သတင်း

၈ကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံမှ ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေလ ၃ရက်၊ ၂၀၂၃။

၈ကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံကို ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်တွင် BNI ( Burma News International ) မှ ထိုင်းနိုင်ငံတစ်နေရာတွင် ဦးဆောင် ကျင်းပခဲ့ပြီး ညီလာခံမှ ထုတ်ပြန်ချက်ကို ယနေ့ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာမီဒီယာများကို ကိုယ်စားပြုခြင်း မရှိကြောင်း တစ်ခုနက် သဘောတူ ရှုတ်ချခဲ့ကြကြောင်းနှင့် ထို့အပြင် လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ထိန်းကျောင်းပေးမည့် အမှီအခိုကင်းသော ကိုယ်တိုင်ထိန်းညီမှု ယန္တရား (Independent Self-Regulatory Body) တစ်ခုကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြပြီး အဆိုပါ ယန္တရား ပေါ်ပေါက်ရေးအတွက် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ကြကြောင်း သိရပါတယ်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် အသုံးပြုရန် တိုင်းရင်းသား မီဒီယာ မူဝါဒ အဆိုပြုချက်များကို ရေးဆွဲအတည်ပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွေ ဖော်ပြထားပါတယ်။

ညီလာခံကို တိုင်းရင်းသားမီဒီယာ ၄၀ မှ သတင်းသမား ကိုယ်စားလှယ်များ နှင့် မိတ်ဖက် အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြပြီး ညီလာခံကို ၃ရက်တာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ညီလာခံမှ စစ်ကောင်စီ၏ အာဏာလုယူနေစဥ်ကာလအတွင်း သတင်းသမားများ၏ အခက်အခဲများ၊ သတင်းမီဒီယာ ကဏ္ဍ မှ ဖက်ဒရယ်ဒီမိုကရေစီကို ပါဝင်ဖော်ဆောင်နိုင်ရေး၊ မြန်မာ့အရေးနှင့် မြန်မာပြည်သူတို့၏ အသံများကို အာစီယံ ဒေသများကို ပြန့်နှံ့လာအောင် ဖော်ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

Related Articles

Back to top button