တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 68, August 25, 2023)

၁။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားကလေးငယ် ၃ဦး ထိခိုက်ဒါဏ်ရာရ
    August 24, 2023

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကကျေးရွာတရွာကို စစ်ကောင်စီတပ်က (ဩဂုတ်လ၂၃ ရက်) နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ကလေးငယ် ၃ ဦး ဒါဏ်ရာရရှိသွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် (KNDF)က ထုတ်ပြန်ပါတယ်။ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက အရပ်သား ပြည်သူတွေနေထိုင်ရာ ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအခုလိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါကျေးရွာကို  စစ်ကောင်စီ တပ် အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဘက်ကနေ ဒရုန်းနဲ့ ဗုံးလာကြဲခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာထဲက နေအိမ် ၁လုံးပျက်စီးခဲ့ပြီး အသက်၁၀နှစ်ဝန်းကျင် ကလေးငယ် ၃ဦးထိခိုက်ဒါဏ်ရာရရှခဲ့ကာ ၁ဦး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ KNDF က ဆိုပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တာ၊ ဗုံးကြဲတိုက် ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုတွေကို  ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာလို့ KNDF က ဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=726239936184082&set=a.501239 188684159

၂။ DPLF ဖွဲ့စည်းပြီးနောက် ဓနုဒေသနဲ့ ဆက်စပ်ဒေသတွေမှာ ဖမ်းဆီးခံရသူ ၅၀ နီးပါး ရှိလာ
   August 24, 2023

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF ဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က ကြေညာပြီး နောက်ပိုင်း ရှမ်းပြည် နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနဲ့ ရွာငံမြို့နယ် အပြင် ထိစပ်နေတဲ့ သာစည်၊ ရပ်စောက်၊ အင်တော စတဲ့ မြို့နယ်တွေက ပြည်သူ ၅၀ နီးပါး ဖမ်းဆီး ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဖမ်းဆီးခံရသူတွေ အနက် ၁၀ ဦး ဝန်းကျင် ပြန်လွတ်လာပေမယ့် အများစုကိုတော့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ ရဲစခန်းမှာ ချုပ်နှောင်ထားဆဲဖြစ်ပြီး တချို့ကို တော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) စစ်ကြောရေး စခန်း ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ DPLF ရဲဘော် တစ်ဦးက “ကြေညာပြီးတဲ့ နောက်မှာတော့ ပြည်သူတွေကလည်း ထောက်ခံတယ် ဆိုတာ သိကြရမှာပါ။ ကြိတ်ထောက်ခံတာ၊ ပွင့်ပွင့်လင်း လင်း ထောက်ခံတာတွေလည်း ရှိတယ်။ ဒါပေမယ့် ထောက်ခံသူတွေ ရဲရဲတင်းတင်း မထောက်ခံရဲအောင် သူတို့ (စစ်ကောင်စီ) က ဒီလို ဖမ်းဆီးတာတွေ လုပ်တယ်။ ပြီးတော့ ကျနော်တို့မှာ အသစ်ဝင်လာကြမယ့် ရဲဘော်အသစ်တွေ ရှိတယ်။ အဲရှိတဲ့ဟာတွေ ကျနော်တို့ဆီ မလာရဲအောင် မဆက်သွယ်ရဲအောင် ဆိုတဲ့ အနေအထားနဲ့ သူတို့ ဖမ်းဆီးနေတာလို့ မြင်တယ်” လို့ ပြောပါတယ်။

ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၄ ရက်နေ့အထိ ပင်းတယနဲ့ ရွာငံမြို့နယ်မှာ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သား ၂၀ ကျော်အထိ ရှိပြီး လူနေအိမ် ၄ လုံး မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေနဲ့ ထိစပ်နေတဲ့ သာစည်၊ ရပ်စောက်၊ အင်တော စတဲ့ မြို့နယ်တွေမှာ ဇူလိုင်လ ၂၉ ရက် ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ အရပ်သား အယောက် ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။“ကျနော်တို့ အဖွဲ့ ပေါ်လာလို့ ဖမ်းတာ ဖြစ်နိုင်တယ်။ ရပ်စောက်ဆိုလည်း ဓနုဒေသ ဖြစ်လို့ DPLF ပေါ်လာလို့ ဖမ်းတာ သေချာပေါက် ဖြစ်နိုင်တယ်။ တကယ်ကြီး တိုက်ရိုက် ပတ်သက်လား ဆိုတာကတော့ သူတို့ သိချင်မှ သိလိမ့်မယ်။ ရပ်စောက်မှ မဟုတ်ဘူး။ ပင်းတယ၊ ရွာငံ မှာတွေလည်း ဖမ်းနေကြတာပဲ။ ဒါပေမယ့် အခု တိုက်ဆိုင် တာကတော့ ကျနော်တို့အဖွဲ့  ကြေညာပြီးမှ ဓနုဒေသမှာ တောက် လျှောက် ဖြစ်လာတာ” လို့ DPLF ရဲဘော်က ရှင်းပြပါတယ်။ စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်ခွဲကျော် ကာလအတွင်း ဓနုဒေသမှာ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ အရပ်သား ၄၀ ကျော်အထိ ရှိပြီး မီးရှို့ခံရတဲ့ လူနေအိမ်ပေါင်း အလုံး ၅၀ ကျော်အထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/photo/?fbid=325669723 152812&set=a.285900490463069

၃။ BGF ဗိုလ်နဲ့ ဇနီးဖြစ်သူကို တော်လှန်ရေးအင်အားစုတွေ ပစ်ခတ်လို့ သေဆုံး
    August 24, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်တဦးနဲ့ ဇနီးတို့ကို  သြဂုတ်လ ၂၄ ရက်၊ မနက် ၇ နာရီကျော်ခန့်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF ) က ထုတ်ပြန်ထားပါတယ်။“ ကျွန်တော်တို့ သတင်းရလို့ သွားစောင့်ပြီး ပစ်တယ်။ တာဘောင် လမ်းပေါ့ဗျာ။ အဲဒီလမ်းမှာ တံတားတခုရှိတယ်။ ဝိုင်းပစ်တော့ လမ်းဘေး ထိုးကျသွားတယ်။ မျက်မြင်တွေ့ခဲ့တာပါဗျာ။ ပွဲချင်းပြီး ဘဲ သူတို့လင်မယားနှစ်ဦးစလုံး သေသွားတယ်”လို့ အဲဒီအဖွဲ့  စစ်ရေးတာဝန်ခံ ကိုရဲသွေးညီ က ပြောပါတယ်။ ကရင်နယ်ခြား စောင့်တပ် (BGF) ဗိုလ်ဝင်းစိုးနဲ့ ဇနီး ဒေါ်ဇင်မာမျိုးတို့ဟာ အိမ်စီးကား Mark II ကားနဲ့ မောင်းနှင်လာစဉ် ကျိုက်ထိုမြို့နယ်၊ ကာ့ထင်းကျေးရွာ နဲ့ ဘိုရားကြီးကျေးရွာရှိ တာဘောင်တံတား အရောက်မှာ KRF နဲ့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်ဝင်းစိုးမှာ ဦးခေါင်းထိပ်ပွင့်ဒဏ်ရာ တချက်၊ ရင်ဘတ်နဲ့ ဒူးမှာ ကျည်ဖောက်ထွင်းဒဏ်ရာ သုံးချက်၊ ဒေါ်ဇင်မာမျိုးမှာ ဝဲနာထင်နဲ့ လက်ဖျံမှာ ကျည်ဖောက်ထွင်းဒဏ်ရာ နှစ်ချက်နဲ့ အခင်းဖြစ်ရပ်နေရာမှာ ပွဲချင်းပြီး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသွားတဲ့သူနှစ်ဦးရဲ့ ကားပေါ်ကနေ သေနတ်နှစ်လက်၊ BGF တပ်ဖွဲ့ဝင်စိစစ်ရေးကတ်နဲ့ ဆက်စပ်ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။ ဗိုလ်ဝင်းစိုးနဲ့ ဇနီးဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ်ကိုင်နေတာ၊ သောင်နုမြေဧကတွေကို သိမ်းယူတာ၊ တက်ကြွ လှုပ်ရှားသူတွေကို သတင်းပေးဖမ်းဆီးခိုင်တားနဲ့ လောင်းကစားဝိုင်း လုပ်ကိုင်တာတွေကြောင့် ပစ်ခတ်ခဲ့တာလို့လည်း ကိုရဲသွေးညီ က ပြောပါတယ်။ “ လွန်ခဲ့တဲ့ တနှစ်လောက်က ကလေးကို တမင်သက်သက် ပစ်သတ်သွားတာလည်း ရှိတယ်။ ရွာတွေသွားရင်လည်း လက်နက်ပြပြီး ခြိမ်းခြောက်တာ ရှိတယ်။ လောင်းကစားတွေဆို မပြောနဲ့တော့ နှစ်ယောက်လုံး ” လို့ ကိုရဲသွေးညီ က ဆိုပါတယ်။ https://deltanewsagency.com/41487/

၄။ မင်းတပ်မြို့က ကျောင်း၊ဆေးရုံနဲ့ ဌာနဆိုင်ရာရုံးအားလုံး ပိတ်ထားရ
    August 24, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က ဆေးရုံ၊ ကျောင်းနဲ့ ရုံးဌာနတွေအားလုံးကို အခုလ ၂၁ ရက်ကစပြီး ပိတ်သိမ်းထား တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘာကြောင့်ပိတ်ခိုင်းလဲဆိုတာ သေချာမသိပေမယ့် စစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ ပိတ် လိုက်တာ ဖြစ်တယ်လို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။“စစ်တပ်က ညွှန်ကြားတယ်လို့ကြားတယ်။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကတော့ သေချာမသိဘူး။ ဒါပေမယ့် အရင်တခါတုန်းက သူတို့ (စစ်ကောင်စီတပ်) ကျန်းမာရေးထဲက ကား တစ်စီးကို ကာကွယ်ရေးအဖွဲ့တွေက ရသွားတာရှိတယ်၊ မြို့ပေါ်မှာပဲ။ အဲ့ဒါနဲ့ဆက်စပ်ပြီးလို့တော့ ကြားတယ်။ ဆေးရုံတွေပါ ပိတ် ထားတော့ ကိုယ်ဝန်ဆောင်တွေ၊ လူနာတွေ ဒုက္ခရောက်ကြတာပေါ့”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မင်းတပ်မြို့က ကျောင်းအချို့နဲ့ စစ်ကောင်စီလက်အောက်ခံ ရုံးဌာန အချို့ မလည်ပတ်နိုင်ဘဲ လက်ရှိမှာတော့ အားလုံးပိတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ကိုယောမာန်ကတော့ မြို့ပေါ်ဆေးရုံမှာရှိတဲ့ ကားသုံးစီးထဲက တစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့CDF လူငယ်တွေက ရအောင်ယူပြီးနောက်ပိုင်းမှာ စစ်ကောင်စီက စိတ်ဆိုးပြီး လုံခြုံရေးမပေးတော့တာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေ ကို ဖြေဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=684110763757 616&set=a.477257421109619

၅။ ကလိန်အောင်မြို့ ကျောက်ရှပ်ရွာတွင်  လက်နက်ကိုင်ဆောင်ထားသော စစ်ကောင်စီသတင်းပေး ပျူစောထီး တစ်ဦး     ပစ်သတ်ခံရ
   August 23, 2023

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့ ကျောက်ရှပ်ရွာတွင်  လက်နက်ကိုင်ဆောင်ထားသော စစ်ကောင်စီ သတင်းပေး ပျူစောထီးတစ်ဦးကို  သြဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခွဲ အချိန်ခန့်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကလိန်အောင်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (SPRING DHAMMA PDF KLA) တပ်ဖွဲ့ထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ကျောက်ရှပ် ကျေးရွာက စစ်ကောင်စီသတင်းပေး ဟုဆိုသူ ပျူစောထီး အသက် ၅၇ နှစ်ဝန်းကျင်အရွယ်ရှိသူ ဦးသိန်းစိုး ဆိုသူဖြစ်ကြောင်းသိရ သည်။ “သူက ရွာထဲမှာ အရမ်းဆိုးတဲ့သူ။စစ်တပ်နဲ့ပေါင်းပြီး ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ပြီးအမျိုးမျိုး ဒုက္ခပေးတယ်။ နေအိမ် တွေကိုလည်း စစ်တပ်နဲ့ပေါင်းပြီး ရိုက်ချိုးဖျက်ဆီးတယ်။ ပြီးတော့နင်တို့ကို ငါစစ်တပ်နဲ့ ဖမ်းခိုင်းလိုက်ရမလားလို့ လည်းအမြဲခြိမ်း ခြောက်တယ်။ ရွာသားတွေလည်း ရွာမှာတောင် သိပ်မနေရဲကြတော့ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ရဲဘော်တွေဟာ နွယ်လိမ်မှာရှိတဲ့ သူရဲ့ ဥယျာဉ် ခြံက ဆိုင်ကယ် နဲ့ အပြန် လမ်းပိုင်း တစ်နေရာ မှာ စောင့်ကြိုပစ်ခတ်ရှင်းလင်းလိုက်တယ်။ သူနဲ့အတူပါလာတဲ့ သူ့သားမက် ကိုတော့ အပြစ်မရှိလို့ပြန်လွှတ်ပေးခဲ့တယ် “ဟု ပြန်ကြားရေး တာဝန်ခံ လင်းယုန်က ပြောသည်။

