(No. 80, October 6, 2023)
၁။ ဆိုင်းတောင်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်၏ ကားနှစ်စီးနှင့် ဗုံးပစ်လောင်ချာတစ်လက် သိမ်းဆည်းရမိ၊ အရပ်သား တစ်ဦးပစ်သတ်ခံရ
October 5, 2023
ဆိုင်းတောင်အုပ်စု မှော်ရှန်ကျေးရွာရှိ KTV တွင် မွေးနေ့ပွဲသို့ ရောက်ရှိနေသည့် ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ အောက်တိုဘာ ၃ ရက်နေ့က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ် ပွားခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် L&V KTV သို့ရောက်ရှိလာပြီး ဝင်ရောက်ဖမ်းဆီးချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးခံရသူများလည်းရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“စစ်သားတွေ ကားနှစ်စီးအပြည့်ပဲ နှုတ်တောင်ဆက်သွားသေးတယ်။ သူတို့ KTV နားရောက်တော့ စပစ်တော့တာပဲ။ နှစ်ဖက် ထိပ် တိုက်ကိုပစ်နေကြတာ PDF တွေဘက်ကလည်း တပ်ကူတွေရောက်လာပြီး ပစ်တာ။ ကားထဲကနေအလောင်းတွေ ထုတ်သွားတာ တွေ့ရတယ်” ဟုပြောသည်။ အဆိုပါဖြစ်စဉ်တွင် KPDF တပ်ဖွဲ့က စစ်ကောင်စီတပ်၏ ကားနှစ်စီး၊ ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်နှင့် ဗုံးသီးများ သိမ်းဆည်းရရှိခဲ့သည်။ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးချိန် KPDF တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရပြီး သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ယမန်နေ့ကလည်း ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့သည့် ဆိုင်းတောင်ရပ်ကွက် (၃)ရှိ အ.ထ.က (ဆိပ်မူ)ကျောင်းနှင့် အနီးတဝိုက်ရှိ ဈေးဆိုင်များ ပိတ်ထားခဲ့ ကြောင်း ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။“စစ်ကြောင်းထိုးလာလို့ ကျောင်းကကလေးတွေကိုလည်း ပြန်လွှတ်လိုက် တယ်။ တစ်ရွာလုံးလည်း တိတ်ဆိတ်နေတာပဲ။ ဘယ်ဆိုင်မှလည်း မဖွင့်ရဲဘူ တိုက်ပွဲပြန်ဖြစ်လာမှာကိုပဲ စိုးရိမ်နေရတယ်” ဟု ပြောသည်။ ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ ဆိုင်းဘုတ်အနီးတွင် အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီခန့်က လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဘွန်ပရာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြော သည်။“ထမင်းသွားဝယ်မယ်ဆိုပြီး ကားနဲ့ထွက်သွားတာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ မှော်ရှန်နားရောက်တော့ စစ်သားတွေ က ကားမှန်မချဘဲမောင်းလို့ဆိုပြီး ပစ်တာတဲ့။ သူ့ရဲ့သူငယ်ချင်းတော့ လွတ်တယ်” ဟုပြောသည်။ သေဆုံးခဲ့သည့် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုအောင်စည်ဖြိုးဆိုသူမှာ ကျောက်အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ရင်ဘတ်တွင်ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။ https://www.facebook.com/phot o/?fbid=637126681948337&set=pcb.637127005281638
၂။ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ စစ်ဘေးရှောင် ကျေးရွာက နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရ
October 5, 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ နမ့်ကတ်ကျေးရွာအုပ်စု၊ မိုင်းဆတ်ကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားပေမယ့် နေအိမ်တွေဖောက်ထွင်းခိုးယူခံနေရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါ တယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ကစပြီး တိုက်ပွဲ ပြင်းထန်နေတာကြောင့် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ ခိုလှုံနေရတဲ့ မိုင်းဆတ်ကျေးရွာက စစ်ရှောင်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က ရွာခံတွေရဲ့ နေအိမ် ၆ အိမ် ထက်မနည်း ဖောက်ထွင်းခံရပြီး ဆန် ၁၀ အိတ်ခန့်၊ ဆား၊ ဆီနဲ့ အုတ်တွေအပြင် ဆိုင်ကယ်တွေရဲ့ ဘီးတွေပါ ဖြုတ်ခိုးသွားတယ်လို့ မိုင်းဆတ်ရွာခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ “ဆိုင်ကယ်တွေရဲ့ ဘီးကို ဖြုတ်ပြီး ခိုးသွားတာလည်းရှိတယ်။ တော်တော်ဆိုး တယ်။ ရွာခံတွေ ရှောင်တဲ့ချိန် အိမ်ကို ဝင်ခိုးတာ အရင်က တစ်ခါမှ မဖြစ်ဖူးဘူး။ ဘိန်းစားတွေလား ဘယ်သူတွေ ခိုးလဲတော့ ဘယ်သူမှ မမြင်ဘူး” လို့ သူကပြောပါတယ်။
နေအိမ်တွေကို ဘယ်သူ ဖောက်ထွင်း ခိုးယူတယ်ဆိုတာ မသိရှိရပေမယ့် ရွာထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ရှိသလို ရွာဘုန်းကြီးဝန်းထဲမှာ စစ်ကောင်စီတပ်စွဲ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ နမ့်ကတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေပေမယ့် နေအိမ်ဖျက်ဆီးပြီး ပစ္စည်းတွေ ခိုးယူခံနေရတာကြောင့် ရွာကို ပြန်ချင်တယ်လို့ စစ်ရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။ သာယာကုန်း ရပ်ကွက်မှာ စစ်ရှောင်နေတဲ့ နောက်ထပ် စစ်ရှောင် အမျိုးသမီးတစ်ဦးက “ကျမတို့ အိမ်ပြန်ချင်ပြီ။ အိမ်တွေလည်း ခိုးခံရပြီ။ ကျမအိမ်ဆို ဘာတွေခိုးခံရပြီမှန်း မသိဘူး။ ဒီမှာ တစ်ယောက်ပြီးတစ်ယောက် ဖျားနေပြီ” လို့ ဆိုပါတယ်။ လက်ရှိ နမ့်ခမ့်မြို့၊ သာယာကုန်းရပ်ကွက်မှာ စစ်ဘေးရှောင် ၁၁၆ ဦးရှိပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေ တုပ်ကွေးဖြစ်ပြီး ဖျားနာနေတယ်လို့လည်း သူကပြောပါတယ်။ https://www.facebook.com/photo?fbid=347253457661105&se t=pcb.347253497661101
၃။ ၃ လအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်း ထုတ်ပြန်
October 5, 2023
မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း ဇူလိုင်လမှ စက်တင်ဘာလ အထိ ရက်ပေါင်း ၈၀ အတွင်း စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံးပြီး ၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ဒေါနစစ်ကြောင်းဟာ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ YAF၊ ABSDF တပ်ရင်း(၁) တို့နဲ့ ရေးမြို့နယ် အခြေစိုက် စကခ (၁၉) ဌာန ချုပ်၊ ခလရ (၆၁) နဲ့ အမြောက်တပ် အမတ (၃၁၆) တပ်ရင်းတွေကို ဇူလိုင် ၁၃ ရက်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။“ကျွန်တော်တို့ ပူးပေါင်း တော်လှန် ရေးတပ်ဖွဲ့ဘက်က တစ်ယောက်မှ ထိခိုက်ကျဆုံးခြင်း မရှိပါဘူး။ ဒရုန်း တစ်စီးပဲ ပျက်စီးခဲ့ပါတယ်” လို့ ဒေါနစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်မှာ ဘုရားသုံးဆူဘက် စစ်ကောင်စီ အမြောက်တပ်(၂၈၃) မူဂျာထိပ် စခန်းကို MSRF၊ YAF ၊ T-5 ၊ KBPDF ၊ TPLF ၊ ABSDF တပ်ရင်း(၁) တို့နဲ့ ပူးပေါင်းကာ Drone နဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာ ရေးမြို့ အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နဲ့ ခလရ (၆၁) တို့ကို တိုက်ခိုက်ခဲ့ရာ SF-Z အမျိုးအစား ဒရုန်း တစ်စီး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၉ ရက်နေ့မှာတော့ စစ်ကောင်စီ လက်ပါးစေ ပျူစောထီးခေါင်းဆောင် ရီဝေ အပါ ၄ ဦးကို ဒေါနစစ်ကြောင်း မြို့ပြ ပြောက်ကျားများက သုတ်သင်နိုင်ခဲ့သလို ၂ ဦးကို ဒဏ်ရာရရှိစေခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ် ၂၈ ရက်နေ့ က ကော့ကရိတ်မြို့နယ်၊ အစည်းအဝေးခန်းမမှာ စစ်ကောင်စီ ၆၀ ဦးခန့် အစည်းအဝေး ပြုလုပ်နေစဥ် ဒေါနစစ်ကြောင်းနဲ့ မဟာ မိတ် ပူးပေါင်းတပ်များ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာ ရေးမြို့နယ် ခလရ (၆၁) တပ်ရင်းထဲ လက်နက်ကြီး 81 MM နဲ့ ပစ်ခတ်ရာ စစ်ကောင်စီ ဗိုလ်ကြီး အပါအ၀င် ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ၃၁ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် စက်တင်ဘာ ၁၂ ရက်မှာ ရေးမြို့ နယ် ခမရ (၅၈၃) နဲ့ ခမရ (၅၉၁) တို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့လို့ ၃ လ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စုစုပေါင်း ၂၈ ဦးသေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန် ထားပါတယ်။ https://www .facebook.com/photo?fbid=347118021007982&set=pcb.347118157674635
၄။ ကရင်နီ စစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို ရသမျှနည်းလမ်းနဲ့ ဖြည့်ဆည်းပေးမယ်လို့ IEC ဆို
October 5, 2023
ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေလိုအပ်တဲ့ စားနပ် ရိက္ခာ၊ ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ရသမျှနည်းလမ်းများနဲ့ ဖြည့်ဆည်းပေးမယ်လို့ ကရင်နီပြည် ကြားကာလကောင်စီ -IEC အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ စစ်ရှောင်တွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါးနဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီဘက်က ပိတ်ပင်တားဆီးထားပြီး စစ်ရှောင်ကူညီသူတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီး နေပါတယ်။ ဒီလိုအခြေအနေတွေသာမက အလှူရှင်ရှားပါးပြီး ကုန်ဈေးနှုန်းမြင့်တက်မှု၊ ရာသီအကူးအပြောင်း တုပ်ကွေးအတွက် ဆေးဝါးပျက်လတ်မှုတွေကို စစ်ရှောင်ပြည်သူတွေရင်ဆိုင်နေရတဲ့အပေါ် IEC က ရသမျှ နည်းတွေနဲ့ ကူညီပေးသွားမှာလို့ ပြောဆို တာဖြစ်ပါတယ်။ “ဖြစ်နိုင်တဲ့ နည်းလမ်း၊ ရနိုင်တဲ့နည်းလမ်းတွေနဲ့ လိုအပ်တဲ့ဆေးဝါး၊ အမိုးအကာ၊ ရိက္ခာတွေကို သယ်ယူတာ စုဆောင်းတာလုပ်ပါမယ်”လို့ IEC အထွေထွေအတွင်းရေးမှူးက ရှင်းပြပါတယ်။
