တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မောင်တောက လိပ်ရနယ်ခြားစောင့် စစ်ကောင်စီတပ်စခန်းသိမ်း AA သိမ်းပိုက်၊ စစ်သုံ့ပန်း၃ဦးအပါအဝင် လက်နက်ခဲယမ်းများရရှိ

ဓါတ်ပုံ – AA (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်ထဲက လိပ်ရနယ်ခြားစောင့် စစ်ကောင်စီ တပ်စခန်းတခုကို ထပ်မံ ရက္ခိုင့်တပ်တော AA က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။   အဲဒီစခန်းသိမ်း တိုက်ပွဲမှာ စစ်သုံ့ပန်း (၃) ဦး အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်စခန်းကိုတော့ ယမန်နေ့ အောက်တိုဘာ ၁၀ရက် နံနက်အာရုံမတက်ခင် အစောပိုင်း (၄) နာရီခန့်က စတင်ပြီး AA တပ်ဖွဲ့ဝင်များက စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တာပါ။  စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး ပစ်ကူများစွာ နေရာအနှံ့မှ ပစ်ကူပေးခဲ့ပါတယ်။ တစ်နာရီခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှု အပြီးမှာတော့ အဆိုပါ လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုစခန်းသိမ်းတိုက်ပွဲမှာ ရန်သူ့စစ်သုံ့ပန်း (၃) ဦး၊ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဘက်ကတော့ ရဲတော်တစ်ဦး ကျဆုံးခဲ့တာပါ။

ယခုတိုက်ပွဲဟာ အချိန်တိုတိုအတွင်း ရက္ခိုင့်တပ်တော် AA ဘက်မှ အထိအခိုက်အနည်းဆုံးဖြင့် သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲ တခုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Related Articles

Back to top button