အဆိုပါ  စစ်ကောင်စီသတင်းပေးဟုဆိုသူ  ဦးသိန်းစိုး ကိုပစ်ခတ်မှုရှင်းလင်းအပြီးတွင် M4- 16  နှင့် ပစ်ခတ်ရသည့်  လက် လုပ် အတိုတစ်လက် နှင့် ဆက်စပ်ပစ္စည်းများ၊စစ်ကောင်စီနှင့် ဆက်သွယ်ထားသော အချက်အလက်များ နှင့် ဖုန်းနံပါတ်တို့ကို လည်း သိမ်းဆည်းရရှိခဲ့ကြောင်း  သိရသည်။ ဦးသိန်းစိုး ကို ဇူလိုင်လအတွင်းကလည်း  ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်က  စစ်ကောင်စီသတင်းပေး ဆက်မလုပ်ရန် ခေါ် ယူသတိပေးခံပြီးနောက် ဦးသိန်းစိုးသည်  နေအိမ် တွင် ဆက်မနေတော့ ပဲ ကလိန်အောင် မြို့အခြေစိုက် ခမရ -၄၀၈ ခြေမြန်တပ်ရင်းတွင် သွားရောက်ခိုအောင်းနေထိုင် ကာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး သတင်းပေး ဆက်လက်လုပ်ဆောင်နေသောကြောင့် ပစ်ခတ်ရှင်းလင်း ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ https://www.facebook.com/photo/?fbid=62577 5443024812&set=a.583120797290277

၆။ ဖားကန့်လမ်းပိုင်းတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ
    August 25, 2023

ဖားကန့် – ကာမိုင်းလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် KIA တို့ ယနေ့နံနက် ၆ နာရီခန့်မှစပြီး တိုက်ပွဲပြန်လည် ဖြစ်ပွါးနေကြောင်း သိရသည်။ နန့်ယားအထက် ဖားကန့်သို့ သွားရာလမ်းပိုင်းတွင် လက်ရှိချိန် တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်ပြီး ယင်း လမ်းပိုင်း သွားလာရေးကို ဆက်လက် ပိတ်ပင်ထားသည်ဟု ကားဆရာတစ်ဦးက ပြောသည်။“အခု တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ လမ်းကနောက်သုံးရက်လောက် ဖွင့်ဖို့မမြင်သေးဘူး။”ဟု ၎င်းက ပြော သည်။ ယမန်နေ့ ကလည်း နန့်ယား – မအူပင်ရေကာတာကျေးရွာကြားတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။ ထို့ပြင် ယမန်နေ့ည ၈ နာရီက အင်အား ၁၂၀ ခန့်ပါဝင်သည့် တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း အမှတ် ၁၂ ခမရ စစ်ကြောင်းသည် နန့်ယားကျေးရွာတွင် ပိတ်မိ နေသည့် ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ဘုရားကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်ပြည်သူ ၁၀၀ ခန့်ကို ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင် ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် စစ်ရှောင်ပြည်သူများသည် ကျောက်ထုကျေးရွာ၊ အွန်ကထောင်ကျေးရွာနှင့် ခင်တောင်ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းကလည်း ကာမိုင်းမှ ဖားကန့်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကျောက်ထုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်။  တိုက်ပွဲဖြစ်ပွါး ပြီးနောက် KIA က နန့်ယားအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်ဆို့နေရာယူထားသည့်အတွက် နန့်ယားကျေးရွာတွင် ခရီးသည်နှင့် ကားဆရာများ ပိတ်မိနေခြင်းဖြစ်သည်။ ဩဂုတ်လ ၂၂ ရက်နေ့ တိုက်ပွဲဖြစ်ပွါးစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် နန့်ယားကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရခဲ့သည်။ https://www.facebook.com/photo/?fbid=68994 2913169602&set=a.605896064907621

၇။ ပအိုဝ်း ၀ါရင့်နိုင်ငံရေးသမား ဦးခွန်မောင်တုတ် ကွယ်လွန်
    August 24, 2023

ပအို၀်း ဝါရင့်နိုင်ငံရေးသမား ဦးခွန်မောင်တုတ် ဟာ ဩဂုတ်လ ၂၃ ရက်၊ ညမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ ရင်းနှီးသူတွေက အတည်ပြုပါတယ်။ မနေ့ ညနေ ၅ နာရီ မိနစ် ၂၀ မှာ ဦးခွန်မောင်တုတ် ဟာ ၎င်းနေထိုင်တဲ့ တောင်ကြီးမြို့ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီ ဖြစ်ပါတယ်။ “မနေ့က ဆုံးသွားတာဟုတ်ပါတယ်။ သူက ပအိုဝ်းနိုင်ငံရေး သမိုင်းမှာ ရှေ့မှီနောက်မှီ တစ်ယောက်လည်း ဖြစ်တယ်။ ပအမဖပါတီမှာ ခေတ် အဆက်ဆက် ရပ်တည်ခဲ့တဲ့သူပါ” လို့ ဦးခွန်မောင်တုတ် နဲ့ရင်းနှီးတဲ့ ပအိုဝ်းလူငယ်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါ တယ်။ ဦးခွန်မောင်တုတ် ဟာ PNO အဖွဲ့နဲ့ နအဖ စစ်ကောင်စီတို့ ၁၉၉၁ မှာ ငြိမ်းချမ်းရေးယူနိုင်ဖို့ အကျိုးဆောင်အဖွဲ့မှာ အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပတဲ့ ညောင်နှစ်ပင် ညီလာခံမှာ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် -ပအမဖ ပါတီ ကိုယ်စား တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဦးခွန်မောင်တုတ် ဟာ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် -ပအမဖပါတီ တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ်မှ ကွယ်လွန်ချိန်ထိ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် -PNO ပါတီရဲ့ နာယကအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပါတယ်။ PNO ပါတီဟာ လက်ရှိအာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ပါတီမှတ်ပုံတင်ထားတဲ့ပါတီ ဖြစ်ပါတယ်။ https://www.faceb ook.com/photo/?fbid=3256638 26486735&set=pcb.325663916486726

၈။ ဖယ်ခုံမှာ တောင်ယာလုပ်နေတဲ့ လင်မယားကို စစ်ကောင်စီပစ်ခတ်၊ အမျိုးသား သေဆုံးပြီးရုပ်အလောင်း ကျပ်သိန်း      ၃၀ နဲ့ ပြန်ရွေးရ
    August 24, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိနဲ့ စက်တော်ရာကျေးရွာ အနီးမှာ တောင်ယာလုပ်ကိုင်နေတဲ့ လင်မယားကို စစ်ကောင်စီက ဩဂုတ်လ ၂၁ ရက်၊ မနက်ပိုင်းက အကြောင်းမဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားဖြစ်သူ သေဆုံးသွားပြီး ရုပ်အလောင်းကို သိန်း ၃၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ပစ်ခတ်ခဲ့တဲ့  လင်မယား ၂ ဦးဟာ ဖယ်ခုံမြို့နယ်၊ ကုန်းစုံကျေးရွာမှာနေထိုင်တဲ့ ဒေသခံတွေ ဖြစ်ပြီး ခေါင်းအိနဲ့ စက်တော်ရာကျေးရွာတွေမှာ တိုက်ပွဲတွေ ငြိမ်နေလို့ စိုက်ပျိုးထားတဲ့ ပြောင်းခင်းကို မြေဩဇာ သွားထည့်ရာက စစ်ကောင်စီတပ်တွေနဲ့ တွေ့ပြီး ပစ်သတ်ခံရတာ ဖြစ်တယ်လို့  ဆိုပါ တယ်။ “မနက်ပိုင်းသူတို့ တောင်ယာသွားလုပ်တဲ့ အချိန်ပဲ စစ်ကောင်စီနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ။ အမျိုးသား ကတော့ ၇ ချက်၊ ၈ ချက်လောက်ထိပြီး သေသွားတယ်။ အမျိုးသမီးကတော့ ပုခုံး ထိသွားတယ်။ အလောင်းကော၊ မိန်းမကော စစ်တပ်က သယ်သွားတာ” လို့ သူကရှင်းပြပါတယ်။

အဲဒီ အခြေအနေမှာ ကယန်းပြည်သစ်ပါတီက ကြား၀င် ညှိနှိုင်းပေးခဲ့တာကြောင့် အမျိုးသား ရုပ်အလောင်းနဲ့ အမျိုးသမီး တို့ကို စစ်ကောင်စီထံကနေ ငွေကျပ်သိန်း ၃၀ ကျော်နဲ့ ပြန်ရွေးနိုင်ခဲ့တယ်လို့ မိသားစု၀င်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ အမျိုးသား ဖြစ်သူရဲ့ နာရေးပြုလုပ်ပေးဖို့ ပြင်ဆင်နေပြီး အမျိုးသမီးရဲ့ ဒဏ်ရာကတော့ စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးလို့ သိရပါတယ်။ လက်ရှိ ခေါင်းအိနဲ့ စက်တော်ရာကျေးရွာတွေမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာ မရှိသေးပေမဲ့ စစ်ရေး တင်းမာနေဆဲဖြစ်လို့ ပြည်သူတွေ သွားလာဖို့ မသင့်သေးဘူးလို့ ဖယ်ခုံ PDF နဲ့ နီးစပ်သူ တစ်ဦးက အသိပေး ပြောဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=325699443149840&set =a.285900490463069

၉။ ထိုင်းမြန်မာနယ်စပ် ကော့သောင်းမှာ တိုက်ပွဲဖြစ်
   August 25, 2023

ထိုင်း မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်က မလိဝမ်းရွာအနီးမှာ ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံတပ်တွေနဲ့ မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ် (PDF) တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော့သောင်း ပကဖ တာဝန်ခံ ကိုမုန်တိုင်းက ပြောပါတယ်။ အဲဒီဒေသကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ကြောင်းနဲ့ PDF တွေကြား တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ငါးယောက်သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။ ” ဒီနေ့ မနက်ပိုင်း ကိုး နာရီကျော်လောက်မှာ စစ်ကောင်စီတပ်တွေ မလိဝမ်းကျေးရွာဘက်ကို အင်အား ၅၀ လောက်နဲ့ စစ်ကြောင်း ထိုးလာတော့ ကျွန်တော်တို့ အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ကျွန်တော်တို့ဘက်က ရှေ့ထွက်မိုင်း သုံးလုံး ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရတယ်လို့ သိရတယ်” စစ်ကောင်စီ အင်အား ၃ဝ လောက်ပါတဲ့ စစ်ကြောင်းဟာ မလိဝမ်းရွာ၊ ချောင်းဝရွာတွေကိုဝင်ပြီး ဖမ်းဆီးစစ်ဆေးနေတာကြောင့် ရွာသား တစ်ရာကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက လက်ခံကူညီထားပေမဲ့ ဒီညနေပိုင်းမှာတော့ စစ်ကောင်စီ တပ်သားတွေမရှိတော့ဘူးဆိုပြီး ရွာကိုပြန်ပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာနေပြီး အာဏာမသိမ်းခင်က ရှိနေတဲ့ အရေ အတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိလာနေတယ်လို့လည်း UNOCHA ကပြောထားပါတယ်။ https://www.rfa.org/burmese/news/kawthaung-thaimyanmar-boder-idp-08242023110948.html

၁၀။ ဘီးလင်းမှာ စစ်ဆေးရေးဂိတ်ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အရပ်သားတဦးနဲ့ ရဲတဦး ဒဏ်ရာရ
     August 24, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်ဟောင်း စစ်ဆေးရေးဂိတ်ကို ဒီကနေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ ကြောင့် အရပ်သားတဦးနဲ့ ရဲတဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။“ အဲဒီမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့တော့ ဗုံးစထိတာတော့ ရှိတယ်။အဲထဲက ရဲတပ်ဖွဲ့ဝင်တဦးကပဲ ပိုထိသွားတာ များတာပေါ့။ ပြီးတော့ အရပ်သားတဦးလည်း ထိသွားတယ်။ ဘေးတွဲမောင်းလာရင်းနဲ့ ထိသွားတာ” လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို ဩဂုတ် လ ၂၄ ရက်၊ မနက် ၇ နာရီခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်း တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးခန္ဓာကိုယ်အနှံ့မှာ ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့သလို လမ်းအတိုင်းမောင်းနှင်လာတဲ့ ဘေးတွဲမောင်းနှင်သူ အသက် ၃၅ နှစ်အရွယ် ဦးသိန်းထူးအောင်မှာ ဦးခေါင်းနောက်စေ့ ဗုံးစထိမှန် ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တာလည်း ဖြစ်ပါ တယ်။

“ ပူးပေါင်းတပ်ဖွဲ့ဘက်က သွားချတာမှန်တယ်။ ထိခိုက်မှုအခြေအနေအသေးစိတ်ကို ကျွန်တော်တို့ စုံစမ်းနေဆဲမို့ လို့ပါ။” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်း က ပြောပါတယ်။ ဗုံးစထိမှန်ခဲ့တဲ့သူနှစ်ဦးအနက် ဦးသိန်းထူးအောင်က မစိုးရိမ်ရပေမယ့် ရဲတပ်ဖွဲ့ဝင်တဦးက ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရပြီး ဆေးရုံမှာအတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ အဲဒီရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူကပြောပါတယ်။ ရွှေသံလွင်တိုးဂိတ်အဟောင်းရှိ စစ်ကောင်စီ ရဲ့ စစ်ဆေးရေးဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ် ခတ်တာတွေ လုပ်ဆောင်ခဲ့သလို လက်နက်ကြီးပစ်ခတ်သံ တချို့လည်းကြားခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ https://deltanewsagency.com/41464/