လက်ရှိ ကရင်နီပြည်နယ်ထဲ ကုန်စည် အများဆုံး စီးဆင်းတဲ့ ဖယ်ခုံနဲ့ တောင်ငူမှာ စစ်ကောင်စီက ဂိတ်တွေချပြီး ဖမ်းဆီး စစ်ဆေးနေမှုကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစားနေ ပေမယ့် လုံခြုံရေးအရ အသေးစိတ်ကိုတော့ မဖြေကြားသေးဘူးလို့ သူကဆိုပါ တယ်။ လက်ရှိ ကရင်နီ စစ်ရှောင်တွေ အတွက် လိုအပ်တဲ့ ရိက္ခာကို တောလမ်းတွေက တစ်ဆင့် အနည်းငယ်သာ သယ်ယူနေရပြီး ကရင်နီပြည်နယ်ရဲ့ လေးပုံသုံးပုံခန့် စစ်ရှောင်နေရတာကြောင့် လုံလောက်မှုမရှိ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီ ထောက်ပံ့နေသူ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလလယ်ကစပြီး ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင် ၃,၀၀၀ ကျော် ရာသီးတုပ်ကွေးအပါအဝင် အမိုးအကာမလုံလောက်မှုကြောင့် အအေးပတ် ဖျားနာ၊ ချောင်းဆိုးရောဂါတွေ အဖြစ်များနေ ပေမယ့် ကုသဖို့ ဆေးဝါး လုံးဝ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန် နေတာကြောင့် မော်ချီးဒေသမှာ ဆန်ကြမ်း တစ်အိတ် ငွေကျပ် ၄ သိန်းကျော် အထိ ပေး၀ယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/photo?fbid=347242307662220&s et=a.285900490463069
၅။ ရေရှင်ရွာက အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ
October 5, 2023
ကချင်ပြည်၊ မိုးကောင်းမြို့နယ် ရေရှင်ရွာက အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မိုးကောင်းဒေသခံတွေဆီ ကနေ သိရပါတယ်။ အောက်တိုဘာလ ၅ ရက် ညနေ ၇ နာရီလောက်မှာ စံပါလီရွာနဲ့ရွာသစ်ကြား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ နေအိမ်ရှေ့မှာရပ်နေချိန် အမည်မသိလူတစ်စုက သေနတ် ၃ ချက်နဲ့ပစ်သွားတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ယောက်က ပြောပါတယ်။“သူအိမ်ရှေ့မှာ သေနတ်သံ ၃ ချက်ကြားတော့ သူ့သားကထွက်ကြည့်တာ သူ့အဖေလှဲသွားတာမြင်လို့ ကားနဲ့တင် ပြေးတာ မိုးကောင်းဆေးရုံမရောက်ခင် လမ်းမှာတင်ဆုံးသွားတယ်”လို့ ပြောပါတယ်။ ပစ်သတ်ခံသူဟာ အသက် ၅၅ နှစ်အရွယ် ဦးလှထွန်း ဆိုသူဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ပစ်သတ်သွားလဲဆိုတာတော့ မသိရသေးပါဘူး။
ရေရှင်ရွာဟာ မိုးကောင်းမြို့နဲ့ ၄ မိုင်လောက်ဝေးတဲ့နေရာဖြစ်ပြီးတော့ ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်က မိုးကောင်းမြို့နဲ့ ၃ မိုင်လောက်ဝေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် လမ်းခရီးဝေးတဲ့အတွက် ပစ်သတ်ခံရပြီးနောက် ချက်ချင်းဆိုသလို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် လမ်းခုလတ်တင်ဆုံးသွားတာလို့ သိရပါတယ်။ မိုးကောင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်ဆက်နွယ် တယ်လို့ ယူဆရတဲ့သူတွေကို လိုက်လံဖမ်းဆီးပြီး စစ်ကြောရေးမှာ မေးမြန်းစစ်ဆေးကြမ်းခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး အသက်သေဆုံးခဲ့ရသလို ဖမ်းဆီးခံထားရသူ တရားစွဲဆိုခံထားရသူတွေလည်း များစွာရှိနေသေးတယ်လို့ သိရပါ တယ်။ https://www.facebook.com/photo/?fbid=709256394 568968&set=a.601270185367590
၆။ ရွာငံနယ်မှာ ညနေ ၅ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ မှော်ဘုရင်စစ်ကြောင်း အရေးပေါ် ထုတ်ပြန်
October 5, 2023
ရှမ်းတောင်၊ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြင်းကျဒိုးရွာနဲ့ ကျုံးရွာကြားမှာ စစ်ရေး လှုပ်ရှားမှုတွေ ရှိလာ နိုင်လို့ အောင်တိုဘာလ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်သူတွေ အနေနဲ့ ညနေ ၅ နာရီ နောက်ပိုင်း အပြင်မထွက်ဖို့ မှော်ဘုရင်စစ်ကြောင်းက အရေးပေါ် ကြေညာလိုက်ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်လို့ စစ်ကောင်စီနဲ့ အနီးကပ် မနေ့ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ မှော်ဘုရင် စစ်ကြောင်းက အသိပေးပါတယ်။ လက်ရှိအချိန် လယ်လုပ်ငန်းခွင်ကို ငဲ့ကွက်တဲ့ အနေနဲ့ ညနေ ၅ နာရီကနေ မနက် ၅ နာရီအတွင်း ပြည်သူတွေ အပြင်မထွက်ကြဖို့ တောင်းဆိုတယ်လို့ မှော်ဘုရင် စစ်ကြောင်း တာဝန်ခံ က ပြောပါတယ်။“အခုရက်ပိုင်းမှာ ဒီကောင်တွေ(စကစ)ကတော့ ထုံးစံအတိုင်း သူတို့ထင်ရာနေရာတွေ စစ်ကြောင်း လျှောက် ထိုးပြီး နီးစပ်ရာပြည်သူတွေကို ခြိမ်းလားခြောက်လား လိုက်လုပ်နေတာပေါ့”လို့ မှော်ဘုရင်စစ်ကြောင်းတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က စစ်ကောင်စီတပ်ဟာ ရွာငံမြို့နယ်၊ ရေချမ်းကျေးရွာက အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦးရဲ့ နေအိမ်တွေကို ဝင်ရောက် ရှာဖွေလုယက် ဖမ်းဆီးသွားတယ်လို့ သူကဆိုပါတယ်။“ဒီလို ထင်တိုင်းကြဲနေတဲ့ အကြမ်းဖက် စကစနဲ့ နောက်လိုက် ပျူတွေကို ထိထိရောက်ရောက် ပညာပေးရမယ့် အချိန် ရောက်ပြီမလို့ ပြည်သူတွေကို ကျနော်တို့နဲ့ ပါဝင်ပူး ပေါင်းပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ သူက တောင်းဆိုပါတယ်။ ဒါပေမယ့် ဘာကြောင့် အခုလို အရေးပေါ် ကြေညာချက် ထုတ်ပြန်တာလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိပါဘူး။ ရွာငံမြို့နယ် အခြေစိုက် မှော်ဘုရင် စစ်ကြောင်း (YMBY) ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက တခြား တော်လှန်ရေးတပ် နာမည် တစ်ခုနဲ့ စစ်ကောင်စီကို တော်လှန်ခဲ့တာဖြစ် ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ မှော်ဘုရင်စစ်ကြောင်းအမည်နဲ့ ပြန်လည်လှုပ်ရှားလာတာဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=3468796510318 19&set=a.285900490463069
၇။ ထားဝယ်မှာ သုံးရက်အတွင်း တိုက်ပွဲငါးကြိမ်ထက်မနည်းဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ
October 5, 2023
ထားဝယ်မြို့နယ်၊ ရေဝိုင်းရွာနဲ့ ပခပ်အင်းရွာတဝိုက်မှာ အခုလအစပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲ ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလ ၁ ရက်နေ့မှာ ရေဝိုင်းရွာဘက်ကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ တိုက်ပွဲ နှစ် ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အခုလ ၃ ရက်နေ့မှာလည်း ရေဝိုင်းရွာဘုန်းကြီးကျောင်းအနီးမှာ မနက်ပိုင်းနှစ်ကြိမ်နဲ့ ပခပ်အင်း ဘုန်းကြီး ကျောင်းနဲ့ သင်္ချိုင်းကြားမှာ နေ့လယ် ပိုင်းတစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။ “စစ်တပ်ကအင်အားများပြီး စစ်ကြောင်းတွေ လည်းခွဲဝင်တာ။ တပ်ဖြန့်ထားတာပေါ့။ တိုက်ပွဲဖြစ်ရင် လက်နက်ကြီးသံတွေကတော့ ခပ်ဝေးဝေးကတောင်ကြားရတယ်” လို့ တိုက်ပွဲဖြစ်ပွါးနေတဲ့ရွာအနီးက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်စဥ်အသေးစိတ်နဲ့ ဘယ်အဖွဲ့တွေနဲ့ ဖြစ်ပွား ခဲ့တယ်ဆိုတာကို မသိရသေးပေမယ့် ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်နဲ့ နီးစပ်တဲ့ဒေသခံက ပြောပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းတွေမှာတော့ ရေဝိုင်းရွာနဲ့ကပ်နေတဲ့ ကင်းကုန်းရွာကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ပစ္စတိုတစ်လက်၊ ဗုံးသီးနဲ့ ကျည်ဆံတွေသိမ်းမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေကလည်း ရဲဘော်တစ်ဦးကျဆုံးတာမှန်ကန်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။ ရေဝိုင်းရွာတဝိုက်က စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းတစ်ခု ခေါင်တိုင်ပြင်ရွာဘက်ကိုရောက်နေပြီး နောက်ထပ်စစ်ကြောင်း တစ်ခု ကတော့ ရေဝိုင်းရွာတဝိုက်မှာ မတွေ့ရဘဲ ပျောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ရေဝိုင်း၊ ခေါင်တိုင်ပြင်၊ ကင်းကုန်း၊ ပခပ်အင်း၊ မြင်းမတ်တပ်၊ ပိန်နဲချောင်းနဲ့ဟာမြင်းကြီးရွာတွေက ဒေသခံအများအပြားကတော့ စစ်ဘေးရှောင် ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=344934 807924275&set=a.196212489
၈။ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ပျက်စီးမှုရှိ
October 6, 2023
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးနဲ့ နှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်နဲ့ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့ ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက” လူကို ထိခိုက်သွားတာတော့ မရှိဘူးပေါ့နော။ အိမ်ကိုတော့ ပျက်စီးသွားတယ်ပေါ့။ လူက ဗုံးခိုကျင်းထဲဝင်နေလိုက်လို့ပေါ့။ အကုန်လုံးဝင်တယ်ပေါ့။ မောင်လေးက ဝင်ပြီး သေချာတောင်မဝင်လိုက်သေးဘူး။ အဲ့တာ ကျသွားတယ် ဒါပေမယ့် ကံကောင်းလို့ပေါ့ မထိဘူး။ အိမ်မှာအိပ်နေတဲ့မိသားစုက ၇ ယောက်ရှိတယ်။ ကလေးငယ် ၃ ယောက်ရှိတယ်။ ၅ နှစ်ကျော်တစ်ယောက်ရယ် ၊ ၄ နှစ်ကျော်တစ်ယောက်ရယ်၊ ၁ နှစ်ကျော် ၁ ယောက်ရယ်။ ” လို့ ပြောပါတယ်။ စာသင်ကျောင်းဆောင်အနီးမှာ တလုံးကျရောက်ခဲ့ပြီး စာသင်ကျောင်းဆောင်၊ အိမ်သာ၊ ဆရာ ဆရာမနေအိမ်တွေကို ထိမှန်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် လူနေအိမ်အနီးမှာလည်း တလုံးကျရောက်ခဲ့တာကြောင့် အိမ် ၄ လုံး ပျက်စီးခဲ့သလို အခြားသော ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အဆိုပါ ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေဟာ စိုးရိမ် ကြောက်လန့်နေကြရပြီး စစ်ရှောင်ကြသူတွေလည်း ရှိနေပါတယ်။ “လန့်သွားတာပေါ့ တော်တော်ကို အဖိုးအဖွားကိုလည်း တော် တော်စိုးရိမ်သွားတယ်။ ရုတ်တရက်ကြီးဆိုတော့လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် လူကဘာမှမဖြစ် တော့ တော်တော်ကံကောင်းတယ်လို့ပဲထင်တာပေါ့နော။ အကယ်၍ အရင်သာမကြားခဲ့ရင်ပေါ့နော ကျောင်းမှာကျတဲ့တစ်လုံး အရင်သာ မကြားခဲ့ရင် မတွေးရက်စရာကြီးပေါ့။ ဒီဘက်မှာအိပ်တော့ ဟို အိမ်ကလည်း တော်တော်ပျက်သွားတယ် ဟို သစ်သား ကြီး ပြုတ်ကျပြီး ဒဏ်ရာရရင်ရ မရရင် လက်နက်ကြီး မှန်မှာပဲလို့တော့ ထင်တယ်။ “လို့ ဒေသခံအမျိုးသမီးကလည်း ပြောပါ တယ်။ ဒေသခံတွေနဲ့ စစ်ရှောင်တွေ စုပေါင်းနေထိုင်ကြတဲ့ အဆိုပါ ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ကျေးရွာ အတွင်းကို လက်နက်ကြီးမကြာခဏ ကျရောက်ခဲ့တာလည်း ရှိပါတယ်။ https://www.kantarawaddytimes.org/%e1%8 0%96%e1%80%9b%e1% 80%b0%e1%80%86%e1%80%ad%e1%80
