သတင်း

ဘီးလင်းမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော်အချို့ ထိခိုက်

ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲ၍ သံဃာတော် ၃ပါး ထိခိုက်ခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့ ည ၈နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ၏ ခမရ ၉ မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် မိချောင်းအိုင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဘုန်းကြီး ၁ပါးနှင့် ကိုရင် ၂ပါး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။
ထိခိုက်သူများအနက် ၂ဦးမှာ ဒဏ်ရာပြင်းထန်းလျှက်ရှိပြီး ဘုန်းကြီးကျောင်းမှာလည်း ထိခိုက်ပျက်စီးမှုများကြောင်း သိရပါတယ်။

Related Articles

Back to top button