တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 34, April 28, 2023)

၁။   ထန်တလန်မှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံး
     April 27, 2023

ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာမှာ ဧပြီ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် သုံးဦး အပါအဝင် ခြောက်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်နဲ့ ရှစ်မိုင်ခန့်သာဝေးတဲ့ တလန်လို ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးကြဲချခဲ့ပြီး နှစ်ခြင်းဘုရားကျောင်းအနီးမှာ ပေါက်ကွဲသွားခဲ့တယ်လို့ လုံခြုံ ရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲက လုံးဝမရှိဘူး။ ၃ နာရီကျော်လောက်မှာ လာကြဲသွား တာ။ နှစ်ဦး သေပြီး၊ ခြောက်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲမှာ ကလေးတွေ ပါတယ်။ အခုကြဲတဲ့ နေရာက CNF ဌာနချုပ်နဲ့ နည်းနည်းတော့ နီးတယ်” အဲဒီတိုက်ခိုက်မှုကြောင့် တလန်လိုကျေးရွာက ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ခြောက် လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူခဲ့တွေဟာ ဆရာမ ဒေါ်နီဒိမ် နဲ့ ဦးဟရမ်ကျဲအိုတို့ ဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာလည်း အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာရှိတဲ့ တီးတိန်မြို့နယ် ထဲက ချင်း အမျိုးသား တပ်မတော် CNA ရဲ့ တပ်မဟာ အမှတ် ၄ စခန်းကို စစ်ကောင်စီ တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ တာကြောင့် တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ CNF က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ပန်းပါ ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါ အဝင် သုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး လူဦး ရေ ၄၅၀ ကျော် နေထိုင်တဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/thantlang-bomb-died-04272023084023.html

၂။    နမ္မတူမြို့နယ် ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေများကို TNLA တပ်ဖွဲ့က သိမ်းယူ
      April 27, 2023

သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် မြေဧက ၁၀ နီးပါးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်းသိရသည်။ နမ္မတူမြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာအုပ်စု (ဢိူင်ႇသၢႆးၶၢဝ်) မှ ကောင်းဆာကျေးရွာအတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သော သစ်တောမြေ (CF) နေရာ အပါ အဝင် အနီးပတ်ဝန်းကျင်ရှိ မြေယာများကိုလည်း TNLA တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကဲ့သို့ ပြည်သူပိုင် သစ်တောမြေ နှင့် ခြံမြေယာမြေများကို TNLA တပ်ဖွဲ့မှ အတင်းအဓမ္မသိမ်းယူ ခုတ်ထွင် ရှင်းလင်းနေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက ထွေအုပ်သို့ သွားတိုင်သော်လည်း မတားရဲကြောင်း ဟု အကြောင်းပြန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာမှ မပြောမဆိုဘဲနဲ့ သစ်တောမြေနေရာကို ခုတ်ထွင်ရှင်းလင်းကြတာ၊ ဒေသခံတွေ သွားတားတော့ သူတို့က လုပ်ရမှာပဲလို့ ပြန်ပြောတယ်၊ ဒီကိစ္စကို အုပ်ချုပ်ရေးမှူး နဲ့ ထွေအုပ်တွေဆီကို တင်ပြတော့ သူတို့လည်း မတားရဲ ဘူးတဲ့၊ သျှမ်းတပ်ကိုပဲ သွား တိုင်ပါလို့ ဒေသခံတွေကို ပြန်ပြောခဲ့တယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက  ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြေယာသိမ်းဆည်းခံရပြီး အတင်း ခုတ်ထွင်ရှင်းလင်း ခံရသည့် ပိုင်ရှင်များ စုပေါင်းကာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ထံသို့ တင်ပြရာ ဒေသအတွင်း SSPP/SSA ခရိုင်မှူးက လာ ရောက်တားမြစ်ပေးပြီး ခေတ္တရပ်ဆိုင်းသွားကြောင်းလည်းသိရသည်။ “ဌာနဆိုင်ရာတွေက မဖြေရှင်းပေးနိုင်ဘူး၊ မတားရဲဘူးလို့ ပြောတော့ ဒေသခံတွေက SSPP/SSA ကို သွားတိုင်တယ်၊ ဒေသအတွင်းက တာဝန်ခံရော၊ ဗဟိုဌာနချုပ်ကိုရော သွားတိုင်တယ်၊ ဌာနချုပ်ကတော့ ဆွေးနွေးပေးမယ် လို့ အကြောင်းပြန်ခဲ့တယ်၊ ဒေသအတွင်းက တာဝန်ရှိသူကတော့ လာတားပေးတယ်၊ ခနငြိမ် သွားပေမဲ့ ယမန်နေ့ကပဲ ထပ်လာလုပ်ပြန်ပြီ”ဟု ဒေသခံများက ဆက်ပြောသည်။ TNLA တို့မှ အဓမ္မ ခုတ်ထွင် ရှင်းလင်းလိုက် သည့် ဒေသခံ ပြည်သူ အစုအဖွဲ့ ပိုင်သော သစ်တောမြေ (CF) ဧရိယာ စုစုပေါင်းသည် ၄၀ ဧက နီးပါး ရှိနေပြီး ကျွန်းသစ် နှင့် တခြားသော အဖိုးတန်သစ်များ စိုက်ပျိုးထိန်းသိမ်းထားရာ သစ်တောဧကဖြစ်ကြောင်းသိရသည်။ နမ္မတူမြို့နယ်အတွင်း ပြည်သူ ပိုင် သစ်တောမြေ နှင့် ယာမြေ၊ စိုက်ခင်းမြေများကို ဦးဆောင်ပြီး သိမ်းယူ ခုတ်ထွင် ရှင်းလင်းနေသူသည် တားအုံဖိ ဟု အမည်ရှိ သည့် TNLA တပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများ နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော်၊ TNLA ၏ ပြောရေးဆိုခွင့်ထံသို့ ဆက်သွယ်မေးမြန်းရာ “ဖြစ်စဥ်အသေး စိတ်ကို ကျနော်မသိရသေးပါဘူး၊ အရင်က တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာ၊ RCSS နဲ့တိုက်ပွဲ ဖြစ်တာကနေ စစ်ရှောင်ရတဲ့ ဒုက္ခသည်တွေပြန်လည် နေရာချထားရေး လုပ်ပေးတာမျိုးတော့ ရှိတယ်၊ အခုလို မြေယာတွေ၊ သစ်တောတွေကို သိမ်းယူပြီး ခုတ်ထွင် ရှင်းလင်းတာတော့ ကျနော်မသိရသေးဘူး”ဟု TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော် က ပြောသည်။ https://burmese.shannews.org/archives/34364

၃။    ညောင်းဝိုင်းတိုက်ပွဲမှာ စစ်ကောင််စီ ၁၅ ဦးသေဆုံး၊ သုံ့ပန်း ၂ ဦး ဖမ်းမိ
       April 26, 2023

ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေ ဆုံးကာ သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်း (၁) တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။ “မနက် ၆ နာရီ စပေါ့နော။ မနက်စောဆိုတော့ မနက် ၄ နာရီကစ ပေါ့နော။ ၁၀ နာရီအထိ အဲဒီတိုက်ပွဲထဲမှာတော့ စစ်ကောင်စီမှာ အဲဒီမှာရှိတဲ့လူ ညောင်ဝိုင်းမှာရှိတဲ့ စစ်ကောင်စီ ၁၅ ယောက် ၁၆ ယောက်လုံး အကုန်သေ သွားတယ်ပေါ့နော။ လက်နက်လည်း အကုန်သိမ်းရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။ မနက် ၄ နာရီကနေ ၁၀ ရီအထိ ၆ နာရီနီးပါးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ နှစ်ကြိမ်လာရောက်ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းနဲ့ ပစ်ခတ်တဲ့အတွက် လူထိခိုက်မှု မရှိပေမယ့် နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲဒီရပ်ကွက်အတွင်း လက်ရှိမှာ ဒေသခံတွေ နေထိုင်တာမျိုးမရှိတော့ပဲ စစ်ကောင်စီတပ်က ကင်းပုန်းချပြီးနေထိုင်လာ တာ သုံးလဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။ KNDF ဖယ်ခုံဇုန် ကနေလည်း ဒီကနေ့ မနက်ပိုင်းမှာ မိုးဗြဲ-ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်ထားတာ ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု များပြားကာ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းတွေ ရရှိကြပါတယ်။ စစ်ကောင်စီတပ်ကနေပြီးတော့ လေကြောင်းအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေကိုပါ ပစ်ခတ်တိုက်ခိုက်လာတာတွေ ရှိနေပါတယ်။ https://www.kantarawaddytimes.o rg/%e1%80%8a%e1%80%b1%e1%80%ac%e1%80% 84%e1%80%ba%e1%80

၄။   လွိုင်ကော် – မိုးဗြဲ နယ်စပ်မှာ ခရီးသည်တင်ယာဉ် ၃ စီး ပစ်ခတ်ခံရ
      April 26, 2023

လွိုင်ကော်-ရန်ကုန်ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ် ရွှေကန္ဒရီ၊ ရွှေရာဇာ၊ သိန်းသန်းကုဋေ ယာဉ်လိုင်းတွေဟာ လွိုင်ကော် – မိုးဗြဲ နယ်စပ်ဖြစ်တဲ့ ကုန်းသာကျေးရွာနဲ့ ဝါရီကောခူကျေးရွာမှာ ပစ်ခတ်ခံရတယ်လို့ ကားမောင်းသမားတွေဆီကနေ သိရပါ တယ်။ “ကျနော်တို့ကားက ဒီနောက်ဆုံးမှ ထွက်သွားတာပေါ့နော။ ကျနော်တို့ကားက ကုန်းသာရှေ့မှာ တခြားကားတွေ ပြန်လှည့် တဲ့အချိန် ကျနော်တို့လည်း ပြန်လည့်တဲ့အချိန်မှာ ဒီကုန်းသာ ကုန်းဆင်းမှာ ပြန်လှည့်တဲ့အချိန်မှာ အပစ်ခံရတာ။ ကားရှေ့မှန် ကြီးတော့ တစ်ချက်ထိတယ်ဗျ။ နောက်ပြီး ဒါရိုက်ဘာဘေးကမှန်ငယ် ကွဲသွားတယ်ဗျ။ ပြီးတော့ ကားဘော်ဒီ ထိသွားတယ်ဗျ။ ကားပြန်လှည့်တဲ့အချိန်ပစ်တာ။” လို့ ကားပစ်ခတ်ခံရတဲ့ ကားမောင်းသမားတစ်ဦး က ပြောပါတယ်။ ဧပြီလ ၂၆ ရက်နေ့ မနက် ၁၁နာရီ ၄၅ မိနစ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ကားပေါ်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်မှု မရှိပေမယ့် ကားမှန်တွေတော့ ပျက်စီးသွား တယ်လို့ သိရပါတယ်။

လွိုင်ကော်ကနေ ရန်ကုန်သွားဖို့ ဝါရီကောခူကျေးရွာအရောက်မှာ မိုးဗြဲမြို့တွင်း ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု တွေရှိနေတဲ့အတွက် ကားပြန်လှည့်တဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ ဒီလိုခရီးသည်တင်ယာဉ်လိုင်းပစ်ခတ်ခံရတာ ပထမဆုံးဖြစ်ပြီး မည်သူမည်ဝါက ပစ်ခတ်သွားတာကို တိတိကျကျမသိရပေမယ့် ပစ်ခတ်ခံရတဲ့အတွက် ခရီးသည်တွေကော ကားမောင်းသမားတွေပါ စိုးရိမ််ထိတ်လန့်နေကြတယ်လို့ အဆိုပါ ကားသမားက ပြောပါတယ်။ https://ww w.kantarawaddyti mes.org/%e1%80%9c%e1%80%bd%e1%80%ad%e1%80%af%e1% 80%84%e1%80

၅။   CDM ဝင်ခဲ့သည့် စစ်ကောင်စီစစ်သား သေနတ် လေးလက်ယူပြီး စစ်တပ်ဆီ ပြန်ပြေး
      April 27, 2023

စစ်ကိုင်းတိုင်း၊ အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နယ် PDF – Tamu တပ်ရင်း ၄ ထံကို ပြီးခဲ့သည့် လေးလလောက်က CDM ဝင်ရောက်ခဲ့သည့် စစ်ကောင်စီစစ်သား  ဇနီးမောင်နှံ နှစ်ဦးသည် မောင်းပြန်သေနတ် ၄ လက်နှင့်အတူ တမူးမြို့၊ စစ်ကောင်စီတပ် ဆီ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။ တိုးတတ်ထွန်း ခေါ် နန်းဦးနှင့် ဇနီးဖြစ်သူတို့နှစ်ဦးသည်  ဧပြီ ၂၅ ရက်နေ့က မောင်းပြန်သေ နတ် ၄ လက်နှင့် လင်မယားနှစ်ယောက်စလုံး တမူးမြို့ စစ်တပ်ဆီ ပြန်လည်ဝင်ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း  သတင်းရင်းမြစ်တွေဆီက သိရသည်။ CDM ဝင်ရောက်လာသည့် စစ်ကောင်စီစစ်သားနန်းဦးသည် PDF-Tamu တပ်ရင်း ၄ က စစ်ကြောင်းမှူးတာဝန်ပေးထားခြင်းဖြစ်ပြီး CDM ဝင်လာသည်မှာ လပိုင်းသာရှိသေးသော စစ်ကောင်စီစစ်သားကို စစ်ကြောင်းမှူး တာဝန် ပေးအပ်မှုနှင့် ပတ်သက်ပြီး ဝေဖန်မူများ ရှိနေသည်။

