ်” လို့ ကျန်းမာရေး၀န်ထမ်းတစ်ဦးက ပြောပါတယ်။ ရာသီအကူးအပြောင်းကာလရောက်တိုင်း ကလေးငယ်တွေမှာ နှာစေး၊ နှာရည်ယို၊ ချောင်းဆိုး၊ ခန္ဓာကိုယ် အပူချိန်မြှင့်တက်တာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေ အတွက် ဆေးဝါးတွေ အဓိက လိုအပ်ပေမယ့် ဆေး၀ါးပြတ်လပ်မှုလည်း မကြာခဏကြုံရတယ်လို့ ဆိုပါတယ်။

ဆေး၀ါးရရှိမှုအခက်အခဲကြောင့် စစ်ရှောင်မိဘတချို့ဟာ ဆေးမှီးတိုလို့ခေါ်တဲ့ အိမ်တွင်းလုပ် စပ်ဆေးတွေနဲ့သာ ကလေး ငယ်တွေကို ကုသကြရတယ်လို့ ဆိုပါတယ်။ “ကလေးတွေအရမ်းဖျားပြီးတော့ ဆေးခန်းသွားပြီး ဆေးမရှိတဲ့အချိန်မျိုးတွေ ရှိတယ် ပေါ့နော။ အဲ့အချိန်မျိုးဆိုရင်တော့ ကိုယ့်အိမ်မှာကိုယ့်ဟာကိုယ် ဆေးမှီးတိုတွေစပ်ပြီးတော့ ကြားဖူးနား၀ရှိတဲ့အတိုင်း တိုက်လိုက် ရတယ်ပေါ့နော” လို့ မိခင်တစ်ဦးက ဆိုပါတယ်။ ကလေးငယ်တွေ ရာသီတုပ်ကွေးဖြစ်တဲ့အခါ တစ်ပတ်၊နှစ်ပတ် စသဖြင့် ကြာမြှင့် တတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။ ကရင်နီပြည်မှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်နေပြီး အဲ့ဒီ ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများဆုံး ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။ https://www.kantarawa ddytimes.org/%e
၁၆။ ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား လက်နက်နဲ့ မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းဖြင့် ဖြေရှင်းရန် CCM တိုက်တွန်း
   January 26, 2024

ချင်းပြည်နယ်၊ ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကို လက်နက်နဲ့ မဖြေရှင်းဘဲ ဆွေးနွေး ညှိနှိုင်းတဲ့ နည်းလမ်းဖြင့် ဖြေရှင်းရန် Chin Civic Movement က ဇန်နဝါရီ ၂၅ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့က မရာဒေသရှိ လိုင်လင်းပီမြို့ ၉ မိုင်ကျေးရွာနဲ့ အာရူလမ်းခွဲအကြားမှာ  ချင်းတော်လှန်ရေး အင်အားစု တွေကြား ဖြစ်ပွား တဲ့ တိုက်ပွဲတွင်း အသက်ဆုံးရှုံးရတဲ့အထိဖြစ်ပြီး အဲ့ဒီဖြစ်ရပ်ကို အမြန်ဆုံးရပ်တန့်ရန်နဲ့ ဆွေးနွေးတဲ့နည်း လမ်းဖြင့် အမြန်ဆုံး ဖြေရှင်းရန်သက်ဆိုင်တဲ့ အဖွဲ့စည်းတွေက်ို ချင်းတော်လှန်ရေး အစုအဖွဲ့အသီးသီးမှ ညီနောင်ရင်းချာ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ ညှိနှိုင်းပေးရန် အရေးကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

CCM အနေဖြင့် ချင်းတော်လှန်ရေး အစုဖွဲ့တွေ အကြား စစ်ရေးနဲ့ နိုင်ငံရေး ပဋိပက္ခဆီသို့ ဦးတည်စေနိုင်တဲ့ အခြေအနေ တွေကို စိုးရိမ်ပူပန်နေသဖြင့် လူထုပူးပေါင်းပါဝင်တဲ့ သဘောထား ကောက်ယူချက်ကို သက်ဆိုင်ရာ ချင်းတော်လှန်ရေး အစုဖွဲ့ တွေကို ပို့ပေးထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ https://www.f acebook.com/photo/?fbid=724530719778097&set=a.603254748572362
၁၇။ “၁၀၂၇ စစ်ဆင်ရေး” ကာလ  ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်
    January 25, 2024

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့ သည်။ ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ အများပြည်သူပိုင် ပစ္စည်းများအား မူလနေရာဌာနသို့ ပြန်လည်ပေး ပို့ရန် အသိ ပေးအကြောင်းကြားထားသည်။ ထို့အပြင်အဆိုပါထုတ်ပြန်ချက်၌ “မြို့သိမ်းတိုက်ပွဲ (1027–Operation) ဆင်နွဲသည့်ကာလတွင် ဌာနဆိုင်ရာအသီးသီးရှိ ရုံးပိုင်ပစ္စည်းများ၊ စက်ယန္တရားများ၊ ပရိဘောဂပစ်စည်းများ၊ စာရွက်စာတမ်း များကို မသမာသူများမှ ခိုးယူ သွားကြောင်း စုံစမ်းသိရသည့်အတွက် ခိုးယူသွားသည့် ပစ္စည်းများအား မူလနေရာသို့ ပြန်လည်ပေးပို့ရမည်”ဟု ရေးသားဖော်ပြ ထားသည်ကို တွေ့ရသည်။

