သတင်း

ခလရ- ၂၈၃နှင့် စစ်ကောင်စီတပ်စခန်းအများစုကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်

ခလရ- ၂၈၃နှင့် စစ်ကောင်စီတပ်စခန်းအများစုကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ။

ဂျူလိုင်လ ၅ရက်၊ ၂၀၂၃။

ဇွန်လ(၂၉)ရက်နေ့က စတင်ကာ (၈၁)မမဗုံးသီးများ၊ (၆၀)မမ ဗုံးသီးများနှင့် လက်နက်ကြီးများအသုံးပြုပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ-၂၈၃ တပ်ရင်းဌာနချုပ်၊ ခုတ်ခွါးစစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သားများအခြေပြုတပ်ဆွဲထားတဲ့ နေရာအများအပြားကို တိုက်ခိုက်ခဲ့ကြောင်း S.O.F အထူးတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများရဲ့ အခြေပြုနေရာများ ကြေမွပျက်စီးသွားကာ ရန်သူစစ်ကောင်စီလက်အောက်ခံ အမြောက်တပ် အမတ-၃၁၈မှ ဗိုလ်၁ဦးနှင့် တပ်သား၁ဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရပြီး စစ်ကောင်စီတပ်သား ( ၅ ) ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်းကို ထုတ်ပြန်ချက်အရ သိရပါတယ်။

ထို တိုက်ခိုက်မှုကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ရန်သူစစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၀မမ၊ ၈၁မမ၊ ၆၀မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး KNLA ၊ S.O.F ၊ Cloud Wings ပူးပေါင်းတပ်ဘက်မှ လူ၊ ပစ္စည်း ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာ မရှိခဲ့ကြောင်း သိရပါတယ်။

Photo – SOF

Related Articles

Back to top button