သတင်း

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ၅၀ ခန့် သေဆုံးမှုရှိ

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၀ ခန့် သေဆုံးမှုရှိ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၂၊ ၂၀၂၃
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု တွေကြောင့် အရပ်သား ၄၉ ဦးကျော် သေဆုံးခဲ့ရတယ်လို့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကလေးငယ် ၁၄ ဦးအပါအဝင် အရပ်သား ၄၉ ဦးကျော်သေဆုံးပြီး ၇၄ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့ပြင်လူနေအိမ်၊ ဇရပ်၊ ဘုန်းတော်ကြီးကျောင်းအပါအဝင် အဆောက်အအုံ ပေါင်း ၁၅၅ ခုထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက နေ့စဉ်နဲ့အမျှ စစ်ရေးအရှိန်မြင့် တက်လာနေပြီး စစ်ကောင်စီတပ်က အထိ အခိုက်အကျ အဆုံး များစွာနဲ့ သူတို့ရဲ့ စခန်းကြီး၊ စခန်းငယ် တွေနဲ့ မြို့တွေကို တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရတယ်လို့ TPCC ရဲ့ ဒီကနေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်က စစ်ဘက်နဲ့ လုံးဝမသက် ဆိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ နေထိုင်ရာရပ်ရွာတွေ၊ လူနေအိမ် တွေကို ဦးတည် ပြီး လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာ၊ ရဟတ် ယာဉ်၊ တိုက်လေယာဉ်တွေအသုံးပြုပြီး လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ TPCC က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီလိုနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ပြီး ရာဇဝတ်မှု တွေ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေကို နေ့စဉ်ပြောင်ပြောင် တင်းတင်း ချိုးဖောက်ကာ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ လုပ် ရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အပြစ်ပေး အရေး ယူမှုတွေ အမြန်ဆုံးအကောင်အထည် ဖော်ပေးကြဖို့ TPCCက ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button