၁၁။  အလင်းဝင်လာသည့် ရဲတစ်ဦးက မတရားသတ်ဖြတ်ခံရသူများအတွက် ကောင်းမှုပြုလုပ်ရန် အသင်းတော်ကို ငွေ         ပြန်လှူ
     August 24, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် PDF-Zoland ထံ အလင်းဝင်လာသော စစ်ကောင်စီရဲတပ်သားသည် ချီးမြှင့်ငွေသိန်း ၅၀ထဲမှ ၁၀ သိန်းကျော်ကို စစ်ကောင်စီတပ်၏ မတရား သတ်ဖြတ်ခံရသူများအတွက် ရည်စူး၍ကောင်းမှုပြုလုပ်ရန် အသင်းတော် ထံ ပြန်လည်လှူဒါန်းခဲ့သည်ဟု PDF – Zoland က ထုတ်ပြန်သည်။ ဩဂုတ် ၂၀ ရက်တွင် တီးတိန်မြို့၊ ရိပ်သာတစ်ခုမှာ တာဝန် ကျနေစဉ် CDM ပြုလုပ်ရန် ထွက်ပြေးလာခဲ့သော ရဲတပ်သား (၂) ဦးထဲမှ ရဲတပ်သား ဂျူလီ (Julio) သည် လက်နက်ခဲယမ်း အပြည့်အစုံနှင့်အလင်းဝင်နိုင်မှုကြောင့် ချီးမြှင့်ငွေထဲမှ ၁၂ သိန်းကို ချင်းပြည်နယ်ထဲက အသင်းတော်တစ်ခုထံကို ဩဂုတ် ၂၃ ရက် မှာ ပြန်လှူခဲ့သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထော်နီ ကပြောသည်။ “ဂျူလီကလေ အဓိကက ဘုရား ကျောင်းမှာ လှူတာက စစ်တပ်က ပြည်သူ ကလေးငယ်တွေရော မီးရှို့သတ်ပစ်တဲ့မြင်ကွင်းကြောင့် စိတ်မကောင်းစွာနဲ့ သူတို့ အတွက် ဆုတောင်းပေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်” ဟု ဆလိုင်းထော်နီက ပြောသည်။

MA 3 (၂)လက်၊ ကျည်ဆံ (၂၀၀) ကျော်၊ ကျည်အိမ် (၈) ခု စသဖြင့် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်လာသူ ရဲတပ်သား ဂျူလီ (Julio) တို့ ၂ ဦးကို တစ်ဦးလျှင် သိန်း (၅၀) ကျပ်စီ ချီမြှင့်ခဲ့ပြီး ၎င်းတို့မှာ လွတ်မြောက်နယ်မြေကို ဘေးကင်း ကင်းနှင့် ရောက်ရှိသွားပြီဟု သိရသည်။ အာဏာသိမ်းပြီးနောက် တီးတိန်မြို့နယ်မှာ စစ်အာဏာရှင်ခုခံတော် လှန်ရေး ဆောင်ရွက် နေသော PDF -Zoland ထံသို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်သူ ၄ ဦး အပါအဝင် အလင်းဝင်လာသော ရဲ၊ စစ်သား ၂၀ နီးပါး ခန့်ရှိသည်။ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်လာသူများကို အနည်းဆုံး သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ရန် အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးနေသည့်အတွက် ရဲနှင့် စစ်သားများ CDM ပြုလုပ်ကြရန် အမြဲ ဖိတ်ခေါ်သည်ဟု Zoland PDF မှ တာဝန်ရှိသူက ပြောသည်။ https://www.facebook.com/photo?fbid=774948184634237&set=pcb.77494 8371300885

၁၂။ BGF တပ်နယ်(၂)က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ
     August 24, 2023

တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကော်ဘရာစစ်ကြောင်း-P29907ထံ နယ်ခြားစောင့်တပ်(BGF) တပ်နယ်-၂ က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၇) ရက်နေ့က အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သူ့ကို ငွေကျပ်သိန်း(၄၀) ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။တပ်သားအောင်ကိုဦးဆိုသူဟာ ကကပံ့လက်အောက်ခံ တောင်ငူမြို့နယ်၊ အမှတ်-(၉၃၀) ထောက်ပံ့ ရေးတပ်ရင်းကဖြစ်ပြီး သူနဲ့အတူ M16-A1 သေနတ်(၁)လက်၊ M16-A1 ကျည်ဘောက် (၅)ဘောက် နဲ့ ၅.၅၆ ကျည်တောင့်(၁၅၀) ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလိုသူတွေဖြစ်စေ တပ်တွင်းသတင်းပေး(ဖရဲသီး) အဖြစ် ရပတည်လိုတဲ့ တပ်မတော် သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ/စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တွေကို ဆက်သွယ်နိုင်သလို ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople ကိုလည်းဆက်သွယ်နိုင် တယ်လို့ အသိပေးထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ဘက်ကို ရပ်တည်ပူး ပေါင်း လာသူတွေကို လက်ကမ်းကြိုဆိုနေမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရဲနဲ့ တပ်မတော်သား (၂)သောင်းကျော် ပြည်သူတွေနဲ့ ပူးပေါင်းထားပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေ တယ်လို့ NUG ရဲ့အချက်အလက်တွေအရ သိရပါတယ်။ https://www.facebook.com/photo/?fbid=337713275486152& set=pcb.3377133 75486142

၁၃။ စစ်ကောင်စီ ဖျက်ဆီးတဲ့လမ်းကို TNLA က ပြန်လည်ပြုပြင်ပေး
     August 24, 2023

စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ဖျက်ဆီးလိုက်တဲ့ နမ့်တောင်းရွာနဲ့ ပန်ကြုံရွာကြား လမ်းမကို တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော်-TNLA က ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ TNLA က မနေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်ထဲမှာရှိတဲ့ အဲ့ဒီလမ်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှာ စစ်ကောင်စီ တပ်မ (၉၉) နဲ့ အင်အား ၄၀ ရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ်၊ လုံထန် ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ပြည်သူလူထု အသုံးပြုနေတဲ့ ကားလမ်းကို မြေကော်စက်နဲ့ လာ ရောက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဖျက်ခံရတဲ့ နေရာကို TNLA က ပြုပြင်ပေးခဲ့တာကြောင့် ဆိုင်ကယ် နဲ့ ကားငယ်တွေ သွားလာနိုင်ပေမယ့် ကုန်တင်ကားကြီးတွေနဲ့ တွဲကားတွေ သွားလို့မရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“TNLA က မြေကော်စက်တွေနဲ့လာပြီး ပြန်ဖို့ပေးထားလို့ ဆိုင်ကယ်တွေ ကားငယ်တွေအထိတော့ သွားလို့ရပြီ။ ကား ကြီးတွေ အတွက်တော့ သွားလို့မရသေးဘူး။ လက်ရှိမှာလည်း မူဆယ်မှာတိုက်ပွဲတွေ စဖြစ်လာကတည်းက ကားကြီးတွေ ဒီဘက် သွားတာ မတွေ့ဘူး။ လောလောဆယ်တော့ ဒေသခံတွေ သွားလာလို့ ပြန်ရသွားပြီဆိုတော့ ကောင်းတာပဲပေါ့” လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။ အဲ့ဒီလမ်းမဟာ ကျင်စန်းကျော့အထိ ပေါက်တာကြောင့် နမ့်တောင်း၊ ဟိုနား၊ ပန်ကြုံ၊ ဖာဖိန့်စတဲ့ ဒေသခံများ အပြင် ကုန်တင်အားများ အသုံးပြုနေတဲ့ လမ်းမ ဖြစ်တယ်လို့ TNLA ကဆိုပါတယ်။ လက်ရှိ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး မြို့နယ် တွေမှာ စစ်ကောင်စီနဲ့ TNLA တို့ စစ်ရေးတင်းမာနေပြီး ဇူလိုင်လနဲ့ ဩဂုတ်လ အတွင်း တိုက်ပွဲ ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါ တယ်။ https://www.facebook.com/photo/?fbid=325675853 152199&set=pcb.325675913152193

၁၄။ ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်
      August 24, 2023

မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ် ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ အမှုကို အပြီးသတ်လုပ်ဆောင်ခဲ့တယ်လို့ အမှုမှန်သိရှိတဲ့ ဟိုပင်ဒေသခံတစ်ယောက် က အခုလိုပြောပါတယ်။“အမှုကိုက KIA ဘက်က အပြီးသတ်လိုက်ပြီ။ နစ်နာသွားတဲ့ မိသားစုဝင်တွေကိုတော့ ငွေ သိန်းသုံးရာ ပေးလိုက်တယ်။ ပြီးရင် KIA ဘက်လည်း ဒီမှုကို ပြီးပြတ်အောင် လုပ်ပေးခဲ့တယ် ဆိုတဲ့ စာလည်း ထုတ်လာတယ်။ မိသားစုဘက် လည်း ကျေအေးလိုက်ပြီဆိုတဲ့သဘောပါ”လို့ ပြောပါတယ်။ အဲဒီအမှုကို KIA တပ်မဟာ ၈ လက်အောက်မှာပဲ အပြီးသတ်ဆောင် ရွက်လိုက်တာဖြစ်ပြီး နစ်နာကြေးငွေး သိန်းသုံးရာ ကို KIA နဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ဦးကျော်ထွန်းဦးရဲ့ တရုတ်လုပ်ငန်းရှင်က ပေးဆောင်လိုက်တာလို့ သိရပါတယ်။ KIA ရဲ့ အမှုစီရင်ချက်မှာ လင်မယား ၂ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ ဦးကျော်ထွန်းဟာ ဖမ်းဆီးရမိပြီး အမှုစစ်ဆေးနေချိန်အတွင်းမှာပဲ နှလုံးရောဂါဖောက်ပြီး သေဆုံးသွားတယ်လို့ပြောဆိုထားပါ တယ်။

ဦးကျော်ထွန်းဦး သေဆုံးသွားပြီးနောက် သက်သေအနေနဲ့ သူ့နဲ့ ဆက်စပ်သူ ကားသမား ၃ ယောက်ကို ထပ်မံဖမ်းဆီး ထားတဲ့ ၃ ယောက်ကိုလည်း သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ပါဝင်ဆက်နွယ်မှုမရှိဘူးလို့ စီရင်ချက်ချမှတ်ပြီး ပြန်လည်လွတ် ပေးလိုက်တယ်လို့ သိရပါတယ်။ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး KIA က  ၂ လ အတွင်းမှာပဲ အပြီးသတ်ဆောင်ရွက်လိုက်တဲ့အပေါ်မှာ အမှုမှန်ကိုပွင့်လင်းမြင်သာမှုမရှိပဲ အပြီးသတ်ခဲ့တာကြောင့်အားရ ကျေနပ် မှုမရှိဘူးလို့ ဟိုပင်ဒေသက ဆက်ပြောပါတယ်။“အမှန်တိုင်းပြောရရင် KIA ရဲ့ တရားစီရင်မှုဟာ လုံဝအားရမှုတော့မရှိဘူး။ အရမ်းအားနည်းနေသေးတယ်လို့ မြင်တယ်။ ဘာလို့အဲ့လိုပြောလဲဆိုတော့ ပွင့်လင်းမြင်သာမှုလိုအပ်တယ်။ သူတို့ရဲ့လုပ်ပုံက အမိန့်ပုံစံနဲ့ပဲ လုပ်လိုက်တာဖြစ်တယ်။ သူတို့ရဲ့ ပုံစံက လက်ခံရမယ်ဆိုတဲ့ သဘောဟုတ်တယ်။ ကျနော်အရပ်သားတွေ ကလည်း သူတို့ပြောရင် လက်မခံလို့မရတော့ဘူးလေ။ မိသားစုဝင်တွေကတော့ ဖြစ်သွားပြီဖြစ်တဲ့အတွက် လက်မခံချင်ရင်လည်း လက်ခံ ရမျာပဲ”လို့ပြောပါတယ်။ ဒီသတ်ဖြတ်မှုဟာ KIA ရဲ့ တပ်စခန်းနေရာထဲမှာ ဖြစ်ပွားခဲ့တဲ့အတွက် အခုလို KIA နယ်မြေထဲ စီစစ်မှု မရှိပဲ သတ်ဖြတ်မှုဖြစ်သွားအောင် ဝင်ရောက်သွားလာခွင့်ပေးထားတဲ့ တာဝန်ရှိတဲ့သူတွေကိုလည်း ထိရောက်အောင် အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ လင်မယား ၂ ယောက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ KIA တပ်ရင်း ၄၁ ရဲ့ ရှေ့တန်း ယာယီဆေးကုသတဲစခန်းမှာ သတ်ဖြတ်ခံ လိုက်ရတာ ဖြစ်ပြီး KIA တပ်သားနဲ့ ဇနီးဖြစ်သူမှာ မှာ အသက် ၃၀ နှစ်ရွယ် ဦးမဒိန်ခေါယော်နဲ့ ခေါကော့ဖန်တွေ ဖြစ်ကြပါတယ်။ https://burmese.kachinnew s.com/2023/08/24/yl1-104/

