(No. 64, August 11, 2023)
၁။ ကိုယ်ကျိုးကြည့်သူတွေကြောင့် စစ်ကောင်စီနလန်ပြန်ထူနိုင်တာ သတိထားဖို့ KIO သတိပေး
August 10, 2023
ကိုယ်ကျိုးပဲကြည့်တဲ့ အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ပြောဆိုမှုနဲ့ လုပ်ရပ်တွေေကြောင့်အကျပ်အတည်းထဲရောက် နေတဲ့ စစ်ကောင်စီ နလန်ပြန်ထူသွားနိုင်တာကို သတိထားဖို့လိုတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က သတိပေးခဲ့ပါတယ်။ ဩဂုတ်လ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းသတိပေး ခဲ့တာဖြစ်ပြီး အဲဒီမိန့်ခွန်းကို KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂင်ထန်ဂမ်ရှောင် က ရုပ်သံနေတစ်ဆင့် ကိုယ်စားဖတ်ကြားခဲ့တာ ဖြစ်ပါ တယ်။ ဘယ်လို ကိစ္စတွေဆိုတာနဲ့ ဘယ်အဖွဲ့အစည်းတွေကို ရည်ညွှန်းပြောဆိုတာလဲဆိုတာတော့ အသေးစိတ်ထည့်သွင်းပြော ဆိုထားတာ မရှိပါဘူး။ စစ်ကောင်စီက တစ်နေ့ပြီးတစ်နေ့ ကျဆုံးနေပြီဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေရဲ့ မျှော်မှန်းချက် ပန်းတိုင် ရောက်ရှိတော့မယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောထားပါတယ်။
စစ်ကောင်စီကို မြန်မာပြည်သူအားလုံးက လက်နက်ကိုင်ပြီး တော်လှန်နေကြသလို KIO အနေနဲ့လည်း အဲဒီအဖွဲ့အစည်း တွေနဲ့လက်တွဲပြီး တော်လှန်နေတယ်လို့ ဆိုပါတယ်။ အခုအချိန်ဟာ ပူးပေါင်းတဲ့နည်းဗျူဟာနဲ့ စစ်မျက်နှာဖွင့်သွားနေတာဖြစ်လို့ KIO တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ကိုယ့်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တဲ့အပြုအမှုတွေ လုပ်ဆောင်ဖို့ တိုက် တွန်းထားပါတယ်။ ဒါ့အပြင် KIO အမှုထမ်းတွေအနေနဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ တာဝန်ထမ်းဆောင်နေရပါစေ လိုက်နာ ရမယ့် ဥပဒေစည်းကမ်းတွေကို လိုက်နာပြီး စံပြဖြစ်အောင်ကြိုးစားကြဖို့လည်း တိုက်တွန်းထားပါတယ်။ https://www.faceb ook.com/photo/?fbid=681732793988126&set=a.583637430 464330
၂။ လွိုင်ကော်မြို့ နန်းကွတ်ရပ်ကွက်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ကြပ်ကြီးအပါအဝင် ၉ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရရှိ
August 10, 2023
ကရင်နီပြည်၊ လွိုင်ကော်မြို့ နန်းကွတ်ရပ်ကွက်အတွင်းရှိ ရေစီးကွေ့အနီးမှာ ( ဩဂုတ်လ ၉ ) ရက်နေ့ မနက် ၇ နာရီဝန်း ကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ကြပ်ကြီး စိုးလှိုင်နဲ့ တပ်ကြပ် လွင်ဦး ဆိုသူတို့အပါဝင် ၉ ဦးသေဆုံး ပြီး ၁၂ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားများ မှ ဒန်ဘာကားဖြင့် ထွက်ခွာလာချိန်မှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF ပူးပေါင်းတပ်တို့ နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီတပ်မတော် တပ်ဖွဲ့ဆီကနေ သိရှိရပါတယ်။ ဩဂုတ်လ ၉ ရက်နေ့မှာ ချိကယ်အုပ်စုရဲ့ အရှေ့ဘက်ခြမ်းမှာ တနေကုန်နီးပါး ပစ်ခတ်ခံတွေ ကြားနေရတယ်လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦး ပြောပါတယ်။
“မနေ့က အသံတွေကြားနေရတာပေါ့နော်။ ချိကယ်အရှေ့ဖက်ခြမ်းမှာပေါ့၊ တနေကုန်နီးပါးပဲ။ ညနေပိုင်းတော့ ခဏ ငြိမ်သွားတယ်။” လို့ မြို့နေဒေသခံတစ်ဦးက ပြောပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ဒန်ဘာကား တစ်စီး ဟာလည်း ရေမြောင်းထဲ ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားများမှာ ခလရ ၆၆ က တပ် သားများဖြစ်တယ်လို့ သိရှိရပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဖက်မှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ကရင်နီတပ်မ တော် KA ရဲ့တာ ဝန်ရှိသူဆီကနေသိရှိရပါတယ်။ လက်ရှိမှာတော့ ကရင်နီပြည်ရဲ့မြို့နယ်တိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တို့ နေ့စဉ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိနေပါတယ်။ https://www.kantarawad dytimes.org/%e1%80%9c%e1% 80%bd%e1%80%ad%e1%80%af%e1%80%84%e1%80
၃။ NCA စာချုပ်ပျက်ပြီဟု KNU ပြော
August 10, 2023
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် လက်ရှိတွင် ပျက်သွားပြီဖြစ်ကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။ KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက် ကျင်းပမှုအပြီး ယနေ့ မွန်းလွဲပိုင်း၌ ပြုလုပ်သည့် ရက် ၁၀၀ ပြည့်အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောခြင်းဖြစ် သည်။ ပဒိုစောတာဒိုမှူး က “NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခြေခံမူတွေကို (စစ်ကောင်စီ) နင်းခြေဖျက်ဆီးလိုက်တာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ NCA ရဲ့ အခန်း ၁ က NCA တခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီ နှလုံးသားကို ဖျက်ဆီးလိုက်တာဖြစ်တဲ့အတွက် NCA က မရှိတော့ဘူး” ဟု ဆိုသည်။
NCA စာချုပ်၏ အခန်း (၁) အခြေခံမူများထဲတွင် မြန်မာနိုင်ငံ၌ သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခ များ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ် တရပ်ထူထောင်ပြီး လက်နက်ကိုင် ပဋိပက္ခအဆုံးသတ်နိုင်ရန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သော ပြည်သူလူထုတရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးနှင့် ပြည်သူလူထု ၏ ဘဝမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်သည်။ ပဒိုစောတာဒိုမှူး က ဆက် လက်၍ NCA စာချုပ် ပျက်သွားပြီဖြစ်သဖြင့် NCA ကို အသုံးချကာ နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စားသည့်ကိစ္စများသည် KNU နှင့် မသက်ဆိုင် တော့ကြောင်း ပြောဆိုသည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU အပါအဝင် အခြားသောတိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ က အတူတကွ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ https://www.fa cebook.com/photo?fbid=680454507461073&set=a.60072 2605434264
၄။ အစင်ကျေးရွာ လဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ် ၃ ဦးသေ ၂ ဦးဒဏ်ရာရ
August 10, 2023
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာရှိ ဦးချစ်ဆွေ လက်ဖက်ရည်ဆိုင်မှာ သြဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီဝန်း ကျင်မှာ ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း ဒေသခံများထံမှသိရှိရပါတယ်။ “မနက် ၈ နာရီ လောက်က လဖက်ရည်ဆိုင်ကို အမည်မသိသေနတ်သမားတွေ ဝင်ပစ်သွားတယ် ၂ ဦးပွဲချင်းပြီးသေသွားတယ်။ ၃ ဦးထိသွား တယ်။ ဆေးရုံမှာပဲ နောက် ၁ ဦး ထပ် သေဆုံးသွားတယ် ”ဟု ဒေသခံက ပြောပါတယ်။ နံနက် (၈) နာရီဝန်းကျင်အချိန်ခန့်က လက်ဖက်ရည်ဆိုင်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်တွေ၊ အရပ်သား လက်ဖက်ရည် သောက်သူတွေရှိနေချိန် မြို့ဟောင်း ဘက်ကနေ လက််နက်ကိုင်အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်သွားတာပါ။ လက်နက်ကိုင် အမျိုး သား ၂ ဦးက သေနတ်နဲ့ ၁၉ ချက်ခန့်ပစ်ခဲ့လို့ အစင်ကျေးရွာ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရဲ့ အတွင်းရေးမှူး ဦးယဥ်ဝေ ၆၈ နှစ် နှင့် အရပ်သား ဦးသိန်းအောင် ၆၂ နှစ် တို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
“လာပစ်တာက အုပ်ချုပ်ရေးအဖွဲ့တွေကို လာပစ်တာဖြစ်နိုင်တယ်။ ဖြစ်တဲ့အချိန်မှာ အခြားသူတွေလဲရှိနေတော့ ပြေးကြ လွှားကြတဲ့အချိန်မှာ သေနတ်ကျည်တွေက မဆိုင်သူတွေကိပါ ထိကုန်တယ်”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ ပစ်ခတ်မှု အတွင်းမှာ အသက် (၄၇)နှစ်အရွယ် ပြည်သူစစ် ဦးဝင်းထိုက်၊ (၂၇) နှစ်အရွယ် ဦးမျိုးထွန်းနှင့် (၆၂) နှစ်အရွယ် ဦးအောင်သိန်းတို့ ကျည်ထိဒဏ်ရာတွေရထားလို့ ရေးမြို့နယ် ဆေးရုံကို ပို့ထားရပါတယ်။ ဆေးရုံအရောက်မှာတော့ ၁ ဦးထပ်မံသေဆုံးသွားကြောင်း ဒေသခံကပြောပါတယ်။ “ဆေးရုံအရောက်မှာ ၁ ဦးထပ်သေတယ်ကြားတယ်ခင်ဗျ။ ဘယ်သူ ဘယ်ဝါဆိုတာကတော့ အတည်မပြု နိုင်သေးဘူး”ဟု ဒေသခံကပြောပြပါတယ်။ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့် အကြောင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ရေးမြို့နယ်အတွင်း က စစ်ကောင်စီထောက်ခံသူတွေကို တော်လှန်ရေး အင်အားစုများက မကြာခဏ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ် လေ့ရှိပြီး အရပ် သား ထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ https://www.facebook.com/photo?fbid=639969598238194&set=a.6068 34888218332
၅။ ယာဒိုမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိ
August 10, 2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာ အနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ သြဂုတ်လ ၉ ရက်နေ့၊ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရဲဘော် တစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက အင်အားတိုး လာတာ၊ ခန့်မှန်းအင်အား ၆၀ လောက်ရှိမယ်၊ ၄၅ မိနစ်လောက် တိုက်ပွဲ ဖြစ်တယ်။ ဒီဘက်က တစ်ယောက်ကျတယ်။ ၂ ယောက် ဒဏ်ရာရတယ်”လို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးမှု ရှိပေမယ့် တောထူနေတဲ့အတွက် ဘယ်နှစ် ယောက် သေတယ်ဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ဟောင်ဝင်ဇာ အမြာက်တွေ၊ ၇၉ မမတွေနဲ့ လှမ်းပစ်ပြီး လေ ကြောင်းကနေ ကင်းထောက်တာတွေ ရှိပေမယ့် ဗုံးကြဲတာ မရှိဘူးလို့ သိရပါတယ်။ ယာဒို (ကလေထ) စခန်းကုန်းကို ကာကွယ် ရေးတပ်တွေ ဇူလိုင်လ ၁၁ ရက်က တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီ အင်အားတိုးထားတာအပြင် ကျည်မလုံ လောက်လို့ မသိမ်းနိုင်ခဲ့ဘဲ ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ https://www .facebook.com/photo?fbi d=318708497182268&set=a.285900490463069
၆။ ကရင်နီပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေကို NUG ရဲ့ လူသားစာနာဝန်ကြီးဌာန အကူအညီပေး
August 10, 2023
ကရင်နီပြည်နယ်မှာ စစ်ကောင်စီ အင်အား အလွန်အကျွံသုံး တိုက်ခိုက်မှုကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ကရင်နီဒေသခံ ပြည်သူများ အတွက် ကျပ်သိန်း ၄၀၀ နီးပါး တန်ဖိုးရှိ အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက လတ်တလော ကရင်နီပြည်နယ်မှ ပြည်သူတွေကို ဆန်ရိက္ခာ၊ အမိုး အကာနဲ့ လူသုံးကုန် ပစ္စည်း စုစု ပေါင်းငွေကျပ် ၃၈,၇၀၃,၅၆၁ ဖိုး ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။ အခုပမာဏဟာ လတ်တလော ကူညီခဲ့တာဖြစ်ပြီး လူသား စာနာဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်မှ ယခုအထိ ကရင်နီပြည်နယ်အတွက် ကျပ်သိန်းပေါင်း ၄ ထောင်ကျော် ကူညီပေးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“လူသားစာနာဝန်ကြီးဌာန စတင်ဖွဲ့စည်းသည့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှ ယနေ့အထိ ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို လတ်တလောအရေးပေါ် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာ လိုအပ်ချက်များ ပံ့ပိုးခြင်း၊ ထိတွေ့တိုက်ပွဲများ၌ ထိခိုက်ဒဏ်ရာရရှိသူများ၊ ကျဆုံးသူ (ပြည်သူ/ ရဲဘော်) များ၏ ကျန်ရစ်သူမိသားစုများအတွက် လူသားချင်း စာနာမှုအကူအညီ ပေးခြင်းများကို စုစုပေါင်းငွေကျပ် ၄၃၈ သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ NUG ရဲ့ လူသားစာနာမှုဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုကြောင့် အတိဒုက္ခကြုံတွေ့နေရတဲ့ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးဌာန အနေနဲ့ ကရင်နီပြည်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆောင်ရွက်ရာမှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ Coordination Team for Emergency Relief-Karenni (CTER)၊ Freelance Volunteer Myanmar-FVM၊ ကရင်နီပြည်နယ် အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း လက်တွဲ ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=318679930 518458 &set=a.285900490463069
၇။ မူဆယ်နဲ့ ကွတ်ခိုင်မှာ ဆယ်ရက်အတွင်း စစ်တပ်ကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
August 10, 2023
ရှမ်းမြောက် ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ ရိုက် နှက်မှုနဲ့ အုပ်စုဖွဲ့ အဓမ္မကျင့်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ဇူလိုင်လ နောက်ဆုံးအပတ်မှ ဩဂုတ်လ ပထမပတ်အထိ စစ်တပ်က ကချင်တပ်မတော် (KIA)နဲ့ တအာင်းတပ်မတော် (TNLA)တို့ကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဒေသခံ သေဆုံးတာ၊ ဒဏ်ရာရတာ ရှိခဲ့တယ်လို့ SHRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။“ကျမတို့အနေနဲ့ အခုလို လုပ်ရပ်တွေ ကို ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ စကစရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကို တစ်ချိန်ကြရင် အရေးယူနိူင်ဖို့ လုပ်သွားပါ့မယ်” အဲဒီအချက်အလက်တွေကို ခိုင်လုံတဲ့ ဒေသခံတွေဆီကနေ SHRF က အတည်ပြုချက် ရယူထားတယ်လို့ သူမက ဆက်ပြောပါတယ်။
ဇူလိုင် ၂၅ ရက်မှာ စစ်ကောင်စီတပ်က မူဆယ်မြို့နယ် ဆိုင်းခေါင်ကျေးရွာထဲ လေကြောင်းမှဗုံးကြဲခဲ့သလို ကွတ်ခိုင် အခြေစိုက် စစ်ကောင်စီ ခလရ ၂၄၁ တပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာခံ ဦးအိုက်လောဆိုသူကို ထိမှန် သေဆုံးခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ မူဆယ်မြို့နယ် တီးမားရွာက ခရစ်ယာန်အသင်းတော် အဖွဲ့ဝင် တူးဂျာ (၂၅ နှစ်)နဲ့ ဘရန်ထွယ် (၂၇ နှစ်)တို့ကို ရွာလမ်းမှာ ဖမ်းဆီးခဲ့ပြီး နမ့်အွမ်ရွာထဲက တောတွင်းတစ်နေရာမှာ မီးရှို့သတ်ဖြတ်ခဲ့ကာ အရိုးတွေကို မြေမြှုပ်ပြီး တော့ အလောင်းဖျောက်ခဲ့ပါတယ်။ ဇူလိုင် ၂၉ ရက်မှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်မှ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ လွယ်ကုန်းရွာထဲက နေအိမ်တစ်လုံးကို ထိမှန်ခဲ့ပြီး ဒေါ်အေးအိုင် (၆၀ နှစ်)သေဆုံးခဲ့ပြီး ဒေါ်အေးဝမ်း (၄၀ နှစ်)နဲ့ လွေးပပဝင်း (၁၅ နှစ်)တို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ ကွတ်ခိုင်မြို့နယ် မန်နောင်ရွာထဲ ကွတ်ခိုင်အခြေစိုက် စစ်ကောင်စီ ခလရ ၂၄၂ စစ်ကြောင်း ဝင်ရောက်လာပြီး ရွာခံ ၂ ဦးကို ဖမ်းဆီးကာ တစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ ဇူလိုင် ၃၀ ရက်မှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီး ဆွမ်လုံရွာထဲရှိ စစ်ကောင်စီတပ်သား ၄ ဦးဟာ ဒေါ်နန်းလောဝ် (အမည်လွှဲ)နဲ့ နန်းထွေး (အမည်လွှဲ)တို့ကို မဖွယ်မရာ ပြုလုပ်ခြင်းနဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်နန်းလောဝ် ရဲ့အမျိုးသား အိုက်စိုင်း (အမည် လွှဲ)ကိုလည်း စစ်ကောင်စီတပ်က သေနတ်နဲ့ထောက်ကာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့ပါတယ်။ https://ww. facebook.com/photo?fbid=6148787574 86059&set=pcb.614878844152717
၈။ ဒီးမော့ဆို သဲတောင်မှာတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီသေဆုံးမှုများပြီး လက်နက်ရိက္ခာတွေအများအပြားသိမ်းဆည်း ရမိ
August 10, 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သဲတောင် တိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား သြဂုတ်လ ၂ ရက်စပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေကာ တိုက်ပွဲ အနီးရှိ ဖရူဆို လမ်းမကြီးကို ပြန်ရဖို့ စစ်ကောင်စီ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းရောက် ရဲဘော် တစ်ဦးက ပြောပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများ နေ ပြီး စစ်တပ်ရဲ့ လက်နက် ခဲယမ်းတွေနဲ့ ရိက္ခာတွေကို သိမ်းဆည်း ရရှိထားတယ်လို့ သူကဆိုပါတယ်။ “ဖရူဆိုလမ်းကို ပြန်သုံးချင် တာပါ။ လွတ်လွတ်လပ်လပ် သုံးချင်တာ၊ မယ်စဲ့ကို ထောက်ပို့လုပ်ချင်လို့ လမ်းကို အပိုင်ရဖို့ လုပ်နေတာ။ ရိက္ခာတွေနဲ့ လူအင်အား တွေ ထပ်ပို့ချင်နေတာ မယ်စဲ့ကို။ ကျွန်တော်တို့ဘက်က သူတို့ ရိက္ခာ ရလိုက်တာက ဆန်အိတ်ပေါင်း ၃ သောင်းကျော်တယ်လေ၊ လက်နက်ခဲယမ်းတွေလည်း နည်းတာ မဟုတ်ဘူး ရလိုက်တာ” လို့ သူက ပြောပါတယ်။
သဲတောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅၀ ထက်မနည်း သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ဦး ကျဆုံး ကာ ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပေမယ့် ကာကွယ်ရေးတပ်တွေက တရား၀င် ထုတ်ပြန်တာ မရှိသေးပါဘူး။ တိုက်ပွဲ ရက်ရှည် ပြင်းထန်ကာ သေဆုံးမှု များနေတဲ့ စစ်ကောင်စီတပ်က လက်ရှိ ပြောက်ကျားစနစ်ကို သုံးပြီး ယောင်ပြ စစ်ကြောင်းက အရင်လာ ကာ ကာကွယ်ရေးတပ်တွေရဲ့ တည်နေရာသိဖို့ ကြိုးစားပြီးမှ လက်နက်ကြီး ပစ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=3188275338 37031&set=a.285900490463069
၉။ စစ်ကောင်စီတပ်က လမ်းပြအဖြစ် ဖမ်းဆီးသွားတဲ့ မဘိမ်းမြို့နယ်က ရွာခံတွေ ပျောက်ဆုံးနေ
August 10, 2023
ရှမ်းမြောက် မဘိမ်းမြို့နယ် အောက်ရမ်းဘိုကျေးရွာခံတွေကို စစ်ကောင်စီတပ်က လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် မိသားစုနဲ့ ၂ လကျော် ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ ရွာခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် ည ၁၀ နာရီမှာ စစ်ကောင်စီတပ်က အောက်ရမ်းဘိုကျေးရွာထဲ လေယာဉ်နဲ့ ဗုံးလာကြဲခဲ့ကာ နေအိမ်တွေမီးလောင် ပျက်စီးပြီး ရွာခံ ၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာထဲဝင်လာပြီး ရွာခံ အမျိုးသားအများစုကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂ လကျော်ကြာတဲ့အထိ ပျောက်ဆုံးနေပါတယ်။ ရမ်းဘိုရွာခံ အမျိုးသမီး တစ်ဦးက “အောက်ရမ်းဘိုရွာက ဖုန်းလိုင်းမရတော့ ဒီသတင်းကို ဘယ်သူမှမသိကြဘူး။ ဖမ်းဆီးခံခဲ့ရတဲ့သူတွေ ဘယ်နှစ်ယောက် လဲ ဆို တာလည်း အခုထိ အတိအကျ မသိရဘူး။ အမျိုးသားတွေ များတယ်။ အခုထိ ရွာထဲ ပြန်မရောက်သေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ရွာထဲ ဗုံးလာကြဲပြီးနောက် ရွာခံတွေ မဘိမ်းမြို့ပေါ် ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်ရှိ အချိန် မှာတော့ ရွာထဲပြန်ကြတဲ့ အိမ်ထောင်စု ၃ အိမ်လောက်သာ ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ ကချင်တပ်မ တော် (KIA), PDF ပူးပေါင်းတပ်တွေက အောက်ရမ်းဘိုရွာထဲမှာ နေထိုင်တာကြောင့် စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး အထက်ပါ အမျိုးသမီးက “အခုရွာမှာ ဘယ်အဖွဲ့က ရှိသေးလဲဆိုတာ မသိရဘူး။ ဘယ်သူမှလည်း ရွာထဲ မသွားကြဘူး။ အဲဘက် အသွားအလာလည်း နည်းတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာလည်း မဘိမ်းမြို့ နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက်တပ် စစ်ရေးတင်းမာနေသလို စစ်ရှောင်တွေလည်း ရှိနေပါတယ်။ https://www.facebook.com/photo/?fbid=6147 20800835188&set=a.404503215190282
