သတင်း

Pita Limjaroenrat ကို လွှတ်တော်အမတ်တာဝန်မှ ဆိုင်းငံ့ထားခြင်းကြောင့် Move Forward Party ထောက်ခံသူများ ဆန္ဒပြ

Pita Limjaroenrat ကို လွှတ်တော်အမတ်တာဝန်မှ ဆိုင်းငံ့ထားခြင်းကြောင့် Move Forward Party ထောက်ခံသူများ ဆန္ဒပြ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၁၉ရက်၊ ၂၀၂၃။
Move Forward Party ရဲ့ခေါင်းဆောင်ဖြစ်သူ Pita Limjaroenrat ကို လွှတ်တော်အမတ်တာဝန်မှ ဆိုင်းငံ့ထားကြောင်း ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ကြေညာပြီးနောက် Move Forward Party ထောက်ခံသူတို့မှာ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်တွင် စုရုံး၍ ဆန္ဒပြခဲ့ကြပါတယ်။
” ဒီမိုကရေစီအစိုးရနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဖိနှိပ် တဲ့ အစိုးရကို ကျွန်တော်တို့ အနေနဲ့ ဆန့်ကျင်သွားရမှာ ဖြစ်တယ်” လို့ ဆန္ဒပြနေတဲ့သူတွေက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်လောင်းPita Limjaroenrat ကို အခုလွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေး ကာလအတွင်း ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခွင့်မရှိတဲ့အကြောင်း ဒီကနေ့ ဇူလိုင် ၁၉ ရက် လွှတ်တော်အစည်းအဝေးမှာ လွှတ်‌တော်ဥက္ကဋ္ဌ ဝမ်မဟာမက်နော်မာထာက ကြေညာခဲ့ပါတယ်။
ပီတာကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရန် ထပ်မံအဆိုတင်ရမှာဖြစ်ပြီး အထက်လွှတ်တော်အမတ်တွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပါတီတွေမှ ပီတာ ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံတင်ခွင့်မရှိဘူးတဲ့ အဆိုကို တင်လာတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ပီထာတို့မှ ရှုံးနိမ့် ခဲ့ပါတယ်။
ပီတာက iTV မီဒီယာကုမ္ပဏီမှာ ရှယ်ယာတွေပိုင်ဆိုင်နေခဲ့ကာရွေးကောက်ပွဲဝင်ပြိုင်ခဲ့ချိန်မှာ ရှင်းလင်းခဲ့တာမရှိဘူးဆိုတဲ့ စွပ်စွဲချက် နဲ့ ရွေးကောက်ပွဲကော်မရှင်ကတိုင်ကြားတဲ့ အမှုကို အခြေခံဥပဒေတရားရုံးကလက်ခံလိုက်ခြင်း ဖြစ်ပါတယ်။
ဒီလို ရွေးကောက်ပွဲ စည်းကမ်းချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်ကို လာမယ့် ၁၅ ရက်အတွင်း ပြန်လည်ချေပရမှာဖြစ်ကြောင်းကို အခြေခံဥပဒေတရားရုံးက ကြေညာထားပါတယ်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်နှင့် အထက်လွှတ်တော်အမတ်များရဲ့ အဆိုတင်သွင်းမှုကို လက်မခံနိုင်သဖြင့် ထိုင်းနိုင်ငံ Move Forward Party ထောက်ခံသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါတယ်။

Photo – FJMM

Related Articles

Back to top button