တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 59, July 25, 2023)

၁။   တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် ဖမ်းဆီးခံမှုနောက်ဆက်တွဲအနေဖြင့် ကန်ပိုင်တည်မြို့မှ တပ်ရင်းမှူးကိုလည်းဆက်          လက် ဖမ်းဆီး
      July 24, 2023

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ဖားကန့်တပ်မမှူးနှင့် စစ်ဘက်ဆိုင်ရာအရာရှိအချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် တရုတ် မြန်မာနယ်စပ် ကုန်သွယ်ရေး နယ်စပ်ဂိတ်တစ်ခုဖြစ်သော ကန်ပိုင်တည်မြို့တွင် စခန်းထိုင်သည့် အမှတ် (၃၈၉) ခမရ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမိုး ကိုလည်း စစ်ကောင်စီက ဖမ်းဆီးရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။ ဖောက်ခွဲရေး ယမ်းများကို ပြည်တွင်းသို့ သယ်ဆောင်တင်သွင်းနိုင်သည့် အဓိကဝင်ပေါင်လမ်းဖြစ်သည့်အတွက် ကန်ပိုင်တည်၌ စခန်းထိုင်သော တပ်ရင်းမှူး အား ဖမ်းဆီးစစ်ဆေးရန် ဖြစ်နိုင်ကြောင်း ပြောသည်။ “မနေ့က ဆဒုံးက စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေ ၆၀ လောက် ခမရ ၃၈၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမိုး ကို ထိန်းသိမ်းဖို့ တက်သွားတယ်။  ၃၈၉ တပ်ရင်းမှူး ကန်ပိုင်တည်မှာထိုင်တာ သူ့ထွက်ပြေးသွား မှာ စိုးရိမ်လို့ သွားဖမ်းတာတဲ့၊ အခုတော့ မဆင်းလာသေးဘူး။ လဒ်စားတာတွေ ယမ်းအရေးတွေကြောင့် ဟိုတလောက စစ်တပ် အရာရှိတွေ တော်တော်များများကို ဖမ်းတယ်။ ယမ်းတွေက ဒီဘက်က ဝင်တာများတော့ အခုတပ်ရင်းမှူးကိုလည်း အဲတာကြောင့် ပဲ ဖမ်းဖို့လုပ်တာနေမှာ”ဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ခမရ ၃၂၁ က အရာခံဗိုလ်၊ မြစ်ကြီးနား – ဗန်းမော်လမ်း ကဇူးကျေးရွာရှိ ဂိတ်မှူး၊ ဂန်ဒေါင်ကျေးရွာရှိ ဂိတ်မှူးများကို လည်း ဖမ်းဆီးထားကြောင်း ပြောသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့်တပ်မမှူးနှင့်အတူ နောက်ထပ်စစ်အရာရှိ ၃ ဦးနှင့် ဖားကန့်ရှိ KTV ပိုင်ရှင်တစ်ဦးတို့ ကို ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် စစ်ကောင်စီကဖမ်းဆီးခဲ့သည်။ အဆိုပါစစ်ကောင်စီအရာရှိများကို ကန်ပိုင်တည် မှတဆင့် တင်သွင်းသည့် လက်နက်ခဲယမ်းများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ရောက်ရှိသွားသည်ဟု စွပ်စွဲချက်ကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ https://www.facebook.com/ photo/?fbid=671511278346099&se t=a.605896064907621

၂။  မိုးဗြဲလွိုင်ကော် လမ်းမကြီးအတိုင်းဆင်းလာတဲ့ စစ်ကောင်စီတပ်ကို PDF နဲ့ KNDF ကြားဖြတ် တိုက်ခိုက်
     July 24, 2023

မိုးဗြဲ-လွိုင်ကော် လမ်းမကြီးအတိုင်း ဇူလိုင် ၂၁ ရက်နေ့မှာ ဆင်းလာတဲ့ စစ်ကောင်စီ တပ်မ (၅၅) စစ်ကြောင်းကို ဖယ်ခုံ PDF နဲ့ KNDF တပ်ရင်း အမှတ် (၃) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်းအမှတ် (၁၀၀၆) က ထုတ်ပြန်ပါတယ်။ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကြား ဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ ရှေ့ဆက်မတိုးနိုင်ဘဲ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ တယ်လို့လည်း ဖယ်ခုံ PDF က ပြောပါတယ်။ “စစ်ကောင်စီအင်အား တပ်ရင်း တရင်းစာလောက်ရှိတယ်။ အခုတော့ ရွာတွေ ဘုန်းကြီးကျောင်းတွေထဲမှာ နေနေတယ်။ ဒေသခံတွေကို ကာဗာယူထားတဲ့ ပုံစံပေါ့။ ဒေသခံတွေကတော့ ထွက်ပြေးတဲ့လူလည်း ထွက်ပြေးနေကြပြီ” လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။

အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဟာ ကန်းကျိုင်းရွာဘုန်းကြီးကျောင်းနဲ့ ဆောင်ကန်းရှမ်းရွာမှာ တပ်စွဲထား တဲ့အတွက် စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရေသန့်ကားလို့ ယူဆ ရတဲ့ လိုက်ထရပ်ကား တစ်စီးကို အကြောင်းမဲ့ ပစ်ခတ်ပြီး ဆောင်ကန်းရွာမှာ ဖမ်းဆီးထားတဲ့အတွက် ကားပေါ်မှာပါတဲ့သူတွေရဲ့ အခြေအနေကို မသိရေးသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ တပ်မ (၅၅) ဟာ ရှမ်းပြည်နယ် တောင် ပိုင်း ကလောြမို့ရှိ ဘူတာ အပေါ်ဘက်မှာ အခြေစိုက်တဲ့ တပ်မ တစ်ခု ဖြစ်ပါတယ်။ ကြားဖြတ်တိုက်ခံရတဲ့ စစ်ကောင်စီက လက်ရှိ မှာ ကျေးရွာတွေထဲ တပ်စွဲနေတာကြောင့် ဒေသခံ အများအပြား ဘေးလွတ်ရာ တိမ်းရှောင်နေကြပြီး တိုက်ပွဲ ဆက်လက် ပြင်းထန် နိုင်တဲ့အတွက် လွိုင်ကော်-မိုးဗြဲ လမ်းမကြီးမှာ သတိနဲ့ သွားလာဖို့ ဖယ်ခုံ PDF က တိုက်တွန်းထားပါတယ်။ https://www.face book.com/photo/?fbid=3102141013650 41&set=a.285900490463069

၃။   KNLA တပ်ရင်း(၂၇)တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ်အရာရှိအပါအဝင် ၁၀ ဦးသေ ၁၁          ဦးဒဏ်ရာရ
     July 24, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မ ဟာ (၆)၊ တပ်ရင်း (၂၇)၏ တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးကာ ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ ခမရ(၄၀၇)၊ခမရ(၁၀၄) တပ်များနှင့်  ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၁ ရက်အထိ ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသော် လည်း တိုက်ပွဲဖြစ်ပွားသည့် နေရာ ဒေသကို ဖော်ပြမထားပေ။ ပူးပေါင်းအင်အား (၁၀၀)ကျော်ရှိ ဗိုလ်မှူး အောင်မြင့်သိန်းနှင့် ဗိုလ်မှူးနိုင်ဝင်း ဦးဆောင်သော စကခ (၈) လက်အောက်ခံ ခမရ(၄၀၇)တပ်ရင်း၊ တပ်မ(၄၄) လက်အောက်ခံ ခမရ (၁၀၄) တပ်ရင်းတို့အကြား နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက် မှ ၁၀ ဦး သေဆုံး ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကာ အဆိုပါ ၁၁ ဦးအနက် ငါးဦးမှာ ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း ကြေးနန်းသတင်းပေးပို့ချက်ကို KNU က ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲအတွင်း KNLA ဘက်မှ လေးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆုံးခဲ့သည်ဟု အသိပေးထားသည်။ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့အနေဖြင့် မြ၀တီမြို့အနီးတွင် လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဇူလိုင် ၁၈ ရက်က တပ်မဟာ(၆) KNU/KNLA ၊ ကော်ဘရာစစ်ကြောင်း(၁)ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်မှ ခလရ(၈)၊ ခမရ(၁၁၈)တပ်များအကြား မြ၀တီမြို့လက်ခတ်တောင်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စတပ်မှ  ဗိုလ်ကြီး တစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာကအသိပေးထားသည်။ ဇူလိုင် ၂၀ ရက်တွင်လည်း ခမရ(၁၁)၊ ခလရ(၈) နှင့်ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်စွဲထားသည့် လက်ခတ် တောင် တာဝါတိုင်စခန်းကုန်းကို ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ နောက်တစ်နေ့ ဇူလိုင် ၂၁ ရက် နံနက်တွင် သိမ်းပိုက် နိုင်ခဲ့သည်။ လက်ခက်တောင်ကြောတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကော်ဘရာက အသိပေးထားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။ https://www.fa cebook.com/p hoto/?fbid=6199780668676 56&set=a.559396186259178

၄။  ကန်ပက်လက်မြို့ စစ်တပ်ကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ၂ ဦးသေ
     July 24, 2023

ချင်းပြည်နယ်၊  မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့ရဲ့ ဒေသအခေါ်  ရန်အောင်စေတီကုန်း အနီးက အကြမ်းဖက် စစ်တပ်ရဲ့ ကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က ၂ ဦးသေ တယ်လို့ ကာကွယ် ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ တိုက်ပွဲကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်(ဂန့်ဂေါခရိုင်) အမှတ် (၁၃)တပ်ရင်းနဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်းမဟာမိတ်ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိဘဲ ဆုတ် ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က မကွေးတိုင်း အနောက်ခြမ်းနဲ့  ချင်းပြည်နယ်လမ်းပိုင်းတွေကို စိုးမိုးထိန်းချုပ်ဖို့ ကြိုးစားနေပေ မယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ကြံ့ကြံ့ခိုင် ရင်ဆိုင်တိုက်ခိုက်နေတယ် ဆိုပြီးတော့လည်း စစ်ရုံးချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=624978629728 040&set=pcb.624978789728024

၅။  ယာဒိုတိုက်ပွဲအတွင်း ကရင်နီပြည် ဝံပုလွေစစ်ကြောင်း Karenni of Wolf Column မှတပ်ခွဲမှုတစ်ဦးကျဆုံး
      July 24, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာတွင်  စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ  တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး  ကရင်နီပြည် ဝံပုလွေစစ်ကြောင်း – Karenni  of Wolf Column မှ တပ်ခွဲမှူး ကိုသိန်းဦး ယာဒို တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များသည် သံတောင်ကြီး မြို့နယ်၊ ယာဒိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ မနက်အစောပိုင်းမှ စတင်ထိတွေ့မှု ဖြစ်ခဲ့ကြောင်း စုံစမ်းသိရသည်။ “ဇူလိုင်လ ၂၃ ရက်နေ့မှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေရင်းနဲ့ နေ့လည် ၃ နာရီ မှာ လေယာဉ်က ဗုံးလာကျဲသွားတာ။ အဲဒီမှာ ကျွန်တော်တို့ တပ်ခွဲမှူး ကိုသိန်းဦးက ထိသွားတယ်။ စစ်ကောင်စီလည်း အကျအဆုံး ရှိတယ်ဗျ။ အရေအတွက် အတည်မပြုနိုင် သေးဘူးဗျ။ အခုထိလည်း တိုက်ပွဲပြင်းထန်နေဆဲပဲ”ဟု ကရင်နီပြည် ဝံပုလွေစစ်ကြောင်း ထောက်ပို့တာဝန်ခံ ကိုထူးယံ က ဇူလိုင် လ ၂၄ ရက်နေ့ ယနေ့တွင် အတည်ပြု ပြောသည်။