၁၀။ သမင်အင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီဘက်က ၃၀ ကျော်သေပြီး လက်နက်တွေသိမ်းမိ၊ KNLA နဲ့ PDF ၃ ဦး ကျဆုံး
August 10, 2023
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးမှာ KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ PDF အထူးကွန်မန်ဒိုတပ်ရင်းနဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၉ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ ကျော်သေပြီး လက်နက်တွေ သိမ်းမိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က အသေနဲ့ဒဏ်ရာ အများအပြားရခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ KNLA တပ်ဖွဲ့ဝင် ၂ ဦးနဲ့ PDF ၁ ဦး ကျဆုံးခဲ့တယ်လို့ စစ်ဒေသခွဲ ၂၊ တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ စောဒိုရှင်း ကပြောပါတယ်။“ရန်သူ့(စစ်ကောင်စီတပ်)ဘက် ကနေပြီးတော့ ကျနော်တို့စိုးမိုးနယ်မြေဖြစ်တဲ့ သမင်အင်း ကုန်းကျေးရွာကို ကျူးကျော်လာတဲ့အတွက် ကျနော်တို့က ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ဖြစ်တဲ့ အဲ့ဒီတိုက်ပွဲဟာ အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး MA1 ၈ လက်၊ MA2 ၁ လက်၊ MA2 ၃ လက်၊ MA4 ၁ လက်၊ ငါးကြင်းမြီး စက်လက် ၁ လက်၊ Drone Gun ၁ လက်၊ မိုင်းရှာစက် ၁ လုံး၊ ကျည်ဘောက် ၁၁ ခုနဲ့ ကျည်အမြားအပြားကို KNLA၊ PDF ပူးပေါင်းအဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းမှ ဗောဓိကွင်းအုပ်စု၊ နံဇအုပ်စု၊ သူဋ္ဌေးကုန်းအုပ်စု၊ တောင် ခင်အုပ်စုနဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သွားလာခြင်း မပြုရန် KNLA က သြဂုတ် ၉ ရက်စွဲနဲ့ အရေးပေါ်သတိပေး ထုတ်ပြန်ထားပါတယ်။ အဲဒီ့အရေးပေါ်ထုတ်ပြန်ချက်ကို KNLA ရဲ့ အမှတ် ၁၊ ၂ စစ်ရေးတာဝန်ခံ စောစတား ကလက်မှတ်ထိုးထုတ်ပြန်ထားတာပါ။ စစ်ကောင်စီနဲ့ဖြစ်ပွားခဲ့တဲ့ သမင်အင်း ကုန်းကျေး ရွာမှ ကျောက်တံခါးလမ်းမပေါ်နဲ့ သူဋ္ဌေကုန်းကားလမ်းမပေါ်ကိုလည်း သွားလာခြင်းမပြုဖို့ KNLA ရဲ့ သတိပေးထုတ် ပြန်ချက်မှာ သီးသန့်ဖော်ပြထားပါတယ်။ အဲ့ဒီလိုထုတ်ပြန်တာဟာ လုံခြုံရေးအရပိတ်ပင်တာဖြစ်ပြီး စည်းကမ်းဖောက်ဖျက်ပါက လုံးဝတာဝန် ယူ မှာမဟုတ်ဘူးလို့ KNLA က ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို လူသားဒိုင်းသဖွယ် အသုံးပြုလာတာကြောင့် စစ်ကောင်စီတပ်နဲ့ လုံးဝအတွေ့မခံဖို့လည်း KNLA က သတိပေးထားပါသေးတယ်။ https://www.facebook.com/photo/?fbid=318844217168696&set= pcb.318844300502021
၁၁။ ဖားကန့်မြို့အခြေစိုက် KIA တပ်ရင်းကို စစ်ကောင်စီဗုံးကြဲ
August 10, 2023
ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတစ်ခုကို ယမန်နေ့ည ၈ နာရီခွဲခန့်က စစ်ကောင်စီတပ် က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KIA တပ်မဟာ (၉) တပ်ရင်း (၆) နယ်မြေတွင် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲ ခဲ့ပြီး လူအထိအခိုက်မရှိကြောင်း အမည်မဖော်လိုသည့် KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တိုက်လေယာဉ်တစ်စီးပဲ ဗုံးနှစ်ခါ ချတာ ငါးမိနစ်ခြားတစ်ခါ။ တပ်စခန်းကိုတော့မထိဘူး။ တောထဲမှာကျတာ” ဟုပြောသည်။ စခန်းမရှိသောနေရာတွင် နှစ်ကြိမ် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အခြားမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။“လေယာဉ်သံကြားတာနဲ့ အကုန် ရှောင်ထားကုန်ကြပြီ အခုသူတို့လာပစ်သွားတယ်ဆိုတဲ့နေရာကလည်း ဘယ်သူမှမနေဘူး။ နှစ်စင်းလာခဲ့တာ၊ ရှေ့ဆင့်နောက် ဆင့်ပဲ လာပစ်သွားတယ်” ဟုပြောသည်။
တပ်ရင်း (၆) နယ်မြေအတွင်းရှိ တောထဲတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၈ ရက်နေ့ ကလည်း KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကသိုဏ်းတောင်စခန်းအနီးရှိ စစ်ကောင်စီစခန်းကို တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးငါးလုံးခန့် လာရောက်ကြဲချသွားသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ https://www.f acebook.com/ photo/?fbid=607680858226253&set=a.535867405407599
၁၂။ လားရှိုးမှာ စစ်တပ်နဲ့ TNLA တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်
August 11, 2023
ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ဩဂုတ် ၁၀ ရက် မှာ ထုတ်ပြန်လာပါတယ်။ မိုင်းယော်တိုက်နယ် နမ့်လောင်းရွာအနီးမှာရှိတဲ့ TNLA ရဲ့ တပ်စခန်းကို စစ်ကောင်စီ လက်အောက်ခံ ခမရ ၁၆၊ ခမရ ၆၈ က လာရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက MI-35 လေယာဥ်နဲ့ ပစ်ခတ်တိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်နေ တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဟာ ၄ နာရီ ကြာမြှင့်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဩဂုတ် ၉ ရက်မှာလည်း စစ်တပ်နဲ့ TNLA အကြား နမ့်လောင်းရွာအနီးမှာ ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင် လ ဆန်းပိုင်းကစပြီး စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၅ ဦး သေဆုံးပြီးတော့ ၂၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ https://www.fac ebook.com/photo/ ?fbid=615438184096783&set=a.404503215190282
၁၃။ ပုလောမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် လူငယ် နှစ်ဦးကို ထိမှန်၊ အိမ်နှစ်ဆောင် ထိခိုက် ပျက်စီး
August 10, 2023
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပုလောမြို့နယ်က အသက် ၁၅ နှစ်အရွယ် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်ဆောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေအိမ်ရှိတဲ့ ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မနေ့က ပစ်ခတ်ခဲ့တာပါ။ စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ မှော်ကြောင်း၊ လက္ကူး၊ မြတောင်၊ ပိတပ်၊ တို၊ ဇရပ်ဆိပ်၊ တပို၊ ပဝတ်ကုန်း၊ ကျောင်းနိမ့်ရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ဇရပ်ဆိပ်ရွာက အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ယောက်ျားလေး ၂ ဦး ဦးခေါင်းနဲ့ တင်ပါးမှာ ကျည်စထိမှန်ပြီး ဒဏ်ရာအသီးသီးရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ထိခိုက်သူ လူငယ်လေး နှစ်ဦးမှာ တစ်အိမ်တည်းနေသူတွေ မဟုတ်ဘဲ လမ်းမနားကျည်ကျခဲ့တဲ့အတွက် ထိခိုက်ခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုအတွင်း လက္ကူးရွာက နေအိမ်နှစ်ဆောင်ကျည်ထိမှန်ပျက်စီးခဲ့ပြီး အိမ်တစ်ဆောင်မှာ မီးလောင်ပျက် စီးခဲ့တယ်လို့သိရပါတယ်။ အိမ်မီးလောင်စဥ် နံဘေးအိမ်ကိုလည်း မီးဟပ်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကို ပုလောမြို့ အခြေစိုက် ခလရ(၂၈၅)တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက် ကြီး ကျည်ကျရောက်ပေါက်ကွဲတဲ့ ဒေသက ပြည်သူတွေ စစ်ဘေးရှောင်ပြေးရတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ပုလောမြို့နယ်၊ ပိတပ်ရွာက ငါးဖမ်းလှေငယ် နှစ်စီး ပျက်စီးခဲ့ ပါတယ်။ https://www.facebook.com/photo/?fbid=316665060751250&set=a .196212682796489
၁၄။ ပလက်ဝမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး၊ ရေလျှံဖြစ်ပြီးမြေပြိုမှုကြောင့် လူနေအိမ် ၁၀ လုံးကျော် ပျက်စီး
August 10, 2023
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်၍ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံဖြစ်ပြီး မြေပြိုမှုများဖြစ်ပွားကာ လူနေအိမ် ၁၀ လုံးကျော်ပျက်စီးသွားကြောင်းသိရသည်။ ပလက်ဝမြို့၊ စိုက်ပျိုးရေးကွင်း တွင် နေထိုင်ကြသော စစ်ရှောင်ဒေသခံ ၅၀၀ ခန့်လည်း ဘေးလွတ်ရာသို့ အရေးပေါ်နေရာပြောင်းရွှေ့ခဲ့ရပြီး စားနပ်ရိက္ခများနှင့် ဆေးဝါးများနှင့် အဝတ်အထည်များလိုအပ်နေကြောင်း သိရသည်။ “အရင်က မိုခါနောက်ဆက်တွဲဆိုတော့ ရေကြီး၊ ရေလျှံထပ် ဖြစ်တော့ ပိုပြီးခက်ခဲသွားတယ်ပေါ့နော်။ နေရေးထိုင်ရေးကတော့ အရင်ကလည်း ခက်ခဲတယ်။ စစ်ဘေးရှောင်တွေက အများအား ဖြင့် ဝါးနဲ့ပဲ အမိုးအကာလုပ်ကြတာဆိုတော့ ရေကြီးတာနဲ့ အကုန်ပါသွားတယ်။ ဆမီးမြို့ဘက်မှာလည်း ရေကြီး၊ ရေလျှံဖြစ်ပြီး တော့ မြေပြိုမှုတွေကြောင့် လူနေအိမ်တချို့ပျက်စီးပျက်စီးတယ်လို့ သိရတယ်။ ဆက်သွယ်ရေးအရမ်းခက်ခဲနေတော့ သတင်း အချက်အလက် အသေးစိတ်မသိရသေးဘူး” ဟု ပလက်ဝမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက် က ပြောကြားသည်။
