သတင်း

ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ် လူသားစာနာမှုအကူအညီ အနေဖြင့် NUG ငွေကျပ် သိန်း ရှစ်ရာ့ ရှစ်ဆယ်ကျော် ထောက်ပံ့ထားပြီလို့ဆို၊ ရခိုင်မှာ အရေးပေါ်အကူအညီလိုအပ်နေဆဲ

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၂၁ ရက်၊ ၂၀၂၃။

ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ် လူသားစာနာမှုအကူအညီ အနေဖြင့် NUG ငွေကျပ် သိန်း ရှစ်ရာ့ ရှစ်ဆယ်ကျော် ထောက်ပံ့ထားပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာန (MOHADM) ရဲ့ အစည်းအဝေး ထုန်ပြန်ချက်ကနေ တဆင့် သိရပါတယ်။

အစည်းအဝေး ထုတ်ပြန်ချက်ရဲ့ ဖော်ပြချက်အရ “အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့်မေလ ၁၉ရက်နေ့အထိ မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်ဒေသများ ဖြစ်သည့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရ်(ကော့ပဇား-ရိုဟင်ဂျာဒုက္ခသည်စခန်း)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များ အတွက်ငွေကျပ် (၈၄,၈၅၇,၀၀၀)ကျပ်ထောက်ပံ့ပြီးဖြစ်ရာ မကွေးတိုင်း နှင့်စစ်ကိုင်းတိုင်းတို့အတွက်ငွေကျပ် (၃၅,၁၅၇,၀၀)ကျပ်ကို ထောက်ပံ့နိုင်ခဲ့ပါသည်” လို့ ဖော်ပြပါတယ်။

ဆက်လက်ပြီး လိုအပ်နေသေးတဲ့ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တို့ကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းသင့် မြိုနယ်များက တာဝန်ခံတို့နဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်အဖွဲ့(Task Forces) များက မြေပြင်လိုအပ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

မိုခါ ဆိုင်ကလုန်း မုန်တိုင်းသင့်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းများမှာ လူသေဆုံးမှု၊ လူနေအိမ် အဆောက်အအုံပျက်စီးဆုံးမှု၊ အိမ်မွေးတိရိစ္ဆာန်များသေဆုံးမှု၊ စိုက်ပျိုးသီးနှံများပျက်စီးမှု၊ လျှပ်စစ်မီးတိုင်များ၊ စာသင်ကျောင်းနှင့် လမ်းတံတား ပျက်စီးမှု များစွာ ဖြစ်ခဲ့ပါတယ်။

အဲဒီထဲက စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း(၄)မြို့နယ်၌ စိုက်ပျိုးသီးနှံ (စပါး၊ ပဲတီစိမ်း၊ မတ်ပဲနှင့်နှမ်း) ဧကပေါင်း (၄၂,၅၂၇)ဧက‌ ရေလွှမ်းပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိ(၉) မြို့နယ်၌ တိရိစ္ဆာန် (ကျွဲ၊နွား၊ သိုး၊ဆိတ်) အကောင်ရေ (၂,၃၄၆) ကောင်ထိခိုက်သေဆုံးခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်း (၁၃)မြို့နယ်တွင် နေအိမ်(၄၉)လုံးနှင့် မကွေးတိုင်း(၁၁) မြို့နယ်တွင်နေအိမ် (၉၁)လုံးအမိုးလန်ပြိုကျပျက်စီးခဲ့ပါကြောင်း၊ ဒါ့အပြင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း အတွင်းရှိလူဦးရေ (၂၄၅,၉၅၁)ဦးမှာလည်း အမိုးအကာနှင့် အရေးပေါ်စားနပ် ရိက္ခာလိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

ULA/AA ရဲ့ ယမန်နေ့က ထုတ်ပြန်ချက်အရ မိုခါ ဆိုင်ကလုန်း မုန်တိုင်း အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတွေအတွက် ထိခိုက် ပျက်စီးဆုံးရှုံးမှု မြောက်များစွာဖြစ်ခဲ့တဲ့အတွက် လတ်တလော် အကူအညီလိုအပ်ချက်များနှင့်အတူ အရေးပေါ် အမိုးအကာ အောက်ကို ပြည်သူများ အလျင်အမြန်ရောက်ရှိနိုင်ဖို့ လိုအပ်နေပြီး ပြန်လည် ထူထောင်ရေး အတွက်လည်း ထောက်ပံ့ ကူညီမှု များစွာလိုအပ်နေတာကြောင့် ထပ်မံအကူအညီများ ပေးကြဖို့ သူတို့ တပ်ဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button