တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 77, September 26, 2023)

၁။ စစ်ကောင်စီ၏ မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရ
    September 25, 2023

အာဏာသိမ်း စစ်ကောင်စီ၏ မြစ်ကြီးနားလေတပ်စခန်းကို ကချင်လွတ်လပ် ရေးတပ် (KIA) နှင့် ကချင် ပြည်သူ့ကာ ကွယ်ရေးတပ် (KPDF) တို့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA တိုက်ပွဲသတင်းများ ဖော်ပြနေသည့် 7stars News သတင်းဌာနက ရေးသားသည်။ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေးရှိ နမ့်ပေါင်လေ တပ်စခန်းကို စက်တင်ဘာ၂၄ ရက် နံနက်ပိုင်းတွင် KIA နှင့် KPDF များက ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ၏ F-7 အမျိုးအစားတိုက်လေယာဉ် ၂ စီး ပျက်စီးသွားကြောင်း 7stars News က ဆိုသည်။ စစ်ကောင်စီ၏ မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရသည့်ကိစ္စနှင့်ပတ် သက်၍ ပိုမိုသိရှိနိုင်ရန် KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်မေးမြန်းခဲ့ရာ လေတပ်စခန်းတိုက်ခိုက်ခံရသည့် သတင်းကို လူမှုကွန် ရက်တွင် တွေ့သော်လည်း ၎င်းအနေနှင့် အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

၎င်းက “ကျနော်တို့ဆီတော့ သတင်းရောက်လာတာ မရှိသေးပါဘူး။ ဒီသတင်းကို အတည်ပြုလို့တော့ မရသေးပါဘူး” ဟု ပြောသည်။ KIA နှင့် KPDF များ ပစ်ခတ်သည့် ရှော့တိုက်ဒုံးအချို့သည် လေတပ်စခန်းဝင်းကို ကျော်လွန်ကာ လေတပ်စခန်း မြောက်ဘက်ရှိ မော်ဖောင်းရွာအတွင်း ကျရောက်ခဲ့ကြောင်း Facebook လူမှုကွန်ရက်တွင် ရေးသားမှုများရှိသော်လည်း သီးခြား အတည်မပြုနိုင်ပါ။ အဆိုပါ လေတပ်စခန်းအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်တွင်လည်း လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု များရှိခဲ့ပြီး မော်ဖောင်းရွာအတွင်းသို့ ကျည်တချို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတချို့ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်တချို့ ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။ https://www.facebook.com/photo/?fbid=707266434779880&set=a.22605434264

၂။ စစ်ပွဲကြားက အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြုံနေရ
   September 25, 2023

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ပွဲရဲ့ အနိဌာရုံကို ကြုံခဲ့ရတဲ့ ကချင်အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာကြုံနေရတယ်လို့ ကချင်အမျိုးသမီးအစည်းရုံး (KWAT) က စက်တင်ဘာလ ၂၅ ရက်မှာ အစီရင် ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာထဲမှာ စစ်တပ်က အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ပွဲရဲ့ အနိဌာရုံကို ကိုယ်တိုင်ခံစားခဲ့ရတဲ့ ကချင်အမျိုးသမီး နှစ်ဆယ်ဦးရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို ရေးသားဖော်ပြထားပါ တယ်။ သူတို့ဟာ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေ၊ တိုက်ပွဲကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ ရသူတွေ၊ စစ်တပ်ရဲ့ အဓမ္မ ပြုကျင့်ခံရတဲ့ သူတွေနဲ့ စစ်ဘေးဒုက္ခသည်အဖြစ် နေရပ်စွန့်ခွာခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီအမျိုးသမီး တွေဟာ စိတ်ပိုင်းဆိုင် ကျန်းမာရေးပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲ ပြင်းထန်နေပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင် ဘာလ ၈ ရက် ထုတ်ပြန်ချက်အရ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒေသခံတစ်သိန်းကျော် (၁၂၀,၉၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ https://www.facebook.com/photo/?fbid=711408881020517&set=a.5 83637430464330

၃။ KIA တိုက်ခိုက်ခဲ့သော စစ်ကောင်စီဂိတ်ပြန်ဖွင့်နေပြီး လမ်းသွားလမ်းလာ ပြည်သူများကို ငွေညစ်နေ
    September 25, 2023

ဖားကန်မြို့နယ် မော်ဝမ်းကျေးရွာနှင့် နမ္မဖြစ်ကျေးရွာရှိ ပန်းတင်တံတားထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပြန်လည် တပ်စွဲထားကာ လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို ဥပဒေမဲ့ ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်းသိရသည်။ အဆို ပါ စစ်ကောင်စီဂိတ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က KIA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခံရသော ကြောင့် စစ်ကောင်စီ နှစ်ဦးသေဆုံးပြီးနောက် ယနေ့ နံနက် ခြောက်နာရီအချိန်ခန့်မှစတင်ကာ အင်အား ၁၀ ဦးခန့်ခန့်သာ ရှိသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ပြန်လည်နေရာယူထားကြောင်း မော်ဝမ်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။ “သုံးဘီးဆိုင်ကယ်နဲ့ ဆီပေပါတွေ တင်သွားတာ ဂိတ်ရောက်တော့ ပေပါတစ်ပေပါကို (၅)ထောင်တောင်းတယ်။ နောက်ကဆိုင်ကယ်တစ်စီး ကျောက်တင်လာတာ ကိုလည်း တစ်သောင်းမပေးရင် ကျောက်သိမ်းမယ်လို့ ခြိမ်းခြောက်ငွေတောင်းနေတာ တွေ့ရတယ်”ဟုပြောသည်။

အဆိုပါစစ်ကောင်စီဂိတ်အရောက်တွင် ကားဆရာများက စခန်းအတွင်းဝင်ရောက်ကာ ငွေသွားပေးရကြောင်း နမ္မဖြစ် ကျေးရွာနေ အသက်(၃၀)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။ “ဂိတ်တော့ဖွင့်ပေးထားတယ်။ ဒါပေမဲ့ ဆီ သယ်ကားတွေလာရင်တော့ ကားဆရာက သူတို့စခန်းထဲထိ ပိုက်ဆံသွားပေးရတာဟုတ်တယ်။ အဲ့ကောင်တွေ အောက်ကို မဆင်း လာရဲဘူး။ တစ်ခါဖြတ်တစ်သောင်းလောက်ပေးရတယ်လို့ သိရတယ်”ဟုပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက် နေ့က ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် ဆေးခန်းလာပြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ရာ သုံးဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။ https://www.facebook.com/photo?fbid=630872575907081&set=a.535867405407599

၄။ ပလမြို့ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အရပ်သား ဆယ်ဦးကျော်ထဲက နှစ်ဦးသာပြန်လွတ်လာသေး
    September 25, 2023

လွန်ခဲ့တဲ့ နှစ်ရက်က ဖမ်းဆီးခံခဲ့ရတဲ့ ပလမြို့က အရပ်သားဆယ်‌ဦးကျော်ထဲက နှစ်ဦးပြန်လွတ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၂၂ ရက်နေ့က ပလမြို့ရှိ အမှတ်(၃)နဲ့ အမှတ်(၄) ရပ်ကွက်နှစ်ခုက အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို သူတို့ရဲ့ နေအိမ်တွေကနေ စစ်ကောင်စီတပ်က ဖမ်းခေါ်သွားခဲ့ပါတယ်။ အဖမ်းခံရပြီးနောက်တစ်ရက်မှာပဲ ဦးထွေးသိန်းနဲ့ ဦးနိုင်မင်း တို့နှစ်ဦး ပြန်လွတ်လာပြီး ကျန်တဲ့သူတွေကတော့ ပလမြို့ရဲစခန်းမှာ အဖမ်းခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။“ပြန်လွတ်လာပြီး ဘာမှကိုမေးလို့မရဘူး။ ဘယ်လိုဖြစ်ပြီးအဖမ်းခံရတယ်၊ လွတ်လာတယ်တော့ကျနော်လည်းမသိဘူး။ ကျနော်တို့ လည်း ဘယ်ချိန်လာဖမ်းမလဲ ပူနေရတယ်”လို့ ပလမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ငွေကြေး နောက်ခံတောင့်တင်းတဲ့ လူကြီးပိုင်းတွေဖြစ်လို့ ငွေညှစ်ဖို့သက်သက် ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ မြို့ခံအများစုက ခန့်မှန်းနေကြ ပါတယ်။

ဖမ်းဆီးခံရတဲ့ပလမြို့ခံတွေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အဲဒီနေ့ကအဖမ်းခံရတဲ့သူအကုန် ကျနော်တို့မသိဘူး။ အဆက်သွယ်တွေလည်းမရှိဘူး။ ဘာလို့ဖမ်းလဲဆိုတာတော့ သူတို့ကို(စစ်ကောင်စီတပ်) သွားမေးမှပဲရတော့ မယ်။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လကလည်း ပလက ဒေသခံ တစ်ရာနီးပါးကို ဖမ်းဆီးကာ တစ်ဦးကို ကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ တောင်းပြီး ပြန်လွှတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ပလမြို့ဟာ စစ်အုပ်ချုပ်ရေးသတ်မှတ်ထားတဲ့ ပုလောမြို့နယ်ထဲမှာ ပါဝင်နေတဲ့ မြို့တစ်ခုဖြစ်ပြီး လုံခြုံရေးတင်းကြပ်တာနဲ့ အရပ်သားတွေ ခရီးသွားလာခွင့်၊ လောင်စာဆီနဲ့ စားသောက်ကုန် ဝယ်ယူသယ်ဆောင်ခွင့်တွေကို တင်းကြပ်ကန့်သတ်ခံနေရတဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ https://www.faceb ook.com/photo/?fbid=339363881814701&set=a .196212682796489

၅။ ညောင်ပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင်ပြည်သူ ၄ ဦး     ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီး
   September 25, 2023

ပဲခူးတိုင်း၊ ညောင်ပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ဝ နာရီ ၃၀ မိနစ်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီးများဖြင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်း တောင်ခင်ကျေးရွာ ရွှေဘိုစုရပ်ကွက် အတွင်းကို ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ လုံး ထိ မှန်ပျက်စီးခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာ ရွှေဘိုစု ရပ်ကွက်အတွင်းကို ထပ်မံပစ်ခတ်ခဲ့ပြီး အသက် ၉ နှစ်အရွယ် မောင်ဟန်ထက်အောင် နှင့် အသက် ၂၆ နှစ်အရွယ် တင်ကိုလတ်တို့ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉ တပ်ရင်းက စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် တခေါပွာကျေးရွာအတွင်းကို လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ အသက် ၃၆ နှစ်အရွယ် စောမူတူး လက်နက်ကြီး ကျည်စထိမှန်ခဲ့ ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၀ တပ်ရင်းက စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင် ထီးလိုတိုကျေးရွာ အတွင်းကို လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://w ww.facebook.com/photo/?fbid=670657968495146&set=pcb.6 70658225161787

၆။ ချင်းဖွဲ့စည်းပုံနှင့် မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းရေး ချင်းတော်လှန်ရေးတပ်များနှင့် ပြည်သူများ ဆွေးနွေး
   September 25, 2023

တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ Chinland Constitution ပေါ်ပေါက်ရေးနှင့် ချင်းပြည်ကောင်စီ အပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းရေးတို့ကို ချင်းတော်လှန်ရေးတပ်များနှင့် လွှတ်တော် ကိုယ်စားများအပါအဝင် ပြည်သူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ နယ်စပ်တစ် နေရာတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၈ ဦးဖြင့် တွေ့ဆုံဆွေးနွေး၍ အလုပ်ကော်မတီ WCCCC ဖွဲ့စည်းခဲ့ကြောင်း WCCCC က စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။  ချင်းပြည်ဖွဲ့စည်းပုံပေါ်ပေါက်ရေးနှင့် မဏ္ဍိုင် သုံးရပ် ဖွဲ့စည်းရေးအတွက် တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုများအားလုံးပါဝင်သော ညီလာခံကြီးတစ်ရပ် ပြုလုပ် သွားမည်ဟု WCCCC က ဆိုသည်။ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာ ရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုး သား တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတည်ဆောက်ရေး ကို ရည်ရွယ်ပြီး ယခုလို ဆွေးနွေးကာ ညီလာခံ ကျင်းပရန် စီစဉ်ရခြင်းဖြစ်သည်ဟု WCCCC ၏ ပြောခွင့်ရ Ngai Tam Maung က ပြောသည်။

