ပေါ့ကပ်စ်

NHRIs အကြောင်း မိတ်ဆက် | အပိုင်း ၁

National Human Rights Institutions – NHRIs အကြောင်း မိတ်ဆက် | အပိုင်း ၁

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၅၊ ၂၀၂၃

အဓိကာရ Podcast ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ် Episode 7 မှာတော့ နိုင်ငံတခုရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်မှု၊ လူ့အခွင့်အရေးမြှင့်တင်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးနိုင်ရေးအတွက် နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာန (National Human Rights Institutions – NHRIs) ဆိုတာ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတဲ့ အကြောင်းနဲ့ ပတ် သက်ပြီး ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)က ကိုရန်နိုင်ကိုက ဆွေးနွေးထားပါတယ်။

Episode 7 ရဲ့ Part 1 မှာတော့ NHRIs တွေရဲ့သမိုင်းကြောင်းနဲ့ NHRIs တွေကို ဘယ်လို မူဝါဒတွေ ပေါ် အခြေခံပြီး အမှီအခိုကင်း လွတ်လပ်စွာ ရပ်တည်ဖို့ နိုင်ငံတကာစံနှုန်းတွေက ဘာတွေလဲ စတဲ့ အကြောင်းအရာတွေကို ရှင်းလင်း ဆွေးနွေး ပေးထားပါတယ်။

အခုအစီအစဉ်ကိုတော့ လူထုအသိပညာ တိုးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာများကို လေ့လာခွင့် ရရှိစေဖို့ ရည်ရွယ်ကာ အဓိကာရ(Adhikāra)က စီစဉ်ပြီး FJMM ကလည်း ပူးပေါင်း တင်ဆက် ပေးတာ ဖြစ်ပါတယ်။

အခုတင်ဆက်နေတဲ့ အစီအစဉ်များကိုတော့ အဓိကာရ(Adhikāra)ရဲ့ မိတ်ဖက် သတင်း မီဒီယာများရဲ့ သတင်းကွန်ရက် စာမျက်နှာများမှာလည်း သွားရောက် နားဆင်နိုင်ပြီ ဖြစ်ပါတယ်။

#adhikara #podcast #Episode7 #humanrights #InternationalCrimes #InternationalCriminalLaw #federaljournalmyanmar

Related Articles

Back to top button