၉။ သိန္နီမြို့နယ် စစ်ကောင်စီ နှင့် SSPP တို့ထိတွေ့တိုက်ပွဲဖြစ်
October 5, 2023
သျှမ်းပြည် သိန္နီမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် (အောက်တိုဘာ ၅)ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရ သည်။ (အောက်တိုဘာ ၅)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် သီန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုအနီး SSPP/SSA တပ် နယ်မြေကို စစ်ကောင်စီဘက်မှ နယ်ကျော်ရောက်ရှိလာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“စစ်ကောင်စီက နယ်ကျော်ပြီး SSPP ရှိနေတဲ့ နမ့်တူချောင်းရဲ့ ဟိုဘက်ကို ရောက်သွားတာ၊ ပစ်ခတ်မှု မဖြစ်ခင်မှာ SSPP ရှေ့ပြေးက လှမ်းပြီးသတိပေးလိုက်သေးတယ်၊ ဒီဘက်မှာ ငါတို့ရှိတယ် မင်းတို့ရှေ့ဆက်မတိုးနဲ့ဆိုလည်း သူတို့က တိုးသွား လို့ ပစ်ခတ်မှုဖြစ်တာ၊ နောက်ဆုံးတော့ စစ်ကောင်စီပြန်ဆုတ်လာပြီး ပစ်ခတ်သံတွေလည်း ငြိမ်သွားတယ်”ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုသည် ၁၀ မိနစ်ကျော်ကြာမြင့်ပြီး ပစ်ခတ်ချိန်၌ လက်နက်ကြီး / လက်နက်ငယ် ပစ်ခတ် သံများ လည်း ကြားရကြောင်း ဒေသခံများက ဆက်လက်ပြောပြသည်။
တိုက်ပွဲအသေးစိတ်နှင့်ပတ်သက်ပြီး SSPP ကို ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ ထိုပစ်ခတ်မှု မဖြစ်ခင်တွင် စစ်ကောင်စီ စစ်ကြောင်းသည် ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အခွန် ဆက်ကြေး ကောက်နေသည့် KIA စစ်ကြောင်းကို လာရောက်တားမြစ်ရန် ဖြစ်ကြောင်းလည်း သတင်းများ က ထွက်ပေါ်နေသည်။“ KIA စစ်ကြောင်းတစ်ခုက ကွန်ကောက်ရွာ ဘုန်းကြီးကျောင်းနားမှာ လာနေပြီး ကွန်လုံဘက် တက်တဲ့ ကားကြီး၊ ကုန်တင်ကားတွေကို ဆက်ကြေးကောက် တာ၊ ကားကြီး ၆ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီး အကုန်ကောက်နေတာ။ ကုန်တင် ကားတစ်စီး ဘီးလိမ့်ခွန်ကို ၁ နှစ်စာ ကျပ် ၁၀ သိန်း တောင်းတယ်၊ တင်လာတဲ့ ကုန်အမျိုးအစား ပေါ်မူတည်ပြီး ကုန်အတွက် ဆက်ကြေးကတော့အခေါက်တိုင်း ပေးရတယ်” ဟု KIA တပ်ဖွဲ့မှ ကွန်ကောက်ကျေးရွာအတွင်း အခွန်ကောက်နေသည့်အကြောင်းကို အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက ပြောသည်။ လက်ရှိတွင် သန္နီမြို့နယ်အတွင်းမှ စစ်ကောင်စီ တပ်ဖွဲ့သည် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့နှင့် စစ်ရေးတင်းမာမှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။ https://burmese.shannews.org/archive s/37003
၁၀။ ဟားခါးတွင် စစ်ကောင်စီခုံရုံးက ပြည်သူ ၃ ဦးကို တစ်သက်တစ်ကျွန်းအပါအဝင် ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်
October 5, 2023
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ်၏စစ်ခုံရုံးက ဒေသခံပြည်သူ ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပါအဝင် ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ထိုထဲတွင် အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးပါဝင်ပြီး ကျန်နှစ်ဦးမှာ အမျိုးသားနှစ်ဖြစ်ကာ ၎င်းတို့ကို စက်တင်ဘာ ၂၉ ရက် စစ်ကောင်စီ၏ စစ်ခုံရုံးက မတရား ပစ်ဒဏ် များချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ခံများကပြောသည်။“ဟားခါးစစ်ခုံရုံးက အမှုတွေကို ဆက် တိုက် ပြစ်ဒဏ်ချနေတာ ဒီထဲမှာ သူတို့လဲပါတာ”ဟု ဟားခါးမြို့မှ စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးကပြောသည်။ ဟားခါးမြို့တွင် နေထိုင်သည့် အသက် ၄၀ ကျော် မဗျက်မွှေဆုန်ကို CDF များကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)ဖြင့် ထောင် ဒဏ်တစ်သက်တစ်ကျွန်း စစ်ကောင်စီက မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်ဗျက်မွှေဆုန် သည် ဟားခါးမြို့ရှိ NGO တစ်ခုတွင် လုပ် ကိုင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီစစ်ဆေးဂိတ်က ယမန်နှစ်တွင် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုပြင် ဟားခါးမြို့တွင် နေထိုင်သည့်ကို ဗန်ဗျက်ကျန်အို ကိုလည်း PDF များကို နေအိမ်တွင် တည်းခိုစေခြင်းနှင့် မီဇိုရမ် ပြည်နယ်ကို သွားရောက်ရန်လမ်းပြပေးသည်ဟု စွပ်စွဲကာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချခဲ့သည်။ ဟားခါးမြို့တွင်နေထိုင်သည့် ကိုမောင်ငယ် ကိုလည်း စစ်ကောင်စီက ဟားခါး တက္ကသိုလ်အတွင်း ဝင်ရောက်သည်ဟုစွပ်စွဲကာ စစ်ကောင်စီစစ်ခုံရုံးက ပြည်သူပိုင်ပစ္စည်းကာကွယ် ရေး အက်ဥပဒေအရ အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။ https://www.facebookcom/photo/?fbid=656783896520406&set=pcb.65 6783973187065
၁၁။ စစ်တွေတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
October 6, 2023
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် (အောက်တိုဘာ ၅ ရက်) ည ၈ နာရီကျော်အချိန်က သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်စဉ်တွင် အသက် ၆၁ နှစ်အရွယ် ဦးမောင်စိန်တင်မှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ သမီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဒေါ်မမချေမှာ လက်မောင်းနှင့် ပေါင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့ ထံမှ သိရသည်။ “အပစ်ခံရတာကတော့ သားအဖနှစ်ယောက် အပစ်ခံရတာ။ အဖေဖြစ်သူက ပွဲချင်း ပြီး ဆုံးသွားတယ်။ သမီးမှာ တော့ လက်မောင်းနဲ့ပေါင်မှာ ဒဏ်ရာရထားတယ်။ အခု ကျနော်တို့ စစ်တွေဆေးရုံကြီးကို ပိုထားပါတယ်” ဟု လူမှုကူညီရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသွားသည့် ဦးမောင်စိန်တင်မှာ စစ်တွေမြို စက်ရုံစုရပ်ကွက်ရှိ ရွှေပါရမီဘုန်းတော်ကြီး ကျောင်းအနီးတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ စက်ရုံစုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “အခု လူတွေက အပြင်ကိုလည်း မထွက်ရဲကြတော့ဘူး”ဟု ပြောသည်။ ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စက်ရုံစုရပ်ကွက်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ရုံးစိုက်ထားပြီး ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ALP ပါတီ တာဝန်ရှိသူများကိုလည်း ဆက်သွယ်နေဆဲဖြစ်သည်။ https://www.facebook.com/photo/?fbid=7099175 74515175&set=a.643209801185953
၁၂။ သထုံခရိုင်တွင် နိုင်ငံရေးလှုံ့ဆော်စာဖြန့်ဝေမှု စွပ်စွဲချက်ဖြင့် ပြည်သူ ၅ ဦး ဖမ်းဆီးခံရ
October 6, 2023
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းက ပေါင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်ထဲက ဒေသခံ ၅ ဦးကို လူမှုကွန်ရက် စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်စာတွေဖြန့်ဝေတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အောက်တိုဘာ ၄ ရက်မှာ ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုင်ငံရေးလှုံ့ဆော်စာဖြန့်ဝေမှုနဲ့ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာက စောရာဇာမင် (၂၀ နှစ်)၊ ချစ်သူပိုင် (၃၃ နှစ်)၊ အောင်မင်းထွေး (၂၂ နှစ်၊ ကျွဲခြံကျေးရွာက မအေးနီနီအောင် (၂၂ နှစ်) နဲ့ ဘီးလင်းမြို့နယ် အလူးကျေးရွာက မင်းထွန်းမြတ်အောင် (၂၅ နှစ်) တို့ကို သက်ဆိုင်ရာရဲစခန်းတွေက ဖမ်းဆီးသွားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာပါ။ ဥတ္တံတားကျေးရွာဒေသခံတဦးက “ကျနော်တို့ရွာမှာ ဘာကပ်ဆိုက်နေလဲမသိဘူး။ နယ်ထိန်းတယောက် သေလို့ဆိုပြီး လူတွေမနည်းဘူး ဖမ်းသွားတယ်။ အခုလည်း facebook သုံးလို့ဆိုလား မသိဘူး မနေ့တုန်းက ထပ်ဖမ်းသွားတယ်။ နောက်ဆို အိမ်ထဲကနေ အပြင်ထွက်ဖို့တောင် ကြောက်နေရပြီ” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေကို အကြည်ညိုပျက်စေတဲ့ စာသား တွေကို ရေးသားဖြန့်ဝေခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ ပေါင်နယ်မြေရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ အာဏာ သိမ်း စစ်ကောင်စီအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ (သို့) အစိုးရယန္တရားတွေ ပျက်ပြားစေဖို့ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ အပါအဝင် လူမှုကွန်ရက်တွေကတဆင့် နည်းမျိုးစုံနဲ့ပြုလုပ်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ကျော် ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသား ၁ ဦးနဲ့ ဆိုင်အလုပ်သမား အမျိုးသား ၂ ဦးကိုလည်း လူမှုကွန်ရက် စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်စာသားတွေ ဖြန့်ဝေခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သံဖြူဇရပ်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ် – ၅၀၅ (က)နဲ့ အမှုဖွင့်အရေးယူခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ https://burmese.dvb.no/post/618344