၁၅။ စစ်ကောင်စီစစ်ကြောင်းဖမ်းဆီးသွားတဲ့ အရှေ့တောကဒေသခံသုံးဦး ပြန်လွတ်မလာသေး
     August 24, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဒေသခံသုံးဦး ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ အဲ့ဒီ ခြေလျင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊အခုလ ၂၀ ရက်ညသန်းခေါင်မှာ ပခပ်ရွာကနေစလို့ တောလမ်းအတိုင်းစစ်ကြောင်းထိုးနေတာပဲ ဖြစ်ပါ တယ်။ သူတို့ စစ်ကြောင်းထိုးနေတဲ့ သုံးရက်အတွင်းမှာ မတူညီတဲ့ကျေးရွာသုံးခုက ဒေသခံအမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့တာပါ။ “ခြံလုပ်နေတဲ့သူတွေ ရွာသားတွေချည်းပဲ။ အခုမနက်အထိတော့ ပြန်လွတ်မလာသေးဘူးဆိုတော့ ဘာကြောင့်လဲ စဥ်းစားနေရ တာပေါ့။ သာမန်ခေါ်သွားရင် လွှတ်ပေးလို့ရနေပြီလေ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ထဲက ရမ္မဇူရွာသား တစ်ဦး၊ သရက်ငုတ်ရွာသား တစ်ဦးတို့ဟာ အခုလ ၂၁ ရက်နေ့ကတည်းက စစ်ကြောင်း နဲ့ အတူဖမ်းဆီးခေါ်ဆောင်ခံနေရတာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ဦးကတော့ စစ်ကောင်စီတပ်တွေ တောထဲမှာ တိတ်တဆိတ် စစ်ကြောင်းထိုးပြီး ဝကုန်းရွာကိုရောက်လာချိန် ဖမ်းဆီးခံရတာပါ။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဝကုန်းရွာဘုန်းကြီးကျောင်း မှာ ညအိပ်ပြီး ဒီမနက်မှာတော့ ကျောက်မဲတောင်နယ်မြေရဲစခန်းကိုရောက်နေကြတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူ့ ကာ ကွယ်ရေး ရဲဘော်တစ်ဦးကတော့ ကျောက်မဲတောင်ရဲစခန်းကို ရောက်ရှိနေတာဟာ စစ်ကောင်စီတပ်သားအားလုံး ဟုတ်၊ မဟုတ် ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။ အရှေ့တောဒေသက ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံး၊ ဝကုန်းနဲ့ ဘဝပင်ရွာက ဒေသခံတွေကတော့ နေအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိမှာတော့ တချို့ပြန်ဝင်နေပြီလို့ သိရပါ တယ်။ https://www.facebook.com/photo/?fbid=323 231910094565&set=a.196212682796489

၁၆။ စစ်ခေါင်းဆောင်သည် NCA ကို နားမလည်သလို တောင်စဉ်ရေမရ ပြောနေမည့်အစား နိုင်ငံရေးမှအပြီးတိုင်စွန့်ခွာ       သင့်ဟု EROs များဆို
     August 25, 2023

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် စိတ်ကြီးဝင်နေပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်-NCA ကိုလည်း နားမလည်သလို တောင် စဉ်ရေမရ ပြောနေမည့်အစား နိုင်ငံရေးကနေ အပြီးတိုင်စွန့်ခွာသင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ-EROs က ထောက်ပြပြောဆိုသည်။ စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့ ပြီးနောက် အရေးပေါ်ကာလ တစ်ခါကုန်ဆုံးတိုင်း အကြောင်းအမျိုးမျိုးပြ၍ ခြောက်လသက် တမ်းတိုးယူခဲ့သည်မှာ လက်ရှိတွင် လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့က  နေပြည်တော် တွင် စစ်ကောင်စီ၏ (၂၂)ကြိမ်မြောက် သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန်အတွက် EROs များကို အမြဲတမ်း ဖိတ်ခေါ်လျက်ရှိသော်လည်း အတိုင်းအတာတစ်ခု အထိသာ ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကတော့ စိတ်ကြီးဝင်တယ်လို့ ကျွန်တော်ထင်တယ်။ စိတ်ကြီး ဝင်တယ်ဆိုတာကတော့ မိမိတို့ အဖွဲ့အစည်းကသာလျှင် သာလွန်တယ်၊ မြင့်မြတ်တယ်၊ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတဲ့ဟာမျိုးနဲ့ စိတ်ကြီးဝင်ပြီး ပြောတာလို့ ကျွန်တော်ကတော့ အဲဒီလိုလေးသတိပေးချင်ပါတယ်။ နောက်တစ်ချက်ကတော့ NCA ကို နားမလည် ကြတာ ဖြစ်ပါတယ်။ NCA ကို နားမလည်ဘဲနဲ့ သူတို့ ဒီလိုဆုပ်ကိုင်ပြီး ပြောကြတာဖြစ်ပါတယ်။ NCA ကို အတိုင်းအတာတစ်ခု ထိပဲ လက်ခံမယ်ဆိုတာ သူတို့ပြောခွင့်မရှိဘူး”ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

ထို့အပြင် NCA စာချုပ်ကို ပါဝင်သူအားလုံး တန်းတူရည်တူ လက်မှတ်ရေးထိုးကြပြီး Joint Ownershiop စုပေါင်း တာဝန် ယူ ပိုင်ဆိုင်ကြကာ ပြည်ထောင်ဘက်အဖြစ် အပြန်အလှန် အသိအမှတ်ပြုထားကြသူများအကြား မည်သူကမှ အထက်စီးကနေ ပြောဆိုဆက်ဆံခွင့် မရှိသလို အာဏာသိမ်းထားသည့် စစ်ကောင်စီအနေဖြင့် ပို၍ပြောခွင့်မရှိကြောင်း PNFC ဥက္ကဋ္ဌ ခန်မြင့်ထွန်း ကဆိုသည်။“စစ်ကောင်စီနဲ့ (ဗိုလ်ချုပ်) ဇော်မင်းထွန်း နားမလည်တဲ့ကိစ္စက ဘာလည်းဆိုတော့ သူတို့နားလည်ထားတာက ဒီဥစ္စာ(NCA)ဟာ သူတို့ကနေ ဦးဆောင်ပြီးလုပ်တာမျိုးဖြစ်နေတယ်။ အဲ့ဒါမဟုတ်ဘူး။ သူတို့က အတိုင်းအတာတစ်ခုထိပဲ လက်ခံ မယ်ဆို တာကိုလည်း ပြောခွင့်မရှိဘူး။ ဘယ်သူမှလည်း ပြောခွင့်မရှိဘူး။ စစ်တပ်ဆိုတာ တပ်မတော်အနေနဲ့ NCA စာချုပ်ကနေ ထွက်ချင်ထွက်သွားလို့ရတယ်။ ထွက်ချင်တဲ့သူ ထွက်လို့ရတယ်။ ဒါပေမယ့်လို့ NCA စာချုပ်ကတော့ သူ့ဟာသူအတိုင်း ရှိနေမှာ ဖြစ်တယ်။ အစိုးရသော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ရပ်ရပ်ကသော်လည်းကောင်း အဲဒီစာချုပ် ကို ဖျက်ခွင့်မရှိဘူး” ဟု ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက  ပြောသည်။ ကိုယ့်ဘာကိုယ် တလွဲ ဆံပင်ကောင်း၍ ယခုအတိုင်းသာ ဆက်လက် မိုက်တွင်းနက်မည်ဆိုလျှင် ပြည်သူလူထုက ပေးမည့်ပြစ်ဒဏ်သည် အင်မတန်ကြီး ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ပြောကြားသည်။“တဖြေးဖြေး နွံနစ်သထက် နစ်လာနေတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကလည်း ဘယ်နိုင်ငံတကာ တရားဥပဒေမှ ခွင့်လွှတ်နိုင် မှာ မဟုတ်ပါဘူး။ ပြည်တွင်းထဲမှာလည်း ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းကိုမရှိတော့တာ။ အထူးသဖြင့် ပြည်သူ့ဆန္ဒကို လေးစားပါလို့ပဲ ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အချိန်က မနှောင်းသေးပါဘူး။ ဒါပေမယ့် အချိန်ကအရမ်းကို နည်းသွား ပါပြီ။ အဲဒါကြောင့် ဆင်ဆင်ခြင်ခြင်လုပ်ပါလို့ပဲ နောက်ဆုံးအသိပေးလိုပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။ https://www .facebook.com/photo/?fbid=626620059607017&set=a.58312079 7290277

၁၇။ အဖွဲ့နာမည်အသုံးပြုပြီး အလှူခံမှုများရှိသောကြောင့် ပြည်သူများသတိထားကြရန် ကျားဖြူတပ်ခွဲ−၄ သတိပေး          ထုတ်ပြန်
     August 24, 2023

ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်လမ်းပိုင်းတွင် စစ်ဆေးမှုပြုလုပ်နေသည့် ကျားဖြူတပ်ခွဲ(၄)၏အဖွဲ့အစည်း နာမည်ကို အသုံးပြုပြီး အလှူခံမှုများရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိထားကြရန် ကျားဖြူတပ်ခွဲ−၄ က သတိ ပေးထုတ်ပြန်ထားသည်။ အဆိုပါ ကျားဖြူစစ်ကြောင်းလက်အောက်ရှိ ကျားဖြူတပ်ခွဲ (၄)ရဲဘော်များ၏ လှုပ်ရှားသည့် ဓါတ်ပုံ များနှင့် ရုပ်သံဗီဒီယိုဖိုင်များကိုအသုံးပြု၍ ပြည်သူများထံမှ အလှူငွေလိမ်လည်ကောက်ခံနေသည့်သူများ ရှိနေသောကြောင့် ပြည်တွင်းအပြင် ပြည်ပရောက် မြန်မာလူထုများအနေဖြင့် သတိထား ကူညီလှူဒါန်းမှုများ ပြုလုပ်ကြရန် ကျားဖြူ တပ်ခွဲ −၄ ၏ တိုက်ခိုက်ရေးနှင့် သတင်းပြန်ကြားရေး ရဲဘော် AKM က ယခုလိုပြောသည်။ “ကျနော်တို့ရဲ့ တပ်ခွဲပုံရိပ်တွေကိုသုံးပြီး လူထုဆီ ကနေ အလှူခံတယ်။ တချို့မသိလို့ လှူလိုက်တဲ့ သူတွေလည်းရှိ တယ်လို့ ကျနော်တို့လူထုဆီက ပြန်သိရတယ်။ ကျနော်တို့ Page မှာ တခါတလေကျရင် တင်ထားတဲ့ ဗီဒီယိုဖိုင်တွေကို တော်လှန်ရေးကလူတွေအတွက်ဆိုပြီး ကိုယ်တွေမသိအောင် ပြည်တွင်းက နေဖြစ်စေ ပြည်ပကနေဖြစ်စေ အလှူခံနေတာတွေရှိတဲ့အတွက် ကိုယ်တွေဆီမရောက်တော့ လူထုနစ်နာတာပေါ့”ဟု ပြောသည်။

ထိုသို့ တော်လှန်ရေးအဖွဲ့အစည်းများကို ကူညီလှူဒါန်းမှုများ ပြုလုပ်ချင်ပါက ၎င်းတို့၏ သက်ဆိုင်ရာ စစ်ကြောင်း များ၊ တပ်ရင်း၊ တပ်ခွဲများ၏ လူမှုကွန်ယက် Facebook စာမျက်နှာများကို တိုက်ရိုက်ဆက်သွယ်ကူညီလှူဒါန်းကြရန်လည်း ကျားဖြူ တပ်ခွဲက အသိပေးဖော်ပြထားသည်။ ထို့အပြင် လှူဒါန်းကြသည့် ပြည်သူများအနေဖြင့််လည်း လာရောက်အလှူခံသည့်လူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF အယောင်ဆောင်များကို အထူးသတိပြုကြရန်လည်း ကျားဖြူတပ်ခွဲက ဆက်လက်သတိပေး ပြောဆိုထားသည်။ ကျားဖြူတပ်ခွဲ-၄ သည် မြဝတီ−ကော့ကရိတ်လမ်းမကြီးလမ်းပိုင်းတွင်သာမက အခြားသောလမ်း ပိုင်းတွင် လည်း နယ်မြေလုံခြုံရေးအရ စစ်ကောင်စီတပ်ဘက်မှ အရပ်သားပြည်သူကားများကို အသုံံးပြု၍ ရိက္ခာ လက်နက်ခဲယမ်းသယ် ဆောင်ခြင်း၊ အသွားအလာပြုလုပ်နေသည့် ယာဉ်များကို စစ်ဆေးမှုပြုလုပ်နေသည့် တပ်ခွဲတစ်ခုလည်း ဖြစ်သည်။ https://kicn ews.org/2023/08/%e1%80%a1%e1% 80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%94%e1

