ကလေးမြို့အခြေစိုက် ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၃၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။
“ရန်ကြီးအောင်စခန်းကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တယ်။ စကစ သေဆုံးစာရင်းနဲ့ ကျနော်တို့ သိမ်းဆည်းရမိတဲ့ လက်နက် ပစ္စည်း အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ CDF-KKG မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။
အဲဒီ စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး သိမ်းဆည်းရရှိတဲ့ လက်နက်ပစ္စည်များအပါအဝင် စစ်ကောင်စီ စစ်သား သေဆုံးစာရင်းတွေကိုတော့ အသေးစိတ် စီစစ် ပြီးမှတာ တရားဝင် ထုတ်ပြန်ပေးသွားမယ်လို့ သူက ဆိုပါတယ်။
ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့က စတင်ကာ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခဲ့တာ ဖြစ်ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်း မှာတော့ စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
စခန်းတိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ (၃) ဦးဒဏ်ရာရရှိခဲ့ပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဆလိုင်း ဗန်နွန်ထန်း (Salai Van Nun Thang) ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
Photo Credit – MPA/ပေးပို့ (ရန်ကြီးအောင်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များ)