၁၃။ နမ်ဆန်ယန်အနီး စစ်တပ်နဲ့ KIA တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်
October 5, 2023
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်အနီး လိုင်လွမ်အောင်ဂျာဘက်မှာ စစ်တပ်နဲ့ KIA တို့အကြား အောက်တို ဘာ ၄ ရက် မနက် ၁၁ နာရီခန့်ကစ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ညက ၂ နာရီလောက်အထိ တိုက်ပွဲ တော်တော်ပြင်းထန်သွားတယ်” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာလို့ ညနေ ၅ နာရီ ဝန်းကျင်မှာလည်း မြစ်ကြီးနားဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ညသန်းခေါင်ယံ ၁၁ နာရီခွဲဝန်းကျင် နဲ့ ၁၂ နာရီကြားမှာလည်း တံတားဦးဘက်က တိုက်လေယာဉ် ၂ စီးနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သူကပြောပါတယ်။ “တစ်နေကုန်နီးပါး တိုက်ပွဲ ဖြစ်နေတာ ကြားတယ်။ ည ၈ နာရီနဲ့ ၁၀ နာရီကြားမှာ အရမ်း ပြင်းထန်တာ လေယာဉ် ပါလာတယ်။ မနက် ၁ နာရီအထိ ပစ်ခတ်သံ ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂ ရက် မနက်ပိုင်းကလည်း ဗန်းမော်မြို့သစ်အနီး နွမ်းလန့်ရွာအထက်က ပန်ဆတ်အနီး စစ်ကြောင်း ထိုး လှုပ်ရှားလာတဲ့ စစ်ကောင်စီ ခမရ (၄၃၈)နဲ့ KIA တပ်မဟာ ၅၊ တပ်ရင်း ၂၅ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သလို လိုင်လွမ်အောင်ဂျာဘက်မှာလည်း တိုက်ပွဲ ပြင်းထန်ပြီးနောက် မြစ်ကြီးနားဘက်ကနေ တိုက်လေယာဉ် ၃ စီးနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့မှာပဲ တနိုင်း လီဒိုလမ်းဘက်က အင်အား ၆ ယောက်၊ ၇ ယောက်သာရှိတဲ့ ရှဒူးဇွပ် ကနွယ်တူ KIA တပ်ရင်း ၁၄ က ပို့စ်တစ်ခုကို ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ နောက် ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဟုတ်တယ် အဲဒီစခန်းက တပ်သား ၇ ယောက်လောက်ပဲရှိတဲ့ စခန်းပါ။ တနိုင်း လမ်းဘက်လေ မင်းဇေသန့် အဖွဲ့” လို့ သူက ပြောပါတယ်။ KIA ဘက်က စခန်းသိမ်းခံရပြီး လက်နက် အနည်းငယ် ပါသွားပေမဲ့ လူတော့ အထိအခိုက် မရှိဘူးလို့ ဆိုပါတယ်။ နမ်ဆန်ယန်အနီး လိုင်လွမ်အောင်ဂျာနဲ့ မဒီးယန်၊ ဆမား၊ ဂျာပူတစ်ဝိုက်မှာ စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေတာပါ။ https://www. facebook.com/photo/?fbid=644476974526237&set= a.404503215190282
၁၄။ ဖာပွန်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ပိုမိုဖြစ်ပွားလာ
October 6, 2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက တပ်စခန်းတွေ ထပ်မံမကျရေးအတွက် စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်း ပြီး လှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတယ်လို့ ကေအန်ယူ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။ ကရင် အမျိုးသားအစည်းအရုံး (KNU ) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်း တပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတဲ့အပြင် စခန်းတွေပါ မီးရှို့ဖျက်ဆီးခံနေ ရပါတယ်။ စစ်ကောင်စီတပ်စခန်းတွေ ထပ်မံမကျရေး စစ်ကောင်စီတပ်တွေက အင်အားဖြည့် တင်းပြီး ပိုမိုလှုပ်ရှားလာတာ ကြောင့် နယ်မြေခံ KNLA ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စက်တင်ဘာ ၁ လတာအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၈၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုက ပိုများလာတဲ့ သဘောရှိတယ်။ စခန်းတွေရဲ့ အနီးတဝိုက် ပိုပြီးတော့ လှုပ်ရှားလာတယ်။ ဖာပွန်နဲ့ ကမမောင်းကြားက လမ်းမအနီးက တပ်စခန်းတွေ နောက်ထပ်ပြီး ဆုံးရှုံးမှုမရှိရအောင် တိုးပြီးလှုပ်ရှားလာတဲ့အပေါ်မှာ တိုက်ပွဲ တွေက ပိုများလာတယ်” လို့ ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၉ ယောက်သေဆုံးကာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် ၄၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အဆောက်အအုံ ၁ လုံးကိုပါ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်က ၅ ယောက်ကျဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ်တွေက မြေပြင်လက်နက်ကြီး အလုံး ၂၀ ပစ်ခတ်ခဲ့ပြီး ဖာပွန်ခရိုင်အတွင်းက နေရာ ၆ ခုကို လေကြောင်းကနေ ဗုံးသီး ၂၃ လုံး ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ကျောင်းသားကျောင်းသူ ကလေးငယ် ၃ ယောက်၊ ကျောင်းကော်မတီဝင် ၁ ယောက်နဲ့ အဘွား ၁ ယောက် သေဆုံးခဲ့ပြီး ဆရာ ဆရာမနဲ့ ဒေသခံ ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://burmese.dvb.no/post/618 340
၁၅။ စစ်ကောင်စီတပ်ဟာ ခိုမုန်းရွာသားတွေကို စစ်ရိက္ခာပို့ခိုင်းနေ
October 5, 2023
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအထက် မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ ခိုမုန်းရွာသားတွေ ကို အသုံချပြီး ပစ္စည်းရိက္ခာများ၊ သောက်ရေများ ပို့ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။“ခိုမုန်းတောင်ကုန်းတစ်ကြော စစ်ကောင်စီစစ်ကြောင်းတွေ နေရာယူနေပြီ။ အခုသူတို့က အဲ့ဒီ နေရာမှာ တပ်ချဖို့ စီမံကိန်းချနေတော့ အုပ်ချုပ်ရေးမှူးတွေကိုလည်း ပြောယူပြီး ရွာသားတွေကို နေ့တိုင်းတစ်ယောက် တစ်လှည့် စီ စားနပ်ရိက္ခာတွေ၊ သောက်ရေတွေ ပို့ဆောင်ခိုင်းတယ်။ သူတို့က ဟိုတလောတိုက်ပွဲစဖြစ်ကတည်း က သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရွာသားတွေကို လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ အမိန့်နဲ့ အသုံးချနေတာပေါ့” လို့ ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ စစ်သားတွေဟာ ခိုမုန်းကျေးရွာက အမျိုးသားတွေနဲ့ လူငယ်တွေကိုနေ့တိုင်း တစ်ယောက်ကတစ်လှည့်စီ ရွာကနေ စစ်တပ်ရှိတဲ့ နေရာအထိ အစားအသောက်ရိက္ခာတွေ ပို့ဆောင်ခိုင်းနေတယ်လို့ ဆိုပါတယ်။
နမ့်ဖတ်ကာ– ခိုမုန်း– နမ့်အွမ် စတဲ့ကျေးရွာတစ်လျှောက် တိုက်ပွဲစဖြစ်ခဲ့တဲ့ စက်တင်ဘာလ လဆန်းပိုင်းကနေစပြီး ခိုမုန်းတောင်တစ်ကြောမှာ အထိုင်ချဖို့ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားနေပြီး တစ်ဖက်မှာလည်း စစ်တပ်အတွက် လိုအပ်တဲ့ ရိက္ခာတွေ ကို ရွာသားတွေပို့ဆောင်ခိုင်းနေတာ ခုဆိုရင် ၁၀ ရက်ခန့် ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က မလုပ်မနေရ ပုံစံမျိုးနဲ့အမိန့် ပေးလုပ်ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေတယ်လို့လည်း ခိုမုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။ “စိုးရိမ်ရတာက အဲ့ဒီ ပစ္စည်း ရိက္ခာတွေ သွားပို့ဆောင်နေရတာက အမျိုးသားတွေဖြစ်တော့ ရှေ့တစ်ခေါက်ကလို ပေါ်တာဆွဲခေါ်သွားတာတို့ ဖမ်းထားလိုက်တာတို့ ၊ သတင်းမကြား ဘာမကြား ဖြစ်သွားမှာစိုးရတယ်။ အခု စစ်တပ်က ရွာနဲ့ မဝေးဘူး နီးနီးကပ်ကပ်ပဲ မနက်စောစောဆို အဲ့ဒီစစ်တပ်ကနေ ရွာဘက်ကို သူတို့အမြဲသွားလာတယ် ဆိုတော့ ရွာသားတွေအတွက် အရမ်းရိမ်ရတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လလုံး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား နမ့်ဖတ်ကာ အနီး ခိုမုန်းကျေးရွာတဝိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လက်ရှိချိန်ထိ စစ်အင်အား ဖြည့်ပြီး နေရာယူ ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/10/05/ld1-69/
၁၆။ ဗိုလ်စလုံးဦးစီးသည့် KTLA ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ကျေးရွာမှ ထွက်ခွာပေးရန် ဒေသခံများတောင်းဆို
October 5, 2023