ပလက်ဝမြို့၊ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းပန်းခြံရှိ အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံနှင့် အခြားဘေး လွတ်ရာနေရာများတွင် ရေဘေးသင့်ဒေသခံများက ခိုလှုံနေကြကြောင်းသိရပြီး ပလက်ဝမြို့၊ ခရစ်ယာန်လူမှုကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးကော်မတီက ရေဘေးသင့်ပြည်သူများအတွက် အလှူခံထားကြောင်းသိရသည်။ https://www.facebook.com/photo?fbid=619404390328584&set=pcb.619404523661904
၁၅။ ဖားကန့်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးလွတ်ရာတိမ်းရှောင်
August 11, 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နမ့်မှော်၊ မှော်လကင်ကျေးရွာ တွေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူ ၂၀၀၀ လောက် နမ့်မှော် ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဆွေမျိုး နီးစပ်သူတွေထံ တိမ်းရှောင်ခိုလှုံနေကြရတယ်လို့ ဒေသခံရွာသားတွေဆီကသိရပါတယ်။ ဖားကန့်မြို့နယ်၊ ကသိုင်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (အေအိုင်အေ) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၇ ရက်က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးပြီး စခန်းသိမ်းခံရပြီးနောက် ခုလိုလေကြောင်း တိုက်ခိုက်ခံရ တာလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
“ကသိုင်းတောင်ကို ကေအိုင်အေနဲ့ PDF ဘက်သိမ်းလိုက်ပြီး နောက်ရက် ၈ ရက်နေ့ လေယာဉ်နဲ့ လာဗုံးကြဲတာ။ ပြေးလွှားနေရတော့ ဘယ်နှခါလာလို့ ဘယ်နှခါကြဲမှန်းတောင်မသိလိုက်ဘူး။ စခန်းသိမ်းခံရပြီး သူတို့(စစ်တပ်)ဘက်က အတော် သေတယ်။ အရှင်လည်းဖမ်းမိတယ်။ လက်နက်တွေလည်းအများကြီး ကေအိုင်အေက ရသွားတယ်။” မှော်ရှန်ကျေးရွာ ဘုန်းတော် ကြီးကျောင်းမှာ လူဦးရေ ၁၆၀၅ ဦး၊ ကက်သလစ်ဘုရားကျောင်းမှာ ၈၆ ဦး၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းမှာ ၅၉ ဦးနဲ့ တချို့ကတော့နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေကြကာ လူဦးရေစာရင်းအတိအကျရဖို့ ညပိုင်း အိပ်ချိန်ရောက်မှ စာရင်းကောက်ယူရတယ်လို့ ဒေသတွင်း သတင်းတွေအရသိရပါတယ်။ ကသိုင်းတောင် စခန်းသိမ်းတိုက်ပွဲ နေ့မှာပဲ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအုပ်စု၊ မန်စိမ်းကျေးရွာအနီးက ရှမ်းနီ(SNA)တပ်စခန်း တခုကို ကေအိုင်အေ၊ PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ https://burmes e.dvb.no/post/609278
၁၆။ စစ်တပ်နဲ့အတူ ကာလုံအစည်းအဝေး တက်ရောက်ခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို ပါတီကနေ NLD ထုတ်ပယ်
August 10, 2023
စစ်တပ်နဲ့အတူ ကာလုံအစည်းအဝေးကို တက်ရောက်ခဲ့ပြီး စစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို ပါတီကနေ ထုတ်ပယ်လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ၎င်းဟာ ဇူလိုင် ၃၁ ရက် က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ၆ လအာဏာ သက်တမ်းတိုးတာကို ထောက်ခံပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ လွှတ်တော်သက်တမ်းမှာ NLD ပါတီရဲ့ ဒုသမ္မတ ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းလို့ ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။
NLD ကဗဟိုကော်မတီဝင်အစည်းအဝေးကို ဩဂုတ် ၈ ရက်မှာပြုလုပ်ခဲ့ပြီး ဦးဟင်နရီဗန်ထီးယူ ကိုပါတီဝင်အဖြစ်မှ အများသဘောနဲ့ ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တပြိုင်ထဲမှာဘဲ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ဟာလည်း လုံလောက်တဲ့ ဆေးကုသခွင့် မရရှိတဲ့အတွက် အကျဉ်းထောင်အတွင်း ဒီနေ့မှာ ကျဆုံးသွားခဲ့ရတယ်လို့ NLD ပါတီက ထုတ်ပြန်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဌတွေအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၉ ဦး၊ တခြားပါတီဝင်တချို့က လည်း မတရား ဖမ်းဆီးခံထားရပြီး အကျဉ်းထောင်အသီသီးမှာ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo?fbid=614866697487265&set=a.404503215 190282
၁၇။ ယူအန်နှင့် နိုင်ငံတကာအဖွဲ့များကို ရခိုင်မှာ လွတ်လပ်စွာသွားလာခွင့်ပေးဖို့ စစ်ကောင်စီကို ရခိုင်ပြည်သူများပြော
August 10, 2023
ယူအန်အဖွဲ့များနှင့် နိုင်ငံတာကာအဖွဲ့များမှာ ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်ကူညီ ခွင့်မရရှိဘဲ ကန့်သတ်ပိတ်ပင်ခံထားရပြီး စစ်ကောင်စီအနေဖြင့် ဆက်လက်မကန့်သတ်ရန်နှင့် ယူအန်အပါအဝင် နိုင်ငံ တကာအဖွဲ့များကို ရခိုင်ပြည်အတွင်း လွတ်လပ်စွာသွားလာကူညီခွင့်ပေးရန် ရခိုင်ပြည်သူများက ပြောသည်။ မိုခါမုန်တိုင်း တိုက်ခတ်ပြီး ရက်ပိုင်းတွင် ရခိုင်ပြည်အတွင်း လူသားချင်းစနာမှုဆိုင်ရာအထောက်အပံ့များ ပေးအပ်နေသော ယူအန်အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့ များကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့သည်မှာ လက်ရှိအချိန်အထိဖြစ်သည်။ ရခိုင်ပြည်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မည်ဟု သတင်းထွက်ပြီးနောက် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့များမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့မည့်အစီအစဉ် ကြိုတင်ပြင်ဆင်ခဲ့ပြီး မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခရောက်နေသော ပြည်သူများကို ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးမည့်အချိန် စစ်ကောင်စီက ဟန့်တားပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည်မှန်ကန်သော လုပ်ရပ်မဟုတ်ဘဲ ပြည်သူများ၏ဒုက္ခများကို ငဲ့ညှာမှုမရှိကြောင်း ရသေ့တောင်ဒေသက မုန်တိုင်းသင့် ပြည်သူတစ်ဦးက ပြောသည်။ “စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ အကူအညီတွေကို ဟန့်တားပိတ်ပင်တာဟာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူး။ မုန်တိုင်းကြောင့် ရခိုင်တပြည်လုံးဆင်းရဲဒုက္ခနဲ့ကြုံနေရတယ်။ သူကတော့ (စစ်ကောင်စီ) အကူအညီပေးမယ့်သူတွေကို တားဆီးနေတယ်။ နိုင်ငံကို ဘယ်လိုအုပ်ချုပ်နေတာလဲ။ ပြည်သူတွေကို လုံးဝ ငဲ့ညှာမှုမရှိဘူး။ ပြည်သူတွေကို စေတနာမှန်မှန် ကန်ကန်ထားစေချင်တယ်။ အကူအညီများများရှိလေလေ ကျမတို့တွေ ဆင်းရဲဒုက္ခတွေ ပိုသက်သာလေလေပေါ့”ဟု ပြောသည်။
စစ်ကောင်စီသည် မစားရသည့်အမဲ သဲနှင့်ပက်နေသည်ဟု မွတ်ဆလင်ဒုက္ခသည်များနှင့် စစ်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးနေသော ရခိုင်အရပ်ဘက်အဖွဲ့အစည်းကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျနော်တို့ နိုင်ငံတကာ အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်စားသောက် နိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနေတာရှိပါတယ်။ မုန်တိုင်းတိုက်တော့ ရခိုင်တပြည်လုံးနီးပါး အိုးမဲ့အိမ်မဲ့နဲ့ စားဝတ်နေရေး အခက်ခဲဖြစ်ကြတယ်။ ဒါကို ယူအန်နဲ့နိုင်ငံတကာအဖွဲ့တွေက ကူညီဖို့ လုပ်ကြတယ်။ စစ်ကောင်စီက အဲဒါကို ကန့်သတ်ပိတ်ပင်တယ်။ ကျနော်တို့ဆက်လက်ကူညီခွင့်မရတော့ဘူး။ ကိုယ်လည်းမကူနိုင် ကူပေးမယ့်သူတွေကိုလည်း ဟန့်တား ပိတ်ပင်၊ မစားရတဲ့အမဲ သဲနဲ့ပက်တာပဲ” ဟု ပြောသည်။ ရက္ခိုင့်တပ်တော်ကမှု ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်ပြည်သူများမှာ အရေးပေါ်အကူအညီ များစွာလိုအပ်နေသေးပြီး ၃၅ ရာခိုင်နှုန်းသာ အကူအညီရရှိသေး၍ ၇၀ ရာခိုင်နှုန်းခန့်မှာ အရေးပေါ် အကူ အညီများနှင့် ပြန်လည်ထူရေးလုပ်ရန် လိုအပ်နေသည်ဟု ဇူလိုင်လက ထုတ်ပြန်ထားသည်။ ထိုကြောင့် ယူအန်အပါအဝင် နိုင်ငံ တကာအဖွဲ့များအနေဖြင့် မုန်တိုင်းသင့်ရခိုင်ပြည်သူများကို အကူ အညီပေးကြရန် ရက္ခိုင့်တပ်တော် ULA/AA က တောင်းဆိုထားသည်။ ဩဂုတ်လ ၂ ရက်နေ့ကစပြီး ရခိုင်ပြည်မှာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေ၊ ချောင်းရေမြင့်တက်မှုကြောင့် မြို့ နယ် ၈ ခုတွင် ရေကြီးရေလျှံဖြစ်ပွားနေပြီး ကျေးရွာပေါင်း ၁၀၀ ကျော် ရေနစ်မြုပ်နေကာ ပြည်သူ တစ်သောင်းကျော်မှာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရ၍ သဘာဝဘေးအန္တရာယ်ထပ်မံ သင့်နေကြသည်။ https://www.facebook.com/photo/?fbid=723521336453 962&set=a.682731967199566
၁၈။ ရိုဟင်ဂျာငါးဖမ်းသမား ၆ ဦး ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ
August 11, 2023
ငါးဖမ်းစက်လှေနစ်မြုပ်ပြီး အသက်ဘေးက လွတ်မြောက်လာကြတဲ့ ရိုဟင်ဂျာ ရေလုပ်သား ၆ ဦးကို စစ်ကောင်စီလက် အောက်ခံ မောင်တောမြို့နယ် တရားရုံးက သြဂုတ် ၁၀ ရက်နေ့မှာ (လဝက) အက် ဥပဒေပုဒ်မ ၁၃(၁) (ခ)နဲ့ ထောင်ဒဏ် ၅ နှစ် စီချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်လို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတစ်စီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွှတ်ကမ်းခြေမှာ သောင်တင်လာခဲ့ရာမှာ အသက်ဘေးက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ ၆ ယောက် ဖမ်းဆီးအရေးယူခံရတာပါ။ မောတောဒေသခံ ရိုဟင်ဂျာတဦးက “ ဘင်္ဂလားငါးဖမ်းလှေတစ်စီး ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ည ပိုင်းမှာ မိုးသက်လေပြင်းကျတာကြောင့် ငါးဖမ်းလှေ နှစ်မြပ်ပြီး မောင်တောမြို့နယ် မြင်းလွှတ်ကမ်းခြေမှာ သောင်တင်လာခဲ့ ကြတာ။ သြဂုတ်လ ၁ ရက်နေ့မှာ သူတို့ ၆ ဦးက မြင်းလွှတ် နခခ(၈)ကို သွားရောက်အဖမ်းခံခဲ့ကြတယ်။ ဒါပေမဲ့ တရားရုံးက ငွေပေးနိုင်မယ့်အနေအထားမရှိတာကြောင့် အမှုကိုဘာမှမစစ်ဆေးဘဲ တရက်တည်းရုံးတင်တာနဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်တာ။ ဘယ်လိုမှမတရားဘူး” လို့ ပြောပါတယ်။