သို့သော်လည်း ယင်းကဲ့သို့ စီစဉ်ရာတွင် ဦးဆောင်သူများထဲတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် များ အထူးသဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေ၍ နောက်နောင် NLD လက်အောက်ခံနှင့် NUG တို့ လက်ဝေခံ ဖြစ်သွားမည်ကို ချင်းလူငယ်အများအပြားက စိုးရိမ်နေကြသည်။ အမေရိကန်ရောက် ချင်းလူငယ်တစ်ဦးက “ဦးဆောင်တဲ့သူတွေ ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မပါစေချင်ဘူး။ ချင်းလွှတ်တော်ကိုယ်စားလှယ်အများစုက NLD ကဖြစ်တယ်။ ချင်းအမျိုး သားရေး၊ တော်လှန်ရေးလမ်းကြောင်းမှာ NLD ရဲ့ သဘောထားတွေ လွှမ်းမိုးသွားမှာကို စိုးရိမ်မိပါတယ်။ NLD ကိုယ်စားလှယ်တွေ ကို နေရာပေးလိုက်ရင် အကျိုးအဆက်တွေ အန္တရာယ်ရှိနိုင်ပါတယ်”ဟု ပြောသည်။ ချင်းအမျိုးသားတပ်ဦး CNF က ဦးဆောင်နေ သည့် ချင်းအမျိုးသားရေးအတွက်ကျင်းပမည့် ညီလာခံကို အချို့က ထောက်ခံကြသော်လည်း ချင်းပြည်ကောင်စီဖွဲ့စည်းရာတွင် NLD လွှတ်တော်ကိုယ်စားလှယ်များက အလိုလိုနေရာ ရရှိသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ https://www.facebook. com/photo?fbid=75027141 7112287&set=a.682731967199566

၇။ ဖားကန့်တွင် ရဲစခန်းနှင့် စရဖရုံးကို KIA ပူးပေါင်းအဖွဲ့တိုက်ခိုက်
    September 25, 2023

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ ရဲစခန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတို့ကို KIA နှင့် KPDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၁)ရှိ ရဲစခန်းထဲသို့ လက်နက်ကြီးများ စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုင်းတောင်ရပ်ကွက်တွင်နေထိုင်သည့် အသက် (၂၅)နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “လက်နက်ကြီးက ရဲစခန်းထဲမှာကျကွဲတာ။ ကျွန်တော်တို့နဲ့ နီး တော့ အိမ်ပါတုန်တယ်။ ရဲစခန်းထဲကနေလည်း သေနတ်တွေနဲ့ပစ်တယ်။ အဲ့မှာ နှစ်ဖက်အပြန်အလှန် ပစ်တော့တာပ” ဟု သူက ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ဆိုင်းတောင်ကျေးရွာနေ အသက် (၅၂) နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲက ကြာချိန်က(၁)နာရီကျော်ကျော်လောက်ပဲရှိမယ်။ ဒီကောင်တွေ ပိတ်ပြီးတိုက်ခံရတာ။ လက်နက်ကြီးထိလို့ မသာပေါ် သွားတဲ့ကောင်တွေလည်း ရှိတယ်၊ အတွင်းသတင်းအရတော့ ရဲစခန်း နဲ့ (စရဖ)ရုံးနှစ်ခုလုံးကို (KIA) နဲ့ (KPDF) တွေက သိမ်းနိုင်ခဲ့တယ်လို့ သိရတယ်”ဟု သူကပြောသည်။ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကျအရူံးကိုတော့ အတိအကျမသိရှိရ သေးကြောင်း သူကဆက်ပြောသည်။ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)နှင့် KPDF တို့မှ၂၀၂၃ခုနစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။  https://www.facebook.com/photo/?fbid=631 800465814292&set=a.535867405407599

၈။ ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံရ
    September 25, 2023

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန် မှာ မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရာမညတပ်ခေါင်းဆောင်နိုင် ချမ်းဟာ ရေဖြူမြို့နယ်အလယ် စခန်းကျေးရွာမှ မရော့ချိုင်းရွာသစ် ကျေးရွာဘက်ကို ဆိုင်ကယ်ဖြင့်အပြန်မှာ ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ သိရှိရပါတယ်။ ” နိုင်ချမ်းနဲ့ တူတူ ၃ ယောက်စီးလာတယ်။ နိုင်ချမ်းမောင်းလာတယ်။  အနောက်ကစီးလာတဲ့သူကပဲ ဓားနဲ့ ထိုးပြီး သတ်လိုက်တာ ” လို့ ရွာသစ်ကျေးရွာ ဒေသခံကပြောပါတယ်။ နိုင်ချမ်းကို လုပ်ကြံခဲ့တဲ့သူဟာ ၎င်းနှင့် နီးစပ်သူ သို့မဟုတ် ၎င်းရဲ့တပ်ထဲကဖြစ် နိုင်တယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။ နိုင်ချမ်း ဟာ အလယ်စခန်းကျေးရွာမှာ လက်ဖက်ရည်သောက်ပြီးအပြန် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ “မနက်တုန်းကတောင် ဒီအလယ်စခန်းမှာ လက်ဖက်ရည်သောက်နေသေး တယ်။ သူဒီကနေ အပြန်မှာပဲ အခုလို သတင်းကြားရတယ် ” လို့ အလယ်စခန်းရွာခံက ပြောပြပါတယ်။

သေဆုံးသူ ရာမညတပ်တာဝန်ခံ နိုင်ချမ်း ရဲ့ ရုပ်အလောင်းကိုတော့  ရွာသစ်ရွာ သင်္ချိုင်းမှာပဲ မြှပ်နှံလိုက်ကြကြောင်း ဒေသခံကပြောပါတယ်။ နိုင်ချမ်းသေဆုံးမှုနှင့်ပတ်သက်ပြီး “ခေါင်းဆောင်ကိုယ်တိုင် လုပ်ကြံခံရပြီးသေသွားတာဆို​တော့  ရာမည တပ်တော့ ဘယ်လိုဆက်သွားမလဲ မသိဘူး ” လို့ မွန်လူငယ်တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း ရေးမြို့ နယ်တောင်ပိုင်း၊ မာန်အောင်ကျေးရွာအနီးမှာ လုပ်ကြံခံခဲ့ရဖူးကြောင်း နိုင်ချမ်း ကိုယ်တိုင် သတင်းထုတ်ပြန်ဖူးပါတယ်။ အဲ့ဒီလုပ် ကြံမှုမှာတော့ နိုင်ချမ်းဟာ အနည်းငယ်သာ ထိခိုက်ခဲ့ပြီး ၎င်းရဲ့ လက်အောက် ငယ်သား ၁ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်ချမ်းဦးဆောင်တဲ့ ရာမညတပ်ဖွဲ့ဟာ ရေးမြို့နယ်တောင်ပိုင်း နှင့် ရေဖြူမြို့နယ် မြောက်ပိုင်း တို့မှာ အဓိကလှုပ်ရှားနေတာဖြစ် ပြီး တခါတရံ ကျေးရွာတွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးတာတွေလည်း လုပ်ဆောင် လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ရေဖြူမြို့နယ် အလယ်စခန်း နှင့် သဲချောင်းကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နှင့် KNLA ၊ PDF တို့ထိတွေ့တိုက်ပွဲမှာ နိုင်ချမ်းဦးဆောင်တဲ့ ရာမညတပ်ကလည်း ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လည်းသိရှိရပါတယ်။ https://www.facebook.com/photo?f bid=663886525846501&set=pcb.6 63886579179829

၉။ အာဏာသိမ်းကာလအတွင်း အသက်(၁၈)နှစ်အောက်ကလေး သေဆုံးသူ အနည်းဆုံး (၅၀)ဦးဝန်းကျင်ရှိနေ
    September 23, 2023

အာဏာသိမ်းကာလအတွင်း ၂၀၂၃ခုနှစ် ၊ စက်တင်ဘာလအထိ အရပ်သားပြည်သူ‌သေဆုံးသူ (၄၅၀)ကျော်ရှိနေပြီး အဲ့ဒီ ထဲမှာ အသက်(၁၈) နှစ်အောက် ကလေးအယောက်(၅၀)ဝန်းကျင်ပါဝင်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။“ ၁၈ နှစ်အောက် စာရင်းက ကျနော်တို့ အကြောင်းအရင်းအမျိုးမျိုးကြောင့် သေဆုံးတာက (၅၀) ဝန်းကျင်ရှိတယ်လို့ ကျနော်တို့ ကနဦး ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီဟာက ၁၀၀ ရာခိုင်နှုန်းပေါ့နော ကွက်တိ ပြန်ပြီးမဆန်းစစ်နိုင်သေးဘူး။ စစ်ကောင်စီရဲ့လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်မှုကြောင့် သေဆုံးတာက အများဆုံးဖြစ် ပါတယ်။ ဖမ်းဆီးသတ်ဖြတ်တဲ့ထဲမှာတော့ မူဆိုဖြစ်စဥ်မှာ ကျနော်တို့မှန်းတာတော့ အသက်အငယ်ပိုင်းပေါ့နော နှစ်သားအရွယ် ကလေးပါနိုင်တယ်ဆိုပြီးတော့မှ ကျနော်တို့အဲ့လောက်ပဲမှန်းခြေရှိတယ်။”လို့ ဦးဗညားက ဆိုပါတယ်။ သေဆုံးရတဲ့ အကြောင်း ရင်းတွေကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရတာ အများဆုံးဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးတာကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းဗုံးကြဲခံရမှု ကြောင့် သေဆုံးတာ၊‌ မြေမြှုပ်မိုင်းကြောင့် သေဆုံးတာတွေလည်း ရှိပါတယ်။

ကရင်နီပြည်မှာတော့ ဖရူဆိုမြို့နယ် မိုဆို အစုလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်၊ လွိုင်ကော်မြို့ ရေယိုကျေးရွာမှာ စစ်ကောင်စီ ကနေ အရပ်သားတွေကို သတ်ပြီး အိမ်သာကျင်းထဲ ပစ်ထည့်ခံရတဲ့ ဖြစ်စဉ် တွေမှာဆိုရင် ၁၈ နှစ်အောက် ကလေးငယ်တွေ ပါဝင်တာတွေ ရှိနေပါတယ်။ “ ကျူးလွန်တဲ့သူတွေကို အထူးသဖြင့် မြန်မာ့တပ်မတော်ပဲပြောပြော တပ်ဖွဲ့ဝင်တွေ တပ်တွေရဲ့ ကျူးလွန်မှုကို အရေးယူမှု မပြုနိုင်ခဲ့ဘူးပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ ဆက်လက်ပြီးတော့မှ လူ့အခွင့် အရေးချိုးဖောက်ဖို့ အတွက် အားပေးရာရောက်သွားခဲ့တယ်လို့ ပြောလို့ရတယ်။ ဒီနောက်ပိုင်းမှာက ဒီလုပ်ရပ်တွေ အားလုံးရပ်တန့်သွားနိုင်အောင် ကျူးလွန်သူအားလုံးကို အငယ်ဆုံးကနေ အကြီးဆုံးထိပေါ့နော ဥပဒေကြောင်းအရ ဥပဒေနဲ့အညီပေါ့နော နိုင်ငံတကာဥပဒေနဲ့ လည်းဖြစ်နိုင်တယ် မြန်မာနိုင်ငံဥပဒေနဲ့လည်းဖြစ်နိုင်တယ် မဟုတ်လည်း ဒေသန္တရတခုချင်းစီရဲ့ ကျနော်တို့ခေါ်တာက ဒေသန္တရ ဥပဒေအရနဲ့လည်း ဥပဒေရဲ့ တရားမျှတမှု ကို ခံစားရမှာဖြစ်ပါတယ်။ “ လို့ ဆိုပါတယ်။ IEC ဖော်ပြထားတဲ့အချက်အလက်အရ အာဏာသိမ်းကာလ နှစ်နှစ် ကျော်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၄၅၀ ကျော်ဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရမှုကို လက်လှမ်းမှီတဲ့ အရေအတွက်သာဖြစ်ပြီး သေဆုံးသူတွေက ဒီထက်ပို များနိုင်တယ်လို့ ဆိုပါတယ်။ https://www.kantarawaddytimes.org/%e1%80%a1%e1%80%ac %e1%80%8f%e1%80%ac%e1%80%9e%e1%80%

၁၀။ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေ
     September 26, 2023