သျှမ်းမြောက်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြား မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်တင်း ကျေးရွာ အတွင်း၌ PSLF/TNLA တပ်သားများမှ အရပ်သား ပြည်သူပိုင် ပစ္စည်းများ ရိုက်ခွဲဖျက်ဆီးခြင်း၊ နေအိမ်များကိုဖောက် ထွင်းဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများ ခိုးယူခြင်းတို့ ကျူးလွန်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ထို့အပြင် နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တို့၏ တိုက်ပွဲ အပြီး စစ်ရှောင်ထွက်ပြေးသည့် ဒေသခံများ နေရပ်အတွင်း အမြန်ပြန် လာကြရန်နှင့်၊ သတ်မှတ်ထားသည့် နေ့ရက်အတွင်း နေအိမ်သို့ ပြန်ရောက်နေထိုင်မှု မရှိပါက နေအိမ်များကို သိမ်းဆည်းယူမှု လည်း TNLA တပ်မှ ခြိမ်းခြောက်ပြောဆိုမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။  ၎င်းတို့တိုက်ခိုက် ထိန်းချုပ်နိုင်သည့် မြို့နယ် များကို ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများဖြင့် စတင်လည်ပတ် နေကြ သော်လည်း တချို့သောမြို့နယ်ရှိ ဒေသခံများက ကန့်ကွက်မှု ရှိနေကြောင်းလည်း သိရသည်။ https://www.faceb ook.com/photo?fbid=703350851904629&set=pcb.7033 50998571281
၁၈။ ဝိုင်းမော်တွင် လီဆူပြည်သူ့စစ်အဖွဲ့က ဈေးနေရာကိုသိမ်းပြီး တပ်စခန်းဆောက်လုပ်
    January 26, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယာန်ကျေးရွာမှာ ဦးရွှေမင်း လီဆူ ပြည်သူ့စစ်အဖွဲ့က ဈေးနေရာကို သိမ်းယူပြီး တပ် စခန်း အခိုင်အမာ ဆောက်လုပ်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဝူယာန်ကျေးရွာ မနက်ခင်းဈေးနေရာကို လီဆူ ပြည်သူ့စစ်အဖွဲ့က သိမ်းယူပြီး ခြံစည်းရိုးကာတာ၊ ကတုတ်ကျင်းတူးနေပြီး တပ်စခန်းအဖြစ် သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။ ဒေသခံ အမျိုးသားတဦးက “ပြည်သူ့စစ် တပ်စခန်းရဲ့အရှေ့ ကျေးရွာ မနက်ခင်းဈေးနေရာကို သိမ်းပြီး ပြည်သူ့စစ်စခန်း ဆောက် နေတာ။ ဇန်နဝါရီလ အစလောက်ကတည်းက ခြံစည်းရိုးတွေ ကာ၊ ကတုတ်ကျင်းတွေ တူးပြီး အခိုင်အမာလုပ် နေတာ။ ရွာကသူ တွေကလည်း ဈေးနေရာ တပ်စခန်း တိုးချဲ့ဆောက်တာနဲ့ပတ်သက်ပြီး ဘယ်သူ့ပြောလို့ ပြောရမှန်း မသိဘူး” လို့ ပြောပါတယ်။

ဝူယာန်ကျေးရွာ လီဆူပြည်သူ့စစ်စခန်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ မနက်ခင်းဈေးအနီးမှာ တည်ရှိပြီး မော်တော် ယာဉ်တွေကို ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေပါတယ်။ စစ်အာဏာမသိမ်းမီကာလက ဝိုင်းမော် ကန်ပိုင်တည် လမ်း တလျှောက်မှာ ဝါရှောင်ကျေးရွာ အထွက် စုပေါင်းဂိတ်နဲ့ ဆဒုံးဂိတ် နှစ်ခုသာရှိပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ကာ ဝိုင်းမော်နဲ့ ကန်ပိုင်တည်ကြားမှာ ဝါးရှောင်ဂိတ်၊ ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေ တံတား ဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာဂိတ်တွေ တိုးချဲ့ဖွင့် လှစ်ထားပြီး ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ် ပူးပေါင်းကာ မော်တော်ယာဉ်တွေဆီက ငွေကြေးကောက်ခံ နေပါတယ်။ https://burmes e.dvb.no/post/635679
၁၉။ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှ ဒဏ်ရာပြင်းထန်သော ရဲဘော်အများအပြား ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေ
   January 25, 2024

ချင်းပြည်နယ်၊တီးတိန်းမြို့နယ်၊ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်းဒဏ်ရာအပြင်းအထန်ရရှိသည့် ရဲဘော်အများအပြား အတွက် ဆေးဝါးကုသမှု ခံယူရရှိနိုင်ရန် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း CDF CDM-Siyin က ထုတ်ပြန် သည်။ ဇန်နဝါရီလလယ်ပိုင်းက ငါးရက်ကြာမြင့်သည့် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄၀ နီးပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ CDF CDM-Siyin မှ ရဲဘော်အများအပြား ပါဝင်နေသည်ဟု CDF CDM-Siyin စစ်ဦးစီးချုပ်က ပြောသည်။“ကျနော့ရဲဘော် ၂ ဦးက ညာဘက်ဒူးကနေ ပြတ်သွားတယ်။ နင်းမိုင်း နင်းမိလို့ပါ။ သူတို့ ခြေတုတွေဝယ်ဖို့ လိုတယ်။ အခုလည်း လွတ်မြောက်နယ်မြေတစ်ခုမှာ ဆေးရုံတက်နေရတယ်။ ပြီးတော့ ဌာနချုပ်မှာလည်း ရဲဘော် ၃ ဦးလောက် ရှိသေး တယ်။ ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တွေပေါ့နော်” ဟု CDF CDM-Siyin မှ စစ်ဦးစီးချုပ်က ပြောသည်။