“သူကလွန်ခဲ့တဲ့ ၃၊ ၄ လလောက်က လက်နက်မပါဘဲအလင်းဝင်လာတာ။ ကိုယ့်တပ်ရင်းရဲ့ အားနည်းချက်ပါတယ်။ CDM ဝင်လာရင် လွတ်မြောက်နေရာမှာပို့သင့်တယ်။ ကိုယ့်စခန်းမှာ တာဝန်ပြန်ပေးတာက မဖြစ်သင့်ဘူး။ အစကတည်းက CDM ဝင်လာတဲ့လူကိုတော့မပြောချင်ဘူး။ ခုနောက်ပိုင်းလူတွေကတကယ့် CDM အစစ်မှန်စောင့်ကြည့်ရမယ်”ဟု တမူးမြို့နယ် အမျိုး သားလွတ်တော်ကိုယ်စားလှယ်ဟောင်း  ဦးထန်ဆေး ကပြောဆိုသည်။ တပ်ရင်းကနေထွက်ပြေးပြီး စစ်ကောင်စီတပ်အောက်ပြန် ဝင်ရောက်သွားသည့် တိုးတတ်ထွန်းခေါ် နန်းဦး စအရ ၉၁၆ ကိုယ်ပိုင်နံပါတ် တ/522398 ဟာ စစ်မြေပယ BE တပ်ကဖြစ်ပြီး မှတ် ပုံတင်နံပါတ် ၅/ဝသန (နိုင်)၀၆၆၈၄၄ ကိုင်ဆောင်ထားကြောင်းသိရသည်။  စစ်ကောင်စီစစ်သားရဲ့ ဇနီးဖြစ်သူ ဒေါ်အိမြတ်ခင် ဟာ တမူးမြို့ စောဘွား ၆ ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတဦးဖြစ်ကြောင်းလည်း သိရသည်။ https://www.facebook.com/ westernnewsagency/photos/pcb.7522482832 48345/752247969915043/

၆။    မိုးဗြဲမြို့ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု၊ နေအိမ် အများအပြား ပျက်စီး
       April 26, 2023

သျှမ်းပြည် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ထဲတွင် စစ်ကောင်စီက (ဧပြီ ၂၆) ရက် နံနက်ပိုင်းတွင် တိုက်လေယာဥ်ဖြင့် ဝင် ရောက်တိုက်ခိုက်သဖြင့် နေအိမ်အဆောက်အဦး အများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။ ဧပြီ ၂၆ ရက် နံနက် ၆ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီက မိုးဗြဲမြို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း Mobye Recuse Team ထံမှ သိရသည်။ “ လူထိခိုက်မှုတော့ မရှိပါဘူး။ နေအိမ်တွေတော့ ပျက်စီးသွားတာ ရှိတာ ပေါ့။ ပျက်စီးမှုတွေ ဘယ်လောက်ရှိလဲတော့ အတိကျ မသိရသေးဘူး။ တကယ်တော့ မနက် ၆ နာရီ ဝန်းကျင်ကတည်းက သူတို့ ဝင်ပစ်နေတာ။ ၁၀ နာရီလောက်တော့ လေယာဉ်နဲ့ဝင်လာပစ်သွားတာ” ဟု Mobye Recuse Team မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီ နှင့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး လက်ရှိ စစ်ရေး တင်းမာနေလျက်ရှိကြောင်း သိရသည်။ “ အခုတော့ တိုက်ပွဲငြိမ်သွားပြီ။ ဖြစ်တာတော့ ၁၂ နာရီလောက်ထိပဲ ဖြစ်သွားမယ်ထင် တယ်။ အခုထိတော့ စစ်ရေးက တင်းမာနေတာတော့ ရှိတယ်။ ကျနော်တို့ မြို့ပေါ်ကလူတော့ တောမှာ ခနရှောင်သွားနေရတာ တော့ရှိပါတယ်”ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။ ဧပြီ ၂၅ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဖယ်ခုံမြို့ နယ်တွင်း စစ်ဘေးရှောင်စခန်းရှိ ဆေးရုံကို လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဆေးရုံပျက်စီးသွားခဲ့ရပြီး သူနာပြုအပါဝင် စစ်ရှောင် ၃ ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။ https://burmese.shan news.org/archives/34357

၇။    ချင်းပြည်နယ်မှာ ဧပြီလအတွင်း လေကြောင်းဗုံးကြောင့် ၁၉ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ
       April 27, 2023

ချင်းပြည်နယ်မှာ အခုဧပြီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄၇ ကြိမ်နဲ့ ဗုံးအလုံး ၈၀ ကျော် ကြဲချခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား ၁၇ ဦး၊ စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး ဒေသခံအရပ်သား ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန် က ပြောပါတယ်။ “ဧပြီလအတွင်းမှာ ကျွန်တော်တို့ CHRO ရဲ့ အတည်ပြုချက်အရ လေကြောင်းတိုက်ခိုက်မှု ၄၇ ကြိမ်တွေ့ခဲ့ရတယ်။ ဒီလိုလေကြောင်းကနေ တိုက်ခိုက်ပြီး ဗုံးကြဲတဲ့ အလုံးက ၈၀ ကျော် ဗုံးကြဲတိုက် ခိုက်တာကို ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီမှာ သေဆုံးမှုက ၁၉ ယောက်ပေါ့နော်။ စုစုပေါင်း ဒဏ်ရာရတဲ့လူက ၃၄ ယောက်ပေါ့ နော်။ အဲဒီ သေဆုံးတဲ့ ၁၉ ယောက်ထဲမှာ အရပ်သားက ၁၇ ယောက်ပါတယ်။ ကျွန်တော်တို့ ဒဏ်ရာရသူ ၃၄ ထဲမှာ အဓိက က တော့ ပြည်သူလူထုတွေ ဖြစ်နေတာပဲ ကျွန်တော်တို့ တွေ့ရတယ်” ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာ အနီးက ဆုတောင်းတောင်ပေါ် ကို ဂျက်တိုက်လေ ယာဉ် တစ်စင်းနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့တာကြောင့် ခရစ်ယာန်ဘာသာဝင် တွေရဲ့ ဆုတောင်းအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟားခါး မြို့နယ်၊ ချွန်ကျုံးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာယာဉ်နှစ်စီးအပါအဝင် ကားအစီးရေ ၃၀ ပါတဲ့ စစ်ယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေလည်း ဆက်လက် ပြင်းထန်နေ တယ်လို့လည်းပြောပါတယ်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းပါ စစ်ကောင်စီ တပ်သားတွေဟာ ဟားခါးမြို့ကို ရှေ့ဆက်မသွားနိုင်ဘဲ ချွန်ကျုံးရွာမှာ တပ်စွဲထားပြီး ဟားခါးမြို့ကနေ စစ်ကူလိုက်လာတဲ့ စစ်ကြောင်းနဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦးက ပြောပါတယ်။ ချင်းဒေသ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ချင်းပြည်နယ် ကိုးမြို့နယ်မှာ ၇ဝ ရာခိုင်နှုန်း လောက်ကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ချင်းအမျိုး သားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကိုကာကွယ် ဖို့အတွက် ကတုတ်ကျင်းတွေ တူးထားပေမယ့် လေကြောင်းကနေ ဗုံးကြဲချတဲ့အပေါ်မှာတော့ ကြိုတင်ကာကွယ်ဖို့ ခက်ခဲတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါး မြို့ခံတစ်ဦးက ပြောပါတယ်။ ချင်းပြည်နယ်မှာ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက် မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင် ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး ထပ်တိုးလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကပြောပါတယ်။ https://www.rfa.org/ burmese/program_2/chin-air-bomb-died-injured-04272023051609.ht

၈။  မယ်ခါးထာ့ စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိမရသေး
     April 28, 2023

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး-KNU၊တပ်မဟာ (၅) က တိုက်ခိုက်သိမ်းယူထား သည့် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ၏ အရေးပါသော မယ်ခါးထာ့ စခန်းကို ပြန်လည် ရယူရန် စစ် ကောင်စီဘက်က အပြင်း အထန် ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း KNU ဘက်ကပြောသည်။ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး တောင်ကုန်းပေါ်တွင်ရှိသော စစ်ကောင်စီအတွက်အရေးပါသည့် မယ်ခါးထာ့စခန်းကို KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ၎င်းစခန်းကို ပြန်လည်ရယူရန် စစ်ကောင်စီက စစ်အင်အားအလုံးအရင်းဖြင့် မြေပြင် ထိုးစစ် အပြင် လေကြောင်းပစ်ကူများဖြင့် ယခုလအတွင်း အပြင်းအထန် တိုက်ခိုက်နေပြီး စခန်းကို ယာယီပြန်လည်ရရှိသော်လည်း တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးများသော ကြောင့် ပြန်ဆုတ် ခွာသွားရကြောင်း KNU တပ်မဟာ (၅) ၏ ပြောခွင့် ဗိုလ်မှူးကြီး စောကလယ်ဒို့ က ယခုလို ပြောသည်။ ၎င်းက “စကစ ဘက်က စခန်းကို ခဏလေး ပြန်ရောက်ပြီး မိုင်းထိပြီး ဒဏ်ရာရတာနဲ့ရော တိုက်ပွဲဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိတာနဲ့ သူတို့ ပြန်ဆုတ်သွား တယ်။ ဒါပေမဲ့ အဝေးကြီးတော့ ပြန်မဆုတ်သေးဘူး။ မလှမ်း မကမ်းမှာပဲ ပြန်နေသေးတယ်။ လေယာဉ်တော့ နေ့တိုင်းလိုလို လာပစ်ကူပေးတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် KNU တပ်မဟာ (၅) အနေဖြင့်လည်း အဆိုပါ စခန်းကို လက်မလွတ်ရစေရေးအတွက် အတတ်နိုင်ဆုံး ခုခံ ကာကွယ်နေကြောင်း စစ်ကောင်စီ၏ လေကြောင်း ပစ်ကူများကြောင့် စစ်ကောင်စီ၏ ထိခိုက် ကျဆုံးမှု အရေအတွက် အတိအကျ ကို မသိရသေးသော်လည်း မယ်ခါးထာ့ စခန်းကို ပြန်ရရန် စစ်ကောင်စီ အတွက် ခက်ခဲ နိုင်ကြောင်းလည်း ဗိုလ်မှူးကြီး စောကလယ်ဒို့ က ဆက်ပြောသည်။ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းသည် သံလွင်မြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံ စက်လှေများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်သည့် စခန်းတစ်ခုဖြစ်သည်ဟု သိရပြီး လတ်တ လောတွင်လည်း နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် သံလွင်မြစ်အတွင်း စက်လှေများ ဖြတ်သန်း သွားလာမှုကို KNU ဘက်က ပိတ်ထားပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နိုင်သည့် အနေအထားတွင်ရှိနေသေးကြောင်းလည်း ဒေသခံ များက ဆိုသည်။ KNU တပ်မဟာ (၅)အနေဖြင့် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း မတ်လ ၂၇ ရက်နေ့က စ၍ နယ်မြေအတွင်း ရှိ စစ်ကောင်စီ၏ သီးမူထာစခန်းကြီးကို ပထမဦးဆုံးအကြိမ် တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး ကျန်အရေးပါသည့် စစ်ကောင်စီတပ်စခန်းများကိုလည်း ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းတချို့ကို ထိန်းချုပ် ထားနိုင်သလို ကျန်စခန်းတချို့မှာ စစ်ကောင်စီမှ ပြန်လည် ဝင်ရောက်အခြေစိုက် တပ်စွဲထားကြောင်းလည်း စစ်ရေးသတင်းအရင်းများထံမှ သိရသည်။ https://kicnews.org/2023/0 4/%e1%80%99%e1%80%9a %e1%80%ba%e1%80%81%e1%80%ab%e1%80%b8%e1

၉။  မဇွပ်ယန်နှင့်ဆန်ခါ ကျေးရွာကို စစ်ကောင်စီ ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ၁၀၀ ကျော်ထပ်မံဖမ်းဆီးခံရ
     April 27,2023