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုအတွင်းစက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး စစ်ကောင်စီသည် တိုက်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ လ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု နမ့်လိန်-မန်းဟန်ကျေးရွာအတွင်း စစ်ကောင်စီ သည် တိုက်လေယာဉ်တစ်စီးဖြင့် အသုံးပြုပြီး ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း မူဆယ်မြို့ နယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။“ လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ လာပစ်တာ ၈ ကြိမ်လောက် ရှိနေပြီ။ မိုးပေါ်ကနေ မြေပြင်ကို ပစ်နေတာ မီး အနီရောင်သမ်းနေတာပဲ။ ၁၀၅ မိုင်ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ အဆက် မပြတ်ပစ်နေတယ်”ဟု ၎င်းဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီ တပ်မှ အဆိုပါ မော်တောင်းကျေးရွာအုပ်စုအတွင်း လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူနေကြောင်း သိရသည်။“မော်တောင်းကျေးရွာအုပ်စုထဲမှာတော့ TNLA၊ SSPP/SSA၊ KIA တပ်တွေ လှုပ်ရှား တယ်။ အခု လေယာဉ်နဲ့ လာပစ်တာတော့ TNLA ကိုလာပစ်တာပဲ ထင်တယ်”ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ထပ်လောင်းပြော သည်။ မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုအတွင်း တိုင်းရင်းသားလက်နက်များ ဖြစ်ကြသည့် TNLA၊ SSPP/SSA၊ KIA တပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိရာ လက်ရှိတွင် စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် စစ်ကောင်စီ သည် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီမှ လေယာဥ်နဲ့အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်နေသည့် မော်တောင်းကျေးရွာအုပ်စုရှိ နမ့်လိန်-မန်းဟန် ကျေးရွာသည် မူဆယ်မြို့နှင့် ၁၁ မိုင်ခန့် ကွာဝေးကြောင်း လည်းသိရသည်။ https://burmese.shannews.org/archives /36870

၁၁။ ဘူးသီးတောင်တွင် ARSA စိမ့်ဝင်နေမှုကို ထိန်းချုပ်ရန် AA ကြိုးပမ်းလာ
     September 25, 2023

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်က မွတ်ဆလင်ကျေးရွာများတွင် ARSA တပ်ဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားလာမှုကို ထိန်း ချုပ်ရန် ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် ဩဂုတ်လမှစ၍ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာများဖြစ်သည့် ရွက်ညိုတောင်၊ ဦးလှဖေ၊ ဆေးအိုးကျ စသည့် ကျေးရွာများ နှင့် အနီးအနားကျေးရွာများတွင် ARSA အဖွဲ့ဝင်များက ရဲတင်းစွာ သွားလာလှုပ်ရှားမှုများရှိလာသဖြင့် AA က ၎င်းကျေးရွာများသို့ ဝင်ရောက်ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။“ARSA တွေ အဓိကလှုပ်ရှားတာကတော့ ဆေးအိုး ကျ၊ ဦးလှဖေ၊ အတွင်းငှက်သည် ရွာတွေဖြစ်တယ်။ အဲဒီရွာတွေမှာ AA မှာလည်း လူယုံတွေရှိတယ်။ အခုက ARSA နဲ့ AA အဆင် မပြေတဲ့အခါ AA ကို ထောက်ခံတဲ့လူတွေကို သတ်ပစ်တာမျိုးတွေရှိတယ်။ အဲဒီလို သတ်ပစ်တာမျိုးတွေရှိတဲ့အတွက် AA ကလည်း လိုက်ရှာတဲ့သဘောပါ” ဟု ဆေးအိုးကျကျေးရွာက မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။ ARSA အဖွဲ့သည် ဩဂုတ်လကုန် ပိုင်းကစပြီး ဘူးသီးတောင်မြို့နယ်တွင် သွား လာလှုပ်ရှားမှုကို တွင်ကျယ်စွာ မြင်တွေ့လာရကြောင်း ဒေသခံများကပြောသည်။ ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက မောင်တောမြောက်ပိုင်း လောင်းဒုံရွာနှင့်ကြိမ်ချောင်းရွာကြား ကားလမ်းပေါ်တွင် ARSA အဖွဲ့ ဝင် ၂၀ ကျော်က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး စံပယ်ကုန်းကျေးရွာမှ မွတ်ဆလင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့ ညအချိန်တွင်လည်း ရွက်ညိုတောင်ကျေးရွာမှ မွတ်ဆလင်တစ်ဦးအား အင်အား ၇ ဦးခန့်ပါ ARSA အဖွဲ့ကဖမ်းဆီးလာစဉ် ဦးလှဖေကျေးရွာကူးတိုးဆိပ်တွင် AA အဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ရာ ARSA အဖွဲ့ဝင်များ ထွက် ပြေးသွားသဖြင့် ဖမ်းဆီးခံရသည့်မွတ်ဆလင်ကို AA က ခေါ်ယူသွားခဲ့ကြောင်း သိရသည်။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွက်ညိုတောင်ကျေးရွာသားတစ်ဦးက “အရင်က AA တွေ ကျနော်တို့ရွာကို ရောက်တာမရှိဘူး။ အခုတပတ်အတွင်းမှာ ရွာထဲကို ဝင်လာကြတာ။ အဲဒီမှာ ARSA တွေ ရွာထဲကို ဝင်တာရှိလား၊ ရွာထဲဝင်ပြီး ဘယ်သူတွေကို စစ်ဆေးမှုရှိလဲ ဆိုပြီးမေးတယ်” ဟု ပြောသည်။ ကျေးရွာသားများကိုလည်း ARSA အဖွဲ့နှင့် အဆက်အသွယ်မလုပ်ရန်၊ ငြိမ်းငြိမ်းချမ်းချမ်းနေကြရန် AA က တိုက်တွန်း ပြောဆိုထားကြောင်း သိရသည်။ လတ်တလောတွင် AA နှင့် ARSA တို့ကြား ထိပ်တိုက်တွေ့မှုများ ရှိလာသည့်အတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း ဒေသခံများက ပြောကြသည်။“အာဆာတွေက အစတုန်းကတော့ မေယုတောင်တန်းကို အခြေပြုပြီး လှုပ်ရှား တယ်။ ဒီလဆန်းပိုင်းမှာ မိချောင်းခေါင်းဆွဲက ကူးတို့သည်တစ်ယောက်ကို AA အမာခံဆိုပြီး သတ်ပစ်တာမျိုးရှိတယ်။ ဒီတပတ် အတွင်းမှာဆိုရင် ဆေးအိုးကျ၊ ရွက်ညိုတောင် ဒီရွာတွေအထိ ဝင်လာတယ်။ ဒါကြောင့် AA ကနေပြီးတော့ အဲဒီဘက်တွေကို စစ်ကြောင်းထိုးနေတာလို့ သုံးသပ်ရတယ်” ဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။ https://www.facebook.com/ph oto/?fbid=703892538451012&set=a.643209801185953

၁၂။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နှင့် စကစတပ်ဖွဲ့အကြား ပထမအကြီမ် တိုက်ပွဲဖြစ်ပွား
     September 26, 2023

စက်တင်ဘာ ၂၅ ရက်နေ့တွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force-MDF) နှင့် စစ်ကောင်စီတပ် ဖွဲ့တို့အကြား မတူပီမြို့နယ် လိုင်လင်းပီမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MDF က ထုတ်ပြန်ပါတယ်။ ညနေပိုင်း ၅ နာရီ အချိန်မှ စ ပြီး လိုင်လင်းပီမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ မိဘပြည်သူများအနေနဲ့ ယခုထုတ်ပြန်သည့်အချိန်မှစ၍ လိုင်လင်းပီမြို့သို့ ၀င်ရောက် ခြင်း လုံး၀မပြုလုပ်ကြရန် MDF က အသိပေးထားပါတယ်။  မိဘပြည်သူများအနေနဲ့ စစ်ရေးသတိရှိ ကြရန်နှင့် MDF မှ နောက် ထပ်ထုတ်ပြန်မှု မပြုလုပ်မီအထိ ယခုထုတ်ပြန်မှုအား လိုက်နာဆောင်ရွက်ပေးပါရန် အလေးအနက်သတိပေးကြောင်း ထုတ်ပြန် ထားပါတယ်။ https://www.facebook.com/photo/?fbid=84530 4527602169&set=a.716654970467126

၁၃။ မြိတ်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ
     September 25, 2023

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသခံတွေက ပြောပါ တယ်။ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က ပုဂံတောင်ပို့ရွာနဲ့ တုံးဗျောကြီးရွာကြားမှာ မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။“စကစဘက်က မိုင်းရှိနေ တာကိုသိပြီးမိုင်းလာရှင်းတာ။ အဲဒီမှာ မိုင်းဆွဲလိုက်တာ။” လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မိုင်းဆွဲတို က်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစုံတရာထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ဘက်ကတော့ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ ကနဦးသိရပါတယ်။

အခုနှစ်‌ ဖေဖော်ဝါရီလထဲမှာ တုံးဗျောကြီးရွာလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီရဲ့ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေဝင် ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ တုံးဗျောကျေးရွာအုပ်စုဟာ မြိတ်မြို့နယ်ဧရိယာထဲကကျေးရွာဖြစ်ပေမယ့် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲက ဇဝဲရွာအနီးမှာ တည်ရှိပါတယ်။ အခုလ ပထမပတ်က တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ အခြေစိုက် အမြောက်တပ်ရင်း(၃၀၆)နဲ့ အောက်ကင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၇)အနီးက အော်ကြီးရွာဘုရား တောင် ခြေအနီးမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ https://www.fac ebook.com/photo?fbid=339 813795103043&set=a.196212679463156

၁၄။ ကရင်တိုင်းရင်းသား ၃ ဦးကိုစစ်ကောင်စီတပ်က ပစ်သတ်ပြီး PDF လို့သတင်းအမှားဖြန့်တယ်လို့ ကာကွယ်ရေး         တပ်ဖွဲ့ တွေပြော
    September 24, 2023

စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်အောက်ပိုင်းကို စစ်ကြောင်းထိုးချိန်မှာ လမ်းပြအဖြစ်ဖမ်းခေါ်လာတဲ့ ကရင် တိုင်းရင်သား ၃ ဦးကိုပစ်သတ်ခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။  နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာတဝိုက်မှာ မနေ့မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေ ​တစ်နာရီနီးပါးအကြာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေ ဘက် က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ မြေပြင်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်း ချယ်နယ် တွေမှာတော့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၄ ဦးကျဆုံးတယ်လို့ ဆိုကာ အလောင်းပုံတွေကို ဖော်ပြ ထားပါတယ်။ ဒါ့အပြင် RPG တစ်လက်၊ ပစ္စတိုတစ်လက်နဲ့ ကျည်တွေသိမ်းမိတယ်လို့လည်း ဓာတ်ပုံနဲ့တကွဝါဒဖြန့်သတင်းမှာ ဖော်ပြထားပါတယ်။

“သူတို့ဘာသာအိမ်မှာနေနေတဲ့ ရွာသားတွေပါ။ သူတို့ဘာမှမလုပ်ထားတော့ စစ်ကြောင်းလာလည်း ရွာမှာပဲနေတာပေါ့။ အဲဒါကိုဖမ်းလာပြီးတော့ ပစ်သတ်လိုက်တာ။ စစ်တပ်က နှစ်ပေါက်တ​ပေါက်ရိုက်တာ” လို့ ကစယ်ဒိုကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှုး ဘဦးသစ် က ပြောပါတယ်။ ပစ်သတ်ခံရသူတွေဟာ ပိတောက်ကြီးရွာ​​ဟောင်းက ကရင်တိုင်းရင်းသားတွေဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် စောဒါးခူနဲ့ စောပေဖေါ၊ အသက် ၃၆ နှစ်အရွယ် စောစေးဝါး တို့ဖြစ်တယ်လို့သိရပါတယ်။ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲ​ဘော်တစ်ဦးကလည်း “သူတို့တင်ထားတဲ့ ဓာတ်ပုံက စစ်အင်္ကျီကိုကြည့်ရင်သိသာတယ်။ ပစ်သတ် ပြီးမှ နီးရာဝတ်ပေးထားတာပဲ။” လို့ ပြောပါတယ်။ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲ့အလောင်းနဲ့ ဒေသခံကရင်တိုင်းရင်းသား ၃ ဦးရဲ့အလောင်းတွေကိုတော့ စစ်ကောင်စီတပ်သားတွေ တပ်ဖြန့်ထားတဲ့နေရာမှာပဲ အခုထက်ထိရှိနေသေးတယ်လို့ သိရပါ တယ်။ တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပိတောက်ကြီးရွာ၊ အောက်သရက်ချောင်းရွာနဲ့ အနီးတဝိုက်က ဒေသခံတွေ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ https://www .facebook.com/photo/?fbid=339323878485368 &set=a.196212682796489

