ကဗျာ

တစ်ဖက်သတ်

- တစ်ဖက်သတ် -

မှားသည့်လုပ်ရပ် ချက်ချင်းသတ်

ကျန်သူအမှန်ဖြစ်သည်ဆို။

ဆင်းရဲသားတွေ အကုန်သတ်

ကျန်သူသူဌေးဖြစ်သည်ဆို။

အုံကြွဆူပူ သတ်သည့်မူ

ကျန်သူအေးချမ်းပါသည်ဆို။

ရောဂါဖြစ်မူ သတ်ပစ်လူ

‌ကျန်သူနေကောင်းကြသည်ဆို။

ထိုသို့ချမှတ် ဒေဝဒတ်

မသတ်ချန်ထားမိသောခါ။ ။

- နိုင်ယု ဝေ

Related Articles

Back to top button