သတင်း

ရှမ်းမြောက်က စစ်တပ်စခန်း ၂ခုကို TNLA ထပ်သိမ်း၊ စစ်ကူရောက်လာတဲ့တပ်ကို ဖြတ်တိုက်ရာ ကား၄စီးနဲ့ လက်နက်တွေ ထပ်မံသိမ်းမိ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

နိုဝင်ဘာ ၅၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကကောင်စစ်တပ်စခန်း ၂ခုကို ဒီက​နေ့ နိုဝင်ဘာလ ၅ရက်၊ မနက်ပိုင်းမှာ TNLA က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLAရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန် ထား ပါတယ်။

TNLAတပ်မဟာ (၃)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီရဲ့ မန်ဝင်တပ်စခန်း ကို နိုဝင်ဘာလ ၅ရက်၊ မနက် ၆နာရီဝန်းကျင်အချိန်မှာ TNLAမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန် ထားတာဖြစ်ပါတယ်။

တပ်မဟာ(၄)စစ်ဒေသ၊ လားရှိုးနဲ့ သိန္နီကြား (၁၄ မိုင်နှင့်၁၅မိုင်ကြား)ရှိ နမ့်တွန်ကျေးရွာမှာ စစ်ကား (၄)စီးနဲ့ စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ကို TNLAက ဖြတ်တိုက်ခဲ့ပြီး လက်နက် (၂)လက်၊ စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ စစ်ကား (၄)စီး သိမ်းဆည်းရခဲ့မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အဲဒီလိုပဲ တပ်မဟာ(၄) စစ်ဒေသ၊ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာရှိ စစ်ကောင်စီရဲ့ တပ်စခန်းကို ဒီကနေ့ မနက် ၆နာရီဝန်းကျင်အချိန်မှာ TNLA မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း TNLAက ပြည်သူလူထုထံ အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၄ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ညီနောင်မဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်စခန်း ၈ခုအထိတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- TNLAသတင်းနဲ့ ပြန်ကြားရေးဌာန

Related Articles

Back to top button