၁၅။ TNLA နှင့် SSPP တိုက်ပွဲကြောင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးဖို့ ဆောင်ရွက်နေ
     September 25, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့က ဆွေးနွေးညှိနှိုင်းရန် ဆောင်ရွက်နေ ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်း ၁ နာရီမှ ည ၆ နာရီအထိ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု အုပ်စု၊ ဖာပျဥ်ကျေးရွာအနီး (ဝၢၼ်ႈၽႃပႅၼ်ႈ) ၌ SSPP/SSA နှင့် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် နှစ်ဖက်တပ်ဖွဲ့မှ ဆွေးနွေးညှိနှိုင်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း TNLA တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။“တိုက်ပွဲဖြစ်တာက အောက်ခြေတပ် အချင်းချင်း နားလည်မှု ကွဲလွဲလို့ ဖြစ်တာပါ။ အခုတော့ တိုက်ပွဲက ပြီးသွားပါပြီ၊ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။ ဆွေးနွေးမယ့် အသေးစိတ်ကိုတော့ ကျနော် မသိရဘူး”ဟု ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော် က ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စုအတွင်း ဖြစ်ပွားသည့် တိုက်ပွဲသည် နှစ်ဖက် ဆွေးနွေးမှု အခြေအနေများ နှင့် ပတ် သက်ပြီး အသေးစိတ်ကို မသိရကြောင်း TNLA ၏ ပြောရေးဆိုခွင့် ဒု– ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။ အဆိုပါ တိုက်ပွဲ အတွင်းတွင် နှစ်ဖက်တပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှု ရှိနေကြောင်း သတင်းသိရသော်လည်း အရေအတွက်များကို သီးခြားအတည်ပြု နိုင်ခြင်းမရှိပေ။ TNLA နှင့် SSPP တို့သည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတွင်ပါ၀င်နေသည့် လက်နက်ကိုင်အဖွဲ့များဖြစ် သည့်အပြင် အာဏာသိမ်း စစ်ကောင်စီနှင့်လည်း ပစ်ခတ်တိုက်ခိုက်မှု ရှိနေသည့်တပ်ဖွဲ့များ ဖြစ်ကြသည်။ https://burmese. shannews.org/archives/36867

၁၆။ ခမရ ၅၈၇ တပ်ရင်းရှေ့က လုံခြုံရေးကင်းစခန်းကို KNLA နဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်
    September 25, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာယုတောင် အခြေစိုက် ခမရ ၅၈၇ တပ်ရင်းရှေ့ ကင်းတဲစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၂၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ ပါတယ်။ KNLA တပ်ရင်း ၂၇ နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်း ခမရ ၅၈၇ မှ တပ်စိပ်မှူးတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ် ရာ ပြင်းထန်ရခဲ့တယ်လို့ မြေပြင်တပ်မှူးတွေရဲ့ သတင်းပေးတွေကို ကိုကားပြီး တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနဲ့ ကြိုးတံတားအကြား မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၈၈ လက်အောက်ခံတပ်ဖွဲ့တွေကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ လို့ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ နှစ်ရက်အတွင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက် က ၂ ဦး ထိခိုက်သေဆုံးခဲ့သလို စုစုပေါင်း ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး  KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာ ရမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေ နေ့စဉ်လုပ်ဆောင်နေပါတယ်။ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့ အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေ နဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေက အသုံးပြု တဲ့ ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ အသိပေးထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fb id=342190918167359&set=pcb.342191074834010

၁၇။ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးမှာ စစ်တပ်က TNLA ကို ထိုးစစ်ဆင်နေပြီး ဒရုန်းနဲ့ တိုက်ခိုက်နေ
     September 25, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က တအာင်းတပ်မတော် (TNLA)ရှိတဲ့ဘက်ကို ထိုးစစ်ဆင်နေပြီး ဒရုန်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်ကစပြီး TNLA တပ်ဖွဲ့ရှိတဲ့ လွယ်ကောင်မူး တောင်ကို စစ်တပ်က ထိုးစစ်ဆင်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက “TNLA တွေ ရှိတဲ့ဘက်ကို သူတို့ဒရုန်းတွေနဲ့ လိုက်ပစ်နေတာ။ ခိုမုန်းရွာအပေါ်က တိန်းလုံ တောင်ကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတာ” လို့ ပြောပါတယ်။ စစ်တပ်က TNLA တပ်ဖွဲ့ရှိတဲ့ဘက်ကို ထိုးစစ်ဆင်လာနေတာ ကြောင့် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။ “သူတို့(စစ်ကောင်စီ) ထိုးလာနေရင်တော့ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်ဖို့ သေချာတယ်” ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်က ခိုမုန်းရွာအနီးမှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၆ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရပါတယ်။ ရှမ်းမြောက်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ နောက်ဆုံးပတ်အထိ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ မူဆယ်နဲ့ကွတ်ခိုင်မှာ စစ်ရေး တင်းမာနေကြဆဲ ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=639194635054471&set=a.404503215190282

၁၈။ ရှားတောမြို့နယ်ထဲက ပွန်ချောင်းစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေ
    September 25, 2023

ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှာရှိတဲ့ ပွန်ချောင်း စစ်ရှောင်စခန်းမှာ လက်ရှိအချိန်ထိ စားနပ်ရိက္ခာအတွက် အလှူရှင်အဖွဲ့ လာရောက် လှူဒါန်းပေးတာမျိုးမရှိသလို ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ မြေပြင်မှာ စစ်ရှောင်ကူညီရေး အဖွဲ့တွေအနေနဲ့ သွားလာဖို့အခက်ခဲရှိသလို စစ်ရှောင်တွေ မှာလည်း အခက်ခဲများစွာရှိတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။“စစ်ရှောင်မှာ အဓိက ကူတဲ့အဖွဲ့ဆိုတာမရှိဘူး ရှားတော မှာ။ စစ်ရှောင်ကတော့ ပွန်ချောင်းတစ်ရွာဘဲရှိတယ်။ ရှားတောမြို့နယ်မှာ လိုက်ပြီးကူတာဆိုလို့မရှိဘူးအဲလို။ ကျန်းမာရေးပိုင်းဆို တော့ အခက်ခဲရှိတာပေါ့။ သွားလာဖို့ ခက်ခဲတော့။ စစ်ရှောင်ဆိုပေမဲ့ လုပ်ကိုင်စားသောက်နေကြပါတယ်”လို့ စစ်ရှောင်တစ်ဦးက အခုလိုပြောပါတယ်။

အဆိုပါ ပွန်ချောင်းစစ်ရှောင်အနီးမှာ စစ်ကောင်စီတပ်စခန်းရှိတာကြောင့် စစ်ရှောင်‌တွေဆီ သွားရောက်ကူညီနိုင်ဖို့ ခက်ခဲကြန့်ကြာမှု ရှိတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။“အေပေါ့ ဒီပွန်ချောင်းမှာက ကယားနဲ့ ဗမာဆို တာရှိတော့ ကယားတွေက အပေါ်ဖက်မှာ ရှောင်ကြတယ်။  ဗမာတွေက ရွာအောက်ဖက်မှာ ရှောင်ကြတယ်။ ဒါပေမယ့် တခါမှ မရောက်ဖူးဘူး ရွာအောက်က ရှောင်တဲ့အဖွဲ့ကို။ ဒီအပေါ်ဖက်မှာ ရှောင်နေတဲ့ ကယားတွေနားမှာဘဲ ရောက်တယ်။ ပွန်ချောင်းမှာ တပ်စခန်း တစ်ခုရှိတယ်လေ”လို့ ဆိုပါတယ်။ အဆိုပါ ပွန်ချောင်းစစ်ရှောင်စခန်းမှာ တိုက်ပွဲကြောင့် ရှားတောမြို့မှာနေလို့ မရ တော့တဲ့ ဒေသခံတစ်ချို့နဲ့ ပွန်ချောင်းရွာကဒေသခံတွေဖြစ်ပြီး စစ်ရှောင် ကာလ ၂ နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။ လက်ရှိမှာ  အဆိုပါစခန်းမှာ စစ်ရှောင်ဦးရေ ၂၀၁ ဦးရှိပြီး အိမ်ခြေ ၄၅ အိမ်ရှိတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/ewbk

၁၉။ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်များရရှိသည့်ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံမှ အမြတ်ထုတ်ဟုဆို
    September 25, 2023

ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကရင်နီစစ်ရှောင်များအတွက်ရရှိသည့် ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံ၏ အမြတ်ထုတ်ခြင်းခံနေရသည်ဟု စစ်ရှောင်တစ်ဦးကပြောပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသ ထီးကာကျေးရွာရှိ စစ်ရှောင်သူများအတွက် တောင်ကြီးဂရုဏာအဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့က တစ်အိမ်ထောင်လျှင် ၁သိန်းကျပ်ထောက်ပံ့ပေးခဲ့ရာ စစ်ရှောင်တာဝန်ခံက ယင်းသို့ အမြတ်ထုတ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။ “အလှူရှင် မလာကတည်း က ကျေးရွာလမ်းခင်းဖို့  ၅ သောင်းကျပ် ပြန်ထည့်ပေးရမယ်ပေါ့၊ မပေးဘူးဆိုရင် စစ်ရှောင်စာရင်းကနေ ဖယ်လိုက်မယ်၊ နောက် ထပ်အလှူရှင်လာရင်လည်း မရတော့ဘူး “ဟု ကိုယ်တိုင်ကြုံတွေ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးက  ပြောသည်။ ထိုသို့ကောက်ခံ သည့် ငွေကို အလှူရှင်ပြန်သွားပြီးတစ်ရက်နှစ်ရက်ကြာမှ ၎င်း၏အိမ်သို့ လာရောက်ပေးရန် စစ်ရှောင်တာဝန်ခံက ပြောကြားခဲ့ သည်ဟုဆိုပါသည်။ ” အလှူရှင်လာထောက်ပံ့တဲ့အခါသူတို့ရှေ့မှာမပေးဘဲ အိမ်ရောက်ပြီး ၁ ရက် ၂ ရက်နေပြီးမ တာဝန်ခံ အိမ် လာပေးရမယ်ဆိုပြီးပြောတယ်” ဟု၎င်းကဆက်ပြောပါသည်။

“ထက်ဝက်ပေးရမယ်ဆိုရင်အဆင်မပြေဘူးလေ၊ စစ်ရှောင်ချိန်လည်းဖြစ် ကုန်စျေးနှုန်းလည်းတက် ကျန်းမာရေးလည်း ခဏခဏဖြစ်တော့ ငွေကြေးကလိုအပ်တယ်လေ၊ မပေးချင်တာတော့မဟုတ်ဘူး မှန်မှန်ကန်ကန်တော့ဖြစ်စေချင်တာပေါ့” ဟု စစ်ရှောင်သူတစ်ဦးကဆိုပါသည်။ ငွေကြေးအမြတ်ထုတ်သည်ဟု စွပ်စွဲခံရသည့် တာဝန်ခံကိုဖိုးထူကို ဆက်သွယ်မေးမြန်းရာ ” အဲဒါမဟုတ်ဘူးဗျဟုငြင်းဆိုသည်။ အဆိုပါ ပြဿနာကို ကျေးရွာဥက္ကဌနှင့် စစ်ရှောင်များအားလုံး ရှင်းလင်းပြီးဖြစ်သည်ဟု ကိုဖိုးထူး ကပြောသည်။ ” ပိုက်ဆံရတဲ့အချိန်သူတို့ကို စေတနာရှိသလောက်လို့ ကျွန်တော်ပြောတာ ရပ်ရွာအတွက် ခင်ဗျားတို့ ဘာတွေအကျိုးပြုချင်တုန်းလို့မေးတဲ့အချိန်မှာ သူတို့က ငွေငါးသောင်းစားတယ်ဆိုပြီးတော့ လိုင်းပေါ်ကောက်တင်လိုက်တာ” ဟု ကိုဖိုးထူး က ရှင်းပြပါသည်။ ထီးကာကျေးရွာတွင် စစ်ရှောင် ၃၀ ကျော်ရှိပြီး မိုးဗြဲနှင့် ဒီမော့ဆိုမြို့နယ်မှ စစ်ရှောင်အများဆုံးဖြစ် ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=702544948575355&set=pcb.702544995242017