ဖားကန့်မြို့နယ် မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ခု ကို စစ်ကောင်စီတပ်ဖွဲ့ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန် ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သား ၁၀၀ နီးပါးခန့် ထပ်မံ ဖမ်းဆီးခံထားရကြောင်း ဒေသခံများပြောသည်။ စစ်အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ခြေလျှင်ဖြင့် အဆိုပါ ကျေးရွာ ၂ ခုကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အရပ်သား ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တော်လှန်ရေးတွင်ပါဝင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။ “အခုတောင် အဲ့မဇွပ်ယန်ထောင်နားတစ်ဝိုက်က ရွာတွေကို ဝင်ပြီးဖမ်းနေတာ။ စကစ(စစ်ကောင်စီတပ်)တွေက အခုက အများ ကြီးဖမ်းခံရပြီတဲ့ စဝင်တုန်းက ၇၀ လောက်ပါသွားတာ။ အခုဖမ်းနေတုန်းပဲ ၁၀၀ နီးပါးတော့ရှိနေပြီတဲ့ လမ်းသွားလမ်းလာတွေ ကော တွေ့သမျှဖမ်းနေတာ အိမ်ထဲလည်းဝင်ဖမ်းနေတယ်တဲ့”ဟုပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖြစ်သည်ဟုသိရပြီး လက်ရှိ တွင် မဇွပ်ယန်ထောင်အနီးတွင် စစ်ကြောင်းလှည့်လည် နေသည်ဟုဆက်ဆိုသည်။ “စစ်ကြောင်းက အခုမဇွပ်ယန်ထောင်နားမှာ ပတ်နေတယ်တဲ့ ဖမ်းဆီးထားတဲ့အရပ်သားတွေနဲ့ ထောင်ကိုဝင်မလိုလိုနဲ့ထောင်ကိုတော့မဝင်ဘူးသူတို့ဘယ်ဘက်ကို စစ်ကြောင်း ထိုးချင်တာလည်းမသိဘူး လူသားဒိုင်းထပ်လုပ်ဖို့ဖမ်းတာလို့သိရတယ်”သိရသည်။ အလားတူ ပြီးခဲ့သော ၂၁ ရက်နေ့တွင်လည်း စစ်ကောင်စီ စစ်ကြောင်းတစ်ခုက မှော်ဘုံကျေးရွာကို ဝင်ရောက်စီးနင်းခဲ့၍ မှော်ဘုံရွာသား ၂၀၀ နီးပါးကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီး ယင်းအနက် ၁၅၀ ကျောက်ကို ဧပြီလ ၂၁ ရက်နေ့ မဇွပ်ယန်အကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။ ထို့နောက် ကျန်ရှိသည့် ၅၀ ဦးခန့်ကို ကံဆီးဘက် ထွက်ခွာသွားသည့် စစ်ကြောင်းတွင် လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးနောက် ၅ ရက်ခန့်အကြာ ဧပြီ ၂၅ ရက် နေ့တွင် မဇွပ်ယန်အကျဉ်းထောင်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားများအား ယခုကဲ့သို့ ဖမ်းဆီးလာမှုကို ၂၀၂၃ နှစ်ဆန်းပိုင်းက ပိုမိုလုပ်ဆောင်လာနေပြီး ပြီးခဲ့သောလတွင်မှာလည်း  ရှရော်ခါး ရွာသား ၂၀၀ ကျော်နှင့် စဗစ်ခူးရွာသား ၆၀ ကျော် ဖမ်းခံရမှုရှိခဲ့သည်။ https://bu rmese.kachinnews.com/2023/04/27/az1-184/

၁၀။    ကင်မွန်းချောင်း ရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ရဲစခန်း မီးလောင်ပျက်စီးတယ်လို့ ပအိုဝ်း PDF ဆို
        April 28, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း ရဲစခန်းကို ဧပြီလ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ရာ ရဲစခန်း မီးလောင် ပျက်စီးသွားတယ်လို့ ပအိုဝ်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ထုတ်ပြန်ပါတယ်။ ဧပြီလ ၂၇ ရက်၊ ညနေပိုင်းက ကင်မွန်းချောင်း ရဲစခန်းကို KNLA၊ PDF၊ PPDF-KD၊ KRF၊ TPDF၊ ဘီးလင်း -ပကဖနဲ့ ကျိုက်ထို-ပကဖ တို့က ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ကြဲချ တိုက်ခိုက်ရာ ရဲစခန်း မီးလောင် ပျက်စီးသွားတယ်လို့ ပအိုဝ်း PDF က ဆိုပါတယ်။

ရဲစခန်း မီးလောင်ပျက်စီးတာကို အတည်ပြုနိုင်ပေမဲ့ မြေပြင်တိုက်ခိုက်မှု မဟုတ်လို့ အတွင်းက စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှု ကိုတော့ အသေးစိတ် စုံစမ်းနေဆဲလို့ PPDF-KD ကပြောပါတယ်။ ပအိုဝ်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ခမ်းဒေါမ်) ဟာ ပအိုဝ်းဒေသမှာ သာမက စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့  မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စစ်ရေး လှုပ်ရှားမှု အရှိန်မြှင့်သွားမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။ https://www.facebook.c om/MeKongNewsMM/;photos /a.373965523263391/1217770705549531

၁၁။     ဖယ်ခုံအရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးထိပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ
         April 27, 2023

ဖယ်ခုံအရှေ့ဘက်ခြမ်း ငါးမူးကျေးရွာနဲ့ ညောင်မွန်းကျေးရွာမှာ ဧပြီလ ၂၇ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲ ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနီးအနားကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အဲဒီအချိန် ကျနော်အဲဒီအနီးအနားမှာပဲ ကျနော်နေတာ။ ဘာဖြစ်လို့လဲဆိုရင် သူတို့က အလုပ်လုပ်တာ အလုပ်လုပ်ပြီးတော့ သူတို့အဖွဲ့လိုက် သုံးယောက်လေးယောက်စကားပြောနေကြတာ။ သူတို့ခါးရည်သောက်ပြီးတော့မှ သူတို့အဲမှာစကားပြော လက်နက်ကြီးက ဘေး ကနေ တက်လာမှန်းမသိ ပထမဆုံးတစ်ချက်ကို သူတို့မိတယ်လေ။ လက်နက်ကြီးက ၈ ချက်ပစ်တယ်လေ။ အဲဒီ ၈ ချက်ထဲမှာ ပထမဆုံး သူတို့အိမ်ခေါင်မိုးပေါ်ဝင်ပြီးတော့မှ သူတို့နေတဲ့ အိမ်ထဲတည့်တည့်ဝင်ပြီးတော့မှ ထိသွားတာပေါ့။ သူတို့ လေးယောက် လုံးကို ထိသွားတာပေါ့။ တခြားအလုံးတွေက အဲဒီနံဘေးမှာပဲ အဲဒီရွာထဲကို အကုန်ကျသွားတာ အဲဒီမှာ တစ်ယောက်က လူငယ်ပဲ အသက်က ၂၂ သူက ဆိုင်ကယ်စီးရင်းနဲ့ ဆိုင်ကယ် ခဏဟုန့်ထားတော့ အဲဒီမှာ လက်နက်ကြီးက သူ့နားမှာကျလာတယ်။ ရှပ်ထိ လောက်ပဲပေါ့။ အဲဒီတစ်ယောက် မစိုးရိမ်ရဘူး။ ကျန်တဲ့ လေးယောက်စလုံးက ကျနော်တို့ ဒီရက် ဟိုးလွိုင်ကော်ကို ပို့ရတယ်ပေါ့ နော။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဧပြီလ ၂၇ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးနဲ့ ၈ လုံးခန့် ပစ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ နေအိမ် တစ်လုံးထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အသေး အမွှားပျက် စီး မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျေးရွာမှာ ယခင်က လက်နက်ကြီး ကျရောက်ဖူးတဲ့အတွက် ဒေသခံတွေ မနေထိုင် ရဲတော့ပဲ အလုပ်ပြန်လုပ်မယ့် သူတွေသာ ပြန်လာတာမျိုးတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲရှိပြီးတော့ သူတို့ လက်နက်ကြီး ပစ်တာက တစ်ကဏ္ဍပေါ့နော။ ဒါကတော့ ပစ်ရင်လည်း ဘားမှတော့ မဖြစ်ပါဘူး။ အခုက တိုက်ပွဲလည်းမရှိဘူး ပြည်သူတွေက လည်း စစ်ရှောင်တာကကြာပြီ သူတို့ရွာကို ပြန်ပြီးတော့ အလုပ်လုပ်တဲ့လူတွေ ဒါတောင်မှ မိန်းကလေးတွေ မပါသေးဘူးပေါ့နော။ ယောကျာ်းလေးတွေပဲ အလုပ်လုပ်တဲ့အချိန်မှာ လက်နက်မရှိတဲ့ ပြည်သူတွေကို ဘာအသံမှမကြားဘူး။ ဘာလက်နက်ငယ်အသံမှ မကြားပဲနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်လာတာတော့ လုံးဝကို ဟိုစာပေါ့နော။ တမင်သက်သက် ပြည်သူ လူထုကို တမင်သက် သက်ပစ်တာတော့ မဟုတ်သေးပါဘူး။ ဒီထဲမှာတော့ ဘယ်သူ့မှမရှိဘူး ပြည်သူတွေပဲရှိတာ သူတို့သိပါတယ်။ အဲဒါတမင်သက် သက်ထုတာပဲပေါ့။ ဒါက ပြည်သူတစ်ယောက်အနေနဲ့ လုံးဝကို စိတ်မကောင်းဘူးပေါ့။ ဘာလို့လဲဆိုရင် လည်း ပြည်သူတစ် ယောက်အနေနဲ့ ကျနော်တို့ လုံခြုံမှုတွေက မရှိဘူးပေါ့နော။” လို့ အဲဒီအနီးအနားမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။ https://www.kantarawa ddytimes.org/%e1%80%96%e1%80%9a%e1%80%ba%e1%80% 81%e1%80%af 

၁၂။   ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းကို CNA သိမ်းပိုက်
       April 27, 2023

ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်နှင့်ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီစခန်းတစ်ခုကို ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNA/CNF ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။ ဟားခါးနှင့် ထန်တလန် ကြား သီမစ်လွင်ပြင်ရှိ စစ်ကောင်စီစခန်းများကို ဧပြီလ ၂၆ ရက်တွင် CNA နှင့်CDF တိုပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ” ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စခန်းငယ်တစ်ခုကိုဝင်သိမ်းတာပါ။ စကစ ကင်းစခန်းပါ။ လက်နက်တချို့သိမ်းဆည်းခဲ့တယ် “ဟု ဆလိုင်းထက်နီကပြောသည်။ စခန်းသိမ်းပြီးပြီးချင်း၌ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုစခန်းသိမ်းတိုက်ပွဲ၌ CNA ရဲဘော်တစ်ဦးကျဆုံး၍ ရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဟားခါး-ထန်တလန်အကြား သီမစ်လွင်ပြင်ရှိ စစ်ကောင်စီတပ် အခြေချထားသော တောင်ကုန်း ၃ ခုကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ရာ တောင်ကုန်း ၂ ခုကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး CNA  ရဲဘော် ဆလိုင်းဂျွန်စမစ် ကျဆုံးသွားသည်ဟု ဒေသခံသတင်း The Chin Journal က ဖော်ပြထားသည်။ ယမန်နေ့ညနေပိုင်းတွင်လည်း ဟားခါး-ဖလမ်းလမ်းကြားရှိ ချွန်းကျုံးကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ချင်းပူးပေါင်းတပ်တို့အကြားတိုက်ပွဲ ဆက်လက် ဖြစ်ပွား ခဲ့သည်ဟု သိရသည်။ အဆိုပါ ချွန်းကျုံးကျေးရွာတွင် ဧပြီလ ဒုတိယအပတ်တွင်း၌ စစ်ကောင်စီထောက်ပို့ယာဥ်တန်းမှ တင့်ကား နှစ်စီးနှင့်ထောက်ပို့ယာဥ် ၇ စီးကို ချင်းပူးပေါင်းတပ်များက ဖျက်ဆီးနိုင်ခဲ့သည်။ https://www.facebook.com/photo?fbid=5 96283392535626&set=a.5837493471 

၁၃။    မောင်တောမြို့နယ် မြောက်ပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ဖြတ်          သန်းသွားလာနေရ
        April 28, 2023

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာသားများမှာ မိမိကျေးရွာအတွင်းမှ တခြားနေရာများသို့သွားမည် ဆိုလျှင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါမှသာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခွင့်ရရှိကြောင်း သိရ သည်။ စစ်ဆေးရေးဂိတ်များတွင် မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်နှင့် ကျီးကန်းပြင် ဌာနချုပ်စစ်ဆေး ရေးဂိတ်တို့မှာ အဆိုးဆုံးဖြစ်ပြီး စစ်ကောင်စီနှင့် AA တို့တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်းမှစ၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ မောင်တောမြောက်ပိုင်းတွင် မင်္ဂလာညွန့်၊တောင်ပြို၊ လက်ဝဲ၊ ဝက်ကျိန်း၊ တမန်းသား၊မင်းကြီး၊ ရန်အောင်ပြင်၊ မြဝတီ၊  စသည့် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဒေသခံအားလုံးမှာ အဆို ပါဂိတ် ၂ ခုကိုမဖြစ်မနေဖြတ်သန်းသွားလာနေရခြင်းဖြစ်သည်။ ” ထောက်ခံစာမပါရင် ဖြတ်ခွင့်မပေးဘူး။ ပြန်လာရတယ်။ မြို့ထဲ ကိုခဏသွားမယ်ဆိုလည်း ထောက်ခံချက်မဖြစ်မနေယူသွားရတယ်။အနီးအနားရွာတွေကိုသွားရင်လည်း ဂိတ်ကိုဖြတ်မှ သွားလို့ ရမယ် ဆိုရင် ယူသွားရပြန်ရော။အကုန်လုံး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ကို ယူပြီးမှ သွားနေရတာပါ ” ဟု ဝက်ကျိန်းကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ဆေးရေး ဂိတ်များက ထိုသို့ကန့်သတ်တားမြစ်ထားသောကြောင့် ဒေသခံများမှာ စီးပွားရေး၊ လူမှုရေး ကိစ္စများနှင့်ကျန်းမာရေးကိစ္စများတွင် အဆင်မပြေမှုများဖြစ်နေရသည့်အတွက် စစ်ရေးအရတည်ငြိမ်နေသည့် ကာလများတွင် လွတ်လပ်စွာသွားလာခွင့်ပြုရန် ဒေသခံများက တောင်းဆိုနေကြသည်။ “တခါတလေဗျာ ကျန်းမာရေးကိစ္စအရေးပေါ် မြို့ကို သွားပြရမယ်ဆိုရင် ထောက်ခံစာယူဖို့ဘယ်လိုအချိန်ရမလဲ။ ပြီးတော့ အုပ်ချုပ်ရေးမှူးတွေလည်း ၂၄ နာရီစလုံး အိမ်မာ ထိုင်နေတာမှ မဟုတ်တာ။ ကိုယ်ကအရေးတကြီးသွားဖို့လိုနေပြီ။ အုပ်ချုပ်ရေးမှူးက ရွာမှာမရှိ၊ အိမ်မှာမရှိနဲ့။တော်တော် ဒုက္ခဖြစ်တယ်။ စျေးရောင်းစားတဲ့သူတွေအတွက်လည်း ကျပ်တည်းသွားတယ်။စစ်ဖြစ်နေတုန်းကတော့ လိုအပ်ချက်အရ စစ်ဆေးတယ်ထားအုံ့။ အခုလို တည်ငြိမ်နေတဲ့ကာလမှာတော့ လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးသင့်တယ်”ဟု မင်းကြီးကျေးရွာသားတစ်ဦးက ပြော သည်။ ၂ နှစ်နီးပါးရပ်တန့်နေခဲ့သည့် ရခိုင်စစ်ပွဲသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းမှစ၍ တစတစနှင့်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ကုန်းလမ်း၊ရေလမ်းသွားလာခွင့်များကို ပိတ်ပင်ခဲ့သည်။  https ://www.facebook.com/ayeyarwaddytimes/photos/a.50918995 2572344/2464918133666173/

