သတင်း

တော်လှန်ရေးအကြောင်းပြပြီး အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခဲ့သော နွေဦးတော်လှန်ရေး ဆရာတော် အမည်ခံ အရှင်ကေသရအား တာဝန်ခံရန် တောင်းဆို

တော်လှန်ရေးအကြောင်းပြပြီး အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခဲ့သော နွေဦးတော်လှန်ရေး ဆရာတော်အမည်ခံ အရှင်ကေသရအား တာဝန်ခံရန် တောင်းဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၁ရက်၊ ၂၀၂၃။

တော်လှန်ရေးကိုအကြောင်းပြပြီး အမျိုးသမီးမျအပေါ် လိင်အမြတ်ထုတ်မှုများ ကျူးလွန်ခဲ့တဲ့ နွေဦး တော်လှန်ရေးဆရာတော်အမည်ခံ အရှင်ကေသရအား မိမိရဲ့ အပြစ်တွေကို ဝန်ခံပြီး တောင်းပန်ရန် အမျိုးသမီး အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများမှ တောင်းဆိုခဲ့ကြပါတယ်။

ထို ဘုန်းကြီးဟာ တော်လှန်ရေးမှာပါဝင်နေကြတဲ့ အမျိုးသမီးများကို သားပြောမယားပြော ပြောဆိုခြင်း၊ သူ၏ လိင်အင်္ဂါများကို အမျိုးသမီးများထံ ပြပေးခြင်း၊ ဘုန်းကြီးတစ်ပါးရဲ့ ဝိနည်း၊ ကျင့်ဝတ်၊ သိက္ခာ တွေနဲ့ ညီညွတ်စွာ နေထိုင်မှု မရှိခြင်း နှင့် နစ်နာသူအမျိုးသမီးများအပေါ်မှာ ခြိမ်းခြောက်ခြင်း၊ လုံခြုံရေး များကို တိုက်ခိုက်ခြင်းတို့ပါ ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါတယ်။

ထို ဘုန်းကြီးရဲ့ ကျူးလွန်မှုများကို ကျူးလွန်ခံရသူအမျိုးသမီးများ၏ နစ်နာမှုများကို Facebook စာမျက်နှာများတွင် သက်သေများနှင့်တကွ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ထိုသို့ ထုတ်ဖော်ပြောကြားထားသော်လည်း အရှင်ကေသရ ဆိုသူမှာ မိမိရဲ့ အပြစ်ကို ဝန်မခံပဲ ထို နစ်နာ သူအမျိုးသမီးများအပေါ်ခြိမ်းခြောက် တိုက်ခိုက်ခြင်းများ ပြန်လည် ပြုလုပ်နေလျှက် ရှိပါတယ်။

ထို့လုပ်ရပ်များအပေါ်မှာ အမျိုးသမီးအဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများမှ မိမိရဲ့ အပြစ်ကို ဝန်ခံပြီး တောင်းပန်ရန် နှင့် သာသနာကို ညှိုးနွမ်းစေသည့် လုပ်ရပ်ဖြစ်၍ လူဝတ်လဲရန် တောင်းဆို ထားကြပါတယ်။

” စစ်အာဏာရှင်ကို ထောက်ခံတဲ့ ဘုန်းကြီးတွေကို ဝေဖန်သလို တော်လှန်ရေး လုပ်နေပါတယ်ဆိုပြီး ဘုန်းကြီးကျင့်ဝတ်နဲ့ မညီ၊ ဒီလိုမျိုး လိင်အမြတ်ထုတ်တဲ့ ဘုန်ကြီးတွေကိုလည်း ဝေဖန်ရှုံ့ချသင့်တယ်။ တော်လှန်ရေးလုပ်နေတယ်ဆိုရုံနဲ့ ခွင့်လွှတ်ပေးလို့မရဘူး။ ဘုန်းကြီးတစ်ပါးဆိုရင် ဘုန်းကြီး တစ်ပါးရဲ့ ကျင့်ဝတ် သိက္ခာ နဲ့ အညီနေထိုင်ဖို့လည်း လိုတယ်။ ” လို့ ထိုင်းနိုင်ငံရှိ ထောက်ပံ့ရေး အဖွဲ့အစည်း တစ်ခုမှ FJMM ကို ပြောပါတယ်။

ထိုဘုန်းကြီးမှာ လက်ရှိ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရာများစွာတွင် လိုက်လံ တရားဟော နေသော်လည်း ဘုန်းကြီးရဲ့ ဝိနည်း၊ကျင့်ဝတ်များနဲ့ ညီညွတ် စွာ နေထိုင်ခြင်း မရှိကြောင်းကို အဆိုပါ ဘုန်းကြီးနဲ့ နီးစပ်သူများထံမှ သိရှိရပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်အမည်ခံ အရှင်ကေသရ ၏ အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ် ကျူးလွန်မှုများအတွက် လူမှုရေးပြစ်ဒဏ်အနေနဲ့ ဝိုင်းဝန်းရှုံ့ချပြီး နစ်နာသူအမျိုးသမီးများရဲ့ အမှန် တရားအတွက် ရပ်တည်ပေးကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပါတယ်။

Related Articles

Back to top button