ရိုဟင်ဂျာ ၆ ဦးကို (လဝက) အက်ဥပဒေပုဒ်မ ၁၃(၁)(ခ)နဲ့ အလယ်သံကျော်နယ်မြေစခန်းမှာ အမှုဖွင့်လှစ်ပြီး သြဂုတ်လ ၁၀ရက်မှာ မောင်တောမြို့နယ်တရားရုံးက ရုံးတင်တဲ့ ပထမဆုံးနေ့မှာ အမှုကိုသေသေချာချာ စစ်ဆေးမှုမရှိဘဲ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တာပါ။ အဆိုပါရိုဟင်ဂျာတွေနဲ့နီးစပ်သူတဦးက “မြို့နယ်တရားရုံးက ကျနော်တို့ကိုလာမေးတယ်။ ငွေပေးနိုင် မလား၊ အမှုကိုဆက်လိုက်နိုင်မလားလို့မေးတယ်။ သူတို့ ၆ ဦးရဲ့ မိသားစုတွေကလည်း ဘင်္ဂလားမှာရှိနေတာ။ ကျနော်တို့က ပြော လိုက်တယ်၊ လိုက်မယ့်သူမရှိဘူးဆိုတော့ အမှုကိုဘာမှ မစစ်ဆေးဘဲ ထောင်ဒဏ် ၅ နှစ်စီချလိုက်တာ”လို့ ပြောပါတယ်။ ဒီအမှုကို တစ်စုံတရာ မစစ်ဆေးဘဲအခုလို တရက်တည်းနဲ့ အမိန့်ချမှတ်လိုက်တာဟာ လုံးမတရားဘူးလို့ မောင်တောဒေသခံ ရိုဟင်ဂျာ လူကြီးတစ်ယောက်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ရေလုပ်သား ၆ ဦးဟာ ၂၀၁၇ ခုနှစ် အကြမ်းဖမ်းဖြစ်စဥ်မှာ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီနောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံက ငါးဖမ်းစက်လှေတွေမှာ အငှါးလိုက်နေကြတာလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/post/609281
၁၉။ လောင်းလုံးက ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
August 11, 2023
လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာကပျူစောထီးတစ်ဦးကို လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပစ်ခတ်ခဲ့တယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကသိရပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၂၄ နှစ်ဝန်းကျင် အရွယ် လက်နက်ကိုင် ပျူစောထီး ကိုဂွမ်မိုးဆိုသူဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို မနေ့ကမွန်းလွဲ ၁ နာရီခွဲမှာ လောင်းလုံးမြို့နဲ့ စမ်းလှမ်းရွာကြားက လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက စောင့်ကြိုပစ်ခတ်ခဲ့ကြတာပါ။ “လောင်းလုံး ဘက်ကနေ ရွာကိုပြန်လာတဲ့အချိန်ပါ။ သူ့မှာသေနတ်ရှိတယ်။ မနေ့ကတော့ စခန်းမှာထားခဲ့တာဖြစ်မယ်။ လောင်းလုံးမှာ ဖမ်းဆီး တာတွေမှာ သူအဓိကပါတယ်” လို့ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။
သူဟာစစ်ကောင်စီတပ်ရင်းကပေးတဲ့ ပျူစောထီး သင်တန်းဆင်းထားသူဖြစ်ပြီး ပစ်ခတ်ချိန်မှာ လက်ထိပ် ၁ ခု၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ကို သိမ်းဆည်းမိခဲ့တယ်လို့ဆိုပါတယ်။ အခုပစ်ခတ်မှုကို Dawei Defense Team-DDTတပ်ခွဲ(၃)၊ Guerrilla Dawei- ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ DDT အဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာလည်း မနေ့ကမွန်းလွဲပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင် ဂွမ်မိုး ကို ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၀ ဦးခန့်က လမ်းမှာစောင့်ကြိုပစ်ခတ်ခံရပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။ https://www.facebook.com/photo/?fbid=317583103992779&set=a.196212679463156
၂၀။ ပူတာအိုတွင် လီဆူပြည်သူ့စစ်ဖွဲ့စည်းရန် လိုက်လံစည်းရုံးမှုများရှိနေ
August 11, 2023
စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတိုက်ပွဲဝင်နေသည့် ဒေသအခေါ်လီဆူ ပြည်သူ့ စစ်အခြေစိုက်စခန်းတစ်ခ်ုကို ပူတာအိုဒေသတွင် ထပ်မံဖွဲ့စည်းရန် စည်းရုံးမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ ဇူလိုင်လမှစတင်ကာ ဦးအားဖူ ဆိုသူက တပ်ဖွဲ့အသစ်ဖွဲ့စည်းရန်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေးဆရာများကို လိုက်လံစည်းရုံးနေသည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ပူတာအိုဒေသခံ လီဆူအမျိုးသားတစ်ဦးက ပြောသည်။“သူကဘာပြောလဲဆိုတော့ ရဝမ် က လီဆူ တွေကို နောက်ဆိုနေခိုင်းမှာမဟုတ်ဘူး။ ရဝမ်ဘိုးဘွားနယ်မြေဆိုပြီး သမိုင်းစာအုပ်လည်း ထုတ်ပြီးသားဟုတ်တယ်။ အဲ့ဒါကြောင့် ငါတို့လီဆူတွေက ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ရင် နောက်ဆို ချေပနိုင်မှာမဟုတ်ဘူး။ အခုလီဆူပြည်သူ့စစ်ကို ဖွဲ့မှရတော့မယ်။ နေပြည်တော်မှာလည်း စစ်ကောင်စီဘက်မှာ တရားဝင် တောင်းပြီးပြီ၊ ပူတာအိုဗျူဟာမှာလည်း ပြောပြီးပြီ။ အခွင့်အရေးရတဲ့အချိန်မှာ လုပ်ရအောင်ဆိုပြီး စည်းရုံးတာ” ဟုပြောသည်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်မည့်သူများကို လစဉ်ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး ပူတာအိုမြို့မှ မြစ်ကြီးနား – ပူတာအို လမ်းမကြီးပေါ်ရှိ ဆွမ်ပီယာန်ကျေးရွာအထိ လီဆူလူမျိုးများ၏ နယ်မြေအဖြစ် သတ်မှတ်ကာ ဖတ်မာကျေးရွာနှင့် လုံရှာယာန်ကျေးရွာကြား စခန်းချနေထိုင်ခွင့်ပြုမည်ဖြစ်သည်ဟုပြောကြောင်း သူကဆိုသည်။
“စခန်းကိုတော့ ဖတ်မာနဲ့ လုံရှာယာန်ကြားမှာ ထိုင်ခိုင်းမယ်လို့ကြားတယ်ပြီးတော့ မြစ်ကြီးနား – ပူတာအို ကားတွေကို လည်း ဂိတ်ကြေးကောက်ပြီးတော့ ပြည်သူ့စစ်တွေအတွက် အကျိုးရှိအောင်လုပ်မယ်။ လီဆူပိုင်မြေအဖြစ်ပေးမယ် ပြီးတော့ ကိုယ့်နယ်မြေကိုယ်ကာကွယ်ကြပါလို့လည်း စစ်တပ်ကပြောတယ်တဲ့” ပြောတယ်။ တပ်ဖွဲ့ဝင်များကို ငွေကျပ်နှစ်သိန်းနှင့် ဆန် တစ်အိတ် လစဉ်ထောက်ပံ့မည်ဖြစ်ပြီး မြစ်ကြီးနား – ပူတာအို လမ်းမကြီးပေါ်ရှိ လုံရှာယာန်ကျေးရွာမှ မူလာရှီးဒီကျေးရွာ အထိ အမျိုးသားအယောက် ၃၀ ခန့်ကို ကနဦး စာရင်းပေးခိုင်းကြောင်း သိရသည်။ လမ်းတွင် ဂိတ်ထိုင်ရန် လီဆူပြည်သူ့စစ်အသစ် ဖွဲ့ စည်းမည်ဟုဆိုကာ လိုက်လံစည်းရုံးနေခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဖြစ်သောကြောင့် ဝင်ရောက်မည့်သူရှိမည် မဟုတ်ကြောင်း ဖတ်မာကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။“လက်ခံတဲ့သူလည်းရှိရင်ရှိမှာပေါ့ ဒါပေမဲ့ ဦးနှောက် ရှိတဲ့သူကတော့ဘယ်သူမှမလုပ်ဘူးလေ။ အခုနိုင်ငံရေးက အဲ့လောက်မကောင်းတာ အလုပ်လို နိုင်ငံရေးမှာလုပ်မယ်ဆိုတော့ ဟို ဘက် (တော်လှန်ရေးအင်းအားစု)ကို တော်လှန်သလိုဖြစ်သွားပြီးလေ။ သူတို့(စစ်ကောင်စီ)တွေရဲ့ အာဏာအောက်မှာပဲ နေရမယ် ဆို နောက် လီဆူဆိုတာတောင်နေလို့ရမှာ မဟုတ်တော့ဘူး” ဟုပြောသည်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်း တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီဂိတ်များရှိပြီး အဆိုပါလမ်းတစ်လျှောက်ပြေးဆွဲနေသည့် ကားများကို ငွေကြေးကောက်ခံလျက်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပူတာအိုမြို့နယ်တွင် လူဦးရေ ခြောက်သောင်း ကျော်နေထိုင်သည်။ https://www.face book.com/photo/?fbid=608074364853569&set=a.535867405407599
၂၁။ ဘားအံရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ကျော်ထိ တိုးလာ၊ ကယ်ဆယ်ရေးစခန်း ၉ ခုထိဖွင့်လှစ်
August 11, 2023
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ကျော်အထိ တိုးလာပြီး စခန်း ၉ ခုအထိ ဖွင့်လှစ်ထားရပါတယ်။ ဩဂုတ် ၁၀ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင် မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၁၆ စင်တီမီတာကို ရောက်ရှိနေပြီး တောင်ကျ ချောင်းရေကြောင့် သံလွင် မြစ်ရေဟာ ထပ်မံတိုးနေပါတယ်။ ဘားအံမြို့ အမြင့်ပိုင်းရပ်ကွက် နေအိမ်တွေကလွဲရင် တမြို့လုံးနီးပါး ရေဝင်ရောက်နေပြီး နေအိမ်ရေနစ်မြုပ်ခဲ့တဲ့ အိမ်ထောင်စု ၃,၄၀၀ ကျော်၊ ပြည်သူ ၁၅,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။ ပရဟိတဆရာတော်တပါးက “အခုက တမြို့လုံးလိုလိုကြုံနေရတာ။ အခုက အမှတ် ၉ မှာဆိုရင် အောက်နားမှာ ရေတွေက တအားထိုးချနေတာ။ ချောင်းကကျတဲ့ရေတွေနဲ့ အိမ်တွေမှာဆိုရင် လူငယ်ဆို ခါးလောက်မြုပ်တယ်။ လူကြီးဆို ခါးတောင်းကျိုက် လောက် မလွတ်တော့ဘူး” လို့ မိန့်ပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ ဘားအံမြို့ ရွှေယဉ်မျှော်ဘုရား၊ မိုးလုံလေလုံအားကစားရုံ၊ အထက ၃ ကျောင်းအား ကစား ရုံ၊ အမက ၉ (မူလွန်)ကျောင်း၊ အမက ၁၀၊ အမက ၁၁၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်း၊ ကြားတောရကျောင်းနဲ့ ဆိုင်ကလုန်းရှပ်တာ စတဲ့ ယာယီကယ်ဆယ်ရေးစခန်း ၉ ခုမှာ ခိုလှုံနေရပါတယ်။ သံလွင်မြစ်ရေ ရေဝင်ရောက်မှု မြန်ဆန်နေတဲ့အတွက် ရေဝင်ရောက်မှု ၁ ပေနီးပါး ထပ်မံရောက်ရှိရင် ၂၀၁၈ ခုနှစ်က ဘားအံမြို့ရဲ့ ရေကြီးမှုစံချိန်ကို ရောက်ရှိနိုင်တယ်လို့ ရေဘေးကယ်ဆယ်ရေး လုပ် ဆောင်နေတဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ဒေသခံပြည်သူတဦးက “ပြောင်းတယ်၊ ရွှေ့တယ်၊ သူတို့ ကြိုတင်စု ဆောင်းထားတာတွေနဲ့ စားနေကြတယ်။ ၂၀၁၈ ခုနှစ်လောက်ကလို ရေရှည်ဆိုရင် ဘယ်သူမှ အဆင်မပြေလောက်ဘူး။ အခုက စီးပွားရေးအရကော ဘာအရကော ကုန်ဈေးနှုန်းကတက်နဲ့ ဒီနှစ်က ကြိုတင်ဝယ်ထား စုဆောင်းထားတာတွေ မရှိသလောက်ပဲ” လို့ ပြောပါတယ်။ သံလွင်မြစ်ရေ တိုးလာတဲ့အတွက် ဘားအံကမ်းနားလမ်းတလျှောက် ရေကျော်နေတဲ့အပြင် ဘားအံ-မော်လမြိုင် (အဖြာင့်လမ်း) ပိုင်းတချို့မှာ လမ်းရေကျော်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ https://burmese.dvb.no/post/609253