၁၄။    ဖားကန့်တွင် PDF များ ဝင်ရောက်နေထိုင်သည်ဟုဆိုက နေအိမ်တစ်အိမ်ကို စစ်ကောင်စီမီးရှို့
         April 28, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ မှော်ရှန်ရပ်ကွက်မှာ PDF တွေဝင်ရောက်နေထိုင်တယ်လို့ဆိုပြီး  နေအိမ်တစ်အိမ်ကို ဒီကနေ့မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က Four Weel ကားနှစ်စီးအင်အား ၁၅ ဦးနဲ့  နေအိမ်ကို ဝင်ရောက်ပြီး ရုံးပစ္စည်း တွေနဲ့ ကားနှစ်စီး(Landcruiser,Advan) သိမ်းဆည်းသွားတဲ့အပြင် နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီးတော့ လူတွေကိုတော့ ဖမ်းဆီး မိခြင်းမရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “PDF တွေဟုတ်တယ်ဆိုပြီး လာဖမ်းကြတာ။ အဲဒီမှာနေတယ်ဆိုတာ သိတဲ့အတွက် မီးရှို့ပေးလိုက်တာပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ နောက်ထပ် လူလတ်ပိုင်းအရွယ် ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးကလည်း ဒီကနေ့ မနက် ၅ နာရီအချိန်လောက်က ဆိုင်းတောင် မှော်ရှန်ကွက်က ပြည်သူနေအိမ်တစ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ဝင်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အတည်ပြုပြောဆိုပါတယ်။

ဒါ့အပြင်မနေ့ ဧပြီလ ၂၇ ရက်နေ့ မဇွပ်ယန်ကျေးရွာမှာလည်း စစ်ကောင်စီတပ်ကနေ နေအိမ်အချို့ကို ဝင်ရောက် ဖျက်ဆီးပြီး ပိုက်ဆံနဲ့ ဖုန်းတွေကို သိမ်းယူသွားတယ်လို့လည်း သိရပါတယ်။ ဒါအပြင် ဆန်ခါကျေးရွာမှာရှိတဲ့ ဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး စုံစမ်းစစ်ဆေးပြီးကနေ နေ့လယ် ၂ နာရီလောက်မှာ ပြန်လွတ်ပေးခဲ့ပါတယ်။ လက်ရှိအချိန် ဖားကန့်မြို့နယ်အတွင်း ဧပြီလ တတိယအပတ်လောက်ကနေစပြီး စစ်ကောင်စီက ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ တွေ ရှိနေပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm /photos/pcb.1884690658563846/1884687 978564114/

၁၅။   ရှမ်း – ကရင်နီပြည်နယ်ဒေသအစပ် သုံးရက်တာတိုက်ပွဲ စစ်ကောင်စီတပ် ၅၀ ထက်မနည်းသေ နှစ်ဦးအရှင်ဖမ်းမိ
       April 28, 2023

ရှမ်း – ကရင်နီပြည်နယ်ဒေသအစပ် ဖယ်ခုံ၊မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများတွင် သုံးရက်အတွင်း စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး အရှင်နှစ်ဦးဖမ်းမိကာ လက်နက် ၂၆ လက်အပါအဝင် ခဲယမ်းများစွာရရှိကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ထုတ်ပြန်သည်။ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ်ရှိ မြောက်စလုံး ကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီ ၂၄ ရက်နံနက်ပိုင်းတွင် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊  PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း (၂) ၊ ကရင်နီတပ် ပေါင်းစု၊  KGZ ၊ KRU နှင့် URF တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ချေမှုန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ချေမှုန်းရေးတိုက်ပွဲ အတွင်း စစ်ကောင်စီ ဖက်မှ ၃၀ဦးနှင့်အထက် သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၃)လက် ၊ MA-2 (၃) လက် ၊ MA-3 (၂)လက် ၊ MA-4 ၇၉ တွဲ (၁)လက် ၊ MG-3 (၁)လက် ၊ RPG 7 (၁)လက် ၊ 60MM စိန် ပြောင်း (၁)လက် ၊ ဆက်သွယ် ရေးစက် (၂)လုံး နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည်။ တိုက်ပွဲအတွင်း KNDF B/11 မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု အသိပေးထားသည်။

“စကစရဲ့ ထိုးစစ်ကဆက်ရှိနေဦးမယ်လို့ သုံးသပ်တယ်။ ဒါကြောင့်လည်း တိုက်ပွဲတွေကရှိနေဦးမှာပဲ။တစ်ခုရှိတာ စစ်ရှုံး နေတဲ့ စကစက လူထုအပေါ်ပါ စစ်ရေးပစ်မှတ်အဖြစ် အရင်ကထက်ပို ပြီး တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်နေထိုင်ကြဖို့တိုက်တွန်း လိုတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တိုက်ပွဲများအတွင်း ဧပြီ ၂၅ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မြောက်စလုံးကျေးရွာမှ တောင်မဲ သင်းကျေးရွာဖက်သို့ ဆုပ်ခွာ၍ တပ်စွဲထားပြီး လက်ရှိချိန်ထိ ကရင်နီတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း KNDF က အသိပေးသည်။ https://www.fac ebook.com/photo/?fbid=572184314980365&set =pcb.572184421647021

၁၆။    မူဆယ် လုံထန်ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ
        April 27, 2023

သျှမ်းပြည်၊ မူဆယ်မြို့နယ် (ဧပြီ ၂၇) ရက် နံနက် ၈ နာရီတွင် မင်းထိပ်ခေါင် လက်ဖက်ရည်ဆိုင်တွင် စားသောက်နေ သည့် လုံထန်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်းသိရသည်။ မူဆယ်မြို့ စက်မှုနယ်မြေ မင်းထိပ်ခေါင် လက်ဖက်ရည် ဆိုင်အတွင်း လုံထန်ပြည်သူ့စစ် တစ်ဦးသည် စားသောက်ပြီး အမ်းငွေစောင့်ဆိုင်းနေစဥ် အမည်မသိလက်နက်ကိုင် အမျိုးသား တစ်ဦးက လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။“သူ (လုံထန်ပြည်သူ့စစ်) အနောက်ကနေပြီးတော့ လာပစ်သွားတာ။ ဘယ်သူ လဲတော့မသိဘူး။ ပစ္စည်းလာဝယ်သလိုလိုနဲ့ လာပစ်သွားတာ။ သူ့ ဦးခေါင်းအနောက်ဘက်ကို ပစ်သွားတာ။ အဲ့နားမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ ” ဟု သေဆုံးသွားသည့် ပြည်သူ့စစ်၏ အမျိုးသမီးက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ပြည်သူ့စစ်သည် လုံထန်ပြည်သူ့စစ်ထဲတွင် အရာရှိတစ်ဦးဖြစ်ကြောင်း ယခုကဲ့သို့ လုံခြုံမှုမရှိ ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံပြည်သူများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည်။ “ ပြည်သူ့စစ်ထဲကတော့ မှန်ပါတယ်။ အရာရှိပိုင်းပဲသူက။ တပ်ခွဲမှူး၊ တပ်စုမှူးလားတော့ သေချာမသိဘူး။ အခုလို နိုင်ငံရေးမကောင်း သေနတ်တွေကိုင်ပြီး သွားလာနေ တာရှိတော့ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ရတာပေါ့။ အသွားအလာဆင်ခြေရတယ်။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင်လည်း သိပ်ရော မနေဘူး”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အလားတူ သေဆုံးသွားသည့် ပြည်သူ့စစ်၏ အမျိုးသမီးကလည်း “ စိတ်မကောင်းဖြစ်တာကလွဲပြီးတော့ ဘာမှ မပြောချင်တော့ပါဘူး။ အဲ့လိုမထင်မှတ်ဘဲ ဖြစ်သွားတာကို ရူးမတတ် ခံစားရပါ တယ်” ဟု ပြောသည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့ သိန်းသန်းချီကားကွင်း တွင် လုံခြုံရေးယူထားသည့် ပြည်သူ့စစ်ဂိတ်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာတွင် ၂ ဦး သေဆုံးသွား ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။ https://burmes e.shannews.org/archives/34371

၁၇။   ဖမ်းဆီးခံထားရသည့် မှော်ဘုံရွာ ဒေသခံ ၅၀ ခန့် ပြန်လည် လွတ်မြောက်
        2023 April 27, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံ (မဒဲန်ယန်) ရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀၀ နီးပါးထဲက ၅၀ ခန့်ကို ဧပြီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ပြန်လွတ်လာတဲ့ ဒေသခံ ၅၀ နီးပါးဟာ ကံဆီးရွာဘက်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက မှော်ဘုံ (မဒဲန်ယန်) ရွာရဲ့ ရပ်မိ၊ရပ်ဖတွေကို စစ်ကောင်စီတပ်က ဒေသခံတချို့ကို ပြန်လွှတ်ပေးမယ်လို့ ဖုန်းဆက်အကြောင်းကြား လာတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ပြန်လွတ်ပြီ၊ ဟုတ်တယ်။ နေ့လယ် ၁ နာရီကျော်က ဖားကန့်ရဲစခန်းကနေ နိုင်ငံရေးကင်းရှင်းကြောင်း၊ နိုင်ငံရေး မလုပ်ဖို့နဲ့ အာမ ခံချက် သဘောမျိုး ခံဝန်ထိုးခိုင်းတယ်။ ရပ်မိ၊ ရပ်ဖတွေကလည်း အာမခံ ပေးရတယ်။ ပြီးတော့ ပြန်လွှတ်လိုက်တာပဲ” ထပ်မံ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ကျော်လောက်ကို ဘယ်အချိန် ပြန်လွှတ်ပေးမလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေ က ဆိုပါတယ်။

ဖမ်းဆီးခံထားရချိန်မှာ ရိုက်နှက်တာမျိုးမရှိပေမယ့် KIA၊ KPDF တွေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိ၊ မရှိနဲ့ ထောက်ပံ့ရေး လုပ်၊ မလုပ်စတဲ့ အခြေအနေတွေကို မေးမြန်းမှုတွေရှိကြောင်း ပြန်လွတ်လာသူတွေကပြောဆိုတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က မှော်ဘုံ (မဒဲန်ယန်)ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းပြီး ဒေသခံ ၂၀၀ နီးပါးကို ကံဆီးရွာ၊ ဆန်ခါရွာနဲ့ မဇွပ်ယန်ရွာတွေဘက်ကို ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ https://www. rfa.org/burmese/news/r eleased-50-people-hpakant-04272023021107.html

၁၈။    ပင်လောင်း စစ်ရှောင်ကလေး ၃၀၀ ကျော် စာသင်ကြားရန် ဟိုပုံးမြို့နယ် အတွင်းသို့ပြောင်းနေရ
        April 26, 2023

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် စစ်ဘေးရှောင်ကလေး ၃၀၀ ဝန်းကျင် စာသင်ကြားရန်အတွက် ဟိုပုံးမြို့ နယ် နောင်တောင်းပရဟိတကျောင်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိသည်။ ပင်လောင်းမြို့နယ်တွင် ၂ လနီးပါး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသည့် ကလေးများကို ပညာရေးအတွက်ကြောင့် ဟိုပုံးမြို့နယ် နောင်တောင်း ပရဟိတကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။ “ကျနော်တို့ စစ်ဘေးရှောင်ကလေးတွေ တချို့ကိုတော့ ဒီဟိုပုံး နောင်တောင်းကျောင်းဘက်ကို ပို့ပေးထားတယ်။ အဲမှာ စာသွားသင်ဖို့ပေါ့နော်။ သူတို့တွေရဲ့ ပညာရေးအ တွက် သွားထား ထားပေးတာပေါ့။ ၃၀၀ ကျောက်လောက်ရှိမယ်” ဟု ပင်လောင်းမြို့နယ်တွင်း စစ်ဘေးရှောင်များကို ကူညီပေး နေသည့် သူကပြောသည်။။

