သတင်း

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဖွဲ့စည်းလှုပ်ရှားမှု (၂) နှစ်ပြည့်နေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော PSLF/TNLA ၊ MNTJP/MNDAA နှင့် ULA/AA တို့မှ သဝဏ်လွှာ ပေးပို့

တော်လှန်ရေးတွင် ပါဝင်နေကြသူများကို အတတ်နိုင်ဆုံး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီ ၂ နှစ်ပြည့်အခမ်းအနားကို ပေးပို့သောသဝဏ်လွှာတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သဝဏ်လွှာပေးပို့ ထုတ်ပြန်ပြောသည်။

 

ညီနောင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA အပါအဝင် ကိုးကန့်တပ်မတော် MNDAA နှင့် တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA တို့က ဖေဖော်ဝါရီ ၉ ရက်နေ့က ပေးပို့သော သဝဏ်လွှာတွင် အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ထုတ်ရန်အတွက် ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် ခုခံကာကွယ်တော်လှန်စစ်ကို တော်လှန်ရေးအင်အားစုများ က ဆင်နွှဲလျက်ရှိကြောင်း ရေးသားထားသည်။ ထို့အတူ နိုင်ငံရေးနည်းနာများထဲမှ နည်းလမ်းတစ်ခုဖြစ်သည့်အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုများဖြင့် လမ်းမထွက်၍ နေ့စဉ်ရက်ဆက် မပြတ်တမ်း ဆန္ဒထုတ်ဖော်ပြသကာ နွေဦးတော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပြည်သူ့အသိစိတ်ဓာတ်ဖြင့် ပူပေါင်းဆောင်ရွက်နေသည့်အပေါ် တာဝန်ကျေပွန်ကြောင်း ထည့်သွင်းပြောဆို ထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှု မြောက်မြား စွာတို့ကို ရင်းနှီးပေးဆပ်တိုက်ပွဲ ဝင်နေကြသော သူများအားလုံးကိုလည်း ကိုယ်ချင်းစာတရားအပြည့်အဝဖြင့် စာနာနားလည်ပြီး ကူညီပံ့ပိုး၍ရသည့်အရာများကို အတတ်နိုင်ဆုံး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သဝဏ် လွှာတွင်ရေးသားထားသည်။

Related Articles

Back to top button