တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

ညောင်လေးပင်ခရိုင်၊ဆောထိမြို့နယ်၊ဝက်ဆီတောင်တွင် အကြမ်းဖက်စစ်ကောင်းစီ (ခမရ ၅၈၉)နှင့် KNLA တပ်မဟာ(၃)၊တပ်ရင်း(၇)၊တပ်ခွဲ(၃)တို့တိုက်ပွဲဖြစ်ပွား

#Photo_KNU

ဖက်ဒရယ်ဂျာနယ် ( မတ်လ – ၂၀ )

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ဝက်ဆီတောင်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်းစီ၏ (ခမရ ၅၈၉)နှင့်အတူ ယန္တယားတပ်ဖွဲ့များသည် နယ်မြေကျူး ကျော် လမ်းဖောက်လုပ်နေသည့်အတွက် လုံခြုံမှု့ယူထားသော KNLA တပ်မဟာ(၃)၊တပ်ရင်း(၇)၊ တပ်ခွဲ(၃)တို့  ၂၀၂၂ခုနှစ် မတ်လ (၁၅)ရက်နေ့ နံနက်(၅)နာရီခွဲ အချိန်က ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ဘက်ခ်ဟိုး (၁)စီး၊ ဒိုဇာ(၁)စီးနှင့် ယဉ်ငယ် (၁)စီးကို ဖျက်ဆီးနိုင်ခဲ့ကာ ဆီကား(၂)စီးနှင့် လက်နက်ငယ် MA3(၁)လက်၊ MA2 (၂)လက်တို့ကို သိမ်း ဆည်းရခဲ့မိပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးသွားပြီး သေဆုံးနေတဲ့ အလောင်း(၁)လောင်းကျန်ရှိခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းထိတွေ့မှုတွင် KNLA ဘက်မှထိခိုက်ဒါဏ်ရာရရှိမှုမရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် အနီးအနားရှိ ထီးခေးလော်ကျေးရွာနှင့် ကလောသူးခီးကျေးရွာသူရွာသားများ ထိတ်လန့်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။

Related Articles

Back to top button