သတင်း

NUG လက်နက်ဝယ်ယူရေး အစီအစဥ် ပေါက်ကြားမှု၊ ABSDF ဥက္ကဌဟောင်း ၂ ဦး အကြား အငြင်းပွား

ပုံစာ – ကိုမိုးသီးဇွန် ဒေါက်တာဇော်ဝေစိုး နဲ့ ဦးထွန်းအောင်ကျော်

ဖက်ဒရယ်ဂျာနယ်

ဇန္နဝါရီ ၁၃၊ ၂၀၂၂

NUG လက်နက်ဝယ်ယူရေး အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လျှို့ဝှက် အွန်လိုင်း အစည်းအဝေးပွဲ ကိစ္စ ပေါက်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီလျှို့ဝှက် အစည်းအဝေးမှာ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော် နဲ့ သြစတြေးလျမှာ နေထိုင်သူ ကိုထူးထူးဟန် တို့ ၃ ယောက် လက်နက် ဝယ်ယူရေး ဆွေးနွေး တိုင်ပင် နေကြတာကို ပေါက်ကြားလာတဲ့ အစည်း အဝေး ဗီဒီယိုမှာ တွေ့ရပါတယ်။

ဒီ ဗီဒီယို ဖိုင် စတင် ပေါက်ကြားတာ ကတော့ Aung Naing Htwe (ဂိုရှယ်လေး) ဖေ့စ်ဘွတ် အကောင့်မှာ ဗီဒီယို စခရင်ရှော့ တင်ထားတာ ဖြစ်ပါတယ်။

အခုလို ဂိုရှယ်လေး ဆီ ပေါက်ကြားတာဟာ နောက်ထပ် ABSDF ဥက္ကဌဟောင်း တဦးဖြစ်တဲ့ ကိုမိုးသီးဇွန် ကနေ ဖြစ်တယ်လို့ လျှို့ဝှက် အစည်းအဝေးမှာ ပါတဲ့ ဦးထွန်းအောင်ကျော် က စွပ်စွဲ ထားပါတယ်။

အခုလို စွပ်စွဲတာကို ကိုမိုးသီးဇွန်က မဟုတ်ကြောင်း ငြင်းဆိုထားပြီး ၂ ယောက် စလုံး ဖေ့စ်ဘွတ် မက်ဆင်ဂျာ ကနေ အခြေအတင် အပြန်အလှန် ပြောဆိုမှုတွေ ရှိခဲ့တာကိုလည်း သိရပါတယ်။ 

အခုလို လက်နက်ဝယ်ယူရေး ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး NUG ကတော့ တစုံတရာ သတင်း ထုတ်ပြန်ခြင်း မရှိသေးပါ။

 

ပုံစာ – သြစတြေးလျမှာ နေထိုင်သူ ကိုထူးထူးဟန်

Related Articles

Back to top button