၂၂။ ရွှေကူမှာ စစ်ကောင်စီတပ်ကြောင့် ဒေသခံ နှစ်ထောင်ကျော်ခန့် ထွက်ပြေးနေရ
August 10, 2023
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို သြဂုတ်လ ၈ ရက်နေ့ကစလို့ မန္တလေးဘက်နေ စစ်ရေယာဉ်တွေနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်က ရွာတွေဘက်ကို စစ်ကြောင်းထိုး တာတွေရှိတာကြောင့် ကျေးရွာရှစ်ရွာက လူနှစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီမြစ်ဘေးက ရေလှဲ၊ မိုးစစ်၊ ပေါက်ကုန်း၊ သင်္ဘောအင်း၊ နောင်မို၊ ဆင်တပ်၊ ကျောက်ကြီး၊ ကျောက်တလုံး အစရှိတဲ့ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေကြရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“အခြေအနေကတော့ ဆင်တပ် အဲဘက် တစ်ခြမ်းကတော့ အကုန်လုံးပြေးရ တာပေါ့။ လူဦးရေကတော့ ထောင်ချီပြီးတော့ရှိမယ်။ တစ်ရွာတစ်ရွာကို သုံးရာ၊ လေးရာရှိတော့လေ။ သူတို့က ကမ်းမကပ်သေး တဲ့ အချိန်ကတည်းက တောက်လျှောက်ရမ်းပစ်တယ်။ ပြီးလို့ရှိရင် သင်္ဘောတစ်စင်းပြန်ကပ်ပြီးတော့ တောက်လျှောက်စစ် ကြောင်းထိုးတယ်။ ဖမ်းဆံရမှာ၊ ပေါ်တာဆွဲခံရမှာကြောက်တော့ အကုန်ထွက်ပြေးကြတာ” စစ်ကောင်စီတပ်က စစ်ရေယာဉ် ကိုးစင်းနဲ့ ဧရာဝတီမြစ်ကနေ ဗန်းမော်ဘက်ကို ဦးတည်ဆန်တက်လာတာဖြစ်ပြီး ကုန်ကြောင်းနဲ့ပါ စစ်ကြောင်းထိုးတာတွေရှိ တယ်လို့လည်း ပြောပါတယ်။
အဲဒီစစ်ရေယာဉ်အုပ်စုနဲ့ တိုက်ပွဲဖြစ်တာမရှိပေမယ့် PDF အဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “တပ်မ ၈၈ ပါမယ် ခမရ ၄၁၇ ပါမယ် တပ်တွေ တော်တော် များတယ်။ သူတို့က အလော့ဘွမ်ဘက်ကို တောက်လျှောက်တက်မယ်လို့ ကြားတယ်။ ရွှေကူမှာ သင်္ဘော ဆိုက်တာက သုံးရက်ရှိ ပြီ။ တိုက်ပွဲဖြစ်တာက မရှိပေမယ့် ကျွန်တော်တို့ဘက်လည်း ဒရုန်းတွေနဲ့ပစ်တာတွေတော့ရှိတယ်” အခုစစ်ရေယာဉ်တွေ စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ဖြတ်သန်းချိန်မှာလည်း ကျေးရွာတွေကို စစ်ကြောင်း ဝင်တဲ့အတွက် ရွာပေါင်း ကိုးရွာက ဒေသခံ လေးထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကတော့ အခု စစ်ရေယာဉ်တွေနဲ့အတူပါလာတဲ့ စစ်ကောင်စီတပ်သား အင်အား၊ လက်နက်တွေနဲ့ စားနပ်ရိက္ခာတွေကို တိုက်ပွဲဖြစ်နေတဲ့ မြစ်ကြီးနား- ဗန်းမော်လမ်းပိုင်းကို ဖြည့်မယ်လို့ ကြားသိထားပြီး အဲစစ်ကြောင်းတွေ ဖြည့်တင်းပြီးရင်တော့ တိုက်ပွဲပိုပြီးပြင်းထန်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။ https://www.facebook.com/photo/?fbid=6818579639 75609&set=a.583637430464330
၂၃။ ရွာငံအခြေစိုက်(YMBY)က ပြည်သူ့များနေအိမ်တွင် တပ်စွဲနေသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ဦးသေဆုံး
August 10, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ ချိတ်ပိတ်ခံရသည့် ဒေါ်တင်မိနေအိမ်အတွင်း တပ်စွဲနေ ထိုင်သည့် စစ်ကောင်စီစစ်ကြောင်းကို ရွာငံမြို့အခြေစိုက် မှော်ဘုရင်စစ်ကြောင်းအဖွဲ့ YMBY က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်းသိရပါသည်။ စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့်နေထိုင်တပ်စွဲနေထိုင်သည့် ၎င်း အိမ်ကို YMBY အဖွဲ့က သြဂုတ်လ ၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှရပါသည်။ ” ကျွန်တော်တို့ဒေသမှာ အဖွဲ့ အနေနဲ့ ပထမဆုံးမစ်ရှင်ဖြစ်တယ်၊ တိုက်ခိုက်ခဲ့ပြီး အဲဒီနေအိမ်မှာ စကစတွေ နောက်ထပ်တပ်မစွဲရဲတော့ဘူး မြို့ပေါ်ကို ပြောင်း ရွှေ့သွားတယ်” ဟု မှော်ဘုရင်စစ်ကြောင်းအဖွဲ့မှပြန်ကြားရေးတာဝန်ခံ ထွဋ်ခေါင်က ပြောပါသည်။
တပ်စွဲနေထိုင်သည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း အတည်ပြုနိုင် ခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့ကြောင်း ၄င်းက ဆက်ပြောပါသည်။ မှော်ဘုရင်စစ်ကြောင်းအဖွဲ့အနေဖြင့် တစ်စုံ တစ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ တပ်ဖွဲ့ဝင်များလုံခြုံရေး စိတ်ချရသည့်နေရာပြန်လည်ရောက်ရှိမှသာ သတင်းထုတ်ပြန်ခြင်းဖြစ် ကြောင်း ပြောဆိုပါသည်။ ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ ရွာငံမြို့နယ်အတွင်း စစ်ကောင်စီအင်အား ၄၀ ခန့်ရှိစစ်ကြောင်း တစ်ကြောင်း သွားလာနေပြီး ဒေသတွင်းပျူစောထီးအဖွဲ့များလည်း လှုပ်ရှားသွားလာနေကြောင်း သိရှိရပါသည်။ https://www.facebook.com/watch?v=297428012869088
၂၄။ ရေဖြူမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦး ပြန်မလွတ်သေးဟု သိရ
August 10, 2023
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ နဘုလယ် ရေနက်ဆိပ်ကမ်းတွင် ဖမ်းဆီးခံရသည့် ဒေသခံ အမျိုးသား ငါးဦး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါ ဒေသခံ အမျိုးသား ငါးဦး ဖြစ်သော ဦးကျော်သိန်း၊ ဦးလူမဲ၊ ဦးမော်တင်ထွေး ဦးစုငယ်နှင့် မူးဒူးရွာသား တစ်ဦးသည် ပြီခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ထိန်ကြီးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့ခံ တစ်ဦးက”ရေနက် ဆိပ်ကမ်းက စစ်သားတွေ စစ်ကြောင်း ထိုးလာတဲ့ အချိန်မှာ ရွာထဲမှာ တွေ့တဲ့ လူတွေ ကို ဆွဲခေါ် ဖမ်းသွားတာ ဖြစ်တယ်”ဟု ပြော သည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၅၀ နီးပါးနှင့် စစ်ကား ၅ စီးတို့ဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရ သည်။ လက်ရှိတွင် ရေဖြူမြို့နယ် အတွင်းရှိ ကျေးရွာ အချို့ကို စစ်ကြောင်း သုံးကြောင်း ခွဲ၍ တောနင်း ရှာဖွေမှုများ ပြုလုပ်နေ၍ ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ ဘဝါ၊ ထွက်ဝ၊ ခမောင်းချောင်း၊ ဧကနိနှင့် ဝဇွမ်းတောတို့ရွာ စသည့် ရွာပေါင်း ရှစ်ရွာက ဒေသခံများ သည် စစ်ကောင်စီ ရန်ကို ကြောက်၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ https:// www.facebook.com/photo/?f bid=618735337034138&set=a.269204948653847
၂၅။ စစ်ရေးတင်းမာနေချိန် ခရီးသွားပြည်သူများအနေဖြင့် သတိထားသွားလာရန် ဗန်းမော် PDF ထုတ်ပြန်
August 10, 2023
စစ်ရေးတင်းမာနေချိန် ခရီးသွားပြည်သူများအနေဖြင့် ဗန်းမော်မြို့နယ်အတွင်း သတိထားသွားလာကြရန် Bhamo People Defense Force (Kachin Region) က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က ကုန်တင်ကားနှင့် ခရီးသည် ယာဉ်များကို အသုံးပြုလာသွားလာနေသောကြောင့် လုပ်ငန်းများနှောင့်နှေးမှုမရှိစေဘဲ အများပြည်သူက ဆင်ခြင်သွားလာနိုင်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု Bhoma KPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ခက်တာက စစ်ကောင်စီက အကြောက်တရား လွမ်းမိုးနေပြီဆိုတော့ စစ်ကားမသုံးဘဲ ဖမ်းဆီးထားတဲ့ ကုန်ကားကြီး၊ ခြောက်ဘီးယာဉ်တွေသုံးပြီး သွားလာနေတော့။ ပြန်ပြီး အသိပေးတဲ့သဘောမျိုးနဲ့ ကျွန်တော်တို့ လုပ်ငန်းတွေနှောင့်နှေးမှုမဖြစ်အောင် ထုတ်ပြန်လိုက်တာပါ” ဟုပြောသည်။ ဗန်းမော် – မြစ်ကြီးနား – မန္တလေး – လွယ်ဂျယ် ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများကိုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည့် အချက်များကို လိုက်နာစေလိုကြောင်း သူကဆက်ပြောသည်။
“တော်လှန်နေရဆဲ ကာလပတ်လုံးမှာ စစ်ကောင်စီကို အနှောင့်အယှက်ပေးတဲ့ လုပ်ငန်းတွေ ရှိနေဦးမှာမို့လို့ ပြည်သူ တွေကို အမြဲသတိထားစေချင်ပါတယ်။ လိုက်နာရမယ့်အချက်တွေကတော့ လိုရင်းတိုရှင်းဆိုတော့ ပြည်သူတွေ လိုက်နာမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။ ထုတ်ပြန်ချက်တွင် အချိန်ကာလသတ်မှတ်ချက်မပါရှိဘဲ စစ်ရေးအခြေအနေပေါ်မူတည်ကာ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ညကိုးနာရီနောက်ပိုင်း ညမထွက်ရအမိန့် (မာရှယ်လော) ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ကချင်လွတ်မြောက်ရေးတပ် (KIA) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဗန်းမော်မြို့နယ်အတွင်း စစ်အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။ https://www.facebook.com/photo/? fbid=607168791610793&set=a.53586740 5407599
၂၆။ နမ့်ခမ်းမြို့နယ် ကျေးရွာ ၁၄ ရွာမှာ မြေပြိုမှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ
August 10, 2023
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်မှာ သြဂုတ်လ ၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ ၁၄ ရွာမှာ မြေပြို မှုများ ဖြစ်ပွားခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး မြေပိသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။ နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာနဲ့ မန်စပ်ရွာစတဲ့ ကျေးရွာ ၁၄ ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မြေပြိုမှုကြောင့် နေအိမ် ၂၆ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်း မြေပိ ပြိုကျ ပျက်စီးသွားပါတယ်။