၂၀။ ဖားကန့်ဆေးရုံတက်နေသည့် စရဖ အရာရှိအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး
     September 26, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး စက်တင်ဘာ ၂၅ ရက် နေ့လယ်က  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှာ လုံခြုံရေးအပြည့်နဲ့ ဆေးကုသမှု ခံယူနေရတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ဗိုလ်မှူး စိုးနိုင်ဝင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာခံဗိုလ် တယောက်နဲ့ တပ်ဖွဲ့ဝင် တယောက်တို့ကို  အမည် မသိ လက်နက်ကိုင်အဖွဲ့က ဆေးရုံအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားတာဖြစ် ကြောင်း ဒေသခံတွေဆီက သိရပါ တယ်။ ဖားကန့်ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက “ဗိုလ်မှူးက လက်နက်ကိုင်လုံခြုံရေးတွေနဲ့ ဖားကန့်ဆေးရုံမှာ တက်နေတာ။ နေ့လယ် ၂ နာရီလောက်က ကားသုံးစီးနဲ့ ရောက်လာတဲ့ လက်နက်ကိုင် အဖွဲ့က ဝင်ပစ်သွားတာ။  စရဖ ဗိုလ်မှူး အပါအဝင် သုံးဦးသေ တယ်။ လုံခြုံရေးယူနေတဲ့ ရဲတွေလည်း ထွက်ပြေးကုန်ရော”လို့ ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်ကလည်း ဆိုင်းတောင်ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တွေဆေးခန်းလာပြစဉ်စီးနင်းလာတဲ့ကားကို အမည် မသိသေနတ်သမားအဖွဲ့ကပစ်ခတ်ခဲ့လို့ ရဲအရာရှိတယောက်နဲ့ ရဲဝန်ထမ်းတယောက်သေဆုံးခဲ့ပြီး စရဖအရာရှိတယောက်နဲ့ရဲတပ် ဖွဲ့ဝင်နှစ်ယောက် ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။ https://burmese.dvb.no/p ost/616734

၂၁။ ထွက်ပြေးသွားသည့် သံသယတရားခံမှာ AA အဖွဲ့ဝင် မဟုတ်သလို ဆက်စပ်မှုလည်း မရှိဟုဆို
     September 25, 2023

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောရွာက ကျောင်းဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုနှင့် ထွက် ပြေးနေသည့် သံသယတရားခံ ဦးမောင်မောင်အေးမှာ ရက္ခိုင့်တပ်တော် ULA/AA ၏ အဖွဲ့ဝင်လည်း မဟုတ်သလို တော်လှန်ရေး ထဲတွင် ပူးပေါင်းဆောင်ရွက်ခြင်း ဆက်စပ်မှုတစ်စုံတစ်ရာမရှိကြောင်း AA က ပြောသည်။ သံသယဖြင့် ဖမ်းဆီးထားရာကနေ စက်တင်ဘာလ ၁၉ ရက်နေ့ညက ထွက်ပြေးလွတ်မြောက်သွားသော ဦးမောင်မောင်အေး သည် ရက္ခိုင့်တပ်တော် ULA/AA အဖွဲ့ ဝင်ဖြစ်ကြောင်းနှင့် ULA ၏ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများအပြင် ထောက်ပံ့ရေးလုပ်ငန်းတို့တွင် ပါဝင်ဆောင်ရွက်သူဖြစ်သည် ဟုသတင်းထွက်နေခြင်းအပေါ် ‌AA ၏ပြောခွင့်ရ ဦးခိုင်သုခက ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ “မောင်မောင်အေး ထွက်ပြေးလွတ်မြောက်တာဟာ ULA/AA ရဲ့ အဖွဲ့ဝင်ဖြစ်လို့ဆိုတာက စွပ်စွဲချက်တွေပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ လည်း ULA/AA နဲ့ အလုပ်အတူတူ တွဲလုပ်နေတယ်ဆိုတာကလည်း မမှန်ပါဘူး။ လူကြီးတွေနဲ့ ရင်းနီးလို့ လွတ်ပေးလိုက်တယ် ဆိုတာက လုံးဝ မဟုတ်ပါဘူး။ ကျနော်တို့ ULA/AA ကလည်း အမှုကျူးလွန်ထားတဲ့သူကို ကိုယ့်အဖွဲ့ဝင်ဖြစ်လို့ လွှတ်ပေးလိုက် တယ်ဆိုတာက ကျနော်တို့မှာ မရှိပါဘူး။ ကျနော်တို့က ပြစ်မှုကျူးလွန်တဲ့သူကို ပြစ်မှုကျူးလွန်တဲ့အတိုင်း ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်မှာ ဖြစ်ပါတယ် ” ဟု ပြောသည်။

ULA/AA သည် ပြစ်မှုကျူးလွန်သည့် တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ အရပ်သားပြည်သူပဲ ဖြစ်ဖြစ် မည်သူ့ကိုမဆို “ကျောသား ရင်းသား” မခွဲခြားဘဲ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်သည့်အပြင် ရာဇဝတ်သားကို ပြတ်ပြတ်သားသား ပြစ်ဒဏ်ပေးကြောင်း ဦးခိုင်သုခက ဆိုသည်။ ဆရာမ ဒေါ်နှင်းယုနွယ်မှာ ကျွန်းပေါ်ပေါက်တော ကျေးရွာမှ အလယ် တန်းကျောင်း ရှိရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် သတ်ဖြတ်ခံရပြီး လည်လှီးဖြတ်ခံထားရသည့် ဒဏ်ရာများဖြင့် ဆရာမ၏ ရုပ်အ လောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့က ပန်းဖော်ပြင်ရွားသားများက တွေ့ရှိခဲ့သည်။ ဆရာမ အသတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးစစ်နေစဉ်အတွင်း ဆရာမနှင့်တစ်ရွားတည်းနေ ဦးမောင်မောင်အေးမှာ အိမ်သာသွားရာကနေ ထွက် ပြေးလွတ်မြောက်သွားသည့်အတွက် ရက္ခိုင့်တပ်တော်က အပူတပြင်းလိုက်လံရှာဖွေ ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်သည်။ ဆရာမ မှာ အစိမ်းသေ (ဒေသအခေါ်) သေသွားသည့်အတွက် အလောင်းကို ချက်ခြင်း မီးသင်္ဂြိုဟ်လိုက်ခြင်းကြောင့် ရက္ခိုင့်တပ်တော် စုံစမ်းရေးအဖွဲ့မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် သဲလွန်စရှာဖွေရေးနှင့် ဖြစ်စဉ်အမှန်ရှာဖွေခြင်းမှာ ခက်ခဲနေကြောင်း သိရသည်။  https://www.facebook.com/photo/?fbid=751385260334236&set=a.682731967199566

၂၂။ KIA က တပ်စခန်း သိမ်းပိုက်လိုက်တဲ့ လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲပြင်းထန်နေဆဲ
    September 25, 2023

KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လိုင်လွမ့်အောင်ဂျာ(Lailum Aungja)မှာ ကချင်လွတ် လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ စခန်းတစ်ခုသိမ်းပိုက်လိုက်တဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ ၁ ပတ် လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ လိုင်လွမ့်အောင်ဂျာမှာ စစ်ကောင်စီ တပ်စခန်း ၃ နေရာလောက်ရှိတဲ့ထဲက ဟဲလုံတပ်စခန်းကို KIA က သိမ်းပိုက်လိုက်တာဖြစ်ပြီး အဲဒီ ဟဲလုံတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟဲလုံအထက်မှာရှိတဲ့ တပ်စခန်းတစ်ခုမှာ ထပ်ပြီးပုန်းရှောင်နေကြတာဖြစ်တဲ့အတွက် အဲဒီနေရာကို KIA က ထပ်မံ တိုက်ခိုက်နေတာဖြစ်တယ်လို့ KIA နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။“အရင်တုန်းကတော့ ဟဲလုံ(လိုင်လွမ့်)လို့ ပဲခေါ်ကြတာ ရွာတည်တဲ့နောက်ပိုင်း အောင်ဂျာလို့ပြန်ခေါ်တယ်။ စစ်တပ်စခန်းရှိတဲ့ ညှာဖက်တစ်ခြမ်းမှာပဲ တပ်စခန်းက ၃ ခုလောက်ရှိတယ်။ ပထမအရင်ရောက်တဲ့ တပ်စခန်းက KIA က သိမ်းလိုက်တာ အဲဒါတာနဲ့ သူ့အထက်မှာ ဖားလုံလောက်အကွာ ပဲရှိတဲ့ အရင်က ဘုန်းကြီးကျောင်းနေရာလည်းဖြစ် ရဲတွေရှိခဲ့ နေရာဖက်မှာပုန်းခိုနေကြတာ။ အဲဒါကို KIA က ဝိုင်းပြီး လက်နက် ကြီးတွေနဲ့ပစ်နေတာ”လို့ပြောပါတယ်။

လက်ရှိ KIA က စစ်ကောင်စီတပ်တွေ ပုန်းခိုနေကြတဲ့ နေရာဘက်ကို လက်နက်ကြီးတွေနဲ့ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတဲ့အပြင် ခရာ(Hkaya) အောက်ဖက်ကနေလည်း တက်လာလို့မရအောင် မဒီယန်(Madi Yang) အနီးတဝိုက်မှာ လမ်းဆို့ပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ KIA က ဟဲလုံတပ်စခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ အဲဒီတပ်စခန်းကို ပြန်လည်သိမ်းပိုက်ယူဖို့ ခရာဘက်ကနေ စစ်ကောင်စီ စစ်အင်အားထပ်မံဝင်ရောက်လာတာတွေရှိနေတာတွေ၊ ပုန်းရှောင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့ မရအောင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့သူကပြောပါတယ်။ လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲဖြစ် ပွားနေတာနဲ့ ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “မဒီးယာန် အောင်ဂျာဘက်မှာက နေ့တိုင်းလိုလို ပစ်နေကြတာ။ အောင်ဂျာမှာပုန်းရှောင်နေတဲ့ စစ်ကောင်စီတပ်တွေက အပြင်ဘက်ကို ထွက်လာဖို့ မလွယ်သေးဘူး အဲကြောင့် KIA ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ နမ်ဆန်ယန်ကျေးရွာရဲ့ ချောင်းတစ်ဖက်ကမ်း မဒီးယန်ကျေးရွာ အထက်မှာရှိတဲ့ အောင်ဂျာကျေးရွာဖြစ်ပါတယ်။ https://burmese.kachinnews.com /2023/09/25/yl1-120/

၂၃။ စကစက ထန်တလန်သို့ တပ်အင်အားဖြည့်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ
    September 25, 2023

စက်တင်ဘာ ၂၄ ရက်နေ့က ဟားခါးမြို့ စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ဖက်သို့ ကား ၃ စီးဖြင့် တပ်အင်းအားဖြည့် တင်းပြီး စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှစတင်ကာ ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ထန်တလန်ဖက်ကို ပစ်ခတ်နေ တယ်လို့ သိရပါတယ်။ ထန်တလန်မြို့ကို ထိမ်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက်‌ကနေ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာ ယနေ့အချိန်ထိ ထန်တလန်မြို့မှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးသတင်းအရင်းအမြစ်နှင့် အနီးနားကျေးရွာ ဒေသခံတွေ ထံမှ သိရပါတယ်။

ယနေ့ မနက်ပိုင်း ၉ နာရီ ခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ တိုက်လေယာဉ်တစ်စင်း ထန်တလန်မြို့ဖက်ကို ပျန်သန်းခဲ့ တယ်လို့ ဟားခါးမြို့ဒေသခံတွေက ပြောကြပါတယ်။ မင်းတပ်မြို့မှာလည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုတွေပြုလုပ် လျှက်ရှိပြီး ယနေ့မနက်ပိုင်းတွင် မင်းတပ်မြို့ စစ်ကောင်စီတပ်က ရွာဖက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=845080067624615&set=a.71665 4970467126

၂၄။ နေအိမ်အတွင်း စစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိတာကြောင့် ဖရူဆိုဒေသခံ အမျိုးသမီး          တစ်ဦး သေဆုံး
   September 26, 2023

