ရှမ်းမြောက်က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းတို့ကို TNLA ထပ်မံသိမ်းပိုက်ပြီး သုံ့ပန်းတချို့ဖမ်းမိထား
အဲဒီစခန်းကနေ ၆၀မမလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၅၈လက်၊ စစ်သုံးဆောင်ပစ္စည်း တွေ အပြင် စစ်သုံ့ပန်း ၇ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ပူးတွဲထုတ်ပြန်ထားတာ တွေ့ရပါတယ်။
“နမ့်ခမ်းနဲ့ မူဆယ် ၁၀၅မိုင်မှာ မနက်အစောကတည်းက ပစ်နေကြတာ၊ တိုက်ပွဲကတော်တော် လေးပြင်းထန်တယ်။ အထိအခိုက်အကျအဆုံးလည်း ရှိတယ်လို့ကြားတယ်”လို့ နမ့်ခမ်းဒေသခံ တစ်ဦးက FJMM ကို ပြောပါတယ်။
နမ့်ဆန်မြို့နယ်ရှိ ကဒိုင်းဖူးတောင်စစ်ကောင်စီစခန်း၊ လွယ်ဆိုင်တပ်စခန်းနဲ့ နမ့်ဆန်ရဲစခန်းတွေကို လည်း TNLA မှ မဒီဇင်ဘာ ၁၀ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းကိုလည်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်းမြို့နယ်မှာ တစ်ခုတည်းကျန်တဲ့ စစ်ကောင်စီစခန်းသစ်ကုန်းကို TNLA က တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ – TNLA