ဒ့ါအပြင် ကျေးရွာ ၆ ရွာအတွင်းရှိ လမ်းများ ပြိုကျပျက်စီးသွားပြီး ပန်ခါးရွာနဲ့ ပန်လောရွာကို ဆက်သွယ်ထားတဲ့ တံတား ၂ စင်း ကျိုးကျပျက်စီး သွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။ လမ်းတံတားများ ပြိုကျပျက်စီးမှုကြောင့် လမ်းပိတ်တဲ့ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ မြေပြိုမှုကြောင့် နေအိမ်များအပြင် နေအိမ် အတွင်းရှိ ဆန်၊ ဆိုင်ကယ်နဲ့ နေအိမ် အသုံးအဆောင် ပစ္စည်း များ မြေစာပိပြီး ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ အခုလို ကျေးရွာ ၁၄ ရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ကြောင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၈၀၀ နီးပါး ဆုံးရှုံးသွားခဲ့ရတယ်လို့ TNLA က ဆိုထားပါတယ်။ https://www.facebook.com/photo?fbid=318811650505286&set=pcb. 318811890505262
၂၇။ KNU ခေါင်းဆောင်အချို့ တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်မှု အရေးမယူနိုင်သေး
August 10, 2023
တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်နေသည့် KK Park ကဲ့သို့သော တရားမဝင် လောင်းကစားလုပ်ငန်းများနှင့်ပတ်သက်ပြီး ခေါင်းဆောင်တချို့အား စုံစမ်းစစ်ဆေးမည်ဆိုသော်လည်း အရေးယူ/မယူ ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ပြုလုပ်သည့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ သတင်းစာရှင်း လင်းပွဲတွင်ပြောသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမဆုံးပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မတီတရပ်ဖွဲ့စည်းကာ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ ၎င်းက “ KNU ရဲ့ ဒုဥက္ကဋ္ဌ ကာကွယ်ရေးဌာနတာဝန်ခံလည်းဖြစ်တဲ့ ပဒိုစောဆဲဂေ ကနေဦးဆောင်ပြီးတော့ ခရိုင်များကိုယ်စား လှယ်၊ တတ်သိကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဘက်မလိုက်အဖွဲ့ဝင်တွေပါလာဖို့အတွက် ဖွဲ့စည်းခဲ့ပါတယ်။ ကျနော်တို့ ဒီလိုဆောင် ရွက်တဲ့နေရာမှာ ခု တင်ပြသလို အချိန်ကာလကလည်း နည်းတယ်၊ တိုတောင်းတဲ့အချိန်မှာ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းပြီးတော့ အဖွဲ့အစည်းကနေ စတင်ဆောင်ရွက်မှုတော့ လုပ်နေပါပြီ။ ဆိုတဲ့သဘောက နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်တဲ့အဆင့်အထိ မရရှိ သေးဘူးတော့ ပြောလို့ရပါတယ်” ဟုပြောသည်။
KNU ဗဟိုအနေဖြင့် တရားမဝင်လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၊ လူမှောင်ခိုကုန်ကူးမှုများနှင့် ပတ်သက် သည်ဆိုသော စွပ်စွဲခံရသူ KNU ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ၏သားဖြစ်သူ စောဒို့စိုး၊ တပ်မဟာ-၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေး မှူး စောတင်စိုး (ခ)စောအယ်နာဒို နှင့် ဗိုလ်မှူးကြီးစောဘချော တို့အား စုံစမ်းစစ်ဆေးကာ ပတ်သက်မှုရှိကြောင်း ထင်ရှားပါက KNU ၏ ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်နေ့က ထုတ်ဖော်ပြောဆိုထားသည်။ KNU ခေါင်းဆောင် တချို့ တရားမဝင်လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်မှုများအား ကွန်ဂရက်မကျင်းပမီ ဖော်ထုတ်အရေးယူရန် KNU တပ်မ ဟာ-၅ ဘက်က အကြံပြုတင်ပြခဲ့သော်လည်း စစ်ဆေးအရေးယူမှုများ ဦးစွာမပြုလုပ်ဘဲ ကွန်ဂရက်အားဆက်လက် ကျင်းပခဲ့ သည့်အတွက် တပ်မဟာ-၅ ကိုယ်စားလှယ်များက ကွန်ဂရက်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းနှင့် မဲပေးခြင်းများကို လုပ်ဆောင်ခြင်းမပြု ခဲ့ပေ။ KNU ထိန်းချုပ်နယ်မြေ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းတည်ရှိသည့် KK Park တရုတ်စီမံကိန်းမှာ အွန်လိုင်း ငွေကြေးလိမ်လည်မှုများ၊ လူမှောင်ခိုမှုများ၊ လုပ်အားခေါင်းပုံဖြတ်စေခိုင်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများစသည့် ရာဇဝတ်မှု ပေါင်းစုံဖြင့် နာမည်ဆိုးထွက်နေသော စီမံကိန်းများ ဖြစ်သည်။ https://www.facebook.com/photo?fbid=680465544126636&set=a.6 00722605434264
၂၈။စစ်ကောင်စီတပ်ဟာ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး၊ သေဆုံးသူများနေတယ် လို့ FBR ပြော
August 10, 2023
ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသတွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ဆရာဝန်နဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေပြီး၊ တိုက်ခိုက်မှုအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေ သေဆုံးမှုများနေတယ်လို့ Free Burma Ranger တည်ထောင်သူ David Eubank က FBR ရဲ့ အင်တာနက်စာမျက် နှာပေါ်မှာ ရေးသားထားပါတယ်။“မြန်မာစစ်တပ်(စစ်ကောင်စီ)ဟာ မြန်မာတစ်ပြည်လုံးနဲ့ ကရင်နီပြည်မှာ အသက်စွန့်ပြီးလူ့အသက်ကယ် ဆယ် ရေးလုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံ၊ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။”လို့ David Eubank ရဲ့ ရေးသားချက်မှာ တွေ့ရှိရပါတယ်။ သူ့ရဲ့ ရေးသားချက်အရ စစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူ တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ကြဲချလိုက် တဲ့ ပေါင် ၅၀၀ ဗုံး ကြောင့်သေဆုံးသွားတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူ ၈ ဦးထိ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံ၊ဆေးပေးခန်းတွေကိုလည်း ဦးတည်တိုက်ခိုက်တာကြောင့် လူနာတွေ သေဆုံးသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ သူက ဆိုထားပါတယ်။ ကရင်နီပြည်မှာ ရှိတဲ့ ဆေးရုံ၊ဆေးခန်းတိုင်းဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်က လက်နက်ကြီးတွေရဲ့ ပစ်ခတ်မှုကို ခံနေရတယ်လို့လည်း သူကဆိုထားပါတယ်။ မြေပြင်စာရင်းကောက်ယူနိုင်မှု အခက် အခဲတွေကြောင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆေးရုံ၊ ဆေးခန်းအရေအတွက်ကို အတိအကျမသိရပေမဲ့ ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် အတွင်း လေကြောင်း အသုံးပြုတိုက်ခိုက်မှု ၃၈၈ ကြိမ်အထိရှိနေတယ်လို့ တိုးတက်သောက ရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ နဲ့ ဇူလိုင် လတွေမှာ ကရင်နီပြည် ဖရူဆိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ကရင်နီပြည်နဲ့ ထိုင်းနယ်စပ်က စစ်ရှောင် စခန်းကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ https://www.kantarawaddytimes.org/ %e1%80%85%e1%80%85%e1%80%b a%e1%80%80%e1%80%b1%e1%80
၂၉။ စစ်ရှောင်ထွက်ပြေးနေရသည့် လဲချား ပရဟိတကျောင်းမှ ကလေးများ စာသင်ခွင့် မရသေး
August 10, 2023
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးနေရသည့် ပရဟိတ ကျောင်းမှ ကလေးငယ်များ ယနေ့ထိ စာသင် ခွင့်မရခဲ့သေးကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်တွင် လဲချားမြို့နယ်တွင်း၌ စစ်ကောင်စီ နှင့် SSPP/SSA တပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးများသည် လဲချားမြို့ တောင်ဘက်ရှိ ကောင်းဝိုးလုံ ပရဟိတ ကျောင်းအနီးသို့ ကျရောက်ထိမှန်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကဲ့သို့ လက်နက်ကြီး ကျရောက်သည့်အတွက် ကောင်းဝိုးလုံ ပရဟိတကျောင်းမှ ကျောင်းသူ တစ်ဦး သတိလစ် မေ့မျောသွားခဲ့ပြီး ကျောင်းသား/သူများအားလုံးက လဲချားမြို့ပေါ် ရပ်ကွက် (၄) ရှိ ကမ္မဌာန်းကျောင်းသို့ စစ်ရှောင်ခိုလှုံနေရကြောင်း စစ်ရှောင်ကူညီသူက ပြောသည်။
“လက်နက်ကြီးက ကျောင်းနားကို အရမ်းကပ်ကျတော့ ကျောင်းသူ တစ်ဦး ကြောက်လန့်ပြီး သတိလစ် သွားတယ်၊ အဲ့ဒီအချိန်မှာ တချို့က ကျောင်းသူကို ပြုစုရင်း တချို့က စစ်ရှောင်ဖို့ ပြင်ဆင်ကြတာပေါ့၊ အခုတော့ ကျောင်းသား/သူ စုစုပေါင်း ၆၆ ယောက်နဲ့ ဆရာ/မပေါင်း ၇ ယောက်က မြို့ပေါ်စစ်ရှောင်ခဲ့တာ”ဟု စစ်ရှောင်ကူညီပေးနေသူ အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိတွင် ကောင်းဝိုးလုံပရဟိတ ကျောင်းသား / သူ (၆၆) ဦး နှင့် ဆရာ/ဆရာမ ၇ ဦး၊ ကျောင်းထိုင် ဘုန်းကြီး ၁ ပါးတို့သည် လဲချားမြို့ပေါ် ရပ်ကွက် (၄)ရှိ ကမ္မဌာန်းကျောင်းတိုက်တွင် စစ်ရှောင်ရောက်ရှိ နေကြကြောင်းသိရသည်။“ဖျားနာတဲ့ သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်၊ ခွဲစိတ်ရတဲ့ ကျောင်းသားကလည်း ခွဲစိတ်အောင်မြင်ပြီး လက်ရှိတော့ ဆေးရုံမှာပါ။ ဒါပေမဲ့ ကျောင်းသားတွေကတော့ စာမသင်ရသေးဘူး၊ နေရပ်လည်း မပြန်နိုင်ကြသေးဘူး။ စစ်ရေးတင်းမာနေတုန်းမို့ အခြေအနေ ကို စောင့်ကြည့်နေရတုန်း”ဟု စစ်ရှောင်ကို ကူညီပေးနေသူက ဆက်ပြောသည်။ စစ်ရေးတင်းမာမှုရှိနေသည့်အတွက် လူနေ ကျေးရွာအနီး၊ စာသင်ကျောင်းအနီး တိုက်ပွဲမဖြစ်ကြရန် ဒေသအတွင်းက သံဃာတော်များ အရပ်သား ဒေသခံများကလည်း မေတ္တာရပ်ခံ တောင်းဆိုလိုကြောင်းလည်း ပြောဆိုကြသည်။ https://burmese.shannews.org/archives/36203
၃၀။ တရုတ်နယ်စပ် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်လမ်းကို စစ်ကောင်စီ အကန့်သတ်မရှိ ပိတ်
August 10, 2023