ကျဆုံးသွားသော တပ်ခွဲမှူး ကိုသိန်းဦး၏ အလောင်းအား ကရင်နီပြည် ဝံပုလွေစစ်ကြောင်း – Karenni of Wolf Column တပ်ရင်းသို့ သယ်ဆောင်ခဲ့ပြီး ယခု ဇူလိုင်လနောက်ဆုံးပတ်အတွင်း သဂြိုလ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ယာဒိုတိုက်ပွဲကို ကရင်နီပြည် ဝံပုလွေစစ်ကြောင်း – Karenni of Wolf Column၊ မဟာမိတ်အဖွဲ့များ ဖြစ်ကြသော KNDF၊ BO8၊ BO9၊ BO4 နှင့် ကော်သူလေး တပ်မဟာ ၂ တို့ ပူးပေါင်းတိုက်ခိုက်ကြပြီး ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။ https://www.facebook.com/photo/?fbid=8385371976356 70&set=a.776968607125863

၆။  စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ဒေသခံ ၅၀၀၀ နီးပါးထွက်ပြေးတိမ်းရှောင်နေရ
     July 24, 2023

မွန်ပြည်နယ်၊ သထုံမြိုနယ်နဲ့ဘီးလင်းမြို့က ဒေသခံ ၅၀၀၀ နီးပါးဟာ စစ်ကောင်စီလက်နက်ပြီးရန်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ သထုံမြို့နယိအခြေစိုက် ကြာပန်း အမတ ၂၀၆၊  (ခမရ-၉) တပ် ရင်း၊ (အမတ-၃၁၄)တပ်ရင်းနဲ့ဘီးလင်းမြို့နယ် ဇီးဝန်းအမြှောက်တပ်တွေကနေ လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ ပစ်ခတ်နေခဲ့ တာပါ။ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဘီးလင်းမြို့နယ်ထဲကရွှေရောင်ပြကျေးရွာ၊ ဇီးဝန်းကျေးရွာ၊ အဝင်းကြီးကျေးရွာ၊ သထုံမြို့နယ်ထဲက ခလောက်အင်း၊ မိချောင်းအိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်းရွာတွေက ဒေသခံ ၅၀၀၀ ခန့်ဟာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ “စကစ လက်နက်ကြီးက နေ့တိုင်းလိုလိုပစ်နေတာ။ နေအိမ်တွေ လူတွေ ထိခိုက်သလို ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

အဆိုပါ နေ့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် သထုံမြို့နယ်၊ စူးအင်းကျေးနယ်၊ ကဇိုင်းကျေးရွာအနီး ကျရောက် ပေါက်ကွဲပြီး ရွာနေ အသက် (၃၅)နှစ်အရွယ် ဒေါ်မဝင်း (ဘယ်ဘက်ခြေသလုံး)ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒါအပြင် လက်နက် ကြီး ကျည်အချို့ဟာ ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။ အဲဒီထွက် ပြေးတိမ်းရှောင် နေကြရသူတွေထဲမှာ ကလေးသူငယ်တွေ ကျောင်းသားကျောင်းသူတွေ မသန်စွမ်းသူတွေ အပါ အဝင် သက်ကြီးရွယ်အိုများလည်း အများအပြားပါဝင်ကြပြီး သူတို့အတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးလိုအပ်ချက်များ ရှိနေပြီး ၎င်းတို့ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အများအပြား လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။ https://w ww.facebook.com/photo/?fbid=631968092371678&s et=pcb.631968125705008

၇။   ပုလောတွင် စစ်ကား ၃ စီး မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံးဟုဆို
      July 24, 2023

တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံးခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇူလိုင် ၂၃ ရက်နေ့၊ ညနေ ၄ နာရီခန့်က ပုလောမြို့နယ်အခြေစိုက် ခလရ-၂၈၅ တပ်ရင်းမှ တစ်မိုင်တောင်သို့ ထွက်လာသည့် စစ်သား ၁၀၀ ကျော်လိုက်ပါလာသော စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “စစ်သားတွေက ထားဝယ်ဘက်ကနေပြီး ရေလမ်းနဲ့လာတာ။ ပြီးတော့ ပုလောရောက်မှ ၂၈၅ ကနေ တစ်မိုင်တောင်ကို ဖြတ်ပြီး ပုလောကုန်းရွာကိုသွားမှာ။အဲ့ဒါကို ကြားဖြတ်တိုက်လိုက်တာပါ”ဟု ၎င်းက ပြောသည်။ စစ်ကားတစ်စီးမှာ မိုင်းထိကာ လမ်းဘေး မြောင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်းသိရသည်။

“တစ်စီးမြောင်းထဲကျသွားတယ်။ အဲ့ကားပေါ်မှာ စစ်သား အယောက် ၄၀လောက်ပါတယ်။မိုင်းကြောင့် စစ်သား ၅ ယောက် သေတယ်။ ဒါကမျက်မြင်ပေါ့နော်။ တခြားထိခိုက်ဒဏ်ရာရတဲ့အရေအတွက်တော့မသိဘူး။ မိုင်းကွဲပြီဆိုတာနဲ့ ခဏပဲ ကြည့်ပြီး ပြန်ဆုတ်လာတာမို့လို့”ဟု ၎င်းကဆက်လက်ပြောသည်။ ယင်းနေ့ညနေ ၆ နာရီခန့်ကလည်း ပူရိယက္ခညီနောင် စစ်ကြောင်း ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က ဝက်တိုးရွာမှနေ၍ စစ်ကောင်စီတပ်ရှိသည့် ပုလောကုန်းရွာနှင့် တစ်မိုင်တောင် အနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။ https://www.facebook.com /photo/?fbid=838489410973 782&set=a.776968607125863

၈။   မိုင်းယော်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ပိတ်မိ
       July 24, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းယော်တိုက်နယ်၊ မန်ကန်ကျေးရွာမှာ ဇူလိုင် ၂၃ ရက်၊ ည ၁၁ နာရီကျော် ကနေ ဒီမနက် ၄ နာရီအထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး မန်ကန်ဒေသခံ အမျိုးသား တစ်ဦး လက်နက် ထိမှန် ခဲ့တယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ အဆိုပါ တိုက်ပွဲ အတွင်း ကိုးကန့်တပ်က ကျေးရွာနေ ပြည်သူတွေကို လုံခြုံရေးအရ ကျေးရွာအပြင်ထွက်ခွင့် ပိတ်ထားလို့ ပိတ်မိနေတာတွေရှိတယ်လို့ သူကဆိုပါတယ်။ “တိုက်ပွဲကြောင့် ရွာသူရွာသား တွေ အကုန်နီးပါးထွက်ပြေးပြီး။ ထွက်ပြေးတဲ့သူတွေလည်း ရွာထဲပြန်ဝင်လို့မရဘူး။ အခု လက်နက်ထိတဲ့ တစ်ယောက်က မနေ့ ညဆို သွေးအရမ်းထွက်လို့ ဒီမနက် မူးလဲသွားတယ်။ ခြံမှာ ကျန်တဲ့ သူတွေဆို တိုက်ပွဲထဲ ပိတ်မိနေတယ်။ ဘယ်မှ သွားမရဘူး ” လို့ သူကပြောပါတယ်။

တိုက်ပွဲ အတွင်း အမျိုးသား တစ်ဦး ခြေထောက်ထိမှန်ခဲ့ပြီး ကျေးရွာက ကျန်းမာရေး ဝန်ထမ်း ဆရာမတွေလည်း ပြီးခဲ့တဲ့ တိုက်ပွဲမှာ ထွက်ပြေး တိမ်းရှောင်နေလို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကလည်း မန်ကန် ကျေးရွာနဲ့ လွိုင်လင်ကျေးရွာကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ ကျေးရွာသူကြီးနဲ့ ဒေသခံ တစ်ချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူ တချို့နဲ့ ရွာသူကြီးတို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး တချို့ ဒေသခံတွေနဲ့ အဆက်အသွယ် မရတာကြောင့် ဘယ်သူတွေ ဖမ်းဆီးခံထားရတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ‌ဒေသခံက ပြောပါတယ်။ https ://www.facebook.com/photo?fbid=310290891357362&set=pcb.3 10291008024017

၉။  ကျောက်တံခါးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး
     July 24, 2023

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊သမင် အင်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNLA – PDF Kyaukkyi ၏သတင်းထုတ်ပြန်ချက်နှင့် ဒေသ ပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ညပိုင်း အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၂၆၄ ၊ ခမရ ၃၀၇၊ ခမရ ၃၀၈ တပ်များက ကျောက်တံခါးမြို့နယ်အတွင်းသို့ နေ့ရောညပါ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သမင်အင်ကုန်းကျေးရွာထဲသို့ကျရောက် ပေါက်ကွဲမှုတွင် မိသားစုဝင် ၄ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။ “ညဆိုရင် တော်လှန်ရေးအင်အားစုတွေ ကျောက်တံခါး၊ ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက် လာတယ် သတင်းကြားတော့ လူထုကို တိုက်ခိုက်တယ်လို့ ယူဆတယ်။ ၂၃ ရက်နေ့ ညကဆို လက် နက် ကြီး ၈ ချက်လောက် ပစ်တယ်။ အိမ်ပါတုန်သွားတယ်၊ ဘာမှ အလုပ်လုပ်လို့ မရတော့ဘူး။ ကလေးတွေလည်း အရမ်းကြောက် နေကြတယ်။ သေဆုံးသွားတဲ့ မိသားစုတွေက အိပ်နေရင်း လက်နက် ကြီးကျတာပါ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက  ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက်ရှိလာသည်ဟုဆိုကာ ကျေး ရွာနေ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက်သားအချို့မှာ ညပိုင်းတွင် သူဌေးကုန်း ကျေးရွာအတွင်းရှိ ရထားလမ်း၊ ကားများတွင် လူစုခွဲကာကင်းပုန်းဝပ်နေကြောင်းသိရသည်။ ဇွန်လဆန်းပိုင်းကလည်း အကြမ်း ဖက်စစ်ကောင်စီ ၏ ခလရ ၂၆၄ ၊ ခမရ ၃၀၇ ၊ ခမရ ၃၀၈ တပ်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ သမင်းအင်ကုန်း ကျေးရွာနှင့် ငါးဖယ်အင်း ကျေးရွာတို့အ တွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦးသေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=706988718109204&set=pcb.706988741442535

၁၀။  လွိုင်ကော်နှင့် ဖားဆောင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်ဖြစ်
       July 24, 2023

ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ စစ်ကောင်စီဘက်ကနယ်မြေတွေ ပြန်လည် စိုးမိုးနိုင်ရေး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့အတွက် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဆက် လက်ဖြစ်ပွားနေပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ကစပြီး လွိုင်ကော်မြို့နယ် ပီကင်းကောခူကနေ ဆောင်းကန်း(ရှမ်း)ရွာ၊ ကုန်းသာ ဘက်ကို စစ်ကောင်စီ အင်အား ၃၀၀ လောက်နဲ့ စစ်ကျောင်းထိုးခဲ့လို ဆောင်ကုန်းမှာ ရှိတော့ တော်လှန်ရေးအင်အားစုနဲ့  ထိတွေ့ တိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “ဆောင်ကန်းမှာ တော်လှန်ရေးအင်အားစုက ဖြတ်တိုက်ပြီးတော့ အခုထိ ထိတွေ့မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်း သုံးကြောင်း ဖြန့်ထိုးလာ ခဲ့တာ။ အခုတော့ ဆောင်ကန်းရှမ်းရွာနဲ့ ဆီမီးလော့ထိ ရောက်သွားခဲ့ပြီ။”  ဆောင်ကန်း(ရှမ်း) ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး နောက် စစ်ကောင်စီတပ်သားတွေက အဲဒီကျေးရွာမှာ ဝင်ရောက်တပ်ချခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို  မီးရှို့ဖျက်ဆီးသွားခဲ့ တယ်လို့လည်း ဆိုပါတယ်။

အလားတူ ဇူလိုင် ၂၂ ရက်နေ့က လွိုင်ကော်မြို့အထွက်က နွားလဝိုးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီး ကြောင့် နေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲကြောင့် နွားလဝိုးရွာတွင်း နေထိုင်သူ တွေ မနေရတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။ ဇူလိုင် ၂၁ ရက်နေ့က ဖားဆောင်းမြို့နယ် သံလွင် အရှေ့ဘက်ကမ်းရှိ ကျောက်ပန်းညိနဲ့ ဝမ်အောင်း(ရှမ်း)ရွာတွေကို စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဖားဆောင်းမြို့ သံလွင်တံတားအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာ ၃ ရွာခန့် ရွာလုံးကျွတ် ထွက် ပြေးတိမ်းရှောင်နေရသလို တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။ https://burmese.dvb.no/post/605861