၁၈။ ကရင်နီတွင် စစ်ရှောင် စာသင်ကျောင်းအချို့ ပိတ်ထားရ
     August 24, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူ‌ဆိုနှင့်ဒီးမေ့ာ‌ဆိုမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ စစ်‌ရှောင်စာသင်ကျောင်းအများစုသည် လုံခြုံရေးအခြေအနေကြောင့် ယာယီပိတ်ထားရသည်မှာ လပိုင်းအထိကြာမြင့်လာပြီဖြစ်‌ကြောင်း စစ်ဘေးရှောင်များ၏ ပြောပြ ချက်အရ သိရသည်။ တိုက်ပွဲများ‌‌ပြင်းထန်နေသည့် ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင်ကလေးများ ပညာ ရေးအတွက် ကိုယ်ထူ ကိုယ်ထအားဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းအများစု ပိတ်ထားရသည်မှာ တစ်လကျော်ကြာမြင့်လာပြီး ပြီးခဲ့သည့်အပတ် အတွင်း ပြန်ဖွင့်သော အချို့စာသင်ကျောင်းများလည်း လေယာဉ်များအမြဲ လာရောက်ပျံဝဲခြင်းကြောင့် လုံခြုံရေးအတွက် စိုးရိမ် နေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ၎င်းက “ပြီးခဲ့တဲ့တစ်လ‌ ကျော်‌ကျော်ကတော့ကျောင်းတွေအားလုံး ပိတ်ထားရတယ်။ ဒီတစ်ပတ်နှစ်ပတ်လောက်မှာ တစ်ကျောင်း၊ နှစ်‌ကျောင်းပြန်ဖွင့်တာရှိတယ်။ ခုနက လေယာဉ်တွေလာဝဲလို့ ကလေးတွေ အကုန် လုံးပြန်ပြေးရတယ်။ စာသင်ကျောင်း တွေပြန်ဖွင့်ချင်ပေမဲ့ ပြန်ဖွင့်လို့မရဲဘူး”ဟု ပြောသည်။ ဖရူဆိုနှင့်ဒီးမေ့ာဆိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့်မကြာခဏလာရောက်ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေးစိုးရိမ် ရမှုကြောင့် ကျောင်းများပိတ်ထားလိုက်ရခြင်းဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG ၏ ပြောဆိုမှုအရ သိရသည်။

KnHRG ၏ ဒါရိုက်တာကိုဗညားက “စစ်ကောင်စီက ကျောင်းတွေ ဖွင့်ရင်ဗုံးကြဲမယ်။ တစ်ချို့ရွာတွေဆိုဗုံးကြဲ ပြတယ် ဆိုတဲ့ခြိမ်းခြောက်မှုမျိုးတွေအမြဲလုပ်တယ်။ မနေ့တစ်နေ့ကလည်း လာကြဲတယ်။ အခုမိနစ်ပိုင်းမှာလည်း လာကြဲတယ်။ ဒီလို လုပ်‌တော့ ကျောင်းသားမိဘတွေ စိုးရိမ်ကြတယ်။ ကျောင်းတွေဆက်ဖွင့်ဖို့က‌တော့ အခက်အခဲရှိတယ်”ဟု ပြောသည်။ လက်ရှိ တွင် ကရင်နီပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ သွားလာရေးလမ်း ကြောင်းများ ပိတ်ဆို့ ထားသဖြင့် ကျောင်းနေ အရွယ်က‌လေးများ ပညာသင်ယူနိုင်မှုဆုံးရှုံးသည့်အပြင် ဒေသတွင်း ကုန်စည် စီးဆင်းမှု အခက်အခဲ‌ကြောင့် စစ်ရှောင်ပြည်သူများ၏ အသက်ရှင်သန်နိုင်ရေးအတွက် စားနပ်ရိက္ခာရရှိမှု အခက်အခဲရှိကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များထံမှသိရသည်။ ထို့အပြင် စစ်ဘေးကြောင့် အသက်မွေ းဝမ်းကျောင်းမှု မလုပ်ကိုင်နိုင်သည့်အတွက် စစ်‌ရှောင် ပြည်သူများ၏ လူမှုဘဝရပ်တည်ရေးပါ ထိခိုက်လာသလို စစ်ရှောင်ကာလရှည်ကြာလာသည်တွင် ပြည်တွင်းမှ စားနပ်ရိက္ခာ ထောက်ပံ့မှု ခဲယဉ်းသဖြင့် နိုင်ငံတကာ၏ အကူအညီ ပိုမိုရရှိရေးမျှော်လင့်နေရကြောင်း ကရင်နီအရပ်ဘက် စစ်ရှောင်ကူညီရေး အဖွဲ့များက တောင်းဆိုထားသည်။ https://kicnew s.org/2023/08/%e1%80%80%e1%80%9b%e1%80%84%e1%80%ba %e1%80%94% 

၁၉။ ပင်လောင်းရှိ ပအိုဝ်းပြည်သူ့စစ်နေအိမ် PDF ဝင်စီး၊ ခဲယမ်းနှင့် ငွေသိန်း ၉၀ ကျော် သိမ်းဆည်း
     August 25, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ့်ဖာမူရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထား သည့် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) အဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကို ဖယ်ခုံ PDF က ဩဂုတ် ၂၁ ရက်နေ့တွင် သွားရောက် စီးနင်းခဲ့ကြောင်း သိရသည်။ နံနက် ၁၀ နာရီခန့်တွင် ဖယ်ခုံ PDF အမှတ် ၁၀၀၆ တပ်ရင်းက ပြည်သူ့စစ် ဦးမောင်ဝင်း၏ နေအိမ်ကို သွားရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ဦးမောင်ဝင်း နေအိမ်မှ ငွေကြေးနှင့် ခဲယမ်းများသိမ်းဆည်းလာခဲ့သည်ဟု ဖယ်ခုံ PDF တာဝန် ရှိသူတစ်ဦးကပြောသည်။“နမ့်ဖာမူရွာက မောင်ဝင်းဆိုတာ နာမည်ကြီးပဲ။ PNO အတွက် လက်နက်ဝယ်ဖို့ ပအိုဝ်းပြည်သူ တွေဆီက ငွေကောက်ပေးနေတာ။ မောင်ဝင်းရဲ့ သားကိုပဲ တွေ့ရပြီး သူ့အဖေအစည်းအဝေးသွားလို့ ဘာမှ မလုပ်ခဲ့ဘူး” ဟု ပြော သည်။ ဦးမောင်ဝင်း နေအိမ်ထဲမှ ကျည်တောင့် ၄၀၀ ကျော်၊ ကာဘိုင်ကျည် ၃၅ တောင့်၊ စကားပြောစက် တစ်လုံးနှင့် ငွေကျပ် သိန်း ၉၀ သိမ်းဆည်းလာခဲ့သည်ဟု ဆိုသည်။

ဦးမောင်ဝင်းမှာ အသက် ၅၀ ဝန်းကျင်ရှိပြီး ပအိုဝ်းပြည်သူ့စစ်၏ တိုက်နယ်တာဝန်ခံအဆင့်ရှိကြောင်း၊ ၎င်း၏ နေအိမ်မှာ ပင်လောင်း-ဖယ်ခုံ လမ်းမကြီးပေါ်တွင်ရှိကြောင်း သိရသည်။ ဦးမောင်ဝင်းနေအိမ် ဝင်စီးခံရသည့်သတင်းကြားရကြောင်း နမ့်ဖာမူ ရွာသားတစ်ဦးကလည်း အတည်ပြုသည်။ ဦးမောင်ဝင်းသည် ၂၀၂၂ ခုနှစ် ဇွန်လက ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ပြည်သူ့စစ်ဖွဲ့စည်းမည့်ကိစ္စနှင့် လက်နက်ဝယ်ရန် တစ်အိမ် သုံး သောင်းနှုန်းဖြင့် ငွေကြေးကောက်ခံမည့် အစည်းအဝေးကို ဦးဆောင်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသခံ တစ်ဦး က ဆိုသည်။ ၂၀၂၂ မေလကစ၍ PNO/PNA နယ်မြေစိုးမိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ် တို့ရှိ ကျေးရွာများအပြင် ရှမ်းတောင်ပိုင်းရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာ ကျေးရွာများတွင် လူစုဆောင်းပြီး PNO က စစ်သင်တန်းများ ပေးနေသည်။ ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)  သည် ၁၉၉၁ ခုနှစ်က စစ်တပ်နှင့် အပစ်အခတ် ရပ်စဲပြီး အသွင်ပြောင်းပြည်သူ့စစ်အဖြစ်ဖွဲ့စည်းကာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားနေခြင်းဖြစ်သည်။ https://www .facebook.com/photo?fbid=674261 348069947&set=pcb.674261511403264

၂၀။ မောင်တောမြောက်ပိုင်းသို့ ကုန်စည်သယ်ယူမှု စစ်ကောင်စီ တားဆီး
    August 24, 2023

ရက္ခိုင့်တပ်တော် (အေအေ)ထိန်းချုပ်ထားတဲ့  ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းသို့ ကုန်စည်သယ်ယူမှုကို စစ်ကောင်စီက တားဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မောင်တောဒေသခံ ကားသမားတွေက “မောင်တော မြောက် ပိုင်းကို ကုန်စည်သယ်ယူဖို့ အဓိက တားဆီးနေတာက ကျီးကန်းပြင် စစ်ဆေးဂိတ်နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်။ ကုန်တွေကို သူတို့ ငွေရရင် သယ်ခွင့်ပြုတယ်။ ငွေမရရင် ခွင့်မပြုဘူး” လို့ ပြောပါတယ်။ မောင်တော နယ်စပ်ကုန်သွယ်ရေး​မှ တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တင်ပို့ခွင့်မရကြတဲ့ ​ကွမ်းသီး၊ စီးကရက် အစရှိတဲ့ ကုန်စည်တွေဟာ မောင်တောမြောက်ပိုင်းမှ ရက္ခိုင့်တပ်တော် ထိန်းချုပ် ရာ နယ်မြေတွေကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေကြရတာပါ။

အဲဒီလို တင်ပို့ရာမှာ ရက္ခိုင့်တပ်တော်ကို အခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင်နေကြရပြီး ကျီးကန်းပြင် စစ်ဆေးဂိတ်နဲ့ ကြိမ်ချောင်း ၂၄ ဂိတ်တို့မှာ ကားတစီးကို သိန်း ဆယ်ဂဏန်းအထိ ပေးဆောင်နေကြရကြောင်း ဒေသခံကားသမားတွေက ဆိုပါ တယ်။“ဘင်္ဂလားဘက်ကို ကွမ်းသီးက အဓိကတင်ပို့လို့ မောင်တောမြောက်ပိုင်းက ကျေးရွာ စီးပွားရေး နည်းနည်းအဆင် ပြေကြတယ်ဗျ။ အေအေဘက်ကိုတော့ အခွန် ၅ ရာခိုင်နှုန်း ပေးရတယ်။ ကျီးကန်းပြင် နယ်ခြားစောင့်စခန်းမှာ ကားတစီးကို သိန်း ဆယ်ချီ ပေးနေရတယ်။ ကြိမ်ချောင်း ၂၄ ဂိတ်မှာလည်း သူတို့တောင်းသလောက်  မပေးရင် သွားခွင့်မရဘူး။” လက်ရှိ မောင်တော မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာ အကျော်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) ထိန်းချုပ်ထားတာပါ။ မြန်မာ-ဘင်္ဂလား ကုန်သွယ် ရာမှာ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်ကို ဝယ်သူစျေးကွက်ဖော်ဆောင်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ၇ ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်ထားခဲ့ပေမဲ့ ဒီနေ့အထိ ဝယ်သူစျေးကွက် မဖော်ဆောင်နိုင်သေး ကြောင့် မောင်တောမြောက်ပိုင်းဒေသကနေ ကုန်သွယ်နေကြရတာ ဖြစ်ပါတယ်။ https://burmese.dvb.no/post/611515

၂၁။ ဗန်းမော်မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ကုန်စျေးနှုန်းများ ထပ်မံမြင့်တက်
     August 24, 2023

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မန္တ​​လေးက ဆန်တက်လာတဲ့ စစ်သင်္ဘော ဆိုက်ရောက်လာချိန်ကနေ ၄ ရက်အတွင်း မြို့တွင်းမြို့ပြင် သွားလာမှုကို စစ်ကောင်စီက ကန့်သတ်ကာ မန္တလေးကားလမ်း၊ မြစ်ကြီးနားကားလမ်းတွေ အကုန်ပိတ်ထားတာ ကြောင့် အရင်ကတည်းက ကြီးမြင့်နေတဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေ ထပ်မံ မြင့်တက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မြို့ခံအိမ်ရှင်မတဦးက “မန္တလေးလမ်းလည်း ၄ ရက်ပိတ်လိုက်တော့ ကြက်သွန်ဖြူတွေ ၉,၅၀၀ စျေး ရောက်သွားတယ်။ ကြက်ဥ တော့ ၃၀၀ ပေါ့။ ဝက်သားစျေးဆိုရင် မှောင်ခိုစျေးတောင် ၂၀,၀၀၀ ရောက်သွားတယ်။ လက်လုပ်လက်စားတွေ အတွက်တော့ တကယ် ဒုက္ခရောက်ရပါတယ်” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ရက်တွေဆိုရင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်း တွေလောက်ပဲ သွားလာလို့ ရခဲ့တယ်လို့ ဆိုပါတယ်။

စစ်လက်နက်နဲ့ ရိက္ခာတင်ဆောင်လာတဲ့ သင်္ဘော ၉ စီး ဆိုက်ကပ်လာတဲ့ ဩဂုတ် ၁၉ ရက် ကတည်းက ပစ္စည်းတင်ချ သယ်ယူနေချိန်တွေမှာ အထူးတင်းကျပ်လိုက်တာလည်း ဖြစ်ပါတယ်။ မြို့တွင်း မြို့ပြင် ဝင်ထွက်သွားလာ မရတာ​ကြောင့် ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။“မြစ်ကြီးနားဘက်ကလည်း လမ်းပိတ် ကုန်မဝင် ကုန်မပို့ရ။ မန္တလေးဘက်ကလည်း ခဏလား ပြန်ပိတ်ဆိုတော့ အစစ အရာရာ စျေးတက်သွားရတာ ဖြစ်တယ်” လို့လည်း ပြောပြပါတယ်။ ရပ်ကွက်တခုနဲ့တခု ကြားမှာတောင် ဆိုင်ကယ် ဖုန်းတွေစစ်တော့ လမ်းတွေက လူပြတ်တိတ်ဆိတ်နေပြီး စစ်ကောင်စီက လှုပ်ရှား သွားလာနေတဲ့ တချို့နေရာတွေမှာ ဖုန်းလိုင်းပိတ်ပစ် အသွားအလာ ကန့်ပစ်တာမို့ လမ်းတဝက်မှာ ပိတ်မိနေတာမျိုး၊ စားသောက် ကုန် ဝယ်ယူဖို့တောင် ခက်ခဲခဲ့ရတာမျိုးတွေရှိကြောင်း သိရပါတယ်။ https://burmese.dvb.no/post/611516

