ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇွန်လ ၂၅ရက်၊ ၂၀၂၃။
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာမှာ စစ်ကောင်စီတပ်များ၏ ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးခဲ့ရကြောင်း သိရပါတယ်။
ဇွန်လ ၂၅ရက်နေ့ နေ့လယ် ၁၂နာရီခန့်က PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဥ်မှာ စစ်ကောင်စီ၏ အမြောက်တပ်မှ လက်နက်ကြီး ကူပစ်ပေးခဲ့တဲ့ အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့တာကြောင့် နှစ်ကရင်ရွာမှ အရပ်သားပြည်သူတွေထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် နှစ်ကရင်ကျေးရွာမှ ဒေသခံ ၂၀ ဦးခန့် ထိခိုက်သေဆုံးမှု ရှိတယ်လို့ လဂွန်းအိမ်စာစဥ်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲ၏ နောက်ဆက်တွဲ အခြေအနေများနှင့် အရပ်သားများ၏ ထိခိုက်သေးဆုံးမှုစာရင်းအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းလျှက်ရှိပါတယ်။