သတင်း

PDF ၁၄ ဦးအလင်းဝင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မှုကို တော်လှန်ရေးအင်အားစုတွေ ငြင်းဆို

PDF ၁၄ ဦးအလင်းဝင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မှုကို တော်လှန်ရေးအင်အားစုတွေ ငြင်းဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၅ရက်၊ ၂၀၂၃။

KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းရှိ PDF ၁၄ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို သထုံခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေမှ ငြင်းဆိုထားကြောင်း သိရပါတယ်။

PDF ၁၄ ဦးဟာ လက်နက်ကြီး RPG ၁ လက်၊ ခွင်းကျည် ၁ တောင့်၊ တင့်ဖျက်ကျည် ၁ တောင့်၊ အီတလီနိုင်ငံထုတ် ၉ မမ ပစ္စတိုသေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်အကောင့်တွေမှာ ဖော်ပြထားပါတယ်။

” PDF တွေအလင်းဝင်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တာ တော်လှန်ရေး အဖွဲ့တွေကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်အောင်ဖန်တီးတာပါ။ အဲ့လိုမျိုး အလင်းဝင်တယ်ဆိုပြီး လုပ်တဲ့ ပုံက တရားခံပုံတွေ ဖြစ်နေတာပါ။ ဘယ်လို မျိုးဖမ်းဆီးထားတဲ့ တရားခံတွေလဲဆိုတာတော့ ကျွန်တော်တို့ မသိဘူး ” လို့ သထုံခရိုင် မိတ်ဖက်ဆက်ဆံရေးတာဝန်ခံ ကိုအေးမင်းထွန်းမှ FJMM ကိုပြောပါတယ်။

သထုံခရိုင် တပ်မဟာ ၁ မှာရှိတဲ့ PDF တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဖို့ မရှိဘူးသလို တော်လှန်ရေး အင်အားစုအားလုံးကလည်း ဘယ်တော့မှ သစ္စာ ဖောက်မှာ မဟုတ်ဘူးဆိုတာ ပြည်သူတွေကို သိစေချင်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီကတော့ အလင်းဝင်လာတဲ့ PDF ၁၄ ဦးကို သြဂုတ်လ ၄ ရက်နေ့က မိဘတွေထံ ပြန်လည်အပ်နှင်းပေးခဲ့တယ်လို့ ဝါဒဖြန့်ထားသလို ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ရေးမြို့နယ်ရှိ PDF ၂ ဦး အလင်းဝင်လာတယ်လို့ ဝါဒဖြန့်ထုတ်ပြန်မှုခဲ့ပါတယ်။

Photo – social media

Related Articles

Back to top button