သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး တက်ရောက်

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး တက်ရောက်

ဖက်ဒရယ် ဂျာနယ်
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၁

NUG အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ စက်တင်ဘာ ၁၄ရက်မှာကျင်းပတဲ့ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲ နဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲ အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါတယ်။

(၇၅)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေးကို ၁၄-၉၂၀၂၁ ရက်နေ့၊ အမေရိကန်အချိန် မွန်းလွဲ (၃)နာရီအချိန်က ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်း အဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် H.E. Mr. António Guterres က မိန့်ခွန်းပြောကြား ခဲ့ပြီး၊ (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ၊ ဥက္ကဋ္ဌ H.E. Mr. Volkan Bozkir က နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ထို့နောက်၊ (၇၆)ကြိမ်မြောက်အထွေထွေညီလာခံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ရန် ရွေးချယ်ခြင်း ခံထားရသည့် H.E. Mr. Abdulla Shahid မှ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

(၇၆)ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ဆက်လက်ကျင်းပခဲ့ပြီး အထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

အရည်အချင်းစစ် ကော်မတီ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ တောင်အာဖရိက၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စု တို့ကိုရွေးချယ်ခံခဲ့ရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့၏ သတင်းအရင်းအမြစ်ကို ကိုးကားအခြေပြု တင်ဆက်သည်။

Related Articles

Back to top button