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တောနော်(ဒေါန) အရှေ့ဘက်ခြမ်း၊ မော်ခီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၅)ရွာမှ ရွာသားများပူးပေါင်းပြီး ဗိုလ်စလုံး ဦးစီးသည့် ကော်သူးလေအာမီ-KTLA ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ကျေးရွာမှ ထွက်ခွာပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (KTLA)တပ်ဖွဲ့ဝင်များက ရွာသားများ ကို ထိုးကြိတ်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပက်သက်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ(၃)ရက်နှင့် (၄)ရက်နေ့တွင် (KTLA) တာဝန်ရှိ သူများ၊ ကျေးရွာ(၅)ရွာမှ ရွာသားများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)မှ တာဝန်ရှိသူများပါဝင်သည့် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကာ ၎င်းဆွေးနွေးပွဲအတွင်း ရွာသားများက ယခုလို တောင်းဆိုမှုများပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ ၎င်းက “ KTLA စစ်သားတွေက ရွာမှာလာနေတာ သူတို့ကို သားသမီးတွေ လို သဘောထားတယ်။ အခုလို လုပ်တော့ သူတို့ထမင်းအိုးကို သူတို့ကိုယ်တိုင် ရိုက်ခွဲသလို ဖြစ်သွားတယ်။ သူတို့က ရွာထဲကို ဝင်ပြီး ခြိမ်းခြောက်တာ တွေရှိတယ်။ ရွာထဲကကြက်တွေကိုလည်း ပစ်သတ်ပြီး ချက်စားတယ်။ ဘယ်သူမှ မပြောရဲဘူး။ သူတို့က သေနတ်ရှိတာကိုး။ ဒီစစ်သားတွေဆက်ရှိမယ်ဆို ရွာသားတွေ ပြောင်းတော့မယ်။”ဟု ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွင်း ကျေးရွာ(၅)ရွာမှ ရွာသားများ၏တောင်းဆိုမှုများအရ ဗိုလ်စလုံး ဦးဆောင်သည့် KTLA အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များအနေဖြင့် ရွာထဲမှထွက်ခွာရန် အစည်းအဝေးအတွင်း ဆုံးဖြတ်မှုများပြုလုပ်ခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။ ထို့အပြင် ကျေးရွာနေပြည်သူများ၏တောင်းဆိုမှုများအရ (KTLA) တပ်ဖွဲ့ဝင်များအနေ ဖြင့် ကျေးရွာမှ တစ်မိုင်ကျော် နှစ်မိုင်အကွာအဝေးတွင်နေထိုင်ရန်နှင့် ကျေးရွာအတွင်းသို့ လာရောက်မည်ဆိုပါက သေနတ်ကိုင် ဆောင်လာခွင့်မပြုတော့ကြောင်း (KTLA) ရှေ့တန်းဗျူဟာမှူး ဗိုလ်မှူးကြီးစောဖူးခလယ် က ပြောသည်။ အစည်းအဝေးပွဲသို့ ကျေးရွာ(၅)ရွာဖြစ်သည့် ခေါဖိုခီးရွာ၊ ဖောဘူးလထ၊ ကော်ဆဲ၊ ကလော်ဝေါ၊ မယ်ဘော်ခီးမှ ရွာသားများတက်ရောက်လာသလို KTLA ဌာနချုပ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောလဲကယ်၊ (KTLA)မှ ရှေ့တန်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်စေးဝါး၊ ဗိုလ်မှူးကြီး စောဖူးခလယ်၊ KNLA တပ်ရင်း (၂၀၁) အမြှောက် တပ်တပ်ခွဲမှူးနှင့် မောခီးကျေးရွာ အုပ်စုမှကျေးရွာဥက္ကဋ္ဌတို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။ ၎င်းအစည်းအဝေးနှင့်ပတ်သက်၍ (KTLA) အထူးကွန်မန်ဒို တပ်ရင်းမှူးဗိုလ်စလုံးက “ဒီအစည်းအဝေးကို မတက်ဖြစ်တာက၊ ဖြစ်စဉ်ပြီးတဲ့နောက်ရက်မှာ ကိစ္စတွေဖြေရှင်းပြီးပေမဲ့၊ ဒီလူတွေက မပြီးသေးတော့ ပွဲကိုမ သွားချင်တော့ဘူး။ တပ်ရင်းက မလိုတော့ရင်၊ တစ်မိုင်နှစ်မိုင်မကဘူး မိုင်နှစ်ဆယ်ရွှေ့ပေးမယ်၊ ဒီကိစ္စက ဘယ်သူ့ကိုမှ မေးစရာ မလိုဘူး၊ စစ်ဦးစီးချုပ် နယ်ဒါးမြ ကိုသွားမေး။ ဗိုလ်ချုပ် နယ်ဒါးမြ ပြီးရင် ကျနော်ပြီးတယ်။”ဟု ပြောသည်။ https://kicnew s.org/2023/10/%e1%80%97%e1%80% ad%e1%80%af%e1%80%9c%e1%80%ba%e1%80%85%e1%
၁၇။ ပုလောမှာ တပိုင်တနိုင်ငါးဖမ်းသူတွေကို ရေတပ်က သေနတ်နဲ့လိုက်ပစ်
October 5, 2023
ပင်လယ်ထဲ ငါးဖမ်းထွက်ခွင့်မရတာ တစ်လကျော်ပြီဖြစ်တဲ့ ပုလောမြို့နယ်မှာ တပိုင်တနိုင်ငါးဖမ်းထွက်သူတွေကို ရေတပ်သင်္ဘောတွေက သေနတ်နဲ့ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၂ ရက်နေ့ မနက်ပိုင်းက လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာကနေ ပင်လယ်မှာ ငါးထွက်ဖမ်းတဲ့သူတွေ ကမ်းကိုပြန်ဝင်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။ လိုက်လံပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။“စစ်ကောင်စီတပ်လှမ်းခေါ်တော့ မောင်း ပြေးလို့ပစ်ခံရတာ။ ပင်လယ်မထွက်ရတာ တစ်လပြည့်တော့မယ်လေ ငတ်နေပြီ။ မိသားစုဝမ်းရေးအတွက်သာ ရင်တထိတ်ထိတ် နဲ့ ပင်လယ်ထွက်နေကြရတာ။” လို့ အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ အဲဒီပစ်ခတ်မှု ဖြစ် ပြီးနောက် ငါးဖမ်းလှေတွေ ဝင်ပြေးသွားတဲ့ ပြင်းဖြူရွာဘက်ကို သေနတ်နဲ့ ခြိမ်း ခြောက်ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင် ခဲ့ပြီး လှေတစ်စီးကတော့ ပြင်းဖြူရွာဆိပ်ကမ်းတလျှောက်ကို တစ်မနက်လုံး မနားတမ်းကင်းလှည့်ခဲ့တယ်လို့ အဆိုပါအမျိုးသား က ဆက်ပြောပါတယ်။ ပင်လယ်ပြင်ကို ငါးဖမ်းထွက်ခွင့်မရတော့တဲ့ ပုလောမြို့နယ်က ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေဟာ အိမ်ကိုစွန့်ခွာပြီး မိသားစုအလိုက် တခြားမြို့နယ်၊ ကျွန်းတွေမှာ ပြောင်းရွှေ့နေထိုင်လုပ်ကိုင်နေကြတာ တွေရှိနေတယ်လို့လည်း သိရပါတယ်။
“ဘယ်သူမှ ပင်လယ်ထွက်လို့မရသေးဘူး။ ငါးဖမ်းလည်းထွက်လို့မရ၊ ပုဇွန်ဖမ်းလည်း ထွက်လို့ ဂဏန်းထောင်လည်း ထွက်လို့ မရ ဘာမှလုပ်ချလို့မရဘူးလေ။ ပြောင်းပြီပေါ့” လို့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က အခုလိုပိတ်ဆို့ ကန့်သတ်တာတွေလုပ်ဆောင်နေတာဟာ ပြည်သူ့အားနဲ့ရပ်တည်နေတဲ့ တော်လှန်ရေးကို လူထုထောက်ပံ့မှုမပေးနိုင်အောင်၊ လူထုနဲ့တော်လှန်ရေးကြားသွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာလို့ ဝေဖန်သူ တွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီက ပုလောတစ်မြို့နယ်လုံးက ငါးဖမ်းလှေတွေကို တစ်ပတ်အကြာ ပင်လယ်ထွက်ခွင့်ပိတ်တယ်လို့ ပင်လယ်ပြင်မှာလမ်းကြုံတွေ့တဲ့ လှေတွေကိုနှုတ်မိန့်နဲ့ ကန့်သတ်ခဲ့သလို သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။ ပုလောမြို့နယ်ဟာ တနင်္သာရီကမ်းရိုးတန်း ဒေသက မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံတွေဟာ ရေလုပ်ငန်း၊ လယ်နဲ့ ဥယျာဥ်ခြံလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးဒေသအဖြစ်ကြေညာထားတဲ့ ပုလောမြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဥ်နီးပါးရှိနေပါ တယ်။ https://www.facebook.com/photo?fbid=344888811262208&set=a.196212682796489
၁၈။ တီးတိန်မြို့နယ် ရိဒ်နယ်စပ်ကားလမ်းကို ညအချိန် သွားလာခွင့် ပိတ်ထား
October 5, 2023
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အစပ် ရိဒ်အမှတ်-၂ စစ်ကောင်စီဂိတ်စခန်းက ညအချိန် ခရီးသွားကားတွေကို ပစ်ခတ်မှု တွေ လုပ်ဆောင်နေတဲ့အတွက် တီးတိန်မြို့နယ်အစပ်က ဟိုင်မွာလ်-တီအိုချောင်းကြား လမ်းပိုင်းကို ညအချိန် အသွားအလာပိတ် ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ခရီးသွားကားတွေ အန္တရာယ်ရှိတဲ့အတွက် ကားလမ်းကို ညနေ ၆ နာရီကနေ မနက် ၇ နာရီခွဲ အထိ သွားလာခွင့် တားမြစ်ထားတယ်လို့ PDF Zoland B-5 Mountain Eagle အဖွဲ့က အောက်တိုဘာ ၄ ရက်မှာ ထုတ် ပြန်ထားပါတယ်။ ဟိုင်မွာလ်-တီအိုချောင်းကြားလမ်းပိုင်းဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ အရေးပါပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
ညအချိန် ကျန်းမာရေးကိစ္စ တစုံတရာ ဖြစ်ခဲ့ရင်တော့ PDF Zoland B-5 Mountain Eagle အဖွဲ့ကို ကြိုတင်အကြောင်း ကြားခိုင်းထားပြီး လမ်းလွှဲကနေ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။ PDF Zoland B-5 Mountain Eagle အဖွဲ့ တာဝန်ရှိသူက “အဓိက တော့ ပြည်သူတွေအတွက် အန္တရာယ်များလို့ သွားလာခွင့် ကန့်သတ်ထားတာပါ။ စစ်တပ်ဂိတ်နဲ့ ကျနော်တို့နဲ့က ၅ ဖာလုံလောက် ပဲဝေးတော့ အချိန်မရွေး တိုက်ပွဲဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။ ကန့်သတ်အချိန်ကျော်လွန်တဲ့ ကားသမားတွေနဲ့ ခရီးသွား တွေကိုတော့ နယူးအေဒင်ရွာမှာ တည်းခိုဖို့နဲ့စားသောက်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ https://burmese.dvb.no/pos t/618306
၁၉။ ဖယ်ခုံတွင် စစ်ကောင်စီတပ်က ရွာသားများအား ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း
October 5, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပင်လောင်းနယ်စပ်ရှိ ကသဲ (ရွှေပြည်အေး) ရွာ တောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသားတွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းမှု မကြာခဏပြုလုပ်နေကြောင်း အောက်တိုဘာ ၅ ရက် မှာ သိရပါတယ်။ စစ်ကောင်စီဟာ ဘုရားတောင်ပေါ် တပ်စွဲထားတာကြောင့် ဒေသခံတွေ တောင်ယာထဲသွားရင်လည်း ကြောက် လန့်နေရပြီး မိမိလုံခြုံရေးကို အထူးစိုးရိမ်နေရကြောင်း သိရပါတယ်။ အခုအခြေအနေတွေကြောင့် ကသဲကျေးရွာ ဒေသခံတချို့ ဟာ စစ်ရှောင်နေကြရပြီး စစ်မရှောင်နိုင်တဲ့ ရွာသားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ရွှေပြည်အေး ရွာသားတဦးက “သူတို့က ဖမ်းချင်တဲ့လူကို ဖမ်းတယ်၊ ပြီးရင် ငွေနဲ့လာရွေးခိုင်းတယ်။ တခါရွေးခိုင်းရင် တသိန်း နှစ်သိန်း အဲလောက်နဲ့ ရွေးခိုင်းတယ်။ သူတို့မေးရင် ပြန်ပြောခွင့်မရှိဘူး၊ ဟုတ် တခွန်းပဲပြန်ဖြေရတာ။ မဟုတ်ရင် သူတို့ ထိုးတယ်၊ သေနတ် ဒင်နဲ့ထုတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ရွာထဲကျန်ခဲ့တဲ့ အဘိုး အဘွားနဲ့ မသန်စွမ်းတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေကို နှိပ်စက်တာ၊ မတရားခိုင်းစေတာတွေလည်း မကြာခဏ ပြုလုပ်နေကြောင်း သိရပါတယ်။
ပင်လောင်းမြို့ပေါ်ရောက် ရွှေပြည်အေးရွာ စစ်ရှောင်တဦးက “စစ်မရှောင်ခင် ရွာမှာနေတုန်း ကျနော့်အမေဆို မျက်စိ မမြင်ဘူး။ အသက်ကလည်း ၇၀ ကျော်နေပြီ။ ပြီးရင် ကျနော့်မိန်းမနဲ့ ကလေး၊ ကလေးက ၇ နှစ်လောက်ပဲ ရှိသေးတာကို စစ်သား တွေက နေပူထဲ တနေကုန် လက်မြှောက်ခိုင်းတယ်။ အဲလိုတွေ နှိပ်စက်ခဲ့တာ၊ ဘယ်လိုမှ မခံနိုင်တော့လို့ စစ်ရှောင်ခဲ့ရတာ။ ရွာထဲ ကျန်တဲ့လူ အခုဆို သူတို့အတွက် ထမင်းတွေ၊ ရေတွေ သွားပို့ပေးရတယ်” လို့ ပြောပါတယ်။ ရွှေပြည်အေးကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲတွေကြောင့် ဒေသခံနေအိမ် တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ရွာသား ၂၀ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရတဲ့ ရွာသားထဲက ၂ ဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/618317