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးဟာ နေအိမ်ခြံဝန်းအတွင်း မြေမြုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ အဆိုပါ အမျိုးသမီး ဟာ အသက် ၅၀ ဝန်းကျင် အရွယ်ရှိပြီး မြေမြုပ်မိုင်းကြောင့် ခြေထောက် နှစ်ဖက်လုံးပြတ်ထွက်သွားပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။“သူကမိုင်းနင်းမိတော့ခြေထောက် ၂ ဖက်စလုံးပြတ်သွားတာပေါ့နော။ ဒူးထိ ဒူးအောက်ပိုင်း နှစ် ဖက်စလုံးပေါ့ လုံး၀ကြေမွသွားတယ်။ အစနတွေ အလောက်ပဲကျန်တော့တယ် အ့လိုမျိုးပါ့နော။” လို့ ဖရူဆိုမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ စစ်ဘေးရှောင်ရင်း ရိက္ခာယူဖို့အတွက် နေရပ်ပြန်ချိန်မှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ မိုင်းနင်းမိပြီးနောက် ဆေးရုံသွားတဲ့လမ်းမှာ သွေးထွက်လွန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။“ချက်ချင်းတော့အသက်မထွက်ဘူး ဆေးရုံသွားဖို့လုပ်နေသေးပေမဲ့လည်း ဆေးရုံကဝေး တော့ နဲနဲပဲသွားရသေးတယ်ပေါ့နော။ အသက်ကထွက်သွားတော့ ပြန်လှည့်လာရတဲ့ အနေထားမျိူးဖြစ်သွားတာပေါ့” လို့ သေဆုံး သူအမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ မြေမြုပ်မိုင်းနင်းမိတဲ့ အဆိုပါ လောကျေခူကျေးရွာမှာ စစ်ကောင်စီက စက်တင် ဘာလ ၁၀ရက်နေ့က စပြီး တစ်ပတ်ကြာ အခြေချ တပ်စွဲနေထိုင်ခဲ့တာဖြစ်ပါတယ်။ ဖရူဆို-ဘောလခဲလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီတပ်တွေ ၀င်ရောက်တပ်စွဲခဲ့တဲ့ ကျေးရွာတွေမှာ နေရာအနှံ့ မိုင်းထောင် ထားတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ် မပြန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )က တိုက်တွန်းထားပါ တယ်။ https://www.kantarawaddytimes.org/%e1%8 0%94%e1%80%b1%e1%80%a1%e1%80%ad%e99%e1%80

၂၅။ စစ်ကောင်စီ၏ မြေပြင်အနေအထားအားနည်းလာ၍ ပြည်သူ့စစ်တပ်ဖွဲ့များ အသုံးချလာကြောင်း KNU ပြော
    September 25, 2023

စစ်ကောင်စီအနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် ဖြစ်ပွားသော မြေပြင်တိုက်ပွဲများကို ထိန်းချုပ်နိုင်မှုအနေအထား ဆိုးရွားလာခြင်းနှင့်အားနည်းလာခြင်းတို့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့များအား အသုံးချလာနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်နှင့် (၂၀)ရက်နေ့တို့တွင် စစ်ကောင်စီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ နှင့်ပြည်တပ်နယ်ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်၍ စစ်ဝတ်ပစ္စည်းနှင့် ရိက္ခာများ အပ်နှင်းပေးအပ်ခဲ့သည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ခြင်းနှင့် စပ်လျှဥ်းပြီး KNU က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပဒိုစောကလယ်စေးက “မြေပြင်အနေအထား တော်တော်ဆိုးသွားလို့ပဲ လေတပ်အင်အားနဲ့ အသုံးပြုထိန်း ကျောင်းနေရတာ၊ ဒါကြောင့်ပဲ ပြည်သူ့စစ်မဟာဗျူဟာကို ပိုပြီးသုံး လာတာကို တွေ့ရတယ်။ ဒါကလည်း ပြည် သူတွေရဲ့ စိတ်ဓာတ်အပေါ်မှာ မူတည်ပါတယ်။ ပြည်သူ့စစ်ဆိုတာ ပြည်သူဆီကပဲလာ တာဖြစ်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးက သူတို့ကို လက်မခံတဲ့အချိန်မှာ ပြည်သူ့စစ်မဟာဗျူဟာကိုပဲ ဆင်နွှဲပါစေ အောင်မြင်မှု မရနိုင်ဘူး အဲ့လိုပဲမြင်တယ်။”ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကေအဲန်ယူထိန်းချုပ်နယ်မြေများဖြစ်သောတောင်ငူခရိုင်နှင့်ညောင်လေးပင်ခရိုင်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့၏ ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီ ဘက်က ပြည်သူများအား ၎င်းတို့ဆန္ဒ အလျောက်ဖြစ်စေ အတင်းအကြပ်ဖိအားပေး၍ဖြစ်စေ လက်နက် တပ်ဆင်ပေးကာ တိုက်ပွဲအတွင်း ပါဝင်စေသလို ကျေးရွာများ အတွင်း စစ်ကြောင်းထိုးစဥ် လိုက်ပါစေခြင်း၊ သတင်းရယူစေခြင်း စသည်ဖြင့် အမျိုးမျိုးအသုံးချလာကြကြောင်း တွေ့ရှိရသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောသည်။ ထို့အတူ စစ်ကောင်စီက ပြည်သူများအား ပုံစံမျိုးစုံဖြင့် ခြိမ်းခြောက်ပြောဆို၍ ပြည်သူ့စစ်တပ်ဖွဲ့များသို့ ဝင်ရောက်စေခြင်းကို ကြည့်ခြင်းဖြင့် တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီရဲ့ တပ်တွင်းအင်အားသည် နည်းပါးလာ၍ဖြစ်သည်ဟု သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းကလည်း ယခုလိုပြောသည်။“သူတို့ဘက်က အင်အားနည်းလာတာပေါ့၊ အင်အားနည်းလာလို့ပဲ ပျူစောထီးလို့ခေါ်တဲ့ပြည်သူ့စစ်တွေကို အသည်းအသန်ဖွဲ့တယ်။ အဲ့ဒီအဖွဲ့တွေထဲမှာ ခိုးဆိုးလုယက် အမှုအမျိုးမျိုးနဲ့လူတွေပါတယ်။ တချို့ ရွာသားတွေဆို ခြိမ်းခြောက် ခံရလို့ ဝင်လိုက်ရတဲ့သူတွေရှိတယ်။ စစ်တပ်ထဲမှာဆိုရင်လည်း ခြိမ်း ခြောက်ပြီးတော့မှ ဝင်ခိုင်းလို့ ကျနော်တို့ဒီဘက်ခြမ်းကို ရောက်လာတဲ့ CDM တွေရှိတယ်။”ဟု ၎င်းက ဆိုသည်။ https://kicnews.org/2023/09/%e1%80%85%e1%80%85%e1%80 %ba%e1% 80%80%e1%80%b1%e1%80%ac%e1

၂၆။ တိုက်ပွဲမရှိဘဲ မော်တုန်းက အမြောက်တပ် လက်နက်ကြီးရမ်းပစ်လို့ ဒေသခံတစ်ဦးကျည်ထိမှန်သေဆုံး
     September 25, 2023

တနင်္သာရီမြို့နယ်မှာရှိတဲ့ အရှေ့မော်တုန်းအခြေစိုက် အမြောက်တပ်က တပ်အနီးတဝိုက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ရွာသားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွါး မှုမရှိဘဲ မနေ့က ည ၈ နာရီလောက်မှာ အမြောက်တပ် အမတ (၃၀၆) တပ်ရင်းက သူတို့တပ်အနီးတဝိုက်က ရွာတွေကို ၈၁ မမ လက်နက်ကြီးနဲ့ အချက်ရေ ဆယ်ချက်ကျော်လောက် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလက်နက်ကြီးကျည်တစ်လုံးဟာ အရှေ့မော်တုန်း ကျေးရွာအုပ်စုထဲက အိမ်တစ်ဆောင်ရှေ့ကိုကျရောက်ခဲ့လို့ အသက် ၃၀ ကျော်အရွယ် ကိုတီငယ်ဆိုသူ လက်နက်ကြီးကျည် ထိမှန် ပြီးသေဆုံးခဲ့တာပါ။ “သူကလက်နက်ကြီးပစ်သံကြားလို့ အိမ်ရှေ့တံခါးထွက်ပိတ်တာ။ အဲဒီအချိန်ကွက်တိ လာကျပြီးထိတာ။ အူတွေပါထွက်သွားတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်နက် ကြီးထိမှန်ပြီးနောက် ဆေးရုံကိုပို့ဆောင်ဖို့ စီစဥ်ခဲ့ပေမဲ့ မိနစ်ပိုင်းအတွင်းမှာပဲ သွေးလွန်ပြီးသေဆုံးသွားတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ ကိုတီငယ်ရဲ့နေအိမ်ဟာ လက်နက်ကြီးပစ်ခတ်တဲ့ အမြောက်တပ်ရင်းနဲ့ တမိုင်မပြည့်တဲ့အကွာ အဝေးလောက်မှာ ရှိနေတာလို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ကိုတီငယ်ရဲ့ ​နေအိမ်အပါအဝင် ဒေသခံနောက်တစ်ဦးရဲ့ နေအိမ်တစ်ဆောင်လည်းပျက်စီးခဲ့ပါတယ်။ မနေ့ညကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်တွေဟာ အရှေ့မော်တုံး၊ ဇလုံး၊ ထုံနွယ်၊ ဘန်းလမွတ် စတဲ့ရွာတွေဘက်ကိုလည်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အခုလ ၁၉ ရက်နေ့ကလည်း အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်ရင်းကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ဗောဓိကမ်းရွာကဘုန်းကြီးကျောင်းပေါ်ကိုကျလို့ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့သလို အခုလ ၂၂ ရက်နေ့ကလည်း ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းက ပြင်ဝန်းရွာဘက်ကို လက်နက် ကြီးနဲ့ အများအပြားပစ်ခတ်ခဲ့လို့ နေအိမ်တချို့ပျက်စီးပြီး ဒေသခံတွေနီးစပ်ရာထွက် ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ တနင်္သာရီ ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “သူတို့ကပြောက်ကျားတိုက်ခံရတာများတော့ လန့်လန့်ပြီး ထထပစ်နေတာလို့ ထင်တယ်။ ခွေးဟောင်သံကြားရင်တောင် လက်နက်ကြီးထပစ်တာပါ” လို့ပြောပါတယ်။တိုက်ပွဲအတွင်းမဟုတ်ဘဲ အခုလိုည ဘက်အချိန်အခါမှာ လက်နက်ကြီးပစ်ခတ်နေတာဟာ တော်လှန်ရေးရဲဘော်တွေ ထိမှန်တာမျိုးလုံးဝမရှိဘဲ ပြည်သူတွေသာ ထိခိုက်သေဆူံးမှုတွေဖြစ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။ https://www.facebook.com/photo/?fbid=33984493 8433262&set=pcb.3398451 05099912

၂၇။ အင်းလေး ဖောင်တော်ဦးဘုရားပွဲ စည်ကားဖို့ စစ်ကောင်စီ ဖိအားပေးခိုင်းစေနေတယ်လို့ ဒေသခံတွေဆို
     September 25, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ လာမယ့် အောက်တိုဘာလ အတွင်း ကျင်းပမယ့် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော် ပွဲတော် စည်ကားစေဖို့ စစ်ကောင်စီက ဖိအားပေး ခိုင်းစေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖောင်တော်ဦး ဒေသစာရီ ကြွချီပူဇော်ပွဲတော်ကို COVID-19 ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ကြာ ရပ် နား ထားပြီးနောက် လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြန်လည် ကျင်းပဖို့ စစ်ကောင်စီနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေ စည်း ဝေး ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေက တစ်ရွာကို ဆွဲလှေ တစ်စီး မပါမနေရ အမိန့်ထုတ် ထားတဲ့အပြင် ဒေသစာရီ ကြွချီတဲ့ အချိန်မှာ အိမ်ရှိလူကုန် အပြင်ထွက် ဖူးမြော်ကြဖို့ တိုက်တွန်းထား တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး “သူတို့ Meeting (အစည်းအဝေး) လုပ်တုန်းက ရှေ့ဆုံးမှာ ထိုင် တဲ့ လူတွေသည် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရဲ၊ စရဖ၊ ဆည်မြောင်း ပေါ့နော်။ တကယ်တမ်း အင်းသားရိုးရာပွဲ အစစ် အမှန်ဆိုလို့ရှိရင် ဌာနဆိုင်ရာလူကြီးတွေက တကယ့်ပွဲနေ့ရောက်မှ လူထုဖိတ်ကြားလို့ လာရတယ်ဆိုတာမျိုး ဖြစ်သင့်တာ။ အခု တော့ ဒါရှင်းရှင်းလေးပဲ စစ်ကောင်စီကနေ ဖိအားပေးပြီးတော့ သူတို့ ဦးစီးတဲ့ပွဲ ဖြစ်နေပြီ။ ဒါက လုံးဝ အင်းသားရိုးရာပွဲ မဟုတ် ဘူး။ ဒါကို ကျမတို့လူမျိုးတွေက မမြင်တတ်တာလေ”လို့ Justice Movement for Community-Innlay အဖွဲ့အစည်း တည်ထောင်သူ ဒေါ်ယုလှိုင်သင်း ကပြောပါတယ်။