CDF CDM-Siyin မှ ရဲဘော် (၂) ဦးသည် နင်းမိုင်းကြောင့် ညာဘက်ဒူးအောက်ပိုင်းမှ ပြတ်သွားပြီး ၎င်းတို့အတွက် ခြေတု များ တပ်ဆင်ပေးနိုင်ရန် အကူအညီ လိုအပ်နေသည်ဟု သိရသည်။ လွတ်မြောက်နယ်မြေတစ်နေရာတွင် နောက်ထပ် ရဲဘော် (၃) ဦးလည်း ဆေးဝါးကုသနေရပြီး ယင်းအထဲမှ တပ်ရင်းမှူးတစ်ဦးသည် ခြေထောက်နှစ်ဖက်စလုံး ဒူးအောက်မှ ကျည်ဆံ ထိမှန်သွား၍ တစ်ဖက်မှာ အရိုးကြေမွသွားသောကြောင့် သံမဏိ (steel) ထည့်ကာ ခွဲစိတ်ကုသမှုများ ပြုလုပ်ရန် လိုအပ် နေကြောင်း သိရသည်။ CDF CDM-Siyin ဌာနချုပ်စခန်းတွင် ဆေးဝါးကုသနေရသည့် ဒဏ်ရာအပြင်းအထန်ရရှိသော ရဲဘော် (၃) ဦးမှာလည်း အကူအညီ လိုအပ်နေသည်ဟု သိရသည်။ တချို့ရဲဘော်များ၏ ထိခိုက်ဒဏ်ရာများသည် ၂ လကြာ၊ ၄ လကြာတွင် ထပ်မံကုသ ရမည့် အခြေအနေများလည်း ရှိနေသေးသည်ဟု သိရသည်။ CDF CDM-Siyin သည် ရဲဘော် များကို ဆေးဝါးကုသစရိတ်များ အကူ အညီလိုအပ်နေသကဲ့သို့ စခန်းသိမ်းတိုက်ပွဲတစ်ခုကို ထပ်မံပြင်ဆင်နေသောကြောင့် လက်နက်ခဲယမ်းအကူအညီများ လိုအပ်နေ သည်ဟု သိရသည်။ https://www.facebook.com/photo?fbid= 878535600942161&set=pcb.878535847608803
၂၀။ ကျိုက်ထိုတွင် မီတာခ မဆောင်သည့်အိမ်များ မီးကြိုးဖြတ်ခံရ
   January 25, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ မီတာခမဆောင်ဘဲနေတဲ့ အိမ်တချို့ကို မီးကြိုးဖြတ်ပြီး ရုံးကို ဒဏ်ကြေး လာဆောင်ခိုင်းတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၂၀ ရက်ကစပြီး မီတာခမဆောင်တဲ့ အိမ်တွေကို မီးကြိုးဖြတ်တာဖြစ်ပြီး ရုံးကို ဒဏ်ကြေးလာဆောင်မှ ပြန်တတ်ပေးမယ်လို့ ဆိုပါတယ်။ ဇေယျာမွန်ရပ်ကွက်မှာ နေထိုင်သူတဦးက “မီတာပုံး မဖြုတ်ဘူး။ မီးကြိုး ဖြတ်သွားတာ။ ကျန်တဲ့ ပိုက်ဆံ ၁ သိန်းကျော် တခါတည်း ပေးလိုက်မယ်။ မဖြတ်နဲ့ပြောတာကို ရုံးမှာ ဒဏ်ကြေး ၃ သိန်း လာဆောင်ခိုင်းတယ်” လို့ ပြောပါတယ်။ ဒီဇင်ဘာလအပါ ၃ လစာ ဆောင်ရမယ့် မီတာခ ကောက်ခံတဲ့ စာရွက်ကို ရုံးက လာပေး ထားတာဖြစ်ပြီး  မီတာယူနစ်ကို လာမစစ်ဘဲ ကျသင့်ငွေကို ခန့်မှန်းထည့်ထားတာလို့ ဒေသခံတွေက ပြောပါ တယ်။

သမလပိုင်းမှာနေထိုင်တဲ့ ဒေသခံတဦးက “လမ်းထဲက တအိမ်ကို တနင်္ဂနွေနေ့မနက်က လာဖြတ်သွားတယ်။ လမ်းထဲမှာ တော့ တအိမ်ပဲ။ လူမိုက်ရုပ်နဲ့တယောက် ဖြူဖြူပုပုနဲ့တယောက်။ ၄ သိန်းကျလို့ တဝက်ချန်ပေးဆိုတာတောင် မရဘူးကြား တာပဲ” လို့ ပြောပါတယ်။ မီးကြိုး အဖြတ်မခံချင်တဲ့အိမ်တွေက ချက်ချင်း ကျန်တဲ့မီတာခ ပေးလိုက်မယ်ဆိုတာ လက်မခံဘဲ ရုံးမှာ ဒဏ်ကြေးသွားဆောင်ပြီးမှ မီးကြိုးပြန်တတ်ပေးတာလို့ သိရပါတယ်။  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က မြို့နယ်လျှပ် စစ် မီတာရုံး ဗုံးပေါက်ကွဲခဲ့ပြီး ဝန်ထမ်း ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ https://burmese.dvb.no/post/635584
၂၁။ BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦး ရာထူးက ဖယ်ရှားခံရ
    January 25, 2024

နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦးကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အပေါ် စည်းရုံးမှုမလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ ကရင်သတင်းဌာန (KIC) က ဖော်ပြပါ တယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီထံကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ် တည်ဖို့ တင်ပြထားတဲ့အပေါ် စစ်ကောင်စီဘက်က BGF ထိပ်ပိုင်းအရာရှိတွေနဲ့ ဆက်သွယ်ညှိုနှိုင်းမှုတွေ လုပ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီပြန်ကြာရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ဗိုလ်ချုပ်သက်ပိုင်ဦးတို့က BGF အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ နေထိုင်ရာ လှိုင်းဘွဲ့မြို့နယ် ကြာအင်းရွာကို လာရောက်တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ KIC က ဖော်ပြပါတယ်။

ဇန်နဝါရီလ ၂၃ ရက်မှာတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောထား ပါတယ်။ လက်ရှိ စစ်ရေးပဋိပက္ခတွေမှာ ဝင်မပါချင်တာကြောင့် BGF က စစ်တပ်ထံက လစာမယူဘဲ သီးခြားရပ်တည် နိုင်ဖို့ ကြိုးစားလာတဲ့ပေါ် စစ်ကောင်စီဘက်ကလည်း ဒီတပ်တွေကို လက်မလွှတ်ရရေး ညှိုနှိုင်းနေတာပါ။ ကရင်နယ်ခြား စောင့်တပ် BGF မှာ တပ်နယ် လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိပြီး တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင် ၅၅၆ ဦးနဲ့ တင်းပြည့်ကျပ် ပြည့် အင်အား ရှိတယ်လို့ BGF နဲ့နီးစပ်သူတွေက ပြောပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက လစာနဲ့ စားနပ်ရက္ခာ လစဉ်ပေးထားတာပါ။ အခြေစိုက်တပ်နယ်တွေအဖြစ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ အခြေစိုက်ထားပါတယ်။ https://www.rfa.org/burmese /news/bgf-director-remove-01252024103706.html
၂၂။ ဒေါ်အောင်းဆန်းစုကြည်နေထိုင်တဲ့ ရန်ကုန်က ခြံအမှတ် ၅၄ ကို လေလံတင်ဖို့ တရားရုံး အမိန့်ချ
   January 25, 2024

ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက တောင်းဆိုတဲ့အတိုင်း အမေရိကန်ဒေါ်လာသန်း ၉၀ လေလံကြမ်းခင်းစျေး စစ်ကောင်စီတရားရုံးက သတ် မှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့သတင်းရပ်ကွက်ထံကသိရှိရပါတယ်။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်ကို အမွေ ဆိုင်အဖြစ် အမွေခွဲလိုတဲ့  ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံးက အနိုင်ပေးခဲ့ပြီးနောက် သူတောင်း ဆိုတဲ့အတိုင်း  အမေရိ ကန် ဒေါ်လာ သန်း ၉၀ ‌ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း) သတ်မှတ်လိုက် ပြီး  လာမယ့် မတ်လ ၂၀ ရက်နေ့ မှာ လေလံ တင်မယ်လို့ သိရပါတယ်။ လေလံပွဲကိုတော့ တက္ကသိုလ်ရိပ်သာလမ်းက အဆိုပါခြံအမှတ် ၅၄ မှာ ပြုလုပ်မှာလို့ သိရှိရ ပါတယ်။ https://www.facebook.com/photo/?fbid=8249 22762982465&set=a.501239188684159
၂၃။ KNDF က စစ်ရှောင်ပြည်သူတွေထံ ဆက်ကြေးကောက်ပြီး ပိုင်ဆိုင်မှုငွေကြေးတွေကို သိမ်းဆည်းနေတယ်ဆိုပြီး စစ်ကောင်စီက သတင်းမှားဖြန့်
  January 25, 2024

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ရိက္ခာလုံလောက်မှုမရှိတာကို အကြောင်းပြပြီး လွိုင်ကော်မြို့ တွင်း ဝင်၊ ထွက်သွားလာနေတဲ့ တိုက်ပွဲရှောင်ပြည်သူတွေရဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်တွေကို စစ်ဆေးကာ ဆက်ကြေး ကောက် ခံလျက်ရှိတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ ရွှေနေကြာ ချန်နယ်ကနေ ဇန်နဝါရီလ ၁၉ ရက် နေ့ မှာ ဖြန့်ဝေထားခဲ့ပါတယ်။ လွိုင်ကော်မြို့အဝင် ငါးမြောင်းလမ်းဆုံမှာ ရောက်ရှိနေတဲ့ KNDF အဖွဲ့ဟာ ရိက္ခာလုံ လောက် မှုမရှိတာကို အကြောင်းပြပြီး လွိုင်ကော်မြို့တွင်း ဝင်၊ ထွက်သွားလာလျက်ရှိတဲ့ တိုက်ပွဲရှောင် ပြည်သူတွေနဲ့ ပြည်သူပိုင် မော်တော် ယာဉ်၊ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဆက်ကြေးကောက်ခံလျက်ရှိတယ်လို့ ရေးသားထားတာပါ။ ဒါ့အပြင် ဒေသခံတွေရဲ့ပြောပြ ချက်အရ ပိုက်ဆံ နဲ့ လက်ဝတ်လက်စားပါရင် သိမ်းယူခံရကြောင်း၊ တချို့မှာတော့ ဖိုးဝှီးကားနဲ့ ပစ္စည်းသွားသယ်တာ စစ်ကြောင်း မှာသုံးဖို့ ဆိုပြီး ကားသိမ်းသွားတာရှိကြောင်း၊ ၎င်းအဖွဲ့ဟာ ဒီးမော့ဆိုဖက်ကနေ လာတဲ့ အဖွဲ့ဖြစ်ကြောင်း ဆိုပြီး ရေးသားထားပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ကနေ ဖြန့်တဲ့သတင်းနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာ သတင်းတု တစ်ခုသာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အကြောင်းအရာကို လေ့လာကြည့်တဲ့အခါ စစ်ကောင်စီရဲ့ သတင်းအမှားမှာ အသုံးပြုထား တဲ့ ပုံတွေဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကနေ (၁၁.၁၁) စစ်ဆင်ရေးအတွင်း တပ်ရင်းအမှတ် – ၅ ရဲဘော် တွေရဲ့ လှုပ်ရှားမှုပုံရိပ်အချို့ ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်နေ့၊ မွန်းလွဲပိုင်းအချိန်မှာ ဖေ့ဘွတ်လူမှု စာမျက်နှာ မှာ တင်ထားတဲ့ ဓါတ်ပုံတွေကို ပြန်လည်အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ကနေ ပြည်သူပိုင်ပစ္စည်းကို သိမ်းယူတာ၊ ဆက်ကြေးကောက်တာမျိုး မဟုတ်တာကို လေ့လာတွေ့ရှိရပါတယ်။ https://www.k antarawaddytimes.org/ kndf-%e1%80%80-%e1%80%85%e1%80%85%e1%80

၂၄။  ကံပေါက်ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
    January 26, 2024

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရပ်ကွက် ၂ ခုက နေအိမ် ၅ လုံးကို မောရဝတီရေတပ်က စစ်ကောင်စီ တပ်သားတွေ ဇန်နဝါရီ ၂၃ ရက် ညက လာရောက် ရှာဖွေခဲ့တယ်လို့ ရွာသားတွေဆီက သိရပါတယ်။ မြသီတာရပ်ကွက်က နေအိမ် ၂ လုံးနဲ့ မိကျောင်းအိုင်ရပ်ကွက်က နေအိမ် ၃ လုံး စုစုပေါင်း ၅ လုံး ဝင်ရောက်ရှာဖွေခံရတာပါ။ နေအိမ်တွေမှာ ဝင်ရောက်ရှာဖွေ ပြီးနောက် မိကျောင်းအိုင်ရပ်ကွက်က အလှပြုပြင်ရေးဆိုင် ဖွင့်ထားတဲ့ ကိုတိုးတိုးအောင်နဲ့ မထိုက်ထိုက် လှိုင်တို့ ဇနီးမောင်နှံနဲ့ အဲဒီရပ်ကွက်ကပဲ ရေခဲသေတ္တာပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကိုကိုဦးနဲ့ ဇနီးမောင်နှံ စုစုပေါင်း လေးဦး တညတည်းမှာ အဖမ်းခံ ရပါတယ်။

ဝင်ရောက်ရှာဖွေခံရတဲ့ နေအိမ်အများစုဟာ ခဲသတ္တုရောင်းဝယ်ရေးလုပ်ကိုင်နေကြပြီး ဝင်ရောက်ရှာဖွေခံရတဲ့ အကြောင်း အရင်းနဲ့ ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူကမှ တိတိကျကျ မပြောနိုင်ကြပါဘူး။ အဖမ်းခံထားရသူ လေးဦး ဟာ မောရဝတီရေတပ်မှာဆက်ရှိနေပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးသလို ပြန်လည်းမလွတ်လာကြသေးပါဘူး။ မောရဝတီ ရေတပ်စခန်းဌာနချုပ် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တတိယအပတ်ထဲမှာ ဗုံးချ တိုက်ခိုက်ခံရပြီးနောက်မှာလည်း ဒေသခံ ၇ ယောက် အဖမ်းခံခဲ့ရပါတယ်။ အဲဒီ ၇ ယောက်လည်း ပြန်မလွတ်လာသေးတာကြောင့် ကံပေါက်ဒေသမှာ နှစ်လအတွင်း အဖမ်းခံထားရသူ ၁၁ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ https://burmese.dvb.no/post/635711