၂၂။ အင်းလေးဒေသမှာ ရဲနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီး‌ငွေညှစ်နေ
    August 24, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ PNO ပြည်သူ့စစ်က ဒေသခံတွေကို ဖမ်းဆီး ငွေညှစ်နေတယ်လို့ အင်းလေး ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီလို ဖမ်းဆီး ငွေညှစ်ရာမှာ မူးယစ်ဆေးဝါးသာမက PDF နဲ့ အဆက်သွယ် ရှိတယ်ဆိုပြီး ခြိမ်းခြောက် ငွေညှစ်နေတယ်လို့ အင်းလေး အနောက်ဘက်ကမ်းနေ ဒေသခံ တစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ကျေးပေါခုံကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာမှာ ရဲနဲ့ လွယ်မောရွာ အခြေစိုက် PNO ပြည်သူ့စစ်အဖွဲ့က ဒေသခံ ၂ ဦးကို ဖမ်းဆီးပြီး ငွေညှစ်တာကြောင့် သိန်း ၈၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“သူတို့ပြောတာက ဒီအိမ်က အရင်တုန်းက မူးယစ်ဆေးဝါး ရောင်းဖူးလို့လာဖမ်းတာတဲ့၊ လာဖမ်းတဲ့ အချိန်မှာ ဘာမူးယစ် ဆေးဝါးမှ မတွေ့ဘူး။ အဲ့ဒီအိမ်က မူးယစ်ဆေးဝါး ရောင်းတာလည်း မဟုတ်ဘူး။ အဲ့ဒါကို အိမ်မှာရှိတဲ့ လူ ၂ ယောက်ကို ဖမ်းသွား တာ၊ လမ်းတဝက်မှာ သိန်း ၈၀ နဲ့ ပြန်လာရွေးခိုင်းလို့ သူတို့ရောက်တဲ့နေရာ လမ်းပေါ်မှာပဲ သိန်း ၈၀ လိုက်ပေးမှ ပြန်လွှတ်ပေးတယ်” လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့ ဖမ်းဆီး ငွေညှစ်နိုင်ဖို့ PNO ပြည်သူ့စစ်နဲ့ အင်းလေး ပျူစောထီးတွေက အဓိက လမ်းကြောင်းရှာပေးတာ၊ သတင်းအချက်အလက် ပေးတာတွေ ပြုလုပ်နေယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။“ပြည်သူ့စစ်တွေ ပျူစောထီးတွေက ဘယ်ရွာမှာ ဘယ်သူတွေက မူးယစ်မှုနဲ့ ထောင်ကျဖူးတယ်။ ဘယ်သူဌေးက မူးယစ်ဆေးဝါး ရှူဖူးတဲ့သူရဲ့ အမျိုး ဖြစ်တယ်။ ဘယ်သူက ယာမ ရှူဖူးတယ် အဲ့လိုသိတော့ အဲ့လိုလုပ်ဖူးတဲ့ အိမ်တွေလုပ်ဖူးတဲ့ သူတွေရဲ့ ဆွေမျိုးတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းဆီး ငွေညှစ်တာပေ့ါ။ သူတို့က ရဲတွေကို ခေါ်လာ လမ်းပြတယ်။ ရဲတွေက လက်ထိပ်ခတ် ဖမ်းသွားတယ်။ ပြီးမှ သူတို့က ကြား ထဲက ဝင်ညှိပေးသလိုနဲ့ ငွေဘယ်လောက် ဘယ်လောက်နဲ့ လိုက်ရွေးဆိုပြီးတော့ လုပ် စားကြတယ်”လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။“ခြံပိုင်ရှင်က ခြံထဲမှာ အလုပ်လုပ်နေတာ။ အဲ့ဒါ ဦးကုလား ခေါင်းဆောင်တဲ့ PNO ပြည်သူ့စစ်တွေက သေနတ်တွေနဲ့ ရောက်လာပြီးတော့ ခြံရှင်က အရင်က ယာမ ရှူဖူးတယ်လို့ ပြောပြီး ငွေ ၈ သိန်းတောင်းတယ်။ သေနတ်တွေ ကို လည်း မောင်းတင်ပြီး ခြိမ်းခြောက်တော့ ခြံရှင်ကကြောက်ကြောက်နဲ့ ပေးရသေးတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီပ အကြောင်းအမျိုးမျိုးပြပြီး ပြည်သူကို ငွေညှစ်ရာမှာ မူးယစ်ဆေးဝါးမှု သိန်း ၆၀ နဲ့အထက် တောင်းပြီး လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေး ပိုစ့်တင်တာ မျှဝေတာတွေကိုတော့ သိန်း ၂၀ နဲ့ ၃၀ ကြား တောင်းလေ့ရှိတယ်လို့ နောက်ထပ် အင်းလေး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ https://www.facebook.com/photo/?fbid=325716583148126&set=a.28590049 0463069

၂၃။ လွိုင်ကော်မှာ ဒေသခံတွေဆီက ငွေညစ်မှုနဲ့ လုယူမှုတွေ ကို စစ်ကောင်စီပြုလုပ်နေ
     August 23, 2023

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီဂိတ်တွေမှာ ကိုဖြတ်သန်း သွားလာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီ က ငွေညစ်မှုတွေနဲ့ လုယူမှုတွေရှိနေတဲ့အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဖြတ်သွားဖြတ်လာနေတဲ့ ပြည်သူတွေကိုစစ်ဆေးတဲ့အခါ ပိုက်ဆံနဲ့တန်းဖိုးရှိတဲ့ပစ္စည်းတွေကိုတွေ့လျှင် အကြောင်းတစ်ခုခုရှာပြီး ငွေညစ်ကြောင်းနဲ့ ဘာမှ မပါလျှင် အစုအဖွဲ့လိုက် ဝိုင်းထိုးကြိတ်၊ ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ စစ်ဆေးမှုမှာ ငွေညစ်ခံရသူတစ်ဦးက ပြောပါတယ်။“ကျနော်ပြီးခဲ့တဲ့ပတ်က မြေဩဇာဝယ်ဖို့ ရွာကနေ လွိုင်ကော်ကို ပြန်လာ တာ အိတ်ထဲမှာ ပိုက်ဆံတွေ့တော့ “မင်းက ထောက်ပို့လုပ်နေတာမို့လား” အဲလိုပြောတယ်လေ။ ပြီးတော့ အကြားကြီးပဲ စစ် တယ်။ စစ်တဲ့အခါလည်း ဆဲဆိုပြီးတော့ ဓားတွေထုတ်ပြပြီး ခြိမ်းခြောက်တယ်။ “နင်တို့ကို အကုန်သတ်လို့ ရတယ်” အဲလိုပြော တယ်။ တစ်နာရီလောက်ကြာတယ်။ ကျနော်က ပိုက်ဆံပါလို့ အထိုးမခံရဘူး။ ပိုက်ဆံ မပါတဲ့သူတွေကိုတော့ ဝိုင်းပြီး ထိုးလည်း ထိုး၊ ကန်လည်းကန်တယ်” လို့ စစ်ကောင်စီရဲ့ ငွေညစ်ခံခဲ့ရသူက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ စစ်ဆေးမှုခံရတဲ့အချိန်မှာ မိမိအသက်အန္တာရာယ်အတွက် စိုးရိမ်ရသလို ပါလာတဲ့ ပိုက်ဆံတွေ မယူဖို့ တောင်းပန်ပေမယ့် စစ်ကောင်စီက ပိုက်ဆံ ၃ သိန်းကို အတင်းအဓမ္မ လုယူသွားတယ် လို့ ဆိုပါတယ်။ လူသားတစ်ယောက် မှာ မွေးရာပါအခွင့်အရေးဖြစ်တဲ့ သွားလာခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် ၊ လုံခြုံခွင့်ရှိပေမဲ့လည်း စစ်ကောင်စီတပ်တွေ ဒေသခံတွေ အပေါ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အတွက် အခြေခံလူ့အခွင့်အရေးတွေကို တပြိုင်နက်ချိုးဖောက်နေတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်ဟာ ဓားပြအဆင့်သာသာရှိတော့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါ တယ်။“သူ့(စကစ) လုပ်ရပ်က တပ်တစ်ခုရဲ့ လုပ်ရပ်နဲ့ မတူတော့ဘဲ ဘာနဲ့တူလဲဆိုတော့ ကျနော်တို့ ခေါ်တာက ဓားပြ အဆင့် လောက်ပဲ ကျန်တော့တယ်ပေါ့နော်။ လုယက်၊ခိုး၊ဆိုးတယ် ပုံစံနဲ့ လုပ်တဲ့အတွက်ကြောင့်မို့ လို့ ဒီဟာက အရမ်းဆိုးဝါးတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်တယ်။ ဒီဟာက ဓားပြသာသာပဲ” လို့ ဦးဗညားက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%9c%e1%80%bd%e1% 80%ad%e1%80%af%e1%80%84%e1%80

၂၄။ ညောင်လေးပင်ခရိုင်တွင် သုံးပတ်အတွင်း နေအိမ် ၁၂၁ လုံး စစ်ကောင်စီတပ်မီးရှို့ခဲ့ကြောင်း KNU ထုတ်ပြန်
     August 24, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများ အတွင်းသို့ ၃ ပတ်တာအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၁ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ နယ်မြေအတွင်းရှိ အင်အား (၈၀) ခန့်ရှိသော စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၅) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ၏ လက်အောက်ခံ ပူးပေါင်း တပ်များအကြား ပြီးခဲ့သည့် ဩဂုတ်လ (၉)ရက်နေ့ နံနက် (၅)နာရီ အချိန်တွင် အောက်ကြာအင်း ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက် အောက်ကြာအင်းကျေးရွာရှိ နေအိမ်(၂၆)လုံးကို စစ်တပ်က ဝင်ရောက် မီးရှို့ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များသည် ကေအဲန်ယူ တပ်မဟာ(၃)၏ မုန်းမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းရှိ အိမ်ခြေ စုစုပေါင်း (၁၄၈) လုံးခန့်ရှိသည့် နောင်ကုန်း ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ် (၂၇) လုံးအပြင် စပါးကျီ (၁၆) လုံး၊ တဲ(၁၁)လုံးနှင့် အခြားသောအရာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးဟု ကေအဲန်ယူက ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ဇူလိုင်လ (၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) ၊ ခြေမြန်တပ်ရင်း (ခမရ-၃၀၇) (ခမရ-၄၃၉) (ခမရ-၃၅၀) ၊ ပျူစောထီး၊ ရဲတပ်ဖွဲ့များနှင့် KNLA တပ်ရင်း(၉) ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ် ပွားခဲ့ပြီးသည့်နောက်တွင် နောင်ကုန်းကျေးရွာမှ နေအိမ် ၂၇ လုံးနှင့် နံဇကျေးရွာမှ နေအိမ် ၆၈ လုံးတို့ကို စစ်တပ်က ထပ်မံမီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့်နေအိမ် စုစုပေါင်းအရေအတွက်ကို ဖော်ပြထားသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် အရပ်သား ပြည်သူ ဦးရေ အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ https://kicnews.or g/2023/08/%e1%80%8a%e1%80b1%e1%80%ac%e1%80%84%e1%80%ba%e1%8 

၂၅။ ထိရောက်သော လူသားချင်းစာနာမှုအကူအညီအတွက် ကုလသမဂ္ဂအနေဖြင့် အပြောင်းအလဲလုပ်ရန် လိုအပ်               ကြောင်း NUG ပြော
    August 24, 2023

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးရာတွင် ထိရောက်မှုရှိစေရန် ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများ အနေဖြင့် အပြောင်းအလဲပြုလုပ်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၏ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဩဂုတ်လ (၂၃)ရက်နေ့ တွင် ပြောသည်။ နိုင်ငံတကာအလှူရှင်များနှင့်ချိတ်ဆက်ထားသော UN အနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိ ကူညီ ထောက်ပံ့မှု များလုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမှတဆင့် သွားနေရသောကြောင့် အမှန်တကယ်အကူအညီလိုအပ်နေသော ပြည်သူများအတွက် ထိရောက်မှုမရှိသဖြင့် အကူအညီပေးနိုင်ရေးနည်းလမ်းအား ပြောင်းလဲဖန်တီးရန်လိုကြောင်း နိုင်ငံတကာ အကူအညီအတွက် NUG ချိတ် ဆက်ပါဝင်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ ဝန်ကြီးက ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။ တော်လှန် ရေးအင်အားစုများ စိုးမိုးမှုနိုင်နင်းသည့်နယ်မြေများအတွင်း သက်ဆိုင်ရာအလိုက် ဖွဲ့စည်း ထားသော အုပ်ချုပ်ရေးအဖွဲ့များနှင့် NUG က ချိတ်ဆက်၍ လူသားချင်းစာနာ ထောက်ပံ့မှုအကူအ ညီများပေးလျက်ရှိသလို UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များ အနေဖြင့်လည်း ၎င်းတို့ လမ်းကြောင်းအတိုင်း ထိုးဖောက်ဝင်ရောက်နိုင်ပါက ထိရောက်သော အကူအညီပေးနိုင်မည်ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