၁၁။  မူဆယ် စယ်လန့်ရွာက စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ နမ့်ခမ်းမြို့မပြည်သူ့စစ် ၂ ဦး         သေဆုံး
      July 24, 2023

ရှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်ကစပြီး စစ်တပ်နဲ့ TNLA တို့ ၁ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိုင်းဆတ်ရွာက နေအိမ် တစ်ချို့လည်း ထိမှန်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ တအာင်းတပ်မတော်(TNLA)က ညနေပိုင်းကစပြီး ကားလမ်းမကြီး ပေါ်မှာ မူးယစ်ဆေးဝါး စစ်ဆေးမှုလုပ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး စတင်ပစ်ခတ်လို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တာ ပဲ ဖြစ်ပါတယ်။ အသက် (၃၀)အရွယ် မိုင်းဆတ်ရွာခံ အမျိုးသားတစ်ဦးက “ရွာခံတွေ ထိခိုက်တာ မရှိဘူး။ အိမ်တွေတော့ အပေါက် ဖြစ်ကုန်တယ်။ ပြည်သူ့စစ်ဘက်က ၂ ယောက်သေတယ်။ ကျန်တဲ့ဒဏ်ရာရတဲ့သူတွေတော့အခြေအနေမသိရဘူး”လို့ ဆိုပါတယ်။

TNLA တပ်ဖွဲ့က နောက်ဆုတ်သွားပေမဲ့ စစ်တပ်နဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တွေက ၎င်းတို့ စခန်းချနေထိုင်တဲ့ ဖိုင်မောဝ် ရွာ စာသင်ကျောင်းအနီးမှာ ရှိနေတာကြောင့် နှစ်ဖက်တပ်အကြား စစ်ရေး တင်းမာနေတယ်လို့ သူက ဆက်ပြောပါတယ်။ နောက် ထပ် မိုင်းဆတ်ရွာခံ အမျိုးသမီးတစ်ဦးက “TNLA က ရွာထိပ်မှာ စစ်တပ်က ရွာအောက်မှာရှိတယ်။ နှစ်ဖက် တင်းမာနေတဲ့ အခြေ အနေဖြစ်ရင် ရွာခံတွေလည်း တိမ်းရှောင်နိုင်ဖို့ သတိထားနေတယ်” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မိုင်းဆတ် ရွာ အထက်က တောင်ကုန်းတစ်နေရာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်စခန်းကို TNLA က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။ https://www.facebook.co m/photo?fbid=606510651656203&set=pcb.606511 124989489

၁၂။   CDF-Kanpetlet နှင့် စကစတပ်ဖွဲ့ထပ်မံတိုက်ပွဲဖြစ်ပွား၊ စကစဘက်မှ(၁၁) ဦးသေဆုံးပြီး၊ CDF-                     Kanpetlet မှရဲဘော် တစ်ဦးကျဆုံး
      July 24, 2023

CDF-Kanpetlet နှင့် စကစတပ်ဖွဲ့တို့ ဇူလိုင် ၂၄ နံနက်ပိုင်းတွင် နှစ်ကြိမ် ထိတွေ့ပစ်ခိုက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စကစ ဘက်မှ(၁၁) ဦးသေဆုံးပြီး၊ ဇူလိုင်လ ၂၁ ရက်နေ့တိုက်ပွဲအတွင်းတွင် CDF-Kanpetlet မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိ ရသည်။ ပထမအကြိမ်ဖြစ် မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီး CDF-Kanpetlet နှင့် စကစတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၇)ဦးသေ ဆုံးပြီး CDF-Kanpetletနှင့်မဟာမိတ် ပူးပေါင်းတပ် ဖွဲ့များဘက်မှ မင်းဘူး ခရိုင်တပ်ရင်း (၆)မှ (၁)ဦး၊ မိမိတို့ CDF-Kanpetlet မှ (၃)ဦး၊ စုစုပေါင်း (၄)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဒုတိယအကြိမ်ဖြစ် ကန်ပက်လက်မြို့နယ်၊ လေယာဉ် ကွင်းအနီးတွင် ကန်ပက်လက်မြို့ပေါ်မှ တပ်ချိန်းပြီး ပြန်လည်ထွက်လာသည့် စစ်ကြောင်းနှင့် မိမိတို့အ ကြား ထိတွေ့မှုဖြစ်ပွားခဲ့ရာ CDF-Kanpetlet ဘက်မှ ရဲဘော် (၁)ဦးကျဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးသို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသော အင်အား (၃၀၀) ကျော်ပါရှိသည့် စကစ စစ်ကြောင်းသည် လက်ရှိတွင် လှိုင်ဒုတ်ကျေးရွာသစ်အနီးသို့ ရောက်ရှိနေပြီး အဆိုပါ စစ်ကြောင်း သည် CDF-Kanpetlet နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ မဆာတီကျေးရွာနှင့်မောချောင်းကျေးရွာအကြားတွင် နံနက် ၉:၀၀ နာရီမှ ၁၀:၃၀ နာရီအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စကစ တပ်မှ (၄)ဦးသေဆုံး၍ အများအပြား ဒဏ်ရာရှိခဲ့ကြောင်းသိရ သည်။ ကန်ပက်လက်မြို့နယ်အနီးတဝိုက်ဘက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားနေသောကြောင့် CDF-Kanpetlet အနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ ပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်းထုတ်ပြန်ထား သည်။ https://www.facebook.com/photo/?fbid=75022261044084 8&set=a.499340592195719

၁၃။  ဝိုင်းမော်မှာ ရှမ်း လူငယ် ၃ ယောက် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုခံရ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိ
      July 24, 2023

ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာနားမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်း ပြည်သူ့စစ် အဖွဲ့ဟာ ဂိတ်နေရာမှာ ဖြတ်ကျော်လာတဲ့  ရှမ်းလူငယ် ၃ ဦးကို သေနတ်ပစ်ခတ်လိုက်တဲ့အတွက် လူငယ်တစ်ဦး ပြင်းထန်ရရှိခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ရွှေညောင်ပင်ကျေးရွာ ရပ်ကွက် ၂ မှာရှိ တဲ့ ရှမ်းလူငယ် ၃ ယောက်က ဝိုင်းမော်မြို့ဘက် ဆိုင်ကယ်တစ်စီးနဲ့ မောင်းနင်းလာစဉ် ပြည်သူ့စစ်နေရာမှာ သေနတ် ၃ ကြိမ်ထက် နည်း ပစ်ခတ်ခံလိုက်ရတယ်လို့ အောင်မြေ (၁) ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။ “ပစ်ခတ်ခံရတဲ့ လူငယ်က ၃ ယောက်ဟုတ်တယ်။ ရွှေညောင်ပင်ကနေ ဝိုင်းမော်ဘက်ကိုလာတာ ဂိတ်ပိတ်ထားတော့ ပိတ်ထားတဲ့ဝါးတန်ကို သွားဆွဲဖွင့်လိုက် ကြတယ်လို့ပြောတယ်။ အဲ့မှာ ပြည်သူ့စစ်တွေက ဘယ်သူတွေလဲဆိုပြီး အောက်လိုက်တော့ လူငယ် ၃ ယောက်က ထွက်ပြေး သွားတယ်လို့ပြောတယ်။ နောက်ကနေ သေနတ်နဲ့လှမ်းပစ်တာ တစ်ယောက်ရဲ့ ခြေထောက်မှာထိသွားတာ။ ကျန် ၂ ယောက်က ဘာမှမဖြစ်ဘူးလို့ပြောတယ်”လို့ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ ရှမ်းငယ် ၃ ယောက်မှာ ရွှေညောင်ပင် ရပ်ကွက် ၃ မှာနေထိုင်ကြ သူများဖြစ်ကြပြီးတော့ လူငယ် ၃ ယောက်ရဲ့ အချက်အလက်ကို အသေးစိတ်မသိရပေမယ့် အသက် ၂၀ ကျော်အထက်ရှိသူများ သာ ဖြစ်ကြတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဝိုင်းမော်ဒေသဟာ လက်ရှိအချိန်မှာ နယ်မြေတည်ငြိမ်တဲ့ ဒေသတစ်ခုဖြစ်တဲ့အတွက် ပြည်သူလူထုကို လက်နက်အင် အားနဲ့ ပစ်ခတ်မှုခြိမ်းခြောက်မှုများကြောင့် အသက်အန္တရာယ်လုံးခြုံမှုမရှိတဲ့ အခြေအနေမှာ ရောက်ရှိနေကြတယ်လို့ အောင်မြင် (၁) ဒေသခံက အခုလို ဆက်ပြောပါတယ်။ “သူတို့ဘက်နေ အဲ့လို လက်နက်ကိုပြီးတော့ လမ်းပိတ်တာတို့၊ ပစ်ခတ်တာတွေ လုပ် နေတော့ ကျနော်တို့အတွက် လုံးခြုံမှုမရှိဘူး။ အရင်တုန်းက ဆို ဘယ်သူ့ကိုမှကြောက်စရာလည်းမလိုဘူး။ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ အခုက အရမ်းခက်သွားတယ် ဖျားနာလို့ ခဏတဖြုတ်သွားလာမယ်ဆိုရင်တောင် သွားလာလို့မရဘူး”လို့ ဆက်ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ လူငယ် ၃ ယောက်အနက် တစ်ယောက်မှာ ဒူးခေါင်းတစ်ဖက် ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဝိုင်းမော်ဒေသမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ ရွှေညောင်ပင်၊ အောင်မြေသစ်၊ ဝူယန် စတဲ့နေရာတွေမှာ စစ်တပ်ဂိတ်နေရာချထားပြီးတော့ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ https:/ /burmese.kachinnews.com/2023/07/24 /yl2-19/

၁၄။  ဖယ်ခုံနယ် ဆောင်ကန်းကျေးရွာအနီး စစ်ကောင်စီ အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲ ပြင်းထန်နေ
      July 24, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆောင်ကန်းကျေးရွာနဲ့ လယ်ထွန်ကျေးရွာ အနီးကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြို့ပြတော်လှန်ရေးတပ်ဦး-URF တပ်ဖွဲ့ တာ၀န်ခံက ပြောပါတယ်။ ဆောင်ကန်းနဲ့ လယ်ထွန်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် အလုံး အရင်းနဲ့ စစ်ကြောင်းထိုး လာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့  တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သူကပြောပါ တယ်။ “၅ ရက်လောက်တော့ရှိပြီ။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့ အခြေအနေကတော့ ညနေ စစ်မြေပြင် ဆက်သွယ်ရေးသမား သတင်းပို့မှ သိရမယ်” လို့ URF တာ၀န်ခံက ရှင်းပြပါတယ်။

တိုက်ပွဲ ဖြစ်နေဆဲမို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိနိုင်သေးသလို URF ဘက်ကတော့ ထိခိုက်ကျဆုံး တဲ့ ရဲဘော် မရှိသေးဘူးလို့ ဆိုပါတယ်။ ဆောင်ကန်းကျေးရွာတစ်ဝိုက် တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ဘယ်တပ်မ၊ တပ်ရင်းတွေ အင်အားစတာတွေကိုတော့ အင်တာနက်နဲ့ ဖုန်းလိုင်း အခက်အခဲတွေကြောင့် တိတိကျကျပြောဆိုဖို့ ခက်တယ်လို့ဆိုပါတယ်။ ဆောင်ကန်းကျေးရွာဟာ ရှမ်း-ကရင်နီ နယ်စပ် အစွန်ပိုင်းနေရာ ဖြစ်သလို ပြီးခဲ့တဲ့ မတ်လလယ်ကလည်း မိုးဗြဲမြို့ဘက်ကနေ စစ်ကောင်စီ အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေကာ ပြည်သူ့ကာ ကွယ်ရေးတပ်သား ၂ ဦး ကျဆုံးခဲ့ရပါသေးတယ်။ https://www.facebook. com/photo/?fbid=310367091349742&set=a.28 5900490463069

