သတင်း

စည်းရိုး Project ကနေ ရရှိတဲ့ လက်နက်အပ်နှင်းပွဲ အခမ်းအနားပြုလုပ်

စည်းရိုး Project ကနေ ရရှိတဲ့ လက်နက်အပ်နှင်းပွဲ အခမ်းအနားပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၂၅ ရက်၊ ၂၀၂၃။
 
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ(၄)က ပြုလုပ်တဲ့ သိန်းတစ်သောင်း “စည်းရိုး” Project ကနေ ရရှိလာတဲ့ လက်နက်များအပ်နှင်းပွဲ အခမ်းအနားကို ဒီကနေ့ ဩဂုတ် (၂၅)ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
“စည်းရိုး Project” က ရရှိခဲ့တဲ့ လက်နက်များကို KNDF ဗျူဟာ (၄) အောက်မှ တပ်ရင်းများဖြစ်တဲ့ တပ်ရင်း (၁)၊ တပ်ရင်း (၅)၊ တပ်ရင်း (၆) နှင့် တပ်ရင်း (၇) တို့ကိုပေးအပ်ခဲ့ကြောင်း စည်းရိုး စီမံကိန်းရဲ့ အစီအစဉ်ကနေ ဖော်ပြထားပါတယ်။
 
ဒီကနေ့ ကျင်းပတဲ့ လက်နက်နှင်းပွဲ အခမ်းအနားကိုတော့ ဗျူဟာ(၄) ရဲဘော်များက စစ်ရေးပြသခဲ့ပြီး၊ KNDF ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဗျူဟာ(၄) မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ ရဲဘော်များနဲ့ မြေပြင်က Fundraiser များလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
 
အခုလို လိုအပ်တဲ့ လက်နက်များ ဖြည့်တင်းနိုင်ရေးအတွက် “စည်းရိုး” တည်ဆောက်ရာမှာ အဖက်ဖက်က ကူညီ အားဖြည့်ပံ့ပိုး ပေးခဲကြတဲ့ တော်လှန်ပြည်သူများ၊ Influencer များ နှင့် နိုင်ငံအသီးသီးမှ Fundraisers များသာမက OFP (Official Fundraising Program) ကိုလဲ ကျေးဇူးတင်ကြောင်းနဲ့ “စည်းရိုး Builders” တို့ရဲ့ အထောက်အပံ့များ အလဟသ မဖြစ်စေဖို့ အကောင်းဆုံး ကြိုးစား သွားမည်လို့ သူတို့အဖွဲ့က ကတိပြုထားပါတယ်။
 
ဓါတ်ပုံ – စည်းရိုး- The Fence

Related Articles

Back to top button