၂၅။ ဘူးသီးတောင် ၃၁ ဘုံ ဗျူဟာမှ စခန်းစွန့်ခွာလာသောစစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်ကြားဖြတ်တိုက်ခိုက်
   January 26, 2024

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ နွားရုံတောင်ကျေးရွာအနီးရှိ ၃၁ ဘုံဘုရား (စံဂိုးထောင်)တွင် အထိုင်ချထား သော ဗျူဟာမှ စခန်းစွန့်ခွာ တပ်ဆုတ်လာသော စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က  ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားကြောင်းသတင်း ရရှိသည်။ ဒေသခံတစ်ဦးက “ မနေ့က ည ၁၀ နာရီကျော်လောက်မှာ သေနတ်စပေါက်သံ ကြား ရပါတယ်။ ၃၁ ဘုံ ဘုရားကနေ ဘူးသီးတောင်ဘက်ကို စခန်းစွန့်ခွာတဲ့ စစ်ကြောင်းကို ကိုယ့်တပ်တော်ဘက်က ကြား ဖြတ်တိုက်တာပါ။ တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်”ဟု ပြောကြားသည်။ လက်ရှိ စိုင်းတင်တံတားဘက်ကတွင် စစ်ကောင်စီ တပ်သားများ လယ်ကွင်းပြင်တွင် ပိတ်မိနေပြီး တိုက်ပွဲ ယနေ့ နံနက်ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခု ၃၁ ဘုံဗျူဟာ( စံဂိုးထောင်) သည် ရသ့တောင်မြို့နယ် မြောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းအစပ် ကား လမ်းဘေးတွင် တည်ရှိသော ဗျူဟာဖြစ်ပြီး မကြာခဏ အနီးအနားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော စခန်းတစ်ခုဖြစ်သည်။ စေတီတောင် ဒေသခံတစ်ဦးက “ကျနော်တို့ မနေ့က တစ်ညလုံး ပစ်သံတွေကို ကြားရတယ်။ သိပ်မ ဝေးဘူး ကြားရတာက။ ဒုံးသိမ်ဘကက်နေ ကြားရတယ်။ ဒီနေ့မနက်လည်း ဆက်တိုက်ကြားရတယ်။ စစ်သားတွေ စခန်းစွန့် တယ်လို့ လည်း ကြားရပါတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ပြောကြားသည်။ လက်ရှိတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း တွင်တည်ရှိသည့် သုံးဆယ့်တစ်ဘုံ (စံဂိုးထောင်) ဗျူဟာမှလည်း ဘူးသီးတောင်မြို့သို့ စခန်းစွန့်ခွာတပ်ဆုတ်စဉ် ရက္ခိုင့်တပ်တော် က ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရနေရသည်ဟု သိရသည်။  https://burmese.narinjara.com/
၂၆။ ချောင်းနှစ်ခွရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူပိုင် ပစ္စည်းများခိုးယူပြီး နေအိမ်များပါ မီးရှို့ဖျက်ဆီးနေ
    January 25, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အစပ်ရှိ ချောင်းနှစ်ခွကျေးရွာတွင် ပြန်လည် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာရှိအရပ်သားပြည်သူများ၏ ပစ္စည်း ဥစ္စာများကို ဝင်ရောက် ခိုးယူ ပြီး နေအိမ်များပါမီးရှို့ဖျက်ဆီးပစ်ကြောင်း  ဒေသခံများက ပြောသည်။ ဒေသခံရွာသားအားလုံး စစ်ရှောင်နေကြသည့် ချောင်းနှစ်ခွ ကျေးရွာတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ ပြန်လည်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရှောင်နေကြသော အရပ်သား ပြည် သူများ၏ ပစ္စည်းဥစ္စာများကို နေ့စဉ်ဝင်ရောက်ခိုးယူသယ်ထုတ်သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက် ဆီးကာ အစဖျောက် နေကြောင်း ဒေသခံရွာသားများက ပြောသည်။ ဒေသခံရွာသားတစ်ဦးက “သူတို့(စစ်ကောင်စီ)က ပစ္စည်းကောင်းကောင်းတွေ ယူပြီး သယ်ထုတ်ပြီးအိမ်ကို အစဖျောက်လိုက်တယ်။ မီးရှို့လိုက်တယ်။  နေ့တိုင်းလိုလိုပဲ အိမ်တွေမီးလောင်နေတယ်။ တစ်နေ့က လည်း လောင်နေသေးတယ်”ဟု ပြောသည်။

ထို့အပြင် ချောင်းနှစ်ခွကျေးရွာနှင့်အနီးအနားကျေးရွာများရှိ လယ်လုပ်သူများသည် လက်ရှိတွင် စပါးရိတ်သိမ်းရန် အချိန် ကျရောက်သော်လည်း နေအိမ်ပြန်ပြီး စပါးရိတ်သိမ်း၍ မရဲကြကြောင်း ချောင်းနှစ်ခွကျေးရွာသားများက ပြောသည်။  “အခု က စပါးတွေပြန်ရိတ်ဖို့လိုနေပြီး ချောင်းနှစ်ခွနဲ့ နည်းနည်းဝေးတဲ့တစ်ချို့ရွာတွေတော့ ပြန်ရိတ်တာရှိတယ်။ ချောင်းနှစ်ခွရွာနဲ့ နီးတဲ့စပါးတွေတော့ ဒီးအတိုင်းပဲ ရိတ်သိမ်းဖို့လိုလည်း ပြန်ရိတ်လို့အရဲကြဘူ” ဟု အခြား ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြော သည်။ ချောင်းနှစ်ခွကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် မိုးတွင်းကာလ၌ ရေများပြည့်လျှံပြီး လယ်ကွင်းများ ရေနစ် မြှုပ် သဖြင့် မိုးနည်းလာမှသာလျှင် လယ်စပါးများကို စတင်စိုက်ပျိုးလုပ်ကိုင်ကြပြီး လက်ရှိ စပါးရိတ်သိမ်းရန်လိုအပ်နေ သော်လည်း တိုက်ပွဲအခြေအနေများကြောင့် ရိတ်သိမ်းရန် အခက်အခဲရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။ https://www.face book.com/photo/?fbid=780810007409213&set=a.599857992171083
၂၇။  လားရှိုး စစ်ကောင်စီတပ် ဧည့်စာရင်းရှောင်တခင်စစ်ဆေးနေပြီး အမျိုးသမီး ၂ ဦးအပါအဝင် လူငယ် ၃ ဦးကိုဖမ်းဆီး သွား
  January 25, 2024