လက်ရှိ နောင်တောင်းပရဟိတကျောင်းတွင် စစ်ဘေးရှောင်ကလေးများကို အင်္ဂလိပ်၊ ဗုဒ္ဓစာပေ၊ ကွန်ပျူတာ နှင့် ပအိုဝ်း စာပေ တို့ကို သင်ကြားပေးနေလျက်ရှိကြောင်း နောင်တောင်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ အခုတော့ စစ်ဘေး ရှောင်တွေကို အင်္ဂလိပ်စာ ၊ ဗုဒ္ဓစာပေ ၊ ပအိုဝ်းစာတွေကို သင်ပေးနေတာပေါ့။ သူတို့အတွက် စားဝတ်နေရေးတော့ အခက်ခဲ မရှိပါဘူး။ အခုလည်း ကျောင်းသားဟောင်းတွေက ပြန်သွားလိုက်ပြီ။ အခု စစ်ဘေးရှောင်ကလေးနဲ့ တစ်ချို့ကျောင်းသားတွေပဲ ကျန်တယ်” ၎င်းက ပြောသည်။ အလားတူ လက်ရှိအချိန်ထိ ပင်လောင်းမြို့နယ်အတွင်း နှင့် ဖယ်ခုံမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် PDF တို့ကြား တိုက်ပွဲ ပြင်းထန်နေလျက်ရှိသည်။ ပင်လောင်းမြို့နယ်ထဲတွင် စစ်ဘေးရှောင် ၆ ထောင် ဝန်းကျင်ရှိထားပြီး စစ်ရှောင်စခန်း ၁၄ ခုရှိကြောင်း သိရသည်။ https://burmese.shannews.o rg/archives/34353

၁၉။   ကန်ပက်လက် ထွေအုပ်ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ကို CDF တိုက်ခိုက်၊ ၁ဦးသေ ၂ဦးဒဏ်ရာရဟုဆို

       April 28, 2023

ချင်းပြည်၊ ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၆ ရက် နံနက် ၉ နာရီမှစတင်၍ မိနစ် ၃၀ ခန့်ကြာ  သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်း က ပြောသည်။ “ကျနော်တို့တပ်ဖွဲ့တွေ ကြိုတင်ပြင်ဆင် ပြီးမှ သွားရောက်ပစ်ခတ်ခဲ့တာပါ။  နာရီဝက်လောက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်” ဟု ဆလိုင်းထွန်းလိန်းက ဆိုသည်။

အဆိုပါ ထွေအုပ်ရုံးတွင် စစ်ကောင်စီတပ်မှ အင်အားပုံသေမရှိဘဲ တိုက်ပွဲဖြစ်ပွားချိန်တွင် ၃၀ ဦးခန့်ရှိနိုင်ကြောင်း တပ်မ ဟာမှူး ဆလိုင်းထွန်းလိန်း က သုံးသပ်ပြောဆိုသည်။ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သော်လည်း ချင်းကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၂၆ ရက် ညပိုင်းအထိ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ပေါ်သို့ လက်နက်ကြီးများ  ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။ သို့သော် ထိခိုက်ပျက်စီး မှုမရှိခဲ့ကြောင်း ဆလိုင်းထွန်းလိန်း က ပြောသည်။ ဧပြီလ ၂၀ ရက်နေ့ကလည်း ကန်ပက်လက်မြို့၊  အမှတ် (၁) အ.ထ.က ကျောင်း တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ https://www.facebook.com/MizzimaD aily/photos/a.320351647999747/66447521 95559629/

၂၀။    ရှမ်းပြည်နယ်မှာ SNLD ပါတီ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့ ဖိအားပေးခံနေရ
        April 27, 2023

ရှမ်းပြည်နယ်က မြို့နယ်ရှစ်ခုမှာ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရပ်ကျေးကော်မရှင်အဖွဲ့တွေက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ ဖိအားပေးနေတယ်လို့ SNLD ပါတီအထွေ ထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာဆိုရင် လက်နက်တွေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပါတီရုံး ပရဝုဏ်ထဲဝင်ပြီး ပါတီဆိုင်းဘုတ်ဖြုတ်ဖို့ ဖိအားပေးပြောဆိုတာတွေရှိခဲ့တယ်လို့ သူကပြောပါတယ်။ “ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းတုံဆိုလို့ရှိရင် မြို့နယ်ထွေအုပ် ကိုယ်တိုင်လာတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပါတယ်။ လက်နက်တွေနဲ့အပြည့်အစုံ ကျွန်တော်တို့ ရုံးပရဝုဏ်ထဲ ဝင်လာတယ်ဆိုတော့ အိမ်ဌားထားပေးတဲ့ အိမ်ရှင်ကိုယ်တိုင်ကလည်း ကြောက်လန့်တာပေါ့ဗျာ။ အဲ့လိုမျိုးမတော်မတရား မဖြစ်သင့်တဲ့ ကိစ္စတွေလည်း ပေါ်ပေါက်ပါတယ် ခင်ဗျ။” ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မှတ်ပုံတင်ပြီးဝင်ပြိုင်ခဲ့တဲ့နိုင်ငံရေးပါတီ ၉၀ ကျော်ထဲမှာစစ်ကောင်စီရဲ့ ရွေးကောက် ပွဲကော်မရှင်ထံ ပြန်မှတ်ပုံတင်တဲ့ပါတီက ၅၀ ကျော်ရှိပြီး မှတ်ပုံမတင်တဲ့ပါတီက ၄၀ ရှိပါတယ်။

မှတ်ပုံပြန်မတင်တဲ့ပါတီတွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မှတ်ပုံပြန်မတင်လို့ ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့ ပါတီတွေရဲ့ ရုံးခန်းတွေ၊ ဆိုင်းဘုတ်တွေကို ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို ပြည်ထောင်စုအဆင့်ကော်မရှင်က နိုင်ငံတော်ပြန်တမ်းနဲ့တကွ ကြေညာဖို့လိုအပ်တယ်လို့ ဦးစိုင်းလိတ် ကထောက်ပြပါတယ်။ SNLD ပါတီဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆက်၊ အစရှိတဲ့ မြို့နယ် ရှစ်မြို့နယ်မှာ ဖိအားပေးခံရတယ်လို့ သူကပြောပါတယ်။ SNLD ပါတီအပြင် မှတ်ပုံပြန်မတင်တဲ့ပါတီတွေထဲက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးခန်းနဲ့ဆိုင်းဘုတ်တွေလည်း နေရာအနှံ့မှာ ဖျက်ဆီးခံ နေရတယ်လို့ NLD ကပြောပါတယ်။ https://w ww.rfa.org/burmese/news/snld-banner-take-down-shan-state-04272023141914.html

၂၁။    သံတောင်မြို့ပေါ်သို့ လက်နက်ကြီး မပစ်ခတ်ရန် ဘာသာပေါင်းစုံကော်မတီက စစ်တပ်နှင့်ညှိနှိုင်းထား သော်လည်း          ပစ်ခတ်ခံနေဆဲ
        April 27, 2023

ကရင်ပြည်နယ်၊ သံတောင်မြို့တွင် လက်နက်ကြီးများ ပစ်ခတ်ခြင်းမပြုလုပ်ရန် သံတောင်မြို့ပေါ် ဘာသာပေါင်းစုံ ကော်မတီက ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီနှင့်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ အချိန်ထိ ပစ်ခတ်ခံနေဆဲ ဖြစ်ကြောင်းမြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၇) ရက်နေ့က စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီမှသံတောင်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့၍ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် လုံခြုံစွာနေရပ်ပြန်နေနိုင်ရန် မတ်လအတွင်း ဘာသာပေါင်းစုံ ကော်မတီ က စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ယခုလို ပစ်ခတ်ခံနေရဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ပြန်လာနေလို့ ရတယ်ဆိုပြီး စာထုတ်သေးတယ်။ လဝက ဦးစီးမှူးဟောင်းတစ်ယောက်ရဲ့ ဖေ့ဘွတ်ခ်အကောင့် မှာတင်ထားတာ အခုပြန်ဖျက် သွားပြီ။ ပြန်နေလို့ရတယ်ဆိုလို့ တော်တော်များများပြန်နေကြတာ၊ စစ်တပ် ကတော့ ပြန်လာနေတဲ့အထဲ PDF တွေပါတယ်ဆိုပြီး လျှောက်ပြောတာ။ မြို့ထဲမှာ PDF တွေမရှိပါဘူး။ လက်နက်ကြီးကြောင့် ဒေးမူလောရွာကအိမ်နှစ်လုံးခေါင်မိုးပြိုသွားတယ်။ ရာဘာခြံထဲလည်းကျတယ်။” ဟု ပြောသည်။

စစ်ကောင်စီ နှင့် ညှိနှိုင်း ဆွေးနွေးမှုအပြီး ဘုရားကျောင်းတက်ဝတ်ပြုချိန် အသိပေးကြေညာမှုများပြုလုပ်၍ ကော်မတီ က ဦးဆောင်ကာ မြို့တွင်းပြန်နေလိုသူများအား ကားများပါစီစဥ်ပေးခဲ့ပြီး နေရပ်ပြန်လာသူ သုံးပုံတစ်ပုံခန့်ရှိလာချိန် စစ်ကောင်စီ က နေရပ်ပြန်လာသူများတွင် PDF များပါဝင်သည်ဟု အကြောင်းပြကာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့ ပစ်ခတ်မှုကြောင့် ဒေမူးလောရပ်ကွက်နေဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်ဆီးခဲ့သည်ဟု ၎င်းဒေသခံကဆက်ပြောသည်။ ထိုသို့ စစ်ကောင်စီနှင့် ညှိနှိုင်းမှုပြုလုပ်ရာတွင် သံတောင်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ကိုး ကျောင်းမှ ဆရာတော်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှ သံဃာတော်များ နှင့် ဂေါပကလူကြီးများပါဝင်ပြီး နယ်မြေခံ စစ်ကောင်စီနှင့်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့စဉ် စစ်ကောင်စီက မြို့တွင်းသို့ ကျည်မကျရောက်စေရဘူးဟု အာမခံပြောဆို ခဲ့ကြောင်း ကော်မတီဝင်တစ်ဦးက ယခုလိုပြောသည်။ ၎င်းက “စစ်တပ်က သူတို့ကိုလာရောက် ပစ်ခတ်မှုသာမရှိရင် ကျနော်တို့ မြို့ပေါ်ကို ကျည်တစ်တောင့်မှ မကျစေရဘူးလို့တော့‌ ပြောခဲ့တာပေါ့လေ။ ဒါပေမဲ့ တိုက်ပွဲမဖြစ်ဘဲ ဘာလို့အခုလို ပစ် လဲတော့မ သိဘူး။ နားလည်ပေးလို့ရတာက သူတို့မှာလည်း သတင်းပေးရှိတဲ့အတွက် သတင်းပေးတွေက ပေးလိုက်လို့ပဲ သံသယ ရှိတဲ့နေရာ ကို ပစ်တာလားဆိုတာ စဥ်းစားစရာပေါ့။”ဟု ပြော သည်။ လက်ရှိ သံတောင်မြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း (၇)မိုင်ရှိ စစ်ကောင်စီတပ်စခန်းတွင် ဖြတ်သန်းသွားလာသော ကလေး၊ လူကြီးမကျန် စစ်ဆေးမှုများလုပ်ဆောင်နေပြီး အထူးသဖြင့် အမျိုးသားများအား အစစ်အဆေးပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။ https://kicne ws.org/2023/04/%e1%80%9e%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1

၂၂။    ရခိုင်မှ သင်္ဘောနှစ်စီးကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေမှု ဂျပန်ကန့်ကွက်
       April 28, 2023

ရခိုင်ပြည်သူများ အသုံးပြုနိုင်ရေးအတွက် ဂျပန်မှ ရခိုင်သို့ လှူဒါန်ထားသည့် သင်္ဘောနှစ်စီးကို ပြည်သူလူထု အတွက် အသုံးမပြုဘဲ စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေမှုကြောင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်က ကန့်ကွက် လိုက်သည်။ ရခိုင်ပြည် ရေကြောင်း ခရီးသွားလာရေးအတွက် အဆင်ပြေချော့မွေ့စေရန် အဆိုပါ ကစ္ဆပအမည်ရှိသင်္ဘောနှစ်စီးကို ဂျပန်နိုင်ငံမှ လှူဒါန်းထားခဲ့သော်လည်း စစ်ကောင်စီက အရှုံးပေါ်သည်ဟုဆိုကာ ခရီးစဉ်များကို ရပ်နားထားခဲ့သည်။  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က ရွှေမင်းဂံဆိပ်တွင် ဆိုက်ကပ်ထားသည့် ကစ္ဆပနဒီ သင်္ဘောထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် များမှ လက်နက်ခဲယမ်းများအပါအဝင် စားနပ်ရိက္ခာတင်ဆောင်မှုပြုလုပ်ခဲ့သည်ဟု မျက်မြင်ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး Western News သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ သတင်းများ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်လာပြီးနောက် လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) က ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း အဆိုပါ သင်္ဘောများကို စစ်ရေး တွင် အသုံးပြုနေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက် စစ်ရေးတင်းမာနေသည့်အချိန်တွင် စစ်ကောင်စီက အဆိုပါ သင်္ဘော နှစ်စီးကို ဘူးသီးတောင်၊ မောင်တောဘက်သို့ စစ်ရေးအရ လက်နက်ခဲယမ်းများ ပို့ဆောင်ရာတွင် အသုံး ချခဲ့ ကြောင်း ရခိုင်နိုင်ငံရေးလေ့လာသူတစ်ဦးက က ပြောဆိုထားသည်။ ဂျပန်နိုင်ငံမှ လှူဒါန်းထားခဲ့သည့် ယင်းကစ္ဆပနဒီ သင်္ဘောသုံး စီးလုံးမှာ အရှုံးပေါ်၍ ပြေးဆွဲမှုရပ်တန့်ထားခြင်းဖြစ်သည်ဟု ကစ္ဆပနဒီမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၀ ခုနှစ်အတွင်း မီဒီယာများသို့ ပြော ဆိုခဲ့သည်။ ယခုလ ဧပြီ ၂၆ ရက်နေ့က ဂျပန်သတင်းဌာန NHK သတင်းတစ်ရပ်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်း ဝန် Ono Hikariko ၏ ပြောကြားချက်မှာ အဆိုပါသင်္ဘာများကို မှန်ကန်သည့်နေရာ၌ အသုံးပြုရန်အတွက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စစ်ကောင်စီက ပြည်သူများအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းမှုကို စစ်ရေးအတွက်အသုံးချခြင်းမှာ နိုင်ငံတကာစည်းမျဉ်း စည်းကမ်းကိုချိုးဖောက်ရာရောက်ပြီး ‌အရှုံးပေါ်သည့်အကြောင်းပြချက်ဖြင့် သင်္ဘောပြေးဆွဲမှု ရပ်နားထား မှုက ပြည်သူများအတွက်နစ်နာမှုရှိသည်ဟု ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာ CPD မှ အမှုဆောင်ဒါရိုက်တာ ကိုထွန်းကြည် က ‌ထောက်ပြပြောဆိုသည်။ https://www.facebook. com/westernnewsagency/photos/pcb.752348696571637/75234816 9905023/