လက်ရှိ ကာလ အင်းလေးဒေသနေ ပြည်သူတွေ အနေနဲ့ ဝင်ငွေနည်းပါး ကြပ်တည်းနေလို့ ပွဲတော် စည်ကားဖို့ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ငွေကြေး အပိုကုန်ကျမှု များလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အင်းလေး ပြည်သူ့ ကာကွယ်ရေးတပ်-IPDF ပြန်ကြားရေး တာဝန်ခံက “ဘာသာရေးပွဲ ဖြစ်နေတဲ့အတွက် ကျနော်တို့မှာ ဟန့်တားခွင့် မရှိဘူးပေါ့။ ဒါပေမယ့် ဒီလို အကျယ်တဝင့် မလုပ်ဘူးဆိုတဲ့ အနေအထားကို မြင်တွေ့စေချင်တယ်ပေါ့။ ပြီးတော့ တခြား ဒေသမှာ လုပ်နေ ပြီးတော့ ငါတို့ဆီမှာ မလုပ်ရဘူးလား ပြောနေတဲ့ သူတွေက စစ်ကောင်စီ ဒေါက်တိုင်တွေ ပိုများတယ်ပေါ့နော်။ ပွဲမဖြစ်တာကြာလို့ ဖြစ်ချင်တယ်ဆိုတဲ့ ဟာကလည်း တကယ်တမ်း တော်လှန်ရေး စိတ်ရှိတဲ့သူတွေ၊ ရဲဘော်တွေက ဘယ်တော့မှ မပြောပါဘူး။ တချို့ ရွာတွေဆိုရင် မပါဝင်ချင်ကြဘူး။ တဖက်မှာလည်း တော်လှန်ရေး ရဲဘော်တွေကို အားနာတယ်ပေါ့။ ဒါပေမဲ့ စစ်ကောင်စီတွေ သည် အုပ်ကြီးတွေကနေ တစ်ဆင့် မသွားမနေရ ဒီလိုမျိုး ဖိအားတွေပေးတယ် ဆိုတော့ သူတို့မှာလည်း ဘေးကြပ်နံကြပ် ဖြစ် တယ်။ ဒီပွဲဟာ တာဝန်ယူမှု တာဝန်ခံမှုလည်း မရှိလောက်ဘူးလို့ မြင်တယ်”လို့ ‌ဝေဖန်ပြောဆိုပါတယ်။ https://www.facebook.com/photo?fbid=341504971569287 &set=a.285900490463069

၂၈။ ခမောင်းချောင်းရွာကနေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့
    September 24, 2023

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာက နေအိမ်တွေကို ဒီနေ့နေ့လယ်ပိုင်းကစလို့ စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလ ၂၁ ရက်ကစလို့ ရေဖြူအနောက်ဖက်ကမ်းမှာ စစ်ကြောင်းထိုးသွားလာ နေတဲ့ စစ်ကောင်စီတပ်တွေဟာ​ ဒီနေ့နေ့လယ် ၁၂ နာရီလောက်မှာ ခမောင်းချောင်းရွာထိပ်က နေအိမ်တချို့ကို စတင်မီးရှို့ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေ ၃ နာရီလောက်မှာလည်း ခမောင်းချောင်းနဲ့ ဧကနိရွာကြားက နေအိမ်တချို့ကို ထပ်မံမီးရှို့နေတယ်လို့ ဆိုပါတယ်။ “ဒုတိယခါမှာဆို မီးခိုးလုံးကြီးတွေက တောင်ယာမီးရှို့တဲ့မီးခိုးလုံးကြီးလိုပဲ” လို့မျက်မြင် တွေ့ရတဲ့ ဒေသခံအမျိုးသမီး တစ်ဦးကပြောပါတယ်။ နှစ်ကြိမ်အတွင်းမှာ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်အတိ အကျကို မသိရသေး ပေမဲ့ ဒေသခံတွေကတော့ ၄ ဆောင်ထက်မနည်းရှိပြီလို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက အခုလက်ရှိ ခမောင်းချောင်းရွာ၊ ဝက်ချောင်းရွာနဲ့ ဧကနိရွာတွေထဲမှာ ရှိနေပြီး မီးရှို့နေချိန် လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လာတဲ့ ၄ ရက်အတွင်း ဖမ်းဆီးစစ်ဆေးခံရတဲ့ဒေသခံအများအပြားရှိပြီး တချို့ကပြန်လွတ်လာခဲ့ပါတယ်။ လက်ရှိမှာလည်း ခမောင်းချောင်းရွာသား ဆယ်ဦးကျော်ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံက ဆိုပါတယ်။ ဖမ်းဆီးခံရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ရေဖြူမြို့နယ် အနောက်ဖက်ကမ်းက ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ရငဲ နဲ့ဝဇွမ်း တောရွာက ဒေသခံအားလုံးနီးပါးကတော့ စစ်ကောင်စီစစ်ကြောင်းဝင်လာကတည်းက နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါ တယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်အတွင်းမှာလည်း ခမောင်းချောင်းရွာနဲ့ လမ်းတဆက်တည်းဖြစ်တဲ့ ဧကနိရွာက နေအိမ် ၁၄ ဆောင်နဲ့ ဝဇွမ်းတောရွာက နေအိမ် ၃ ဆောင်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ https://www.facebook.com/photo?fbid=339431815141241&set=a. 196212679463156

၂၉။ ယခုမှ CDM ဝင်ပါက ဒဏ်ငွေ ၅ သိန်းပေးဆောင်ရမည်ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်
     September 25, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ဌာနအသီးသီးမှ Non CDM ဝန်ထမ်းများ ယခုမှ ပြည်သူ နှင်အတူပူးပေါင်းပြီး CDM ဝင်မည်ဆိုလျင် ဒဏ်ငွေ ကျပ် ၅၀၀,၀၀၀ ပေးဆောင်မှသာ လက်ခံတော့မည် ဖြစ်ကြောင်း တီးတိန်မြို့နယ်ပြည်သူ အုပ်ချုပ် ရေးအဖွဲ့မှ စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော Non CDM အများစုသည် CDM ဝန်ထမ်းများ ၏နေရာ၌ ဝင်ရောက်တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီ အမြန်ဆုံးနုတ်ထွက်ကြ ရန်နှင့် ယခုမှ CDM ဝင် လာမည့်သူများကို အလင်းဝင်လာသူများအဖြစ် ဒဏ်ငွေပေးဆောင်မှလက်ခံမည်ဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် Non CDM များအနေဖြင့် တော်လှန်ရေးအင်အားစုများအား အနှောက်အယှက်ပေးခြင်းများကို ရပ်တန်းကရပ်ကြရန် အသိ ပေးထားသည်။ “မြို့ပေါ်မှာဆန္ဒပြတုန်းက ရုံးမတက်နဲ့ ရုန်းထွက်ဆိုပြီး အော်ခဲ့သူတွေက ရုံးမတက်ဘဲ ရုန်းထွက်ခဲ့တဲ့သူ တွေရဲ့ နေရာမှာဝင်ပြီးလုပ်နေကြတာ။ အဲဒါကြောင့် အခုသူတို့တွေ အလုပ်ကထွက်မယ်ဆိုရင် ကျနော်တို့ CDM အနေနဲ့လက်ခံမှာ မဟုတ်ဘူး။ အဲဒီလို သူများနေရာမှာဝင်လုပ်ခဲ့တဲ့အတွက် ဒဏ်ငွေဆောင်ရမယ် ဆိုရင်တော့ လက်ခံမယ်”ဟု တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဆရာ Jebez က ပြောသည်။

NUG အစိုးရကလည်း ယခု CDM ဝင်မည့်သူများမှာ ယခင်က CDM ဝင်ခဲ့သူများနှင့် တန်းတူမဖြစ်နိုင်ဟု ပြောဆိုထား သည်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များအနေဖြင့် လက်နက်ဖြင့်အလင်းဝင်ပါ ကျပ်သိန်း ၅၀  အထက် ခံစားရမည် ဖြစ်ကြောင်းနှင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်အာဏာသိမ်ပြီးနောက် တီးတိန် မြို့နယ်ရှိ ဝန်ထမ်းဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် CDM ဝင်ရောက်ခဲ့ကြပြီး လတ်တလော စာရင်းပြုစုထားခြင်းမရှိသော်လည်း ၆၀ ရာခိုင်နှုန်းခန့်မှာ  CDM များအဖြစ် ရှိနေကြောင်းသိရသည်။ https://www.mizzim aburmese.com/article/133695

၃၀။ KNU ရဲ့ တပ်မဟာ ၆ နယ်မြေမှာ လောင်းကစားဝိုင်းလုပ်တဲ့သူတွေကို အရေးယူမယ်လို့ဆို
     September 25, 2023

ကရင်အမျိုးသား အစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၆ နယ်မြေမှာ လောင်းကစားဝိုင်းလုပ်တဲ့သူတွေကို အရေးယူမယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ တိုက်ပွဲ ဖြစ်ပွားတာကို အခွင့်ကောင်းယူပြီး လောင်း ကစား လုပ်ငန်းတွေ ပိုလုပ်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က “နိုင်ငံ ရေး မတည်ငြိမ်မှု ရယ် စစ်ပွဲတွေ ထောက်လျှောက် ဖြစ်နေတာရယ် အဲဒါတွေရဲ့ နောက်ဆက်တွဲက တရားဥပဒေ စိုးမိုးမှုက လျော့နည်းလာတယ်။ အဲဒါကြောင့် လောင်းကစားဝိုင်း အခြေအနေတွေက ပိုဆိုးလာတာ”လို့  ပြောပါတယ်။ သတင်းထုတ်ပြန်ပြီးနောက် ၄၅ ရက် အတွင်း ပညာပေးကာလ သတ်မှတ်ထားပြီး ၄၅ ရက်ကျော်ရင် မလိုက်နာတဲ့သူတွေကို အရေးယူသွားမယ်လို့ ၎င်းက ဆိုပါတယ်။

“ဒီပညာပေးတဲ့ရက် ၄၅ ရက်ကျော်သွားပြီး လိုက်နာမှုမရှိဘူးဆိုရင် အမိန့်ထုတ်ထားတဲ့အတိုင်း ကျနော်တို့ရဲ့ ကော်သူး လေ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားမယ် အရေးယူမယ်” လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေများ လာတဲ့အပြင် အိမ်ထောင်ကွဲတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တရားမဝင် လုပ်ငန်းတွေဖြစ်တဲ့ အွန်လိုင်းကာစီနိုလုပ်ငန်းတွေ မှာ KNU ရဲ့ ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေကြောင်း ပြည်ပရောက် ကရင်အဖွဲ့အစည်းတွေက အရေးယူပေးဖို့ အိတ်ဖွင့်စာ ပေးပို့ကာ တိုင်ကြားခဲ့ဖူးပါတယ်။ https://www.facebook.com/photo/?fbid=638692325104702&set=a.404503282

၃၁။ တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုက စစ်ဘေးရှောင်စခန်းကို ချိုးဖြူတပ်ဖွဲ့ စိုက်ပျိုးရေးပစ္စည်းတွေ ထောက်ပံ့
     September 25, 2023