၂၀။ ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
October 5, 2023
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီကနေ့တစ်ရက်အတွင်း အမျိုးသားနှစ်ဦး အကြောင်းမဲ့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ တယ်လို့ သိရပါတယ်။ ဖားပြင်ကျေးရွာအဝင်မှာ မုန့်ခြောက်တွေပို့တဲ့ အမျိုးသားတစ်ဦး ဒီကနေ့ ညနေ ၃ နာရီဝန်းကျင် လောက် မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိ အဲဒီအမျိုးသားဟာ မော်ဝမ်းရေအေးချောင်း ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ဆန်းကြွယ်ကျေးရွာကနေ ဖားပြင်ကျေးရွာဘက်ကို မုန့်သွားပို့ချိန် လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရ တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ပါးမှာလည်းထိတယ်။ နားထင်မှာတစ်ချက်၊ ညာဘက် ရင်ဘက်မှာတစ်ချက်ထိတယ်။” လို့ ဒေသခံက ဆိုပါတယ်။ အဲဒီအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ ဆန်းကြွယ်နားရေး အသင်း ရုံးက ကူညီပေးမှုနဲ့ ဖားကန့်ပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့လိုက်ပြီလို့လည်း သိရပါတယ်။
ဒါအပြင် နေ့လယ် ၁ နာရီခွဲအချိန် မနလမ်းဆုံမှာလည်း နောက်ထပ် အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ နောက်ထပ်ဖားကန့်ဒေသခံ နောကအမျိုးသားတစ်ဦးက ပြောပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမျိုးသားနှစ်ဦးကို ဘယ်သူ ဘယ် အဖွဲ့အစည်းက ပစ်သတ်ခဲ့တာလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့မှာလည်း ဖားကန့်မြို့တွင်း အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ ကုဋေကျေးရွာက အချဉ်ပေါင်းရောင်းသူ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ တဲ့အပြင် မှော်ရှန်ကျေးရွာဆိုင်းဘုတ်အနီးမှာလည်း အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=334044835969183&set=pcb.334046232635710
၂၁။ မူဆယ် လဝက ငွေပေးနိုင်သူကိုသာ တုံကင် ဦးစားပေးနေတာကြောင့် ငွေမပေးနိုင်တဲ့ ထောင်နဲ့ချီ လူထုတွေ မူဆယ် မြို့ မှာ သောင်တင်နေ
October 5, 2023
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ တရုတ်ပြည်ထဲဝင်ဖို့ အလည်အပတ် တစ်ပတ်ကဒ် (TBP)ကို မူဆယ်ခရိုင် လဝက က ငွေပေးနိုင်တဲ့သူတွေကိုသာ တုံကင် ဦးစားပေး ပေးနေတာကြောင့် ငွေမပေးနိုင်တဲ့ ထောင်နဲ့ချီ လူထုတွေ မူဆယ်မြို့မှာ သောင်တင်နေပါတယ်။ မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန (လဝက)က ၎င်းတို့နဲ့ နီးစပ် သူနဲ့ ငွေပေးနိုင်တဲ့သူတွေကို ၁ သိန်းကျပ်ကနေ ၂ သိန်းအထိယူပြီး တုံကင်တွေ ဦးစားပေး လုပ်ပေးနေတယ်လို့ မူဆယ်မြို့ခံ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။ “ဒီနေ့ တုံကင် ၅ ထောင် ပေးမယ်ဆိုရင် သူတို့လူတွေအတွက် ၁ ထောင်လောက်က နုတ်ထားပြီးသား။ ၁ သိန်း ၂ သိန်းပေးပြီး တုံကင်ဝယ်နေရတဲ့သူတွေ အခုထိရှိသေးတယ်” တုံကင် ပေးပြီးသား သူ တွေရဲ့ မှတ်ပုံတင်မှာ လဝကရုံးက တံဆိပ်တုံး ရိုက်ပေးထားတာကြောင့် လူထုအချင်းချင်းကြား တုံကင် ရောင်းလို့မရတော့ဘဲ လဝကတွေဘက်ကသာ တုံကင် ရောင်းစားနေတာလို့ သူကဆက်ပြောပါတယ်။
“ဒီတုံကင်တွေက ပြည်သူလူထုတွေဆီက လာတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ သူတို့ (လဝက) တံဆိပ်တုံး ရိုက်တယ်။ မှတ်ပုံတင်မှာ ကပ်ပေးလိုက်တယ်။ အဲလိုဆိုရင် လူထုတွေက ရောင်းလို့ မရဘူးလေ။ ရောင်း တဲ့သူတွေ ရှိနေတော့ ဟိုထဲကပဲလေ” ဒ့ါအပြင် တုံကင်ပေးမယ့်ရက်ကို လဝကဘက်က ရက်အတိအကျ မပြောထားတာကြောင့် ဒေသခံတွေ ထောင်နဲ့ချီ နေ့စဉ်လိုလို တုံကင် ပေးမယ့်နေရာကို သွားရောက် တန်းစီနေရပေမဲ့ ၎င်းတို့ပေးချင်တဲ့ နေ့တွေကိုသာ တုံကင် ပေးတာလို့ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ “ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ပေးမလဲပြော လိုက်။ ရူးနေလား မသိဘူး။ ပြည်သူတွေကို မပြောဘူးဗျာ။ မနက် ၂ နာရီလောက် စပြီးတော့တန်းစီ၊ တုံတင် မပေးဘူးပြောတော့ လူတွေက ပြန်ကြ။ ဒီနေ့ဆို မူးလဲတဲ့လူ ၂ ယောက်လောက်ရှိတယ်။ သုံးဘီးခ တစ်ရက်ကို ၁ သောင်းလောက် ပေးနေရတယ်” လဝကဘက်က တုံတင်ပေးမယ့်နေရာနဲ့ ရက်အတိအကျကို လူထုတွေဆီ အသိပေးသင့်တယ်လို့ ၎င်းက ဆိုပါတယ်။ https://ww w.facebook.com/photo/?fbid=644480837859184&set=pcb.644481184525816
၂၂။ ဖရူဆိုမြို့နယ် ဝယ်ဒူလျားစစ်ရှောင်စခန်းက စစ်ရှောင်တွေ တောထဲမှာ ပိတ်မိနေ
October 5, 2023
ကရင်နီပြည် ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကြောင့် ဝယ်ဒူလျား စစ်ဘေးရှောင်စခန်းက စစ်ရှောင်တွေဟာ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရပြီး၊ ပိတ်မိနေတာ တပတ်ဝန်း ကျင်ရှိနေပြီလို့ ဝယ်ဒူလျားစစ်ရှောင်စခန်းကော်မတီဝင် တဦးကပြောပါတယ်။“သူတို့က ဒီစစ်ကြောင်းတက်လာတာက ကား လမ်းရှိတဲ့ဘက် တက်လာတော့ ဒီစစ်ရှောင်တွေက ဒီတောထဲမှာပဲ အကုန်လုံး ပိတ်မိတဲ့ခြေနေမျိုးမှာ ဖြစ်တယ်။ ကားလမ်း ရှိတဲ့ နေရာ လုံးဝ ထွက်လို့မရတော့တဲ့ အခြေအနေဖြစ်သွားတော့ ခြေလျင်နဲ့ပဲပေါ့နော်၊ တခြားရွာကူးမယ်ဆိုတောင်မှ ခြေလျင်နဲ့ပဲ ကူးရမဲ့ အနေအထားမှာရှိတယ်၊ သက်ကြီးရွယ်အိုလည်း ခေါ်မသွားနိုင်ဘူး။” လို့ ဝယ်ဒူလျားစစ်ရှောင်စခန်းကော်မတီဝင် တဦးက ပြောပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေကနေ လေကြောင်း တိုက်ခိုက်တာတွေ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် စစ်ရှောင်တွေက ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
“တော်တော်များများတော့ ငိုကြတာပေါ့လေနော၊ ဒီ မိန်းကလေးအရွယ်တွေ၊ ယောကျာ်းလေးတော့ ခံသာသေးတာ ပေါ့၊ မိန်းကလေးတွေက ငိုရင်းနဲ့ပစ္စည်းတွေသယ်တယ်၊ စောင်တွေရွက်တယ်၊ စားစရာတွေ နည်းနည်းပါးပါးရွက်ကြတယ်၊ လမ်းမှာ နားရင်းနဲ့ နားပြီဆို အပင်အောက်မှာ သွားသွားထိုင်ငိုကြပြီ။ အိမ်ကညီမဆိုလည်း အသားကုန်ငိုတယ်၊ သူငိုတာကို ချော့လို့မရဘူး။” လို့ စစ်ရှောင်စခန်းကော်မတီဝင်တဦးက ဆက်ပြောပါတယ်။ လက်ရှိပိတ်မိနေတဲ့နေရာမှာဆိုရင်လည်း နေရာ ထိုင်ခင်းအခက်အခဲရှိသလို စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။“လူလတ်ပိုင်းနည်းနည်း ရာသီဥတု ဒဏ်ခံနိုင်တဲ့ အပိုင်းဆိုရင် တချို့တွေက စိုတဲ့နေရာမှာ အိပ်ပေးရတယ်၊ ဘာလို့လဲဆိုတော့ မိုးကာတထည် အောက်ဆို မိသားစု တစု နှစ်စု သုံးစု ထိနေရတဲ့ အခြေအနေမျိုးမှာရှိနေတော့ အထူးသဖြင့် မိုးကာပေါ့နော်၊ အရမ်းခက်ခဲတယ်။ နောက်ချက်ပြုတ်ဖို့ နေရာ၊ ချက်ပြုတ်ဖို့နေရာကတော့ သူက ထင်းတွေလည်း စိုပြီးတော့ ချက်ပြုတ်တဲ့နေရာဆို မြေကြီးစိုပြီးတော့မှ ဘယ်လိုမှ မီး မမွှေးနိုင်တဲ့ အခြေအနေ အနေအထားမှာရှိတယ်” လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။ အဆိုပါဒေသဟာ လမ်းပန်း ဆက် သွယ်ရေး ခက်ခဲတဲ့အပြင် စစ်ကောင်စီစစ်ကြောင်းက ကားလမ်းပေါက်တဲ့ ဘက်ခြမ်းကနေ ထိုးလာတာကြောင့်လည်း စစ်ရှောင် တွေပိတ်မိနေတာဖြစ်ပါတယ်။ ဝယ်ဒူလျားစခန်းမှာ စုစုပေါင်း အိမ်ခြေ ၁၇၀ ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိတာဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1% 80%96%e1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80
၂၃။ လုံခြုံစိတ်ချစွာဖြင့် တာဝန်ထမ်းဆောင်ခွင့်ရရှိရန် ရခိုင်က ဆရာ၊ ဆရာမများ တောင်းဆို
October 5, 2023
ရခိုင်ပြည်အတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမအနေဖြင့် လုံခြုံစိတ်ချစွာဖြင့် တာဝန်ထမ်းဆောင်ခွင့်ရရှိစေရေးအ တွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် (အောက်တိုဘာ ၅ ရက်)တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် တောင်းဆိုကြသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ် ခံရမှုနှင့်ပတ်သက်ပြီး ရခိုင်က ဆရာ/မများမှာ စိုးရိမ်မှုများရှိနေကြသည်။ ဝေလံခေါင်းပါးသည့် ကျေးလက်ဒေသများတွင် တာဝန် ကျနေသည့် ဆရာ/မများမှာ သွားလာရာတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပြည်သူများက ဝိုင်းရံကူညီပေးကြရန် တောင်းဆိုကြခြင်းဖြစ်သည်။ ရသေ့တောင်မြို့နယ်မှ အထက(ပြ) ကျောင်းဆရာမ တစ်ဦးက “ဆရာမ ဒေါ်နှင်းယုနွယ် ကိစ္စနှင့်ပတ်သတ်ပြီး ဆရာမတွေ တော်တော်ထိတ်လန့်စိုးရိမ်သွားကြတယ်။ အဲဒီအမှုမှာ တိကျသေချာတဲ့အဖြေတစ်ခု မရသေးဘူး၊ အမှန်တရားကို ထိထိရောက်ရောက် ဆောင်ရွက်စေချင်တယ်” ဟု ပြောသည်။