ဝန်ကြီးက “ERO တွေ NUG နဲ့ ချိတ်ဆက်ပြီးသား CSO တွေနဲ့ ဆက်သွယ်ပြီး တိုက်ရိုက် အကူအညီပို့ နိုင်တဲ့အပြောင်း အလဲကို UN အနေနဲ့ဖန်တီးနိုင်ဖို့လိုတယ်။ လက်ရှိ ပြည်သူတွေ ထိရောက်တဲ့ အကူအညီတွေရရှိဖို့ ကျနော်တို့ကြိုးစားလုပ် ဆောင်ခဲ့တယ် လုပ်ဆောင်နေဦးမှာပဲ။ UN အနေနဲ့ အပြောင်းအလဲဖြစ်ဖို့‌ မျှော်လင့်တယ်။ ဒီလိုဆိုရင်ကျနော်တို့လည်း လက်တွဲပြီး ထိထိရောက်ရောက် လက်တွဲဆောင်ရွက်သွားနိုင်မှာပါ။” ဟု ပြောသည်။ ထိုသို့ အကူအညီပေးရာလမ်းခရီးတွင် စိတ်ချလုံခြုံမှုရှိ စေရန် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဒေသတွင်းမဝင်ရောက်မီ NUG ထံ ကြိုတင် အကြောင်းကြားမှုပေးရန် လိုအပ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြော ဆိုသည်။ NUG အနေဖြင့်လည်း နယ်စပ်ဖြတ်ကျော်အကူအညီပေးမှုလုပ်ငန်းများအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ နှင့် နယ်နိမိတ်ခြင်းထိစပ်နေသော နိုင်ငံများသို့ သွားရောက် ဆွေးနွေးခဲ့သလို လက်ရှိမှာလည်း ကြိုးစားလုပ်ဆောင်နေဆဲဖြစ်၍ အောင်မြင်မှုမရရှိသေးကြောင်း သိရသည်။ https://kicnews.org/2023/08/%e1%80%91%e1%80%ad%e1%80%9b%e1%80%b1%e1 %80%ac%e1%80%80%e1

၂၆။ လဲချား-မိုင်းနောင် ကားလမ်းမကို စစ်ကောင်စီတပ် ပိတ်ထားလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ
     August 24, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်မှာ စစ်ကောင်စီနဲ့ SSPP တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် လဲချား-မိုင်းနောင် ကားလမ်းမကြီးကို စစ်ကောင်စီက ပိတ်ပင်ထားထားလို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် လ ၆ ရက်နေ့မှာ SSPP တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လဲချားမြို့အဝင် နမ့်တိန်းချောင်းအနီး၊ မက်လန်း ကျေးရွာမှာ တပ်စွဲကာ လဲချား-မိုင်းနောင် ကားလမ်းကို ပိတ်ထားခဲ့ပါတယ်။“ညမထွက်ရ အမိန့်လည်း ထုတ်ထားတာ ရှိသေး တယ်။ လမ်းလည်း အခုထိ ပိတ်ထားတယ်။ သူတို့ တိုက်ပွဲဖြစ်တာ တစ်ရက်ထဲ။ လူထုက ဒုက္ခ ရောက်ရတာ အခုထိပဲ။ တစ်ကွေ့ တစ်ပတ်ကြီး ရှောင်သွားရတော့ ခရီးသွားရင် ပိုက်ဆံလည်း ပိုကုန်တယ်။ လုံခြုံမှုလည်း စိုးရိမ်ရသေးတယ်” လို့ လဲချား ဒေသခံ တစ်ဦးက ပြောပါတယ်။ အခုလို လဲချား-မိုင်းနောင် ကားလမ်းမကို ပိတ်ထားတဲ့အတွက် မိုင်းနောင်ဘက်ကို သွားလိုတဲ့ ဒေသခံ တွေ အနေနဲ့ လဲချား-မိုင်းကိုင်-ကျေးသီး-မိုင်းနန်း-မိုင်းနောင် လမ်းကကွေ့ပတ်သွားလာရလို့ ခရီး ၂ ဆမက ပိုဝေးသွားတယ်လို့ သိရပါတယ်။

လဲချား-မိုင်းနောင်ဟာ ကားလမ်းမကြီးဟာ အဖြောင့်အတိုင်း လမ်းခရီး မိုင် ၅၀ နီးပါးသာ ရှိပေမယ့် လက်ရှိ ကွေ့ပတ် သွားရတဲ့ အတွက် မိုင် ၁၀၀ နီးပါး သွားနေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီက အခုလို ကားလမ်းမကြီးကို ပိတ်ထားတာကြောင့် ဒေသခံတွေ အနေနဲ့ လူမှုရေး၊ စီးပွားရေး လမ်းပန်းဆက်သွယ်ရေး အတွက် အခက်အခဲ ဖြစ်ပေါ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “အဲ့ဒီလို ကွေ့ပတ်သွားနေရတဲ့အထဲ လဲချား၊ မိုင်းကိုင်မှာက ညမထွက်ရ အမိန့်လည်း ရှိသေးတော့ နေ့ချင်းပြန် ခရီး သွားဖို့က မလွယ်တော့ဘူး။ ပြည်သူတွေ လုပ်ကိုင်စားသောက်ရတာ အခက်အ ခဲဖြစ်တာပေါ့”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ အနေနဲ့ ပိတ်ထားတဲ့ လဲချာင်း-မိုင်းနောင် ကားလမ်းမကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ စစ်ကောင်စီဟာ ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းပြီး မက်လန်းကျေးရွာထဲမှာ တပ်စွဲထားရာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ ဦးကို စစ်တပ်ဂိတ်က သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးခဲ့ရပါသေးတယ်။ https://www.facebook.com/photo?fbid=3253 52563184528&set=pcb.325352589851192

၂၇။ ဒီးမော့ဆိုမှာ လေကြောင်းက တိုက်လို့ ဘာသာရေးအဆောက်အအုံနဲ့ တံတားတစင်းပျက်စီး
     August 24, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာအနီးကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၃ ရက် ၊ည ၁၀ နာရီ လောက်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ခရစ်ယာန်ဘာသာရေးအဆောက်အအုံတခုနဲ့ ကွိုင်ငံရေထွက်ပေါက်က တံတားတစင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လူထိခိုက်မှုတော့ မရှိဘူး၊ လာကြဲတာကတော့ တကြိမ်ပဲ။ အဲနားမှာတိုက်ပွဲလည်းမဖြစ်ဘူး၊ တိုက်ပွဲဖြစ်တာက ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးဘက်မှာပဲဖြစ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။ အခုလို ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကက်သလစ်ဘာသာဝင်တွေရဲ့ မယ်တော်ဂူကတော့ သွပ်ခေါင်မိုးတွေ ပျက်စီးခဲ့ပြီး အရှည် ပေသုံးဆယ် လောက်ရှိတဲ့ ကွိုင်ငံရေထွက်ပေါက် သစ်သားချောင်းကူးတံတား ပြတ်တောက်သွားခဲ့ပါတယ်။

ဒီးမော့ဆို-ဖရူဆို ကားလမ်းမနဲ့ သုံးမိုင်လောက်အကွာက ကွိုင်ငံရွာရဲ့ တောင်ဘက်ခြမ်း တမိုင်အကွာလောက်မှာရှိတဲ့ အဲဒီနေရာမှာ တောင်ကျရေစိမ့်ထွက် စီးဆင်းနေတဲ့ ချောင်းရှိလို့ ကွိုင်ငံရေထွက်ပေါက်လို့ ခေါ်ကြတာပြီး စစ်အာဏာသိမ်းမှု မဖြစ်ခင်ကတော့ ဒေသခံတွေ သွားရောက်အပန်းဖြေ နားယူလေ့ရှိတယ်လို့ သိရပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာ အနီးတဝိုက်မှာတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လာရောက်ရှောင်တိမ်းနေကြတဲ့ စစ်ဘေးရှောင်တချို့ နေထိုင်ကြတာရှိတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။ https://deltanewsagency.com/41460/

၂၈။ သိန်းထောင်ချီဓားပြတိုက်ခဲ့သူများကို ဖမ်းဆီးရမိခြင်းမရှိသေး
     August 24, 2023

သိန်းထောင်ချီ ဓားပြတိုက်ခံခဲ့ရသည့်အမှုကို ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။ ဝိုင်းမော်မြို့၊ သာဂရ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ညနေ (၄) နာရီခန့်က ဖြစ်ပွားခဲ့သည့် ဓားပြမှုမှ ကျူးလွန်သူများကို ဖမ်းမိခြင်းမရှိသေးကြောင်းနှင့် ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။“ဝိုင်းမော်ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်လေ။ နယ်ထိန်းတွေ ပတ်စုံစမ်းနေတုန်းရှိ သေးတယ်”ဟုပြောသည်။ မျက်နှာဖုံး (Mask) များ ဝတ်ဆင်ထားသည့် လူငယ်ခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာ ခြင်းဖြစ်ပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ အိမ်အတွင်းရှိနေသူများကို ကြိုးတုပ်ကာ ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများ ယူဆောင် သွားခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“လူရှစ်ယောက်ရှိတယ် အိမ်က ဝင်ဝင်ချင်း သေနတ်ထုတ်လာပြီးမှ စစ်ဆေးစရာရှိတယ်ဆိုပြီးမှ ဝင်လာတာ။ အကုန် လုံးကို အိမ်ထဲခေါ်ပြီး ကြိုးတုပ်ပြီး ရှာတာပြုတာလုပ်တာပေါ့။ ဦးမိုးကျော်ထွန်းရဲ့ မိန်းမအကျဲက မိနစ် ၂၀ ကျော်လောက်မှ ရောက်လာတော့ အကျဲကိုခေါ်ပြီး မီးခံသေတ္တာဖွင့်ခိုင်းပြီး ပိုက်ဆံတွေအကုန် မသွားတာ။ ပြီးတော့ ကြိုးတုပ်ထားခဲ့တယ်” ဟု ပြောသည်။ ဦးကျော်မိုးထွန်းမှာ ဝိုင်းမော်မြို့တွင် လိုင်စင်ဖြင့် အမဲခုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။ အဆိုပါလူငယ် ခြောက်ဦးမှာ ပစ္စတိုသေနတ်နှစ်လက် ကိုင်ဆောင်ထားပြီး အိမ်အတွင်းမှ မြန်မာကျပ်ငွေသိန်းလေးထောင်၊ တရုတ်ယွမ်ငွေ ရှစ်သောင်းခန့်၊ ရွှေလက်စွပ်တစ်ကွင်းအပါအဝင် နွားလာရောင်းသူထံမှလည်း ငွေကျပ် ၅၂ သိန်းနှင့် ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ ယခင်က ဝိုင်းမော်မြို့တွင် ယခုကဲ့သို့ ဓားပြတိုက်မှုဖြစ်စဉ် ကြီးကြီးမားမားမရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ https://www.facebook.com/photo/?fbid=614844030843269&set=a.535867405407599

၂၉။ တအာင်းပညာရေး အကယ်ဒမီကျောင်းကို လွတ်မြောက်နယ်မြေ တစ်နေခုမှာ ပထမဆုံးကြိမ်အဖြစ် TNEC ဖွင့်          လှစ်နိုင်ခဲ့
     August 24, 2023

တအာင်း (ပလောင်) ဒေသရှိ လွတ်​မြောက်နယ်မြေ တစ်နေရာမှာ  တအာင်းပညာရေး အကယ်ဒမီ (TEA) ကျောင်းကို တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) က ပထဆုံးကြိမ်အဖြစ် သြဂုတ် ၂၄ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖွင့်ပွဲကို တအာင်းအရပ်ဖက်အဖွဲ့အစည်းအပါအဝင် ရပ်ရွာရပ်မိရပ်ဖ​တွေနဲ့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ပါတယ်။ အခုကျောင်းဟာ ကျောင်းသား ဦးရေ ၁၅၀ သတ်မှတ်ထား ပေမယ့် မပြည့်သေးတာကြောင့် တက်ရောက်လိုသူတွေအနေနဲ့ လမကုန်ခင်အထိ လျှောက်ပြီးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဒီကျောင်းပြီးရင် တအာင်းဒေသမှာ ဖွင့်လှစ်ထားတဲ့ TNECကျောင်းမှာ မူလတန်းပြဆရာ၊ဆရာမအဖြစ် စတင်သင်ကြား ပေးသွားရမှာဖြစ်ပြီး သင်တန်းကာလကတော့ ၁ နှစ်ဖြစ်ပါတယ်။ ထူးချွန်ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ အခြားမိတ်ဖက် ပညာရေးကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ https://www.f acebook.com/photo?fbid=622336113406990&set=pcb.622337126740222

