သတင်း

စီးပွားရေးအကြံပေး ရှောင်တာနယ်၊ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီ ဘိုမန်း နိုင်ငံခြားသား ၄ ဦး အပါအဝင် အကျဉ်းသား ၆၀၀၀ နီးပါးကို စစ် ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၇

ဩစတြေးလျနိုင်ငံသား စီးပွားရေး အကြံပေး ရှောင်တာနယ်၊ ဗြိတိန် သံအမတ် ကြီးဟောင်း ဗစ်ကီဘိုမန်း အပါအဝင် နိုင်ငံခြားသား လေး‌ယောက် အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၆၀၀၀ နီးပါးကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်း ခွင့် ပေးလိုက်ပါတယ်။

ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးတဲ့ နိုင်ငံခြားသား လေးယောက်ကတော့ ဩစတြေး လျနိုင်ငံသား စီးပွားရေး အကြံပေး ရှောင်တာနယ်၊ ဗြိတိန် သံအမတ်ကြီး ဟောင်း ဗစ်ကီဘိုမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာ နဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး တို့ဖြစ်ပြီး ပြည်နှင်ဒဏ် ပေးလိုက် တယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်း အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ယောက်ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတယ်လို့ အမိန့် ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်းရဲ့ ခင်ပွန်း ပန်းချီ ဆရာ ကိုထိန်လင်း နဲ့ ဟာသ သရုပ်ဆောင် ဆင်မ ကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်း ခွင့် ပေးတယ်လို့ အမိန့်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် NLD အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ ၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက် တာ လဲ့လဲ့မော် နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး တို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတယ်လို့ အမိန့် ထုတ်ပြန်ထားပါတယ်။

အလားတူ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားတဲ့ သရုပ်ဆောင် ဖွေးဖွေး၊ အဆိုတော် နီနီခင်ဇော် ၊ သရုပ်ဆောင် သဇင်ထူးမြင့်၊ ယွန်းဝတီလွင်မိုး၊ မော်ဒယ် ထက်ထက်ထွန်း နဲ့ နန်းခင်ဇေယျာ အပါအဝင် အနုပညာရှင် ၁၁ ယောက်ကိုလည်း အမှုပိတ်သိမ်းပေးတယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရကတော့ အမျိုးသားနေ့ကို ဂုဏ်ပြု‌တဲ့အနေနဲ့ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ အကျဉ်းသား ၅၇၇၄ ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ပါ တယ်။ နိုင်ငံခြားသား လေးဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပြီး ပြည်နှင် ဒဏ် ပေးမှာ ဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ -က နဲ့ ပြစ်ဒဏ်ကျခံနေရသူ အများစု ပါပါ တယ်။ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းနဲ့အညီ ဒီနေ့ ပြန်လွှတ်ဖို့ ‌ဆောင် ရွက်သွားတယ်”လို့ စစ်ကောင်စီ အာဘော် သတင်းဌာနတွေကို ပြောထား ပါတယ်။

ဒီကနေ့ စစ်ကောင်စီရဲ့ အကျဉ်းချထားသူများကို လွတ်ငြိမ်းခွင့်ပေးတာဟာ တဖက်က နိုင်ငံတကာရဲ့ ဖိအား ပေးလာမှုအပေါ် ရှောင်လွဲနိုင်ဖို့နဲ့ ၎င်းတို့ စစ် ကောင်စီအဖွဲ့ကို နိုင်ငံတကာရဲ့ ထိတွေ့ဆက်ဆံခွင့် ထပ်မံရအောင် ဖန်တီး လိုက်တာ ဖြစ်တယ်လို့လည်း ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။

Related Articles

Back to top button