လက်ရှိရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့မှာ အစိုးရနှစ်ရပ်ကဲ့သို့ဖြစ်နေပြီး ဆရာ၊ ဆရာမများ လုံခြုံရေးအတွက် နှစ်ဖက်လုံးမှ ကူညီပေးစေချင်လိုကြောင်း ပြောဆိုကြသည်။ ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်းမှ ဆရာမ ဒေါ်ပိုးအိလွင်က “လက်ရှိအချိန်မှာ ဆရာ၊ ဆရာမတွေ အားကိုးရာမဲ့ ဖြစ်နေတယ်။ ဘယ်သူကိုအားကိုးရမလဲ မသိတော့ဘူး။ ဆရာ၊ ဆရာမတွေက ကိုယ့်ဘဝကို ကလေးတွေအတွက် နှစ်မြှုပ်ထားတယ်။ တာဝန်ကိုကျေပွန်အောင်လုပ်သလို့ အခက်ခဲတွေ ကိုလည်းရင်ဆိုင်ကြရတယ်” ဟု ပြောသည်။ ဆရာ၊ ဆရာမများမှာ လစာငွေကျပ် ၂ သိန်းကျော်ဖြင့် တာဝန်ကျရာဒေသများသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်သဖြင့် ဆရာ၊ ဆရာမများ၏ နေထိုင်ရေးနှင့် လုံခြုံရေးကို တိုးမြှင့်ပေးစေလို ကြောင်း ကျောက်ဖြူမြို့နယ်၊ မရဇိုင်းကျွန်း၊ ရွှေညိုမကျေးရွာမှ အလယ်ပြကျောင် းဆရာ ဦးဦးကြည်လှက ပြောသည်။ “ပညာ ရေးဝန်ထမ်းဆိုတာ ထမင်းမငတ်တာကလွှဲရင် ကျန်တဲ့ကဏ္ဍတွေမှာ လစာနဲ့ ခက်ခဲစွာဖြတ်သန်းနေရတာ။ ဝေးလွန်ခေါင်ပါးတဲ့ ဒေသတွေမှာဆို ဆရာမတွေအတွက် နေရာထိုင်ခင်းတွေလုပ်ပေးဖို့ လိုအပ်တယ်၊ လုံခြုံမှုရှိဖို့လိုတယ်”ဟု ဦးဦးကြည်လှက ပြော သည်။ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများနှင့်ပတ်သက်ပြီး သက်ဆိုင်သူများအနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးစေလိုကြောင်း ရခိုင်ပြည်လုံးဆိုင်ရာပညာရေးကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး ဒေါ်မာမာဝင်းက တောင်းဆိုသည်။ https://www.facebook.com/photo/?fbid=709773361196263&set=a.643209801185953
၂၄။ အခြေခံပညာကဏ္ဍတွင် အွန်လိုင်းကျောင်း ၇၀ ကျော်နှင့် မြေပြင် သင်ကြားရေးကျောင်း ၅,၀၀၀ ကျော် ဖွင့်လှစ် သင်ကြားနေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလပြော
October 5, 2023
အခြေခံပညာကဏ္ဍမှာ အွန်လိုင်းကျောင်း ၇၀ ကျော်နဲ့ မြေပြင် သင်ကြားရေးကျောင်း ၅,၀၀၀ ကျော် ဖွင့်လှစ်သင်ကြား နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ ကျ ရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ပဋိညာဥ်စာတမ်း၊ ဖက်ဒရယ်ပညာရေးမူဝါဒပါ စံတန်ဖိုးတွေကိုအကောင်ထည်ဖေါ်ဆောင် ရွက်နိုင်ဖို့ အမျိုးသားညီ ညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ပညာရေးရန်ပုံငွေချထားပေးခဲ့တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့ပါတယ်။ “၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ စစ်အာဏာရှင် အဆက်ဆက် ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးဟာလူစဥ်မမီဖြစ်ခဲ့ရတာအားလုံးအသိပါပဲ။ စစ်အာဏာရှင်တွေစိတ်ကြိုက်ပုံဖေါ်ခဲ့တဲ့ပညာရေးဖြစ်တာကြောင့်အာဏာ ရှင်အငွေ့အသက်နဲ့ အတွေးအခေါ်တွေသာ လွှမ်းမိုးတဲ့ပညာရေးဖြစ်ခဲ့ပါတယ်။”လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။
ဒါအပြင် ဖက်ဒရယ်စံတန်ဖိုးတွေနဲ့ ဝေးကွာခဲ့ပြီး ပညာရေးစနစ်ဟာ လူနည်းစုတွေရဲ့ အခန်းကဏ္ဍနဲ့ ကွဲပြားစုံလင်မှုတွေ ကို ထည့်သွင်းစဉ်းစားမှုမရှိတဲ့ ပညာရေး ဖြစ်ခဲ့ပြီးတော့ စစ်အာဏာရှင်တွေက လူ့အဖွဲ့အစည်းကို သူတို့စိတ်ကြိုက် ပုံဖေါ် လွှမ်းမိုး ဖို့နဲ့ ဖျက်ဆီးဖို့ ကြိုးစားတဲ့နေရာမှာ ပညာရေးကိုလည်း အသုံးချခဲ့တာ တွေ့ရမှာဖြစ်တာကြောင့် နွေဦးတော်လှန် ရေးဟာ ဒါတွေ ကိုပါ ပြောင်းလဲဖြိုချဖို့ အခွင့်အရေးအဖြစ် ယုံကြည်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ထပ်လောင်းပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာလည်း ဆရာဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းအများ အပြားက အခုထိ ပါဝင်နေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းသားသူတွေနဲ့ ပညာရေးဝန်ထမ်းစုစုပေါင်း အယောက် ၁၇၀ ကို စစ်တပ်က သတ်ဖြတ်ထားပြီး ၁,၆၀၆ ယောက်ကိုတော့ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=3340887792 98122&set=a.266002002773467
၂၅။ ကရင်နီပြည်နယ်၌ နှစ်လအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာ
October 5, 2023
ကရင်နီ(ကယား)ပြည်နယ်၌ နှစ်လအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်ခိုလှုံလာကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ ဌာနမှူး ကိုယုန်လေးက ပြောသည်။ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများအနက် တပ်မ(၅၅)နှင့် ကရင်နီအခြေ စိုက် စစ်ကောင်စီတပ်ရင်းများမှ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ “သြဂုတ်နဲ့စက်တင်ဘာက CDM တော်တော် များတယ်။ ဝင်လာ တဲ့သူတွေရဲ့ စိတ်အခြေအနေအရ တပ်တွင်းပျက်နေတာ ပိုဆိုးလာတာသိရတယ်။အသေခံခိုင်းနေတာကို သူတို့လည်း သိနေကြ ပြီလေ”ဟု ကိုယုန်လေးက ရှင်းပြသည်။ ခိုလှုံလာသည့် တပ်သား ၃၀ ကျော်အနက် ၆ ဦးမှာ လက်နက်နှင့် ခဲယမ်းများပါရှိကာ ထိုက်သင့်သော ဆုကြေးငွေများက ကရင်နီပြည်သူ့ရင်ခွင်က ချီးမြှင့်ခဲ့သည်။
” ဒီဘက်တော်လှန်ရေးအင်အားစုတွေက ပိုလုပ်ပြလာနိုင်လေ စကစ တပ်သားတွေ ခိုလှုံလာတာ ပိုများလာမှာပဲ။ နောက်ပြီး ကရင်နီပူးပေါင်းတပ်တွေရဲ့ လုပ်နိုင်စွမ်းက လည်း ပိုပြီးအရှိန်မြင့်လာပြီး ပူးပေါင်း မှုစွမ်းရည်မြင့်လာတာ အဓိကပဲ”ဟု ကရင်နီစစ်ရေးသတင်း ရင်းမြစ်က ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်ကျော်အတွင်း ကရင်နီ(ကယား) ပြည်နယ်၌ ပြည်သူ့ရင်ခွင်လှုံလာသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၅၀ ခန့် ရှိသည်။ ထို့အပြင် စိစစ်ဆဲ (CDM ဟု မသတ်မှတ်နိုင်သေးသူ) စစ်ကောင်စီတပ်သား ၂၀ ဦးခန့်မှာလည်း ကရင်နီပြည်သူ့ရင်ခွင်၏ စီစဥ်မှုအောက်တွင် ရှိနေ သည်။ https://www.facebook.com/photo/?fbid=656862663179 196&set=a.559396182925845
၂၆။ ဗျူဟာမှူးသစ်၏ စစ်ရေးသဘောထားကြောင့် မြို့တွင်း တိုက်ပွဲဖြစ်လာမည်ကို ကြာ အင်းဆိပ်ကြီးမြို့ခံများစိုးရိမ်
October 5, 2023
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူး အသစ်အနေဖြင့် နယ်မြေ အတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်လာနေသည့်အပေါ် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ရေးတင်းမာနေသည့် ကြာအင်းဆိပ်ကြီးမြို့သို့ အသစ်ပြောင်း လာသည့် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဗျူဟာမှူးသစ် ဗိုလ်မှူးကြီး ဇေယျာလင်း အနေဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက် ဒေသများသို့ တစ်ရက်နှစ်ကြိမ်ခန့် စစ်ကြောင်းပတ်ခြင်းနှင့် တော်လှန်ရေးအင်အားစုအပေါ် စိန်ခေါ်ပြောဆိုသည့် လုပ်ရပ်များ ကြောင့် မြို့တွင်းတိုက်ပွဲဖြစ်ပွား လာနိုင်မည့်အပေါ် စိုးရိမ်ကြောင်းမြို့ခံများက ပြော သည်။ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “သူတို့ တိုက်ပွဲ မြို့ထဲအထိ ဖြစ်လာရင် ဟိုတလောက ခလယ်တံခွန်တိုင်ရွာတွေဘက်က ဖြစ်တဲ့တိုက်ပွဲတွေ တုန်းကလို ရွာသားကို ပေးမရှောင်ခိုင်းဘဲ ဖမ်းစုထားတာမျိုး စစ်တပ်က မြို့ပေါ် လုပ်လာမှာ စိုးရိမ်တယ်။ ပြေးရှောင်ပြန်တော့ လည်း အိမ်တွေဆိုင်တွေ ဝင်ဖောက်ဝင်ခိုးယူဆိုတော့ ပြေးရခက်၊ နေရလည်းခက်ဖြစ်နေတယ်”ဟု ပြောသည်။
ထို့အပြင် အသစ်ပြောင်းလာသည့် ဗျူဟာမှူး၏ တော်လှန်ရေးတပ်ဖွဲ့များအပေါ် စိန်ခေါ်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း မြို့ပေါ်ရှိ ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံ ရမှုဖြစ်စဉ်ဖြစ်ပွားသေးကြောင်း အခြားမြို့ခံ တစ်ဦးက ယခုလို ပြောသည်။“အခု ဗျူဟာမှူး ဇေယျာလင်း က ကရင်အဖွဲ့ PDF အဖွဲ့တွေကို စိန်ခေါ်တယ်။ လာတိုက်ကြည့် ပေါ့၊ မြို့ပေါ်ကိုဆိုပြီး သတင်းလွှင့်တယ်။ အဲ့ဒါအောက်တိုဘာ ၂ ရက်ညက ဒရုန်းဗုံးလာကြဲတယ်။ ကရင် ဘက်က ည ၁၁ နာရီ လောက် ကြာအင်းဆိပ်ကြီး ထွေအုပ်ရုံးကို။ အဲ့ဒီမှာရှိတဲ့ စစ်တပ်ဘက်က လူတွေ ထိတယ်။ အဲ့ဒီ စစ်တပ်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ပြန်ပစ်ထုတ်တာကျတော့ ရွာဘက်က အိမ်တွေခြံတွေ ထိကုန်တယ်။ လူတော့ထိ၊ မထိမသိရသေးဘူး” ဟု ၎င်း မြို့ခံက ပြောသည်။ “စစ်တပ်က အခု ကြာအင်းဆိပ်ကြီး နဲ့ မော်လမြိုင်၊ မုဒုံလမ်းပိုင်း ကို မသုံးရဲတော့ဘူး။ ချောင်းနှစ်ခွတံတား လည်း မသုံးရဲ မသွားရဲတော့ဘူး။ ရဟတ်ယာဉ်နဲ့ပဲ ရိက္ခာပို့တာ လူချိန်းတာ၊ လစာတို့ ခဲယမ်းတို့ ကျည်တို့ပို့တာကို လုပ်တာရှိတော့ တယ်။ တစ်ခါတစ်ခါတော့ သူတို့နဲ့ ပူးပေါင်းထားတဲ့ BGF (နယ်ခြားစောင့်တပ်)တို့ DKBA (ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မ တော်)တို့ကို သယ်ခိုင်းပို့ခိုင်း တာမျိုးပဲရှိတော့တယ်” ဟု KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။ https://kicnews.org/2023/ 10/%e1%80%97%e1%80%bb%e1%80%b0%e1%80%9f%e1%80%ac%e1%80%99%e1%
၂၇။ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတခုမှာ ကလေးအတွက် ဘက်စုံစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေး
October 6, 2023
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းမှာ ကလေးဘက်စုံစွမ်းရည်ပြိုင်ပွဲကို (အောက်တိုဘာ ၅ ရက်နေ့) မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပညာသင်ယူနေကြတဲ့ ကလေးတွေကို စိတ်ဖီးစီးမှုကနေ လွတ်မြောက်စေလိုပြီး ကလေးတွေမှာရှိတဲ့ ပင်ကိုယ်အရည်အချင်းကို ထုတ်ဖော်ပြသစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် ပြုလုပ်ရ ခြင်းဖြစ်တယ်လို့ ကျောင်းတာဝန်ခံ တစ်ဦးက အခုလိုပြောပါတယ်။“ကလေးဘက်စုံ စွမ်းရည် ကျင်းပပေးရတဲ့ ရည်ရွယ်ချက်က တော့ သူတို့မှာရှိတဲ့ ပင်ကိုယ်အရည်အသွေးရယ် အရည်အချင်းတွေပေါ့နော် ထုတ်ဖော် ပြသလို့ရအောင် ပြုလုပ်ပေးတဲ့ အစီအစဥ် ပေါ့နော်။ သူတို့ကို သူတို့ ယုံကြည်မှုရှိအောင် ပြီးတော့ သူတို့ ပူးပေါင်းပါဝင်မှု ရှိအောင် စည်းလုံးမှုရှိအောင် ကျနော်တို့ အဲ့တာတွေ ရည်ရွယ်ပြီးတော့မှ ကျနော်တို့ ပြုလုပ်ပေးရခြင်းဖြစ်တယ်ပေါ့နော်”လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။