၁၅။   အင်းလေး အနောက်ကန်ပတ်လမ်းမှာ ကားတစ်စီးကို စစ်ကောင်စီတပ် ပစ်ခတ်လို့ တစ်ဦးသေပြီး တစ်ဦး ထွက်           ပြေး လွတ်မြောက်
       July 24, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး အနောက်ကန်ပတ်လမ်းပေါ်ရှိ တောင်ပို့ကြီးကျေးရွာ အုပ်စု၊ ရေပယ်ရွာအနီးမှာ ကားတစ်စီးကို စစ်ကောင်စီတပ်က လိုက်လံ ပစ်ခတ်တဲ့ အတွက် ကားပေါ်ပါ လူတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးဘက်မှ မောင်းနှင်လာတဲ့ SURF ကား တစ်စီးကို စစ်ကောင်စီတပ်တွေ နောက်ကနေ လိုက်လံ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်ပါ လူ ၂ ဦးအနက် တစ်ဦးက လမ်းဘေးရှိ ပြောင်းခြံတွေထဲ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “နေ့လယ် ၂ နာရီအချိန်မှာ စစ်တပ်က နောက်ကနေ လိုက်ပစ်တာ ကားက လမ်းဘေးမှာရှိတဲ့ ပြောင်းခြံထဲ မှောက်သွားတယ်လို့ သိရတယ်ဗျ။ တစ်ယောက် သေပြီး တစ်ယောက် လွတ်သွားတယ်တဲ့။ ဘာလို့ လိုက်ပစ်တာလဲတော့ သေချာ မသိသေးဘူး။ ကားတားတာ မရပ်ပေးလို့လည်း ပြောကြတယ်။ ရေပယ်ရွာနားမှာ စစ်တပ်ဂိတ်ကရှိတော့ အဲ့ဂိတ်ကနေ လိုက်ပစ်တာလို့ သိရတယ်ဗျ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ထွက်ပြေး လွတ်မြောက်သွားသူကို စစ်ကောင်စီတပ်တွေ လိုက်လံရှာဖွေပေမယ့် မတွေ့သေးဘူးလို့ သူက ပြောပါတယ်။  အပစ်ခံရလို့ သေဆုံးသွားသူ တစ်ဦးရဲ့ အလောင်းကိုတော့ စစ်ကောင်စီတပ်က တောင်ကြီးမြို့မှာရှိတဲ့ စစ်ကောင်စီ ဆေးတပ်ရင်း မဆရ (၂) ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ အင်းလေးဒေသက သတင်းတွေကို ဖော်ပြနေတဲ့ အင်းလေးအသံ လူမှုကွန် ရက် စာမျက်နှာမှာတော့ စစ်ကောင်စီက လိုက်လံပစ်ခတ်လို့ထွက်ပြေးတဲ့သူဟာ ကယန်းလူမျိုးတွေလို့ ဖော်ပြထားပေမယ့် သီး ခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီတပ်ဟာ ညောင်ရွှေမြို့နယ်၊ အနောက်ကန်ပတ်လမ်းပေါ်မှာရှိတဲ့ ရေပယ်ရွာနဲ့ ပေါင်း ပိန်းဂိတ်တွေမှာ ဂိတ်ဖွင့်လှစ်ပြီးကားတွေကိုစစ်ဆေးနေတဲ့အပြင် ဒေသခံကုန်တင်ကားတွေကို ငွေတောင်းနေတယ်လို့ အင်းလေး ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/p hoto?fbid=310304164689368&set=a.285900490463069

၁၆။  စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့်ကလေးများ အာဟာရပြည့်ဝသည့် အစားအစာ ရရှိနိုင်မှု ခက်ခဲနေ
       July 24, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ကိုင်ပဋိပက္ခများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင် အများအပြားအနက် ကိုယ်ဝန်ဆောင်၊ နို့တိုက် မိခင်များနှင့် ကလေးသူငယ်များအတွက် အာဟာရ ပြည့်ဝသည့်အစားအစာ လုံလောက်စွာရရှိနိုင်မှုသည် အခက် အခဲဖြစ်လာ ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး -KWO ထံမှ သိရသည်။ ယခုကဲ့သို့ မိုးရာသီကာလတွင် အခြားသောစစ်ဘေးရှောင်များ ထက် ကိုယ်ဝန်ဆောင်၊ နို့တိုက် မိခင်နှင့်ကလေးများက မိမိတို့နေရပ်အတွင်း အခြေတကျနေထိုင်ရသည့် အခြေအနေများနှင့် နှိုင်းယှဥ်ပါက စစ်ဘေးရှောင်ရာအရပ်တွင် အာဟာရပြည့်ဝစွာစားသုံးရမှုမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း KWO ၏ တွဲဖက် အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက ယခုလိုပြောသည်။ “တချို့မိခင်တွေအတွက်ဆိုရင် နို့ရည်ထွက်ရှိဖို့အခက်အခဲရှိတယ်။ ဒီအကြောင်းကြောင့်လည်း ကလေးအတွက် နို့ရည်အစား နို့မှုန့်၊ အာဟာရမှုန့် ရရှိနိုင်မှုက ခဲယဥ်းတယ်။ ကျမတို့ ဒီဒေသတွေမှာ ဖြတ်သန်းရတဲ့အခါကျရင်တော့ အရမ်းခက်ခဲနေတဲ့ နို့မှုန့်လိုအပ်တဲ့ကလေးတွေရော၊ အာဟာရလို အပ်တဲ့မိခင်တွေရော လာ တောင်းလာတာရှိလို့ လက်လှမ်းမီနိုင်သလောက်ကတော့ ကူညီတာရှိ တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် KWO နှင့် အခြားအဖွဲ့အစည်းအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များအတွက် အာဟာရပြည့်ဝမှုရှိရန် လိုအပ်သော အထောက်အပံ့များအား မိမိတို့တတ်နိုင်သမျှ ထောက်ပံ့ပေးနေသော်လည်း စစ်ရှောင်နေရာ တိုင်းသို့လိုက်၍ စစ်ဘေးရှောင်ကလေးငယ်များအတွက် ကာကွယ် ဆေးသီးသန့် လိုက်လံထိုးပေးနိုင်မှု အခြေအနေမျိုးကိုမူ မကြားမိသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ ကေအဲန်ယူ အုပ်ချုပ်နယ်မြေများ တွင် လက်ရှိအချိန်ထိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခြောက်သိန်းကျော်အထိရှိသည့်အနက် အမျိုးသမီး၊ ကလေးသူငယ်အရေအတွက်သည် တိတိကျကျ ကောက်ခံထားခြင်းမျိုးမရှိ သေးသော်လည်း အများအပြားပါရှိနေသည်။ ထိုအထဲ တွင် ပဋိပက္ခအတွင်း မီးဖွားလိုက်ရသော ကိုယ်ဝန်ဆောင်မိခင်များ၊ လက်ရှိအထိ ထွက်ပြေးပုန်းခိုနေရသော ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း အရေအတွက်အားဖြင့် ပါဝင်နေသည်ကြောင်း ကရင်အရပ်ဘက်အဖွဲ့များနှင့် စစ်ဘေးရှောင်ကူအဖွဲ့များထံ မှ သိရသည်။ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာမှ စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက “ကျမ လက်ခံရထား တဲ့စစ်ရှောင်စာရင်းအရဆို ကိုယ်ဝန်ဆောင်တွေပါတယ်။ စစ်ရှောင်နေရင်းမီးဖွားရတဲ့ အခြေအနေမျိုးလည်းရှိတယ်။ သူကျ တော့ ကျေးလက်ပိုင်းက လက်သည်နဲ့မွေးခွင့်ရလိုက်တယ်ပေါ့၊ နေရာမလုံလောက်တာရော တခြားအကြောင်းကြောင့်ရော ကျန်တဲ့ ကိုယ်ဝန်ဆောင်သည်တွေ ကိုလည်း တစ်နေရာတစ်နေရာ ခွဲထားရတယ်”ဟု ပြောသည်။ https://kicnews.org/2023/07/%e1%80%85%e1%80 %85%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1

၁၇။  သရက်ချောင်း ရငဲရွာခံ စစ်ရှောင် လယ်သမား ၄ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်နေရ
      July 24, 2023

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်က ရငဲရွာခံ စစ်ရှောင် လယ်သမား လေးဦးကို စစ်ကောင်စီက ဖမ်းဆီး နှိပ်စက်ခဲ့ပြီး တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။  အဆိုပါ ရငဲရွာခံ စစ်ရှောင်လယ်သမား လေးဦးကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စားဝတ်နေရေး အခက်အခဲကြောင့် အလုပ် ရှာ ထွက်လာစဉ် စစ်ကောင်စီ တပ်သားများက တွေ့ရှိပြီးနောက် ရိုက်နှက် ဖမ်းဆီး ခံလိုက်ရသည်ဟု ဒေသခံများ ပြောဆိုသည်။ အမည်မဖောလိုသည့် ရငဲရွာခံ စစ်ရှောင်တစ်ဦးက “ရငဲရွာမှာ အခုအချိန်အထိစစ်ရှောင်တွေရှိနေတယ်။ စားဝတ်နေရေးကလည်း အရမ်း အခက်အခဲ ဖြစ်ကြပါတယ်။ သူတို့ကတော့  အလုပ်ရှာဖို့ ထွက်သွားချိန်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်” ဟု ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ရငဲရွာခံ လေးဦးမှာ ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဦး နှင့် ကိုမဲကျော် တို့ဖြစ်ပြီး ယင်းတို့သည်  စစ်ရှောင် လယ်သမားများ ဖြစ်ကာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အလုပ်ရှာရန် ထွက်လာစဉ် တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် တိုးပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

စစ်ရှောင်အရေး ကူညီပေးနေသူ တစ်ဦးက “သူတို့ လေးဦးကို မနက်ပိုင်းမှာ ဖမ်းခံရပြီး ညနေပိုင်မှာ ရိုက်နှက် စစ်ဆေး ပြီး ပြန်လွတ်ပေးလိုက်တယ်။ ဖမ်းဆီးထားစဉ်မှာလည်း အရမ်းကိုနှိပ်စက်ခံရတယ်လို့ ပြောပါတယ်။ တစ်ဦးကတော့ အသက်ကြီး ပိုင်းဖြစ်လို့ ပြင်ထန်ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရတယ်”ဟု ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ခဲ့ သည့် လေးဦးအနက် အသက် ၅၀ နှစ် အရွယ် ဦးကျော်ဝင်းမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်နေရကာ ဆေးကုသမှု ခံယူနေရကြောင်း စစ်ရှောင်များထံမှသိရသည်။ ရငဲရွာခံအများစုသည် လက်ရှိအချိန်အထိ ရွာအဝင်လမ်းတွင်  စစ်ကောင်စီက ပိတ်ဆို့တပ်စွဲထား၍ ရွာထဲသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးသလို စားဝတ်နေရေးအခက်အခဲကြောင့် ဟင်းစာ ထွက်ရှာ စဉ် တွင်လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို မကြာခဏခံနေရသည်။ ရငဲရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထား သည်မှာ ၂ လ နီးပါး ရှိနေရာမှ ဒေသခံများကိုလည်း ရွာထဲပြန်ဝင်ခွင့်မပေး၍ ဝင်လာသူရှိခဲ့လျှင်လည်း သေနတ်နှင့်လိုက်လံပစ်ခတ် နှင် ထုတ်သဖြင့် ရွာခံများမှာ အနီးအနားရှိ ရွာများ၊ ဥယျာဥ်ခြံများအတွင်း၌ ရွေ့ပြောင်းနေထိုင်ကြရသည်။ https://www.facbook. com/photo/?fbid=7123413809052 91&set=a.682731967199566

၁၈။  သံတောင်ကြီးရှိ ယာဒိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်          များ ပျက်စီး
      July 24, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သံတောင်ကြီးမြို့နယ်ရှိ ယာဒိုကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာရှိ ကက်သလစ် သီလရှင်​ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