၂၃။    ငွေပျော်စံပြကျေးရွာက ဆွေးမြေ့ပျက်စီးနေသည့် စစ်ဘေးရှောင်နေအိမ်များအား ပြုပြင်ပေးမည်
        April 27, 2023

ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၊ ငွေပျော်စံပြကျေးရွာက ရာသီဥတုကြောင့် ဆွေးမြေ့ပျက်စီးနေတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဒီနှစ်အတွင်း ပြုပြင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နော်ဝေဒုက္ခသည်များဆိုင်ရာကောင်စီ (NRC) ကနေ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီမှုရှိတာတွေကိုရွေးပြီး ဒီနှစ်အတွင်းမှာ နေအိမ်အလုံး ၆၀ ကို ပြုပြင်ပေးသွားမယ်လို့ ငွေပျော်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာ က ပြောပါတယ်။ “မိသားစုစားဝတ်နေရေးအဆင်မပြေတော့ နေအိမ်တွေက မပြုပြင်နိုင်တာကတစ်ကြောင်း၊ အဲဒါကို NRC အဖွဲ့ကနေပြီးမှ သူတို့ကစစ်တမ်းတွေလိုက်ကောက်တာ ကျွန်တော်တို့ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ကွင်းဆင်းကြည့်ပြီးမှ အမှန်တကယ်အရေးကြီးတဲ့ အပိုင်းတွေကို ပြန်ရွေးချယ်ပြီးတော့မှ လုပ်ပေးတာ ပေါ့။”လို့ ဦးသောင်းဆာက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ စစ်ရှောင်တွေကို ပြောင်းရွှေ့နေရာချထားဖို့ ၈ ပေပတ်လည် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင် အခန်းတွေပါရှိပြီး ပျင်(ကညင်သစ်သား ) နဲ့ ဆောက်လုပ်ထားတဲ့ ခြေတိုင်ရှည်အိမ် အလုံး ၃၀၀ လောက်ကို  အမြန်ဆောက်ပြီးတော့ ၂၀၁၄ ခုနှစ်ကတည်းက နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ငွေပျော်စံပြကျေးရွာနေ အသက် ၆၀ ကျော် အမျိုးသမီးကြီးတစ်ဦးကလည်း “ကျွန်မအိမ်လည်းပြင်ရမယ်။ ခေါင်မိုးတွေ အကုန်လုံး ပေါက်သွားတယ်။ မိုးသီးကျလို့ ခေါင်းမိုးတွေများများ ပေါက်သွားတယ်။” လို့ပြောပါတယ်။ တစ်အိမ်လုံးဖြုတ်ပြီး ပြင် ပေးတာမျိုးမဟုတ်ဘဲ ပျက်စီးသွားတဲ့နေရာတွေကို အစားထိုးပြင်ဆင်ပေးတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကလည်း နေအိမ်  ၄၂ လုံးပြုပြင် ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိုးရာသီရောက်တဲ့အခါ တောင်ကျရေကြောင့် ရွာအတွင်းရေလွှမ်းတာတွေလည်း ဖြစ်တတ် တဲ့အတွက် ရေစီးရေလာ ကောင်းမွန်းဖို့ ရေနုတ်မြောင်းတွေကို စနစ်တစ်ကျ ဖောက် လုပ်ပေးစေလိုတယ်လို့ ငွေပျော်စံပြကျေးရွာ ဒေသခံတွေက တောင်းဆိုကြပါတယ်။ လက်ရှိအချိန် ငွေပျော်စံပြကျေးရွာအတွင်း အိမ်ခြေ ၄၈၅ အိမ်၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်နေကြပြီဖြစ်ပြီး ဒီနှစ်အတွင်းမှာ နောက်ထပ်နေအိမ်အလုံးပေါင်း ၆၀၀ ကျော်ကို စစ်ကောင်စီက ဆောက်လုပ်ပြီး ဝိုင်းမော် နဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ရှောင်တွေကို ထပ်မံပြောင်းရွှေ့ပေးဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ https://www.facebook. com/myitkyinanewsjournal. mm/photos/a.182072622159000/1884131955286383/

၂၄။    နောင်ချိုတိုက်ပွဲအတွင်း ပြည်သူနေအိမ် ၂၀ ကျော် ပျက်စီး၊ ပြန်ဆောက်ရန် ခက်ခဲနေ
        April 26, 2023

သျှမ်းပြည် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး (MDY-PDF) တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ နေအိမ် ၂၀ ကျော် ပျက်စီးပြီး နေအိမ်ပြန်ဆောက်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့ သည့် ဧပြီလ ၅ ရက်မှ စတင် ဖြစ်ပွားခဲ့သည့် နောင်ချိုမြို့နယ် သံဘိုကျေးရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အတွင်း နှစ်ဖက်တပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ပြည်သူ့နေအိမ် စုစုပေါင်း (၂၄) လုံး ထိခိုက် ပျက်စီးရကြောင်း သိရသည်။ “နေအိမ်ပျက်စီးမှု အများဆုံးကတော့ ဟိုခဲရွာထဲက ဖြစ်ပါတယ်၊ နောက်ပြီးတော့ ကုန်းကြီး ကျေးရွာ အုပ်စုနဲ့ ဘန့်ဘွေးချင်း ကျေးရွာအုပ်စုမှာလည်း နေအိမ် ပျက်စီးမှုတွေ ရှိတယ်၊ ဒီ တိုက်ပွဲကြား ပျက်စီးသွားတဲ့ နေအိမ် တွေကို ဘယ်သူကလာပြီး တာဝန်ယူပေးကြမလဲ၊ တချို့အိမ်ကလုံးဝပျက်စီးသွားတာနေလို့တောင်မရဘူး”ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

စစ်ကောင်စီ နှင့် MDY- PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် နောင်ချိုမြို့နယ် ဟိုခဲကျေးရွာမှ ပြည်သူအိမ် ၁၅ လုံး၊ ဘန့်ဘွေးချင်းကျေးရွာ အုပ်စု၊ ကုန်းစံရွာမှ ၆ လုံး နှင့် ကုန်းကြီးကျေးရွာအုပ်စုမှ ၃ လုံးတို့သည် လက်နက်ကြီး/ငယ် ထိမှန်ကာ ပျက်စီးရကြောင်း သိရသည်။ အဆိုပါ လက်နက်ထိမှန် ပျက်စီးရသည့် နေအိမ်များသည် နှစ်ထပ် တိုက်အိမ်အများစု ဖြစ်နေကြ သည်။ “တချို့အိမ်ရှင်တွေက စစ်ရှောင်တာကနေ ပြန်မရောက်ကြသေးဘူး၊ ခုပျက်စီးသွားတဲ့ အိမ်တွေကို ပြန်လည် ပြုပြင်နိုင်ဖို့ ဆိုတာကလည်း တော်တော်ကို ကုန်ကျစရိတ်များကြမှာ၊ တချို့က လုံးဝ ပျက်စီးသွားတာ၊ အခု ခေတ်က ကုန်ဈေးနှုန်းတွေလည်း များနေတာနဲ့ အိမ်တစ်လုံးရဖို့က မလွယ်ဘူးလေ၊ ခုလိုဖြစ်တာ တကယ်စိတ်မကောင်းဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ တိုက်ပွဲကြောင့် နေအိမ်များ ထိခိုက်ပျက်စီးသည့် အပြင် ဒေသခံများ၏ ကြံစိုက်ခင်းများလည်း ဧကပေါင်း ၅၀၀ နီးပါး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံနေအိမ်များ၊ စိုက်ခင်းများ ထိခိုက်ပျက်စီးရခြင်း နှင့် ပတ်သက်ပြီး ဒေသခံများ ပြန်လည် ပြုပြင်ရေးအတွက် ကူညီထောက်ပံ့မှုများ လိုအပ်သည့်အပြင် လက်ရှိ နေအိမ် ပျက်စီးသွား သည့် ဒေသခံများအတွက် နေစရာနေရာများလည်း လိုအပ်နေကြောင်း သိရသည်။ https://burmese.shannews.org/archiv es/34345

၂၅။    ရခိုင်က မွတ်ဆလင်များအတွက် နေအိမ် ၂၉၀ ကျော် UNHCR တည်ဆောက်ပေး
        April 28, 2023

ရခိုင်ပြည် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်ရှိ နေရာ ၄ ခုတွင် နေရပ်စွန့်ခွာ မွတ်ဆလင်များအတွက် နေအိမ် အမိုး အကာ ၂၉၂ အိမ်ကို ကုလသမဂ္ဂ UNHCR က တည်ဆောက်ပေးထားကြောင်း ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်သည်။ လူဦးရေအား ဖြင့် ၂၆၀၀ ခန့်က အကျိုးခံစားခွင့်ရရှိခဲ့ပြီး ဘေးကင်းလုံခြုံရေးနှင့် ဂုဏ်သိက္ခာရှိစွာနေထိုင်ရန် နေရာတစ်ခုရရှိခဲ့သည်ဟုဆိုသည်။  အမိုအကာများဖြင့် နေအိမ်များ ဆောက်လုပ်ပေးခြင်းသည် နေရပ်စွန့်ခွာ မွတ်ဆလင်များအတွက် ရေရှည်နေထိုင်ရန် ရည်ရွယ် ထားခြင်းမဟုတ်သော်လည်း ဂုဏ်သိက္ခာရှိသည့် ဖြေရှင်းဆောင်ရွက်ချက်များ ဖော်ဆောင်နိုင်သည်အထိ ပြည့်ပြည့်ဝဝ ဘေးကင်း လုံခြုံစွာ နေထိုင်ရေးအတွက် လိုအပ်ကြောင်း UNHCR က ဆိုသည်။ UNHCR မှ မွတ်ဆလင်များအတွက် ဆောက်ပေးသည့် နေအိမ်များမှာ သွပ်မိုး ဝါးထရံကာ အိမ် အမျိုးအစားဖြစ်ပြီး နှစ်အများကြီး တာရှည်ခံ နေထိုင်နိုင်မည် မဟုတ်ကြောင်း စစ်တွေက မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ဆိုသည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ ဒုက္ခသည်များအား ဆန်၊ ဆီ၊ စား၊ ပဲနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့မှုအစား ငွေကြေးထောက်ပံ့ခြင်းကြောင့် ဒုက္ခသည်များက ငွေကြေးမထောက်ပံ့ဘဲ ယခင်အတိုင်း စားနပ်ရိက္ခာပဲ ထောက်ပံ့ပေးရန် တောင်းဆိုနေကြသည်။  စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာရှိ ဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက “WFP အနေနဲ့ အရင်လိုပဲ စားနက်ရိက္ခာကို ထောက်ပံ့ပေးချေင်ပါတယ်။ ငွေက ထောက်ပံ့ပေးလို့ ဆန်၊ ဆီ၊ ဆား ဝယ်လို့ မလောက်ဘူး။ ကုန်ပစ္စည်းတွေက ဈေးအရမ်းကြီးတယ်။ အရင်လိုပဲ ငွေမထောက်ပံ့ဘဲနဲ့ ရိက္ခာပဲ ထောက်ပံ့ပေးစေချင်ပါတယ်” ဟု ပြောသည်။  လက်ရှိတွင် WFP စားနပ်ရိက္ခာ မထောက်ပံ့တော့ဘဲ ဒုက္ခသည်တစ်ဦးကို တစ်လလျှင် ငွေကျပ် ၂၂၀၀၀ စီ ထောက်ပံ့ပေးပြီး ယခုလတွင် ငွေကျပ် ၂၈၀၀၀ ထိ တိုးပေးသွားမည်ဟု သတင်းရထားကြောင်း ပေါက်တောမြို့နယ်ရှိ ငှက်ချောင်းမွတ်ဆလင် ဒုက္ခသည်စခန်းမှ ဦးမောင်နု က ဆိုသည်။  https://www.facebook.com/w esternnewsagency/photos/pcb.75265504987 4335/752654819874358/