၃၀။ မုံရွာမြို့က ကိုယ်ဝန်သည်ကို ပစ်သတ်သူတွေကို သေဒဏ်ချလို့ရတဲ့ ပုဒ်မအပါအဝင် ပုဒ်မသုံးခုနဲ့ NUG တရားစွဲ
     August 24, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ဓားပြတိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့သူတွေကို သေဒဏ်ချ မှတ်လို့ရတဲ့ ပုဒ်မ အပါအဝင်ပုဒ်မ သုံးခုနဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က  ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ အမျိုးသားခုနှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၉၅(ဓားပြမှု)၊ ၃၉၆(လူသတ်မှုပါသော ဓားပြမှု)နဲ့ ၃၉၇(သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ အားထုတ် မှုပါသော လုယက်မှု၊ သို့တည်းမဟုတ် ဓားပြမှု)တို့နဲ့ အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။“ကျွန်တော်တို့ဘက်ကတော့ ရမန်ကြီးပြီးသွားလို့ တရားစွဲဆိုပြီးတော့ တရားရေးကို တင်ပို့လိုက်ပြီ။ သက်ဆိုင်ရာ တရားရေးဘက်ကနေပဲ သူတို့ကို ရုံးထုတ် စစ်ဆေးပြီးတော့ အမိန့်ချမှတ်သွားမှာပါ”လို့ မုံရွာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အမျိုးသား ခုနှစ်ဦးကို မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က အမှုတည်ဆောက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးဖို့ကျန်ရှိနေသေးတဲ့ အဓိကစေခိုင်းခဲ့သူ အမျိုးသမီးတဦးကိုလည်း ကွင်း ဆက်တွေကို လိုက်လံပြီးတော့စုံစမ်းနေတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့အုပ်ချုုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့ အမျိုးသား ခုနှစ်ဦးဟာ တော်လှန်ရေးကို အမည်ခံအသုံးချပြီး လူသတ်၊ ဓားပြတိုက်၊ လုယက်မှုတွေ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်နေတာကြောင့် အရပ်ဖက်တရားရုံးမှာပဲ တရားစီရင်သွားမှာဖြစ်တယ်လို့လည်း သိရ ပါတယ်။“ဒါကတော့ အရပ်သားပြည်သူတွေကို ထိခိုက်စေတာဖြစ်တဲ့အတွက် သူတို့ကို အရပ်ဖက်တရားရုံးကပဲ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။ လူသတ်၊ ဓားပြ တိုက်မှုကျူးလွန်ခဲ့သူတွေဟာ ကျွဲကြီး(ခေါ်)ဘိုငွေ အပါအဝင် ပြုံးကြီး(ခေါ်)ကျော်စိုးထွန်း၊ အောင်ကြီး(ခေါ်)အောင်မြင့်ခိုင်၊ ဘဂျမ်း(ခေါ်)ကျော်သူစံ၊ တက်တူး(ခ)မိုးမင်းထက်၊ ကရင်(ခေါ်) အောင်ဆန်းဦးနဲ့ ကျားလေး (ခေါ်)ဝင်းမင်းထက် တို့ဖြစ်တယ်လို့  ထုတ်ပြန်ထားပါတယ်။ အဲဒီနောက် NUG လက်အောက်ခံတရားရုံးမှာ ရာဇသတ်ကြီးပုဒ်၃၉၅ / ၃၉၆ / ၃၉၇ အရ တရားစွဲဆို တင်ပို့ထားပြီး ရာဇဝတ်ကြီး အမှုအမှတ် ၂၉/၂၀၂၃ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကော်မတီက  ဆိုပါတယ်။ https://www.facebook.com/photo?fbid=692189272954153&set=a.6 05723148267433

၃၁။ ရပ်စောက်မှာ လက်နက်တွေနဲ့အတူ လူ ၅ ဦး ဖမ်းဆီးခံရ
     August 24, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ Sunlight တည်းခိုခန်းမှာ PDF ရဲဘော်လို့ စစ်ကောင်စီဘက်က စွပ်စွဲသူ ၄ ဦး ဖမ်းဆီးခံလိုက်ရပြီး ကွင်းဆက်အနေနဲ့ လက်နက်ရောင်းချသူတစ်ဦးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိတယ်လို့ ဒေသ တွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး တည်းခိုခန်း မှာ ဖမ်းဆီးခံရသူ ၄ ဦးရဲ့ကနေတဆင့် ဆက်စပ်ပြီး ရပ်စောက်မြို့နယ်၊ ဆပ်သေကျေးရွာ၊ အမှတ် ၅ ရပ်ကွက် ဦးစိန်အောင်ရဲ့ နေအိမ်မှာ လက်နက်ရောင်းချမယ့်သူ စိုင်းဝမ်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အများ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။“လက်နက်တွေက ရှမ်းပြည်ကိုဖြတ်ပြီး တခြားနယ်ကိုသွားမှာ။ အခုမိတာကတော့ ရှမ်းပြည်မှာ သုံးဖို့ မဟုတ်ဘူး။ စစ်ကိုင်းဘက်သွားဖို့ထင်တယ်” လို့ သူကပြောပါတယ်။ တည်းခိုခန်းမှာ ဖမ်းဆီးခံရသူ ၄ ဦးဟာ ဗိုလ်နဂါးအဖွဲ့နဲ့ MDY PDF က ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သက်ဆိုင်တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။

လက်နက်ရောင်းချသူ စိုင်းဝမ်း ဟာ RCSS က ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပေမယ့် သီးခြား အတည်ပြုနိုင်ဖို့အတွက် RCSS ပြောခွင့်ရ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဗိုလ်မှူးခမ်းစံနဲ့ ဒုတိယဗိုလ်မှူးကြီး အုမ်ခေး တို့ကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။“အရင်က ဆတ်သေမြောက်ဘက် ကျိုင်းခမ်းမှာနေတယ်။ SSPP တွေ ဆင်းလာတော့ သူက ဆတ်သေထဲမှာလာနေတယ်။ (ဖမ်းမိတဲ့အိမ်က) သူ့ကိုယ်ပိုင်အိမ်တော့မဟုတ်ဘူး” လို့ အဲဒီသတင်းရင်းမြစ် က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ လက်နက်တွေအနေနဲ့ MA-3 တစ်လက်နဲ့ ကျည်ဘောက် တစ်ခု၊ AK-47 ၂ လက်နဲ့ ကျည်ဘောက် ၄ ခု၊ M-4 ၁ လက်နဲ့ ကျည်ဘောက် တစ်ခု၊ MA-3 တစ်လက်၊ ၅.၅၆ ကျည် ၈ တောင့်၊ ၇.၆၂ ကျည် ၆ တောင့်၊ ပြောက်ကျားဝတ်စုံ ၁၀ စုံ၊ ပြောက်ကျား ဦးထုပ် ၁၀ လုံး၊ ခါးပတ်အကြီး ၉ ချောင်း၊ ပစ္စတိုအိတ် ၉ လုံး စတာတွေ ပါဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/ photo/?fbid=325742369812214&set=a.285900490463069

၃၂။ ဆီဆိုင်မြို့က လဝကရုံးမှာ မှတ်ပုံတင်လာလုပ်သူတွေကို ၅ သောင်းကနေ ၁ သိန်းအထိ တောင်းနေ
     August 24, 2023

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး (လဝက)ရုံးမှာ မှတ်ပုံတင် လာလုပ်သူတွေကို ကျပ် ၅ သောင်းကနေ ၁ သိန်းအထိ တောင်းတဲ့အပြင် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံလာတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါ တယ်။ အရင်က ကျပ် ၃ သောင်းအထိ အများဆုံးတောင်းပြီး လက်ရှိမှာ ၎င်းတို့တောင်းသလောက် ပေးနိုင်တဲ့သူတွေသာ တစ်ပတ် အတွင်း အမြန်ရတယ်လို့ ဆိုပါတယ်။ ဒေသခံ အမျိုးသားတစ်ဦးက “အရင်ကဆို သုံးသောင်းအထိ အများဆုံး တောင်းတယ်။ အခုက မရတော့ဘူး။ ငါးသောင်းကနေ တစ်သိန်းအထိ တောင်းတာ။ ဗမာစကား မတတ်တဲ့သူတွေပိုဆိုး ဆဲခံနေရတာ။ သူတို့ တောင်းသလောက် မပေးနိုင်တဲ့သူတွေဆို သူတို့မလုပ်ပေးဘူး။ ပိုက်ဆံ ပေးနိုင်တဲ့အချိန်မှ လုပ်ပေးတာ။ ပေးနိုင်တဲ့သူတွေကြ တော့ တစ်ပတ်အတွင်းဆိုရပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်မှာ မှတ်ပုံတင် လာလုပ်တဲ့သူတွေကို ကျပ် ၅ သောင်း တောင်းကာ မပေးနိုင်ရင် လုပ်လို့မရဘူး ဆိုပြီးတော့ တိုင်းရင်းသားတွေကိုသာ ခွဲခြားဆက်ဆံတာလို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ “ဒီနေ့ ဆို သုံးရက်ရှိပြီ။ မှတ်ပုံတင် လာလုပ်တဲ့သူတွေကို ပိုက်ဆံ ၅ သောင်း ပေးရမယ်တဲ့။ ၂ သောင်းဘဲ ပါလာတယ်ဆိုပြီး မရဘူးတဲ့ မောင်းထုတ်လိုက်တာ။ တော်တော်များများ ပြောကြတယ်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက သူတို့လူမျိုးတွေဘဲ အုပ်ချုပ် နေကြတယ်”လို့ ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးမှာ လုပ်ကိုင်သူတွေ ဟာ လူထုအပေါ် လာဘ်စားမှုတွေ ပိုများလာပြီး ပေါ်ပေါ်တင်တင် လုပ်လာကြတယ်လို့ ၎င်းက ဆိုပါတယ်။ https://www.facebook.com/photo/?fbid=621904110116857&set=a.404 503215190282

၃၃။ ရက္ခိုင့်တပ်တော်ကိုတိုက်ဖို့ အာဆာကို စစ်ကောင်စီက လက်နက်ထောက်ပံ့နေ
     August 24, 2023

ရခိုင်-ဘင်္ဂလားနယ်စပ်ကိုထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော်(AA)ကို တိုက်ခိုက်ရန်အတွက် အာဆာအကြမ်းသမားတွေ ကို စစ်ကောင်စီက လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အာဆာအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီအရာရှိတချို့က အတည် ပြုပြောကြပါတယ်။ ”မောင်တောမြောက်ပိုင်း၊ မယူတောင်ကြောမှာ အခြေချလှုပ်ရှားရမယ်။ အေအေကို တိုက်ခိုက်ရမယ်ဆိုပြီး AK-47 ၇၅ လက် ထောက်ပံ့တာပါ။ အဲဒီသေနတ်တွေကို အုစ္စတာသ်ခါလဒ်က ဆော်မီအုဒ္ဒိန်ဆီ ပို့ပေးဖို့စီစဉ် နေပါတယ်။”လို့ အာဆာ အဖွဲ့ရဲ့အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။ အဲဒီလိုထောက်ပံ့ပေးနေတာဟာ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ တပ်မ မှူးက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အာဆာအကြမ်းဖက်သမားတွေနဲ့ စစ်ကောင်စီအရာရှိတွေကြား မူးယစ်ဆေးဝါး ပွဲစားတွေ ကတဆင့် ဆက်သွယ်ကြတာလို့ စစ်ကောင်စီအရာရှိတချို့က ဆိုကြပါတယ်။ အဲဒါကြောင့် ရခိုင်-ဘင်္ဂလားနယ်စပ်ရဲ့အဓိကဆက် စပ်နယ်မြေဖြစ်တဲ့မောင်တောမြို့နယ်မြောက်ပိုင်းရှိ မယူတောင်ကြောတလျှောက်ရှိ ရက္ခိုင့်တပ်တော်(AA)ရဲ့ လှုပ်ရှားစစ်ကြောင်း တွေ၊ ကင်းစခန်းတွေ၊ တပ်ရင်းတွေကို အဓိကတိုက်ခိုက်ဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။

”ဘူးသီးတောင်မြို့နယ်က အာဆာခေါင်းဆောင်က ဘင်္ဂလားကမ့်ထဲက အာဆာခေါင်းဆောင်ဆီ ပို့ပေးဖို့လုပ်နေပြီ။ အဓိကတော့ အေအေကို တိုက်ခိုက်ဖို့နဲ့ ဘင်္ဂလာကမ့်ထဲကို ထိန်းချုပ်လွှမ်းမိုးဖို့ပါပဲ။”လို့ ဘူသီးတောင်မြို့နယ်မှ စစ်ကောင်စီ တပ်မတော် အရာရှိတစ်ဦးက ပြောပါတယ်။ အဲဒီအာဆာအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်မှာ (၁) အုစ္စတာသ်ခါလဒ်(ခ) ခါလဒ်(ခ) နတလ ဒုဦးစီးချုပ် (၂) ကာရီမိုဟိတ်ဘုလ္လာ (ဒိုးတန်း၊မောင်တော) တပ်မှူး၊ (၃) အဒူရော်ဟိမ်(ခ)နော်ယုမ်-တပ်မှူး၊ (၄) လာလူး (သက်ကိုင်ညှာ၊မောင်တော) တပ်မှူး (၅) နုရ်မာမတ် (ဘ)လာလ်မျာ၊(တပ်မှူး)အပါအဝင် စုစုပေါင်း ၁၀၀ ခန့်ပါ၀င်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ရခိုင်တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြောက်ပိုင်း နေရာအများစုကို ရက္ခိုင့်တပ်တော် (AA) ရဲ့တပ်မဟာ ၂ က ထိန်းချုပ်ထားသလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်ရုံးအနီးရှိ စစ်ကောင်စီရဲ့ ကင်း စခန်းတွေ၊ အထိုင်ကုန်းတွေကိုလည်း ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ https://www.facebook.com/photo/?fbid=625812056354484&set=a.5 83120797290277

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button