” ရှမ်း-ကရင် နယ်စပ်က ယာဒိုကျေးရွာကို ၂၃ ရက်နေ့မှာ စစ်ခွေးတွေက တိုက်လေယာဥ်နဲ့ ယာဒိုကျေးရွာ ကက်သလစ် သီလရှင်ကျောင်းကို ဗုံးလာကျဲသွားတယ်။ နေအိမ်တွေပါ ထိခိုက်ပျက်စီးတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာအနီး ဇူလိုင်လ ၁၁ ရက်နေ့က စတင်ကာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းနေပြီး အကြမ်း ဖက် စစ်တပ်က တိုက်လေယာဥ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ https://www.facebook.com/pho to/?fbid=636587388568871&set=pcb.63 6587751902168

၁၉။   မြွေမျိူးစုံပေါများသော ကာလဖြစ်သည့်အတွက် မြွေဆိပ်ဖြေဆေးများလှူပေးကြရန် CNDF တောင်းဆို
        July 24, 2023

ချင်းပြည်နယ်၏ လက်ရှိ မိုးတွင်းကာလတွင် မြွေအရမ်းပေါနေပြီး တော်လှန်ရေးရဲဘော်တချို့ မြွေကိုက်ခံရပြီး မြွေဆိပ် ဖြေဆေးမရှိဘဲ တခြားဆေးဝါးများနှင့် ကုသနေရ၍ မြွေဆိပ်ဖြေဆေးများ လိုအပ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုး သား ကာကွယ် ရေးတပ်ဖွဲ့ (CNO/CNDF) ကပြောသည်။ “မြွေဆိပ်ဖြေဆေးက ရှိကို မရှိတာဗျ။ ရှိတဲ့ ဆေးတွေနဲ့ပဲ ကုသတဲ့ ပုံံစံ မျိုးဖြစ်ပါတယ်။ အခုရာသီကလေ၊ မြွေအရမ်း ပေါ်တဲ့ ရာသီဆိုတော့ ဟိုတစ်ပတ်ကပဲ ကျနော်တို့ ရဲဘော်တစ်ယောက် မြွေပေါက် ခံရတယ်။ ဆေးမှီလိုက်လို့ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့နော်။ အဲဒါကြောင့် မြွေအရမ်းပေါ့တဲ့အတွက်ကြောင့် မြွေဆိပ်ဖြေဆေး ကို အလှူခံရခြင်းဖြစ်တယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်း က ပြောသည်။

ချင်ပြည်နယ်၏ လက်ရှိ မိုးရာသီမှာ အပူချိန်မြှင့်တက်နေသောကြောင့် တခြားလများထက် မြွေပိုမို ထွက်တတ်၍ ရဲဘော် များ မြွေကိုက်ခံရနိုင်သော အန္တရာယ်မြှင့်မားနေသည်ဟု CNDF မှ တာဝန်ရှိသူကရှင်းပြသည်။ “ကျနော်တို့ကိုတတ်နိုင်သလောက် လှူပေးကြပါလို့၊ မလိုအပ်ပဲ ရဲဘော်တွေ အသက်ဆုံးရှုံးခြင်းမှ ကင်းလွတ် အောင်ပေါ့နော်။ မြွေဆိပ်ဖြေဆေးတွေ ကူညီကြပါလို့ ဒီကနေ တောင်းဆိုပါတယ်”ဟု သူက ပြောသည်။ ယမန်နှစ် ယခုရာသီတွင်လည်း CNDF မှ ရဲဘော်တစ်ဦးမှာ မြွေဟောက် ကိုက်ခံ ရပြီး မြွေဆိပ်ဖြေဆေးမရှိဘဲ တခြားဆေးဝါးများဖြင့်သာ ကုသနေရာမှ အခြေအနေဆိုးလာသောကြောင့် နီးစပ်ရာ ဆေးရုံးတစ်ခု သို့ အလျင်အမြန် တက်ရောက်ခဲ့ရပြီး အချိန်မီလေး ရောက်သွား၍ အသက်မဆုံးရှုံးခဲ့ဟု သိရသည်။ “၁၉ ရက်က ဆုံးသွားတဲ့ တစ်ဦးဆိုရင် ရုတ်တရက်ကြီး နှလုံးရပ်ပြီး လဲသွားတဲ့အခါမှာ အောက်ဆီဂျင်ရှိရင် ကျနော်တို့ အသက်ကို ပြန်ဆယ်လို့ ရတဲ့ အနေအထားရှိတယ်။ ကျနော်တို့မှာ အောက်ဆီဂျင် မရှိတဲ့အခါမှာ အသက်ကို ကယ်လိုက်နိုင်တဲ့ အခြေအနေမှာ မကယ် လိုက်နိုင် တာလည်း ရှိတယ်ဗျ။ အောက်ဆီဂျင်တွေလည်း ရဲဘော်တွေအတွက် လိုအပ်နေပါတယ်” ဟု သူက ပြောသည်။  https://www. facebook.com/photo?fbid=754766133319109&set=pcb.754766243319098

၂၀။  TNLA ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ
      July 25, 2023

မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာရှိနေတဲ့ တအောင်းတပ်မတော် TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်နဲ့ ကွတ်ခိုင်ကြား နမ့်အွမ်ကျေးရွာ အထက် ဂေါင်ငူကောင်( တောင်ကုန်း) မှာ တပ်ချနေတဲ့ တအောင်တပ်မတော် TNLA တပ်ဖွဲ့နဲ့  စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ယနေ့မနက် ၁၀ နာရီခွဲမှ ၁၂ နာရီခန့်အထိ လေယာဉ်တစ်စီးနဲ ဗုံးကျဲတိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ နမ်အွမ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။“အခုနမ့်အွမ်ဘက်မှာက TNLA တပ်ဖွဲ့တွေ ၃ နေရာ လောက်မှာ တပ်ချနေရာယူနေတာ။ အဲ့ဒါနဲ့ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က ဒီမနက်တော့ လေယာဉ်နဲ့ လာပစ်တာပေါ့။ နမ့်အွမ်ကျေးရွာအထက်မှာပဲ လေယာဉ် နဲ့လာပစ်တယ်။ ၁၂ နာရီလောက်မှ ကွတ်ခိုင်ဘက် ပြန်ဆင်းသွားတယ်။ အခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ ကောင်းဝင်းဘက်က ရွာသားတချို့ကို နမ့်အွမ်ဘက်ထွက်ပြေးလာတာရှိတယ်”  လို့ပြောပါ တယ်။

စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ၁၀၅ မိုင်စစ်တပ်မှ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ နမ့်အွမ်ကျေးရွာမှာ မနေ့ည ၁၀ နာရီခန့်ကနေ ဒီနေ့မနက် ၅ နာရီအချိန်ထိ စစ်ကောင်စီနဲ့ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA ကြားတိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ၁၀၅ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နမ့်အွမ်ကျေးရွာက စျေးတန်းပျက်စီးကာ၊ နမ့်အွမ်အနီး ကောင်းဝင်းဘက်က နေအိမ်တချို့ မှာလည်း လက်နက် ကြီးကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိကြောင်း သိရပါတယ်။ ဒါကြောင့် နမ့်အွမ်ကျေးရွာအနီးက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကောင်းဝင်းကျေးရွာဒေသခံပြည်သူ ၂၀ ကျော်က နမ့်အွမ် KBC ဘုရားကျောင်းဝင်းမှာ စစ်ရှောင်နေပြီး မူဆယ်မြို့ဘက်သို့ တစ်ချို့၊ ကွတ်ခိုင်မြို့ဘက်သို့တစ်ချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ https://burmese.kachinnews. com/2023/07/25/ld2-11/

၂၁။  မုန်တိုင်းအလွန် စစ်တွေက ပရဟိတဆေးခန်းများ လည်ပတ်ရန်ခက်ခဲနေ
      July 24, 2023

ငွေကြေးမတတ်နိုင်သူများအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် စစ်တွေမြို့က ပရဟိတဆေးခန်းများ မှာ မုန်တိုင်းအလွန် နှစ်လကျော်လာသည့်တိုင် ပုံမှန်လည်ပတ်ရန် အခက်အခဲရှိနေကြသည်။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆေးခန်းများကို မပြုပြင်နိုင်သေးခြင်း၊ အလှူရှင်နည်းပါးသွားခြင်း၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာ မဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်မလုပ်နိုင်သေးကြောင်း ဆေးခန်းတာဝန်ရှိသူများက ပြောသည်။ “မုန်တိုင်းလွန်ကာလမှာ တော် တော်လေးခက်ခဲသွားပါတယ်။ ငွေကြေးအလှူခံထားတာလည်း အဆင်မပြေသေး။ ဆေးပေးခန်းတွေလည်း မဆောက်လုပ်နိုင် သလို၊ ကျန်းမာရေးစောက်ရှောင့်မှုလည်း မလုပ်နိုင်သေးဘူး။ လောလောဆယ်တော့ ရတဲ့အလှူငွေနဲ့ ဖြည်းဖြည်းချင်းလုပ်နေပါ တယ်” ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဆေးခန်းတာဝန်ခံ ကိုသားချေ ကပြောသည်။ ယခင်က မေတ္တာရောင်ခြည် ဖောင်း ဒေးရှင်းသည် စစ်တွေမြို့ရှိ အဓိဌာန်ဘုန်းကြီးကျောင်း၊ ဓာတ်လယ်ဘုန်းကြီးကျောင်း၊ ဆင်းကူးလမ်းရပ်ကွက်တို့တွင် ဆရာဝန် နှစ်ဦးနှင့်အတူ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သော်လည်း လက်ရှိမှာ ငွေကြေးအခက်အခဲကြောင့် ရပ်နားလုအခြေ အနေနှင့် ကြုံနေရသည်။

ဆေးဝါးများဝယ်ယူရန် တစ်လလျှင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ခန့် ကုန်ကျမှုရှိပြီး အလှူရှင်နည်းပါးသည့်အတွက် လိုအပ်သည့်ဆေးဝါးများကို လုံလောက်စွာဝယ်ယူရန် မဖြစ်နိုင်တော့ကြောင်း ကိုသားချေက ဆက်ပြောသည်။ စစ်တွေမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Free Clinic Rakhine အခမဲ့ဆေးခန်းမှာလည်း မုန်တိုင်းလွန်ကာလတွင် အကူအညီ ပံ့ပိုးမှုများ လိုအပ်နေကြောင်း ပြောသည်။ “ပါရာ၊ ဘီတာမင် C၊ အကိုက်အခဲပျောက်ဆေးတွေ၊ တခြားအသုံးများတဲ့ဆေးတွေ ပြတ်လပ်နေတယ်။ အဓိကတော့ စျေးကြီးတဲ့ဆေးဝါးတွေပေါ့။ ကျနော်တို့ မရပ်တည်နိုင်ရင်တော့ လက်လုပ်လက်စား ကျန်းမာ ရေးစောင့်‌ရှောက်မှု လိုအပ်နေသူတွေ အခက်အခဲ ဖြစ်သွားနိုင်ပါတယ်” ဟု Free Clinic Rakhine ဆေးခန်းတာဝန်ရှိသူက ပြော သည်။ မိုးတွင်းကာလ နေမကောင်းဖြစ်သူ များပြားနေသဖြင့် ယခင်က တစ်ပတ်လျှင် ၂ ရက် ကျန်းမာရေးစောင့်ရှောက်ပေးရာမှ လက်ရှိမှာ တစ်ပတ်လျှင် ၃ ရက်ထိ တိုးချဲ့ပြီး ဆေးကုပေးနေရကြောင်း  Free Clinic Rakhine တာဝန်ရှိသူက ဆက်ပြောသည်။  “လက်လုပ်လက်စားမိသားစုတွေ၊ သက်ကြီးပိုင်းတွေဆိုရင် အဲဒီဆေးခန်းတွေမှာ သွားပြကြတာရှိတယ်။ တကယ်လို့ သူတို့ မလည်ပတ်နိုင်ရင်တော့ မှီခိုသူတွေ အခက်အခဲ ဖြစ်သွားမှာပေါ့။ အရင်က ပါရာတစ်ကဒ်ကို ၇၀၀ ဆိုရင် အခု ၉၀၀ လောက်ရှိ နေပြီ” ဟု စစ်တွေမြို့ ကုန်တန်းရပ်ကွက်နေ ‌ဒေါ်မခင်သန်း ကပြောသည်။ https://www.facebook.com/photo?fbid=669881 678518765&set=a.643 209801185953