၂၆။    ၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃၄၄၄ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၂၁၅၆၀ ကျော်ထိ ရှိလာ
        April 28, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံ တဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၄၄ ယောက်နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၅၆၆ ယောက် ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၆၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၅,၆၈၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ ဆက်စပ် ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၀ ယောက်ရှိနေပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၂ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ် မြောက်လာသူဦးရေကတော့ ၃,၉၀၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုကာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ အင်းလယ်ကြီးကျေးရွာက ကိုထက်ပိုင် (ခ) မောင်တာ၊ ကိုဌေးလှိုင်၊ ကိုဇော်မျိုးထက် (ခ) ပါထော်နဲ့ သပြေသာလေးကျေးရွာ က ကိုတိုက်ညွန့် တို့ကို အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။ ဒါ့အပြင် ဧပြီ ၂၅ တရက်တည်းမှာပဲ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာကို အင်အား ၁၀၀ လောက် ပါဝင်တဲ့ စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက် လာချိန် ညောင်ပင်ကြီး-ဆားလင်းကြီး ကားလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာသူ ၂ ယောက်ဟာ ရွှေလှေကျေးရွာ တံတားထိပ်မှာ စစ်အုပ်စုတပ်နဲ့ တိုးကာ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆိုင်ကယ်မောင်းနှင်သူ ကိုဝင်းနောင်ဟာ သေနတ်ကျည်ထိမှန်ပြီး နောက် လဲကျနေချိန်မှာ စစ်သားတွေက သူ့ရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးပြီးတော့ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ကိုဝင်းနောင် နဲ့အတူ ဆိုင်ကယ်စီးနင်းလိုက်ပါလာသူ အမျိုးသားတယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ https://burmese. dvb.no/archives/590452

၂၇။   သိန္နီမြို့နယ်ထဲ စစ်ကောင်စီတပ် လေကြောင်းနဲ့ တိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံး
       April 28, 2023

ရှမ်းမြောက် သိန္နီမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးသွား တယ်လို့ The Kokang က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ ဧပြီ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဧပြီ ၂၆ ရက်က အရပ်သားတွေ နေထိုင်တဲ့ရပ်ကွက်ထဲ လေကြောင်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နေရာအတိ အကျကိုတော့ မဖော်ပြထားပါဘူး။ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။  https://www.faceboo k.com/shwepheemyaynews/videos/60991848868323

၂၈။    ပိုင်ကျုံမြိုနယ် မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာများ သောက်သုံးရေ အခက်ခဲဖြစ်နေ
        April 27, 2023

ဖားအံခရိုင်၊ ပိုင်ကျုံမြိုနယ်၊ မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာဒေသများမှ ဒေသခံ ပြည်သူများ သောက်သုံး ရေအဖြစ် အဓိက အသုံးပြုနေသော ချောင်းတွင်းသို သစ်သယ်ကားများ နေ့စဉ် ဖြတ်သန်းသွားလာမှုပြုလုပ်ခြင်းကြောင့် ရေများပျက်စီးကာ သောက်သုံးရေအခက်အခဲ ဖြစ်စေကြောင်း ဒေသခံများက ပြောသည်။ ဒေသခံပြည်သူများအနေဖြင့် အဆိုပါ စမ်းချောင်းရေနှင့် တောင်ကျရေကို သောက်သုံးရေအဖြစ် အဓိက အားထားအသုံးပြုနေရပြီး နယ်ခြားစောင့် (BGF) လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပတ်သက်နေသည့် သစ်သယ် ကားကြီးများ၏ ဖြတ်သန်း မောင်းနှင်မှုများကြောင့် ရေများနောက်ကာ သောက်သုံးရေအဖြစ် အသုံး ပြုရန် ခက်ခဲသွားပြီး ရေရရှိရန် ကျေးရွာနှင့်ဝေးသည့် စမ်းချောင်း အထက်ပိုင်းနေရာများကို သွားရောက်သယ်ယူ အသုံးပြု နေရကြောင်း ဒေသခံများက ပြောသည်။ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက “ကျနော်တို့ရွာက နွေရာသီရောက်ရင်လည်း ဒီစမ်းချောင်းက ခမ်းမ သွားဘူး။ ဒီစမ်းချောင်းမှာဘဲသုံးတယ်။ ဒီစမ်းချောင်းမှာ ကားတွေဖြတ်မောင်းတယ်။ ရေက အသုံးပြုလို့ မရတော့ဘူး” ဟု ပြောသည်။

၎င်းစမ်းချောင်းရေများသည့် လက်ရှိ နွေရာသီကာလအထိ ခမ်းခြောက်သွားခြင်းမရှိဘဲ ရေစီး ရေလာ ကောင်းသေးသော ကြောင့် ဒေသတွင်း သောက်သုံးရေအတွက် ပူပန်စရာလိုသော်လည်း ယခုနှစ်အတွင်း သစ်များထုတ်ယူမှုများလာကာ သစ်ကား ကြီးများအသုံးပြု၍ သစ်များကို သယ်ယူရာတွင်း ချောင်းကို ဖြတ်မောင်းခြင်းကြောင့် ရေများပျက်စီးသွားရခြင်းဖြစ်သလို ရေပိုက် များ သစ်ကားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဒေသခံများကဆိုသည်။ အဆိုပါ မိချောင်းအုပ်စုအတွင်းရှိ ကျေးရွာဒေသ များတွင် ရေတွင်းတူးခြင်း၊ အဝီစိတွင်းဖြင့် ရေထုပ်ယူခြင်းတို့ကို ပြုလုပ်၍မရသောကြောင့် ဒေါနတောင်ကျရေကို ပိုက်သွယ်တန်း ပြီး ကျေးရွာအတွက် ရေများအသုံးပြုနေရသလို ‌ရေပိုက်မရောက်သော ကျေးရွာများက အဆိုပါ စမ်းချောင်းရေကို အဓိက အသုံး ပြုနေကြခြင်းဖြစ်သည်။ လက်ရှိတွင် ရေများညစ်ညမ်းသွားသော ကြောင့် ဒေသခံများအနေဖြင့် ကျေးရွာနှင့်ဝေးသော တောင်ကျ ချောင်းရေရှိရာသို့ ပုံစံမျိုးစုံဖြင့်သွားရောက် သယ်ယူအသုံးပြုနေကြရပြီး အဆိုပါရေသယ်ယူရာလမ်းများ သည်လမ်း အလွန်ကြမ်း တမ်းကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ထော်လာဂျီရှိတဲ့လူက ထော်လာဂျီနဲ့သယ်တယ်။ ဆိုင်ကယ် နဲ့သွားသယ်တယ်။ သယ်တဲ့နေရာက ရေမရှိတဲ့ စမ်းချောင်းကိုဖြတ်ရတယ်။ စမ်းချောင်းအထက်ပိုင်းတွေပေါ့။ ရေရှိတဲ့နေရာဘဲ သွားသယ်ရတာပေါ့။ လမ်းကလည်းကြမ်းတယ်။ သေချာသွားရတယ် နှစ်ယောက်သွားမှရတယ် ဒီနှစ်မှဒီလိုဖြစ်တာ”ဟု ပြောသည်။ https://kicnew s.org/2023/04/%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1% 

၂၉။   မူဆယ်မြို့ ကမ္ဘောဇဝမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရ
       April 27, 2023

သျှမ်းပြည် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ကမ္ဘောဇဝမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်နေအိမ်ကို  ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီ ခွဲဝန်း ကျင်တွင် အမည်မသိလက်နက်ကိုင်က ဝင်ရောက် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် ၄ ဦးသည် သေနတ်ကိုင်ဆောင်လာပြီး ကမ္ဘောဇဝမ်း ခေါက်ဆွဲဆိုင်၏ နေအိမ်ထဲ ကို ဝင်လာကာ ဓားပြလာတိုက်ပြီး မီးခံသေတ္တာကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။ “ လူ ၄ ယောက်လာတာတဲ့။ ဓားပြလာ တိုက်သွားတာ။ လူကိုတော့ ဘာမှ မလုပ်သွားဘူးတဲ့။ သူတို့အိမ်က မီးခံသေတ္တာတစ်လုံးလုံးကို ယူသွားတာတဲ့။ သေနတ် ၁ ချက် ပစ်ဖောက်သွားတာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဓားပြတိုက်မှုကြောင့် ရွှေ ၃၀ သား၊ တရုတ်ယွမ် ၃ သောင်း နှင့် အခြားလက်ဝတ်ရတနာများ၊ မြန်မာငွေလည်း ပါသွား ကြောင်းသိရသည်။ အဆိုပါ ဓားပြတိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှင့် ရဲတို့ လုံခြုံရေး တင်းကြပ်ထားပြီး အသွားလာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/34375

၃၀။    ချီဖွေမှာ မြေရှားသတ္တုကန် ပြိုကျပြီး အလုပ်သမား နှစ်ဦး သေဆုံး
        April 27, 2023

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီး ဇွတ်လန်ကျေးရွာရှိ မြေရှားသတ္တု တူးဖော်တဲ့နေရာရှိ ကန်တစ်ခု ဧပြီ ၂၅ ရက်နေ့ ည ၉ နာရီခန့်က ပြိုကျပြီး မြေရှားသတ္တု တူးဖော်တဲ့ အလုပ်သမား လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျင်းလိုက်ကြည့်နေချိန် မြေးရှားသတ္တု တူးဖော်တဲ့ ကန်ဟောင်းတစ်ခု ပြိုကျပြီး သေဆုံးသွားတာဖြစ်တယ်လို့ ပန်ဝါ ဒေသခံ တစ်ဦးက ပြောပါတယ်။ “အရင်သတ္တုဆိုက်က ရေကန်ဟောင်းက ပေါက်သွားလို့ မျောကျလာတဲ့အထဲ ပါသွား တယ်။ သေသွားတာက လူငယ်နှစ်ယောက် ဟုတ်တယ်။ မိဘတွေကလည်း မနေ့ တက်လာကြပြီ” သေဆုံးသွားတာ နှစ်ဦးက မောင်ကျန်းယိန်းနဲ့ နမ္မတီးလမ်းခွက မောင်လမိုင်နော် တို့ နှစ်ယောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ္မတီး လမ်းခွ က သေဆုံးသွားသူ မောင်လမိုင်နော်နဲ့ နီးစပ်သူတစ်ဦးကလည်း မိဘတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက အလောင်းကို သယ်ယူဖို့ ဧပြီ ၂၆ ရက်နေ့က တက်သွားကြပြီလို့ ပြောပါတယ်။

“မိဘတွေက အဲဒီကို တက်သွားကျပြီ အလောင်းသယ်လာဖို့။ ကျွန်တော် ကြားတာလည်း ကျင်းလိုက်ကြည့်တဲ့အချိန်မှာ မြေပြိုတဲ့အထဲမှာ ပါသွားတယ်လို့ပဲကြားတယ်။ အသေးစိတ်တော့ မသိဘူး” ချီဖွေမြို့နယ်က တရုတ်လုပ်ငန်းရှင်တွေက မြေရှား သတ္တု တူးဖော်မှုတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံ အနှံ့အပြားက အလုပ်သမားတွေကလည်း အဲဒီဒေသကို အလုပ်လာလုပ်နေကြ တာ ဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်း အများအပြားထုတ်လုပ်တဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် Rare Earth လို့ခေါ်တဲ့ မြေရှား သတ္တုကို ကချင်ပြည်နယ်က ချီဖွေ၊ ပန်ဝါဒေသမှာ တရုတ်ကုမ္ပဏီတွေ လာရောက်တူးဖော်နေပြီး လုပ်ကွက်ပေါင်း ၃၀၀ မှာ အားပြင်း အက်စစ်သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရတယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။ တရုတ်အစိုးရ အကောက်အခွန်ဌာနဖြစ်တဲ့ China Custom က ၂၀၂၃ ခုနစ် ဇန်နဝါရီလမှာ ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်နဲ့ ၂၀၂၁ မှာ သန်း ၈၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ https://www.rfa.org/burmese/news/china-rare-earth-metal-in-kachin-0427202303 

၃၁။     ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်နေရာမှာ နှိပ်စက်ခံထားရတဲ့အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ
         April 27, 2023

စစ်ကောင်စီတပ်စွဲခဲ့တဲ့ တောင်မဲသင်းနဲ့ မြောက်စလုံး ရွာကြားက လယ်ခြားကျေးရွာမှာ လက်နောက်ပြန် ကြိုးတုပ်ထား ပြီး မျက်လုံးနှစ်လုံး အထုတ်ခံထားရသလို ဦးခေါင်း၊ ဦးနှောက်ထွက်ပြီး သေဆုံးနေတဲ့ အရပ်သားပြည်သူ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း (၁၁) က ထုတ်ပြန်ထားပါတယ်။ KNDF တပ်ရင်း(၁၁) နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ အသတ်ခံထားရတဲ့ သူကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရတာဖြစ်နိုင်တယ် လို့ KNDF တပ်ရင်း(၁၁) က ဖော်ပြထားပါတယ်။ အသတ်ခံခဲ့ရတဲ့ အမျိုးသားရဲ့ အမည်၊ နေရပ်လိပ်စာတွေကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေကနေ မီးသင်္ဂြိုလ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ လယ်ခြားကျေးရွာမှာ ဧပြီလ (၂၅) ရက်နေ့အထိ စစ်ကောင်စီ တပ်စွဲခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေမှာ အထိ နာတဲ့အတွက် တောင်မဲသင်းရွာဖက်ကို ဆုတ်ခွာသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူလူထုတွေအနေနဲ့လည်း တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေမှာ သွားလာခြင်းမပြုလုပ်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ထုတ်ပြန်အသိပေးတာတွေလည်း ရှိပါတယ်။ ဖယ်ခုံ-ပင်လောင်း နယ်စပ်ဒေသတွေဖက်မှာဆိုရင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ https://w ww.kantarawaddytimes.org /%e1%80%96%e1%80%9a%e1%80%b a%e1%80%81%e 