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ (ဇန်နဝါရီလ ၂၄ ရက်) ည ၈ နာရီမှ ၁၁ နာရီခန့်အတွင်း လားရှိုး မြို့ စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက ရပ်ကွက်(၁၂) ကောင်းခါးရှိ ပြည်သူနေအိမ်များကို ဧည့်စာ ရင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး အမျိုးသမီး ၂ ဦးအပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လားရှိုး ဒေသခံ များက ပြောသည်။“ရပ်ကွက် ၁၂ ကောင်းခါးမှာ မနေ့ညက စစ်ကားတွေ လာရပ်ပြီးတော့ လမ်းကြားထဲ တရုတ် ရပ်ကွက်ကို ဝင်စစ်တာ။ ကောင်လေးတစ်ယောက်ပါသွားတယ်။ သူကတော့ ဖုန်းထဲမှာ သေနတ်ပုံတွေ့တာပြောတယ်။ နောက်တစ်အိမ်က တရုတ်မိန်းကလေး ၂ ယောက်ကိုလည်း ဖမ်းသွားတယ်။ သူတို့ကတော့ ပြည်သူ့စစ် ယူနီဖောင်း တွေ့ တယ်လို့ ပြောတာပေါ့”ဟု လားရှိုးမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက တိုင်းရုံးထဲကကော ရဲနဲ့ကော အဖွဲ့ပေါင်းစုံ လာဖမ်းသွားတာဆိုတော့ စစ်မေးပြီးမှပဲ အာမခံနဲ့ လွတ်ပေးမလား ဆို တာ ပြောနိုင်မယ်ထင်တယ်”ဟု လားရှိုးမြို့မှ ၎င်းဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။ လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ခုရှိ ပြည်သူနေအိမ်များကို စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက မာရှယ်လောကြေညာ ထား သည့် ည ၆ နာရီနောက်ပိုင်းတွင် ဧည့်စာရင်းကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး တင်းတင်းကျပ်ကျပ် စစ်မေးနေ ခြင်းကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း လားရှိုးဒေသခံများက ပြောသည်။ “ဒီလိုမျိုး အိမ်တိုင်းကို ဝင်စစ်ရင်တော့ စိတ်ပူ ရတယ်။ သူတို့ ဖမ်းချင်ရင် တနည်းမဟုတ် တနည်းနဲ့ အကြောင်းရှာပြီး အရေးယူမှာပဲဆိုတော့လေ။ အဓိကတော့ လူငယ် များတဲ့ အိမ်ဆိုရင် ပိုစိတ်ပူရတယ်။ ကိုယ်က ရိုးရိုးသားသား ဘာမှမလုပ်ရင်တောင်မှ သူတို့က အပြစ်ရှာချင်တာမျိုးဆို သတိထားရမှာ”ဟု လားရှိုးမြို့ မှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ https://burmese.s hannews.org/archives/39703
၂၈။ ကရင်နီပြည်က စစ်ကောင်စီတပ်တွေ ဘက်ပြောင်းခိုလှုံဖို့ KNDF တိုက်တွန်း
    January 25, 2024

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံဖို့အတွက် ကရင်နီအမျိုးသား များကာကွယ်ရေးတပ် -KNDF က ဇန်နဝါရီလ ၂၄ ရက်နေ့က တိုက်တွန်းထားပါတယ်။ ကရင်နီပြည်မှာ ၂ နှစ်ကျော် ကာလ အတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ ၅၅ နဲ့ တပ်မ ၆၆ လက်အောက်ရှိ တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ တွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကအများအပြားသေဆုံးတဲ့အပြင် လက်နက်ချအညံ့ခံသူတွေလည်းရှိ တယ်လို့ သိရပါတယ်။ တပ်ရင်းတချို့က ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့သူ တွေကို ချေမှုန်းဖို့ပြင်ဆင်ထားပြီး လက်နက်ချအညံ့ခံသူတွေကိုတော့ စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာ ဥပဒေနဲ့ အညီ ထိန်းသိမ်းထား တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့က စစ်ဆင်ရေးတွေကို အပြီးသတ်လုပ်ဆောင်မှာဖြစ်တယ်။ အပြီးသတ်ချေမှုန်းမှာဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ အာဏာရှင်စနစ်ကို ကာကွယ်မယ့်အစား သူတို့ဘက်က ဘက်ပြောင်းခိုလှုံမယ်ဆိုရင် အထိအခိုက် နည်းမယ်။ သွေးထွက်သံယိုနည်းမယ်။ ပြည်သူတွေရဲ့တိုင်းပြည်အေးချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဆောင် ရွက်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်”လို့ KNDF တပ်က ပြန်ကြားရေးတာဝန်ရှိသူ တယောက် ကပြောပါတယ်။ ဘက်ပြောင်းခိုလှုံလာသူတွေအနေနဲ့ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေးအစိုးရဘက်မှာ တာဝန် ပြန်လည် ထမ်းဆောင်နိုင်အောင် စီမံပေးပြီး ကရင်နီပြည်နယ်မှာရှိတဲ့ ခြေမြန်တပ်၊ ခြေလျင်တပ်၊ အမြောက်တပ်က တပ်သားတွေက မိသားစုနဲ့အတူပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံလာရင်ဖြစ်စေ၊ တပ်ရင်းအလိုက် ခိုလှုံလာရင်ဖြစ်စေ ကြိုဆိုနေပြီး ဘက်ပြောင်း ရေးအစီအမံအတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက် ပေးမယ်လို့ ဆိုပါတယ်။ https://www.facebook.com/phot o/?fbid=407638521622598&set=pcb.407638604955923
၂၉။ သင်တန်းသားများခေါ်ယူကြောင်း ကျားဖြူစစ်ကြောင်း Justice Soldier PDF အဖွဲ့ ကြေငြာ
    January 25, 2024