၂၂။  ရိက္ခာမလောက်လို့ ရွာပြန်ပြီး စိုက်ပျိုးရေးလုပ်တဲ့ စစ်ရှောင်တွေ လက်နက်ကြီးနဲ့ မိုင်းအန္တာရာယ်စိုးရိမ်
      July 24, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေဟာ စစ်ရှောင်စခန်းမှာ ဝေငှတဲ့ ရိက္ခာတွေမလုံ လောက်တာကြောင့် နေရပ်ပြန်ပြီး စိုက်ပျိုးရေးလုပ်ကိုင်ကြပေမဲ့ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးနဲ့ မြေမြုပ်မိုင်း အန္တာရာယ်တွေကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ “ရွာသိပ်မပြန်ရဲဘူးပေါ့၊ ဒရုန်းနဲ့ထောက်ပြီး လက်နက်ကြီးတွေ ပစ်လာနေ တယ်။ အရမ်းစိုးရိမ်မှုများတယ်၊ အရေးကြီးမှ ပြန်လာတယ်၊ ပြန်လည်း သတိဝိရိယနဲ့တော့ သွားနေရတယ်ပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရပ်အနီးက စိုက်ပျိုးမြေတွေမှာ အရဲစွန့်ပြီး ပြန်လာလုပ်ကိုင်ကြပေမဲ့ စစ်ကောင်စီ က လက်နက်ကြီးနဲ့ ပစ်ခတ်မှာကို စိုးရိမ်နေကြတာပါ။ ပြီးခဲ့တဲ့မေလ အတွင်းမှာပဲ နေအိမ်မှာ ခြံလုပ်ငန်းပြန်လာလုပ်ကိုင်တဲ့ ငွေတောင်ရွာသစ်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

စစ်ရှောင်စခန်းအတွင်း ဒေသခံတွေ ရိက္ခာတချို့ရရှိပေမယ့်လည်း အရင်နှစ်ထက် နည်းပါးလာတာကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။“အတူတူပါပဲ။ ဒါပေမယ့် အရင်နှစ်နဲ့ ဒီတစ်နှစ်က ဘာကွာလဲဆိုတော့ အရင်နှစ်က တစ်လတစ်ကြိမ်၊ မဟုတ်ရင် နှစ်လတစ်ကြိမ်ရတယ်၊ ဒီတစ်နှစ်က ၆ လမှ တစ်ကြိမ်ရတာမျိုးတွေ၊ အခက်အခဲ တော်တော်လေး ရှိလာတာပေါ့နော” လို့စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ဆိုပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ရိက္ခာ မလုံလောက်မှုတွေ မကြာခဏ ကြုံတွေ့နေရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အလှူရှင်တွေလည်း မလာ ရောက်နိုင်ဘူးလို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1 %80%9b%e1%80%ad%e1%80%80%e1%8 0%b9%e1%80%81%e1%80

၂၃။  ကန်ပက်လက်မြို့နယ် မဆွာတွီရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး ဆဲဆိုစာများရေးသား
      July 25, 2023

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးသို့ ရိက္ခာပို့မည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မဆာတွီကျေးရွာ၌ ညအိပ်ခဲ့ကြစဉ် ဒေသခံများ၏ အိုးအိမ်များကို ဖျက်ဆီးခဲ့ကြကြောင်း ဇူလိုင်လ (၂၅)ရက်နေ့တွင် Khonu Battalion တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါစစ်ကောင်စီတပ်သည် ဆဲဆိုစာများရေးသားကာ ဘာသာရေးအဆောက်အအုံများ၊ စာသင် ကျောင်းများနှင့် အိမ်တွင်းရှိ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများအပြင် သောက်စားမူးယစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန် များကို သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် စာသင်ကျောင်းများရှိ ကွန်ပျူတာ၊ မှတ်တမ်း ဖိုင်များနှင့် ကျောင်းပိုင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြသည်ဟု သိရသည်။ ၎င်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ဇူလိုင်လ (၁၃)ရက်နေ့ကစတင်ကာ ကျောက်ထုအမြှောက်တပ်မှ အင်အား(၂၀၀)ဝန်းကျင်နှင့် လောင်းရှည်ဘက်သို့ ရောက်ရှိနေ သည့် အင်အား (၄၀၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ် စစ်ကြောင်း (၂)ကြောင်းသည် ကျင်ဒွေးဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုး လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်သည် ဇူလိုင်လ (၂၄)ရက်နေ့တွင် မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာသစ်အကြား၊ (၂၃)ရက်နေ့တွင် မောချောင်းရွာအဝင်၊ ဇူလိုင်လ (၂၁)ရက်နေ့က မဆာတွီတောင်အနီး၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် မဆာတွီကျေးရွာအနီး၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဆွဲလွဲကျင်းနှင့် မဆာတွီကျေးရွာအကြား၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် ဆွဲလွဲကျင်းကျေးရွာအနီးတို့၌ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။ ဇူလိုင်လ (၁၈)ရက်နေ့ကလည်း မဆာတွီကျေးရွာကို စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် (၅)စီးဖြင့် အကြိမ်(၂၀)ထက်မနည်း  ပစ်ခတ်ခဲ့ရာ BCM ဘုရားကျောင်း အပါအဝင် နေအိမ် (၇)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ https://www.facebook.com/photo/?fbid=670534451786542&set=pcb.6 70535138453140

၂၄။   ထိုင်းနယ်စပ်မှာ ယာယီခိုလှုံနေတဲ့ ကလေးတွေ ပညာရေး အဆက်မပြတ်အောင် လေ့လာသင်ယူရေးဆုံရပ်တစ်ခု         ဖွင့်လှစ်မည်
       July 25, 2023

ထိုင်းနိုင်ငံနယ်စပ်မှာ ယာယီခိုလှုံနေတဲ့ ဒေါနိုးကူးစစ်ဘေးရှောင်စခန်းက စစ်ရှောင်ကလေးတွေအတွက် ပညာရေး အဆက် မပြတ်အောင် လေ့လာသင်ယူရေးဆုံရပ် (learning centre) တစ်ခုဖွင့်လှစ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် အစိုးရ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောပါတယ်။ “ မြန်နိုင်သလောက် မြန်အောင်တော့ ကြိုးစားနေတယ်။ သို့ပေမယ့် လူဦးရေက တစ်ထောင့်နှစ်ရာကျော်ကျော်ရှိတယ်လေ ကျောင်းသား အားလုံးက။ သူငယ်တန်းကနေ ဆယ်တန်းအထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ဟာကတော့ အာဏာပိုင်ရဲ့ စည်းဝေးဆုံးဖြတ်ချက်ကို စောင့် နေသေးတယ်။ သို့ပေမယ့်လည်း ကလေးတွေ စိတ်လေလွင့်မှုမရှိအောင် ကြိုးစားနေတယ်။ အရင်ဆုံးဖွင့်ဖြစ်မှာက အတန်းငယ်အပိုင်းတွေ အရင်ဆုံးဖြစ်မယ်။“  လို့ ကရင်နီ ပြည်အစိုးရ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဘူးရယ်က ပြောပါတယ်။ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှာဆိုရင် မူလတန်း ကနေ အထက်တန်း နဲ့ ကောလိပ် အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၄၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ ဘော်ဒါ ဆောင်တွေမှာ နေတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ယာယီအဆောင်နဲ့ နေထိုင်နေကြရပြီး လိုအပ်ချက်တွေလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။   အဆိုပါဖွင့်လှစ်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ လေ့လာသင်ယူရေးဆုံရပ် (learning centre) မှာ အတန်းငယ်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် စိတ်ဒဏ်ရာတွေကို ကုစားတဲ့ အစီအစဉ်တွေကို ပါရှိမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံ မှာယာယီခိုလှုံနေရတဲ့ အနေအထားဖြစ်တာကြောင့် အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းခံနေဆဲတဲ့ အနေအထားဖြစ်ပြီး မကြာခင်ကာလအတွင်း အကောင်ထည်ဖော်သွားမှာဖြစ်တယ်လို့ ဦးဘူးရယ် ကပြောပါ တယ်။  “ စိတ်မကောင်းတာတစ်ခုက ဒီ ဒေါနိုးကူးမှာ ကျောင်းတက်နေတဲ့ကလေးတွေက ဘယ်တော့ သူတို့ရဲ့ စခန်းဟောင်းကို ပြန်သွားမယ်ဆိုတဲ့ဟာတော့ မသေချာဘူးပေါ့နော။ အဲဒါကလည်း ဒီထိုင်းနိုင်ငံမှာ မှီခိုနေရတဲ့ အတွက် ထိုင်းနိုင်ငံရဲ့ ပေါ်လစီနဲ့ လည်း အများကြီးဆိုင်တာပေါ့လေ။ သို့ပေမယ့်လည်း အခုချိတ်ဆက်ဆောင်ရွက်နေတာရှိတယ်။ အမြဲတမ်းထိုင်း အာဏာပိုင် အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တိုင်ပင်နေတာရှိတယ်။ တစ်ခုခု ထူးခြားတယ်ဆိုရင်တော့ အခြေနေတမျိုးတော့ ပြောင်းလဲသွားနိုင် တာပေါ့။ နံပါတ်တစ်ကတော့ ကလေးတွေရဲ့ အသက်အန္တာရယ်ဘေးကင်းလုံခြုံဖို့အတွက် နံပါတ်တစ်ဦးစားပေးဖြစ်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ ပညာရေးနှောက်နှေးမသွားအောင် ပညာရေးရဲ့ လုံခြုံမှုဆိုတာလည်း ကျနော်တို့အမြဲတမ်းထည့်သွင်း စဉ်းစားပြီးတော့ ညှိနှိုင်းနေတာတွေရှိပါတယ်။ “  လို့ ဦးဘူးရယ်က ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်ခရိုင်က တာဝန်ရှိသူတွေက ယာယီလက်ခံ နေရာချထားပေးပြီး အကူအညီလိုအပ်ချက်တွေကို NGOs နဲ့ လူမှုအသင်းအဖွဲ့ တွေက ကူညီနေကြတာရှိပေမယ့် လုံလောက်မှုမရှိတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ https://www.kantarawaddytimes.o rg/fyms

၂၅။  စစ်တပ်နဲ့ KIA တို့ တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ကောင်းရာရွာခံတွေ နေရပ်ပြန်၊ နေအိမ် ထိခိုက်ပျက်စီးတာ          တွေ ရှိနေ
      July 24, 2023

စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော် (KIA)တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ နယ် ခိုမုန်းကျေးရွာအနီးက ကောင်းရာရွာခံတွေဟာ နေရပ်သို့ ပြန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၂၃ ရက်မှာ ပြန်ကြတာဖြစ်ပြီး နေရပ်ပြန်ကြတဲ့အထဲ ခိုမုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ ဒေသခံ ၆၈ ဦးနဲ့ နီးစပ်ရာ ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ ဒေသခံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အသက် (၃၇)နှစ်ဝန်းကျင် ကောင်းရာရွာခံ အမျိုးသားတစ်ဦးက “အကုန်ပြန်ကြပြီ။ အိမ်တစ်လုံးတော့ မီးထဲ အကုန်ပါသွားတယ်။ ဘုန်းကြီးကျောင်းလည်း လက်နက်ကြီး ထိမှန်တာတွေရှိတယ်”လို့ ပြောပါတယ်။ တိမ်းရှောင်နေရစဥ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာထဲရှိနေအိမ်တွေကို မွှေနှောက် တာတွေရှိပြီး လက်စွပ်နဲ့ ပစ္စည်းတချို့ကို ယူဆောင်သွားတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“နေအိမ်တွေ ဝင်မွှေသွားတာတော့ ရှိတယ်။ တစ်အိမ်ဆို လက်စွပ် ယူသွားတယ်။ ပါဝါဘန့်တွေ ယူသွားတယ်” ဇူလိုင် ၁၈ ရက်က ခိုမုန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲကြောင့် မန်ပိန်းနဲ့ ကောင်းရာ ရွာခံတွေဟာ ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး​ဟာ ဆယ်တန်းကျောင်းသား တစ်ဦးကို ထိမှန်သေဆုံးပြီး ၃ ဦး ဒဏ်ရာရကာ ကောင်းရာရွာရဲ့ နေအိမ် ၁ လုံးလည်း မီးလောင်ပြီးတော့ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၃ လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်ကနေ ၁၈ ရက်အထိ စစ်ကောင်စီတပ် ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီးတော့ လူနေအိမ်၊ အိမ်မွေးတိရစ္ဆာန် တွေလည်း ထိခိုက်သေဆုံးတာတွေ ရှိပါတယ်။ https://www.facebook.co m/photo?fbid=606654128308522&set=pcb. 606584274982174

