သတင်း

တော်လှန်ရေးထဲက ဟွားလ်ငိုးဒေသအတွက် ပညာရေးရုံး စတင်ဖွင့်လှစ်

တော်လှန်ရေးထဲက ဟွားလ်ငိုးဒေသအတွက် ပညာရေးရုံး စတင်ဖွင့်လှစ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နို၀င်ဘာ ၂၂၊ ၂၀၂၃
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက CDF-Hualngoram ထိန်းချုပ် နယ်မြေ ထဲမှာ တော်လှန်ရေးထဲက ဟွားလ်ငိုးဒေသအတွက် ပညာရေးရုံး ( Hualngoram Regional Edication Office – HREO )ကို အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ ဖွဲ့စည်းခဲ့တဲ့ ပညာရေးဦးဆောင်ကော်မတီ (Education Working Committee – EWC)ရဲ့ ပညာရေးရုံးပိုင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ဖို့ ဖြစ်တယ်လို့ CDF-Hualngoram က အသိပေး ထုတ်ပြန်ပါတယ်။
CDF-Hualngoram ထိန်းချုပ် နယ်မြေအတွင်းမှာတော့ အခြေခံပညာရေး ကျောင်းပေါင်း ၃၀ ထက် မနည်း ဖွင့်လှစ်ထားနိုင်ပြီး အဲဒီကျောင်းများကို EWC ပညာရေးရုံးက ဖယ်ဒရယ်စနစ် ပညာ‌ရေး အခြေခံများဖြင့် ကြီးကြပ် စီမံခန့်ခွဲပေးနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CDF-Hualngoram

Related Articles

Back to top button