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို ဟင်းသီး ဟင်းရွက် တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ဖို့ မျိုးစေ့တွေနဲ့ လယ်ယာသုံး ပေါက်ပြားတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့  ချိုးဖြူတော်လှန် ရေးတပ်-JPRF က ပြောပါတယ်။ အဲဒီ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၀ ကျော်နဲ့ လူဦးရေ ၁၉၀ ကျော်ရှိပြီး မျိုးစေ့ထုတ် ၅၀ ကျော်နဲ့ ပေါက်ပြား ၂၆ လက် လှူဒါန်းခဲ့တယ်လို့ JPRF တာဝန်ရှိသူက ပြောပါတယ်။“စစ်ရှောင် ပြည်သူတွေ စားနပ် ရိက္ခာ ပြတ်နေတာ ကြောင့် ကျနော်တို့ အဖွဲ့ အနေနဲ့လည်း အများကြီး မလှူနိုင်လို့ သူတို့အတွက်လည်း ပိုမိုထိရောက်မယ်ထင်လို့ အခုလို လှူပေး ရတာပါ” လို့ သူကရှင်းပြပါတယ်။ ဒီစိုက်ပျိုးရေး ပစ္စည်းတွေကို ဩဂုတ်လ ၆ ရက်နေ့က လှူဒါန်းခဲ့တာ ဖြစ်ပေမယ့် JPRF ရဲ့ လူမှု ကွန်ရက် စာမျက်နှာ အပိတ်ခံရတဲ့ အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှာ ဖော်ပြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့ကနေ စက်တင်ဘာ ၁၈ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ ကာကွယ်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အဲဒီ ငွေတောင်ရွာသစ်တိုက်ပွဲမှာ တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ JPRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ လက်ရှိ တိုက်ပွဲတွေ ငြိမ်နေ လို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ကျည်ပြန်ဖြည့်တာ၊ ပျက်သွားတဲ့ ဒရုန်းတွေ ပြင်နေတာ၊ ဒရုန်း ဗုံးသီး ထုတ်လုပ်တာ တွေ လုပ်နေတယ်လို့ JPRF အဖွဲ့က ဆိုပါတယ်။“စကစ ဘက်ကလည်း အဲ့လိုပဲ နေမှာပေါ့။ အင်အားဖြည့်တာတွေ ပြင်ဆင်နေ တာတွေ လုပ်နေတော့ အချိန်မရွေး တိုက်ပွဲတွေ ပြန်ပြင်းထန်လာနိုင်ပါတယ်” လို့ JPRF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီလို တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ဒီးမော့ဆို မြို့နယ်ထဲက စစ်ဘေးရှောင်တွေ နေအိမ်ပြန်လို့ မရတော့တာ၊ စီးပွားရေး လုပ်ကိုင် စားသောက်ဖို့ ခက်ခဲတာ၊ အလှူရှင်လာရောက် လှူဒါန်းမှု နည်းပါးတာတွေကြောင့် စစ်ဘေးရှောင်စခန်း တချို့မှာ ရိက္ခာတွေ ပြတ်တောက်လာတယ်လို့ သိရပါတယ်။ https://www.fac ebook.com/photo?fbid=342199348166516&set=pcb.3421995 24833165

၃၂။ နမ့်ဖတ်ကာရွာ စစ်ကောင်စစ်တပ်စခန်းအနီး အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ပြတ်သွား
     September 25, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၊ ရပ်ကွက် (၂) မှာ အမျိုးသား တစ်ဦး မိုင်းနင်းမိလို့ ညာခြေထောက် တစ်ဖက် ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာ ရပ်ကွက် (၂) ရှိ စစ်‌ကောင်စီတပ် ခမရ (၁၂၃) ရဲ့ တပ်စခန်း အနီးက ဗြုန်းတောင် တစ်ခုမှာ မနေ့ စက်တင်ဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ထင်းခွေသွားရာက မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။ “မိုင်းနင်းမိတဲ့အချိန် အသံကျယ်တယ်။ သူခြေထောက် တစ်ဖက်က ရစရာ မရှိတော့ဘူး။ ဆေးရုံရောက်မှ သူခြေထောက် ဖြတ်လိုက်ရတယ် “လို့ နမ့်ဖတ်ကာ ဒေသခံ တစ်ဦးက ပြောပါတယ်။ မိုင်းနင်းမိတဲ့ အမျိုးသားကို ကွတ်ခိုင်မြို့နယ်၊ ပြည်သူ့ဆေးရုံသိူ့ လူမှုကူညီ‌ရေးအသင်း‌တွေ ပို့ဆောင်ပေး ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဗြုန်းတောင် အနီးတစ်ဝိုက် ဒေသခံတွေ အသွား အလာ မလုပ်ဖို့ စစ်တပ်က တားမြစ်ထား တယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ “အဲနေရာ တပ်မ (၉၉) တွေ ခဏခဏ သွားလာတယ်။ အဲနေရာက ရွာခံတွေ သွားလာလုပ်တာ အရမ်းရှားတယ်။ အခု မိုင်းမိနင်းတာလည်း သူတို့ ထောင်ထားတဲ့မိုင်းပဲ ဖြစ်တယ်” သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းကလည်း နမ့်ဖတ်ကာကျေးရွာက အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးက အဖေ ဖြစ်သူနဲ့ ပြောင်းဖူးခြံ သွားရာက‌ မိုင်းပေါက်ကွဲပြီး ဘယ်ဘက်လက်မှာ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် -TNLA၊ ကချင် လွပ်မြောက်ရေး တပ်မတော် – KIA၊ ကိုးကန့် တပ်မတော် – MNDAA တို့အပြင် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားနေ ပါတယ်။ https://www.facebook.com/photo?fbid=342234914829626&set=pcb. 342234974829620

၃၃။ မတူပီ CDF တပ်ရင်း(၂)ထံသို့ အာဏာသိမ်းစစ်တပ်က တပ်သား ၂ ဦး ထပ်မံ အလင်းဝင်လာ
     September 25, 2023

အကြမ်းဖက်အာဏာသိမ်းစစ်တပ်က တပ်သား ၂ ဦး စက်တင်ဘာ ၁၈ရက်နေ့က အလင်းဝင်လာတယ်လို့ မတူပီ ချင်း ဒေသကာကွယ်ရေးတပ်(CDF)  တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ရဲဘော်(၂)ဦးဖြစ်သည့် တပ် သားမိုးအောင် (ကိုယ်ပိုင်အမှတ် -တ/၅၁၇၁၅၅၀)နှင့် တိုးနိုင်ဝေ (ကိုယ်ပိုင်အမှတ် -တ/၁၂၇၈၄၄)တို့ဟာ ၁၈-၉-၂၀၂၃ ရက်နေ့ တွင် လက်ပစ်ဗုံး ၂ လုံး နှင့် MA ကျည်ဆံ အထောင့် ၁၂၂ လုံးနဲ့အတူ  CDF Matupi Battalion- 2 ထံ အလင်းဝင်ရောက်လာခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ်လကုန်ပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးတို့ မတူပီ CDF တပ်ရင်း(၂)ဆီ အလင်းဝင်လာပြီး သုံးပတ်လောက်အကြာမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သား ၂ ဦး ထပ်မံ အလင်းဝင်လာတာလည်းဖြစ်ပါ တယ်။ ဩဂုတ် ၂၈ ရက်က အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တို့ဟာ လက်နက် ၂လက်နဲ့ ခဲယမ်းတွေနဲ့ ကျည်တွေယူ ဆောင်လာပြီး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာသူတွေကို ဆုငွေချီးမြှင့်ခဲ့တယ်လို့ မတူပီ CDF တပ်ရင်း(၂)က ထုတ်ပြန် ထားပါတယ်။ https://www.facebook.com/photo/?fbid=641713368069 668&set=a.269204935320515

၃၄။ ကချင်ပြည်နယ်တွင် တိုက်ပွဲများထပ်မံပြင်းထန်လာနိုင်ကြောင်း CDM တပ်မတော်သားများဆို
     September 25, 2023

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား လာမည့်လများအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း CDM တပ်မတော်သားများက ပြောသည်။ စစ်ကောင်စီတပ်က KIO/KIA ဌာနချုပ်ဖြစ် သည့် လိုင်ဇာမြို့ကိုသိမ်းပိုက်မည်ဟု ကြွေးကြော်ထားသကဲ့သို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာတွင် ဗိုလ်မှူးချုပ် စိုးလှိုင် အပြောင်းအလဲဖြစ်ပြီးနောက် စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်လာကြောင်း ဗန်းမော်မြို့နယ်မှ CDM ပြုလုပ်ခဲ့သည့် ဗိုလ်ကြီး ထက်မြတ် က ပြောသည်။“လိုင်ဇာကို သိမ်းမယ်လို့ ကြွေးကြော်နေတာတော့ ကြာပြီပေါ့နော်။ ဒါပေမဲ့ အဲ့ဒီလိုမျိုး ပြော ပြီးတဲ့ နောက်ပိုင်းမှာ စစ်တပ်တွေက ဘာမှမလုပ်နိုင်ဘဲနဲ့ KIA ကပဲ ပြန်လုပ်သွားတဲ့ ဖြစ်စဉ်တွေ ရှိတယ်ပေါ့နော်။ ပြီးတော့ အရင် မပခ တိုင်းမှူးဟောင်း ကိုကိုမောင် လက်ထက်မှာလည်း စစ်တပ်ဘက်က လုံလုံလောက်လောက် လုပ်နိုင်ခဲ့တာ မရှိဘူးပေါ့နော်။ အဲ့ဒီနောက်ပိုင်းမှာ မပခတိုင်းမှူး စိုးလှိုင် ပေါ့နော်၊ သူ့ကို ပြောင်းပြီးတော့မှ စစ်ဆင်ရေး ပိုပြီးလုပ်ဆောင်နိုင်ဖို့ ကြိုးစားလာတာရှိ တယ်။ ပြောရရင် စိုးလှိုင် က ကချင်ပြည်နယ်အကြောင်းကို တော်တော်လေး နောကျေထားတဲ့သူမျိုးပေါ့နော်။ အဲ့ဒီလို သူမျိုးဖြစ် တဲ့အတွက် အရင်လူနဲ့ မတူတဲ့ ပုံစံမျိုးတွေ အင်အား ဖြည့်တင်းတာပဲ ဖြစ်ဖြစ်၊ စစ်ရေးဖော်ဆောင်တာပဲဖြစ်ဖြစ် ပိုပြီးတော့လုပ် လာတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ယခုနှစ် ဇူလိုင်လဆန်းပိုင်းကစပြီး ဝိုင်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်(ခွဲ)၊ ဖားကန့်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေသောကြောင့် စစ်ရှိန်မြင့် လာနိုင်ကြောင်း မြစ်ကြီးနားလေတပ်မှ CDM ပြုလုပ်ခဲ့သည့် တပ်ကြပ်ကြီးတစ်ဦးက  ပြောသည်။“နဂိုကတည်းက ကချင်ဘက် က ငြိမ်းချမ်းရေးလက်မှတ်လည်း မထိုးထားဘူးဆိုတော့ အဲ့ဒီအငြှိုးတွေ ရှိတယ်။ အခုက NUG နဲ့အရမ်းနီးကပ်တာ ကချင်နဲ့ နီးကပ်တယ်လို့ သူတို့မြင်လို့ စစ်ကိုင်းအထက်ပိုင်းကို KIA အဖွဲ့တွေကူညီတာ ပါတယ်ဆိုတော့ အဲဒီအပေါ်မှာသူတို့ဒါ KIA က တကယ်အပေါ်ကနေ လက်နက်စီးဆင်းနေတယ်။ အဲဒီလိုမျိုးသူတို့ သုံးသပ်လို့နေမှာ၊ စစ်မီးက တဖြည်းဖြည်းချင်းတော့ မီးပိုပို ပြင်းလာတာပေါ့”ဟု ပြောသည်။ ကချင်ပြည်နယ်အတွင်း တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည့် စစ်ကောင်စီတပ် အရာရှိပိုင်းများက သယံဇာတထွက်ရှိသည့် ဒေသများနှင့် ဝင်ငွေရသည့် လမ်းကြောင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်း အထန် ကြိုးစားနေပြီး တိုက်ပွဲ ပြင်းထန်လာနိုင်ချေသည် KIA ၏ သဘောထားအပေါ်မူတည်နေကြောင်း ဗိုလ်ကြီး ထက်မြတ်က ဆက်ပြောသည်။ ကချင်ပြည်နယ်၊ မြို့နယ်အချို့တွင် ဩဂုတ်လကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့က ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီး စစ်ကောင်စီတပ်၏ ကသိုဏ်းတောင်စခန်းကို KIA တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့သည်။  https://www.facebook.com/photo?fbid=6308405325769 52&set=a.535867405407599

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button