၂၆။  လက်ခတ်တောင် တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ရှောင်ကြသည့် ဒေသခံ ၅၀၀ ကျော် နေရပ်မပြန်နိုင်သေး
      July 24, 2023

စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့ သည့် မြဝတီမြို့တောင်ဘက် လက်ခတ်တောင်တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ဘေးရှောင်နေကြရသူ ဒေသခံ ၅၀၀ ကျော်မှာ ယခုအ ချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ စစ်ကောင်စီတပ်လက်အောက် ခံ နယ်ခြားစောင့်တပ်-BGF လက်နက်ကြီးပစ်စခန်း လက်ခတ်တောင် ဘုရားကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် -KNLA ပူးပေါင်းစစ်ကြောင်းများက ဇူလိုင်လ ၅ ရက်နေ့မှစ၍ စတင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၁ ရက်တွင် သိမ်းပိုက်ရရှိထား ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ် လိုက်သော လက်နက်ကြီးကျည်များ လူနေရပ်ကွက်အိမ်များပေါ် ကျရောက်ပေါက်ကွဲမှု ရှိခြင်းကြောင့် မြဝတီမြို့ဘက်သို့ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူ တစ်ဦး က ပြောသည်။ ၎င်းစစ်ဘေးရှောင်ကူညီနေသူက “ပွင်းလင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်၊ အတွင်းမဲကနယ်၊ စိမ်းလဲ့မြိုင် ကားဝင်း နောက်ဘက်က လူတွေမြို့ထဲ ပြောင်းလာနေကြတာမှာ တောရ ကျောင်းမှာတော့ အများဆုံးပေါ့၊ တောရကျောင်းမှာ အိမ်ထောင်စု ၈၉စု လူဦးရေ က ၃၁၇ ဦးပေါ့ ၊ ကလေးလူကြီး အပါပေါ့နော်။ မြဝတီထွေအုပ်နဲ့ လူမှုဝန်းထမ်းဌာနအဖွဲ့တွေ ဆန် ဆီ စားစရာလာပို့တယ်။ စာရင်းကောက်တယ်။ အခုထိတော့ ပြန်လို့မရသေးဘူး။ ရပ်ကွက်တွေထဲမှာ ရောက်နေတဲ့သူနဲ့ အခု တောရကျောင်းမှာနေတဲ့ သူပေါင်းရင် အနည်းဆုံး ၅၀၀ ကျော်ရှိမယ်။ ”ဟု ပြောသည်။

လက်ရှိတွင် လက်ခတ်တောင် စစ်စခန်းဘုရားကုန်းနေရာကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ကူအင်အားနှင့် လက်နက်ကြီးပစ်နေရာများ ထပ်မံတိုးချဲ့ ပြင်ဆင် နေမှုများရှိနေပြီး မြို့အစွန်ရပ်ကွက်များတွင် နေထိုင်သူများအား ရွှေ့ပြောင်း နေထိုင် ကြရန် ရပ်ကွက်စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ များက လိုက်လံ ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။ “အခု မြဝတီမြို့ ကတော့ ပုံမှန်ပဲ။ မြို့ပြင်မှာတော့ စစ်တပ်က အောက်က တက်လာတဲ့ စစ်တပ်တွေ ထပ်ရောက်နေတယ်၊ လက်နက်ကြီး ပစ်တဲ့ နေရာတွေ အသစ်ပြင်နေတယ်၊ ကျောက်လုံးကြီးရပ်ကွက်ဘက်၊ မြစန္ဒီကားဝင်း၊ မြစန္ဒီဂေါက်ကွင်း၊ ၂၇၅ တပ်၊ ဟေမာန်ဦး ဘုန်ကြီးကျောင်း နောက်ဘက်တွေမှာ ကင်းပုန်းချတာ၊ လက်နက်ကြီးဆင်တာတွေ လုပ်နေတယ် ”ဟု မြဝတီမြို့ခံသတင်းအရင်း အမြစ်တစ်ခုကပြောသည်။ လတ်တလောတွင် KNLA ပူးပေါင်းတပ်များသည် လက်ခတ်တောင် ဘုရားကုန်းစစ်စခန်းကို သိမ်းပိုက် ထားပြီး စစ်ရေးနယ်မြေထိန်းသိမ်းနိုင်ရေးနှင့် လက်ခတ်တောင်ကြောနေရာတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။ ယခုလို တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံကျေးရွာ နေအိမ်၊ သာသနိက အဆောက် အအုံ၊ တောင်ယာခြံများ ထိခိုက်ပျက်စီးမှုရှိနေပြီး ဒေသခံ ၂ သိန်းကျော်အထိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရ ကြောင်း ကရင် အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။ https://kicnews.org/2023/07/%e1%80%9c%e1%80%8 0%e1%80%ba%e1%80%81%e1%80%90%e1%80%ba%e1

၂၇။  ကံပေါက်ထားဝယ်ခရီးသည်တင်ကားစီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
      July 24, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာရှိတဲ့ ဆင်ကိုးရပ်ရေတံခွန်အဝင်ဝက စစ်ဆေးရေးဂိတ်မှာ ခရီးသွားအမျိုးသားနှစ်ဦးကို သူတို့စီးလာတဲ့လိုင်းကားအသီးသီးပေါ်ကနေဆွဲချပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဒီကနေ့ ညနေ ၃နာရီခွဲလောက်မှာ ကံပေါက်-ထားဝယ်ပြေးဆွဲနေတဲ့ ဒေသခံစွမ်းအင်အမည်ရှိ ခရီးသည်တင်ကားပေါ် က နေ အသက် ၂၁ နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးကို ဆွဲချဖမ်းဆီးခဲ့ပါတယ်။  ဒါ့အပြင် ညနေ ၅ နာရီလောက်မှာလည်း အဆိုပါ ယာဉ်လိုင်းက ခရီးသည်တင်ကား နောက်တစ်စီးပေါ်ကနေ အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူဟာ ထားဝယ် ကနေကံပေါက်ကိုလိုက်ပါလာသူဖြစ်ပြီး တောင်ပယရွာဘက်မှာ ခဲလုပ်နေတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ အမျိုးသားနှစ်ဦးစလုံးကို ကံပေါက်နယ်မြေရဲစခန်းမှာဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောဆိုနေကြပေမဲ့ အတည်မပြုနိုင် သေးပါဘူး။

အခုတပတ်အတွင်းမှာ ဆင်ကိုးရပ်ရေတံခွန်အဝင်ဝမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားတစ်ဦးဆီ ကနေ အဝတ်အိတ်ထဲ ပိုက်ဆံနှစ်သိန်းတွေ့လို့ဆိုပြီး နှစ်သောင်း တောင်းတဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ “အခုက ပိုက်ဆံတွေ့ရင်ဖမ်းပြီ။ ပြီးရင်အရမ်းလည်းစစ်မေးတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပြပါတယ်။ ကံပေါက်‌ဒေသထဲမှာ စစ်ကောင်စီတပ်ကားငယ်တွေနဲ့နေ့ရောညပါ ကင်းလှည့်လေ့ရှိပေမဲ့ အခုလ တတိယအပတ်ထဲမှာ အဲဒီလိုကင်းလှည့်တာမျိုးတွေ မလုပ်တော့ဘဲ ဆင်ကိုးရပ်ရေတံခွန်အဝင်ဝနဲ့ ဂန့်ဂေါ်တောင်ရွာ မူလတန်းစာသင်ကျောင်းအနီးတဝိုက်မှာသာ  တင်းတင်းကြပ် ကြပ် စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ https://www.faceb ook.com/photo/?fbid=308824368201986 &set=a.196212682796489

၂၈။   ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ အရာရှိ နှင့် တပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
       July 24, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ တိုးဂိတ်အနီးတွင် စစ်ကောင်စီ လက်အောက်ခံ အရာရှိ တစ်ဦး နှင့် တပ်သားတို့က အရက်တူတူသောက်ရာမှ စကားများပြီး အချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ “အရက်အတူတူ သောက်နေတဲ့အချိန် တပ်သားက အရာရှိရဲ့ခြေထောက်ကို နင်းမိလို့တဲ့။ အဲ့ကနေ စကားတွေများပြီး တပ်သား အဆင့် နဲ့ တစ်ယောက်က အရာရှိရဲ့ သေနတ်ကို ဝင်လုလိုက်တာ။ အဲ့သေနတ် နဲ့ အရာရှိရဲ့ ခြေထောက်ကို ပစ်လိုက်တာ အရိုးထိ သွားတယ်လို့ ပြောတယ်။ ခုထိ ဆေးရုံက မဆင်းရသေးဘူး” ဟု ကွတ်ခိုင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ သေနတ်ပစ်ခံရသည့် အရာရှိသည် ခြေထောက် တစ်ဖက် ကျိုးသွားပြီး၊ အရာရှိကို ပစ်သည့် တပ်သားကိုလည်း စစ်ကောင်စီတပ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

လက်ရှိတွင် သေနတ်ပစ်ခံရသည့် အရာရှိသည် ဆေးရုံမှ မဆင်းရသေးကြောင်း၊ ပစ်လိုက်သည့် တပ်သားကိုလည်း အမှု စစ် မပြီးသေးသဖြင့် မိသားစုဝင် နှင့်တွေ့ခွင့် မပေးသေးကြောင်း သိရသည်။ ကွတ်ခိုင်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး / လက်နက်ငယ် ထိတွေ့ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ယင်းကဲ့သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။ https://burmese.shanne ws.org/archives/35914

၂၉။   ဟိုပင်မှာ လင်မယား နှစ်ယောက်သတ်ဖြတ်ခံရမှု KIO/KIA ဖြေရှင်းပေးနိုင်မှု မရှိသေး
       July 24, 2023

KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေမှာ KIA တပ်သားတစ်ဦး နဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့အမှုကို နှစ်ပတ် အ တွင်း ဖြေရှင်းပေးဖို့တောင်းဆိုထားပေမယ့် တာဝန်ရှိတဲ့ KIO အနေနဲ့ဖြေရှင်းပေးနိုင်တာမရှိသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းမှာ KIO တပ်မဟာ ၈ အရာရှိတွေက အမှုဖြေရှင်းပေးတော့မယ်ဆိုပြီး မိသားစုဝင်တွေကို အကြောင်း ကြားခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိအမှုကို မဖြေရှင်းပဲ အကြောင်းပြချက်တွေနဲ့ ကြန့်ကြာစေခဲ့တယ်လို့ အမှုဆောင်ရွက်ပေးနေ တဲ့ တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။ “အဲ့မှာဘာဖြစ်လဲဆိုတော့ KIA ရဲ့ တရားစီရင်မှုက လုံးဝအားမရဘူး။ လူမစုံဘူး စောင့်ရမယ့်သူတွေကြီးပဲ ဖြစ်နေတယ်။ ကျနော်တို့လိုချင်တာ အဲ့လိုမဟုတ်ဘူး ဒီဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာ ဘယ်သူ က လုပ်တာဆိုတာထက် အဖြူအမဲ ရှင်းရှင်းလင်းလင်း ဖြစ်ချင်တာ ဟုတ်တယ်။ အခုချိန်အထိ ဒီဟာနဲ့ ပတ်သက်ပြီး ပြောဆို ပေးတာ မရှိသေးဘူး”လို့ ပြောပါတယ်။ KIO ဘက်ကနေ ဒီအမှုနဲ့ပတ်သက်ပြီးတော့ သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးဆောင်တာမျိုးနဲ့ပဲ အမှုကိုအပြီးသတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

