သတင်း

မြန်မာ့အမျိုးသမီးများသမဂ္ဂမှ ၁၀ကြိမ်မြောက်ညီလာခံကျင်းပပြီးကြောင်းထုတ်ပြန်

မြန်မာ့အမျိုးသမီးများသမဂ္ဂမှ ၁၀ကြိမ်မြောက်ညီလာခံကျင်းပပြီးကြောင်းထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇူလိုင် ၁၅ရက်၊ ၂၀၂၃။
မြန်မာ့အမျိုးသမီးမးသမဂ္ဂမှ ၁၀ကြိမ်မြောက်ညီလာခံကို ဇူလိုင်လ ပထမ အပတ်တွင်ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းကို ယနေ့တွင် ထုတ်ပြန်ထားပါတယ်။
ညီလာခံကို စုစုပေါင်း (၃၂)ဦး ပါဝင်တက်ရောက်ခဲ့ကြပြီး ၉ ကြိမ်မြောက် ညီလာခံအတွင်း ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါညီလာခံမှ ဂျဲန်ဒါတန်းတူရေးနှင့် တရားမျှတမှုရရှိရေး၊ နိုင်ငံရေးဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် အဆင့်ဆင့်တွင် အမျိုးသမီးများပိုမိုပါဝင်လာစေရေး၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး တို့အတွက် ဦးစားပေး လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ညီလာခံမှ မူဝါဒရေးရာဦးဆောင်ကော်မတီကို အဖွဲ့ဝင် (၇)ဦးဖြင့် ရွေးချယ်ခန့်အပ်ဖွဲ့စည်း တာဝန်ပေးခဲ့ပြီး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်သွားမည့် အတွင်းရေးမှူးအဖွဲ့ကို အထွေထွေအတွင်းရေးမှူး- နော်ခင်စန်းထွေး၊ အထွေထွေအတွင်းရေးမှူး (၁) – နန်းရွှေစင်ခမ်းနှင့် အထွေထွေအတွင်းရေးမှူး (၂) – မဝေဝေ တို့ကို လျှို့ဝှက် မဲဖြစ်ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂသည် လူမျိုးမရွေး ဘာသာမရွေး နောက်ခံသမိုင်းအကြောင်းအရာ မတူညီသည့် အမျိုးသမီးများဖြင့် တရားမျှတရေး၊ တန်းတူရေးနှင့် ငြိမ်းချမ်းရေးကို အခြေခံသော ရေရှည်ဖွံ့ဖြိုး တိုးတက်သည့် လူ့ဘောင်ဘဝ တည်ဆောက်ရာတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပါတယ်။

Photo – မြန်မာ့အမျိုးသမီးများသမဂ္ဂမှ ပုံဟောင်းဖြစ်သည်

Related Articles

Back to top button