လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည် အသက် သွင်းနိုင်ဖို့ ပြည်သူလူထုများဆီသို့ KNDF ဥက္ကဌ ခွန်းဘီထူး သတင်း စကားပါး
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၃၊ ၂၀၂၃
“လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများဆင်နွှဲ တိုက်ခိုက်နေကြပါတယ်။
ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက် ရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်။
အခုလိုမြို့သိမ်းတိုက်ပွဲတွေဟာ ပျက်ဆီးနစ်နာမှု များနိုင်တယ်ဆိုတာ သိထား ပေမယ့် အာဏာရှင် စနစ် အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလို စစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာ ဖြစ်တယ်။
ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ ကိုလည်း တောင်းဆို ပါတယ်။
ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြရအောင်လို့ တိုက်တွန်း ပြော ကြား လိုပါတယ်။”