KIO အနေနဲ့ အမှုကို လျော်ကြေးပြီး အပြီးသတ်ချင်နေတာဟာ အဲဒီဒေသမှာ သဘာဝ အရင်းအမြစ်ကနေ ဝင်ငွေရရှိ နေတဲ့အတွက် နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားလိုတဲ့အတွက် ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုလည်း ရှိနေပါတယ်။ KIA တပ်ရင်း ၄၁ နယ်မြေတဝိုက်မှာ KIO အရာရှိများနဲ့ တရုတ်လုပ်ငန်းရှင်များက နှစ်ရှည် သစ်ထုတ်လုပ်မှု၊ ရွှေ ပူးပေါင်း တူးဖော် နေစဉ် ပြစ်မှုကျူးလွန်သူဟာ အသက် ၄၀ နှစ်အရွယ်ရှိ တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ အလုပ်သမားတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီအမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။ ပြစ်မှု ကျူးလွန်ခဲ့တဲ့ ဦးကျော်ထွန်းဦး ကို KIA က ဖမ်းဆီးနိုင်ခဲ့ပြီး သူကိုယ်တိုင် သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါ တယ်။ ဒါပေမယ့် ကျော်မိုးထွန်းဟာ KIA က ဖမ်းဆီးထားတဲ့ တစ်ပတ်လောက်အကြာမှာပဲ ဖမ်းဆီးထားတဲ့နေရာမှာ သူကိုယ်တိုင် ကြိုးဆွဲချ သေဆုံးသွားပြီဖြစ်တယ်လို့ အမှုမှန်ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံမှာ KIA ဘက် က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။“သတ်ဖြတ်လိုက်တယ်လို့ဝန်ခံထားတဲ့ ကျော်မိုးထွန်း ကလင်မယား ၂ ယောက်ရဲ့ အလောင်း ကို သဂြိုလ်ပြီး နောက်ရက်မှာ ကြိုးဆွဲချသေသွားတယ်လို့ KIA က ပြောလာတယ်။ ကျနော်တို့က ဖမ်းဆီးထားတာကနေ ကြိုးဆွဲ ချသေသွားတယ်ဆိုတော့ အဲ့ဒီအပေါ်မှာ အရမ်းကို သံသယဖြစ်နေပါတယ်။ ပြီးရင် အခုဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ သူတို့က ဘယ်လိုလုပ်ဆောင်ကြမလဲအသိဘူး” လို့ ပြောပါတယ်။ သတ်ဖြတ်ခံရသူ လင်မယား ၂ ယောက်မှာ အသက် ၃၀ နှစ် အရွယ်ရှိသူ ဦးမဒိန်ခေါယော် (Mading Hkaw Yaw) နဲ့ ဇနီးဖြစ်သူ မခေါကော့ဖန်(Jan Mahkaw Kaw Hpang) တို့ဖြစ်ကြပြီး တော့ အမျိုးသားဖြစ်သူမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ မှ တပ်သားတစ်ယောက်ဖြစ်ပါတယ်။ https://bu rmese.kachinnews.com/2023/07/24/yl1-93/

၃၀။   ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် Non CDM ဝန်ထမ်းများ ရပ်တည်ရန်ခက်ခဲလာ
        July 24, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာငွေကြေးတန်ဖိုးများ ကျဆင်းလာသလို ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တတ်လာနေသောကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် Non CDM လခစားဝန်ထမ်းများ အနေဖြင့် ရပ်တည်ရန် ခက်ခဲလာကြောင်း Non CDM ပြုလုပ်သူများထံမှ သိရသည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာသည့် ကာလတွင် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများအပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် စီးပွားရေးမတည်မငြိမ် ဖြစ်နေသည့် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာပြီး ကုန်ဈေးနူန်းများမြင့်တက်သော်လည်း ဝန်ထမ်းလစာ တိုးပေးခြင်းမရှိသည့်အတွက်ကြောင့် ရပ်တည်ရန်ခက်ခဲလာကြောင်း ကရင်ပြည်နယ် ဖားအံမြို့ရှိ Non CDM ပြုလုပ်ထားသည့် အမည်မဖော်လိုသူ မူလတန်းပြ ကျောင်းဆရာမတစ်ဦးက ယခုလိုပြောသည်။“မူလတန်းပြဆို (၁၈၀,၀၀၀) ပဲရတယ်။ စားဝတ် နေရေးက အဆင်မပြေတော့ဘူးလေ။ လစာတိုးဖို့ ကလည်း အစီအစဉ်မရှိဘူးလို့ထင်တယ်။ အလုပ်နှစ်မျိုးသုံးမျိုးလုပ်မှ အဆင် ပြေတယ်။ ကျူရှင် တို့ ဘာတို့ပြမှ အဆင်ပြေတော့တယ်။ လခ တစ်ခုတည်းဆို အဆင်မပြေဘူး။ ကုန်ဈေးနှုန်းက ကျသွားတာ မရှိဘူး။ ဆန်ကြမ်းဈေးတောင် သိန်းဂဏန်းထိရှိနေပြီး။ “ဟု ၎င်း Non CDM ဆရာမက ပြောသည်။ စစ်ကောင်စီ လက်အောက် တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်း ဆရာ၊ဆရာမများ၏ လစာနှုန်းထားသည် မူလတန်းပြလစာအနေဖြင့် (၁၈၀,၀၀၀) ကျပ်၊ အလယ်တန်းပြ လစာအနေဖြင့် (၁၉၈,၀၀၀) ကျပ်နှင့် အထက်တန်းပြလစာကို (၂၀၂,၀၀၀) ကျပ်ထိသာ ရရှိကြကြောင်း အဆိုပါမူလတန်းပြ ဆရာမက ဆက်ပြောသည်။

လခစား ဝန်ထမ်းများအနေဖြင့် အာဏာသိမ်း ကာလအတွင်း ရပ်တည်ရန် ခက်ခဲလာသည့် ပြဿနာများကို ကြုံတွေ့ နေရပြီး လစာငွေ အလွန်နည်းပါးသောကြောင့် အလုပ်ထွက်သူများလည်း တစ်နေ့ထက် တစ်နေ့တိုးလာကြောင်း Non CDM ကျောင်းဆရာဝန်ထမ်းများနှင့်နီးစပ်သည့် မိသားစုဝင်များထံမှ သိရသည်။ လာမည့် ဇူလိုင်လ ၃၁ရက်နေ့တွင် မြန်မာကျပ်ငွေ၏ ငွေစက္ကူ (၂၀,၀၀၀)ကျပ်တန် ထုတ်မည့် သတင်းကြောင့် နာရီပိုင်းအတွင်း နိုင်ငံခြားငွေလဲလှယ်သည့် စျေးကွက် အားလုံး ရပ်တန့် သွားသလို ရွှေ နှင့် အိမ်ခြံမြေစျေးကွက်များလည်း ရပ်သွားသည်။ ထို့အပြင် ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တွင် ကျပ်ငွေ စျေးထိုးကျသွားသောကြောင့်ငွေကြေးလဲလှယ်သူများအကြားလည်း ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ နောက်ထပ် Non CDM ကျောင်းဆရာမတစ်ဦးကလည်း“လစာတွေရနေပေမယ့် မိသားစု တွက်မလုံ လောက်တော့ဘူး။ အသိတွေထဲမှာဆိုရင် အလုပ် ထွက်တဲ့သူတွေ တော်တော်များ လာတယ်။ အရေအတွက်တော့ မသိပေမဲ့ ထွက်တဲ့သူများလာတယ်။ ဒီလစာနဲ့ဘယ်လိုမှ အဆင် မပြေ တော့ဘူးလေ။”ဟု ပြောသည်။ https://kicnews.org/2 023/07/%e1%80%80%e1%80%af%e1%80%94%e1%80%b a%e1%80%85%e1%80 

၃၁။   SNA က ဖမ်းဆီးခဲ့တဲ့ နာဂအမျိုးသားဦးစီရေးအား ငွေကျပ်သိန်း ၅၀၀ ဖြင့် ရွေးထုတ်ခဲ့ရ
       July 24, 2023

ဟုမ္မလင်းမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း SNA အဖွဲ့က လက်နက်ပြခြိမ်းခြောက်ဖမ်းဆီးခဲ့တဲ့ နာဂအမျိုးသား ဦးစီးရေး ကို သူ့မိသားစုဝင်များက ငွေကျပ် သိန်း ၅၀၀ နဲ့ ရွေးထုတ်ခဲ့ရတယ်လို့ အဲဒီဖြစ်စဉ်ကို အနီးစပ်ဆုံးသိတဲ့ အမည်မဖော် လိုသူ တစ်ဦးကအခုလို ပြောပါတယ်။ “မရှိ ရှိတာ အကုန်ရောင်းထုတ်ပေါင်နှံပြီး သိန်း ၅၀၀ နဲ့ ရွေးထုတ်ခဲ့ကြတာ။ ပြန်လွတ်လာ ပြီးတော့ နောက်ပိုင်း သူ့မိသားစုကိုတော့ ဘာမှတော့ ပြန်မလုပ်ဘူး။ အခုထိပေါ့၊ နောက်တော့မပြောတတ်ဘူး” လို့ ပြောပါတယ်။ ဦးစီရေး ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာလည်း ဟုမ္မလင်းမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးနားတဝိုက်ကနေ စောင့်နေတဲ့ SNA အဖွဲ့ဝင် တွေက မြို့ထဲက ပြန်လာတဲ့ နာဂလူမျိုး လူငယ် ၂ ဦးကိုဆိုင်ကယ် ရပ်ဖို့ တားခဲ့ပြီး နာဂရပ်ကွက်ထဲအထိ သေနတ်ပစ်ဖောက်ခဲ့ တာတွေ ရှိခဲ့တယ်လို့ ဟုမ္မလင်း ဒေသခံ နာဂ တစ်ဦးက အခုလိုပြောပါတယ်။

“ဗိုလ်ချုပ်ကြေးရုပ်နားက စောင့်ပြီး ဆိုင်ကယ်ရပ်ဖို့ လှမ်းတားတာ။ ဟို ၂ ယောက်ကလည်း သူတို့မှန်း ရိပ်မိလို့ ဆိုင်ကယ် မရပ်ပေးပဲ မောင်းပြေးတာ။ ဒါကို နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပြီး သေနတ်တွေပါ ဖောက်တာ။ သူတို့လိုက်တဲ့ ဟို ၂ ယောက် ကို မမှီတော့ ရပ်ကွက်ထဲ သေနတ် ၂ ချက်လာဖောက်ပြီး ပြန်ခေါက်သွားတယ်”လို့ ဆို ပြောပါတယ်။  ရှမ်းနီနဲ့ နာဂလူမျိုးများကြား ယခင်ကလည်း လူမျိုးရေးဆန်တဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ နယ်မြေအငြင်းပွါးစရာတွေ ရှိခဲ့ဖူးပြီး အာဏာသိမ်းပြီးနောက် စကစနဲ့ မိတ်ဖက်အဖွဲ့ဝင်ဖြစ်လာတဲ့ ရှမ်းနီလွတ်မြောက်ရေးအဖွဲ့ဟာ နာဂလူမျိုးစုအပေါ် လက်နက်ပြ ခြိမ်းခြောက်တာတွေ မတရား ဖမ်းဆီးမှုနဲ့၊ ဥပဒေမဲ့လုပ်ရပ်တွေကို နာဂလူမျိုးများနေထိုင်တဲ့ ရွာတွေအထိပါ သိသိသာသာကျူးကျော် ဝင်ရောက် လုပ်ဆောင် လာပါတယ်။ https://www.facebook.com/photo/?fbid=212952505074031&set=pcb.212952558407359

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button