၃၂။     လဲချားစစ်ဘေးရှောင်များ ဝမ်းစာစိုက်ပျိုးရေး လုပ်ရန်အတွက် နေရပ်ပြန်လို
        April 28, 2023

ယခုအချိန်သည် စိုက်ပျိုးရာသီ ဖြစ်သည့်အတွက် သျှမ်းပြည် လဲချားရောက် စစ်ဘေးရှောင်များက နေရပ်ပြန်လို ကြကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ လဲချားမြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၅၀၀ ကျော်တို့သည် လဲချားမြို့ပေါ်ရှိ ဟော်ခမ်းကျောင်းတိုက်၊ ဝါဆိုကျောင်းတိုက် နှင့် ဆလိုင်းခုမ်ကျောင်းတိုက် တို့ အပြင် နီးစပ်ရာ ဆွေမျိုးထံသို့ စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။ ယနေ့ ဧပြီလ ၂၈ ရက်နေ့ အထိ ဒေသခံများ စစ်ရှောင်ထွက်ပြေးရသည်မှာ ၂၀ ရက်ကျော် ကြာလာသောကြောင့် ဝမ်းစာစိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် ဒေသခံများက နေရပ်ပြန်လိုကြကြောင်း စစ်ရှောင် ကူညီပေးသူ တစ်ဦးက ပြောသည်။ “တကယ်လို့ တိုက်ပွဲက ဆက်ဖြစ်နေမယ် ဆိုရင်တော့ စစ်ရှောင်ထွက်ပြေးတဲ့ သူတွေအတွက် ခက်ခဲမှာတော့ အမှန်ပဲ၊ အခုချိန်ကလည်း စိုက်ပျိုးရာသီဖြစ်နေတော့ လုပ်ကိုင်စားသောက်ဖို့ အတွက် ပြင်ဆင်ရတော့မှာ အခုမှ မလုပ်ထားရင်လည်း နောက်နှစ်အတွက် စားဖို့သောက်ဖို့က ခက်မှာ၊ ဒါပေမဲ့ အခုချိန်ထိလည်း လက်နက်ကိုင်တွေ ရွာနားကနေ မဆုတ်သေးတော့ စစ်ရှောင်တွေလည်း မပြန်ရဲသေးဘူး” ဟု စစ်ရှောင် ကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများသည် လဲချားမြို့နယ်မှ ပန်ဆန်း ကျေးရွာအုပ်စု၊ ဟဲဆိုင်ကျေးရွာ အုပ်စု၊ နောင်ကော်ကျေးရွာ အုပ်စု၊ ဝမ်ဆန်းကျေးရွာ အုပ်စု နှင့် ဝမ်စဲ့ကျေးရွာ အုပ်စုတို့ ဖြစ်ကြောင်းလည်း သိရသည်။ “လက်နက် ကိုင်တွေက ရွာထဲ ရှိနေတော့ စစ်ရှောင်တွေကလည်း နေရပ်မပြန်ရဲဘူး။ တကယ်လို့ ပြန်သွားနိုင်မယ် ဆိုရင်တော့ ပြန်ထွက်လာဖို့က ခက်ခဲတယ်၊ အဲ့ဒါကြောင့် စစ်ရှောင်တွေက နေရပ်မပြန်ရဲသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ လက်ရှိအချိန်ထိ လဲချားမြို့ အရှေ့ဘက် နားပွဲ ကျေးရွာ အုပ်စု အတွင်းတွင် ပစ်ခတ်သံများ ဆက်လက်ထွက်ရှိ နေပြီး ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ ယနေ့အချိန်ထိ နေ့စဥ်နီးပါး ပစ်ခတ်သံများကြားနေရခြင်း ဖြစ်ကြောင်းသိရသည်။ https://burmese.shannews. org/archives/34407

၃၃။   ဖားအံမြို့ အား/ကာ ဌာနပိုင် အားကစားကွင်း ဈေးဆိုင်ခန်းများကို ဧပြီလကုန်အပြီး ဖယ်ရှားပေးရန်အမိန့်ထုတ်
       April 26, 2023

ကရင်ပြည်နယ်၊ ဖားအံမြို့က စစ်ကောင်စီ၏ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ဘောလုံးကွင်းနှင့် မိုးလုံ လေလုံ အားကစားကွင်းများ၏ မျက်နှာစာတန်း ဆိုင်ခန်းများကို ဧပြီလကုန်အပြီး ဖယ်ရှားပြောင်းရွှေ့ ကြရန် အား/ကာ ရုံးက ဆိုင်ခန်းပိုင် ရှင်များကို ခေါ်ယူပြောဆို အမိန့်ထုတ်လိုက်ကြောင်း စျေးဆိုင်ခန်း ပိုင်ရှင်များက ပြောသည်။ ဧပြီလ ဒုတိယအပတ်လောက်က ပဒုမ္မလမ်းရှိ မိုးလုံလေလုံ အားကစားရုံမျက်နှာစာ ဆိုင်ခန်းများ၊ အောင်သံလွင် ဘောလုံးကွင်း မျက်နှာစာဆိုင်ခန်းများနှင့် ရဲဘော် စျေး၊ ဟိန္ဒူဘုရားကျောင်း လမ်းမကြီး ဆောက်လုပ်ရေး ဝန်ထမ်း အိမ်ယာ မျက်နှာစာတန်း လူနေဆိုင်ခန်းများ စုစုပေါင်း ဆိုင်ခန်း ပေါင်း ၅၀ ခန့်က ဆိုင်ခန်းပိုင်ရှင်များကို အား/ကာရုံး သို့ ဆင့်ခေါ် ပြီး ရုံးအရာရှိက ဆိုင်ခန်းများကို ဧပြီလကုန်အပြီးပြောင်းရွှေ့ရန် ခေါ်ယူ ပြောဆိုခဲ့ ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ယခုလိုပြောသည်။ “သင်္ကြန်မတိုင်ခင်ရက်က ဆိုင်ရှင်တွေကို ခေါ်တွေ့ပြီး ၄လပိုင်းအကုန် အပြီးပြောင်းခိုင်းတာ။ ဘာကြောင့် ပြောင်းခိုင်းလဲဆိုတာကိုတော့ သူတို့ကမပြောသွားဘူး။ ဒီတိုင်းပြောင်းခိုင်း တာ။ ဆိုင်ခန်းရှင်တွေ အခုလည်း ပြောင်းတဲ့သူက ပြောင်းတယ်။ မပြောင်းပဲကျန်ခဲ့တဲ့ ဆိုင်ခန်းတွေကိုလည်း ရေတွေ မီးတွေဖျက် ထားတယ်။ ဘာမှ လုပ်မရ ပြောမရ ဖြစ်နေကြတယ်။” ဟု ပြောသည်။

ယခုလို ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းသည် စစ်ကောင်စီ ဌာနဆိုင်ရာ အဆောက်အဦးများ၏ မျက်နှာစာများ ဆိုင်ခန်း များနှင့် ပိတ်နေသောကြောင့် ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး အားလုံး ပြောင်းရွှေ့ ပြီးပါက ခြံစည်း ရိုးခတ်မှုများ လုပ်ဆောင်သွားမည်ဟု အား/ကာရုံးနှင့် နီးစပ်သူ တချို့က ပြောဆိုကြသည်။ သို့သော် အဆိုပါ ဆိုင်ခန်း ဖယ်ရှားမှုသည် စစ်ကောင်စီနှင့် ပူးပေါင်း၍ အဆောက်အဦး ကန်ထရိုက်လုပ်ငန်းများ လုပ်ဆောင်နေကြသူများက အားကစားကွင်းများ ပြန်လည်ပြုပြင် ဆောက်လုပ်ခြင်း အပြင် မျက်နှာ စာတန်းများ ကို အဆင့်မြင့် လူနေဆိုင်ခန်းများအဖြင့် ပြန်လည် ဆောက်လုပ်ပြီး စစ်ကောင်စီ က ပြန်လည်ရောင်း ချရန် ဖြစ်နိုင်ကြောင်းလည်း စောင့်ကြည့်ပြောဆိုမှုများရှိသည်။ ဖားအံမြို၏ အားကစားကွင်းအရှေ့ လူနေဆိုင်ခန်းများတွင် နေထိုင်ကြသူများသည် ယခင် စစ်အစိုးရ( နအဖ ) ခေတ်မှ ယခုအချိန်အထိ နှစ်ပေါင်း ၃၀ နီးပါး နေထိုင်ဆိုင်ခန်း ဖွင့်ကြသူများ ဖြစ်သောကြောင့် နေရာမပြောင်းရွှေ့ ချင်ကြသလို အများစုမှာ ဆိုင်ခန်းအပိုင်အဖြစ် ငွေသွင်းဝယ်ယူထားကြသည့် ကိုယ်ပိုင်ဆိုင် ခန်းများဖြစ်ကြကြောင်း ဆိုင်ခန်းပိုင်ရှင်များနှင့်နီးစပ်သည့် မြို့ခံများကဆိုသည်။ ယခုလို ဆိုင်ခန်းများ ပြောင်းရွှေ့ခိုင်းသော ကြောင့် ဆိုင်ခန်းတန်းလျှားများတွင် နေထိုင်လုပ်ကိုင် စျေးရောင်းသူ ဆိုင်ရှင်၊ လုပ်ငန်းရှင်များနှင့် အလုပ်သမား စုစုပေါင်း လူဦး ရေ ၂၀၀ ဝန်းကျင်ခန့် လုပ်ကိုင်စားသောက်ရာ နေရာ ပျောက်သွားပြီး ငွေကြေးဆုံးရှုံးမှုများအပြင် အခြား ဆိုင်ခန်းနေရာအသစ် အတွက် ချက်ချင်းရွေ့ပြောင်းအခြေချရန် အခက်တွေ့နေကြရသည်ဟုလည်း ဆိုင်းခန်းပိုင်ရှင်များက ပြောသည်။ https://kicne ws.org/2023/04/%e 1%80%96%e1%80%ac%e1%80%b8%e1%80%a1%e1%80%b6%e1%80%99%e1

၃၄။     ပင်လောင်းမြို့နယ် ဒေသခံများထံ PNO မှ အကြောင်းပြချက်မျိုးစုံ ပိုက်ဆံတောင်း
         April 26, 2023

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသခံများထံ ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ အကြောင်းပြချက် အမျိုးမျိုးယူပြီး စစ်ရိက္ခာအတွက် ပိုက်ဆံတောင်းခံနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းမှစပြီး ပင်လောင်းမြို့နယ် တောင် ဘက်ခြမ်းဒေသရှိ ကျေးရွာဒေသခံများထံ ပြည်သူ့စစ် PNO မှ ကျည်ဆံဖိုးအတွက်ဆိုပြီး တစ်အိမ်ကို ၇ သောင်း ကောက်ခံခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအတွင်း၌ နယ်မြေရှင်းလင်းပေးခဲ့သည့် အတွက်ဟုဆိုကာ နယ်မြေရှင်းလင်းခကိုလည်း ပိုက်ဆံထပ် မံ ကောက်ခံခဲ့ကြောင်း ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ ဟို့အရင်တစ်ခေါက် ကောက်တာ တစ်အိမ်ကို ၇ သောင်းလို့တော့ ပြောသံကြားတယ်။ အခုက နယ်မြေရှင်းခဆိုပြီး တစ်အိမ်ထောင်စုကို ၃ သောင်းထပ်ကောက်တယ် ကြားတယ်။ သူတို့ကတော့ အဲ့ဒါကို အကြောင်းပြချက်လုပ်တာပါ။ တကယ်တမ်းတော့ အဲ့နယ်မြေမှာ သူတို့ဝင်လို့မရတဲ့ အနေအထား၊ ဒီဘက် ကလည်း စစ်ကြောင်းထိုးနေတာ ပြန်မဆုတ်သေးဘူး “ ဟု ၎င်းက ပြောသည်။

အလားတူ တိုက်ပွဲအတွင်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကိုပါ စစ်ရိက္ခာအတွက် ပြည်သူ့စစ် PNO မှ ပိုက်ဆံထပ်မံ ကောက်ယူမည်ဟုလည်း သတင်းထွက်ပေါ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။ “လောလောဆယ် ကျနော်စစ်ရှောင်တွေနား မေးကြည့်တာ သူတို့ဆီမှာပိုက်ဆံကောက်တာတော့ မရှိဘူးလို့ပြော တယ်။ ဒါပေမယ့် သူတို့ကောက်မယ်ဆိုတာတော့ ပြောနေတယ်ဗျ”ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး တိုက်ပွဲတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များထံ စစ်ရိက္ခာအတွက် အကြောင်း ပြချက်အမျိုးမျိုးဖြင့် တောင်းခံနေခြင်းကို လုံးဝ ထောက်မခံနိုင်ကြောင်းလည်း ၎င်းစစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ထပ် လောင်းပြောသည်။ “ကောက်လာရင်တော့ ကျနော်တို့က ပြန်ပြောရမှာပေါ့။ စစ်ရှောင်မှာလည်း သူတို့မှာ ပိုက်ဆံမှမရှိတာ။ ကောက်လို့တော့မရဘူး၊ ကောက်ရင်တော့ ကျနော်တို့က ပြောမှာ။ သူတို့မှာ ပိုက်ဆံတောင်မပြောနဲ့ စားဖို့တောင် အနိုင်နိုင် လူမှုကူညီရေးအသင်းအဖွဲ့ကနေ ကူညီပေးနေရတာ။ ကောက်လာနိုင်လည်း ကျနော်တို့က ဝိုင်းပြီး ပြောမယ်၊ ကန့်ကွက်မယ် “ ဟု ၎င်းက ပြောသည်။ https://burmese.shannews.org/archives/34342

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button