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုရှိသည့် ကျားဖြူစစ်ကြောင်း Justice Soldier PDF အဖွဲ့မှ သင်တန်းသားများ စိစစ်ခေါ်ယူလျက်ရှိကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဇွန်နဝါရီလ ၂၃ ရက်နေ့က ထုတ် ပြန်ကြေငြာခဲ့သည်။ အဆိုပါ သင်တန်းကို တော်လှန်ရေးစိတ်ပါဝင်စားသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း မည်သည့် လူငယ်မဆို ပါဝင်လျှောက်၍ရသလို တော်လှန်ရေးပြီးဆုံးသည်အထိ ပါဝင်ရမည်ဖြစ်ကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။ ကျားဖြူစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “အခြေခံစစ်သင်တန်းတက်ပြီးရင် တာဝန်ပေးအပ်ခြင်း ခံရတဲ့နေရာတွေမှာတာဝန် ထမ်းဆောင်ရပါတယ်။ သင်တန်းကတော့ အမျိုးသားသီး သန့်ပါပဲခင်ဗျ။ လူငယ်‌တွေ စိတ်ပါ ဝင်စားမှုများပါ‌တယ်။ ဒါပေမယ့် စိစစ် ပြီးခေါ်ယူပါတယ်” ဟု ပြောသည်။

တော်လှန်ရေး လာရောက်လုပ်သူများအထဲတွင် မိသားစုနောက်ဆံတင်းမှုများမဖြစ်စေရေးအတွက် အိမ်ထောင်မရှိသူ ဖြစ်ရ မည်ဟု သတ်မှတ်ချက်ရှိသော်လည်း စိတ်ဓာတ်ပြင်းပြသည့် အိမ်ထောင်ရှိသူအချို့ လာလျှောက်ထားမှုရှိသည့်အတွက် လက်ခံထားခြင်းရှိကြောင်းလည်း ကျားဖြူစစ်ကြောင်းက ပြောသည်။ ကျားဖြူစစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁)ရက် နေ့မှစတင်၍  ကော့ကရိတ်မြို့၏ မြို့သိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် အတူ ပါဝင်တိုက်ခိုက်သည့် စစ်ကြောင်းတစ်ခုဖြစ်သလို လက်ရှိအချိန်ထိ မြို့ထဲက ဆုတ်ခွာခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ ကို ဖိအားပေး တိုက်ခိုက်ထားဆဲဖြစ်ကြောင်းလည်း ကြားဖြူစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။ ကျားဖြူစစ်ကြောင်းသည် တပ်ခွဲ(၆)ခုရှိကာ ယခင်က စစ်ကြောင်းမှူးမှာ ဗိုလ်ကျော်သက် က ဦးဆောင်တာဝန်ယူထားပြီး လက်ရှိအချိန်တွင် ကိုဇွဲ (ခ) မန်းဇွဲ က စစ်ကြောင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ယူထားသည်ဟု သိရသည်။ https://www.facebook.com/photo?fbid=7807962 87410585&set=pcb.780796367410577
၃၀။ ထားဝယ်က စစ်ရှောင်နေရတဲ့ HIV ပိုးကူးစက်ခံရသူအတွက် ဆေးဝါးနဲ့ အကူပစ္စည်းထောက်ပံ့တွေလိုအပ်နေ
   January 25, 2024

ထားဝယ်စစ်ရှောင်တွေထဲမှာ ပြီးခဲ့တဲ့လက စစ်ဆေးတွေ့ရှိခဲ့တဲ့ HIV ပိုးကူးစက်ခံထားရသူအတွက် ပိုးကောင်ရေစစ်ဆေး ပေးဖို့နဲ့ ART ဆေးဝါးနဲ့ အကူပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ဆီ က သိရပါတယ်။ ဒေါနတနင်္သာရီအဖွဲ့အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေး လာတဲ့ တလျှောက်မှာ ပထမဆုံးအနေနဲ့ စစ်ဆေးတွေ့ရှိတဲ့ HIV ပိုးကူးစက်ခံထားရသူလည်းဖြစ်တယ်လို့ ဒေါနအဖွဲ့ဝင် ကိုယောနသံက ပြောပါတယ်။ လောလောဆယ်မှာတော့ HIV ပိုးတွေ့တယ်လို့ အတည်ပြုရုံပဲ လုပ်ပေးနိုင်သေးတယ်။ အသေးစိတ်ကျတဲ့ အချက် အလက်တွေကို သူ့အနေနဲ့ သေသေချာချာစနစ်တကျ စစ်ဆေးမှုခံယူဖို့လိုတယ်။ ကျွမ်းကျင်သူ တွေနဲ့တိုင်ပင်ဖို့လိုတယ်။ ပြီးတော့ ကျနော်တို့မှာကလည်း HIV နဲ့ပတ်သက်တဲ့ ဆေးဝါးတွေကလည်း မရှိဘူးဆိုတော့ ကျနော်တို့လည်း သူ့ကို ပိုးတွေ့တယ်ဆိုရုံ ကနေပြီးတော့ ဘာမှထပ်မလုပ်ပေးနိုင်တဲ့ အခြေအနေဖြစ်ပါတယ် လို့ ကိုယောနသံ က ပြောပါတယ်။

