သတင်း

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရန် အိန္ဒိယဗဟိုအစိုးရကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga တိုက်တွန်း

ဓါတ်ပုံ – The Mizoram Post

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၉

နယူးဒေလီ ခရီးစဉ်တခုမှာ အိန္ဒိယ ဗဟိုအစိုးရဝန်ကြီးချုပ် Narendra Modi နှင့် တွေ့ဆုံစဉ်တွင် အိန္ဒိယနိုင်ငံ အနေဖြင့် အိမ်နီးချင်းမြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများကနေ တည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ တက်ကြွစွာပါဝင်ပေးဖို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga ရဲ့ တောင်းဆို ချက်အပေါ် ဝန်ကြီးချုပ် Narendra Modi အနေနဲ့လည်း အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းပါဝင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဒေသသတင်းဌာနဖြစ်တဲ့ The Mizoram Post က ဖော်ပြပါတယ်။

ဒါ့အပြင် Mizoram State Planning Board ရဲ့ ဒု-ဥက္ကဋ္ဌ H Rammawi ကလည်း အိန္ဒိယဗဟိုနိုင်ငံခြားရေး ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှုး Smita Pant နဲ့ အင်္ဂါနေ့ကတွေ့ဆုံစဉ်အတွင်း “မြန်မာအစိုးရအနေဖြင့် မြန်မာဒုက္ခသည်များအား လုံခြုံရေးနှင့်ပြန်လည်နေရာချထားရေးကိစ္စများအတွက် အာမခံချက်မပေး နိုင် သေးသရွေ့  မြန်မာပြည်နေရပ်ကို ပြန်လည်ပို့ဆောင်ပေးမှာ မဟုတ်ဘူး” လို့ ပြောဆိုထားတာပါ။  

စစ်အာဏာသိမ်းမှုပဋိပက္ခနောက်ဆက်တွဲဖြစ်တဲ့ ချင်းလူမျိုးအများဆုံးပါဝင်တဲ့ မြန်မာဒုက္ခသည် ၃၀၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နေရာအနှံ့အပြားမှာ နယ်စပ်ဖြတ်ကျော် ခိုလှုံနေထိုင်နေကြပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်သမဂ္ဂများ၊ NGOs၊ ဘာသာရေး အဖွဲ့အစည်းများဟာ မြန်မာပြည်က ရောက်ရှိလာတဲ့ ဒုက္ခသည်အများစုကို ကူညီထောက်ပံ ပေးနေ ကြပါတယ်။

၁၉၈၀ ခုနှစ်နှောင်းပိုင်းများကတည်းက စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုတို့ကြောင့် မြန်မာနိုင်ငံက ဒုက္ခသည် ချင်းလူမျိုး ထောင်ပေါင်းများစွာဟာ ချင်းပြည်နယ်နဲ့ နယ်စပ်ထိတွေ့နေတဲ့ မီဇိုရမ်ပြည်နယ်ကို နယ်စပ်ဖြတ်ကျော်ပြီး တိမ်းရှောင် နေထိုင်ခဲ့ကြရတာဖြစ်ပါတယ်။

Related Articles

Back to top button