ဘက်စုံစွမ်းရည်ပြိုင်ပွဲအစီစဥ်မှာ စာစီစာကုံး၊ ပန်းချီ၊ အက၊ အဆို၊ ကျပန်း ကဗျာရွတ်၊ အားကစား၊ ဖက်ရှင်ရှိုး စတဲ့ ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။ အဲ့ဒီ စစ်ရှောင်စာသင်ကျောင်းဟာ ကိုယ်ထူကိုယ်ထကျောင်း ဖြစ်ပြီး ကျောင်းသားစုစုပေါင်း ၆၃ ဦးနဲ့ ကျောင်းဆရာ၊ ဆရာမ ၁၁ ဦးရှိတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ ၂၀၈ ဦးရှိပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါညေးခူ၊ တနီးလာလဲ၊ ဒေါပေါ်ကလဲ၊ ထီးဖိုးကလိုး စတဲ့ ကျေးရွာခံတွေ လာရောက် စစ်ရှောင်နေကြတဲ့ စခန်းဖြစ်ပါတယ်။ https://www.kantarawad dytimes.org/ae40
၂၈။ လယ်ယာမြေကို အကွက်ရိုက်ရောင်းချမှုများအား ထပ်မံအရေးယူမည်ဟုဆို
October 5, 2023
အကွက်ရိုက်ရောင်းချမှုများနေသည့် မြစ်ကြီးနားမြို့တွင် လယ်ယာမြေများပေါ် ကျူးကျော်နေထိုင်ခြင်းများကို ထပ်မံ အရေးယူ ဆောင်ရွက်သွားမည်ဟု ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကပြောကြားကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။ စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်ဖြစ်သောကြောင့် လယ်မြေများကို တခြား နည်းဖြင့် အသုံးချမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လယ်ယာမြေများပေါ်အဆောက်အုံတည်ဆောက်ခြင်းနှင့် ကျူးကျော် နေထိုင်ခြင်းများကို ဥပဒေနှင့်အညီ အရေးယူဆောက်ရွက်နိုင်ရေး ပြောကြားခဲ့ခြင်းဖြစ်သည်။ အခြားနည်းသုံးစွဲခွင့် လျှောက်ထား သူများကိုလည်း ခွင့်ပြုချက်မရရှိမီ ကြိုတင်အသုံးပြုပါက လယ်ယာမြေဥပဒေ ပုဒ်မ (၁၉) အရဒဏ်ကြေးပေးဆောင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လယ်ယာမြေဥပဒေပုဒ်မ ၁၉ တွင် ပြစ်ဒဏ်အဖြစ် ဒဏ်ကြေးပေးဆောင်ခြင်းအပြင် လယ် ယာမြေပေါ်မှ နှင်ထုတ်ခြင်းနှင့် ဆောက်လုပ်ထားသော အဆောက်အအုံများကိုဖယ်ရှားခြင်းများ ပြုလုပ်နိုင်ကြောင်း ပါဝင်သည်။
၂၀၂၂ ခုနှစ်နောက်ပိုင်း အုပ်ချုပ်ရေးမှူးများက လက်မှတ်ထိုးပေးခြင်းမရှိသောကြောင့် လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုနည်းပါးလာပြီးဖြစ်သော်လည်း အိမ်ဆောက်လုပ်နေထိုင်သူများလည်းရှိကြောင်း လေးနှစ်ခန့် အတွေ့အကြုံရှိသော အိမ်ခြံမြေအကျိုးတော်ဆောင် အမျိုးသမီးတစ်ဦးကပြောသည်။ “အုပ်ချုပ်ရေးမှူးတွေက လယ်ယာမြေဆို မချုပ်ပေးတော့ဘူး လေ။ အရင်နှစ်နဲ့ ဟိုးတစ်နှစ်တုန်းက အကုန်ရိုက်ပြီးသွားပြီ ဝယ်တဲ့သူလည်း အကုန်ဝယ်ပြီးသွားပြီ အရင်ဝယ်ထားကြတဲ့သူတွေ ကလည်း မထူးဇာတ်ခင်းပြီး အဲ့မှာနေတဲ့သူရှိတယ်။ မရှိမဲ့ ရှိမဲ့စုပြီး ဝယ်ထားတာဆိုတော့။ ပြန်ရောင်းမယ်ဆို အဆင်မပြေတော့ ဘူး” ဟုပြာသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များနှင့် အနီးတဝိုက်ရှိကျေးရွာများတွင် လယ်ယာ မြေအကွက်ရိုက်ရောင်းချမှု ပိုမိုများပြားလာပြီး အင်ဂျန်ဒုံရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ ကြာရာပတ္တီး၊ မန်ခိန်ရပ်ကွက်နှင့် ရွှေစက် ရပ်ကွက်များအပြင် ပ.လ.နကျေးရွာ၊ ပမ္မတီးကျေးရွာ၊ ရွှေအိုက်၊ နောင်းပုံနှင့် နန်းကွေ့တို့တွင် အများဆုံးတွေ့ရသည်။ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် မေလက ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုနေသော ၁၀ ဦးထက်မနည်းကို ဌာန ဆိုင်ရာများက တရားစွဲဆိုခဲ့ကြောင်းသိရသည်။ https://www.face book.com/photo/?fbid=637163075278031&set=a.535 867405407599
၂၉။ စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်များ အင်းအားသုံးဖြိုဖျက်ခံရ
October 6, 2023
ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ (အောက်တိုဘာ ၅) က ကမ်းခြေတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများကို နံနက်လင်းအား ကြီးအချိန်တွင် စစ်တပ်က စက်ယန္တရားများဖြင့် အင်အားသုံး ဖယ်ရှားဖျက်ဆီးခဲ့သည်ဟု သိရသည်။ ခွင့်ပြုချက်မဲ့ တိုးချဲ့ဆောက် လုပ်သည်ဟု အကြောင်းပြကာ ဈေးဆိုင်ခန်း ၁၅ ခုကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းအင်အား ၁၀၀ ကျော်ခန့်က ဖြိုဖျက်ခဲ့သည်ဟု ဖျက်သိမ်းခံရသည့် ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။ နံနက် ၄ နာရီတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းများရောက်လာကာ ဆိုင်ရှင်များ၏ ဖုန်းများကို သိမ်းဆည်းကြောင်း၊ လမ်းများကို ပိတ်ဆို့ပြီး ဆိုင်များကို ဖြိုဖျက် ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဆိုင်ရှင်အမျိုးသားတစ်ဦးကပြောသည်။“သူတို့လာရောက်ပြီးတော့ အားလုံးထ၊ အားလုံး ထကြဆိုပြီး နှိုးတယ်။ ထွက်လာတော့ ရှေ့မှာက (စည်ပင်) ညွှန့်မှူး၊ မြို့နယ်ထွေအုပ်ကလည်း ပါတယ် အရေးကြီးပစ္စည်းတွေ သိမ်း၊ အခု ချက်ချင်းထွက်ကြပါ၊ ကျွန်တော်တို့ဆိုင်တွေကို ဖြိုတော့မယ်လို့ပြောတယ်” မေလလယ်ပိုင်းက တိုက်ခိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆိုင်ခန်းကို ကျပ်သိန်း ၁၀၀ ကျော် အကုန်အကျခံ ပြန်လည်တည်ဆောက် ထားရသည့် ဆိုင်ခန်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုဆိုင်ခန်းများမှာ ကျူးကျော်ထားခြင်းမဟုတ်ဘဲ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထား ခြင်းဖြစ်သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်တွင် ထိုစဉ်ကရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးမောင်မောင်အုန်း (လက်ရှိ စစ်ကောင်စီ ၏ ပြန်ကြားရေးဝန်ကြီး) ၏ ခွင့်ပြုချက်ဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဆိုင်ခန်းဆောက်လုပ်ခွင့်ပေးခဲ့သည်ဟု ဖြိုဖျက် ခံရသည့် ဆိုင်ခန်းပိုင်များက ဆိုသည်။ ဆိုင်များဖြိုဖျက်ရန် ဩဂုတ် ၁၂ ရက်တွင် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့က ဆိုင်ပိုင်ရှင် များကို ခေါ်ယူ သတိပေးပြီးနောက် စစ်ကောင်စီထံ အသနားခံစာ တင်ပြခဲ့သောလည်း အဓမ္မဖယ်ရှားခံခဲ့ရသည်ဟု ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။စားသောက်ဆိုင်တစ်ခုလျှင် ဝန်ထမ်း ၁၅ ဦးခန့်အထိ ရှိနေပြီး ဈေးဆိုင်ခန်းအားလုံး ဖျက်သိမ်းခံရသဖြင့် လူ ၂၀၀ ခန့်အလုပ်လက်မဲ့ဖြစ်သွားနိုင်သည်ဟု ဆိုင်ပိုင်ရှင်တို့က ဆိုသည်။ https://myanmar-now.org/mm/news/43028/?fbc lid=IwAR1mBbKQfJbkST6R-TDS8Lz8 u7yok_iBKKLDDjKBPT4siMY6eUwzCeFnoo
၃၀။ ထိုင်း – မြန်မာနယ်စပ် ထီးခီးဒေသက ကော်သူလေးအာမီယာယီစခန်းငယ်ကို KNU တပ်မဟာ ၄ က ဝင်ရောက် စီးနင်း၍ လက်နက်ခဲယမ်း အချို့ကိုသိမ်းယူ
October 5, 2023
ထိုင်း – မြန်မာနယ်စပ် ထားဝယ်ခရိုင် ၊ ထီးခီးဒေသရှိ ကော်သူလေးအာမီ (KTLA) ၏ ယာယီစခန်းငယ်တစ်ခုကို ပြီးခဲ့ သည့် အောက်တိုဘာ ၃ ရက်နေ့တွင် ကရင်အမျိုးသား အစည်းရုံး (KNU) တပ်မဟာ-၄ က ဝင်ရောက်စီးနင်းခဲ့ကြောင်း KTLA တာဝန်ရှိသူထံက သိရသည်။ KNU တပ်မဟာ-၄ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က KTLA ၏ ယာယီစခန်းငယ်ကို လာရောက်စီးနင်း၍ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းသွား ခြင်းဖြစ်ကြောင်း KTLA ထံက သိရသည်။ “ကျွန်တော်တို့က သူတို့ (KNU တပ်မဟာ-၄) လာနေတယ်ဆိုတာ ကြိုပြီးသတင်းရ တယ်။ ဒါကြောင့် အစောကြီးကတည်းက ရှောင်ထားလိုက်တယ်။ နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုတွေတော့မဖြစ်ခဲ့ဘူး” ဟု ကော်သူလေးအာမီ (KTLA) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက ပြောသည်။ ကော်သူလေးအာမီ (KTLA) ၏ ယာယီ စခန်းကိုလာရောက်တိုက်ခိုက်သည်မှာ KNU တပ်မဟာ-၄ ဖြစ်ကြောင်းသိရသော်လည်း တပ်မဟာ-၄ ၏ မည်သည့် လက်အောက် ခံ တပ်ရင်း၊ တပ်ခွဲ ဖြစ်ကြောင်း မသိရှိရသေးဘဲ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
KNU တပ်မဟာ-၄ မှ သိမ်းဆည်းခဲ့သည့် အဆိုပါစခန်းသည် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (LPDF) များ လာရောက်ချိန်တွင် တည်းခိုနေထိုင်သည့် ယာယီစခန်းငယ်တစ်ခုသာ ဖြစ်ကြောင်း KTLA ပြန်ကြားရေးတာဝန်ခံထံက သိရ သည်။ ” KNU တပ်မဟာ-၄ ကလာရောက်စီးနင်းချိန်က စခန်းမှာ တပ်ဖွဲ့ဝင် တချို့နဲ့ (LPDF) တပ်ဖွဲ့ဝင် တချို့သာ ရှိတယ်။ သူတို့ အင်အားဘယ်လောက်ရှိ သလဲဆိုတာ ကိုတော့ မသိရဘူး” ဟု ရဲဘော်ကိုချမ်းက ပြောသည်။ KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်များ စခန်းစီးနင်းရန် ၀င်ရောက်လာချိန်တွင် စခန်းအတွင်းရှိ KTLA တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးခဲ့၍ အပြန်အလှန်ပစ်ခတ်မှုမျိုးမရှိဘဲ လက်လုပ် သေနတ်ခြောက်လက်နှင့် စစ်ဝတ်စုံ ယူနီဖောင်းများကို သိမ်းယူသွားကြောင်း သိရသည်။ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထားဝယ်-ထီးခီးဒေသ ဝါးတောရွာအနီးတွင် KNU တပ်မဟာ ၄ ၏ ပစ်ခတ်မှုကြောင့် KTLA ဘက်က တစ်ဦးကျဆုံး ခဲ့ရပြီး ဇူလိုင်လ ၁၉ ရက်နေ့ တွင် KTLA က ပစ်ခတ်တိုက်ခိုက်ခဲ့၍ KNU တပ်မဟာ ၄ လက်အောက်ခံ KNLA ၏ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုး စီ နှင့် တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်။ https://www.facebook.com/photo?fbid=64777412 0824944&set=pcb.647774220824934
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။