အခုတွေ့ရှိသူကတော့ သက်ဆိုင်ရာမြို့နယ် ဆေးရုံကိုသွားရောက်ပြီး ဆေးစစ်တာ၊ ကုသမှုခံယူဖို့အတွက်ဟာ လုံခြုံရေး အရ အခက်အခဲရှိနေပြီး လက်ရှိမှာ ဆေးကုသမှုမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ ကိုယောနသံပြောပြချက်အရ သိရပါတယ်။ သူသွားမယ်ဆိုရင် လမ်းမှာ စစ်ဆေးခံရတဲ့အချိန်တွေမှာ ဘယ်ရွာကလာလဲ ပြောရင်ကို ဒီဘက်ရွာတွေက လူတွေဆို အားလုံး ကုန်ကို ဖမ်းပြီးတော့ စစ်ဆေးနေတဲ့ အနေအထားဖြစ်တယ်။ သူ့အနေနဲ့ ဒီဟာတွေကိုလည်း ကြောက်ရပါတယ်။ စီးပွားရေး ကလည်း ချို့တဲ့အတွက် အခက်အခဲရှိပါတယ် လို့ ကိုယောနသံက ပြောပြပါတယ်။ ကိုယောနသံရဲ့ ပြောပြချက်အရ အဆိုပါ HIV ပိုးကူးစက်ခံရသူဟာ ဒုတိယအဆင့်ထက်ကို ပိုနိုင်တယ်လို့ခန့်မှန်းထားပြီး ဒီအတိုင်းသာ ဆေးဝါးအကူအညီတွေ မရရှိဘူးဆိုရင် ဒီ့ထက်ပိုပြီးအခြေအနေတွေ ဆိုးဝါးလာနိုင်တယ်လို့ သိရပါတယ်။ MSF Myanmar ဖော်ပြချက်အရ တနင်္သာရီတိုင်း၊ ထားဝယ်မှာ ၂၀၁၆ ခုနှစ်က စောင့်ရှောက်ကုသမှု ပေးခဲ့တဲ့ HIV ပိုးကူးစက်ခံထားရသူ ၂၃၀၀ ကျော်ရှိပါ တယ်။ https://www.facebook.com/photo?fbid=404708868613535&set=a.196212682796489

၃၁။ကျောက်မဲမှာ စစ်ကောင်စီတပ်က နမ့်ဆန်ဘက်ပြန်မယ့် ကုန်ကားတွေကို ဖမ်းပြီး သိန်း ၅၀ နီးပါး ငွေညှစ်
   January 26, 2024

ရှမ်းမြောက် ကျောက်မဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ၅၀၁၊ ၅၀၂ တပ်ဟာ နမ့်ဆန်ဘက် ကုန်တင်သွားမယ့် ကားတွေ ကို ဖမ်းဆီးပြီး သိန်း ၅၀ နီးပါး ငွေညှစ်ခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ ကိုမိုင်းက ပြောပါတယ်။ “မ​နေ့ စစ်ကောင်စီတပ်က နမ့်ဆန် ကယားနဲ့ ပန်စုံရွာဘက် တောင်ပေါ်တက်တဲ့ ကားတွေကို ဆယ်စီး ဖမ်းထားပြီး ကားတစ်စီးကို ၃၅ သိန်း ၄၅ သိန်း အထိ တောင်းပြီး ဒီည ၂၅ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်။ ဒီည ဖမ်းတဲ့ဟာတွေလည်း ရှိသေးတယ်” တအာင်း တပ်မတော်- PSLF/ TNLA က သိမ်းပိုက်ထားတဲ့ နမ့်ဆန်မြို့ကို ဆန်၊ စက်သုံးဆီနဲ့ ဆား စတဲ့အခြေခံစားသောက်ကုန်တွေ ဖြတ်တောက်လိုတာ ကြောင့် စားသောက်ကုန်တင်တဲ့ ကုန်ကားတွေကို ဖမ်းဆီးပြီး ဒဏ်ငွေ ရိုက်တာလို့ ၎င်းက ပြောပါတယ်။

“ပြည်သူတစ်ယောက်အနေနဲ့ ပြောချင်တာက ဒီကောင်တွေ ဆက်ရှိနေရင် ဒီလိုဘဲ လုပ်နေမှာဘဲ။ ကျောက်မဲမြို့ကို အမြန် လာသိမ်းစေချင်ပြီ” ဆိုပြီး သူက ပြောပါတယ်။ စစ်ကောင်စီတပ်လိုဘဲ ရှမ်းတပ်မတော်- SSPP/SSA ကလည်း ဖြတ်သန်း သွားလာတဲ့ဒေသခံတွေကို အဆမတန် ငွေကောက်တာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ “SSPP လည်း ကားတစ်စီး ကို ၂ သောင်းကောက်တယ်။ ကားပေါ် ဆိုင်ကယ် တင်တယ်ဆိုရင်လည်း တစ်စီး ၅ ထောင် တောင်းတယ်။ သူတို့ဂိတ်လည်း စစ်တပ်ဂိတ်နဲ့ မနီးမဝေးဘဲရှိတယ်”လို့ ကိုမိုင်းက ပြောပါတယ်။ နမ့်ဆန်အပြင် စစ်ကောင်စီတပ်က ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထား တဲ့ မြို့တွေကို ရည်ရွယ်ချက်ရှိရှိ ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်တားမြစ်တာတွေ ရှိနေတယ်လို့ ကူးသန်းသွားလာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။ https://www.facebook.com/photo/?fbid=708023621504905&set=a.404503215190282
၃၂။  နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ တပ်ရင်းကို KIA တပ်ဖွဲ့ သိမ်းပိုက်
    January 25, 2024

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၂၃) တပ်ရင်း ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ (ဇန်နဝါရီလ ၂၄ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၂၃ တပ်ရင်းကို ကချင် လွတ်မြောက်ရေးတပ်မတော် KIA က အပြီးသတ် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။“ကျနော်တို့ ကြားရတာကတော့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ အပြီးအပိုင်သိမ်းလို့ရပြီဆိုတဲ့ သတင်းလောက်ပဲ ကျနော်တို့ ကြားပါတယ်။ အချက်အလက်တွေပေါ့နော် မြေပြင်သတင်းတွေ ဘာမှမကြားဘူးပေါ့”ဟု KIA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး နော်ဘူက  အတည်ပြုပြောဆိုသည်။ နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ တပ်စခန်းကို KIA တပ်ဖွဲ့က ၂၀၂၃ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တစ်လအကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နမ့်ဖတ်ကာတိုက်ပွဲ တစ်လကျော်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ် သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများ က ပြောသည်။ အလားတူ (ဇန်နဝါရီလ ၂၄ ရက်) တစ်ရက်တည်းတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာသို့ စစ်ကောင်စီ တပ် မှ Jet Fighter ဖြင့် (၇)ကြိမ်၊ Mi35 ဖြင့် (၃)ကြိမ်၊  Y12 ဖြင့် (၁၁)ကြိမ်၊ ဗုံး (၁၀၁) လုံး နှင့် ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၃)လုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ “၁၀၂၇ စစ်ဆင် ရေး” ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် စစ်ကောင်စီနှင့် သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲပြီး နောက် KIA တပ်ဖွဲ့က မိုးမိတ်နှင့် မဘိမ်းမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့ ၂ မြို့ကို လည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။ https://www.facebook.com/photo/?fbid=703352998571081&set=pcb.703353181904396

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button