သတင်း

အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC မှာ KNU WLB နဲ့ GSCN အဖွဲ့တွေက မပါဝင်တော့ပဲ ရပ်ဆိုင်းထားမှု ပြန်ဆွေးနွေးမယ်

အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC မှာ KNU WLB နဲ့ GSCN အဖွဲ့တွေက မပါဝင်တော့ပဲ ရပ်ဆိုင်းထားမှု ပြန်ဆွေးနွေးမယ်

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၇၊ ၂၀၂၁

NUCC ရဲ့ အောက်တိုဘာ ၄ ရက်နေ့ အစည်းအဝေး မှာ ကရင်အမျိုးသား အစည်းအရုံး KNU အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နဲ့ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ GSCN တို့က သူတို့ရဲ့ NUCC မှာ ပူးပေါင်း ပါဝင်နေမှုတွေကို ရပ်ဆိုင်းလိုက် ပါတယ်။

အခုလို ရပ်ဆိုင်း သွားတဲ့ ကိစ္စကို ပြန်ဆွေးနွေးဖို့ NUG/CRPH ကနေ ဒီအဖွဲ့ ၃ ဖွဲ့ကို အောက်တိုဘာ ၅ ရက်နေ့မှာ အကြောင်း ခဲ့ပါတယ်။

ဒီအကြောင်းကြားချက်ကို လက်ခံပြီး တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ရပ်ဆိုင်းနောက်ဆုတ်သွားတဲ့ အဖွဲ့ ၃ ဖွဲ့ကနေ အောက်တိုဘာ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို NUCC အဖွဲ့ဝင် အားလုံးရှေ့မှာ ပြုလုပ်ဖို့ကိုလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

———————
NUCC မှာ ပူးပေါင်းပါဝင်နေမှု ကနေ ဘာကြောင့် ရပ်ဆိုင်း နောက်ဆုတ် သွားခဲ့သလဲ ဆိုတာ ကတော့ မသိရသေးပါ။

ဒါပေမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ NUCC သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ သတင်းထွက်လာပြီးနောက် မလုပ်ဖြစ်သေးပဲ ရွှေ့ဆိုင်းလိုက် တယ်လို့ လည်း သတင်းတွေ အရသိရပါတယ်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း ကတော့ NCA မပျက်မယွင်း တည်ရှိသေးကြောင်း အောက်တိုဘာ ၄ ရက်နေ့က ကြေညာချက်ထုတ် ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် NUG/PDF တို့ဟာ KNU မူဝါဒနဲ့ ဆန့်ကျင်ပြီး KNU နယ်မြေအတွင်း အကြမ်းဖက်မှုတွေ ဆောင်ရွက်နေမှုကို မလုပ်ဆောင်ဖို့ ကိုလည်း ပဒိုစောရွှေမောင်းရဲ့ ကြေညာချက် တစောင် ထွက်ရှိထားပါတယ်။

တကယ်တမ်းမှာတော့ KNU နယ်မြေတွေမှာ NUG/PDF ကို အကူအညီ ပေးနေမှု၊ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေသလို၊ တဘက်မှာလည်း KNU ထိပ်ပိုင်းခေါင်းဆောင် တချို့ဟာ NCA လမ်းကြောင်း ပေါ်မှာ ဆက်သွားဖို့ ဆိုတဲ့ သဘောထား ရပ်တည်ချက် ရှိနေတာ ဖြစ်ပါတယ်။

အခုလို KNU အတွင်း သဘောထား ကွဲလွဲနေတဲ့ အကျပ်အတည်းကြောင့် NUCC ကနေ နောက်ဆုတ်ဖို့ ဖြစ်ရ တာလား ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

တဘက်မှာလည်း NUG/CRPH အနေနဲ့ တပ်ပေါင်းစု ရေးရာ မူဝါဒတွေ အပေါ် အားနည်းချက် ရှိနေသလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

Related Articles

Back to top button