ကဗျာ

ချစ်ခြင်းနှင့် ဖက်ဒရယ် ခရီး

@ ချစ်ခြင်းနှင့် ဖက်ဒရယ် ခရီး

အပြစ်မတင်ကြေး
ချစ်ချစ်ခင်ခင် နွေးထွေးကြမယ်
အရေးအကြောင်းရှိ

ကိုယ့်အချင်းချင်း ဆွေးနွေးကြရင်း
စည်းလုံးညီတူ လက်တွဲကူမယ်
ဒို့တတွေဟာ တလှေထဲ မစီးဘူးရင်တောင်
တစ်ခရီးထဲ သွားကြသူတွေဖြစ်တယ်

ဟံသာဝတီ ဆရာဦးဝင်းတင် စကား
ငှါးပြောရရင်…

စိတ်ဓာတ် မကျိုးပဲ့ စေနဲ့
စုစည်းမှု မကျိုးပဲ့ စေနဲ့
ကျန်းမာရေး မကျိုးပဲ့ စေနဲ့

အောင်မြင်မှု လက်တကမ်းမှာ
ရှေ့ဆက်လှမ်းရင် ရောက်ပြီ
ခြေတစ်လှမ်း စမိဖို့ပဲလိုတယ်…

– ဇွဲထက်ရှင်

Related Articles

Back to top button