ကချင်ပြည်နယ်က တရုတ်နယ်နိမိတ်နဲ့ထိစပ်နေတဲ့ လွယ်ဂျယ်မြို့နဲ့ ဗန်းမော်မြို့ကို ဖောက်လုပ်ထားတဲ့ ကုန်သွယ်ရေး လမ်းမကို သြဂုတ် ၆ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က ပိတ်ဆို့နေခဲ့ရာက သြဂုတ် ၁၀ ရက်မှာတော့ ကုန်သွယ်မှုကို လုံးဝ ပိတ်ဆို့ ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကစတင်ပြီး ကချင်ပြည် နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေတွေ ဖားကန့်နဲ့ ရှမ်းမြောက်ဒေသတွေမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်နေကြပါတယ်။ စစ်ကောင်စီဟာ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းကို ပိတ်ဆို့နေတာကြောင့် ပြည်သူတွေအနေနဲ့ တခြားလမ်း တွေကနေ ရှောင်ကွင်းသွားလာနေရပြီး ခရီးစရိတ်ကြီးမြင့်တာ၊ ကုန်သွယ်မှု ပြတ်တောက်တာ စတဲ့ အခက်အခဲတွေကို ခံစားနေ ရပါတယ်။ သြဂုတ် ၆ ရက်ကစပြီး ဗန်းမော်-လွယ်ဂျယ် အဝင်အထွက်နဲ့ ကုန်သွယ်မှုတွေကို ပိုမိုတင်းကျပ်ခဲ့ပြီး ဆန်စပါးနဲ့ အခြေခံ စားသောက်ကုန်တွေကို တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ကုန်သည်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ နစ်နာခဲ့ရပါတယ်။
လွယ်ဂျယ်ဒေသခံတဦးက “စိန်လုံဂိတ်မှာ ကုန်ကားလေးစီး စစ်တပ်က ဖမ်းသွားတယ်။ အရင်ကလည်း သစ်ကားတွေ ဖမ်းပြီး ဒဏ်ကြေးဆောင်ခိုင်းပြီးမှ ပြန်လွှတ်တယ်။ ဒီလမ်းမှာ သူတို့ကို နားလည်မှုနဲ့ ဂိတ်တိုင်းမှာ ငွေပေးပြီး သယ်နေကြတာပဲ။ အဲဒါကို ဖမ်းတယ်ဆိုတော့ တမင်လုပ်ကွက်ရှာပြီး ငွေညှစ်တာ”လို့ ပြောပါတယ်။“ခရီးသွားတဲ့ လူတယောက်ကို အိတ်အများ ကြီး မသယ်ရတော့ဘူး။ အကုန်မွှေနှောက်ပြီး စစ်တယ်။ ခရီးစရိတ်လည်း အရင်ထက် သုံးဆလောက် တက်သွားတာပေါ့” လို့ ဒီလမ်းကြောကို ပြေးဆွဲနေတဲ့ ကားသမားတဦးက ပြောပါတယ်။ စစ်ရေးထိတွေ့မှု အဓိဖြစ်ပွားနေတဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ကို စစ်အင်အား အဆက်မပြတ် တိုးချဲ့နေပြီး ကုန်သွယ်မှုပိတ်ဆို့ထားတဲ့အပြင် အခုတခါလည်း ဗန်းမော်ကတဆင့် လွယ်ဂျယ်ကို ကုန်သွယ်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် ကေအိုင်အို ထိန်း ချုပ်နယ်မြေအတွင်းက လိုင်ဇာမြို့၊ မိုင်ဂျာယန်မြို့နဲ့ တခြားဒေသတွင်းက ရွာတွေကိုစားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်ချက်တွေ ဖြတ်တောက်ပစ်ဖို့ရည်ရွယ်ပြီး လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။ စစ်ကောင်စီ တပ်ဘက်က အခုလို ပိတ်ဆို့မှုတွေ ပြုလုပ်တာ ကြောင့် ဗန်းမော်ကနေ မိုင် ၅၀ ခန့်ဝေးတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကနေ အဓိကတင်သွင်းနေတဲ့ အခြေခံ စားသောက်ကုန်တွေ ဆန်၊ ဆီ စတာတွေဟာ နေ့စဥ်မြင့်တတ်လာနေပါတယ်။ https://burmese.dvb.no/post/609205
၃၁။ ထားဝယ်အကျဉ်းထောင်တွင်း ရှောင်တခင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာပြီး ပြစ်ဒဏ်တိုးမှုများ လုပ်ဆောင်နေ
August 10, 2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အကျဉ်းထောင်တွင် ယခင်လဇူလိုင်လမှစ၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု များ ပိုမိုလုပ်ဆောင်လာပြီး ကန့်သတ်ပိတ်ပင်ထားသည့် ပစ္စည်းများ လက်ဝယ်တွင် စစ်ဆေးဖမ်းဆီးရမိသူများကိုလည်း ထောင် ဒဏ်တိုးချမှတ်မှုများ လုပ်ဆောင်လာကြောင်း အကျဉ်းထောင်နှင့်နီးစပ် သူများထံမှ သိရသည်။ ထားဝယ်အကျဉ်း ထောင် အတွင်း ရှိ ထောင်ဝန်ထမ်း(၄)ဦးတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည်ဟုဆိုကာ ယခင် ဇူလိုင်လတတိယအပတ်မှ စတင်၍ အကျဉ်းထောင် အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထောင်အတွင်းရှောင်တခင်ဝင်ရောင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အကျဉ်းသားများထံတွင် မိုဘိုင်းဖုန်း ဖမ်းဆီးရရှိမှုများကြောင့် လက်ဝယ်တွေ့ရှိသူများကို ထောင်ဒဏ်(၆)လအထိ ပြစ်ဒဏ်တိုးမြှင့်ချမှတ်မှုများလုပ်ဆောင် နေကြောင်း ထောင်တွင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းက “အရင်ကတော့နားလည်မှုနဲ့ ဖုန်းပြောလို့ရတယ်။ ဝန်ထမ်း တွေကို ပိုက်ဆံပေးပြီး ဖုန်းသွင်း ခိုင်းရတယ်။ ဖုန်းခိုးပြောတာမျိုးပေါ့။ အခုနောက်ပိုင်း စစ်တပ်က စစ်ဆေးရေးဝင်တယ်။ ဖုန်းဖမ်း မိရင် ထောင် ၆ လ ထပ်တိုးတွေ လုပ်တယ်။ အရင်က ဖုန်းဖမ်းမိရင် ဖုန်းပဲသိမ်းတယ် အမှုမတိုးဘူး။ အခုက ဖုန်း မိရင် အမှုတိုး တယ်ဆိုတော့ သိပ်မပြောရဲကြတော့ဘူး။”ဟု ပြောသည်။
အဆိုပါထားဝယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် Covid-19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ ပြည်သူ များကို အကြောင်းအမျိုးမျိုးပြပြီး ဧည့်တွေ့ခွင့်ကို ယခုအချိန်ထိပိတ်ထားလျက်ရှိပြီး စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လာပြီး နောက်ပိုင်းတွင်လည်း အကျဉ်းသားမျာကို ပါဆယ်ပို့ခွင့်ကိုပါ ပိတ်လိုက်ကြောင်း အကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။“ဟိုအရင်ကတည်းက ဧည့်တွေ့သွားပြီးဆိုရင် ကိုဗစ်ဖြစ်လို့ဘာလိုဆိုပြီး ပြောတယ် ပေးမတွေ့ဘူး။ အခုလိုတွေဖြစ်လာတော့ ပါဆယ်ပေးမပို့တော့ဘူး။ အထဲမှာက စစ်တပ်က စိတ်ကြိုက်လုပ်နေတာ။ ပြီးခဲ့တဲ့ရက်က ပြန်လွတ်လာတော့လည်း သူခိုးတွေ၊ ဓားပြတွေ လွတ်ရက်စေ့ခါနီးသူတွေပဲ ပြန်လွတ် လာတာ။ ပြီးတော့ အခုဖုန်းသိမ်းခံမိတဲ့သူတွေကိုလည်း ထောင်ပြောင်းမယ်လို့ပါ ပြောနေကြတယ်။”ဟု ၎င်းအကျဉ်းသား၏ ဇနီးက ပြောသည်။ ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး လေးရာ ဝန်းကျင်မှာ နိုင်ငံရေးအကျဥ်းသားများ ဖြစ်ကြောင်းဒေသတွင်း သတင်းမီဒီယာများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။ https://kicnews.org/202 3/08/%e1%80%91%e1%80%ac%e1%80%b8%e1%80%9d%e 1%80%9a%e1%80%b
၃၂။ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ထံ လာရောက်ပူးပေါင်း
August 11, 2023
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဲဘော် (၂)ဦး လက်နက်ခဲယမ်းများနဲ့အတူ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) ထံလာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ် ပြန်ပါတယ်။ အခုလ သြဂုတ်လ (၈) ရက်နေ့မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဒု-တပ်ကြပ် (၁) ဦးနဲ့ တပ်သား (၁) ဦးတို့ဟာ KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ရာ ၆၀ မမ စိန်ပြောင်း (၁) လက်၊ ၆၀မမ ကျည် (၅) လုံး၊ MA-2 (၁) လက်၊ ကျည်ဘောက် (၅) ဘောက် နဲ့ MA-2 ကျည် (၁၅၀) တောင့်တို့ ယူဆောင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လာရောက်ပူးပေါင်းလာတဲ့ ရဲဘော်တွေကတော့ တပ်မ-၄၄ လက်အောက်ခံ ခမရ- ၁၁၈ မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင် နဲ့ တပ်သား အောင်မျိုးဇော် တို့ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အား မနှစ်သက်တာကြောင့် တော်လှန်ရေး ပြီးဆုံးတဲ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့အတူ အာဏာရှင်စနစ်အား တွန်းလှန် တိုက်ထုတ် တိုက်ပွဲဝင်သွားဖို့ ရှိတယ်လို့ KNLA ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားခဲ့ပါတယ်။ လက်နက်တွေနဲ့အတူလာပူးပေါင်းတဲ့ အဲဒီရဲဘော်(၂)ဦးကို စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော ကတစ်ဦးလျှင် ထိုင်းဘတ်ငွေ ငါးသောင်း စီ ဆုချီးမြှင့်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/p hoto?fbid=634442368781666&set=p cb.634442482114988
၃၃။ ပင်လောင်းမှာ ရောက်ရှိနေတဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်နေ
August 10, 2023
ရှမ်းတောင် ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက်က စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ် လို့သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ရှမ်း-ကရင်နီနယ်စပ် လုံးပြင်အုပ်စု တောင်မဲသင်းရွာကနေ တိမ်းရှောင်လာကြတာဖြစ်ပြီး မင်္ဂလာကွက်သစ်ရပ်ကွက်က ငှားထားတဲ့အိမ်တစ်လုံးနဲ့ ဓမ္မာရုံတစ်ခုမှာနေထိုင်ကြတာ ၅ လကျော်ရှိပြီလို့ဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ အရင်ကလူဦးရေ (၂၀၉)ဦး ရှိပေမယ့် လက်ရှိမှာတော့ အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေက နေရပ် ပြန်သွား ကြပြီး သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ လသားအရွယ် ကလေးမိခင် ၃၄ ဦးသာ ကျန်ခဲ့တယ်လို့ စခန်းတာဝန်ရှိသူ အမျိုးသားတစ်ဦး က ပြောပါတယ်။ “လသားအရွယ် ကလေးအမေတွေ သက်ကြီးရွယ်အိုတွေနဲ့ လမ်းမလျှောက်နိုင်တဲ့သူတွေ ကျန်ခဲ့တာ။ သူတို့က ရွာပြန်မယ်ဆိုလည်း အချိန်မရွေး စစ်ဖြစ်နိုင်သေးတယ်။ အဲဒါကြောင့် ရွာကတော့ မပြန်ရဲကြသေးဘူး” စစ်ရှောင်တဲ့ကာလ ကြာ လာတဲ့အတွက်ကြောင့် ကူညီထောက်ပံ့ပေးမယ့်သူ ရှားပါးလာပြီး စားဝတ်နေရေးနဲ့ အိမ်ငှားခအတွက် အခက်အခဲဖြစ်လာတယ် လို့ ၎င်းက ဆက်ပြောပါတယ်။
“စားနပ်ရိက္ခာ လာလှူတာ ဟိုအရင်တုန်းကတော့ ရှိတယ်။ အခုနောက်ပိုင်းတော့ သိပ်မရှိတော့ဘူး။ လောလောဆယ် တော့ အရင်က ထောက်ပံ့ပေးတဲ့ ဆန်နဲ့ဆီ နည်းနည်းတော့ရှိသေးတယ်။ ဟင်းသီးဟင်းရွက်တွေတော့ ကိုယ့်ဟာကိုယ် ရှာစား တာရှိတယ်” ပင်လောင်းမှာ မိုးအဆက်မပြတ် ရွာနေတာကြောင့် စစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲအပြင် ရေကြီးတာ တွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာနေရသူ ၁၉ သိန်းကျော် ရှိလာပြီး အဲဒီအထဲက လူဦးရေ ၁၆ သိန်းနီးပါးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဖြစ်တယ်လို့ UNOCHA ရဲ့ ဩဂုတ် ၃ ရက်က ထုတ်ပြန်ချက်အရ သိရပါ တယ်။ https://www.facebook.com/photo/?fbid=614739444166657&set=pcb.614739744166627
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။